Channel Myanmar

1999

Charisma (1999) 6.8
Charisma (1999) Charisma (1999)~ IMDb - 6.8/10, Rotten Tomatoes - 76% ~ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။ တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။ နှစ်မျိုးစလုံးကို ကယ်မှာလား။ နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။ ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ...
movie

Charisma (1999)

1999
The Wind Will Carry Us (1999) 7.4
The Wind Will Carry Us (1999) The Wind Will Carry Us (1999)~ IMDb - 7.4/10, Rotten Tomatoes - 97% ~Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။"ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ...
movie

The Wind Will Carry Us (1999)

1999
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Toy Story 2 (1999) 7.9
Toy Story 2 (1999) ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie

Toy Story 2 (1999)

1999
4K HEVC
[18+] Ang Kabit Ni Mrs. Montero (1999) 6
[18+] Ang Kabit Ni Mrs. Montero (1999) Ang Kabit Ni Mrs. Montero (1999)ကယ်လ်မွန်တယ်ရိုဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူဌေးကြီးတစ်ဦးဟာ ဆိုင်ကယ်မတော်တဆမှုနဲ့ အောက်ပိုင်းသေသွားခဲ့ပြီး နယ်မှာရှိတဲ့ သူ့ရဲ့စံအိမ်ကြီးမှာ ကုသမှုခံယူရင်း အနားယူဖို့ပြန်သွားခဲ့ပါတယ်။ သူနဲ့အတူ သူ့ကိုပြစုကုသပေးမယ့် ကုထုံးပညာရှင် အန်နီနဲ့ သူ့ချစ်ဇနီးဂေလ် ဆိုတဲ့ မိန်းမလှနှစ်ဦးလည်းပါလာခဲ့ပါတယ်။ကယ်လ်က ငွေကြေးချမ်းသာသလောက် မောက်မာရိုင်းစိုင်းပြီး ရက်စက်သူတစ်ဦးပါ။ လိင်ကိစ္စနဲ့ပတ်သက်ရင်လည်း ရမ္မက်ကြီးပြီး ပုံမှန်ထက်ထူးခြားတဲ့ကိစ္စမျိုးတွေကိုလည်း စိတ်ဝင်စားတဲ့အတွက် သူ့ဇနီးကိုတစ်ခြားသူတွေနဲ့လိင်ဆက်ဆံခိုင်းပြီး ထိုင်ကြည့်တာမျိုးကအစ လုပ်လေ့ရှိတဲ့သူမျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းသူ့ရဲ့ရက်စက်မှုတွေ၊ မောက်မာမှုတွေကိုစိတ်ကုန်စပြုလာတဲ့ ချစ်ဇနီးဟာ ကယ်လ်ရဲ့ခြံကျယ်ကြီးထဲက အလုပ်သမားကောင်လေးတစ်ဦးဖြစ်တဲ့ ဆတော်ဆိုတဲ့လူငယ်လေးနဲ့ ချစ်ကြိုးသွယ်မိပါတော့တယ်။နာမည်ကျော်ဂန္ထဝင် Erotic Literature တစ်ပုဒ်ဖြစ်တဲ့ Lady Chatterley's Lover ကိုအလွတ်တမ်းအခြေခံပြီး ဖိလစ်ပိုင်မှုပြုထားတဲ့ကားပါ။ အဲဒီခေတ်အခါက ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ Patricia Javier တို့၊ Sunshine Cruz တို့လိုမင်းသမီးကြီးတွေရဲ့ ငယ်နုစဉ်အလှကို တစ်၀ကြီးငေးမောခွင့်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] Ang Kabit Ni Mrs. Montero (1999)

1999
Stir of Echoes (1999) 6.9
Stir of Echoes (1999) Stir of Echoes (1999) ================ IMDb Rating - 6.9/10တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.72 GB) / (636 MB) Quality............BLU-RAY L 1080p / ...
movie

Stir of Echoes (1999)

1999
Never Been Kissed (1999) 6
Never Been Kissed (1999) Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie

Never Been Kissed (1999)

1999
Fight Club (1999) 8.8
Fight Club (1999) ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်...RT မှာ 79% ရထားတယ်။ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ်"ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ်  တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။) File size…(8.3 GB)/(2.1 GB)/(1.1 GB) Quality….BluRay 4K HEVC/1080p/720p Format…mkv/mp4 Duration….02:19:08 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated ...
movie

Fight Club (1999)

1999
4K HEVC
Bicentennial Man (1999) 6.9
Bicentennial Man (1999) Bicentennial Man (1999)ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.9GB, 1.15GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 12Min Genre - Drama, ...
movie

Bicentennial Man (1999)

1999
(18+)No Love Juice: Rustling In Bed (1999) 6.3
(18+)No Love Juice: Rustling In Bed (1999) No Love Juice: Rustling in Bed (1999)ချစ်သူရဲ့ သစ်စိမ်းချိုးချိုးခံရတဲ့ အသက်၂၈နှစ်အရွယ် အလုပ်သမလေးတိုမိုမီ။ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ရထားပေါ်မှာပဲချစ်တဲ့ကောင်လေးတစ်ယောက်နဲ့ ဆုံစည်းခဲ့တဲ့နောက်မှာတော့ချစ်ခြင်းတွေကနေ တက်မက်ခြင်းတွေနောက်ဆီ တကောက်ကောက်လိုက်ခဲ့ပါတော့တယ်။အမှတ်တရတွေကို မုန်းတတ်တဲ့ကောင်လေးကို အမှတ်တမဲ့တွေ့ခဲ့ရင်း မှတ်မှတ်ရရချစ်ခင်စုံမက်ကြပုံတွေကို တစိမ့်စိမ့်ကြည့်ရှုခံစားရမှာပါ။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.4GB / 450MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….58m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross
movie

(18+)No Love Juice: Rustling In Bed (1999)

1999
The Haunting (1999) 5
The Haunting (1999) The Haunting (1999)Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ဇာတ်လမ်းကတော့ ...
movie

The Haunting (1999)

1999
Girl, Interrupted (1999) 7.3
Girl, Interrupted (1999) Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie

Girl, Interrupted (1999)

1999
The Mummy (1999) 7.0
The Mummy (1999) IMDb (7/10)....Rotten Tomatoes(56%)ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy (1999)

1999
Hum Dil De Chuke Sanam(1999) 7.4
Hum Dil De Chuke Sanam(1999) Hum Dil De Chuke Sanam (1999) ********************************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe ...
movie

Hum Dil De Chuke Sanam(1999)

1999
[18+] Erotic Nightmare (1999) 5.2
[18+] Erotic Nightmare (1999) Erotic Nightmare (1999)Lok Yep (Anthony Wong) ဟာ အလတ်စားကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ပြီး ဇနီးသည်၊ မိခင်ဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။ဇနီးသည်ကိုချစ်မြတ်နိုးပေမယ့် နှလုံးရောဂါသည်ဇနီးကြောင့် လင်မယားကိစ္စအရာမမြောက်တာကြာနေခဲ့ပြီး ညဘက်တွေဆို အိပ်မက်ယောင် သုက်လွှတ်တဲ့အထိ ရမ္မက်တွေထန်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို Fong ဆိုတဲ့လူတစ်ယောက်က ချဉ်းကပ်လာခဲ့ပြီး အိမ်မက်တွေထဲမှာ စကီအလန်းလေးတွေနဲ့ညတိုင်းသာယာဖို့ အိပ်မက်တွေရောင်းပေးမယ့်အကြောင်းပြောလာပါတယ်။ မယုံရဲခဲ့ပေမယ့် တကယ်ပဲ လက်တွေ့ကျနီးစပ်လှတဲ့သာယာမှုကို အိပ်မက်ထဲက တစ်ဆင့်ရရှိလာတဲ့နောက် အဲ့ဒီလူနဲ့ အပေးအယူလုပ်လိုက်မိတဲ့အခါ၊ အဲ့ဒီအောက်လမ်းတွေနဲ့ဖန်တီးထားတဲ့ အိပ်မက်တွေရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် သူ့ဘေးက သူချစ်ရတဲ့သူတွေကို ထိခိုက်အန္တရာယ်ပေးလာပါတော့တယ်။Erotic Nightmare ဟာ Hong Kong ရဲ့ Category 3 ခေတ်နှောင်းပိုင်းမှာထွက်ရှိလာခဲ့ပြီး နာမည်နဲ့လိုက်အောင် ပေါ့ပါ့ပါးပါးနဲ့ Fun ဖြစ်ပါတယ်။ ချောင်းကြည့်၊ ခိုးကြည့်တတ်တဲ့သူတွေရဲ့အာသီသကိုအထူးဖြည့်ဆည်းထားပုံရသလို ဇာတ်လမ်းဖွဲ့စည်းပုံလဲစိတ်ဝင်စားစရာကောင်းတဲ့အတွက် Erotic Horror ပရိသတ်တွေအကြိုက်တွေ့မယ့်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie

[18+] Erotic Nightmare (1999)

1999
The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie

The Insider(1999)

1999