Channel Myanmar

2019

The Lies Within (2019) 7.7
The Lies Within (2019) The Lies Within (2019)**********************အပိုင်းသစ် (၆+၇)စုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် ၂၀၁၉ ခုနှစ်မှာ OCN ရုပ်သံလှိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Mystery - Thriller ဇာတ်လမ်းတွဲလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။Cast တွေအနေနဲ့ကတော့ စုံထောက်ကားတွေနဲ့ လိုက်ဖက်တဲ့ Behind Your Touch ထဲမှ မင်းသား Lee Min-Ki ၊ Tunnel ထဲမှ Lee Yoo-Young ၊ On Joo-Wan တို့အပြင် Kim Jong-Soo ၊Song Young-Chang ၊ Lee Joon-Hyuk တို့လို ဝါရင့်သရုပ်ဆောင်ကြီးများပါ အားဖြည့်ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း **************ဂျိုထယ်ရှစ် (Lee Min-Ki) က တစ်ချိန်က စိတ်အားထက်သန်တဲ့ စုံထောက်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ နေမကောင်းဖြစ်တဲ့အမေနဲ့အတူနေဖို့ နယ်ဘက်ရဲစခန်းကို ပြောင်းရွှေ့ပြီး အေးအေးချမ်းချမ်း နေထိုင်ချင်သူ ဖြစ်ပါတယ် ။ဒီလိုနဲ့ မပြောင်းရွှေ့ခင်မှာပဲ လွှတ်တော်အမတ်တစ်ယောက် မတော်တဆ သေဆုံးသွားရတဲ့ အမှုတစ်ခုက ဂျိုထယ်ရှစ်ဆီကို ဆိုက်ရောက်လာပါတော့တယ် .. ...
7.7
TMDb: 7.7/10 2490 votes
tv

The Lies Within (2019)

2019
The Rising of the Shield Hero Season 4 (2025) 8.5
The Rising of the Shield Hero Season 4 (2025) ဆယ်ကျော်သက်ကျောင်းသားIwatani Naofumiဟာ အပြိုင်စကြဝဠာကိုအခြားလူ၃ယောက်နဲ့အတူ သူရဲကောင်းတွေဖြစ်လာဖို့အတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်သူတို့လေးယောက်စလုံးဟာသက်ဆိုင်ရာဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကိုရရှိခဲ့ပြီး Iwatani Naofumiကတော့ဒိုင်းကာကိုလက်နက်အနေနဲ့ရရှိခဲ့ပါတယ်အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့သြဇာကင်းမဲ့မှုတို့ကြောင့် သူရဲကောင်း၄ယောက်ထဲမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ် အစ၃ရက်မှာတင်သစ္စာဖောက်ခံရ၊ မှားပြီးအစွပ်စွဲခံရတဲ့အပြင်ပစ္စည်းလုတာပါခံခဲ့ရပြီး ဘုရင်ကအစ ကျွန်အဆုံးရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ်အဲ့လိုကိစ္စတွေကြောင့်Iwatani Naofumiအတွက်တော့ လက်စားချေလိုစိတ်နဲ့အမုန်းတရားကလွဲပြီးမရှိတော့ပါဘူး သူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းကဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်နိုင်ပါပြီ(ဘာသာပြန်ပေးထားတာတော့ DrNyanပဲဖြစ်ပါတယ်) Season 4 Ep 1 - Userdrive / Megaup / Yoteshin / Telegram >>>>> Ongoing <<<<
8.5
TMDb: 8.5/10 1425 votes
tv

The Rising of the Shield Hero Season 4 (2025)

2019
Godfather of Harlem (2019-2025) 8.1
Godfather of Harlem (2019-2025)  Season 01/02/03 (စ/ဆုံး)Season 04 (Ongoing)လူ 2 သိန်း rating မှာ 8.1 အထိ ratingကောင်းခဲ့တဲ့ Godfather of Harlemဇာတ်လမ်းတွဲ...2007 ခုမှာ မင်းသားကြီး Denzel Washingtonရိုက်ခဲ့တဲ့ American gangsterရုပ်ရှင်ရဲ့ အရှေ့ကအဖြစ်ပျက်ဇာတ်လမ်းတွဲလို့ပြောလို့ရပါတယ်။မာတင်လူသာကင်းရဲ့ I have a dream မိန့်ခွန်းတွေ သမ္မတကန်နေဒီရဲ့ လုပ်ကြံခံရမှု ဗီယက်နမ်စစ်ပွဲ နယူးယောက်က လူဖြူလူမည်းကြားကခွဲခြားဆက်ဆံမှုနဲ့ အစိုးရကို အိတ်ကပ်ထဲထည့်ပြီး လက်ဝါးကြီးအုပ်နေတဲ့ လူမိုက်ဂိုဏ်းကြီးတွေ.. စသည်ဖြင့် အမေရိကန် 1960 ကာလက သမိုင်းတစ်ခေတ်ကို ရိုက်ကူးထားတဲ့ လက်ရာမြောက်ဇာတ်လမ်းတွဲဖြစ်ပါတယ်။မင်းသားကြီး Forest Whitaker , Daredevilထဲက villain ကြီး Kingpin , breaking bad ထဲက villain ကြီး Giancarlo စတဲ့ မင်းသားကြီးတွေရဲ့ godfather ...
8.1
TMDb: 8.1/10 527 votes
tv

Godfather of Harlem (2019-2025)

2019
The Mistress (aka) Mia Noi (2019) 6
The Mistress (aka) Mia Noi (2019) "မယားငယ်" *************မယားငယ်လို့ ပြောလိုက်တာနဲ့ လူတိုင်းနှာခေါင်းရှုံ့ချင်ကြပါတယ်ဒီဇာတ်ကားလေးမှာတော့ ချလာဆိုတဲ့ က‌လေးမလေးက အထက်တန်းကျောင်းပြီးပြီးချင်း မယားငယ်ဖြစ်ခဲ့ရသူပါဖြစ်ရတဲ့အကြောင်းရင်းကလည်း အ‌ဖေ့ရဲ့ သူဌေးက ချလာကိုမျက်စိကျပြီး မတရားလိုချင်နေတာမို့ ကလိမ်ကကျစ်နည်းနဲ့ ချလာကို အပိုင်သိမ်းပြီး မယားငယ်လုပ်ခိုင်းခဲ့တာ‌ကြောင့်ပါဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်လေးနဲ့တင် မယားငယ်ဖြစ်ခဲ့ရတဲ့ ချလာအတွက် နေ့ရက်တိုင်းက ငရဲပါပဲ ဒီငရဲတွင်းကနေ လွတ်မြောက်ဖို့အတွက်ရော လက်စားချေဖို့အတွက်ရော ကံကမျက်နှာသာ‌ပေးလို့ အာဏာကြီးတဲ့သူ‌ဌေးတစ်ယောက်ဆီက သ‌ဘောကျခြင်းခံခဲ့ရပါတယ် ဒါ‌ပေမယ့်လည်း မယားငယ်ဖြစ်ဖို့အတွက်ပဲ မွေးဖွားလာတဲ့ကံပါသလားမှတ်ရတဲ့ ချလာတစ်ယောက် ထပ်တွေ့ခဲ့ရတဲ့သူ‌ဌေးကြီးကလည်း အဖိုးအရွယ်ဖြစ်နေတဲ့အပြင် သူ‌ဌေးကြီးဆီမှာ အလုပ်လုပ်‌နေတဲ့ ငယ်ချစ်ဦးနဲ့လည်း ဆုံခဲ့ရပါတယ်နှလုံးသားရေးကံခေသူ ချလာရဲ့ဘဝက တသက်လုံး မယားငယ်ပဲ ဖြစ်သွားမှာလား.......အချစ်စစ်အချစ်မှန်နဲ့ရော ဆုံစည်းနိုင်ပါ့ဦးမလားဆိုတာ ''မယားငယ်''ကားထဲမှာ ဆက်စောင့်ကြည့်ပေးသွားပါနော်ချလာအဖြစ် Ugly Duckling Seriesနဲ့ နာမည်ကြီးခဲ့တဲ့ ''Mook Worranit Thawornwong'' က သရုပ်ဆောင်ထားတာမို့လို့ ကြည့်ရတာတန်‌စေမယ့်ကား‌လေးဖြစ်မှာ သေချာပါတယ်.. File size…(924 Mb)/(502 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:39 Genre...Drama ...
6
TMDb: 6/10 1 votes
tv

The Mistress (aka) Mia Noi (2019)

2019
Hostages (2019) 6.2
Hostages (2019) Hostages 2019 ဓားစာခံIMDb - 6.8/102013 တုန်းက အတော်လေးနာမည်ကြီးခဲ့တဲ့ Israel series ကို remakeပြန်ရိုက်ထားပြီးတော့မင်းသားကြီး ရိုနစ်ရွိုင်နဲ့ မင်းသမီးကြီးတစ်စကာချိုပရာတို့နှစ်ယောက်လုံး Gold award ရခဲ့တဲ့ Hostages 2019 ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးက vd အတိုလေးတွေနဲ့ အတော်လေးhypeထားတဲ့ ဇာတ်လမ်းလေးဆိုတော့ ဇာတ်လမ်းအပြည့်အစုံကိုရှုစားလိုသူတွေ အခုပဲ CMမှာ ရှုစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ရွေးကောက်ပွဲနီးလို့ မဲဆွယ်စည်းရုံးရေးကာလ အရှိန်တက်နေတဲ့အချိန်မှာ ဝန်ကြီးချုပ်ဟန်ဒါတစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ခွဲစိတ်ရဖို့ဖြစ်လာပါတယ်။သူ့ကိုတာဝန်ယူခွဲစိတ်ပေးရမယ့် ဆရာဝန်ကတော့ အရမ်းကိုတော်လွန်း ထက်မြက်လွန်းတယ်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ခွဲစိတ်ဆရာဝန် မီရာအာနန်ဒီလိုနဲ့ နောက်တစ်နေ့ခွဲမစိတ်ခင်ညမှာ မီရာအာနန်ရဲ့အိမ်ကို မျက်နှာဖုံးစွပ်နဲ့ လူ 3 ယောက်ဝင်ချလာပြီးတော့ သူတို့တစ်မိသားစုလုံးကို ပြန်ပေးဆွဲပါတော့တယ်။သူတို့ကိုလွှတ်ပေးဖို့အတွက် အလဲအလှယ်က ဝန်ကြီးကို ခွဲခန်းထဲက ထွက်မလာနိုင်တော့အောင် ဇီဝိန်ချုပ်ပေးဖို့ပါတဲ့။ဒီလိုဘေးကြပ်နံကြပ်အခြေအနေကနေ မီရာအာနန်တစ်ယောက် ဘယ်လိုတွေဆက်ရင်ဆိုင်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်)File Size –500 MB (Appx;)@EpisodeQuality ...
6.2
TMDb: 6.2/10 12 votes
tv

Hostages (2019)

2019
The Red Mask (2019) Season 1 8
The Red Mask (2019) Season 1 "လူစွမ်းကောင်းသိန်းငှက်နီ" **********************ဒီကားမှာတော့ နာမည်ကြီးမင်းသား Om Akaphan နဲ့ မင်းသမီး Melada Susri ကိုတွေ့မြင်ရမှာဖြစ်ပြီး 2019 မှာထွက်ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီကားလေးကတော့ ပိုင်လုံဆိုတဲ့လူဆိုးဂိုဏ်းကြောင့် အရှုပ်အရှင်း‌တွေနဲ့ ပြည့်နှက်နေတဲ့ မြိုကြီးတစ်မြို့ကို တရားမျှတမှုနဲ့ကယ်တင်မယ့် လူစွမ်းကောင်းသုံးဦးအကြောင်းကို အဓိကဖော်ပြထားတဲ့ ကားဖြစ်ပါတယ်။ဒီလူစွမ်းကောင်း သုံးဦးထဲမှာဆိုရင် တစ်ဦးကတော့မျက်နှာဖုံးနီနဲ့ သိန်းငှက်နီ (Red Eagle)အဖြစ် ဟန်ဆောင်ထားတဲ့ လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး မတရားမှုကို ရက်စက်တဲ့နည်းလမ်းနဲ့ထိန်းချုပ်သူဖြစ်ပါတယ်။နောက်တစ်ဦးကတော့ လှပပြီး ဆွဲဆောင်မှုရှိတဲ့အပြင် တရားမျှတမှုကိုလိုလားပြီး ထက်မြတ်တဲ့မိန်းမပျိုလေးဖြစ်ပြီး အာဏာအလွှဲသုံးစားလုပ်တဲ့လူတွေကို မျက်‌ချေမပြတ်စောင့်ကြည့်တတ်တဲ့ သတင်းထောက်မလေးတစ်ဦးပဲဖြစ်ပါတယ်။ကျန်တစ်ဦးကတော့ တရားမျှတမှုအပေါ် ယုံကြည်မှုအပြည့်အဝထားပြီး စည်းမျဉ်းစည်းကမ်းနဲ့အညီ တရားဥပဒေကိုကာကွယ်ဖို့ဆန္ဒပြင်းပြတဲ့ ရဲတပ်ဖွဲ့ဝင်လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ရည်ရွယ်ချက်ချင်းတူပြီး သဘောထားချင်းမတူညီတဲ့ ဒီလူစွမ်းကောင်းသုံးဦးက သူတို့အချင်းချင်း ဘယ်လိုပူးပေါင်းပြီး မြို့ကိုဖျက်စီးဖို့ကြိုးစားနေတဲ့ ရာဇဝတ်အဖွဲ့အစည်းတွေကို ဘယ်လိုရင်ဆိုင်ချေမှုန်းမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်နော်..... File size…(928 Mb) Quality….Webrip 720p Format… mp4 Duration…. 01:52:26 Genre... Action , Crime , Drama , ...
8
TMDb: 8/10 1 votes
tv

The Red Mask (2019) Season 1

2019
Hotel Del Luna (2019) (Complete) 8.536
Hotel Del Luna (2019) (Complete) Hotel Del Luna (2019) အပိုင်း(၁မှ ၁၆) စ/ဆုံး ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ CM fan တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဇာတ်လမ်းဇာတ်အိမ်လမ်းလေးဆန်းတဲ့ `Hotel De Luna´ ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကလည်း ကိုယ်တွေရဲ့ အချစ်တော် မမ IU ဆိုတော့ အကုန်လုံး သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျန်မန်အို (IU) က ဟိုတယ်ဒယ်လူနာရဲ့ သူဌေးဖြစ်ပါတယ် သူက ချောမောလှပပေမယ့် စိတ်အလိုမကျ ဒေါသထွက်တာမျိုးခဏခဏဖြစ်လေ့ရှိပြီး သူ့အပြုမူတွေကလည်း ခန့်မှန်းဖို့ မလွယ်တဲ့ ထူးခြားတဲ့သူပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူမကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ အပြစ်တွေကြောင့် ဟိုတယ်ဒယ်လူနာမှာ အုပ်ချုပ်ဖို့ ပြစ်ဒဏ်ပေးခံထားရပြီး နောင်ဘဝကို မကူးနိုင်ဖြစ်နေတာပါ။ ဟိုတယ်ဒယ်လူနာက သာမန်ရိုးရိုးဟိုတယ်တစ်ခုမဟုတ်ပါဘူး။ သေပြီးသားလူအချို့တွေရဲ့ ဝိညာဉ်တွေ နောင်ဘဝကို မကူးပြောင်းခင် ဟိုတယ်ဒယ်လူနာမှာ တည်းခိုကြတာပါ။ တစ်နည်းအားဖြင့် ဝိညာဉ်တွေ ဘဝသစ်ကို မသွားခင်မှာ ခဏနေတဲ့ နေရာတစ်ခုပေါ့။ တစ်ရက်မှာ ဂူချန်ဆောင်း(Yeo Jin Goo)ရဲ့အဖေဟာ သတိလစ်မေ့မြောပြီး မသေပဲနဲ့ ဟိုတယ်ဒယ်လူနာကို ...
8.536
TMDb: 8.536/10 572 votes
tv

Hotel Del Luna (2019) (Complete)

2019
Romance Is a Bonus Book (2019) [Complete] 8.6
Romance Is a Bonus Book (2019) [Complete] Romance Is a Bonus Book (2019)*******************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ရဲ့ အသည်းစွဲမင်းသားလေး Lee Jong Suk , Wi Ha Joon,မင်းသမီး Lee Na Young နဲ့ Song Hae Rin တို့ အဓိကပါဝင်ထားတဲ့ မမနဲ့မောင်လေးရို့မန့်စ်အချစ်ဟာသဇာတ်ကားလေးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ချာအွန်းဟိုကတော့ ထုတ်ဝေဖြန့်ချီရေးကုမ္ပဏီရဲ့ အသက်အငယ်ဆုံး အယ်ဒီတာချုပ်တစ်ဦးဖြစ်တဲ့အပြင်ဥစ္စာပေါရုပ်ချောနာမည်ကြီး စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ဂန်ဒန်းအီကတော့ နာမည်ကြီး ကြော်ငြာစာရေးသူတစ်ဦးဖြစ်ခဲ့ပေမဲ့လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ပဲကွာရှင်းခဲ့ရပြီး single mom တစ်ယောက်အနေနဲ့ ရုန်းကန်ပြီး အလုပ်တစ်ခုရဖို့အတွက် ကြိုးစားနေသူပါ။ဘွဲ့ရပညာတတ်ဖြစ်ပေမဲ့လည်း career break ထားတဲ့ အိမ်ရှင်မတစ်ယောက်အဖို့ အလုပ်ရဖို့ ခက်ခဲတဲ့အတွက်သူမရဲ့ပညာရေးနောက်ခံကို လိမ်ညာပြီး အလုပ်လျှောက်လိုက်ရာမှ ချာအွန်းဟို အလုပ်လုပ်နေတဲ့ကုမ္ပဏီမှာ ယာယီဝန်ထမ်းအဖြစ် အလုပ်ဝင်ခွင့်ရခဲ့ပါတော့တယ်။အဲဒီလိုနဲ့ ငယ်ငယ်ကတည်းက အတွင်းသိအဆင်းသိဖြစ်တဲ့ ...
8.6
TMDb: 8.6/10 89 votes
tv

Romance Is a Bonus Book (2019) [Complete]

2019
Love, Death & Robots (2019-2025) Complete 8.2
Love, Death & Robots (2019-2025) Complete   Love, Death & Robots (2019-2025)IMDb Rating (8.4) / Rotten Tomatoes (86%) ချစ်ခြင်း၊သေဆုံးခြင်းနဲ့စက်ရုပ်များ...ကမ္ဘာကြီးက ပျက်စီးလာနေပါပြီ...အတ္တတွေ လောဘတွေ ရှေ့တန်းတင်ထားမှတော့ ချစ်ခြင်းမေတ္တာလဲ သေဆုံးခဲ့ချေပေါ့....စိမ်းလန်းတဲ့မျက်ခင်းပြင်တွေ ဖြူစင်တဲ့အပြုံးတွေ ရိုးသားတဲ့ပတ်ဝန်းကျင်တွေ ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာ စက်ရုပ်တွေနဲ့စက်ရုပ်လိုလူတွေပဲရှင်သန်ခဲ့ချေပေါ့...ဒီလိုခမ်းခြောက်တဲ့ကမ္ဘာကြီးဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး ကျွန်တော်တို့ပတ်ဝန်းကျင်မှာကို စတင်ထိတွေ့နေရပါပြီ...လူမှုစံနှုန်းတွေကို အတ္တတွေလောဘတွေကြောင့် ချေနင်းခဲ့ကြတဲ့လူသားတွေအတွက် ကမ္ဘာကြီးကပြန်ပေးမယ့်လက်ဆောင်ကတော့ စက်ရုပ်နှလုံးသားတွေပါပဲ...ဒီလိုအတွေးတွေကို ကြိုပြီးချပြခဲ့တာကတော့ David Fincher နဲ့ Tim Miller တို့ရဲ့ Love, Death & Robots animated short film စီးရီးလေးပါပဲ။Season ၃ ခုထွက်ထားပြီး Season-1 မှာ ၁၈ ပိုင်း၊ Season-2 မှာ ၈ ပိုင်းနဲ့ Season-3 မှာ ၉ ပိုင်း၊ အခု 2025 မှာ ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots (2019-2025) Complete

2019
Chernobyl (2019) 8.684
Chernobyl (2019) Chernobyl (2019)ဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~~~~~~~လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင်ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပ္ပံပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ ...
8.684
TMDb: 8.684/10 6798 votes
tv

Chernobyl (2019)

2019
Tokyo 23-ku Onna (2019) 6.5
Tokyo 23-ku Onna (2019) Tokyo 23-ku Onna (2019) ***********************စ/ဆုံးဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Supernatural/Horror အမျိုးအစား ဂျပန်ဇာတ်လမ်းတွဲလေးတစ်ခုတင်ဆက်ပေးလိုက်ရပါတယ်...Horror ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ...ဇာတ်လမ်းအကျဉ်း -------------အလွတ်တမ်းစာရေးဆရာ Harada Ririko နဲ့တက္ကသိုလ်ဆရာဟောင်း Shimano Hitoshi တို့နှစ်ယောက်ဟာတိုကျိုက ကြောက်စရာဇာတ်လမ်းတွေဖြစ်ပျက်ခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့ကြပါတယ်...23 ward လို့လူတွေသိကြတဲ့နေရာမှာ ဒီလိုကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့ပါတယ်...ပျောက်နေတဲ့မိခင်ကိုရှာဖို့ ရှီဘုယ ရထားလိုင်းတွေမှာ ပတ်သွားနေတဲ့ ရုံးဝန်ထမ်းအမျိုးသမီး...Koto ward မှာအလောင်းဝှက်ထားတဲ့အမျိုးသမီး...ညမိုးချုပ် တက္ကဆီလိုက်စီးတဲ့ အမျိုးသမီးဒီဇိုင်နာ CEO ရဲ့ လျှို့ဝှက်ချက်...စသဖြင့် စသဖြင့် အများကြီးကို ဇာတ်လမ်းမြှုပ်ကွက် အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမှာမလို့ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦးရှင်...ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ်...Drama: Tokyo 23-ku Onna Genres: Horror, Drama, Supernatural Country: Japan Episodes: 6 Aired: Apr 12, 2019 - May 17, 2019 Aired On: Friday Original ...
6.5
TMDb: 6.5/10 votes
tv

Tokyo 23-ku Onna (2019)

2019
Vagabond (2019) 8.262
Vagabond (2019) Vagabond 2019 *************စ/ဆုံးကျွန်တော်တို့တွေ အခုအချိန်အထိ S2 လာဖို့ တသသ မျှော်လင့်နေရတဲ့ စီးရီးတွေထဲက တစ်ခုဖြစ်တဲ့Vagabond ဇာတ်လမ်းတွဲလေးကို CM ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...4K Quality ထိ Update တင်ဆက်ထားတာမလို့ ပြန်လည်ခံစားလိုက်ကြပါဦးဗျာ...ဇာတ်လမ်းအကျဉ်း -------------အက်ရှင်သရုပ်ဆောင်ကောင်းဖြစ်ချင်တဲ့သူတစ်ယောက်ရှိတယ်...သူက တိုက်ရေးခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူဖြစ်ပေမယ့် အက်ရှင်သရုပ်ဆောင်ဘက်ကိုခြေဦးမလှည့်နိုင်ဘဲ တူလေးကောင်းစားရေးအတွက်ကြုံရာအလုပ်ကိုလုပ်နေရတယ်...သူ့တူလေးကလည်း တိုက်ကွမ်ဒိုတော်လွန်းလို့ မော်ရိုကိုကတောင်အခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်..သူ့တူလေးဟာ မော်ရိုကိုအသွားမှာလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ပါဝင်ပြီးသေဆုံးသွားခဲ့တယ်...ချစ်ရတဲ့တူလေးရဲ့ ဈာပနရှိရာမော်ရိုကိုကို သူလိုက်သွားခဲ့တယ်...သူလိုက်သွားတဲ့အချိန်မှာတော့ ဒီလေယာဉ်ပျက်ကျမှုကြီးဟာမတော်တဆမှုမဟုတ်ဘဲ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ပတ်သက်နေကြောင်းကို မမျှော်လင့်ဘဲ သူသိလိုက်ရတယ်...အဲဒီနောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်လိုက်ပါဦး...ဒီဇာတ်လမ်းတွဲဟာ စွန့်စားခန်းစပိုင်အက်ရှင်အမျိုးအစားဖြစ်ပါတယ်...မင်းသားဖြစ်တဲ့ အီဆွန်းဂီ တစ်ယောက်ဟာ ချစ်တဲ့တူအတွက်ဒီလေယာဉ်ပျက်ကျမှုရဲ့ နောက်ကွယ်က တရားခံကိုရေကုန်ရေခမ်းလိုက်ပါတော့တယ်...ပရိသတ်အချစ်တော် မင်းသမီး ဆူဇီကတော့ ဒီဇာတ်ကားမှာ NIS အေးဂျင့် ဂိုဟယ်ရီအနေနဲ့ သရုပ်ဆောင်ထားပါတယ်...Drama: Vagabond Genres: Action, Thriller, Mystery, Crime Country: South Korea Episodes: 16 Aired: Sep 20, 2019 ...
8.262
TMDb: 8.262/10 463 votes
tv

Vagabond (2019)

2019
Made in Heaven (2019) 7.257
Made in Heaven (2019) Made in Heaven (2019) မင်္ဂလာပွဲအေဂျင်စီဒီစီးရီးလေးကတော့ Amazon Prime Video ကနေ တင်ဆက်ထားတဲ့ စီးရီးဖြစ်ပြီးတော့ စီစင်၂ခုထွက်ထားပါတယ်။ဒီစီးရီးမှာဆိုရင် အိန္ဒိယလူမှုအသိုင်းအဝိုင်းရဲ့ မင်္ဂလာပွဲကိစ္စတွေနဲ့ လူမှုရေးရှုပ်ထွေးမှုတွေကို မြင်တွေ့ရမဲ့ စီးရီးလေးဖြစ်ပါတယ်။တာရာနဲ့ ကာရန်တိုဟာ Made in Heavenဆိုတဲ့ မင်္ဂလာပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။သူတိုဟာ လုပ်ငန်းတည်ထောင်လာခဲ့တာ ၂နှစ်လောက်ကြာလာတဲ့အချိန်မှာတော့ သူတိုဆီကို တော်ဝင်မိသားစုဆီကနေ မင်္ဂလာပွဲအပ်နှံဖို ရောက်လာခဲ့ပါတယ်။ဒီမင်္ဂလာပွဲကို အောင်မြင်အောင်လုပ်ပေးနိုင်ရင် သူတိုလုပ်ငန်းလည်းပိုမိုပြီး‌ အောင်မြင်လာနိုင်ချေများတဲ့အတွက် ကြိုးစားပြီး လုပ်ကိုင်ခဲ့ပါတယ်။သိုပေမဲ့လည်း ဒီတော်ဝင်မိသားစုမှာက လူမှုရေးပြဿနာတွေ များလွန်းပြီးတော့ မင်္ဂလာပွဲပျက်ခါနီးအခြေအနေထိ ဖြစ်လာတဲ့အခါမှာတော့ .......... တာရာနဲ့ ကာရန်တို တော်ဝင်မိသားစုရဲ့ မင်္ဂလာပွဲကို မပျက်အောင် ဖြစ်နေတဲ့ပြဿနာတွေကို ကြားဝင်ပြီး ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ....တော်ဝင်မိသားစုအတွင်းမှာဖြစ်နေတဲ့ အရှုပ်တော်ပုံကရော ဘယ်လိုတွေ ရှုပ်ထွေးနေတာလဲ ....ဘယ်လောက်ထိအောင်တောင် ရှုပ်ထွေးနေလဲ... ဆိုတာကိုကြည့်ရှုရမဲ့ လူမှုရေးပြဿနာတွေ တစ်သီကြီးနဲ့ လူ့ဘဝရဲ့ ရှုပ်ထွေးပွေလီများစွာကို ကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size ...
7.257
TMDb: 7.257/10 35 votes
tv

Made in Heaven (2019)

2019
One Spring Night (2019) [Complete] 8.1
One Spring Night (2019) [Complete] One Spring Night (2019)***********************အပိုင်း (၁ မှ ၁၆) စ/ဆုံး ရိုမန့်စ်အချစ်ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် "Love Next Door, Snowdrop"စတဲ့ နာမည်ကြီးဇာတ်ကားတွေမှ ပျိုတိုင်းကြိုက်တဲ့မင်းသားချော Jung Hae Inနဲ့ "Love Scout, Behind Your Touch"စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီး Han Ji Minတို့ အဓိကပါဝင်ထားတဲ့ မနဲ့မောင် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် .. ။အီဂျောင်အင်း(Han Ji Min)ဟာ စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး ဘဏ်ဌာနမှူး ဂွမ်ဂီဆော့ (Kim Joon Han)နဲ့ ၄နှစ်ကြာအချစ်‌ရေးမှာ ပိတ်မိနေသလိုခံစားရတာမိုလို့ လက်ထပ်ဖို့ကိုလည်း တွန့်ဆုတ်နေသူဖြစ်ပါတယ် .. ။ယူဂျီဟို(Jung Hae In)ကတော့ ဆေးဝါးပညာရှင်ဖြစ်ပြီး သားလေးရှိတဲ့ single father ပါ။ ဒါ့အပြင် ယူဂျီဟိုနဲ့ ဂွမ်ဂီဆော့တို့ဟာ တက္ကသိုလ်တစ်ခုတည်းတက်ခဲ့တဲ့ စီနီယာ-ဂျူနီယာဆက်ဆံရေးဖြစ်ပါတယ်။တစ်နေ့မှာ အီဂျောင်အင်းက ယူဂျီဟိုအလုပ်လုပ်တဲ့ အူရီဆေးဆိုင်ကို အရက်နာကျပျောက်ဆေး လာဝယ်တဲ့ အချိန်မှာပဲ ...
8.1
TMDb: 8.1/10 660 votes
tv

One Spring Night (2019) [Complete]

2019
Vinland Saga (2019) 8.5
Vinland Saga (2019) ပထမဆုံး ပြောချင်တာကတော့ Anime လည်း ကြိုက်တယ်၊ သမိုင်းကြောင်းဖြစ်စဉ်တွေ စိတ်ဝင်စားမယ်၊နောက်ပြီး Viking တွေအကြောင်း ကြိုက်သပဆိုရင်တော့ ဒီစီးရီးက လက်လွှတ်မခံသင့်တဲ့ကောင်ပါ။တခြား Anime တွေကို OP Power တွေမပါဘူး ဟာသတွေမပါဘူး AOT တို့ Bersek တို့လို Dark ဖြစ်တဲ့ စီးရီး။နာမည်မှာပါတဲ့ Vinland ဆိုတာကလည်း အခုမြေပုံအရဆိုရင် Canada အရှေ့ခြမ်းကို ပြောတာ။တခြား Norway, Iceland, Denmark နဲ့ England တို့နားတဝိုက် သိထားရင် ပိုကြည့်ကောင်းတာပေါ့။ဇာတ်လမ်းကိုပြောရမယ်ဆိုရင် Vinland စွန့်စားခန်းဆိုတဲ့အတိုင်းအေးစက်ပြီး ရာသီဥတုဆိုးဝါးတဲ့ ဒေသမှာ နေရတဲ့လူတွေအတွက် ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ရှိကြတယ်။အဲဒါကတော့ အနောက်ဖက်ပင်လယ်အလွန်မှာ ရာသီဥတုနွေးထွေးပြီး သီးနှံစိုက်ခင်းတွေလည်း ဖြစ်ထွန်းမယ်စိမ်းလန်းတဲ့မြက်ခင်းတွေဆိုတာလည်း အပြည့်ရှိတဲ့ Vinland လို့ခေါ်တဲ့ နယ်မြေလေးရှိတယ်။MC ဖြစ်တဲ့ Thorfinn တို့ Iceland က ရွာသားတွေ ...
8.5
TMDb: 8.5/10 743 votes
tv

Vinland Saga (2019)

2019
Abhay (2019) 6.9
Abhay (2019) Abhay season 1 (2019) အမဲလိုက်ပွဲ Imdb 8နှစ်ချီကြာနေပြီဖြစ်တဲ့ ကလေးပျောက်မှုကြီး .. မြို့ထဲက ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ကြတယ်ရဲတွေရဲ့ညံ့ဖျင်းမှုနဲ့ အစရှာမရတာလည်း နှစ်ချီနေပြီ ပျောက်တာကတော့ မပြီးဆုံးတဲ့သံသရာပေါ့ ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကျတာကတော့ အဘေးဆိုတဲ့ ရဲတစ်ယောက် မိန်းမဖြစ်သူဆုံးသွားပြီး သားတစ်ခု အဖေတစ်ခုနေလာရတော့ ကလေးပျောက်တာရဲ့ခံစားချက်ကိုနားလည်တဲ့လူတစ်ယောက်ပေါ့ရင်နဲ့ရင်းပြီး ကလေးပျောက်မှုကိုလိုက်ရင်းနဲ့ သူဆွဲထုတ်မိမဲ့အပိုင်းအစက ဘာများဖြစ်မလဲ နှစ်ချီကြာနေတဲ့ ရိုးရိုးရှင်းရှင်းမဟုတ်နေတဲ့ ဒီအမှုနောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာကိုတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )File Size – 500 MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes: 24 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, Action & AdventureTranslator – CM Bollywood TeamEncoder – YK  Episode 1 – ...
6.9
TMDb: 6.9/10 10 votes
tv

Abhay (2019)

2019
Vienna Blood (2019-2024) 7.3
Vienna Blood (2019-2024) Vienna Blood (2019-) IMDB – 7.6/10BBC ကနေ ထွက်ရှိထားတဲ့ ဒီစီးရီးလေးဟာ သူတို့ မူပိုင် Sherlock စတိုင်အတိုင်းပဲ ဖြစ်ပါတယ်။Season တစ်ခုကို ၃ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းတစ်ပိုင်းကို ရုပ်ရှင်တစ်ကားစာ ရှိပါတယ်။ ဇာတ်လမ်းပုံစံကလည်း Sherlock လိုပဲ မှုခင်းတွေကို Male Lead နှစ်ယောက် ဖြေရှင်းကြတာမျိုးပါ။သူတို့က ဒီမှာ အခြေခံထားတာကျ ၁၉၀၀ ဝန်းကျင် ဗီယန်နာမြို့ ဖြစ်ပြီး ဇာတ်ကောင်တွေက ဆေးကျောင်းသားတစ်ယောက်ရယ် စုံထောက်တစ်ယောက်ရယ်ပဲ ဖြစ်ပါတယ်။အိမ်က ဖြစ်စေချင်တာမျိုးကို မလုပ်ပဲ ကိုယ့်သဘောဆန္ဒအလျောက် ဖြစ်ချင်တာကို ဦးစားပေးပြီး ဆေးပညာကနေ ရာဇဝတ်သားတွေရဲ့ အကျင့်စရိုက်အနေအထားကို လေ့လာချင်သူ ဉာဏ်ကြီးရှင် ဆေးကျောင်းသားလေးရယ် အမှုတွေကို မဖြေရှင်းနိုင်တာကြာလို့ စိုးရိမ်သောက ပူပန်တွေများပြီး အထက်လူကြီးက ထောင်းတာကို ခံနေရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သွေးဆူလွယ်တဲ့ စုံထောက်ကြီးတစ်ယောက်ရယ်နှစ်ဦးသား ဆုံတွေ့ဖို့ ကံပါလာကြပြီး မှုခင်းတွေကို ဘယ်လိုအတူတူ ဖြေရှင်းသွားမယ် ကိုယ်စီဘဝအခက်အခဲတွေကို ဘယ်လိုဖေးကူသွားကြမလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ သမိုင်းနောက်ခံ ပဟေဠိတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဒရမ်မာ စီးရီးကောင်းဖြစ်ပါတယ်။File Size – ...
7.3
TMDb: 7.3/10 87 votes
tv

Vienna Blood (2019-2024)

2019
Cubicles  (2019) S1+2+3+4 8.1
Cubicles (2019) S1+2+3+4 Cubicles (2019) ကြုံရဆုံရ လူ့ဘဝIMDb - 8.2/10 Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်သံဇာတ်လမ်းတွဲကောင်းကောင်းကို စီစဉ်ရိုက်ကူးပြီး သူတို့အက်ပ်နဲ့ ယူကျုတွေပေါ်မှာ လွှင့်တဲ့ TVFက ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – minute (@Episode)Total Episodes: ...
8.1
TMDb: 8.1/10 9 votes
tv

Cubicles (2019) S1+2+3+4

2019