Channel Myanmar

2015

The Magicians (2015-2020) 7.6
The Magicians (2015-2020)  The Magicians (2015)Season 01 to Season 05 (Complete)IMDb Rating (7.6) / Rotten Tomatoes (91%) ဒီဇာတ်လမ်းက ဟယ်ရီပေါ်တာလိုမျိုး မှော်ကျောင်းတော်ကြီးနဲ့ နာနီယာလို မှော်သတ္တဝါဆန်းတွေနဲ့ ရောယှက်ပြီး ဇာတ်လမ်းဆင်ထားတာပါ။ဒါပေမယ့် တိုက်ခိုက်မှုတွေနဲ့ အစီအရင်တွေကတော့ နည်းနည်းရက်စက်ပါတယ်။နောက်ပြီး Wand သုံးတဲ့ magic တွေမဟုတ်ဘဲ လက်ဟန်တွေနဲ့သုံးတဲ့ gesture magick တွေမို့ တစ်မျိုးဆန်းနေပါလိမ့်မယ်။စီစန် ၅ ခုရှိပြီး ချန်နယ်မြန်မာမှာ စဉ်ဆက်မပြတ်တင်ဆက်သွားပေးပါမယ်။ Supernatural ဇာတ်လမ်းတွေကြိုက်တဲ့သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းပါပဲ။  (ဘာသာပြန်ကတော့ Zeko,Min thway,Soe Thiri Swe,KKW,Nay ဖြစ်ပါတယ်။)File size…(800 MB) / (400 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Sci-Fi & Fantasy Duration….00:52:51 Subtitle….Myanmar Subtitle ...
7.6
TMDb: 7.6/10 1595 votes
tv

The Magicians (2015-2020)

2015
Sassy Go Go (2015) [Complete]  7.1
Sassy Go Go (2015) [Complete]  Sassy Go Go (2015)********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတွေကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်Jung Eun-ji၊ Chae Soo-bin၊ Lee Won-keun နဲ့  Jisoo အစရှိတဲ့သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-တောင်ကိုးရီးယားနိုင်ငံရဲ့ အောင်ချက်အကောင်းဆုံးဖြစ်ပြီး စာတော်တဲ့သူတွေ အများကြီးမွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆယ်ဘစ်အထက်တန်းကျောင်းလို စာပိုတော်တဲ့သူတွေကိုသာလူရာသွင်းတဲ့ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့အတွက် သူငယ်ချင်းကို ပြိုင်ဘက်လိုသဘောထားပြီး သူ့ထက်ငါသာလွန်အောင်ကြိုးစားရင်း၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ကျောင်းအုပ်ဆရာမကြီးရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံရရင်းနဲ့ မွန်းကျပ်လှတဲ့ ကျောင်းတော်ကြီးမှာအသက်ရှူပေါက်လေး တစ်ခုအဖြစ် Cheerleading အဖွဲ့ကို ဦးဆောင်ပြီး ဂန်ယွန်းဒူ (Jung Eun-ji) တို့သူငယ်ချင်းတစ်သိုက် မတရားမှုတွေကို ဘယ်လိုဖော်ထုတ်ပြီး ရုန်းကန်လှုပ်ရှားသွားကြမလဲ...ဒီလိုကျောင်းမှာ သူငယ်ချင်းအစစ်အမှန်ဆိုတာကိုရော ရှာတွေ့နိုင်ပါ့မလား၊..နောက်ဆုံးကျရင်ရော ငယ်ရွယ်လှပတဲ့ ဘဝရဲ့ အဓိပ္ပာယ် အစစ်ကို ရှာတွေ့သွားကြပါ့မလားဆိုတာကိုရသမျိုးစုံနဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hsu Pyae ...
7.1
TMDb: 7.1/10 25 votes
tv

Sassy Go Go (2015) [Complete] 

2015
Narcos (2015) 8.046
Narcos (2015) Narcos (2015) ဇာတ်လမ်းတွဲ(Season-1)အတွဲ(၁)စ/ဆုံးIMDb…8.9,,,,Rotten…89%********************************Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ် ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကိုမီးရှိူ့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသောမူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသောရာဇာဝတ်သားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့်ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇဝတ်မှုအသေးစားတွေကျူးလွန်ရင်းမှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ဝမ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။ ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။Biography/Crime အမျိုးအစားဖြစ်ပေမယ့် လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ်Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားကကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗာျးတို့မှားသွားလိမ့်မယ်…၊ ပါ့ဘလိုရဲ့ဒုစရိုက်လောကလှုပ်ရှားပုံတွေ…သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ…နောက်ကျောဓားနဲ့ထိုးမယ့်သူတွေကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့….(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့ Myo Khant ...
8.046
TMDb: 8.046/10 2926 votes
tv

Narcos (2015)

2015
Servant of the People (2019) Season 3 Complete 7.341

Servant of the People (2019) Season 3 Complete

2015
Servant of the People (2017) Season 2 Complete 7.2
Servant of the People (2017) Season 2 Complete Servant of The People (Season 2) Complete ~ IMDb rating - 7.3/10 ~ အားလုံးပဲစောင့်မျှော်နေကြတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး အပြင်မှာသမ္မတမဖြစ်ခင် သူကိုယ်တိုင်သမ္မတနေရာက သရုပ်ဆောင်ပြီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးဟာသ Political Satire ဇာတ်လမ်းတွဲလေး Servant of The People ရဲ့ Season 2 ကိုတင်ဆက်ပေးလိုက်ပါပြီ။ Season 1 ကိုကြည့်ဖူးကြတဲ့သူတွေကတော့ ဘယ်လိုဇာတ်လမ်းလဲဆိုတာ သိပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အမှန်တကယ်ဆိုရင် ယူကရိန်း-ရုရှားကျူးကျော်စစ်ဖြစ်တဲ့အချိန်မှ နာမည်ကြီးသင့်တာမဟုတ်ပဲ စထွက်ထဲကကို ကမ္ဘာကျော်ခဲ့သင့်တာပါ။ သရော်တဲ့နေရာမှာလည်း ကိုယ်တိုင်က နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာထားရမှာဖြစ်တဲ့အပြင် တော်ရုံဗဟုသုတနဲ့လည်း ဒီလိုဘက်စုံထောင့်စုံထိမိအောင်ရိုက်နိုင်မှာမဟုတ်တဲ့အတွက် ဇာတ်လမ်းဖန်တီးသူတွေရဲ့အရည်အချင်းကို မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပြီး သရုပ်ဆောင်တွေရဲ့နေရာအလိုက် အကောင်းဆုံးသရုပ်ဆောင်နိုင်မှုတွေကလည်း တကယ်ကိုချီးကျူးစရာပါ။ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ အနောက်နိုင်ငံတွေ၊ အဂတိမှုတွေ၊ အာဏာသိမ်းမှုတွေစတဲ့ ရာဇဝင်ဆိုးတွေမရှိခဲ့တဲ့နိုင်ငံက လူတွေအတွက် ရင်ထဲရောက်ချင်မှရောက်နိုင်ပေမယ့် ကျွန်တော်တို့လိုမျိုးစုံ ...
7.2
TMDb: 7.2/10 38 votes
tv

Servant of the People (2017) Season 2 Complete

2015
Servant of the People (2015) Season 1 7.1
Servant of the People (2015) Season 1 Servant of The People IMDb 6.9 Political satireဒီစီးရီးကတော့ ယူကရိန်းသမ္မတ ဇလန်စကီးရဲ့ နာမည်ကျော်ရုပ်သံစီးရီးဖြစ်ပါတယ်...ဘယ်လောက်နာမည်ကျော်ခဲ့သလဲဆိုရင် ဒီစီးရီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဇလန်စကီးဟာ ၂၀၁၉ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်ခဲ့တဲ့ထိ လူကြိုက်များခဲ့ပါတယ်။စီးရီးရဲ့နာမည်က Servant of The People "လူထုရဲ့အစေခံ" တဲ့။နိုင်ငံတစ်ခုရဲ့သမ္မတ/အစိုးရဆိုတာ လူထုရဲ့အစေခံအဖြစ် အလုပ်အကျွေးပြုရပါမယ်ဆိုတဲ့ သဘောမျိုးပေါ့..."လူထုအစေခံ"ဆိုတဲ့နာမည်နဲ့ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး သမ္မတဖြစ်ခဲ့တဲ့ ဇလန်စကီးဟာတော့ ယနေ့ချိန်ခါမှာ အင်အားကြီးရုရှားနိုင်ငံရဲ့ကျူးကျော်မှုကို ယူကရိန်းလူထုနဲ့အတူ ဦးဆောင်ဖြေရှင်းနေတာ တွေ့ရမှာပါ။ဇာတ်လမ်းကိုပြန်ဆက်ရရင်..ဇလန်စကီးက ရုပ်ရှင်ထဲမှာ ရိုးရိုးကျောင်းဆရာတစ်ယောက်ဗျ။ မိန်းမဖြစ်သူနဲ့ကလေးနဲ့ကွဲထားပြီး သူ့မိဘအိမ်မှာ ပြန်လာတက်နေနေတဲ့ ကျောင်းဆရာကိုလူအေးပေါ့ဗျာ။ ကိုလူအေးဆိုပေမဲ့ အေးချင်လို့အေးနေတာတော့မဟုတ်ဘူး။ သမိုင်းသင်တာဆိုတော့ အကုန်လုံးကို သိပေမဲ့ မသိချင်ယောင်ဆောင်ပြီး စိတ်လျှော့ထားရတာမျိုးပေါ့။ ဒါပေမဲ့စိတ်မရှည်တော့တဲ့အထိ သည်းခံနိုင်စွမ်းကုန်သွားတဲ့တစ်နေ့ ဒုကျောင်းအုပ်ကို ရွေးကောက်ပွဲကိစ္စ‌တွေ၊ နိုင်ငံရေးဂျင်းသမားတွေအကြောင်းတွေ၊ နိုင်ငံတော်ကြီးအမြဲဘာလို့သောက်တစ်လွဲဖြစ်နေရလဲတွေကို ပေါက်ကွဲပွင့်ထွက်ပြောနေတဲ့ ဗီဒီယိုကို သူ့ကျောင်းသားတစ်ယောက်က ခိုးရိုက်ပြီး လိုင်းပေါ်တင်ရာကနေ လူပေါင်းသန်းချီသဘောကျသွားတာကနေ ဇာတ်လမ်းစသွားတယ်ပေါ့ဗျာ။တစ်ခါမှမပေါက်ကွဲဖူးတဲ့ ...
7.1
TMDb: 7.1/10 27 votes
tv

Servant of the People (2015) Season 1

2015
Reply 1988 (2015) [Complete] 8.8
Reply 1988 (2015) [Complete] Reply 1988 (2015) ********************* အပိုင်း (၁ မှ ၂၀) စ/ဆုံး  Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ ...
8.8
TMDb: 8.8/10 158 votes
tv

Reply 1988 (2015) [Complete]

2015
100 Tricks of a Cunning Charmer (2015) 2
100 Tricks of a Cunning Charmer (2015) မာယာတစ်ထောင် (၂၀၁၅) / 100 Tricks of a Cunning Charmer (2015) **************************************************************စ/ဆုံးအရင်က နာမည်ကြီးခဲ့တဲ့ မာယာတစ်ထောင်ဇာတ်လမ်းတွဲလေးကို CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။မာယာတစ်ထောင်ဆိုရင် ထိုင်းဇာတ်လမ်းတွဲပရိသတ်တွေ အရမ်းကြိုက်ခဲ့တဲ့ဇာတ်လမ်းလို့လူသိများပါတယ်...မင်းသားအနေနဲ့ကတော့ ကိုယ်တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့ ယောက္ခမလောင်း DJ Push...မင်းသမီးအနေနဲ့တော့ ထိုင်း/မြန်မာ ကပြားမလေးဖြစ်တဲ့ P' Lily တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။romantic ဆန်ဆန်နဲ့ စောင်ကိုက်ချင်ရင်တော့ ဒီဇာတ်လမ်းကို ပြန်လည်ကြည့်ရှုခံစားလိုက်ပါဦးနော်ဇာတ်လမ်းအကျဉ်း --------------ခေါင်ပေါ့ (Push) ရဲ့အဖေဟာ သူမကြာခင်သေရ‌တော့မှာကို သိလိုက်ရပြီး...မသေခင်မှာ..သူငယ်ချင်းဟောင်းရဲ့သမီး နန်နွန်အတွက်လည်း သေတမ်းစာရေးပြီး အမွေချန်ခဲ့ပါတယ်။ဖခင်ဖြစ်သူသေဆုံးသွားချိန်မှာ ခေါင်ပေါ့တစ်ယောက် ဈာပနအတွက် US ကနေ ပြန်ရောက်လာခဲ့ပြီး...သူ့အဖေရဲ့သေတမ်းစာအကြောင်းကို သိရှိသွားခဲ့ပါတယ်။ ပိုင်ဆိုင်မှုတစ်ဝက်ကို အလကားသက်သက် ခွဲပေးရမှာမို့...ဒေါသအရမ်းထွက်သွားခဲ့တဲ့ ခေါင်ပေါ့ဟာ နန်နွန်ဆီကငွေကို ပြန်လိုချင်ခဲ့ပါတယ်။ နန်နွန်ကို သူ့ကိုချစ်မိသွားပြီး...ပိုင်ဆိုင်ခွင့်တွေလွှဲပြောင်းပေးတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးအောင်လုပ်ဖို့ အကွက်ချလှည့်စားပါတော့တယ်။ဒီလိုလှည့်စားမှုတွေကြားထဲမှာ နန်နွန်ကရော သူ့ကို တကယ်ချစ်သွားမှာလား...လှည့်ကွက်တွေအများကြီးကြားမှာဘယ်သူက တကယ်တမ်း ...
2
TMDb: 2/10 1 votes
tv

100 Tricks of a Cunning Charmer (2015)

2015
Oh My Venus (2015) 8.2
Oh My Venus (2015) Oh My Venus (2015) ********************စ/ဆုံးမကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ No Gain No Love ဇာတ်ကားအပြင်My Girlfriend is a Gumiho, Hometown Cha-Cha-Cha စတဲ့ နာမည်ကြီးဒရမ်မာတွေမှာ ပါဝင်ခဲ့တဲ့ရှင်းမင်အာကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအနေနဲ့ သရုပ်ဆောင်ထားတာမို့ရင်မောစေမဲ့ ဇာတ်လမ်းမျိုးကို မနှစ်မြို့တတ်တဲ့ အချိုကြိုက် ပရိသတ်တွေ အကြိုက်တွေ့စေမှာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်း --------------တစ်ချိန်တုန်းက ဒယ်ဂူရဲ့ အချစ်နတ်ဘုရားမ ဗီးနပ်စ်လို့ တင်စားခေါ်ဝေါ်လောက်တဲ့အထိ...လှပခဲ့တဲ့ ရှေ့နေမလေး ဂန်ဂျူအွန်းဟာ အသက် ၂၀ အရွယ်မှာတော့...သူမနာမည်ပြောင်နဲ့ မလိုက်ဖက်အောင် ဝိတ်တက်လာခဲ့ပါပြီ။ မိမိရဲ့ ရှေ့နေအိပ်မက်ကို...အကောင်အထည်ဖော်နိုင်ခဲ့ပေမဲ့...ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိတော့တဲ့ ဂျူအွန်းဟာ..၁၅ နှစ်ကြာ လက်တွဲလာခဲ့တဲ့ ရည်းစားကောင်လေးဖြစ်သူရဲ့ ထားရစ်ခဲ့ခြင်းကို ခံလိုက်ရတဲ့အခါ..သူမရဲ့စိတ်ဓာတ်တွေဟာ ဟိုးအောက်ဆုံးအထိ ကျဆင်းသွားတော့တယ်။ ဂန်ဂျူအွန်းတစ်ယောက်ကံကြမ္မာရဲ့ ကစားမှုကြောင့် ဟောလီးဝုဒ်နာမည်ကြီးတွေရဲ့ နည်းပြဖြစ်တဲ့ ဂင်ယောင်းဟိုနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။ပထမဆုံးတွေ့ဆုံချိန်မှာကတည်းက ဂယက်တွေနဲ့ စတင်ခဲ့တဲ့ သူတို့နှစ်ဦး...နောက်ပိုင်းမှာရော ဘယ်လိုဟာသအလွဲတွေ ထပ်ရင်ဆိုင်ရမလဲ၊ ...
8.2
TMDb: 8.2/10 329 votes
tv

Oh My Venus (2015)

2015
Kill Me, Heal Me (2015) 8.1
Kill Me, Heal Me (2015) Kill Me, Heal Me (2015)*************************အပိုင်း (၁ မှ ၂၀) စ/ဆုံးK-drama iconic memes တွေထဲက တစ်ခုဖြစ်တဲ့ Ji Sung က Park Seo-joon ကို ပန်းရောင်ဝတ်စုံကြီးနဲ့ အိုပါးလို့ ပြေးခေါ်တဲ့ကားလေးပါ။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ji Sung , Hwang Jung-eum , Park Seo-joon တို့ Main lead အနေနဲ့ပါဝင်ထားပြီး Drama of the Year, Excellent Korean Drama စသဖြင့် အခြားသော ဆုများစွာကို ဆွတ်ခူးထားတဲ့ မရိုးနိုင်သော ကိုရီးယားဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း **************- Cha Do-hyun (Ji Sung) ဟာ နာမည်ကြီးလုပ်ငန်းစုရဲ့ တတိယမြောက်ဆက်ခံသူဖြစ်သော်ငြားလည်း ငယ်စဉ်ဘဝက စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေကြောင့် အတိတ်မေ့ကာ အကျင့်စရိုက် ၇ မျိုးရှိတဲ့ စိတ်ရောဂါကို ခံစားနေရသူတစ်ဦးပါ။သူ့ရဲ့ရောဂါကို ကုသဖို့အတွက်ကနေ အကြောင်းတိုက်ဆိုင်စွာပဲ စိတ်ရောဂါအထူးကု ပထမနှစ်ကျောင်းသူလေး Oh Ri Jin(Hwang ...
8.1
TMDb: 8.1/10 171 votes
tv

Kill Me, Heal Me (2015)

2015
Fear the Walking Dead (2015) 7.683
Fear the Walking Dead (2015) Fear the Walking Dead [Season 1] ကဲ အစားတွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အစားတလိုင်း စီးရီးလာပါပြီ။ Fear the Walking Dead ရှေ့ စီစန် ၃ ခုက The Walking Dead ရဲ့ Spin-off ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ ထွေထွေထူးထူး ပြောနေဖို့ လိုမယ်မထင်ပါဘူး။ ဒီစီစန်ရဲ့ Zombie Apocalypse မြစ်ဖျားခံရာကတော့ Los Angeles မြို့ပဲ ဖြစ်ပါတယ်။ FTWD မှာ Los Angeles မြို့သားတွေကတော့ သာမန်အခြေအနေနဲ့ သွားလာလှုပ်ရှားနေဆဲပါ။ တချို့သော နေရာတွေမှာတော့ ဗိုင်းရပ်စ်လား ဘာလားမသိသေးတဲ့ အရာတစ်ခုက ဒုက္ခပေးနေတဲ့ သတင်းကို သိကြသူတချို့လည်း ရှိတော့နေပါပြီ။တစ်ရက်မှာတော့ ဘယ်လောက်ပစ်ပစ် မသေတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုမှတ်တမ်းနဲ့အတူ ဒီသတင်းကြီးက LA ကို ...
7.683
TMDb: 7.683/10 4715 votes
tv

Fear the Walking Dead (2015)

2015
One-Punch Man (2019) season 2 8.2
One-Punch Man (2019) season 2 အားလုံးရဲ့ကတုံးပြန်လာပါပြီ၃နှစ်ကျော်စောင့်လိုက်ရတဲ့S2ပါပဲဗျာဒီseasonမှာတော့တစ်ချက်ချင်းဆီလိုက်ထိုးနေရုံနဲ့မပြီးတော့ပါဘူးသူနဲ့လက်ရည်ချင်းညီတဲ့ရန်သူနဲ့တိုက်ပွဲတွေကိုတစ်ပိုင်းကိုလေးခေါက်လောက်ချရပါတော့မယ်silverfangရဲ့တပည့်ကျော်ဖြစ်ခဲ့ဖူးတဲ့garouဟာထောင်ထဲကနေလွတ်လာခဲ့ပါတယ်အကျင့်ပျက်ခြစားနေတဲ့လူအသိုင်းအဝိုင်းကိုပြင်မယ်ဆိုပြီးဟီးရိုးတွေကိုတစ်ယောက်ချင်းလိုက်သတ်ပါတော့တယ်အဲ့အချိန်မှာကျွန်တော်တို့ရဲ့အသည်းကျော်sonicကလည်းထောင်ကနေလွတ်လာပါတယ်သူနဲ့စိုင်းတမရဲ့တိုက်ပွဲတွေကပုံမှန်ထက်စာရင်တော့ကြည့်ကောင်းစမြဲပါဒီစီးရီးမှာရောဘယ်လိုချကြဦးမလဲGarouရဲ့အစွမ်းကရောဘာတွေလဲစိုင်းတမကိုယှဉ်ချနိုင်တဲ့ဗီလိန်မို့လျှော့တွက်လို့တော့မရပါဘူးတစ်ပတ်တစ်ပိုင်းနဲ့အမြန်ဆုံးတင်ပေးသွားပါမယ်File size…    400 MB Quality… Web-DL 1080p Format… mp4 Duration…. 24m Genre ..... Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung,Waizin Wayne  1080pEP 01 - Usersdrive / Yoteshin / Megaup / MeganzEP 02 - Usersdrive / Yoteshin / Megaup / MeganzEP 03 - Usersdrive / Yoteshin / Megaup / MeganzEP 04 - Usersdrive / Yoteshin / Megaup / MeganzEP 05 - Usersdrive / ...
8.2
TMDb: 8.2/10 317 votes
tv

One-Punch Man (2019) season 2

2015
Last (2015) 7.4
Last (2015) LAST 2015 ***********အပိုင်း ၁ မှ ၁၆စ/ဆုံး LAST ဆိုတဲ့ Webcomic လေးကို series အဖြစ် ပြန်လည်ရိုက်ကူးထားတာပါဒီဇာတ်လမ်းမှာတော့ The Outlaws ထဲက မင်းသားကြီး Yoon Kye-Sang အပါအဝင်...အခြားနာမည်ကြီး မင်းသားကြီးတွေဖြစ်တဲ့....Lee Beom-Soo, Park Won-Sang တို့နဲ့အတူ....မင်းသမီး Seo Yea-Ji နဲ့ Park Ye-Jin တို့ အဓိကပါဝင်ထားပါတယ်ဆိုးလ်ဘူတာရုံမှာ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေနဲ့....လူမိုက်တွေအကြောင်းကို ပုံဖော်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်Action ခန်းတွေလည်း အများကြီးပါဝင်တာမို့ ...Action ကြိုက်တဲ့ ပရိသတ်တွေ သဘောကျလောက်မဲ့ ဇာတ်လမ်းလေးတစ်ခုပါ ဇာတ်လမ်းအကျဉ်း --------------- စတော့ရှယ်ယာနဲ့ပတ်သက်တဲ့ အလုပ်တွေမှာ အလိမ်ခံရလို့....အကြွေးတင်ပြီး ထွက်ပြေးနေရတဲ့ ဂျန်ထယ်ဟိုက....တစ်ရက်မှာတော့ ဆိုးလ်ဘူတာက အိမ်ခြေယာမဲ့တွေ နေတဲ့နေရာကို ရောက်လာခဲ့ပါတယ်သူ့ရဲ့ နဂိုဘဝကို ပြန်ရောက်ဖို့အတွက် ကြိုးစားရင်း....ဆိုးလ်ဘူတာက လူမိုက်တွေနဲ့ ပေါင်းမိသွားတဲ့ခါ...ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ရက်စက်တဲ့ လူမိုက်အသိုင်းအဝိုင်းကြားမှာ နောက်ဆုံး ဘယ်သူတွေရှင်သန်ကျန်ရစ်ခဲ့မလဲဆိုတာ....ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါဦး Drama: Last Genres: Action, Thriller, ...
7.4
TMDb: 7.4/10 7 votes
tv

Last (2015)

2015
High Society (2015) [Complete] 7.2
High Society (2015) [Complete] High Society (2015)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး Kdrama ပရိသတ်ကြီးအတွက် 2015ခုနှစ်မှာ ထွက်ရှိခဲ့ပြီးU-ee, Sung Joon, Park Hyung Sik နဲ့ Im Ji Yeon တို့ပါဝင်ထားတဲ့ High Society ဆိုတဲ့ ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...ပိုက်ဆံချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့Jang Yoon Ha ဟာ ဘဝမှန်ကို ဖုံးကွယ်ပြီး ကုန်တိုက်တစ်ခုမှာအချိန်ပိုင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပါတယ်။သူမကို မိဘအသိုင်းအဝိုင်းကြောင့်မဟုတ်ဘဲအချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ပြီးတော့သူ့မှာ Lee Ji Yiဆိုတဲ့ သာမန်မိသားစုက မွေးဖွားလာတဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်။Choi Joon Ki ကတော့ ချမ်းသာတဲ့မိသားစုက မဟုတ်ပေမဲ့ရုပ်ရည်ချောမောကာ ထူးချွန်ထက်မြက်ပြီး လက်ရှိမှာတော့သူငယ်ချင်းဖြစ်သူ Yoon Chang Soo တို့ မိသားစုရဲ့ကုမ္ပဏီမှာလက်ထောက်မန်နေဂျာအဖြစ် လုပ်နေပါတယ်။Joon Ki ကတော့ အချစ်ဆိုတာကို ငွေကြေးချမ်းသာမှုနဲ့ ...
7.2
TMDb: 7.2/10 19 votes
tv

High Society (2015) [Complete]

2015
The Girl Who Sees Smells (2015) [Complete] 6.63
The Girl Who Sees Smells (2015) [Complete] The Girl Who Sees Smells (2015) ********************************** အပိုင်း (၁ မှ ၁၆)  စ/ဆုံး ဒီတစ်ခါ ပြန်တင်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ Webtoon ကို အခြေခံပြီး ရိုက်ထားတဲ့အပြင်Shin Se Kyung, Park Yoo Chun တို့အပြင် Nam Koong Min, Choi Tae Joon, Kim So Hyun စတဲ့သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း...သာမန် အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ချွဲအွန်းဆော (Shin Se Kyung) ဟာ တစ်ရက် ကျောင်းကပြန်အလာသူရဲ့ မိဘတွေကို သတ်နေတဲ့ လူသတ်သမားနဲ့ တွေ့ပြီးထွက်ပြေးရင်း ကားတိုက်မိသွားပါတော့တယ်။အဲဒီလိုနဲ့ ကိုမာဝင်သွားခဲ့ပြီး ၆ လအကြာမှာ ပြန်လည်နိုးထလာရာကအနံ့တွေကို မြင်ရတဲ့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။တစ်ဘက်မှာလည်း ကင်းလှည့်ရဲတစ်ယောက်ဖြစ်တဲ့ ချွဲမူဂတ် (Park Yoo Chan) ဟာလွန်ခဲ့တဲ့ သုံးနှစ်က ...
6.63
TMDb: 6.63/10 23 votes
tv

The Girl Who Sees Smells (2015) [Complete]

2015
Hyde, Jekyll, Me (2015) [Complete] 7.2
Hyde, Jekyll, Me (2015) [Complete] Hyde, Jekyll, Me (2015)**************************အပိုင်း (၁ မှ ၂၀) စ / ဆုံး ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hyun Bin နဲ့ Han Ji-min တို့ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ။မင်းသားနဲ့ မင်းသမီးကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ ထိပ်တန်းမင်းသား၊မင်းသမီးတွေဖြစ်တဲ့အပြင် ဒီကားလေးကလည်း အရမ်းအောင်မြင်ခဲ့တဲ့  ကားလေးမို့CM ပရိသတ်ကြီး  ပြန်လည်ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား​လေးက​တော့ -ဂူ​ဆောဂျင်းဆိုတဲ့ သူ​ဌေးသား​လေးက အရာရာ ပြီးပြည့်စုံပြီးလုပ်ငန်းစုကြီးကို  ဦးစီး​နေတဲ့ ဒါရိုက်တာတစ်​ယောက်ပါ။အစစ အရာရာ ပြည့်စုံ​နေတဲ့သူဆို​ပေမဲ့ ငယ်စဥ်ကပြန်​ပေးဆွဲခံရမှုကို ခံခဲ့ရပြီး  " လူတစ်ကိုယ် စိတ်နှစ်မျိုး "ပြောင်းလဲတတ်တဲ့ ထူးထူးဆန်းဆန်း စိတ်​​ရောဂါတစ်ခုကို ခံစား​နေရသူပါ။ဆောဂျင်းက အေးစက်ပြီး ခပ်မာမာလူတစ်ယောက်ဆိုရင် သူ့ရဲ့ ဆန့်ကျင်ဘက်ရိုဘင်က ကြင်နာသဘောကောင်းပြီး လူတွေကို ကယ်တင်တတ်တဲ့သူတစ်ယောက်ပေါ့။တစ်နေ့မှာ ဂူဆောဂျင်းက သူ့ရဲ့ လုပ်ငန်းစုထဲက တစ်ခုဖြစ်တဲ့ ကစားကွင်းထဲက ဝင်ငွေလည်း မရှိခေတ်လည်းနောက်ကျနေတဲ့ ...
7.2
TMDb: 7.2/10 17 votes
tv

Hyde, Jekyll, Me (2015) [Complete]

2015
Missing Noir M (2015) [Complete] 7.9
Missing Noir M (2015) [Complete] Missing Noir M (2015)**********************အပိုင်း( ၁ မှ ၁၀) စ/ဆုံး ဒီတစ်ခေါက်မှာတော့ CM team ကနေ OCN က ထွက်ရှိထားတဲ့plot twist အမိုက်စားနဲ့ series လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။OCN ကဆိုတဲ့အတိုင်း သည်းထိပ်ရင်ဖိုဖြစ်ရမယ့် Thriller, Mystery, Actionအမျိုးအစားဖြစ်ပြီးတော့ အပိုင်းကလည်း (10) ပိုင်းပဲရှိတာမို့လို့အပိုင်းအရှည်ကြီးမကြိုက်တဲ့သူတွေ သေချာပေါက်အကြိုက်တွေ့မှာပါ။Cast တွေအနေနဲ့လည်း စိတ်မပျက်စေရတဲ့ Kim Kang-woo, Park Hee Soonနဲ့Jo Bo-ah တို့ ပါဝင်သရုပ်ဆောင်ထားတာမို့လို့ စိတ်ချလက်ချကြည့်ကြပါ။ဇာတ်လမ်းအကြောင်း နည်းနည်းပြောရမယ်ဆိုရင် ဂီလ်ဆူဟျွန်းက အသက် ၁၀ နှစ်နဲ့ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရခဲ့ပြီး ဘွဲ့ရပြီးတော့လည်း FBI မှာအလုပ်လုပ်နိုင်ခဲ့တဲ့ဉာဏ်ကြီးရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီလိုဉာဏ်ကြီးရှင် ဂီလ်ဆူဟျွန်းက သေနတ်မဆင်မခြင်သုံးမှုနဲ့ ကိုရီးယားက FBI ဌာနခွဲကိုပြောင်းခဲ့ရပြီးတော့ လူပျောက်ရှာဖွေရေး အထူးစုံစမ်းရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ပဟေဌိဆန်ဆန် လူပျောက်မှုတွေကို ရှာဖွေစုံစမ်းဖြစ်ခဲ့ပါတယ်။အပြင်ပိုင်းမှာတော့ ပြီးပြည့်စုံတယ်လို့ထင်ရ‌ပေမဲ့ လျှို့ဝှက်ချက်ရှိသူ ဂီလ်ဆူဟျွန်းနဲ့အနှစ် ...
7.9
TMDb: 7.9/10 10 votes
tv

Missing Noir M (2015) [Complete]

2015
Knowing Brother 8.1
Knowing Brother Knowing Brothers (2015-Present)ဒီ Variety Show လေးက​တော့ အားလုံးသိကြတဲ့အတိုင်း Knowing Brothersကျောင်း​တော်ကြီးရဲ့ ကျောင်းသားများဟာ အပတ်စဥ် ကျောင်း​တော်ကြီးဆီ​ရောက်လာတဲ့ကျောင်း​သားသစ်​လေးတွေကို ကြိုဆိုဧည့်ခံကြပြီး ဂိမ်း​တွေအတူ​​ဆော့ Quiz တွေ အတူ​ဖြေကြတဲ့ Variety Show လေး တစ်ခုပါ။Channel Myanmar မှလည်း ဒီအစီအစဥ်​လေးကို တင်ဆက်​ပေးလာခဲ့တာ ရက်သတ္တပတ် ၇ပတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။တင်ဆက်​ပေးလာရင်းနဲ့ ကြည့်ရှုအား​ပေးသူများပြားတဲ့ အစီအစဥ်​လေးမို့လို့ Knowing Brothers Show မှာHit ဖြစ်​ခဲ့တဲ့ အပိုင်း​ဟောင်း​လေး​တွေကို ပြန်လည်တင်ဆက်​ပေးဖို့ CM Variety Team မှ စီစဥ်ခဲ့ပါတယ်။လက်ရှိ Kpop လောကမှာကြီးစိုး​နေကြတဲ့ BTS, BlackPink, EXO, Twice, Seventeen, ITZY စတဲ့ နာမည်ကြီးအဖွဲ့​တွေအပြင်တခြားအဖွဲ့​ပေါင်းများစွာရဲ့ကျောင်း​တော်ကြီးဆီ လာ​ရောက်လည်ပတ်တုန်းက အပိုင်း​​တွေကို ပြန်လည်တင်ဆက်​ပေးမှာမို့CM ပရိသတ်ကြီးများက မျှော်​လင့်​စောင့်စား​​ပေးရုံပါပဲ။အပိုင်း​ဟောင်း​တွေကို တင်ဆက်​ပေးရင်း အပတ်စဥ်ထွက်ရှိ​နေတဲ့ အပိုင်းသစ်​​တွေကိုပါ မပြတ်မလတ်အ​ကောင်းဆုံး ...
8.1
TMDb: 8.1/10 19 votes
tv

Knowing Brother

2015
I Remember You(2015) 7.484
I Remember You(2015) I Remember You(2015)*********************အပိုင်း( ၁ မှ ၁၆) အထိကွီးယားမှာ လူသတ်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတယ်...လူသတ်သမားကိုမိဖို့ဝေးစွသဲလွန်စတောင်မကျန်ခဲ့လေတော့ စုံထောက်တွေအတော်ခေါင်းခြောက်နေရတယ်..တကယ်တော့ လူသတ်သမားဟာ သဲလွန်စအမှတ်အသားလေးတွေချန်ထားခဲ့တတ်ပါတယ်..ဒါကို တော်ရုံဉာဏ်ရည်ရှိပြီး ခွဲခြမ်းစိတ်ဖြာတတ်တဲ့သူအဖို့တော့သတိထားမိမှာမဟုတ်ပါဘူး...လူသတ်သမားဟာ ဘယ်လောက်တောင်ဉာဏ်ရည်မြင့်ပြီးရဲတွေအပေါ်အထင်သေးသလဲဆိုရင် နောက်ထပ်လူသတ်မဲ့နေရာတွေအထိပါတစ်လောင်းသတ်ပြီးတိုင်းချန်ခဲ့ပါတယ်.. တစ်နေ့တော့ ဒီလိုအချက်အလက်တွေကိုသတိထားမိတဲ့လူငယ်တစ်ယောက်ပေါ်လာခဲ့ပြီး လိုက်ဖမ်းဖို့ရေကုန်ရေခမ်းကြိုးစားလာတဲ့အခါမှာတော့....ဒီစီးရီးဟာ ၁၆ပိုင်းပါဝင်ပြီး စ/မှ ဆုံးထိ စိတ်ဝင်စားဖို့ကောင်းပါတယ်....Psychological  သဘောတရားတွေပါဝင်ပြီးဇာတ်အိမ်ကောင်းကောင်း plot twist များစွာနဲ့ မို့ မှူခင်း ဇာတ်လမ်းတွဲတွေကြိုက်တဲ့သူတွေအဖို့တော့ လူသတ်သမားနဲ့စုံထောက်တွေကြား ဉာဏ်ကစားပွဲကိုကြည့်ရမှာမို့ရွှေပါပဲ...သရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တာမို့ခံစားကြည့်ကြပါဦး...Episodes: 16File Size:1.1GB, 500MBQuality :Web-DL.1080p,720PGenres: Thriller, Mystery, Psychological, DramaTranslated by  Chothet_mlmt, Yee Wai  & HsuchelEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •  ...
7.484
TMDb: 7.484/10 93 votes
tv

I Remember You(2015)

2015