Channel Myanmar

Romance

Christmas with Jerks (2024) 6.0
Christmas with Jerks (2024)  Christmas with Jerks (2024)IMDb Rating (6.0) / Rotten Tomatoes (89%) မောင်လေးနဲ့မမ အချစ်ဇာတ်လမ်းလေးကို စောင့်မျှော်နေကြသူတွေရှိလား??ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်..အိဗ်ကာတာဆိုတဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်က သူ့ညီမအိမ်မှာ ဘယ်သူမှမသိအောင် သွားနေခဲ့ပါတယ်။အာ့အိမ်မှာ သူ့ညီမက မစ်ကီဆိုတဲ့‌ ခွေးလေးကိုထိန်းပေးဖို့ စတန့်မင်းသား အေ့စ်ထရောင်းကို အကူအညီတောင်းထားခဲ့တယ်။ဒီလိုနဲ့ သူ့ညီမရဲ့အိမ်မှာ မထင်မှတ်ဘဲ သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပြီးတော့ အေ့စထရောင်းကို သူ့ရည်းစားဟောင်းကို ပြန်ချဉ်းကပ်နိုင်စေဖို့ အိဗ်က ကူညီပေးခဲ့ရာကနေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေ တိုးလာခဲ့ကြတယ်။အိဗ်အပေါ်ကို ချစ်မိသွားတဲ့အေ့စ်တစ်ယောက် အိဗ်က သူ့ကို အသုံးချနေတယ်ဆိုတဲ့ အမှန်တရားကို သိလိုက်ရချိန်မှာ သူ့ရည်းစားဟောင်းဆီကို ပြန်သွားဖို့ ရွေးချယ်မှာလား??ဒါမှမဟုတ် သူရဲ့ မမကိုပဲ ရွေးချယ်မလားဆိုတာကို‌..မောင်လေးနဲ့မမတို့ရဲ့ ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းချိုချိုလေးမှာ ကြည့်ရှုလိုက်ကြစို့နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1 GB) / (600 MB) Quality….WEB-Rip ...
movie

Christmas with Jerks (2024)

2024
Private Princess Christmas (2024) 5.3
Private Princess Christmas (2024)  Private Princess Christmas (2024)ခရစ္စမတ်အချိန်မှာ ​‌ပျော်ရွှင်စေမယ့် Hallmark ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းဟာ Violet (Ali Skovbye) အကြောင်းကို အခြေခံထားပြီး သူမရဲ့ တာဝန်မလေးနက်မှုကြောင့် မိခင် Eleanor (Erica Durance) က အမေရိကန်နိုင်ငံကို ပညာသင်ကြားရန် လွှတ်ပေးခဲ့ပါတယ်။အဲ့ဒီမှာ Violet ဟာ စစ်တပ်ခေါင်းဆောင် Ryan (Derek Klena) နဲ့ တွေ့ဆုံပြီး ခေါင်းဆောင်စွမ်းရည်နှင့် ယုံကြည်မှုကို ​​ပြန်လည်တည်ဆောက်ဖို့ကြိုးစားပါတယ်။ဇာတ်လမ်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ရယ်​မောစရာ အခန်းများစွာ ဖန်တီးထားတာကြောင့် ခရစ္စမတ်အချိန်မှာ အပန်းဖြေဖို့ကောင်းတဲ့ဇာတ်ကားတစ်ခုပါ။Violet ရဲ့ အခန်းကဏ္ဍတွေက စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်ဖို့ကနေ အချစ်ဇာတ်လမ်းလေးဟာ ခရစ္စမတ်ရဲ့ အထူးပျော်ရွှင်မှု့ကို ပေးစွမ်းနိုင်မှာ အ​​သေချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)File size…(1.3 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. ...
movie

Private Princess Christmas (2024)

2024
Cyborg She (2008) 6.9
Cyborg She (2008) Cyborg She (2008) IMDB - 6.9 / 10ဘယ်လောက်ကြာကြာရိုးမသွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDB 6.9 ရရှိထားပြီး ကြည်နူးလွမ်းမောဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းလေးကို ပုံဖေါ်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အချိန်ခရီးသွားပြီးပြန်ရောက်လာတဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရိုဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်.. ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကိုလိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ.. ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကိုသံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို ..နှလုံးသားဆိုတာမပါပဲ.. စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..မထင်မှတ်ထားတဲ့ Plot လေးတွေနဲ့အတူ သပ်ရပ်စွာရိုက်ကူးထားတဲ့ Movie လေးပဲဖြစ်ပါတယ် အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ Filesize : 2.06 GB / 1 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy , Romance , Science Fiction Runtime : 1h 55 ...
movie

Cyborg She (2008)

2008
Mozart and the Whale (2005) 6.7
Mozart and the Whale (2005) Mozart and the Whale (2005)****************************IMDb... 6.7 Autism လို့ခေါ်တဲ့ မြန်မာအခေါ်  အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေကလူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်းကြိုးစားနေသူတွေလည်းရှိပါတယ်။ အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါအားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်းAutism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူးစိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကMozart and the Whale ဖြစ်ပြီး IMDb Rating 6.7 အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်းနာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး ...
movie

Mozart and the Whale (2005)

A Carpenter Christmas Romance (2024) 6.4
A Carpenter Christmas Romance (2024)  A Carpenter Christmas Romance (2024)IMDb Rating (6.4) ဒါကတော့ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါး healingဖြစ်စေမယ့် ရိုမန့်ဒရာမာကားတွေရှာနေတဲ့ပရိသတ်အတွက်ပါပဲ။အန်ဒရီယာက စာရေးဆရာမတစ်ယောက်ပါ။ရေးလက်စစာအုပ်ရဲ့ဇာတ်သိမ်းက ပေါက်ကြားသွားပြီး ပရိသတ်အချစ်တော်ဇာတ်ကောင်ကိုသတ်ပစ်လို့ ဇာတ်သိမ်းကိုပြန်ပြင်ရေးဖို့ ဖိအားပေးခံနေရပါတယ်။ညီမဖြစ်သူရဲ့အကြံပေးမှုနဲ့ ခရစ်စမတ်ကာလမှာ အနားယူဖို့ မွေးရပ်မြေက မိသားစုပိုင်အိမ်ကိုပြန်လာခဲ့ရာမှ အဲဒီမှာ ဒဏ်ရာဟောင်းလဲဖြစ် အချစ်ဦးလဲဖြစ်တဲ့ ဆက်သ်နဲ့ပြန်တွေ့ပါတယ်။အန်ဒီရဲ့စိတ်မလုံခြုံမှုတွေကို ဆက်သ်တစ်ယောက် ဘယ်လိုကုစားပေးမလဲ။ဒဏ်ရာတွေကိုယ်စီနဲ့ အချင်းချင်းဖေးမကြတာကို ဆွတ်ပျံကြည်နူးဖွယ်ကြည့်ရှုနိုင်မှာပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe thiri swe ဖြစ်ပါတယ်။)File size…(1.2 GB) / (560 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:27:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe thiri swe
movie

A Carpenter Christmas Romance (2024)

2024
Carol (2015) 7.3
Carol (2015)  Carol (2015)IMDb Rating (7.3) / Rotten Tomatoes (94%) ဒီတစ်ခေါက်ကတော့ Patricia Highsmithe ရဲ့ The price of Salt Novel ကိုပြန်လည်ရိုက်ကူးထားတဲ့ rating မြင့်ဇာတ်လမ်းကောင်းတစ်ကားပါ။ဒီကားကိုဒါရိုက်တာ Todd Haynes ခေါင်းဆောင်ရိုက်ကူးထားပြီး မင်းသမီးကြီး Cate Blanchett , Rooney Mara တို့ပါ၀င်ပါတယ်။မင်းသမီးနှစ်ယောက်လုံး Oscar Nominations ၀င်ခဲ့တာမို့လို့ သရုပ်ဆောင်ကိုတော့အထူးတလည်ပြောပြစရာတောင်မလိုတော့ပါဘူး။လူတိုင်းလူတိုင်းဘ၀မှာ ကိုယ်တိုင်ရဲ့တည်ရှိမှုကိုမေးခွန်းပြန်ထုတ်စေနိုင်တဲ့တစ်စုံတစ်ဦးကတော့ရှိစမြဲပဲ။ဘာအကြောင်းပြချက်ကြီးကြီးမားမားမှမရှိပါပဲနဲ့ ဒီတစ်ယောက်ကိုမှအလိုလိုတောင့်တနေမိတာမျိုး။နားလည်မပေးနိုင်တဲ့ချစ်သူကောင်လေး ၊ ငြီးငွေ့ဖွယ်အလုပ်တို့ထဲပိတ်မိနေသူ အသက်၂၀ သာရှိသေးတဲ့မိန်းမငယ်လေးတစ်ဦးအတွက်‌တော့ ကယ်ရိုလ်ဆိုတဲ့လူကုန်ထံအသိုင်းအဝိုင်းမှ သက်လတ်ပိုင်းအမျိုးသမီးက အဲ့လိုဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။စူးရဲရဲအကြည့်၊ နီရဲရဲနှုတ်ခမ်းတို့နဲ့ ရင့်ကျက်တဲ့အလှတရားပိုင်ရှင် ကယ်ရိုလ်နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီးကြီး Cate Blanchett ကအသံနဲ့တင်ဖမ်းစားနိုင်စွမ်းရှိတာမို့ကောင်လေးရောကောင်မလေးပါလက်မလွှတ်သင့်ပါဘူး။age-gap relationship တွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေဆို ပိုလို့တောင်ကြည့်သင့်ပါသေးတယ်။1950s ခုနှစ်ပိုင်းတွေမှာ LGBTQ ဆက်ဆံရေးတွေအပေါ်လူတွေရဲ့အမြင်၊ ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ဆက်ဆံရေးတစ်ခုအနေနဲ့ ဒီအမျိုးသမီးနှစ်ဦးအတွက်အဆုံးသတ်ရောကောင်းနိုင်ပါ့မလား ဒါတွေကိုတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြနော်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet ...
movie

Carol (2015)

2015
Nang Nak (1999) 7
Nang Nak (1999) Nang Nak 1999 **************မယ့်နက် နန်းနက်လို့ကြားလိုက်ရုံနဲ့တင် အားလုံးစိတ်ထဲမြင်မိကြမှာကတော့...ကြမ္မာဇာတ်ဆရာရဲ့လှည့်စားမှုအောက်မှာ ဆုံဆည်းခွင့်မကြုံလိုက်တဲ့ ချစ်သူနှစ်ယောက်ရဲ့ရင်နင့်ဖွယ်ဇာတ်လမ်းပေါ့...2013ခုနှစ်က ထွက်ရှိခဲ့တဲ့ Mario နဲ့ Davika ရဲ့ Mae Nak ကတော့ဒီမယ့်နက်ဇာတ်ကားအမျိုးမျိုးထဲမှာ အအောင်မြင်ဆုံးတစ်ခုလို့ ပြောလို့ရပါတယ်...အခုတစ်ခါမှာတော့ အဲဒီဗားရှင်းမျိုးစုံထဲက ၁၉၉၉ ထွက် Nang Nak ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------မယ့်နက်ရာဇဝင်ကို ပြန်ပြောင်းပြောပြရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က...ဖရာခနုန်မြစ်ကမ်းနံဘေးမှာ နက်ဆိုတဲ့ သိပ်လှတဲ့မိန်းကလေးနဲ့ သူ့ကိုသိပ်ချစ်တဲ့ မက်ဆိုတဲ့ ကောင်လေးတို့ကအကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြတာပေါ့...ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလေတော့မက်တစ်ယောက် တိုင်းပြည်အတွက် စစ်ထွက်ဖို့ တာဝန်ပေးခံရပြီး ကိုယ်ဝန်ကြီးနဲ့ မယ့်နက်တစ်ယောက်ခမျာခင်ပွန်းဖြစ်သူနဲ့ခွဲခွာရလို့ တစ်ယောက်တည်းကျန်နေခဲ့တာပေါ့...ကံကထပ်ဆိုးချင်တော့ နက်တစ်ယောက် မီးမဖွားနိုင်ဘဲ မီးတွင်းထဲမှာပဲ ဆုံးပါးသွားရရှာပါတယ်...ဒါကို တိုက်ပွဲမှာ သေလုမျောပါးဒဏ်ရာရလိုက်တဲ့ မက်က မသိခဲ့ရှာဘူး...ဒီလိုနဲ့ ဒဏ်ရာတွေသက်သာလို့ဇနီးဖြစ်သူဆီ ပြန်အလာ သားနဲ့မိန်းမက အိမ်ဝမှာလာကြိုတာကိုမြင်လို့ ပျော်ရွှင်နေတဲ့မက်တစ်ယောက်သူနဲ့ဇနီးဖြစ်သူနဲ့ သားငယ်လေးက ဘဝခြားနေပြီဆိုတာ သိလိုက်ရချိန်မှာတော့....ဇာတ်လမ်းအညွှန်းကို Choco မှရေးသားပေးထားပါတယ်File ...
movie

Nang Nak (1999)

The Apartment (1960) 8.3
The Apartment (1960)  ဒီကားလေးကတော့ ‌ဟောလိဝုရဲ့ နာမည်ကျော် ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ ဖြစ်တဲ့ Billy Wilder ရဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ Billy Wilder ရဲ့ နာမည်ကြီးဇာတ်ကား Top 3 ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ တခြားနာမည်ကြီး ဇာတ်ကားတွေဖြစ်နဲ့ Sunset Boulevard နဲ့ Some like it hot တို့ကိုလည်း CM မှာတင်ပေးထားတာရှိပါတယ်။ဒါဆိုရင်ဇာတ်လမ်းအကြောင်းလေး ပြောလိုက်ရအောင်ဗျာ။ ဒီဇာတ်ကားလေးကတော့ Rom/Com အမျိုးအစား ဇာတ်ကားပဲဖြစ်ပါတယ်။ ဘက်စ်တာ ဟာ အာမခံရုံးတစ်ခုမှာ အလုပ်လုပ်တာဖြစ်ပြီး ပထက်လူကြီးတွေဆီကနေ မျက်နှာသာရဖို့ သူ့ရဲ့ တိုက်ခန်းကို လူကြီးတွေကို ပေးသုံးလေ့ရှိပါတယ်။ ဘာလို့ပေးသုံးတာလဲဆိုတော့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့နေရာမှာ သုံးဖို့ပါ။ဒါကြောင့်ပဲ မျက်နှာသာပေးခံရပြီး ရာထူးတွေတိုးရင်းက သူအခန်းပေးသုံးနေတဲ့ သူဌေးရဲ့ ကောင်မလေးက သူကြိုက်နေတဲ့ ကောင်မလေးဖြစ်နေမှန်းသိလိုက်ရပါတယ်။ ဒီအချိန်မှာ သူဌေးကို မလွန်ဆန်နိုင်တာကဘတစ်ဖက် ...
movie

The Apartment (1960)

The Love Scam (2024) 6.0
The Love Scam (2024)  Netflix က အသစ်ထွက်လာတဲ့ The Love Scam အီတလီရုပ်ရှင်ကတော့ ဟာသဇာတ်မြူးအချစ်ကားလေးဖြစ်ပါတယ်။အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ဗီတိုနဲ့အန်တိုနဲလိုတိုညီအစ်ကိုဟာရသမျှအလုပ်လုပ်ပြီး ဝင်ငွေရှာဖွေနေရသလို အန်တိုနဲလိုဟာလိမ်လည်တာမျိုးစုံလုပ်တဲ့လူလိမ်တစ်ယောက်ပါ။တစ်ရက်မှာတော့ အန်တိုနဲလိုဟာ သူများပြန်လိမ်တာခံလိုက်ရတာကြောင့် နေအိမ်ကိုပါဆုံးရှုးရမယ့်အရေးနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ဗီတိုကလည်း နေအိမ်ကိုဆုံးရှုးရမယ်ဆိုရင် သူ့ကလေးရဲ့အုပ်ထိန်းခွင့်ကိုပါဆုံးရှုးရနိုင်ခြေရှိနေပါတယ်။ အဲဲဒီအခါမှာတော့ဗီတိုနဲ့အန်တိုနဲလိုဟာ သူတိုကိုလိမ်သွားတဲ့ကုမ္ပဏီရဲ့အမွေဆက်ခံသူမာလီနာကိုပြန်လိမ်ဖို ပရဟိတအဖွဲယောင်ဆောင်ကာ အလှူငွေထည့်ခိုင်းဖိုအကွက်ဆင်ကြပါတော့တယ်။လူလိမ်အန်တိုနဲလိုရဲ့ဦးဆောင်မှုနဲ့ ဗီတိုတစ်ယောက် မာလီနာနားကိုချဥ်းကပ်ပြီး မာလီနာအကြောင်းပိုသိလာလေလေ ချစ်မိလာလေဖြစ်လာတဲ့အခါမှာတော့ လူလိမ်ညီအစ်ကိုနဲ့မာလီနာကြားဘာတွေဆက်ဖြစ်မယ်ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size… (1.68GB) / (922MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

The Love Scam (2024)

Legend of the Eight Samurai (1983) 6.5
Legend of the Eight Samurai (1983)  ဒီဇာတ်ကားလေးကတော့ ဂျပန်စိတ်ကူးရင် သမိုင်းရုပ်ရှင်လေးပါ။ Kinji Fukasaku ကရိုက်ကူးထားပြီး ဂျပန်ရဲ့နာမည်ကြီး စိတ်ကူးရင် ဝတ္ထုဖြစ်တဲ့ Nansō Satomi Hakkenden နဲ့ legend of the Satomi clan ကိုမှီငြမ်းပြီးတော့ ပြန်ရိုက်ထားတ,ပါ။ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီး ရှီဇူး တို့ မျိုးနွယ်ဟာ တစ်ခြားမျိုးနွယ်တစ်ခုက ကျိနမ်စာတိုက်ခ့တာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခံခဲ့ရပါတယ် ။ ဒီကျိန်စာကို ဖျက်ဆီးဖို့အတွက်် ပုံဆောင်ခဲ ရှစ်ခု ကိုင်ဆောင်တဲ့ ဆာမူရိုင်း ရှစ်ယောက်နဲ့ အတူတူ ကျိန်စာတိုက်ခဲ့တဲ့ မိသားစုကို ပြန်တိုက်ရမှာဖြစ်ပါတယ်။ ဒီလူတွေကို မင်းသမီးကဘယ်လိုရှာပြီး ရန်သူတွေကိုအနိုင်ယူမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှူလိုက်ပါ ခင်ဗျာ။ File size…(6.7 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:13:00 Genre... Dark Fantasy, Martial Art, ...
movie

Legend of the Eight Samurai (1983)

1983
Yesterday Once More ( 2023 ) 6.2
Yesterday Once More ( 2023 ) ဒီ စိတ်ကူးယဉ် အချစ်ရုပ်ရှင်လေးမှာတော့ မင်းသားချော Arthur Chen နဲ့ မင်းသမီးချောလေး Zhou Ye တို့ အတူသရုပ်ဆောင်ထားပါတယ်။ အတိတ်တွေ၊ နောင်တတွေ လူတိုင်းမှာ ရှိတတ်ကြတာမို့ တကယ်လို့ အချိန်နောက်ပြန်သွားခွင့်ရရင် ပြင်ဆင်ချင်တဲ့ အမှားတွေ လူတိုင်းမှာရှိမှာပါပဲ။ ဒါပေမဲ့ အနာဂတ်ကိုကြိုသိနေတဲ့တိုင်အောင် အတိတ်ကို တကယ်ပြောင်းလဲနိုင်ပါ့မလား ပြောင်းလဲတတ်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ဇာတ်လမ်းအကျဉ်းကူးယိရွှမ်းဟာ ငယ်စဉ်ကတည်းက အမေမရှိတဲ့သူ အဖေကလည်း အမြဲမူးနေတဲ့သူဖြစ်ပြီး မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖို့ကြိုးစားနေခဲ့ရပါတယ်။ အဲဒီအချိန် ကလေးဘဝမှာပဲ ဟန်ရှုရန်ဆိုတဲ့ ကလေးမလေးက သူနဲ့အတူ မမေ့နိုင်စရာ မွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာ သူတို့တွေ ကွဲသွားကြတယ်၊ အသက်ကြီးလာချိန်မှာ ပြန်တွေ့ကြတယ်၊ ချစ်မိသွားကြတယ်ပေါ့။ ဒီအထိကတော့ ရိုးရိုးလေးနဲ့ လှလှလေးပါပဲ။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားချိန်မှာ နောက်တစ်ယောက်ဟာ သူတို့ငယ်ငယ်က အမှတ်တရသိမ်းထားခဲ့တဲ့ ဖယောင်းတိုင်လေးနဲ့ ဆုတောင်းမိရင်း အချိန်ခရီးသွားမိပါတော့တယ်။အချိန်ကလည်း သူ့ချစ်သူ မသေခင် တစ်ရက်လေးကိုပဲ ပြန်သွားနိုင်တာဖြစ်ပြီး ချစ်သူကိုကယ်ဖို့ ကြိုးစားပေမဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သေဆုံးသွားရတာပါပဲ။ ဒီဖယောင်းတိုင်လေးတွေ မကုန်ခင်မှာ သူ့ကို ကယ်နိုင်မလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြီး ...
movie

Yesterday Once More ( 2023 )

Aap Mujhe Achche Lagne Lage (2002)
Aap Mujhe Achche Lagne Lage (2002) Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ် အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါ ပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။ အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင် သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့ လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင် နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့် မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီက လိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေး ရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာ သူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့ အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီး အဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာ လုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ...
movie

Aap Mujhe Achche Lagne Lage (2002)

Bachhala Malli (2024) 7.3
Bachhala Malli (2024) Bachhala Malli (2024)"မာလီ" =======================၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့ အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့ တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲက အာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊ စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။ သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့ အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့ လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေက သူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bachhala Malli (2024)

To Have and to Holiday (2024) 6.1
To Have and to Holiday (2024)  ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ ချစ်သူလေးနဲ့ ခရစ္စမတ်ဒရာမာဇာတ်ကားလေးတွေစောင်ခြုံကြည့်ချင်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့To Have and to Holiday ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 အထိရရှိထားပါတယ်။မင်းသားက Gen V တို့ Ghosts တို့လိုမျိုး နာမည်ကြီးSeries တွေမှာသရုပ်ဆောင်ခဲ့တဲ့ Robert Bazzocchi ဖြစ်ပြီးမင်းသမီးကလည်း ကျရာဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့Madeleine Arthur ဖြစ်တဲ့အတွက်ဇာတ်ကားလေးကကြည့်လို့ကောင်းမှာတော့အမှန်ပါပဲ။အဓိကအားဖြင့်ကတော့ ဒီဇိုင်နာဖြစ်ဖို့အိပ်မက်ရှိနေသူဖြစ်တဲ့ဆလက်စ်ဆိုတဲ့ကောင်မလေးနဲ့ ဂျေဆန်ဆိုတဲ့မားကတ်တင်းသမားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုလှလှပပရိုက်ကူးပုံဖော်ထားတာပါပဲ။သူတို့နှစ်ယောက်က တွဲတာ ၃ လပဲရှိသေးပေမဲ့ အရမ်းချစ်ကြပြီးဒီခရစ္စမတ်မှာအတူတူရှိချင်ကြတဲ့အတွက် ဂျေဆန်က မိသားစုဆီအမြဲတမ်းသွားနေကျခရီးကိုတောင်ဖျက်လိုက်ပြီး ဆလက်စ်ရဲ့မွေးရပ်မြေကိုလိုက်ခဲ့ပါတော့တယ်။ဖြစ်ချင်တော့ ဆလက်စ်မိဘတွေနဲ့တွေ့တုန်း ချက်ချင်းနဲ့လက်ငင်းကြီးဆိုသလိုလက်ထပ်ခွင့်ကောက်တောင်းခဲ့တဲ့အတွက် အဲ့ဒီနေရာအဲ့ဒီခရစ္စမတ်မှာပဲ လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ဆလက်စ်ရဲ့အမေကတော့သဘောတူပေမဲ့ ဘိုးတော်ကတော့ သူ့သမီးလေးကို၃ လပဲတွဲဖူးတဲ့လူနဲ့ချက်ချင်းလက်မထပ်စေချင်တဲ့အတွက် ကြားကနေဝင်စွက်ဖက်ရင်းနဲ့ ဆလက်စ်နဲ့ဂျေဆန်တို့ကြားကမင်္ဂလာဆောင်လေးချောချောမွေ့မွေ့ဖြစ်မြောက်နိုင်ပါ့မလားဆိုတာကို ရိုဆန်ဆန်လေးရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.62GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..  ...
movie

To Have and to Holiday (2024)

Love… Reconsidered (2024) 5.2
Love… Reconsidered (2024)  IMDb Rating – 5.2/10ဒီကားကိုတော့ ဒါရိုက်တာ Carol Hartsell ရိုက်ကူးထားပြီးမင်းသမီး Sophie Von Haselberg က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးကတော့ မိုတီတွေ အပြည့်ရနိုင်မယ့်အပြင် ခံစားချက်မျိုးစုံကိုပါ ခံစားရ‌စေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ရူဘီကတော့ အသက်သုံးဆယ်ရှိလာတာတောင် အလုပ်အတည်တကျမရှိ‌‌သေးတဲ့သူပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခုပြောင်းနေရပြီးသူငယ်ချင်းတွေကြားမှာ အရှက်ရမှာစိုး‌နေတဲ့ ရူဘီက သူ့အလုပ်အကြောင်းကိုလိမ်ထားခဲ့ပါတယ်။မိဘတွေကလည်း အလုပ်အတည်တကျလုပ်ဖို့ တိုက်တွန်းလာကြပြီးချစ်သူဖြစ်တဲ့နိုအာကလည်း အလုပ်မရှိတဲ့ရူဘီကို စွန့်ပစ်သွားခဲ့ပါတယ်။စိတ်ဓာတ်ကျနေတဲ့ရူဘီတစ်ယောက် ပန်းခြံတစ်ခုကခုံမှာထိုင်ရင်းနဲ့စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကြီးတစ်ယောက်နဲ့ မိတ်ဆွေကောင်းတွေဖြစ်သွားခဲ့ပါတယ်။ ဒီအမျိုးသမီးကြီးကနေတစ်ဆင့် စတိုးဆိုင်ကို ဆက်ပြီးတော့စီမံပေးဖို့ ရူဘီကိုလွှဲလိုက်တဲ့အခါမှာ ရူဘီတစ်ယောက် ဟမ်တန်မြို့မှာအခြေချဖို့ဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့် ဂျွန်ဆိုတဲ့လူနဲ့အခန်းဖော်တွေ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ အခက်အခဲတွေကြားမှာ ဆိုင်လေးကို ရူဘီဘယ်လိုစီမံသွားမလဲ...သစ္စာဖောက်တဲ့ ချစ်သူနဲ့ ‌နောက်ကျောကို ဓားနဲ့ထိုးတဲ့သူငယ်ချင်းတွေနဲ့ဆုံလာတဲ့‌နောက် ပြဿနာတွေကို ရူဘီဘယ်လိုကိုင်တွယ်သွားမလဲ...ဒီကားမှာတော့ လူဆိုးလူကောင်းကို အမြင်နဲ့တင် မခွဲခြားနိုင်ဘူးဆိုတာကို‌သေချာရိုက်ကူးထားတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းပါပဲ။စုံတွဲတွေအကြား ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း‌ သေချာပြသထားတာမလို့ ကြည့်ရှုရင်းနဲ့ ရသစုံရနိုင်ပါတယ်။ File size… (1.83GB) ...
movie

Love… Reconsidered (2024)

Haunted Heart (2024) 5.1+
Haunted Heart (2024)  "အချစ်ကျူးတော့ရူး" ဆိုတဲ့စကားပုံကို သရုပ်ဖော်ပြသသွားတဲ့လှပတဲ့ပန်းချီကားလေးတစ်ချပ်ကနေ အကျည်းတန်တဲ့မြင်ကွင်းတွေအဖြစ်ပြောင်းလဲသွားရတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားနာမည်ကတော့Haunted Heart ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း အရင်ခေတ်တုန်းကအောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားချောတစ်လက်ဖြစ်တဲ့ Matt Dillon နဲ့အက်ရှင် သည်းထိပ်ရင်ဖို ဒရာမာကျရာဇာတ်ရုံပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသမီး Aida Folch တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်Casting ပိုင်းကလည်းပြောနေစရာကိုလိုမှာမဟုတ်ပါဘူး။ဒီဇာတ်လမ်းလေးရဲ့အစကတော့ အဲလက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက်အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ဂရိမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကစားသောက်ဆိုင်မှာဧည့်ကြိုအနေနဲ့အလုပ်လျှောက်ဖို့လာရာကနေစတာပါပဲ။ဖြစ်ချင်တော့ရောက်သွားတဲ့အခါမှာ သူ့အသိကရှိမနေတော့တဲ့အပြင်အကြောင်းအမျိုးမျိုးကြောင့် တစ်ပတ်လောက်တောင်နောက်ကျပြီးရောက်လာခဲ့တယ်ဆိုတော့ ဧည့်ကြိုရာထူးကတော့သူ့အတွက်မဖြစ်နိုင်တော့ပါဘူး။ဒါပေမယ့်စားပွဲထိုးနေရာလွတ်သေးတဲ့အပြင် အဲလက်စ်မှာလည်းနောက်ပြန်လှည့်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်မက်စ်နဲ့ညှိနှိုင်းပြီးပဲ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ကြာလာတော့ အဲလက်စ်နဲ့မက်စ်တို့လည်းရင်းနှီးသွားပြီး အချစ်ကြိုးတွေသွယ်လာခဲ့ရာမှ ဘယ်သူကအချစ်ကြီးတတ်ပြီး အငြိုးကြီးတဲ့လူဖြစ်နေမလဲဆိုတာတွေကို စိတ်ဝင်စားစရာဒရာမာဇာတ်လမ်းလှလှလေးနဲ့ သည်းထိပ်ရင်ဖိုအနည်းငယ်ကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.37GB) / (771MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 8m Genre ….. Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Haunted Heart (2024)

Aire: Just Breathe (2024)
Aire: Just Breathe (2024)  (2024) မှာ ထွက်ရှိခဲ့တဲ့ “Aire: Just Breathe” ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာမြေကြီးဟာ ညစ်ညမ်းမှုတွေကြောင့် ပျက်စီးသွားခဲ့ချိန်မှာ ကမ္ဘာပေါ်မှာသာ ကျန်နေခဲ့သူ တာန်ယာနဲ့ လူလုပ်အသိဥာဏ် ဗီဒါတို့ကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဥ် ဇာတ်ကားလေးတစ်ခု ဖြစ်ပါတယ်။သက်ရှိသတ္တဝါဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မှ မမြင်ရတော့တဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ တာန်ယာဟာ လူသားမျိုးဆက် မျိုးသုဥ်းမသွားအောင် AIဖြစ်တဲ့ ဗီဒါအကူအညီနဲ့ ဖန်လုံအိမ်လို့ ခေါ်ရမယ့် သူတို့ရဲ့ ဂေဟကမ္ဘာ အသေးစားလေးထဲမှာ ကြိုးစားလျက် ရှိပါတယ်။ AI အကူအညီနဲ့သာ အဖော်ပြု တောက်လျှောက်နေထိုင်ခဲ့တဲ့ တာန်ယာတို့နေထိုင်ရာကို အမျိုးသားတစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာခဲ့ပါတော့တယ်။ဒီအချိန်မှာ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတချို့ကြောင့် လူသားဖြစ်သူ သူစိမ်းနဲ့ လူလုပ်အသိဥာဏ်ဖြစ်တဲ့ ဗီဒါတို့ရဲ့ အားပြိုင်မှုတစ်စွန်းတစကိုလည်း မြင်နိုင်ပါတယ်။ဆိုတော့ လေထုညစ်ညမ်းလွန်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က သိပ္ပံပညာရှင် တာန်ယာ၊ လူလုပ်အသိဥာဏ် ဗီဒါနဲ့ သူစိမ်းလူသားတို့ကြားက Sci-fi dramaကို ...
movie

Aire: Just Breathe (2024)

Miss You (2024) 7.4
Miss You (2024) Miss You (2024) "လွမ်း" IMDb - 7.5/10တောင်ပိုင်းမင်းသားချော ဆစ်ဒါးရဲ့ အသစ်ထွက် ဒရာမာအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဆီဘယ်ဝယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကြုံရာရထားစီးဖို့စောင့်နေတဲ့ ဗာဆူ။ရထားစင်္ကြံက ခုံတန်းလျားမှာ တစ်ယောက်တည်းထိုင်ဘူနေတဲ့ လူတစ်ယောက်ကိုတွေ့လို့ အာသွားဖုတ်ရင်း ခင်မင်သွားခဲ့ရာကနေ သူ့ခရီးစဉ်က ဘန်ဂလောကိုရောက်သွားခဲ့။မြို့ကိုရောက်ရောက်ချင်းမှာ ဆန္ဒပြနေတဲ့ မိန်းကလေးတစ်ယောက်ကို ဖြတ်ခနဲမြင်လိုက်ရာကစလို့ လမ်းမှာခဏခဏဆုံပြီး ဗာဆူ့ရင်ထဲကို ရောက်လာခဲ့ပါတော့တယ်။ဦးတည်ရာခရီးမရှိဘဲ ဗာဆူ ဘာလို့ မြို့ကနေထွက်လာခဲ့တာလဲ။ သူ့ရင်ထဲကို တိုးဝင်လာတဲ့ မိန်းကလေးကိုရော ပိုင်ဆိုင်ခွင့်ရမှာလား။ ဒါတွေသိချင်ရင်တော့ အချစ်၊ အလွမ်း၊ အက်ရှင်ရောပြွန်းနေတဲ့ ဒီရုပ်ရှင်ကို ခံစားကြည့်ကြဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Miss You (2024)