Channel Myanmar

2016

Beautiful Mind (2016) 7.5
Beautiful Mind (2016) Beautiful Mind (2016) ***********************စ/ဆုံး၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့ Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ် ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်လမ်းအကျဉ်း ------------------ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့ ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကို နားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့ တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့ ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ် ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကို ဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာ ...
7.5
TMDb: 7.5/10 16 votes
tv

Beautiful Mind (2016)

2016
Moon Lovers: Scarlet Heart Ryeo (2016) 8.6
Moon Lovers: Scarlet Heart Ryeo (2016) Moon Lovers: Scarlet Heart Ryeo (2016) ************************************* အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမယ့်ဇာတ်ကားဟောင်းလေးကတော့ ၁၀၀မှာ ၁၀၁ ယောက်လောက် ကြည့်ဖူးထားပြီး ကြည့်ဖူးတဲ့သူတိုင်းလည်း စွဲလမ်းနှစ်သက်ကြတဲ့ Lee Joon Gi, IU, Kang Ha Neul နဲ့ တခြားသော မင်းသားချောတွေအများကြီး ပါဝင်သရုပ်‌ဆောင်ထားတဲ့ Moon Lovers Scarlet Heart Ryeo ပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ နေကြတ်တဲ့တစ်နေ့မှာ 21ရာစုက ဂိုဟာဂျင်လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်က ထယ်ဂျိုဘုရင်အုပ်စိုးချိန်ကာလဖြစ်တဲ့ ဂိုလျောမင်းဆက်ရဲ့အစပိုင်းအချိန်ကို ပြန်ရောက်သွားခဲ့ရာကစပါတယ်။အဲဒီခေတ်မှာ သူက ဂိုဟာဂျင်အဖြစ်မဟုတ်ဘဲ မင်းသား(၈)ဝမ်ဝူရဲ့ကြင်ရာတော်ရဲ့ဝမ်းကွဲညီမ ဟယ်ဆူဖြစ်နေခဲ့ပြီး ဘုရင့်သားတော်တွေနဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။မင်းသားတွေနဲ့ပတ်သက်ရာကနေပဲ နန်းတွင်းထဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ထီးနန်းဆက်ခံတဲ့အရှုပ်ထုတ်တွေကြားထဲ ဘယ်လိုရောက်သွားပြီး နန်းတော်ရဲ့အပယ်ခံဖြစ်တဲ့ မင်းသား(၄)ဝမ်ဆိုနဲ့ ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးဖြစ်လာမလဲဆိုတာ CM နဲ့အတူ တစ်ဖန်ပြန်လည်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်Episodes: 20 Aired: Aug ...
8.6
TMDb: 8.6/10 488 votes
tv

Moon Lovers: Scarlet Heart Ryeo (2016)

2016
Squad 38(2016) 7.8
Squad 38(2016) Squad 38(2016)***************အပိုင်း ( ၁ မှ ၁၆) ထိ  စ/ဆုံး ဇာတ်လမ်းပုံစံ ခပ်လန်းလန်းလေးမို့ ပရိတ်သတ်ကြီးကို အကြိုက်တွေ့စေမှာပါ။သရုပ်ဆောင်တွေကတော့ အက်ရှင်မင်းသားကြီး Mar Dong-Seok၊ မင်းသားချောလေးSeo In-guk၊ Idolလည်းဖြစ် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Choi Soo-youngတို့က အဓိက ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းဘဲ့ဆောင်းအီ(Mar Dong-Seok)က အကောက်ခွန်ရုံးမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီးတော့ အထက်လူကြီးတွေကို လာဘ်ထိုးပြီး ပမာဏများတဲ့ အခွန်တွေကို ပေးဆောင်ဖို့ရှောင်နေတဲ့သူတွေကို မနှစ်မြို့တဲ့သူတစ်ယောက်ပါ။ယန်းဂျောင်းဒို(Seo In-guk)ကတော့ ကျွမ်းကျင်လူလိမ်တစ်ယောက်ဖြစ်တယ်။လူတွေကို လိမ်လည်ပြီး ရိုက်စားလုပ်ရတာက သူ့အတွက်တော့ ထမင်းစား ရေသောက်လိုပါပဲ။လာဘ်ထိုးပြီး အခွန်ရှောင်နေတဲ့သူတွေကို ဘဲ့ဆောင်းအီအနေနဲ့ သမရိုးကျလုပ်ရိုးအတိုင်းပဲဆက်ပြီး လုပ်လို့ မရတော့တဲ့အဆုံး ယန်းဂျောင်းဒိုရဲ့လူလိမ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဖြစ်လာတော့တယ်။ဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့ အစိုးရဝန်ထမ်းနဲ့ ဥပဒေကို ချိုးဖောက်ပြီးလုပ်စားနေတဲ့ လူလိမ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်ပါ့မလား။ဘဲ့ဆောင်းအီနဲ့ယန်းဂျောင်းဒိုတို့က အခွန်ပေးဆောင်ဖို့ ရှောင်နေတဲ့သူတွေအပေါ်ဘယ်လိုမျိုး ငွေတွေကို လိမ်လည်ပြီး ရယူသွားမလဲ။မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြား ...
7.8
TMDb: 7.8/10 23 votes
tv

Squad 38(2016)

2016
Solomon’s Perjury (2016) [Complete] 7.025
Solomon’s Perjury (2016) [Complete] Solomon's Perjury (2016)***************************အပိုင်း ( ၁ မှ ၁၂ ) စ / ဆုံး ဒီတစ်ခေါက်မှာလည်း CM ပရိသတ်ကြီးတွေအတွက်Jang Dong Yoon, Kim Hyun Sooနဲ့ Seo Ji Hoonတို့ အဓိကပါဝင်ထားတဲ့ကျောင်းသားကားလန်းလန်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...ခရစ္စမတ်ညမှာ ဂျုံဂုအထက်တန်းကျောင်းသား အီဆိုဝူတစ်ယောက်ကျောင်းခေါင်းမိုးထပ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။သူ့ရဲ့သေဆုံးမှုကို ရဲတွေက သေကြောင်းကြံစည်မှုလို့ ကောက်ချက်ချသလိုကျောင်းရဲ့ အကြီးပိုင်းအရာရှိတွေကလည်း ကျောင်းနာမည်မထိခိုက်အောင်အမှုကို အမြန်ပိတ်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အီဆိုဝူရဲ့သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲ အသတ်ခံခဲ့ရတာပါဆိုပြီးမျက်မြင်သက်သေ ပေါ်ထွက်လာတဲ့အခါမှာတော့ အမှန်တရားကို ဖော်ထုတ်ဖို့ကျောင်းတွင်းတရားခွင်ကို ပြုလုပ်ကြပါတော့တယ်။အီဆိုဝူက တကယ်ပဲ ကိုယ့်ကိုကိုယ်သတ်သေတာလား...အထက်လူကြီးတွေရဲ့ ဖုံးဖိချင်မှုတွေနဲ့ အာဏာပါဝါတွေကို လွန်ဆန်ပြီးတရားခံကို ဖော်ထုတ်နိုင်နိုင်မလား...တရားခံကရော တကယ် သူတို့ထင်တဲ့သူ ဖြစ်နေပါ့မလား...ထပ်ဆင့် သက်သေထွက်ဆိုသူတွေပေါ်ပေါက်လာပြီးတရားခွင်မှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုသံသယစိတ်တွေအပြည့်နဲ့ ကြည့်ရှုရမယ့် Mystery Teen Drama လေးပဲဖြစ်ပါတယ်။ Aired: Dec 16, 2016 ...
7.025
TMDb: 7.025/10 21 votes
tv

Solomon’s Perjury (2016) [Complete]

2016
DC’s Legends of Tomorrow Season (1 to 7) 6.1
DC’s Legends of Tomorrow Season (1 to 7) 2016 ရဲ့ ဒီစီ စီးရီးအသစ် လာပါပြီဗျာ။ အားလုံးမျှော်နေကြတဲ့ legends of tomorrow ပါ။ IMDb ကတော့ အပိုင်း ၁ ထွက်အပြီးမှာပဲ 8.1 ရထားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အဲရိုး နဲ့ ဖလက်ရှ် စီးရီး Cross Cover ထဲက မသေမျိုး ရန်သူကြီး ဗန်ဒယ် ဆဗေ့ဂျ် ဟာ ၂၁၆၆ မှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါတော့တယ်။ အဲဒါကို တားဆီးချင်တဲ့ Time Master ကပ္ပတိန် ရစ်ပ် ဟန်တာ ဟာ အချိန်စက်ဝန်းကို စောင့်ထိန်းရမယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ ၂၀၁၆ ခုနှစ်ကို ပြန်သွားပြီး လူ ၈ ယောက်ကို စုဆောင်းပြီး ဗန်ဒယ် ဆဗေ့ဂျ် အင်အားမကြီးခင် ကာလတစ်ခုကို ရှာပြီး ကြိုတင်နှိမ်နင်းဖို့ ကြံစဉ်ပါတော့တယ်။လူ ...
6.1
TMDb: 6.1/10 599 votes
tv

DC’s Legends of Tomorrow Season (1 to 7)

2016
Cheese in the Trap (2016) 7.245
Cheese in the Trap (2016) Cheese in the Trap (2016)*************************အပိုင်း (၁ မှ ၁၆) အထိ  (စ/ဆုံး) Park Hae Jin, Kim Go Eun, Seo Kang Joon, Lee Sung Kyung, Nam Joo Hyukတို့လိုထိပ်ထိပ်ကြဲတွေ ပါဝင်ထားကြတဲ့ Campus Romance ဇာတ်လမ်းတွဲကောင်းလေးကိုပြန်လည်တင်ဆက်‌ပေးလိုက်ပါတယ်နော်။Hong Seolဆိုတဲ့ ကောင်မလေးဟာ အလုပ်လုပ်ရင်း စကော်လာရဖို့အတွက် စာကြိုးစားပြီးဘာကိုမှစိတ်မဝင်စားတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။အဲလို အလုပ်တစ်ဖက်နဲ့ စာတစ်ဖက်နဲ့ မအားလပ်တဲ့ သူ့ဘဝထဲကို အေးစက်ပြီး ထူးဆန်းတဲ့စီနီယာYoo Jungဝင်လာတဲ့အခါမှာတော့ သူ့ကျောင်းသားဘဝဟာ ကမောက်ကမတွေဖြစ်လာပါတော့တယ်။ဒီကြားထဲ ဂျစ်ကန်ကန်ကောင်ချောလေး Baek In Hoပါ ပါလာတဲ့ အခါမှာတော့...ဒီကားလေးဟာ လူငယ်တွေကြား ချစ်သူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေအခက်အခဲလေးတွေအပြင် သရုပ်ဆောင်တစ်ယောက်ချင်းစီကလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားကြမလို့ ထွက်တာကြာတာတောင် အခုထိ ကြည့်ရှုသူတွေ ခဏခဏပြန်ကြည့်ရလောက်အောင်ကို ...
7.245
TMDb: 7.245/10 55 votes
tv

Cheese in the Trap (2016)

2016
Dr. Romantic Season 3 (2023) 8
Dr. Romantic Season 3 (2023) Doctor Romantic Season 3 (2023)အားလုံး အမျှော်ကြီးမျှော်နေခဲ့ကြရတဲ့ Doctor Romantic Season 3 ရပါပြီ 🥳Season 1 နဲ့ 2 မှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့သလိုမျိုး Season 3 မှာလည်း ဂင်ဆာဘူနဲ့အဖွဲ့သားတွေ ဘယ်လိုပြဿနာ‌တွေဖြေရှင်းရင်း ဆေးကုကြဦးမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါဒါ့အပြင် အခု Season 3 မှာဆိုရင် ဆောဝူဂျင်းနဲ့ချာအွန်းဂျယ် အပါအဝင် ဘတ်အွန်းထက်နဲ့ ယွန်းအာရွန်းတို့ရဲ့ ရိုမန့်စ်ကိုပါ တစ်ဝကြီးကြည့်ရှုခံစားရဦးမှာမို့ K Drama ပရိသတ်ကြီး လက်လွှတ်မခံသင့်ဘူးနော်Medical ပိုင်းတင်မကဘဲ စိတ်ဝင်စားစရာ Plot တွေ ဂင်ဆာဘူရဲ့ပြဿနာဖြေရှင်းပုံတွေ ဆရာဝန်တွေရဲ့ရိုမန့်စ်တွေပါ ပါဝင်ထားပြီး Casts တွေအ‌နေနဲ့ကလည်း Season 2 က Han Suk-Kyu, Ahn Hyo-Seop, Lee Sung Kyung, Kim Min-Jae တို့ အကုန်ပြန်ပါဝင်ထားတဲ့အတွက် Dr Romantic ...
8
TMDb: 8/10 57 votes
tv

Dr. Romantic Season 3 (2023)

2016
Vampire Detective (2016) 7.5
Vampire Detective (2016) Vampire Detective (2016)************************( စ - ဆုံး )မှုခင်းစုံထောက်ဆို OCN မှဆိုတဲ့ ကေဒရာမာဖန်တွေအတွက်ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့Lee Joon , Oh Jung Se, Lee SeYoung တိုရဲ့ Vampire Detective ဆိုတဲ့သည်းထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Yoon San ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဟာတာဝန်ထမ်းဆောင်နေစဉ်မှာ မထင်မှတ်ထားဘဲ vampire တစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ် ။ဒီလိုပြောင်းလဲသွားပေမယ့် သူ့ရဲ့အရည်အချင်းတွေက ပျောက်ကွယ်မသွားဘဲအမှုသည်တွေအတွက် ပိုလိုတောင် ဖြေရှင်းပေးနိုင်တာတွေများလာပါတယ်။အမှုတွေစုံစမ်းစစ်ဆေးရင်း သူ vampireအဖြစ်ပြောင်းလဲသွားရတဲ့ နောက်ကွယ်ကမထင်မှတ်ထားတဲ့ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာရောဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ Episodes: 12File Size:1.2GB, 453MBQuality :Web-DL 1080p,720PGenres: Mystery , Thriller,  SupernaturalTranslated by  Ei Phyu Khin, Estel, A Htet ...
7.5
TMDb: 7.5/10 14 votes
tv

Vampire Detective (2016)

2016
W: Two Worlds Apart (2016) 8.499
W: Two Worlds Apart (2016) W: Two Worlds Apart (2016)***************************(စ-ဆုံး)ဒီတစ်ခေါက်မှာတော့ Channel Myanmarပရိသတ်ကြီးအတွက် 2016တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ W Two Worlds ဇာတ်လမ်းတွဲကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့…နှလုံးခွဲစိတ်ဆရာဝန်မလေး အိုယွန်းဂျူဟာဖခင်ဖြစ်သူ အိုဆောင်းမူဖန်တီးတဲ့ Wဆိုတဲ့ဝဘ်တွန်းကို အသည်းစွဲကြိုက်သူပါ'W'ဝဘ်တွန်းထဲမှာ သူမ အကြိုက်ဆုံးဇာတ်ကောင်ကတော့ ဇာတ်လိုက်ကျော် ဂန်ချောကိုပေါ့ တစ်နေ့မှာတော့ အိုယွန်းဂျူတစ်ယောက် ဖခင်နေအိမ်ကိုသွားရင်းအမှတ်မထင် အခြားကမ္ဘာတစ်ခုထဲ အဆွဲသွင်းခံလိုက်ရပြီးသွေးအိုင်ထဲမှာ လဲနေတဲ့ လူတစ်ယောက်ကယ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲဒီလူက သူ့အဖေဖန်တီးထားတဲ့ 'W'ဝဘ်တွန်းထဲကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဇာတ်လိုက်ကျော် ဂန်ချောမှန်းအိုယွန်းဂျူသိသွားတဲ့အချိန်မှာတော့… ထွေထူးပြီး ညွှန်းစရာမလိုတဲ့ ကမ္ဘာနှစ်ဖက်က အချစ်ဇာတ်လမ်းကောင်းလေးဖြစ်လို့ဆက်လက်ခံစားကြည့်ရှုကြပါဦး......( အညွှန်းကို Khine Khine Wai မှ ရေးသားထားပါသည်) Episodes: 16File Size:1.2GB, 502MBQuality :Web-DL 1080p,720PGenres: Drama, Sci-Fi & Fantasy, Comedy,RomanceTranslated by  Khine Khine Wai, Hnin Wut Yi,Hnin Wai Oo  & WinEncoded ...
8.499
TMDb: 8.499/10 763 votes
tv

W: Two Worlds Apart (2016)

2016
11.22.63 (2016) Complete 7.8

11.22.63 (2016) Complete

2016
Stan Lee Lucky Man Season 1 +Season-2+ Season 3 6.9
Stan Lee Lucky Man Season 1 +Season-2+ Season 3  Action, Crime, Thriller, Superhero အမျိုးအစား ဇာတ်လမ်းတွဲကောင်းကောင်းလေးတစခု တင်ပေးထားပါတယ်။ စီစန် ၃ ခု ရှိပြီး တစ်စီစန်မှာ အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ကျောက်စိမ်းလက်ကောက်ဇာတ်လမ်းတွဲကိုလူတိုင်း ကြည့်ဖူးလောက်မယ်ထင်ပါတယ်အဲဒီလိုပါပဲ လက်ကောက်ဝတ်လိုက်တာနဲ့ ကံတွေကောင်းလာတဲ့ စုံထောက်ဇာတ်လမ်းတွဲလေးတော့ ရောက်လာပါပြီ ဟာရီဆိုတဲ့ စုံထောက်ဟာ ဖဲစွဲနေပြီးတော့ ရှိသမျှအကုန်ရှုံးနေလို့ မိန်းမနဲ့ကွဲဖို့ ပြင်ဆင်နေတဲ့လူတစ်ယောက်ပါ တစ်နေ့ ကာစီနိုမှာ ကစားနေတုန်းကောင်မလေးတစ်ယောက်က သူ့ဆီရောက်လာပြီးလက်ကောက်လေးတစ်ကွင်းပေးဝတ်လိုက်တဲ့အချိန်မှာတော့ မဖြစ်နိုင်တဲ့ နိုင်ပွဲဆက်တိုက်ရရှိမှုတွေပါဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ သူနိုင်တဲ့ညမှာပဲ သူဖဲကြွေးပေးစရာရှိတဲ့ သူဌေးကအသတ်ခံလိုက်ရပါတယ် အဲဒီလိုနဲ့ လက်ကောက်ရဲ့ အစွမ်းတွေကိုတဖြည်းဖြည်းသိလာပြီးတော့ ကွင်းဆက်လူသတ်မှုတွေကို လက်ကောက်ရဲ့အစွမ်းနဲ့တစတစ လိုက်ရှာလိုက်တဲ့အချိန်မှာပဲ နောက်ကွယ်ကလူကိုသိသွားတဲ့အခါမှာတော့တကယ့်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Action, Crime, Thriller, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldSeason-3Episode 11080p     - Yoteshin /  Meganz ...
6.9
TMDb: 6.9/10 81 votes
tv

Stan Lee Lucky Man Season 1 +Season-2+ Season 3

2016
Goblin {Complete} 7.2
Goblin {Complete}  Goblin (Guardian: The Lonely and Great God) (2016)====================================== 2016 ခုနှစ်များဝန်းကျင်က "ဦး"ရောဂါကို တဖန်ပြန်လည်ခေတ်စားစေခဲ့တဲ့ Goblin လို့ လူသိများတဲ့Guardian: The Lonely and Great God အမည်ရှိဇာတ်ကားလေးကို Quality ကောင်းကောင်းနဲ့တင်ဆက်ပေးချင်ပါတယ်။လူ့လောကမှာ နှစ်ပေါင်း ၉၀၀ ကြာ နေထိုင်ခဲ့ရတဲ့Kim Shin ဟာ သူ့ရဲ့ထာဝရရှင်သန်ခြင်းကိုအဆုံးသတ်နိုင်ဖို့အတွက် မှင်စာသတို့သမီးကိုလိုက်လံရှာဖွေရင်း စောင့်မျှော်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီလိုနဲ့ တစ်ညမှာတော့ သေနေ့စေ့ပြီဖြစ်တဲ့ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်ကိုသနားကရုဏာသက်ကာ အသက်ကယ်တင်ပေးခဲ့ပါတယ်။ ထိုအမျိုးသမီးက Ji Eun Tak ဆိုတဲ့သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။Ji Eun Tak ဟာ ငယ်စဉ်ကတည်းက နာနာဘာဝတွေကိုမြင်နိုင်စွမ်းရှိပြီး သူအရွယ်ရောက်လာတဲ့အခါမှာတော့တစ္ဆေသရဲတွေဟာ သူ့ကိုတွေ့တိုင်း "မှင်စာသတို့သမီး"လို့ တီးတိုးရွတ်ဆိုနေသံကို မကြာခဏ ကြားခဲ့ရပါတယ်။အဒေါ်ဖြစ်သူ မိသားစုနဲ့ အတူနေထိုင်ပေမဲ့အမြဲအနိုင်ကျင့် နှိပ်စက်ခံရတာကြောင့် အဘက်ဘက်ကနိမ့်ကျနေချိန်မှာ ကယ်တင်ရှင်ဖြစ်လာမဲ့မှင်စာဦးလေးကြီးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။Second Lead ...
7.2
TMDb: 7.2/10 37 votes
tv

Goblin {Complete}

2016
Signal (2016) 8.071
Signal (2016) Signal (2016)၂၀၁၆ ခုနှစ်က Goblin, DOTS, Weightlifting fairy Kim Bok Joo, W, Moon Lovers, The Legend of the Blue Sea, Hwarang, Cindrella and Four Knights, The K2 တို့လို နာမည်ကြီး ကိုရီးယား ဒရာမာတွေ အပြိုင်အဆိုင်နဲ့ တကယ့်ကို အများကြီးအများကြီး ရှိခဲ့တဲ့နှစ်ပါ။ဒီထဲမှာမှ Signal (2016) က ဆုတွေ အများကြီး သိမ်းပိုက်ခဲ့ပြီးတော့ ပရိသတ်ကြည့်ရှုနှုန်းလည်း အမြင့်မားဆုံး ဖြစ်ခဲ့တာပါ။ ဆုပေါင်း ၆ ဆုနဲ့ တစ်ကြိုစာရင်း ၈ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရလောက်အောင်လည်း ဇာတ်လမ်းနဲ့ဇာတ်ညွှန်း ခိုင်မာမှုက အားကောင်းခဲ့ပါတယ်။ အချိန်သီအိုရီကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်အိမ်ကို မှုခင်းနဲ့ နိုင်ငံရေး ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ ဇာတ်အိမ်က ကြွသထက် ကြွလာတာပါ။နောက်တစ်ခု ...
8.071
TMDb: 8.071/10 78 votes
tv

Signal (2016)

2016
Westworld Season (1) + (2) +(3) + (4) 8.2
Westworld Season (1) + (2) +(3) + (4)    ကမ္ဘာ့အကောင်းဆုံး သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေတွေထဲက တစ်ခုကို ချန်နယ်မြန်မာမှာ အစအဆုံးကြည့်လိုက်ရအောင်ပါ။ အပိုင်းတစ်မှာ နည်းနည်းလေး ပျင်းစရာကောင်းသလိုလိုရှုပ်သလိုလိုဖြစ်ပါလိမ့်မယ် ဒါပြီးရင်တော့ အစအဆုံး ထိုင်ရာမထပါ ကြည့်ချင်သွားပါလိမ့်မယ်။ ဇာတ်လမ်းလေးကလည်း သေချာကြည့်ရင် ရိုးရှင်းပါတယ်။ လူတွေက လူတွေကိုထိန်းချုပ်ဖို့အတွက် စက်ရုပ်တွေကိုထိန်းချုပ်ထားတာကို စက်ရုပ်တွေက လူတွေကို ပြန်ထိန်းချုပ်ပြီး စက်ရုပ်ချင်းလည်းပြန်ထိန်းချုပ်ပြီး လူနဲ့စက်ရုပ်နဲ့ပေါင်းပြီး လူနဲ့စက်ရုပ်တွေနဲ့ တိုက်ခိုက်ကြတာပါပဲ။ဇာတ်လမ်းအကျဉ်းလူတွေဟာ လက်တွေ့ဘဝကြီးထဲကနေ ယာယီလွတ်မြောက်ဖို့ နည်းမျိုးစုံနဲ့ အပမ်းဖြေတတ်ကြပါတယ်။ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ခရီးထွက်မယ်ပေါ့။ ဒီထဲမှာတော့ အကြမ်းဆုံးအလန်းဆုံးအပမ်းဖြေနည်းတစ်ခုကို လူတွေက တီထွင်ထားလိုက်ပါပြီ။ ဝက်စ်ဝါးလို့ခေါ်တဲ့ ကောင်းဘွိုင်ခေတ်အရိုင်းဆန်ဆန် ပုံစံတူ အပမ်းဖြေဥယျာဉ်ကြီးတစ်ခုပါပဲ။ ဥယျာဉ်ကြီးထဲကို တကယ့်သူဌေးတွေမှလာအပမ်းဖြေနိုင်တာပါ။ ဥယျာဉ်ထဲမှာ ဖြစ်ချင်တဲ့လူဘယ်သူမဆို ဖြစ်နိုင်ပြီး လုပ်ချင်တာဘာမဆိုလုပ်လို့ရပါတယ်။ ဓားပြတိုက်မလား၊ လူဆိုးဖမ်းမလား၊ လူဆိုးလုပ်မလား၊ ကောင်မလေးတွေကိုလုပ်ချင်တာလုပ်မလား၊ ဘာမဆိုလုပ်နိုင်ပါတယ်။ သူတို့လုပ်နေတဲ့ ဥယျာဉ်ထဲက ဟို့စ်လို့ ခေါ်တဲ့ လူအစစ်နဲ့အခြားတူနေတဲ့အရာတွေကတော့ စက်ရုပ်တွေပါပဲ။ ဒါပေမဲ့ စက်အသိဉာဏ်တွေရှိပြီးတော့ ...
8.2
TMDb: 8.2/10 1376 votes
tv

Westworld Season (1) + (2) +(3) + (4)

2016
The Crown 2016 Season 1 + 2 + 3 + 4+5+6
The Crown 2016 Season 1 + 2 + 3 + 4+5+6 IMDb - 8.7 / 10Rotten Tomatoes - 91%The Crown ဆိုတဲ့ စီရီးဟာ ဘာအကြောင်းလဲ။အဲလိဇဘက် ဘုရင်မကြီး အကြောင်း။ဒါပဲပြောရင်တော့ ပျင်းစရာလို့ ထင်ရတာပေါ့။ဘုရင်မလုပ်ရတာ တကယ်တော့ ပျင်းစရာမကောင်းဘူးဆိုတာ ဆက်ကြည့်လိုက်ရင်တော့ တွေ့ရမှာပါ။ အဲလိဇဘက်ဘုရင်မကြီးဟာ ဝန်ကြီးချုပ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူပါ။ ဝင်စတန် ချာချီ၊ မက်မီလန်၊ အဲလက်၊ ဝယ်ဆန် စသည်ဖြင့်ပါပဲ။ဝန်ကြီးချုပ်တိုင်းနဲ့အတူ နိုင်ငံ့ပြဿနာတွေကို အတူဖြေရှင်းခဲ့ရတာပါ။ မြူဆိုင်းတဲ့ကပ်ဘေးတွေ၊ စူးအက်တူးမြောင်းလို ကိစ္စတွေ၊ သမ္မတ JFK စုံတွဲနဲ့ ကိစ္စတွေ၊ သမ္မတဂျွန်ဆန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စတွေ၊ သူလျှိုမှုတွေ၊ လိင်အရှုပ်တော်ပုံတွေ အများကြီးပါပဲ။ဒါ့အပြင်သူ့ရဲ့ ဦးရီးတော်ကလည်း မိန်းမအတွက်နဲ့ နန်းစွန့်ခဲ့ပြီး သစ္စာဖောက်လို ဆက်ဆံခံရတဲ့ ရှုပ်ထွေးတဲ့သူပါ။ သူ့ရဲ့ ညီမကလည်း သူနဲ့ဆန့်ကျင်ဘက် ခေတ်ဆန်ဆန်၊ပေါ့ပေါ့ပါးပါး၊ ထက်ထက်မြက်မြက်ရှိပေမယ့် ပြဿနာ မကြာခဏရှာတတ်တဲ့သူပါ။ ယူထားတဲ့ယောကျာ်းကလည်း နိုင်ငံခြားဘုရင်မျိုးဆက် နာဇီတွေရဲ့ ...

The Crown 2016 Season 1 + 2 + 3 + 4+5+6

2016
Maigret (2016-2017) 8.1
Maigret (2016-2017) Maigret Season(1 & 2) CompleteIMDb Rating (7.8)/Rotten Tomatoes (92%)အခု တင်ပေးတဲ့ စီးရီးထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ ဒီစီးရီးက ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီထဲမှာတော့ Mr.Bean လို့လူသိများတဲ့ မင်းသားကြီး Rowan Atkinson က စုံထောက်ကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။မစ္စတာဘင်းရဲ့ Maigret စီးရီးက စီစင် ၂ ခုရှိပြီး စီစင်တစ်ခုမှာ ၂ ပိုင်းပါဝင်ပါတယ်...ဆိုတော့...စုစုပေါင်း အပိုင်း(၄)ပိုင်းပဲရှိပါမယ်။ ကျွန်တော် Episode ၄ ပိုင်းလုံးကို ဒီမှာပဲ တင်ဆက်လိုက်ပါတယ်။+++++++++++++++++++Maigret Sets a Trap (Season-1,Episode-1)ဇာတ်လမ်းအကျဉ်းမှာတော့ ပဲရစ်မြို့ရဲ့ မွန့်မာတေး ...
8.1
TMDb: 8.1/10 38 votes
tv

Maigret (2016-2017)

2016
The Man in the High Castle(2016) Season 2 7.6
The Man in the High Castle(2016) Season 2 The Man in the High Castle(2016) Season 2*****************************************အပိုင်း (၁  မှ ၁၀  ) စ / ဆုံး အညွှန်းကိုတော့ စပွိုင်လာဖြစ်နေမယ်စိုးလို့ Season 1 က ဟာကိုပဲကူးယူဖော်ပြထားပါတယ်....The Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာအတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီးကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေအကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ဖက်ဆစ်တွေကလည်းကမ္ဘာတစ်ခုလုံးကို ...
7.6
TMDb: 7.6/10 890 votes
tv

The Man in the High Castle(2016) Season 2

2016
Daredevil(2016)Season 2 8.1
Daredevil(2016)Season 2 Daredevil(2016)Season 2 -<BLU-RAY1080P5.1CH>*****************************************************အပိုင်း (၁ မှ ၁၃ ) ထိ စ/ဆုံးS1 မှာ ဝဲဆန်ဖစ်ကြီးကို ထောင်ထဲထည့်ခဲ့ပြီးနောက်မှာတော့Daredevil ဖန်တွေအတွက် ပိုထူးခြားပြီး စိတ်ဝင်သွားစေမှာကတော့S2 မှာ မိန်းကလေးဖြစ်သော်ငြား ကြောက်စရာကောင်းတဲ့ အလက်တျာဆိုတဲ့တစ်ယောက်ပါလာသလို Punisher ကြီ:ကလည်း အားရပါးရ မြို့ကို ဗြောင်းဆန်အောင်ဝင်ဗျင်းတာပါပဲ...သတ်ဖြတ်ခန်းတွေနည်းလို့  S1မှာအားမရတဲ့သူတွေအတွက်တော့ S2 မှာတော့အလောင်းတွေ တောင်လိုပုံနေပါတယ်....ဆိုတော့ ခံစားကြည့်ကြပါဦ:..Episodes: 13File Size: 2.0GB, 500MBQuality :Blu-Ray1080p5.1Ch,720pGenres: Crime, Drama, Action & AdventureTranslated by  CM TeamEncoded by  Phyo Pyae  Episode 1 720P>>>> UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB  |  VIP 1080P>>>> UsersDrive   | Yoteshin |     MegaUp    ...
8.1
TMDb: 8.1/10 3286 votes
tv

Daredevil(2016)Season 2

2016
Another Miss Oh(2016) 8.2
Another Miss Oh(2016) Another Miss Oh(2016) ဇာတ်လမ်းတွဲ**********************************အပိုင်း ( ၁ မှ ၁၈) ထိ စ/ဆုံးWHY HER (2022) ဇာတ်လမ်းတွဲထဲက မမ အိုဆူဂျယ်ရဲ့ဇာတ်လမ်းတွဲကောင်းဖြစ်တဲ့ ဒီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်လမ်းတွဲဟာ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်လို့အားပေးတဲ့သူလည်း များပြားလှပါတယ်...ဒါ့ကြောင့် CM ကနေ ရုပ်ထွက်အကောင်းဆုံး 1080Pလေးနဲ့တင်ဆက်ပေးလိုက်တာမို့ မိုးအေးအေးလေးနဲ့ခံစားချင်သူများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်...ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမက မင်္ဂါလာဆောင်ခါနီး တစ်ရက်အလိုမှာတင်သတို့သားနဲ့ သတို့သားနဲ့ ခွာပြဲခဲ့တာကြောင့် မိသားစုအသိုင်းအဝန်းကြားမျက်နှာပျက်ခဲ့ရပါတယ်...ဒါ့အပြင် အလုပ်မှာလည်းအဆင်မပြေမှုများစွာနဲ့ဖြတ်သန်းနေရတဲ့ကောင်မလေးပေါ့...ဒီလိုကံကြမ္မာဆိုးဟာ တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ကြောင့်ဖြစ်ရတယ်ဆိုလည်းမမှားပါဘူး...ဒီလိုယောင်္ကျားနဲ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းတွဲဟာ ရယ်ရတဲ့အခိုက်အတန့်တွေလည်းရှိသလိုသနားရ ဝမ်းနည်းရ ကြည်နူးရနဲ့မို့ ရသစုံလင်တဲ့ဇာတ်လမ်းတွဲလေးလို့လည်းဆိုနိုင်ပါတယ်...မင်းသား,မင်းသမီးတွေကလည်းနာမည်ကြီးတွေမို့ ခံစားကြည့်ကြပါဦး..Episodes: 18Aired: Jun 10, 2022 - Jul 23, 2022File Size: 1.4GB & 500MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Estel,So Ri,Thynn ...
8.2
TMDb: 8.2/10 152 votes
tv

Another Miss Oh(2016)

2016
Queen of the South (Season1+2+3+4) (2016) 7.668
Queen of the South (Season1+2+3+4) (2016)   မက္ကဆီကိုက မူးယစ်ဂိုဏ်းကြီးတွေအကြောင်းတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ်အက်ရှင်ဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ထရက်ဇာမန်ဒိုဇာဆိုတဲ့ကောင်မလေးက မက္ကဆီကိုနိုင်ငံ စီနာလိုအာမြို့လေးမှာ ငွေလဲပေးတဲ့သူအဖြစ်လုပ်ကိုင်နေရင်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ကောင်လေးနဲ့ ချစ်ကြိုက်မိသွားပါတယ်။ တစ်နေ့မှာတော့ သူ့ကောင်လေးကအသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ အသက်ဘေးအန္တရာယ်ကျရောက်လာတဲ့အတွက် လွတ်မြောက်အောင်ထွက်ပြေးခဲ့ရပါတယ်။သူ့ရည်စားကိုသတ်ပြီး သူ့နောက်ကိုပါလိုက်နေတဲ့ အင်အားကြီး အပီဖန်းနျိုဂိုဏ်းရဲ့လက်ကနေလွတ်မြောက်ဖို့ မက္ကဆီကိုကနေထွက်ပြေးရင်း အမေရိကန်နိုင်ငံဒါးလက်စ်မြို့က နောက်ထပ် မူးယစ်ဂိုဏ်းတစ်ခုရဲ့လက်ထဲရောက်သွားပြန်ပါတယ်။ အဲဒီဂိုဏ်းခေါင်းဆောင်ကလည်း အခြားသူမဟုတ်ဘဲ သူ့ကိုလိုက်ဖမ်းနေတဲ့ အပီဖန်းနျိုရဲ့ ဇနီးကမ်မီလာဖြစ်နေပါတယ်။ ဒါပေမဲ့ ကမ်မီလာကလည်း သူ့အကြံနဲ့သူ ထရက်ဇာကိုသူ့ယောက်ျားလက်မအပ်ဘဲ လက်သပ်မွေးထားပါတယ်။ ကမ်မီလာက အကွက်ကျကျမြင်တတ်ပြီး ပါးနပ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ယောက်ျားဦးစီးနေတဲ့မူးယစ်ဂိုဏ်းဟာ သူကိုယ်တိုင်တည်ဆောက်ပျိုးထောင်လာခဲ့ရတာဆိုပြီး လက်လွှဲအုပ်ချုပ်လိုတဲ့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ထရက်ဇာကလည်း ငယ်ငယ်ကတည်းကငွေလဲတဲ့သူအဖြစ်ပဲ လုပ်ကိုင်လာခဲ့ပြီး မူးယစ်ဂိုဏ်းတွေအကြောင်းဘာမှမသိခဲ့ပေမဲ့ သူ့အသက်ရှင်သန်ရေးအတွက် ရက်စက်တဲ့အပီဖန်းနျိုရော၊ ပါးနပ်တဲ့ကမ်မီလာလက်ကရောလွတ်နိုင်ဖို့ အမျိုးမျိုးဉာဏ်သုံးကြိုးစားရင်း သူမပါဝင်မပတ်သက်ချင်တဲ့ ရက်စက်မှုတွေပြည့်နေတဲ့ မူးယစ်ဆေးအရောင်းအဝယ်လောကထဲကို ဝင်ရောက်ရတော့မလိုပါဖြစ်လာနေပါတယ်။ဒီစီးရီးလေးကတော့ ထရက်ဇာအနေနဲ့ ရွေးချယ်စရာမရှိတဲ့ဘဝမှာ ရှင်သန်ရုန်းကန်ရင်း မူးယစ်ဂိုဏ်းလောကမှာ သုညဘဝကနေ ထိပ်ဆုံးထိရောက်လာအောင်ကြိုးစားရမယ့်ပုံတွေအပြင် အပီဖန်းနျိုနဲ့ ကမ်မီလာတို့လင်မယားအချင်းချင်း အာဏာလုဖို့အားပြိုင်မှုတွေ၊ ရဲတွေကိုပါကြိုးဆွဲထားနိုင်တဲ့ မက္ကဆီကိုကမူးယစ်ဂိုဏ်းကြီးတွေရဲ့ ခွန်အားကြီးမှုတွေစသဖြင့် ...
7.668
TMDb: 7.668/10 364 votes
tv

Queen of the South (Season1+2+3+4) (2016)

2016