Channel Myanmar

Historical

The Age of Blood (2017) 6.2
The Age of Blood (2017) The Age of Blood (2017)***********************IMDb... 6.2 Action,Drama ကားကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက်မင်းသား Jung Hae-in နဲ့ The Haunted Palace ထဲက မင်းကြီး Kim Ji-hoon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂျိုဆွန်းရဲ့အတော်ဆုံး ဓားဝိဇ္ဇာဖြစ်တဲ့ ဂင်ဟို (Jung Hae-in) ဟာ ကိစ္စတစ်ခုကြောင့်တော်ဝင်ကိုယ်ရံတော်ကနေ အကျဥ်းစောင့်အဖြစ် ရာထူးချခံလိုက်ရပါတယ်။ဒီလိုနဲ့ အကျဥ်းသားတွေကို စောင့်ကြပ်နေတဲ့ညတစ်ညမှာ အမည်မသိအုပ်စုတစ်စုကအကျဥ်းထောင်ကို မှောင်ခိုဝင်ရောက်လာပြီး တွေ့သမျှလူတွေကို သတ်ဖြတ်ရုံမကပုန်ကန်မှုကြီးရဲ့ ခေါင်းဆောင်အဖြစ် ဖမ်းဆီးခံထားရတဲ့ အီအင်ဂျွာ (Kim Ji-hoon) ကိုပါခေါ်ထုတ်သွားဖို့ ကြိုးပမ်းပါတော့တယ်။အဲဒီအုပ်စုဟာ အောယောင်းချောင်းလို့ခေါ်တဲ့ စစ်သည်တော် ၅ယောက်အဖွဲ့ဖြစ်နေပြီးအီအင်ဂျွာနဲ့အတူ ဘုရင်ကို သုတ်သင်ရှင်းလင်းဖို့ ကြံစည်နေတာကို ဂင်ဟိုတစ်ယောက်သိရှိသွားတဲ့အခါမှာတော့..သူပုန်တွေနဲ့ပြည့်နှက်နေတဲ့ နန်းတော်အတွင်းမှာ ဘုရင်ကိုကာကွယ်ဖို့အတွက် သူတစ်ဦးတစ်ယောက်တည်းဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲ.. ပုန်ကန်မှုကရော အထမြောက်သွားမလား...ဂင်ဟိုကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ရာဇဝင်ကားကိုမှ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့သရုပ်ဖော်ထားတာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu ...
movie

The Age of Blood (2017)

The Restless (2006) 6.5
The Restless (2006) The Restless (2006) *******************2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဝမ်းနည်းစရာကောင်းပြီး လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။Cast တွေအနေနဲ့ကတော့ ပရိသတ်တို့အားလုံးသိကြတဲ့ အနုပညာရှင်များဖြစ်တဲ့ Jung Woo-Sung ၊ Kim Tae-Hee ၊ " Buried Heart " မှ မင်းသားကြီး Heo Jun-Ho ၊ "Red Shoes" မှ So E-Hyun တို့အပြင် တခြားသော ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားကြလို့ Cast တွေနဲ့တင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း *************တစ်ချိန်က ဘုရင်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ ချောယုံးဒယ်ဆိုတဲ့ တော်ဝင်မကောင်းဆိုးဝါးနှိမ်နင်းသူ အဖွဲ့ ဟာ မင်းမျိုးမင်းနွယ်တွေရဲ့ ဒုစရိုက်မှုတွေကြောင့် ပြန်လည်ပုန်ကန်တဲ့အခါမှာတော့ အဖွဲ့ဝင်တွေ အကုန် သေဆုံးသွားကြရပြီးနောက် အဖွဲ့ပါ ဖျက်သိမ်းခံလိုက်ရပါတော့တယ်။ထိုသေဘေးကနေ လွတ်မြောက်သွားခဲ့တဲ့ ချောယုံးဒယ်ရဲ့အဖွဲ့ဝင်ဖြစ်သူ အီဂွက်(Jung Woo-Sung) ဆိုသူကတော့ သရဲတစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်းရှိပြီး နေရာအနှံ့မှာ မကောင်းဆိုးဝါးလိုက် နှိမ်နင်းရင်းနဲ့ ကံအကြောင်းမလှပဲ တမလွန်လောကကို ရောက်လာပါတော့တယ်။တမလွန်လောကမှာတော့ ...
movie

The Restless (2006)

Warriors of the Dawn (2017) 6.4
Warriors of the Dawn (2017) Warriors of the Dawn (2017)**************************IMDb... 6.4 CM ပရိသတ်တွေ ပိတ်ရက်မှာ ဇာတ်ကားကောင်းလေးကြည့်ပြီး နှပ်နိုင်ဖို့Lee Jung Jae, Yoo Jin Goo, Kim Moo Yeol စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအညွှန်းဂျပန်တွေရဲ့ကျူးကျော်မှုကို ကြုံလာရတဲ့အခါ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ ပြည်သူတွေကိုမကာကွယ်ဘဲ​ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။အဲဒီမှာ ဂွမ်ဟယ်ဆိုတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့စံမင်းသားက အကုန်တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်အင်အားနဲ့ လက်နက်တွေက မလုံလောက်တဲ့အခြေအနေမှာရှိနေတာကြောင့် အခက်အခဲတွေကြုံလာတဲ့အချိန်မှာ သူ့ဘက်က ကူညီပေးဖို့ ထိုအူဆိုတဲ့အစားထိုးတပ်သားခေါင်းဆောင်ကို အကူအညီတောင်းခဲ့ပါတယ်။​အစားထိုးတပ်သားဆိုတာ တပ်သားအစစ်မဟုတ်ဘဲ တပ်သားမလုံလောက်တဲ့အချိန်မှာစစ်အင်အားဖြည့်ဖို့ အသုံးပြုခံရတာပါ။အိမ်ရှေ့စံမင်းသားဂွမ်ဟယ်က ထိုအူနဲ့ သူ့လူတွေရဲ့အကူအညီကိုယူပြီး ဂျပန်တွေရဲ့ရန်ကိုရှောင်ရှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့  Yee Wai မှ ရေးသားထားပေးပါတယ်။) File Size : 3.26GB/ 1.59GB Quality ...
movie

Warriors of the Dawn (2017)

Harbin (2024) 8.2
Harbin (2024) Harbin (2024)****************IMDb... 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူPark Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ်မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ်စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ ...
movie

Harbin (2024)

4K HEVC
Operation Chromite (2016) 6.2
Operation Chromite (2016)  မင်းသားကြီး Liam Neeson တို့ Lee Jung Jae တိုလိုမျိုး Top cast တွေနဲ့ တကယ့်အဖြစ်အပျက်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။မြောက်ကိုးရီးယားတွေ ဘူဆန်မှာ အသာစီးရနေချိန် ရေကြောင်း၀င်လမ်းတစ်ခုတည်းသာရှိပြီး ထိုးဖောက်ဖို့ မလွယ်နိုင်တဲ့ အင်ချွန်းကို ကျူးကျော်တိုက်ခိုက်မယ့် ယူအန်မဟာမိတ်တပ်က ဂျန်နရယ်မက်အာသာဟာ လူ ၈ ဦးပါ လျှို့ဝှက်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ရေတပ်မိုင်းတွေ ချထားတဲ့နေရာတွေကို သိရအောင် လွှတ်လိုက်တယ်။သူတိုအဖွဲရဲ့တာ၀န်ဟာ ဂျန်နရယ်မက်အာသာတိုစစ်တပ်၀င်နိုင်အောင် လမ်းဖွင့်ပေးရမှာ ဖြစ်တာမို့လို့ အလွန်တရာအရေးပါပြီး အင်မတန်လည်း အရဲစွန့်ရာကျလွန်းပါတယ်။ ၁၉၅၀ ခုနှစ် ကိုးရီးယားနိုင်ငံ တောင်နှင့်မြောက်ကွဲချိန် လူပေါင်း ၃ သန်းကျော် သေဆုံးခဲ့ရပြီး ၃ နှစ်တာရှည်ကြာခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အရေးပါခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအကြောင်းပါ။ File size…(2 GB)/(960 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Action, ...
movie

Operation Chromite (2016)

2016
Razakar: The Silent Genocide of Hyderabad (2024) 7.8
Razakar: The Silent Genocide of Hyderabad (2024) Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့ လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့ ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။ နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့ နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 7 GB / 3 GB / 1.6 GB Quality…4k HEVC WEB DL / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Razakar: The Silent Genocide of Hyderabad (2024)

4K HEVC
The King’s Letters (2019) 6.4
The King’s Letters (2019) The King's Letters (2019)**************************IMDb... 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက်တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက်သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီးသူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး ‌သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကိုဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီးဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့...ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြားဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင်ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။  (ဇာတ်လမ်းအကျဉ်းကို  Hnin Wai Oo  မှ ရေးသားပေးထားပါတယ်။) File size…  1.12GB / 400MB Quality… WEB-DL 1080p 5.1 ...
movie

The King’s Letters (2019)

The Singer (2020) 6.6
The Singer (2020) The Singer (2020)*****************၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်‌တွေရဲ့ဘဝကို‌ ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့ ..ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့်မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီးဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီးဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ဇနီးဖြစ်သူကိုရော ...
movie

The Singer (2020)

YMCA Baseball Team (2002) 6.3
YMCA Baseball Team (2002) YMCA Baseball Team (2002)**************************ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho , Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့ Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့ Comedy , Drama , Sports ကားလေးပါ ..ဇာတ်လမ်းအကျဉ်း ****************ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာ သံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက် တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာက ဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် ..အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား ..ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကို ဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊ မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Lucien မှ ရေးသားထားပါတယ်)File size…1.68GB / 775MB Quality… ...
movie

YMCA Baseball Team (2002)

Rampant (2018) 6.7
Rampant (2018) Rampant (2018)*****************ဒီတစ်​ခေါက်ဇာတ်ကားက​တော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီးသရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ အရည်အချင်းမရှိတဲ့ဘုရင်​ကြောင့် ချင်နိုင်ငံရဲ့လက်​အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်​မြောက်ဖို့ကြိုးစားနေတဲ့စစ်မက်​ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှု​ကြောင့် အိမ်​ရှေ့စံမင်းသားသေဆုံးသွားပြီးညသရဲလို့​ခေါ်တဲ့ မ​ကောင်းဆိုးဝါး​တွေ ​ရောက်ရှိလာပါ​တော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းမှာ​မွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းကအိမ်​ရှေ့စံရဲ့ ​​သေတမ်းစာ​ကို ရရှိပြီး ဂျိုဆွန်းကိုပြန်​ရောက်လာပါ​တော့တယ်။​​ရောက်​ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံ​​ရေးအဖွဲ့အပြင် ညသရဲ​တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးအိမ်​ရှေ့စံရဲ့ အ​စေခံရဲမက်နဲ့ ​​တွေ့ဆုံကာ အ​ခြေအ​နေ​တွေကို တဖြည်းဖြည်းချင်းနားလည်လာပါ​​တော့တယ်။နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေ​ကြောင့် မင်းကြီး​သေဆုံးကာနန်း​တော်တစ်ခုလုံး ညသရဲအဖြစ် ​ပြောင်းလဲသွားပြီး​ ဂျိုဆွန်းတစ်ပြည်လုံးကိုကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ ​ တာဝန်ဖြစ်လာတဲ့အခါမှာတော့...မင်းသားဂန်ရင်းက ​သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်​ပြီး ညသရဲ​တွေကိုဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကို​တော့ ဆက်လက်ကြည့်ရှုလိုက်ရ​အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : ...
movie

Rampant (2018)

The History of Us (2024) 6
The History of Us (2024) The History of Us (2024)*************************ပရိသတ်ကြီးတို့ ပိုစတာနဲ့ မျှော်နေကြတဲ့ ဇာတ်ကားလေးထွက်လာပါပြီရှင်။ဒီကားလေးကတော့ ဂျိုဆွန်းခေတ်ရဲ့ သမိုင်းမှတ်တမ်းကို ဖျက်ပစ်ချင်နေတဲ့အိမ်ရှေ့စံမင်းသားလေးနဲ့ သမိုင်းကို ကာကွယ်ချင်တဲ့ မှတ်တမ်းအရာရှိလေးတို့ရဲ့အကြောင်းကို ရိုက်ပြထားတဲ့ နန်းတွင်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။Castတွေအနေနဲ့လည်း "The Great Shaman Ga Doo-shim, Startup" ထဲကNam Da Reum နဲ့ "Racket Boys, Dog Days" ထဲက Tang Jun Sangတို့ ကအဓိက ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကတော့..နမ်ယောဂန်း (Tang Jun Sang)ဟာ စာအုပ်ဖတ်ရတာကြိုက်ပြီး အပြင်လောကနဲ့အထိအတွေ့သိပ်မရှိတဲ့ ပညာသင်တစ်ယောက်ပေါ့။သူဟာ အထက်တန်းလွှာတွေအတွက် တာဝန်ထမ်းဆောင်ရတဲ့ ဂုဏ်သိက္ခာရှိမှတ်တမ်းအရာရှိတစ်ယောက်ဖြစ်လာပြီး မကြာခင်မှာပဲ သူ မထင်မှတ်ထားတဲ့ကိစ္စတစ်ခုကြီးတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။အိမ်ရှေ့စံမင်းသား (Nam Da Reum) ကတော့ ဂျိုဆွန်းခေတ်သစ်ကို တည်ထောင်လိုပြီးသူ့ရဲ့အပြစ်အနာအဆာတွေကိုဖုံးကွယ်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း သမိုင်းဝင်မှတ်တမ်းတွေကိုဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပြီး သူ့အစီအစဉ်တွေဟာ ...
movie

The History of Us (2024)

MAL·MO·E: The Secret Mission (2019) 6.9
MAL·MO·E: The Secret Mission (2019) MAL·MO·E: The Secret Mission (2019)***********************************အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ..ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ်(ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....)File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu ...
movie

MAL·MO·E: The Secret Mission (2019)

[18+] The Servant (2010)
[18+] The Servant (2010) The Servant (2010) ******************လူကြီးမင်းတို့ပိတ်ရက်မှာ အပန်းဖြေကြရအောင်လို့ အခုလို ပူပူစပ်စပ်...၁၈ယောက်အထက် စုကြည့်ရတဲ့ စပိုင်စီကားလေးကိုတင်ဆက်‌ပေးပါရစေ။Forbidden questဒါရိုက်တာကြီးရဲ့ နောက်လက်ရာတစ်ခုဖြစ်တဲ့ ဒီကားလေးမှာ...Parasite နဲ့ Casa Amor မှ မင်းသမီးချော Cho Yeo Jeong ကို...Kim Ju Hyeok နဲ့ Ryoo Seung Bum တို့မင်းသားနှစ်လက်နဲ့ အပြိုင်တွေ့ကြရမှာဖြစ်ပါတယ်။ကိုရီးယားရိုးရာအချစ်ပုံပြင်လေးတစ်ခုကို အမှီသဟဲပြုပြီး ပြန်လည် ဆန်းသစ်ဖန်တီးထားတဲ့...ဒီဇာတ်လမ်းလေးထဲမှာ...ဆင်းရဲပေမဲ့ အချစ်တွေကတော့ အဆပေါင်းများစွာ ချမ်းသာတဲ့...အစေခံ‌ကောင်လေး ဘန်ဂျာကို ဇာတ်လိုက်အနေနဲ့ ကြည့်ရူခံစားရမှာဖြစ်ပါတယ်အထက်တန်းလွှာအိမ်တော်မှ သခင်လေးမုံယောင်းရဲ့ မိန်းကလေးချွန်းညန်းကိုမှ တမ်းတမ်းစွဲမိတဲ့ ဘန်ဂျာ၊‌မကျော်သင့်တဲ့စည်းကို ‌ကျော်လိုက်မိတဲ့ သူတို့‌‌တွေ၊ ပူပြင်းတောက်လောင်နေတဲ့ အချစ်တွေ...လိုချင်ရမ္မက်တွေနဲ့မတူဘဲ မထင်မှတ်ထားတဲ့ဇာတ်သိမ်းပိုင်းကြောင့်...ကြည့်ရူသူများ ရင်ထဲတစ်ခုခုကျန်ခဲ့မှာ အသေအချာပဲမို့ လက်မလွှတ်သင့်ပါဘူးနော်။ File size… 3.55GB / 1001MB Quality…WEB-DL 1080p 720p Genres: Historical, Comedy, Romance, Drama Duration: 2 ...
movie

[18+] The Servant (2010)

Detective K: Secret of the Living Dead (2018) 6
Detective K: Secret of the Living Dead (2018) Detective K: Secret of the Living Dead (2018)******************************************* Detective K ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Secret of the Living Dead ကတော့ကိုရီးယားနန်းတွင်း မကောင်းဆိုးဝါး ဟာသကားတွေကို ကြိုက်တဲ့သူတွေအတွက်ကွက်တိဖြစ်စေသလို Kim Myung Min, Oh Dal Soo, Kim Ji Won နဲ့ Lee Min Ki တို့ကအဓိကအနေနဲ့ ပါဝင်ထားလို့ cast တွေကလည်း ပြောစရာမလိုအောင်ကို ရှယ်တွေကြီးပဲနော်။-ဇာတ်လမ်းအကျဥ်း-အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂင်မင်း က မကောင်းဆိုးဝါးလောကကြီးကိုယုံကြည်ပြီး ဂျိုဆွန်းတိုင်းပြည်မှာ သွေးစုပ်ဖုတ်ကောင်ရှိနေတယ်လို့ ယုံကြည်ကာအချက်အလက်တွေကို လိုက်ရှာနေတဲ့သူဖြစ်တယ်။တစ်ရက်မှာတော့ ဂန်ဟွာကျွန်းက မီးလောင်ပြီးသေသွားတဲ့ အလောင်းတွေရဲ့ကွင်းဆက်လူသတ်မှုကို စုံစမ်းပေးဖို့အတွက် သူ့ဆီကို အမှုအပ်လာခဲ့တာကြောင့်ဂန်ဟွာကျွန်းကို သွားခဲ့တဲ့အခါမှာ အရမ်းလှပပြီး အားအရမ်းသန်ပြီး ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ဂင်မင်းကတော့ အဲဒီအမျိုးသမီးဟာ ဒီအမှုနဲ့ဆက်စပ်မှုရှိနေတယ်လို့ ထင်နေခဲ့ပေမဲ့အဲဒီအမျိုးသမီးကတော့ ...
movie

Detective K: Secret of the Living Dead (2018)

Quest for Fire (1981) 7.3
Quest for Fire (1981) ၁၉၈၁ မှာ ထွက်ရှိခဲ့တဲ့ ထူးခြားတဲ့ ဇာတ်ကားလေးပါ။ကျောက်ခေတ်မှာ အခြေတည်ထားတဲ့အတွက် တခြားရုပ်ရှင်တွေနဲ့ မတူဘဲ သဘာဝဖြစ်တည်မှုတွေအသက်ရှင်သန်မှုတွေ နည်းဗျူဟာတွေကို အသုံးချတတ်တဲ့ လူသားအဖွဲ့အစည်း အကြောင်းကို ရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ ကျောက်ခေတ်မှာ မီး ရရှိခဲ့တဲ့ လူမျိုးစုတစ်ခု သူတို့ရဲ့ မီးငြိမ်းသွားတဲ့အခါမှာ ထပ်မှန်ရရှိဖို့ ကြိုးစားရပါတော့တယ်ကျောက်ခေတ်လူသား ၃ ယောက် မီးရရှိဖို့ ထွက်လာခဲ့တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရဲရဲရင့်ရင့် ပူးပေါင်း ရင်ဆိုင်တာတွေဘာသာစကားမပါဘဲ လူသားတွေရဲ့ မူလအစ ဆက်ဆံရေးတွေကို ရိုက်ကူးထားတာမလို့အခုလို တိုးတက်ပြီးသား လူမှု အဖွဲ့အစည်းမှာ နေထိုင်နေတဲ့ ကျွန်တော်တို့ အတွက်ကတော့ ဒီ ဇာတ်ကားလေးကအရမ်းကို စိတ်ဝင်စားစရာကောင်းမှာပါ။ လူသားတွေရဲ့ ခေတ်ဦး အနုပညာနဲ့ ကျောက်ခေတ်သမိုင်းကိုစိတ်ဝင်စားရင်တော့ ဒီဇာတ်ကားလေးက ကြည့်ကိုကြည့်သင့်ပါတယ်  File Size :  3.4 GB, 1.5 GB Quality : Blu-Ray 1080p / 720p Running ...
movie

Quest for Fire (1981)

Detective K: Secret of the Lost Island (2015) 6.5
Detective K: Secret of the Lost Island (2015) Detective K: Secret of the Lost Island (2015)********************************************ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ Detective K series (၂၀၁၅) အပိုင်းမှာတော့ ဒီရုပ်ရှင်ရဲ့ပင်တိုင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Myung-Min , Oh Dal-Soo နဲ့ အတူအဓိကမင်းသမီးအဖြစ် East of Eden မှာ ဂျွန်စောအိုပါးနဲ့ အတွဲညီခဲ့တဲ့မင်းသမီး Lee Yeon-Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။- ဇာတ်လမ်းအညွှန်း -ဂျိုဆွန်းရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးမှူး ဂင်မင်းက ဂျိုဆွန်းမှာ ငွေချောင်းအတုအမြောက်အများ ပျံ့နှံ့နေတဲ့အတွက် အဲဒီငွေချောင်းအတုတွေကို ထုတ်လုပ်တဲ့သူတွေကိုခြေရာခံနေရတဲ့ အမှုပါပဲ။လိုက်စုံစမ်းရင်း စုံစမ်းရင်းနဲ့ ငွေချောင်းအတုတွေရဲ့ အရင်းခံရာနေရာက လူတိုင်းကြားရုံသာကြားဖူးပြီး တစ်ခါမှ အနားမသွားရဲကြတဲ့ နဂါးဘုရင်ကျွန်းဆိုတာကိုသိရှိသွားတဲ့နောက် ဆောဖီးနဲ့အတူ အရဲစွန့်ပြီး နဂါးဘုရင်ကျွန်းဆီသွားရောက်စုံစမ်းတဲ့အခါမှာတော့....ဒီဇာတ်လမ်းထဲမှာလည်း စစ်ဆေးရေးမှူးကြီးနဲ့ ဆောဖီးတို့ရဲ့ အလွဲတွေအပြင်မင်းသမီးရဲ့ အလှကိုလည်း တဝကြီး ကြည့်ရမှာမလို့ အမြန်ဆုံးကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Hnin ...
movie

Detective K: Secret of the Lost Island (2015)

Detective K: Secret of Virtuous Widow (2011) 6.5
Detective K: Secret of Virtuous Widow (2011) Detective K: Secret of Virtuous Widow (2011)**************************************************Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာမတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီးKim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော်ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။-ဇာတ်လမ်းအကျဥ်း-ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကိုစုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်ကနယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ ...
movie

Detective K: Secret of Virtuous Widow (2011)

The Great Battle (2018) 7
The Great Battle (2018) The Great Battle (2018)************************မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကိုအပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလိုတိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာအန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည်နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့..တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရောဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File ...
movie

The Great Battle (2018)