Channel Myanmar

Family

For Eagle Brothers (2025) 8.8
For Eagle Brothers (2025) For Eagle Brothers (2025)***************************အပိုင်းသစ် (၄၆) ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသား မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ Uhm Ji Won၊ Ahn Jae Wook၊ Yoon Park, Lee Seuk Gi၊ Shin Seul Ki တို့ အဓိကပါဝင်ထားတဲ့ မိသားစု ဟာသဒရာမာအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။-ဇာတ်လမ်းအညွှန်း-ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ဆယ်ရက်တည်းနဲ့ မုဆိုးမ ဖြစ်သွားရတဲ့ မာဂွမ်ဆော့ရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် အပျိုကြီးမမ ဖြစ်တဲ့ မာဂွမ်ဆော့ဟာ ရှီဝန်စာတိုက်ရုံးမှာ အလုပ်လုပ်နေရာကနေ Eagle ဘီယာချက်ရုံရဲ့ သူဌေးဖြစ်သူ အိုဂျန်းဆူနဲ့ အကြောင်းပါပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ထပ်ပြီးတဲ့ ၁၀ရက်အကြာမှာပဲ ကံမကောင်း အကြောင်းမလှစွာနဲ့ အိုဂျန်းဆူက ယာဥ်တိုက်မှုနဲ့ ဆုံးပါးသွားတဲ့အတွက် လတ်လတ်ဆတ်ဆတ် မုဆိုးမ ဖြစ်သွားရရှာတဲ့ မာဂွမ်ဆော့ဟာ မတ် လေးယောက်ရဲ့ စားဝတ်နေရေးအတွက် Eagle ဘီယာချက်ရုံကို ဦးစီးရပါတော့တယ်။ LX ဟိုတယ် ပိုင်ရှင် ဟန်ဒုံဆော့ကတော့ ...
8.8
TMDb: 8.8/10 100 votes
tv

For Eagle Brothers (2025)

2025
The Waterfront (2025) Season 1 [ Complete ] 7.679
The Waterfront (2025) Season 1 [ Complete ] Season 1အပိုင်း  ( ၁ မှ  ၈ ) အထိ စ / ဆုံးNetflix ရဲ့ The Waterfront ဇာတ်လမ်းတွဲကတော့ Dawson’s Creek နဲ့ The Vampire Diaries တို့ကို ဖန်တီးခဲ့တဲ့ Kevin Williamson ရဲ့ လက်ရာဖြစ်ပြီး North Carolina ကမ်းရိုးတန်းဒေသက စိတ်ကူးယဉ်မြို့ငယ်လေး Havenport မှာ အခြေတည်ထားပါတယ်။ဇာတ်လမ်းကတော့ Buckley မိသားစုရဲ့ ငါးဖမ်းလုပ်ငန်း၊ စားသောက်ဆိုင်နဲ့ မှောင်ခိုမူးယစ်ဆေးဝါးကုန်ကူးမှုတွေကြား ရုန်းကန်ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။Buckley မိသားစုဟာ အပြင်ကြည့်ရင် ချမ်းသာကြွယ်ဝလှပေမယ့်လည်း အတွင်းထဲမှာတော့ လျှို့ဝှက်ချက်တွေ၊ မတည်ငြိမ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။မိသားစုဝင်တွေဖြစ်တဲ့ မိသားစုဥက္ကဋ္ဌ Harlan (Holt McCallany)၊ ဇနီး Belle (Maria Bello)၊ သား Cane (Jake Weary) နဲ့ ...
7.679
TMDb: 7.679/10 14 votes
tv

The Waterfront (2025) Season 1 [ Complete ]

2025
Ronja the Robber’s Daughter (2024-2025) Season 1+2 [ Complete ] 7
Ronja the Robber’s Daughter (2024-2025) Season 1+2 [ Complete ]  Season 1  ++  အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံးSeason 2  ++ အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဓားပြသမီးရွန်ယာဟာ ၁၉၈၁ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ဆွီဒင်စာရေးဆရာ Astrid Lindgren ရဲ့ကလေးပုံပြင်စာအုပ်ကိုLive-Action တီဗီစီးရီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။စကန်ဒီနေးဗီးယားအလယ်ခေတ်အစောပိုင်းမှာ မားတစ်ဓားပြအဖွဲ့ဟာတောအုပ်ကြီးထဲက မားတစ်ခံတပ်မှာစခန်းချနေထိုင်လျက်ရှိပါတယ်။မိုးကြိုးမုန်တိုင်းတိုက်တဲ့တစ်ညမှာ ဓားပြခေါင်းဆောင်မားတစ်ရဲ့သမီးလေးမွေးဖွားခဲ့ပြီး ရွန်ယာလို့နာမည်ပေးခဲ့ပါတယ်။အဲဒီညမှာပဲ မိုးကြိုးပစ်လို့ မားတစ်ခံတပ်ကြီးက နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအရွယ်ရောက်လာတဲ့ရွန်ယာကိုဓားပြကြီးမားတစ်ဟာ အရိပ်တကြည့်ကြည့်နဲ့ချစ်မဝခင်မှာပဲနှစ်ခြမ်းဖြစ်နေတဲ့ခံတပ်ရဲ့မြောက်ဘက်ခြမ်းကို မားတစ်ရဲ့ကမ္ဘာ့ရန်ဘက် ဘော်ကာဓားပြတွေက ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ အက်ကွဲကြောင်းတစ်ခုပဲခြားတဲ့ခံတပ်ကြီးထဲမှာရွန်ယာဟာ တခြားတစ်ယောက်တည်းသောကလေးဖြစ်တဲ့ဘော်ကာရဲ့သားဘိခ်နဲ့ခင်မင်သွားခဲ့ပါတယ်။ရွန်ယာနဲ့ဘိခ်ဟာ မိသားစုတွေရဲ့အမုန်းတရားတွေအပြင်တောအုပ်ထဲက လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေကိုလည်းရင်ဆိုင်ကျော်လွှားကြရမှာဖြစ်ပါတယ်။  File Size – 1.06 GB / 492 MBQuality –WEB-DL 1080p HEVC  , ...
7
TMDb: 7/10 17 votes
tv

Ronja the Robber’s Daughter (2024-2025) Season 1+2 [ Complete ]

2024
Jane (2023-2025) 6.7
Jane (2023-2025)  Jane (2023-2025)Season 01 / 02 / 03 ( စ/ဆုံး ) ဒီစီးရီးလေးက Apple TV + မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Adventure/Education TV show တစ်ခုပါ။ Season 1 မှာ အပိုင်းဆယ်ပိုင်းပါဝင်ပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာပေးရေးအပြင် ဟာသနဲ့ မိသားစုဒရာမာတွေကိုပါ ထည့်သွင်းတင်ဆက်ထားပါတယ်။ဂျိန်းဂါစီယာ ဆိုတဲ့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ သူ့သူငယ်ချင်းတွေရဲ့ စိတ်ကူးယဥ် စွန့်စားခန်းဇာတ်လမ်းတွေ၊ မြေကမ္ဘာရဲ့ အံ့ဖွယ်အကြောင်းအရာတွေ၊သက်ရှိသတ္တဝါတွေအကြောင်း စူးစမ်းလေ့လာကြတာတွေကို အပိုင်းတစ်ခုချင်းစီအလိုက် မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ တင်ဆက်ထားတာပါ။အထူးသဖြင့် မျိုးတုံးပျောက်ကွယ်ဖို့ အန္တရာယ်များနေတဲ့ မျိုးစိတ်တွေကို အပိုင်းတစ်ခုချင်းစီ အသားပေးတင်ပြထားတာကို တွေ့နိုင်မှာပါ။ကလေးသူငယ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပညာပေးဖို့ ဦးတည်ထားတယ်ဆိုပေမဲ့ လက်တွေ့အပြင်လောကမှာ အရေးတကြီးလိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးတွေ၊အသိအမြင်နိုးကြားမှုတွေ၊ အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတဲ့အတွက် အသိပညာလိုလားသူ လူကြီးလူငယ်တွေပါ ကြည့်ရှုဖို့ အဆင်ပြေပါလိမ့်မယ်။ပညာပေးသက်သက် ...
6.7
TMDb: 6.7/10 34 votes
tv

Jane (2023-2025)

2023
WondLa (2023) 7.475
WondLa (2023)  မိသားစုနဲ့ကြည့်ဖို့ အသင့်တော်ဆုံး ကာတွန်းစီးရီးကောင်း အသစ်တစ်ခု တင်ဆက်ပေးထားပါပြီ။ ဇာတ်လမ်းကတော့ ကမ္ဘာပျက်ပြီးနောက်ဆုံးတွဲ သိပ္ပံစိတ်ကူးယဉ်လောကတစ်ခုအကြောင်းပါပဲ။အယ်ဗာဟာ မြေအောက်စခန်းတစ်ခုမှ ငယ်ငယ်ကတည်းက စက်ရုပ်တစ်ရုပ်နဲ့အတူ တစ်ယောက်တည်း ကြီးပြင်းလာတဲ့ ကလေးမလေး ဖြစ်ပါတယ်။ သူ့ကို မြေအောက်မှာ လေ့ကျင့်ပေးနေပြီး ရည်ရွယ်ချက်ကတော့ ကမ္ဘာမြေပေါ်မှာလူတွေပြန်နေလို့ရတဲ့အခါ အခြားလူသားမျိုးဆက်သစ်တွေနဲ့ ပြန်ပေါင်းစည်းပြီး ကမ္ဘာကြီးကို ပြန်ပြုပြင်ဖို့ပါပဲ။ဒါပေမဲ့ မြေပေါ်ကို တက်ဖို့အဆင်သင့်မဖြစ်ခင်လေးမှာပဲ မြေအောက်စခန်းကို ရန်သူတွေလာတိုက်ပြီး မြေပေါ်ကို ထွက်ပြေးခဲ့ရပါတော့တယ်။ မြေပေါ်မှာ ဘယ်လိုထူးထူးဆန်းဆန်းအကောင်တွေနဲ့တွေ့ပြီး ဘယ်လို မိတ်ဆွေတွေနဲ့ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…(393 MB)/(188 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:27 Genre...Scifi & Fantasy, Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr Anderson   Season 1Episode 1 720p  -  Yoteshin / ...
7.475
TMDb: 7.475/10 20 votes
tv

WondLa (2023)

2024
The Way Home (2022) Season 1+2+3 8.1
The Way Home (2022) Season 1+2+3  ကျွန်တော်တို့တစ်ခါတလေ လောကဓံလှိုင်းတွေရဲ့ အထုအထောင်းအောက်မှာ ပြားပြားဝပ်နေတဲ့အခါ ခိုလှုံစရာနေရာတစ်ခု နွေးထွေးတဲ့နေရာတစ်ခုကို တောင့်တတတ်ကြပါတယ်။ ဒီနေရာကတော့ ချစ်သူခင်သူတွေရှိတဲ့နေရာ အမှတ်တရကောင်းတွေရှိတဲ့နေရာ နွေးထွေးမှုတွေပေးနိုင်တဲ့နေရာဖြစ်တဲ့ မိသားစုဝင်တွေရှိနေတဲ့အိမ်ပါပဲ။ခင်ပွန်းဖြစ်သူ Bradyနဲ့ ခွဲနေရာကနေ မကြာခင် ကွာရှင်းပြတ်ဆဲတော့မဲ့ Kat နဲ့ မိဘနှစ်ပါးရဲ့ အဆင်မပြေမှုတွေကြားက အရိုင်းစိတ်တွေဝင်ပြီး အမေကိုမုန်းနေတဲ့ rebellious teenageလေး Alice ...သမီးဖြစ်သူကကျောင်းထုတ်ခံရတဲ့အပြင် သူကိုယ်တိုင်ကပါအလုပ်ပြုတ်သွားတော့ အကြံကုန်နေတဲ့ Kat ဆီကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူအဆက်အသွယ်မလုပ်ခဲ့တဲ့ Kat ရဲ့ အမေ ဒယ်ဆီက စာတစ်စောင်ရောက်လာပါတယ်။ဒီလိုနဲ့ပဲ Katတစ်ယောက် သမီးဖြစ်သူ Alice ကို ခေါ်ရင်းနဲ့ သူတို့ရဲ့ မိသားစုအမွေဖြစ်တဲ့ Landry Farm ရှိရာလည်းဖြစ်တဲ့ သူ့ရဲ့ ဇာတိကိုပြန်ဖို့ ဖြစ်လာပါတယ်။မြို့ကြီးသူဖြစ်တဲ့ Alice အတွက်ကတော့ ဖုန်းလိုင်းတောင် အနိုင်နိုင်ဖြစ်နေတဲ့ စိုက်ပျိုးရေးခြံဟာ အိပ်မက်ဆိုးပါပဲ။ အဖေ့ဆီကိုသာ ပြန်ဖို့ ...
8.1
TMDb: 8.1/10 votes
tv

The Way Home (2022) Season 1+2+3

2023
Club Friday Season 17 : Theory of Love_So Thong Khlong Khrai? (2025)
Club Friday Season 17 : Theory of Love_So Thong Khlong Khrai? (2025) သံယောဇဉ် ဆိုတဲ့ ရွှေချည်မျှင် (၂၀၂၅)သားသမီးဆိုတာက အိမ်ထောင်သည်ယောက်ျားတစ်ယောက်ကို ထွက်မသွားအောင် တားဆီးပေးတဲ့ "ရွှေချည်မျှင်" လို့ လူတစ်ချို့ကယုံကြည်ကြတယ်….ဒါပေမဲ့ အဲဒီယောက်ျားက လောဘကြီးပြီးမရောင့်ရဲတတ်တဲ့ယောက်ျားမျိုးဆိုရင်ရော….သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်နေတဲ့ သူမတို့မိသားစုဆီကို သမီးလေးရဲ့သူငယ်ချင်းနဲ့ မိခင်ဖြစ်သူတို့ ဝင်ရောက်လာတဲ့အခါ….ယောက်ျားဖြစ်သူနဲ့တခြားမိန်းမရဲ့ပတ်သက်မှုကိုသိသွားတဲ့အချိန်….ပျော်ရွှင်နေတဲ့မိသားစုလေးကိုဖျက်ဆီးမဲ့တစ်စုံတစ်ယောက်ပေါ်လာတဲ့အခိုက်အတန့်….ဇနီးသည်တစ်ယောက်တင်မဟုတ်ဘဲ မိခင်တစ်ယောက်အနေနဲ့ပါ ပျော်ရွှင်နေတဲ့မိသားစုလေးကိုထိန်းသိမ်းဖို့ သူမဘာဆက်လုပ်မလဲ ဆိုတာကို…. အပတ်စဉ်သောကြာနေ့တိုင်း CM ကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Trady က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ KHHZ, Trady, Chariya, Mary တို့ပဲ ဖြစ်ပါတယ်Genre..... Family, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 700MB / 270MB Format… mp4 Duration….45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... KHHZ, Trady, Chariya, Mary Encoder ..... Aaron720pEpisode 01 - YoteShin | GDToT | Megaup | StreamHG | TelegramEpisode 02 ...

Club Friday Season 17 : Theory of Love_So Thong Khlong Khrai? (2025)

Star Wars: Tales of the Underworld (2025) 7.718
Star Wars: Tales of the Underworld (2025)  Star Wars: Tales of the Underworld (2025)IMDb Rating (7.2) / Rotten Tomatoes (100%) ဒီ စတားဝေါ ကာတွန်းစီးရီးက အင်ပါယာအာဏာရပြီးခေတ်၊ ဂျဒိုင်းတွေ အမဲလိုက်ခံရတဲ့ခေတ်ကိုအခြေခံထားတာပါ။ကောင့် ဒူကူရဲ့ လက်စွဲတော် လုပ်ကြံရေးသမား ဗန့်ထရက်စ်နဲ့ ဂျဒိုင်းလူငယ်တစ်ယောက်တို့ စွန့်စားခန်းဖွင့်ကြပုံတွေ၊ သေနတ်သမား သူငယ်ချင်းနှစ်ယောက်ရဲ့ ဇာတ်လမ်းတွေ ပါဝင်ပါတယ်။Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ ...
7.718
TMDb: 7.718/10 55 votes
tv

Star Wars: Tales of the Underworld (2025)

2025
Villains Everywhere (2025) [Complete]  7.7
Villains Everywhere (2025) [Complete]  Villains Everywhere (2025)**************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ မိသားစုကားလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်ကြီးတို့အတွက်အသစ်ထွက်ရှိလာတဲ့ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီးဒရာမာများစွာမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဝါရင့်မင်းသား၊မင်းသမီးကြီးတွေနဲ့တက်သစ်စ မင်းသား၊မင်းသမီး ချောချောလေးတွေ ပါဝင် သရုပ်ဆောင်ထားတဲ့ကားဖြစ်တာကြောင့်အမြင်ဆန်းသစ်စေမဲ့ Comedy , Family ဇာတ်လမ်းလေးဆိုရင်လည်း မမှားပါဘူးနော်။-ဇာတ်လမ်းအညွှန်း-Oh Na-ra ကတော့ အရင်က လေယာဉ်မယ်တစ်ဦးဖြစ်ခဲ့ဖူးပြီး အခုခါမှာတော့ Seo Hyun-Chul နဲ့လက်ထပ်ကာ အချိန်ပြည့် အိမ်ထောင်ရှင်မအဖြစ်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေရတဲ့ သားတစ်ယောက်နဲ့သမီးတစ်ယောက်ရဲ့ မိခင်တစ်ဦးပါ။ သူမဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီးတော့ မိသားစုအပေါ်မှာလည်းဟိတ်ဆိုတာနဲ့ တန်းပါတိတ်သွားကြမဲ့အထိ အာဏာသက်ရောက်သူလည်းဖြစ်ပါတယ်။သူမရဲ့ ညီမဖြစ်သူ Oh Yu-Jin ကတော့ ဟင်းချက်သင်တန်းတစ်ခုရဲ့ ဆရာမဖြစ်သလို Song Jin-Woo နဲ့လက်ထပ်ကာ သားနှစ်ယောက်ရဲ့ မိခင်အဖြစ်နဲ့လည်း တာဝန်ယူထားသူတစ်ဦးပါ။“Villains Everywhere” ဆိုတဲ့အတိုင်း နေရာတိုင်းမှာ ဗီလိန်တွေနဲ့ ပြည့်နေပြီး ကိုယ်စီမိသားစုတွေရဲ့ပြဿနာတွေ ...
7.7
TMDb: 7.7/10 votes
tv

Villains Everywhere (2025) [Complete] 

2025
Pyaar Testing (2025)
Pyaar Testing (2025) Pyaar Testing (TV Mini Series 2025) "အချစ်တဲ့လား" IMDb - 6.9/10ZEE5ကနေ ထုတ်လွှင့်လိုက်တဲ့ ဟင်ဒီအချစ်ဟာသ ရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၇ကထွက်ရှိခဲ့တဲ့ မာရသီစကားပြော Chi Va Chi Sau Ka (2017)ရဲ့ ဇာတ်လမ်းနဲ့ ဆင်တူတယ်လို့လည်း ဆိုကြပါတယ်။မြန်မာနိုင်ငံသားတို့ မစိမ်းကြတဲ့ လော်စပီကာကနေ လွင့်ပျံလာတဲ့အသံချဲ့စက်ဆရာရဲ့အသံ ဟဲလို တက်စတင် ဝမ်း တူး သရီးဆိုတဲ့ မိုက်ခရိုဖုန်းစမ်းတာလိုမျိုးပဲ ဒီဇာတ်လမ်းရဲ့နာမည်ကတော့ အချစ်ကို စမ်းသပ်တာပေါ့။အချစ်ဆိုတာမျိုးက နားလည်မှုတွေနဲ့မှပဲ အဆင်ပြေတာလား၊ တကိုယ်ကောင်းဆန်မှုတွေနဲ့ရော အဆင်ပြေကြလေသလား??? တစ်ယောက်နဲ့တစ်ယောက်နားလည်နေမှ အချစ်လို့ခေါ်တာလား??? ကိုယ့်သတ်မှတ်ချက်တွေ ခံယူမှုတွေအတိုင်း တစ်ဘက်လူ ရှင်သန်နေမှပဲ အချစ်တဲ့လား???အချစ်ဆိုတာကို ဘယ်သူမှ သဲသဲကွဲကွဲ အဓိပ္ပါယ်ဖွင့်ဆိုမပြနိုင်ခဲ့တော့လည်း အခက်သား။ဒီရုပ်သံစီးရီးက နှစ်ဖက်မိဘတွေ သဘောတူလို့ယူကြရမဲ့ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်း။ မယူခင်မှာ သတို့သမီးလောင်းဖြစ်သူဘက်က အိမ်ထောင်မပြုခင် နှစ်လအတူနေကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ...။နှစ်ဘက်အသိုင်းအဝိုင်းရဲ့ ခံယူချက်တွေ၊ ယောကျ်ားမိန်းမဆိုတဲ့ အတ္တတွေကြားက သဘာ၀တရားကို ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...

Pyaar Testing (2025)

2025
My Merry Marriage (2024) [Complete] 8.8
My Merry Marriage (2024) [Complete] My Merry Marriage (2024)************************အပိုင်း (၁ မှ ၁၂၅) စ/ဆုံးမိသားစု ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ My Merry Marriage ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိန်ဂုံဟီး(Park Ha Na)ဟာ J-Fashion ကုမ္ပဏီမှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်စရိုက်အရဆိုရင်တော့ ထက်မြက်ပြီး ရဲရင့်တဲ့ အမေ့သွေးနဲ့ အားကစား စွမ်းရည်ရှိတဲ့ အဖေ့သွေးတွေ စီးဆင်းနေတဲ့ ကောင်မလေးပါ။ မိန်ဂုံဟီးမှာ မိန်ဂုံဘူလို့ ခေါ်တဲ့ ဆရာဝန် အစ်ကို တစ်ယောက်လည်း ရှိပါသေးတယ်။ဂုံဟီးတစ်ယောက် J-Fashion ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း ငယ်သူငယ်ချင်းဖြစ်သူ ဂူဒန်းဆူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ တကယ်တော့ ဒန်းဆူဟာ J-Fashion ကုမ္ပဏီက ဥက္ကဌကြီးရဲ့ မြေးဆိုလည်း မမှားပါဘူး။ ရေမြေရပ်ခြားမှာ နေထိုင်ရင်း လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့ ဒန်းဆူဟာ အမွေဆက်ခံရမဲ့ ကိစ္စရပ်တွေကြောင့် ကိုရီးယားကို ပြန်ရောက်ရှိလာပြီး ငယ်သူငယ်ချင်း မိန်ဂုံဟီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။မိသားစု၊ အချစ်၊ အလွမ်းနဲ့ ဟာသ ရသလေးတွေ ...
8.8
TMDb: 8.8/10 1240 votes
tv

My Merry Marriage (2024) [Complete]

2024
Asura (2025) [Complete] 7.7

Asura (2025) [Complete]

2025
Mother and Mom (2025) 6
Mother and Mom (2025) Mother and Mom (2025) ************************စ/ဆုံးဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားသစ်လေးကတော့ တစ်ကိုယ်တော်အမေနဲ့အလုပ်ကြိုးစားတဲ့အမေတို့ရဲ့ဘဝကို လက်တွေ့ကျကျ နှိုင်းယှဥ်ရိုက်ကူးပေးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း -------------အီဂျောင်အွန်း(Jeon Hye Jin)ဟာ အလှအပရေးရာစက်ရုံမှာအလုပ်လုပ်နေတဲ့ Marketer တစ်ဦးဖြစ်ပြီး၇နှစ်အရွယ်သမီးလေးရဲ့ပညာရေးကိုပါ သေချာပံ့ပိုးပေးချင်နေသူပါ...ငယ်စဥ်ကတည်းက အမြဲအလုပ်များနေတဲ့အမေဖြစ်သူကြောင့် စောစောရင့်ကျက်ခဲ့ရတဲ့သူမဟာ အိမ်ထောင်ကျပြီး သမီးလေးပါမွေးပြီးတဲ့အချိန်မှာတော့အမေ့ရဲ့ပျက်ကွက်ခဲ့မှုတွေအပေါ် နားလည်လာပါတော့တယ်...ဟုမ်းရှော့ပင်းရဲ့အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ဟုံးဂျယ်မန်(Jun Suk Ho)ကတော့ အမြဲတမ်းမိန်းမကိုပဲ အားကိုးနေရတဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့အပြင်စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် လုပ်ငန်းခွင်မှာအမြဲရုန်းကန်နေရသော်လည်း မိသားစုနဲ့ပတ်သတ်ရင်တော့အားလုံးကိုဘေးချိတ်ပြီး အစွမ်းကုန်ကြိုးစားလေ့ရှိပါတယ်...ဂျောင်အွန်းရဲ့ အမေဖြစ်သူ ယွန်းဂျီအာ(Jo Min Soo)ကတော့ တက္ကသိုလ်ဆေးရုံတစ်ခုရဲ့ကလေးသူငယ်အနုပညာကုထုံးဆရာမဖြစ်ပြီး ဂျောင်အွန်းကို တစ်ကိုယ်တော်အမေအဖြစ်ပျိုးထောင်လာခဲ့သူပါ...မြေးလေးရဲ့ကျောင်းကိုလိုက်သွားရာကနေ အဘွားယွန်းဂျီအာတစ်ယောက် သူ့မြေးလေးရဲ့အင်္ဂလိပ်စာပါမောက္ခဖြစ်တဲ့အီယောင်းအု(Jung Jin Young)နဲ့ သံယောဇဉ်တွေ ငြိတွယ်တိုးပွားလာတဲ့အခါ...သားအမိတွေကြား ဘယ်လို ကတောက်ကဆတွေဖြစ်ပြီး နားလည်မှုယူသွားကြမလဲဆိုတာကိုဟာသရိုမန့်စ်နှောပြီး ကြည့်ရှုနိုင်မယ့် မိသားစုကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်...Drama: Mother and Mom Genres: Comedy, Romance, Life, Family Country: South Korea Episodes: 8 Aired: Mar ...
6
TMDb: 6/10 votes
tv

Mother and Mom (2025)

2025
Bada Naam Karenge (2025) 10
Bada Naam Karenge (2025) Bada Naam Karenge 2025- (အိပ်မက်တွေနောက်ကိုလိုက်ရင်း )SonyLIV ကနေ တင်ဆက်ထုတ်လွှင့်ထားပြီး အပိုင်း၉ပိုင်းပါဝင်တဲ့ အချစ်ဒရာမာဟာသ မိသားစုဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ခေတ်လူငယ်လေးတွေဖြစ်ကြတဲ့ ရစ်ရှာ့ဘ်နဲ့ ဆူရ်ဘီတို့နှစ်ယောက်။ ရစ်ရှာ့ဘ်ကတော့ MBAဘွဲ့ကို ရထားပြီးတော့ အလုပ်ရှာနေသူတစ်ယောက်ပါ။သူဟာ အိမ်ထောင်ပြုပြီးတာနဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ ရှရီဂန်ဂါမုန့်ချိုဆိုင်ကို ဦးဆောင်ရတော့မှာဆိုပေမဲ့ အိမ်ထောင်မကျခင်အတောအတွင်းမှာ လုပ်ငန်းအတွေ့အကြုံရဖို့အတွက် ကြိုးစားလုပ်ကိုင်နေသူလေးတစ်ယောက်ပါ။ဆူရ်ဘီကတော့ လက်ရှိမှာ အဏုဇီဝဗေဒဘာသာနဲ့ MBA တက်နေပြီးတော့ PhD အထိ ဆက်ပြီးတော့ တက်လှမ်းဖို့ ရည်မှန်းချက်ရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ကို လူကြီးတွေက အိမ်ထောင်ဖက်တွေ့ပေးကြတဲ့အချိန်မှာတော့ ........အိပ်မက်တွေ အပြည့်နဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ရေးကိစ္စတွေနဲ့ သူတို့ ဘယ်လိုစီမံကြမလဲ ........ရှရီဂန်ဂါနဲ့ ဆူရ်ဘီတို့နှစ်ယောက် မိဘတွေပေးစားလို့ရယ်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ .....မိသားစုနှစ်ခု ပေါင်းစည်းဖို့ဖြစ်လာတဲ့နောက်မှာ ဘာတွေ ဘယ်လို ကြုံတွေ့လာရဦးမလဲ .....ဆိုတာတွေကို ဟာသလေးတွေနဲ့အတူ ရယ်ရယ်မောမောကြည့်ရှုရမဲ့ စီးရီးကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ Julien ~ V ~ ...
10
TMDb: 10/10 1 votes
tv

Bada Naam Karenge (2025)

2025
Win or Lose (2025) 8
Win or Lose (2025)  Season 1အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Pixar Animation Studios ရဲ့ Animated TV series လေးပဲဖြစ်ပါတယ်...ဒီကားလေးမှာဆိုရင် အလယ်တန်းကျောင်း Softball အသင်းတစ်သင်းရဲ့ ချံပီယံရှစ်ပြိုင်ပွဲတက်လှမ်းနိုင်ရန် ပြိုင်ပွဲဝင်စဉ်ကာလအတွင်း ဇာတ်ကောင်တစ်ခုချင်းစီရဲ့ အကြောင်းကို တစ်ပိုင်းစီပုံဖော်တင်ဆက်ပေးထားတာဖြစ်ပြီး ကျောင်းသားနဲ့ ဆရာကြား၊ဆရာနဲ့မိဘကြား၊ မိဘနဲ့သားသမီးကြား၊ ဆရာအချင်းချင်းကြား၊မိဘအချင်းချင်းကြား၊ ကျောင်းသားအချင်းချင်းကြား၊ နည်းပြနဲ့ကစားသမားများကြားစတဲ့ ဆက်ဆံရေးပေါင်းစုံကို ပြုံးရွှင်ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်.....ဒီ Animation ပရောဂျက်လေးကို Carrie Hobson နဲ့Michael Yates တို့နှစ်ယောက်က ၂၀၂၀ ကတည်းက စတင်ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး ၂၀၂၅ အရောက်မှ ထွက်ရှိလာတာပဲဖြစ်ပါတယ်.....Carrie Hobson ဟာဆိုရင် ပရိသတ်များရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တဲ့ Elemental (2023) နှင့် Toy Story 4 (2019) တို့မှာStory ...
8
TMDb: 8/10 3 votes
tv

Win or Lose (2025)

2025
Revenge Waits in the Shadows (2025)
Revenge Waits in the Shadows (2025) CM ပရိတ်သတ်တို့ရေ ဒီတစ်ခေါက် ပြသမယ့်ဇာတ်ကားကတော့သရုပ်ဆောင် ဖန်ကျစ်ကျန့်နဲ့ ကျန်းရှိန်တို့ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားအသစ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်မင်းသား ယွီဝိန်လျန်တို့မိသားစုတွေကို မသမာသူလူတစ်စုက သူတို့တွေကို စွပ်စွဲဖမ်းဆီးအကျဉ်းချပြီး ကွပ်မျက်ခဲ့တယ်။ယွီဝိန်လျန်ကတော့ အကျဉ်းထောင်အဖော်ဖြစ်တဲ့ လောင်လော်အကူညီဖြင့် ထောင်ဖောက်ထွက်ပြေးခဲ့တယ်။ထွက်ပြေးခဲ့ပြီး ၁၀နှစ်ကြာနောက်မှာ ယွီဝိန်လျန်က သူ့သရုပ်မှန်ဖုံးကွယ်ဖို့အတွက် စည်းစိမ်ချမ်းသာတဲ့ဟန်နီလော်အဖြစ် ရှန်ဟိုင်းကိုပြန်လာခဲ့တယ်။ဉစ္စာပြည့်စုံတဲ့စီးပွားလုပ်ငန်းရှင်အဖြစ် ရှန်ဟိုင်းပြန်ရောက်ပြီး သူ့ငယ်သူငယ်ချင်း လီရှီဝိန် ၊ ချစ်သူ လန်းရှင်းယိ တို့နဲ့ ပြန်လည်ဆုံဆည်ခဲ့တယ်အပေါင်းဖော်တွေနဲ့ပြန်လည်ဆုံဆည်ပြီး‌နောက်မှာ သူက သူတို့မိသားစုကိုလုပ်ကြံခဲ့တဲ့ မသမာသူကို ပြန်လည်ဖော်ထုတ်နိုင်မလား။၁၀နှစ်အတွင်း ဖုံးကွယ်ထားတဲ့ အံ့သြစရာကောင်းတဲ့ အမှန်တရားတွေ ‌ပေါ်ထွက်လာနိုင်မလား။သူ့မိတ်ဆွေနဲ့အတူ အခက်အခဲအတူတူ ဖြေရှင်းဖော်ထုတ်မှုတွေကို စောင့်မျှ်ောကြည့်ရှုကြရအောင်ပါနော်===========================Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Family Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...

Revenge Waits in the Shadows (2025)

2025
Cobra Kai (2018-2025) complete 8.1
Cobra Kai (2018-2025) complete ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ဇာတ်လမ်းအကျဉ်းကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး မိန်းမနဲ့ သမီးနဲ့အောင်မြင်တဲ့သူ ဖြစ်နေပါပြီ။ကော်ဘရာကိုင် ကရာတေး သင်တန်းလည်း ...
8.1
TMDb: 8.1/10 4140 votes
tv

Cobra Kai (2018-2025) complete

2018-2025
Perfect Match (2025)
Perfect Match (2025) CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ Perfect Match (နတ်ဖက်သောစုံတွဲများ)လို ခေါပြီးတရုတ်နာမည်အဖြစ်ကောင်းချီး၅သွယ် Wu Fu Lin Men လိုလည်းခေါ်ကြတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ အဓိကဇာတ်ဆောင်အဖြစ်မင်းသမီး (၅)ဦးနဲ့ မင်းသား(၅)ဦးတောင်ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း(၃၆)ပိုင်းပါရှိတဲ့အချစ်၊ ဟာသ နဲ့ မိသားစုရေးရာ ကိုအသားပေးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မြောက်ပိုင်း စုန့်မင်းဆက်ခေတ်မှာ ပျန့်ကျင်းက ဂုဏ်သတင်းမွှေးလှပြီးသာယာဝပြော ကြွယ်ဝချမ်းသာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။လီမိသားစုက အဲဒီမြိုကိုပြောင်းရွှေ့လာခဲကြတယ်။ လီမိသားစုမှာငယ်ရွယ်လှပတဲ့သမီး(၅)ယောက်ရှိပြီး တစ်ယောက်တစ်မျိုးအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သမီး(၅)ယောက်အတွက် ဘဝကြင်ဖော်ရှာဖွေဖိုကိစ္စရပ်တွေရယ်၊တစ်မြိုတစ်ရွာမှာ မိသားစုအခြေတကျဖြစ်ဖိုကြိုးပမ်းရတဲ့ မိသားစုရေးရာကိစ္စရပ်တွေရော၊နိုင်ငံရေး ကိစ္စရပ်တွေကိုပါဖြေရှင်းဖိုကြုံလာကြရတဲ့အခါမှာ မိသားစုလိုက်ဘယ်လိုမျိုးအလွဲလေးတွေနဲ့ ဖြေရှင်းပြီး အဆင်ပြေသွားနိုင်ပါ့မလားဆိုတာတော့ CMမှာဇာတ်ကားလေးကို ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။==========================Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Historical, Romance, Drama, Comedy Runtime : 45 min Subtitle : Myanmar Subtitle ...

Perfect Match (2025)

2025
Wizards Beyond Waverly Place (2024) 9.6
Wizards Beyond Waverly Place (2024) Wizards Beyond Waverly Place (2024)အားလုံးသိကြတဲ့အတိုင်း အသည်းကျော်လေး Selena Gomez ဆိုတာ ငယ်စဉ်ဘဝတုန်းက Disney ကလေးချန်နယ်တွေကနေ တက်လာတဲ့ အဆိုတော်/သရုပ်ဆောင်တစ်ယောက်ပါ။အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းက မှော်ဆရာ မိသားစု ဟာသ Sitcom (Wizards of Waverly Place) လေးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ သူလည်း ဆရာကျနေပြီဆိုတော့ သူကိုယ်တိုင် ထုတ်လုပ်၊ သူကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပြန်လာပြီး ဒီFamily Comedy Sitcom လေးကို အသစ်ဖြစ်စေခဲ့ပါတယ်။ ဒီမှာကျ သူ့အစ်ကို မိသားစုအကြောင်း အဓိက ဦးတည်ပြသွားမှာပါ။ဇာတ်လမ်းလေးကတော့ ဂျက်စတင်ဆိုတာ မှော်ကျောင်းကနေ အလုပ်ပြုတ်လာပြီး မှော်ပညာတွေစိတ်နာကာ မိသားစုကိုလည်း သူက မှော်ဆရာဆိုတာ မပြောပဲ ဇာတ်မြုပ်နေထိုင်နေတဲ့ ဖခင်တစ်ယောက်ပါ။သားနှစ်ယောက်ဖြစ်သူကလည်း သိတဲ့အတိုင်း အရွယ်မကွာတော့ ဘုနဲ့ဘောက်ပေါ့။ တစ်နေ့ကျ သူ့မွေးနေ့မှာ ညီမဖြစ်သူ (Selena Gomez) က ဘယ်ကမှန်းမသိတဲ့ ဘီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီး အိမ်ကိုရောက်ချလာပါလေရော။ ဒီဘီလီဆိုတာ ...
9.6
TMDb: 9.6/10 10 votes
tv

Wizards Beyond Waverly Place (2024)

2024
Bandish Bandits (2020) 7.2
Bandish Bandits (2020) Bandish Bandits (2024) "ဂန္ထဝင်ဂီတ"ယခုတဖန် တင်ဆက်ပေးမှာကတော့ ဟင်ဒီမြူဇစ်ကယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲပါပဲ။မြူဇစ်ကယ်ရုပ်ရှင်တွေကို ဖန်တီးတဲ့နေရာမှာပြောင်မြောက်လှတဲ့ ဒါရိုက်တာကြီးအာနန်တီဝါရီရဲ့ လက်ရာပေါ့။မှတ်မိအောင်ပြောရရင် ဗစ်ကီရဲ့ မြူဇစ်ကယ်ရုပ်ရှင် Love Per Square Foot (2018)ကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ။ ၂၀၁၉ခုနှစ်က ပထမတွဲထွက်ရှိခဲ့တဲ့ ဒီရုပ်သံစီးရီးကတော့ အောင်မြင်မှုတွေနဲ့အတူ ၂၀၂၄မှာ ဒုတိယတွဲထွက်ရှိလာတာမို့ နှစ်တွဲစလုံးကို cm bollywood teamကနေ တင်ဆက်ပေးလိုက်ပါတယ်။ရာဒေဆိုတာ ဘုရင်ကတောင်မြောက်စားရတဲ့ အဘိုးဖြစ်သူ ဂန္ထဝင်တေးဂီတပညာရှင်ကြီးရဲ့မြေးတစ်ယောက်။အဘိုးဖြစ်သူရဲ့ အရိုက်အရာကိုဆက်ခံဖို့ နေ့မနားညမနားကြိုးစားပေမဲ့ မိသားစုအခက်အခဲကြောင့် နန်းတော်မှာ စာရင်းကိုင်ဝင်လုပ်နေရတဲ့သူ။တာမာနာကတော့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ယောက်။ ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်အရ သီချင်းအသစ်ထုတ်ဖို့ရှိပေမဲ့ ခေါင်းထဲမှာ အဆင်ပြေတဲ့သီချင်းတစ်ပုဒ်မှရောက်မလာလို့ ဘူနေတဲ့ နာမည်ကျော်အဆိုတော်မလေး။ အကြောင်းတိုက်ဆိုင်လို့ ဂန္ထဝင်အဆိုတော်ဖြစ်ချင်တဲ့ရာဒေနဲ့ ပေါ့ပ်အဆိုတော်မလေးတာမာနာတို့ဆုံကြတဲ့အခါ။တာမာနာက သူ့ရဲ့ နောက်လာမဲ့သီချင်းမှာ ရာဒေကို ဝင်ဆိုစေချင်ပြီး ရာဒေကတော့ သူ့ဂီတကိုပဲ ဂီတလို့မြင်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့...။ Shankar–Ehsaan–Loyလို အောင်မြင်တဲ့တေးဂီတအဖွဲ့ကနေ နောက်ခံတေးသီချင်းတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)File Size – 700 MB(Appx;)@EpisodeQuality – 1080p WEB ...
7.2
TMDb: 7.2/10 17 votes
tv

Bandish Bandits (2020)

2020