Channel Myanmar

Family

Lucky Louie (2024) 6.7
Lucky Louie (2024) ဒီဇာတ်ကားမှာ အငြိမ်းစားရဲအရာရှိ ဝီလ်ဘတ်မိုဆာဟာ နှစ် ၅၀ ကြာ မဖြေရှင်းနိုင်ခဲ့တဲ့ 'ဒေါ်နယ်ဒပ်ခ် ဓားပြမှု' လို့ နာမည်ကြီးတဲ့ ဘဏ်ဓားပြမှုကို စွဲလမ်းနေသူပါ။တစ်နေ့မှာ မမျှော်လင့်ဘဲ မှုခင်းစိတ်ပညာကျောင်းသူ အဲလက်စ်နဲ့ သူဖမ်းခဲ့ဖူးတဲ့ ဘုရားကျောင်းက သူငယ်ချင်း လူဆိုးဟောင်းလေးယောက်(တို့နဲ့အတူ ဒီအမှုကို ပြန်လည်ပြသရင်း ဖြေရှင်းဖို့ ကြိုးစားပါတယ်။ ဒီဇာတ်လမ်းဟာ ရယ်မောဖွယ် အလွဲအချော်တွေ၊ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းရဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းထားတယ်။ဘာသာရေးယုံကြည်မှုကို နူးညံ့စွာ ထည့်သွင်းထားပြီး မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.41 GB) / ( 805 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT
movie

Lucky Louie (2024)

Aristocrats (2020) 7.1
Aristocrats (2020) Aristocrats (2020) *********************ဇာတ်လမ်းအညွှန်း ***************ဟာနာကိုဟာ တိုကျိုမြို့မှာကြီးပြင်းလာတဲ့ ကောင်မလေးတစ်ယောက်။သူအလိုရှိတာက အိမ်ထောင်ပြုပြီး အေးချမ်းတဲ့ဘဝလေးတစ်ခုနဲ့ မိသားစုလေး ထူထောင်ဖို့ ဆိုပေမဲ့ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဟာနာကိုရဲ့ချစ်သူက သူ့ကို အသက် ၃၀ ပြည့်ခါနီး မိဘတွေနဲ့ တွေ့ပေးဖို့လုပ်ခါနီးမှာ ထားသွားပါတော့တယ်။တစ်ဖက်က မိကိကတော့ နယ်မြို့လေးကနေ တိုကိုမှာကျောင်းတက်နိုင်ဖို့ ကြိုးစားခဲ့ရတဲ့သူပါ၊ လက်ရှိမှာတော့ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းလုပ်နေပြီး အဆင်မပြေလို့ လုပ်ငန်းပြောင်းချင်နေသူပေါ့။ဒီလို ဘဝအခြေအနေချင်း ဆီနဲ့ရေလိုခြားနေတဲ့ အမျိုးသမီးနှစ်ယောက် ကိုအိချိရိုဆိုတဲ့ ယောက်ျားတစ်ယောက်ကြောင့် ဆုံဆည်းဖို့ဖြစ်လာချိန်မှာတော့... (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.63GB / 875MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 5m Genre ….. Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet
movie

Aristocrats (2020)

Lilo & Stitch (2025) 6.9
Lilo & Stitch (2025)  Lilo & Stitch (2025)IMDb Rating (6.9) / Rotten Tomatoes (71%) ဒီဗားရှင်းကတော့ Webdl ကြည်တောက်ရှင်း ဗားရှင်းပါ။ ဒါပေမဲ့ official release မဟုတ်တော့ စာတန်းထိုးတော့ မရှိသေးပါဘူး။ဟာဝိုင်အီလေသံတွေမို့ ခက်ပေမဲ့ နားထောင်ပြီး ရသလောက် ပြန်ပေးထားပါတယ် 95% လောက်တော့ ကောင်းကောင်းပါပါတယ်။နောက် 4K ကျမှ 100% စာတန်းထိုးရပါလိမ့်မယ်။ မစောင့်နိုင်ရင် ကြည့်လို့ရပါပြီ။ ဖိုင်နယ်ဗားရှင်းကတော့ ဇူလိုင်လကုန်မှ ထွက်မှာပါ။အားလုံးကြိုက်ခဲ့ကြတဲ့ Disney ရဲ့ နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ Lilo & Stitch ကတော့ Live action အဖြစ်ထွက်လာပါပြီ။ပုံမှန် live action ရိုက်ရင် Fail နေကျ Disney က ဒီကားမှာတော့ ရုံတင်ဝင်ငွေကောင်းတစ်ခုနဲ့ Rating ကောင်းကောင်းတွေရထားပြီး အောင်မြင်နေပါတယ်။Hangover 1,2,3 ထဲက ...
movie

Lilo & Stitch (2025)

2025
Perayaan Mati Rasa (2025) 7.1
Perayaan Mati Rasa (2025)  Perayaan Mati Rasa (2025)IMDb Rating (7.1) ဘဝရဲ့အချိူးအကွေ့တခုမှာ မိသားစုတခုရဲ့ အကြီးဆုံးသားဖြစ်သူက မိသားစုကိစ္စတွေကို ဖြေရှင်းသွားတာကို ပြထားတဲ့ကားလေးပါ။သူရဲ့ခံစားချက်တွေကို ပင်လယ်အနက် level တွေနဲ့ နှိုင်းပြထားပြီး သူ့အဖေအမှတ်မထင်ဆုံးပါးသွားတဲ့အခါ အကြီးတယောက်အနေနဲ့ အီရန်ဟာရော့ခ်စတားဖြစ်ချင်တာကတဖက် အငယ်ကိုရော အမေကိုရော ဂရုစိုက်ရတာက တဖက်ဖြစ်သွားပါတယ်။အင်ဒိုနီးရှားမိသားစုကားလေးလည်းဖြစ်ပြီး emotional လည်းအရမ်းဖြစ်ရတဲ့ကားပါ။ Honestly, This is such a beautiful movieပါ။ Plotရော actingပိုင်းရော ပြောစရာမလိုတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(2 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family,Music Duration….02:05:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw
movie

Perayaan Mati Rasa (2025)

2025
Karate Kid: Legends (2025) 6.6
Karate Kid: Legends (2025)  Karate Kid: Legends (2025)IMDb Rating (6.6) / Rotten Tomatoes (59%) ဂျက်ကီချန်းပါဝင်တဲ့ ကရာတေးကောင်လေး ဒုတိယရုပ်ရှင်ဖြစ်ပါတယ်။HDTC အဆင့်ဖြစ်လို့ ရုပ်ကြည်ကြည် ကြည့်လို့ရပေမဲ့ official အကြည်တော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်ရုံတွေမှာ ချသွားပြီမို့ တင်ပေးထားတာပါ။ဒီရုပ်ရှင်မှာတော့ ကရာတေးမင်းသားအသစ်အဖြစ် Ben Wang က ပါဝင်ထားပြီး ဂျက်ကီချန်း အပြင် မူရင်းကရာတေးကစ်မင်းသား Ralph Macchio လည်း ပါဝင်ထားပါတယ်။Karate ရုပ်ရှင်တွေဟာ 1984 မှာပထမဆုံးစတင်ခဲ့ကတည်းက သိုင်းရုပ်ရှင်တွေရဲ့ icon တစ်ခုဖြစ်ခဲ့ပြီး ဆန်ဆေး မီယာဂီဟာလည်း ကမ္ဘာကျော်ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်တွေကို အစဉ်လိုက် ကြည့်မယ်ဆိုရင်The Karate Kid (1984)The Karate Kid Part II (1986)The Karate Kid Part III (1989)The Next Karate ...
movie

Karate Kid: Legends (2025)

2025
Paulie (1998) 6.5
Paulie (1998)  Paulie (1998)IMDb Rating (6.5) / Rotten Tomatoes (62%) DreamWorks ဆိုကတည်းကကို ကြည့်သင့်နေပါပြီ။ ၁၉၉၈လောက်က vibe မျိူးကို သတိရနေတဲ့လူတွေအတွက်ဒီကားက ၁၀/၁၀ပါ။ဇာတ်လမ်းအကျဉ်းပေါ်လီဆိုတဲ့ စကားပြောတတ်တဲ့ငှက်ကလေးဟာ သူချစ်ရတဲ့ပိုင်ရှင် မာရီနဲ့ ကွဲသွားခဲ့ပါတယ်။နှစ်အတော်အတန်ကြာပြီးတဲ့အခါ သူမာရီ့ဆီကိုပြန်သွားနိုင်ဖို့ ကြိုးစားပါတော့တယ်။အဲ့တော့ သူမာရီဆီရောက်သွားနိုင်မှာလား သူ လမ်းမှာဘယ်လိုလူမျိုးတွေနဲ့ ဘယ်လိုအခက်အခဲတွေတွေ့ရမှာလဲ။မာရီကရော သူ့ကိုမှတ်မိပါ့မလားဆိုတာ ကြည့်မှာဖြစ်ပါတယ်။ကြည့်နေတဲ့လူပါ ဇာတ်ကားမြောပါသွားမယ့်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (2.3 GB) / (1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Adventure, Comedy, Drama, Family Duration…. 01:31:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw
movie

Paulie (1998)

1998
The Swan Princess (1994) 6.4
The Swan Princess (1994) IMDb - 6.4 Rotten Tomatoes - 50%မင်းသမီးလေးကနေ ငန်းမလေးဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။နှစ်ပေါင်းများစွာသားသမီးမထွန်းကားတဲ့ ဘုရင်ကြီးတစ်ပါး တစ်နေ့မှာသမီးတော်လေးတစ်ယောက် ဖွားမြင်လာခဲ့တယ်။ မင်းသမီးလေးငယ်ငယ်ထဲကတစ်ဖက်နိုင်ငံက မင်းသားလေးတစ်ပါးနဲ့ မိဘချင်း သဘောတူထားတာပေါ့။ အဲလိုနဲ့ မင်းသမီးလေး အရွယ်ရောက်တဲ့တနေ့မှာတော့ တိုင်းပြည်ကိုသိမ်းချင်နေတဲ့မှော်ဆရာကြီးရဲ့ အကောက်ကြံတာကို ခံရပါတော့တယ်။မင်းသ‌‌မီးလေး Odette ရဲ့ အသံချိုချိုလေးနဲ့ မင်းသမီးဆန်တဲ့ အပြုအမူလေးတွေကမင်းသားနဲ့အတူ ကြည့်ရှူသူကိုပါ မျောသွားစေတာ အမှန်ပါပဲ။Disney ကမဟုတ်တဲ့ နုနုယွယွမင်းသမီးလေးတစ်ပါးရဲ့ ဇာတ်လမ်းလေးပေါ့။another princess story လေးမို့ မိုးရွာတဲ့ပိတ်ရက်တွေမှာ မိသားစုနဲ့တူတူ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ခုပါပဲ။  File size…    1.9 GB /  1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Swan Princess (1994)

The Thief and the Cobbler (1993) 7.1
The Thief and the Cobbler (1993) 1993 မှာထွက်ခဲ့တဲ့ animation လေးပါပဲ။ သာမန် သမားရိုးကျဖြစ်နေတဲ့ ဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ သူ့ရဲ့ animation style တွေ၊ sound effects တွေက surreal ဆန်ပြီး ကြည့်ရတာအီလေးမသွားစေတဲ့အချက်က ဒီကားကို သမားရိုးကျ 20 ရာစုနှစ် ကာတွန်းရုပ်ရှင်တွေဆီကနေကွဲထွက်သွားစေတဲ့ အချက်ပါပဲ။ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရအောင်။ ဟိုးရှေးရှေးတုန်းက ရွှေမြို့တော်ကြီးတစ်ခုရှိတယ်တဲ့၊ အဲမြို့ကြီးရဲ့ အလယ်ကမျှော်စင်ထိပ်မှာမြို့ကို အန္တရာယ်မကျရောက်အောင် စောင့်ရှောက်ထားတဲ့ ရွှေဘောလုံးသုံးလုံးရှိတယ်တဲ့။အဲဘောလုံးသုံးလုံးသာ အခိုးခံရမယ်ဆို မြို့ကြီးလှည်း ပျက်သုဥ်းရလိမ့်မယ်ဆိုပြီးဟောကိန်းတွေထုတ်ထားတာရှိတယ်။ ဇာတ်လမ်းတစ်ခုလုံးကလည်း ဒီဟောကိန်းပေါ်မှာပဲအခြေပြုပြီး ဖြစ်လာတာပေါ့။ Classic 2d animation လည်း ကြည့်ချင်တယ်၊ မြင်တွေ့နေကျ ဇာတ်ကောင်တွေသီချင်းဆိုပြီးစွန့်စားခန်းဖွင့်ကြတဲ့၊ မင်းသမီးကသီချင်းဆိုရင်း မင်းသားလာကယ်တာစောင့်တဲ့ဇာတ်လမ်းမျိုးတွေလည်း ကြည့်ရတာအီနေပြီဆို surreal ဆန်တဲ့ animation တွေနဲ့ ရိုးရှင်းတဲ့story ကို ကောင်းကောင်းပေါင်းစပ်ထားတဲ့ သူခိုးနှင့် ဖိနပ်ချုပ်သမား ဆိုတဲ့ ရုပ်ရှင်က သင့်အတွက်ပါပဲ။  File size…    2.2 ...
movie

The Thief and the Cobbler (1993)

Pariwar (2025) 7.8
Pariwar (2025) Pariwar (2025)  'လက်စွပ်တစ်ကွင်းပြဿနာ'===============================မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးတစ်ကားကို တင်ဆက်လိုက်ပါတယ်တစ်ချိန်က ဆင်တွေကိုတောင် ယဉ်အောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ ဘာစကာရန်တစ်ယောက် အသက် ၉၉ နှစ်အရွယ်မှာ ပန်းနာနဲ့ အိပ်ရာထဲလဲနေပါတော့တယ်ဒီတော့မှပဲ သားလေးယောက် အိမ်ကိုရောက်ချလာပြီး လက်စွပ်တစ်ကွင်းကို လုကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ချက်တွေပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲလူ့သဘာဝနဲ့ ရုပ်ဝတ္ထုစွဲလမ်းမှုအကြောင်းတိုကို ဟာသလေးနှောပြီး တင်ဆက်ထားတဲ့ ဒီမိသားစုဇာတ်လမ်းလေးမှာ ပရိသတ်တို ခံစားကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.42 GB / 756 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….01:56:22 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pariwar (2025)

2025
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56%   2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့  ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler  ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။  ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie

Hotel Transylvania 2 (2015)

2015
How to Train Your Dragon (2025) 8.1
How to Train Your Dragon (2025)  How to Train Your Dragon (2025)IMDb Rating (8.1) / Rotten Tomatoes (77%) 2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ HDrip အဆင့်ကြည်ပြီမို့ တင်ပေးထားလိုက်ပါတယ်။ စာတန်းထိုးမထွက်သေးတော့ ဘာသာပြန်ကတော့ နားထောင်ရသလောက်ပါပဲ။ CM ကတင်တာဆိုတော့ လိုင်းပေါ်က ကြုံရာခိုးရိုက်တွေထက်တော့ ပိုကြည်ပြီး ဘာသာပြန်မှန်ပါတယ်။ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ...
movie

How to Train Your Dragon (2025)

2025
All the Best Pandya (2025) 6.2
All the Best Pandya (2025) All The Best Pandya (2025) "ဘုဘောက်ကျတဲ့ ပန်ဒယာသားအဖ"မိသားစုဆက်ဆံရေးမှာ သားအဖချင်းမတည့်ကြတဲ့ကိစ္စက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုလို့ ဆိုရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲအပေါ်ယံကမတည့်ကြပါစေ၊ တကယ်အရေးကြုံလာတဲ့အခါ ကိုယ့်သွေးသားအတွက် ရပ်တည်ပေးကြတာကတော့ ထုံးစံပါပဲ။ဒီဒရာမာဇာတ်လမ်းထဲမှာ အက်ရှေးနဲ့သူ့အဖေကလည်း အမြဲဘုဘောက်ကျနေတဲ့သားအဖပေါ့။ စကားပြောရင်လည်း ဘယ်တော့မှအပေါက်အလမ်းမတည့်ပါဘူး။ဖခင်ကအစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး လာဘ်မစားတတ်တဲ့ တကယ့်လူဖြောင့်ကြီးပါ။ သားဖြစ်တဲ့အက်ရှေးကတော့ တစ်နေကုန်လက်ဖက်ရည်ဆိုင်ထိုင်၊ ရပ်ကွက်ရန်ပွဲဆို ထိပ်ဆုံးကပါတတ်သူ ဖြစ်ပါတယ်။တစ်နေ့တော့ မဟုတ်မမှန်တဲ့ကိစ္စတစ်ခုနဲ့ ဖခင်ဖြစ်သူစွပ်စွဲခံရပြီး အက်ရှေး‌တို့မိသားစုအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီအခါမှာတော့ ဖခင်ကိုအရွဲ့တိုက်ပြီး ဝေလေလေနေနေခဲ့တဲ့ အက်ရှေးက သူ့ဖခင်အတွက် ဘယ်လိုရပ်တည်ပြီး ခုခံကာကွယ်ပေးသွားမလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။မိသားစု-ဒရာမာဇာတ်လမ်းမှာမှ ရယ်စရာနဲ့ လူငယ်အချစ်ကိစ္စလေးတွေပါ ရောနှောတင်ဆက်ထားတာကြောင့် ရသစုံလင်ပြီး ကြည့်ချင်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါရစေ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 17min Subtitle….Myanmar Subtitle (Hard ...
movie

All the Best Pandya (2025)

Dilan 1983 : Wo Ai Ni (2024)
Dilan 1983 : Wo Ai Ni (2024) ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။ Filesize : 1.59 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Romance, Family, ...
movie

Dilan 1983 : Wo Ai Ni (2024)

The Jungle Book 2 (2003) 5.3
The Jungle Book 2 (2003) The Jungle Book 2 (2003)1967 မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ကာတွန်းကားရဲ့ အဆက်ဖြစ်ပြီး2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အပိုင်း 1 မှာတော့ တောတွင်းသားလေး မောဂလိဟာ ဝက်ဝံကြီး ဘလူး၊ကျားသစ်နက် ဘက်ဂီယာတို့နဲ့အတူ လူသားတွေနေတဲ့ရွာနားရောက်သွားပြီးမြစ်ထဲမှာရေခပ်နေတဲ့ ရှန်တီဆိုတဲ့ကောင်မလေးနောက်ကိုလိုက်သွားရင်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုအပိုင်း 2 မှာတော့ မွေးကင်းစကတည်းက တောတွင်းမှာပဲကျင်လည်လာခဲ့တဲ့မောဂလိတယောက် လူတွေကြားထဲမှာ စည်းကမ်း၊ အလုပ်တွေနဲ့ ‌နေရတဲ့ ဘဝကိုငြီးငွေ့လို့လာနေပါတယ်။ဒီလိုညတညမှာ မောဂလိကို လက်စား‌ချေချင်နေတဲ့ ရန်သူတော်ဟောင်းကျားကြီး ရှီယာခမ်းနဲ့ မောဂလိကို သူ့ရဲ့သားအရင်းလိုချစ်ရှာတဲ့ ဝက်ဝံကြီး ဘလူးတို့ကမောဂလိတို့နေတဲ့ရွာထဲကို ရောက်လာခဲ့ကြပါတယ်။ ရွာထဲကိုကျားဝင်လာလို့ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေချိန် မောဂလိလည်း ဘလူးနဲ့အတူ တောထဲပြန်ပါသွားခဲ့ပြီးမောဂလိတယောက် တောအုပ်ထဲနေရတဲ့ လွတ်လပ်တဲ့ ဘဝကို ရွေးချယ်မလား၊သူနဲ့မျိုးနွယ်တူ လူသားတွေရှိတဲ့ လူသားရွာကိုပဲရွေးချယ်မလားဆိုတာကိုရှီယာခမ်းလက်ကလွတ်အောင်ကြိုးစားတဲ့ စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။    File size…    1.6 GB /  800MB Quality… ...
movie

The Jungle Book 2 (2003)

Little Giants (1994) 6.5
Little Giants (1994) Little Giants 1994Genre: Family, Comedy, Sportsဒီ movie လေးက အိုဟိုင်ယိုက မြို့လေးမှာနေထိုင်တဲ့ညီအစ်ကို နှစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပါတယ် ။သူတို့ညီအစ်ကိုနှစ်ယောက်မှာ အကြီးဖြစ်တဲ့ ကယ်ဗင်ကဘောလုံးကစားတာမှာ အရမ်းတော်ပြီး အငယ်ဖြစ်တဲ ဒန်နီကတော့ဘောလုံးကစားတာ ညံ့ပါတယ်။ အဲလိုနဲ့ ကြီးလာတော့ ကယ်ဗင်ကဘောလုံးနည်းပြဖြစ်သွားပြီး ဒန်နီကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။ဒန်နီရဲ့ သမီးလေး ဘက်ဂီကလည်း အားကစားဝါသနာပါသူဖြစ်ပြီးဘောလုံးကစားရမှာလည်း တော်တယ် ။ကယ်ဗင်က မြို့အတွက် ဘောလုံးအသင်းဖွဲ့တော့ ဘက်ဂီအပါအဝင်တခြားသူတွေလည်းဝင်ပြိုင်ခဲ့တယ်။ဘက်ဂီဦးလေးကယ်ဗင်က ဘောလုံးအသင်းထဲ သူ့တူမကိုမထည့်တဲ့အပြင်တခြားသိပ်မကစားတတ်သေးတဲ့သူတွေလည်း အသင်းထဲကိုထည့်မပေးခဲ့ဘူး။ အဲ့အချိန်မှာ ဒန်နီကစိတ်တိုသွားပြီး သူ့သမီးအပါအဝင်တခြားသူတွေကို အသင်းတစ်သင်း ထပ်ဖွဲ့ပေးလိုက်ပါတယ်။ အဲလိုနဲ့ ညီကိုနှစ်ယောက်ရဲ့ ‌ကလေးအဖွဲ့‌ တွေကလည်း မြိုတစ်မြို့မှာဘောလုံးအသင်းတစ်သင်းပဲရှိရမှာဆိုပြီး တစ်သင်းပဲထားဖို့အတွက်ပြိုင်ပွဲပြိုင်ကြမယ်လို့ရက်သတ်မှတ်လိုက်ကြပါတယ်။ကယ်ဗင်အဖွဲ့ကကလေးတွေကပဲပိုတော်နေမလား ဒန်နီအဖွဲ့ကကလေးတွေကပိုတော်နေမလား ဘာပြသာနာတွေရှိနိုင်မလဲ‌‌ဆိုတာရယ် ၊ဘယ်အဖွဲ့ကနိုင်သွားမလဲ‌ဆိုတာ‌တွေကို ဟာသနှောပြီး ကြည့်ရမယ့်အားကစားmovie ကောင်းလေးမို့ ရုပ်ရှင်ချစ်သူတို့ကိုဒီကားလေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်   File size…    3 GB /  1.4 GB Quality… BluRay ...
movie

Little Giants (1994)

Mighty Joe Young (1998)
Mighty Joe Young (1998) Charlize Theron ခေါင်းဆောင်ပါဝင်ထားတဲ့ 90s family ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးမလေး Jill Young ဟာ နို့တိုက်သတ္တဝါတွေကို လေ့လာနေတဲ့ သတ္တဇီဝပညာရှင် မိခင်ဖြစ်သူ Ruth Young နဲ့အတူ အာဖရိက တောတောင်ထဲမှာ ဂေါ်ရီလာမျောက်ဝံမျိုးစိတ်တွေကို လေ့လာနေတာပါ။တစ်ညမှာတိရစ္ဆာန်တွေကို တရားမဝင် အမဲခိုးလိုက်ပြီး ရောင်းစားတဲ့ အဖွဲ့တစ်ဖွဲ့က မျောက်ဝံလေး Joe နဲ့ သူ့မိခင် အနောက်ကို လိုက်ရင်း Joe ရဲ့ မိခင်နဲ့ Jill ရဲ့ မိခင် နှစ်ဦးစလုံး ဆုံးသွားခဲ့ပါတယ်။ တစ်ညထဲမှာပဲ မိဘမဲ့ ဖြစ်ခဲ့ရတဲ့ Joe နဲ့ Jill ဟာ အချင်းချင်း စောင့်ရှောက်ပြီး ကြီးလာကြပါတယ်။ တစ်ရက် California တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းက Gregg O'Hara ဆိုတဲ့ ပညာရှင် တစ်ယောက်က ကျားသစ်တစ်ကောင်ရဲ့ ...
movie

Mighty Joe Young (1998)

Rock-A-Doodle (1991) 6.0
Rock-A-Doodle (1991) Rock A Doodle 1991ဒီဇာတ်ကားလေးကတော့ American Filmmaker & Animatorတစ်ယောက်ဖြစ်တဲ့ Don Bluth ရဲ့လက်ရာဖြစ်ပါတယ်။Don Bluth ဆိုတာနဲ့ The Land Before Time တို့An American Tail တို့ကိုပြေးမြင်မိကြမှာပါ။ဒါဆိုရင်တော့ Don Bluth နာမည်နဲ့တွဲပြီးတော့မှတ်ဖို့အတွက်ဒီဇာတ်ကားလေးလည်း တစ်ခုအပါအဝင်ဖြစ်လာမှာပါ။Live Action နဲ့ Animation ကိုရောယှက်ထားပြီးတော့Edmond ဆိုတဲ့ကောင်လေးရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကနေတစ်ဆင့်တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ Fantasy World ထဲကိုအလည်သွားမယ့်ဇာတ်ကားလေးလို့ပြောရင်လည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Chanticleer ဆိုတဲ့ကြက်ဖလေးကသူ့ရဲ့တွန်သံကြောင့် နေထွက်တယ်လို့ယုံကြည်ထားပြီးတော့ခြံထဲမှာလည်းသူ့ရဲ့အလုပ်က နေမင်းကိုနှိုးဖို့ပါ။Chanticleer ခြံထဲကနေထွက်သွားတဲ့နေ့ကစလို့နေကိုမမြင်ရတော့ပါဘူး။ ဒီတော့ Edmond နဲ့ Chanticleer ရဲ့သူငယ်ချင်းဟောင်းတို့ Chanticleer ကိုဘယ်လို အခက်အခဲတွေကြားကနေခြံထဲကိုပြန်ခေါ်ပြီး သူ့တွန်သံနဲ့နေအလင်းရောင်ကိုကမ္ဘာမြေပေါ်ဖြန့်ကျဲနိုင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Animation ဇာတ်ကားလေးဖြစ်ပေမယ့်လည်းအတုယူစရာ၊ သင်ယူစရာတွေလည်း ပြည့်နက်နေပါတယ်။တစ်ဦးတစ်ယောက်ရဲ့ Self-Belief ဘယ်လောက်အရေးပါတယ်၊ယုံကြည်မှုနဲ့ စည်းလုံးမှုရဲ့ အင်အားတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။IMDB မှာလည်း ...
movie

Rock-A-Doodle (1991)

We’re Back! A Dinosaur’s Story (1993) 6.0
We’re Back! A Dinosaur’s Story (1993) ဒီကားလေးကတော့ 1993 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့Classic Cartoon ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သိပ္ပံပညာရှင်တစ်ဦးဟာအချိန်ခရီးသွားပြီးတော့ သမိုင်းမတိုင်ခင်တုန်းကဒိုင်နိုဆောမျိုးစိတ်တွေကို ဉာဏ်ကောင်းစေတဲ့ဗီဇပေါ်လာအောင်အစားအစာတစ်မျိုးကို တိုက်ကျွေးပြီး ကမ္ဘာမြေပေါ်ကကလေးတွေအတွက် မိတ်ဆွေကောင်းတွေဖြစ်လာအောင်ကြံစည်ပါတယ်။ ဒါပေမဲ့ သူ့အကိုဖြစ်သူကတော့မကောင်းဆိုးဝါးဆန်တဲ့ဆပ်ကပ်ပွဲနဲ့အတူ ကလေးသူငယ်တွေအတွက်အကြောက်တရားတွေဖြစ်လာစေဖို့ ဒိုင်နိုဆောတွေကိုအရိုင်းဗီဇပြန်သွင်းပြီး ခြိမ်းခြောက်ဖို့ ပြန်ကြိုးစားပါတော့တယ်။ရယ်စရာပျော်စရာ ဟာသလေးတွေစိတ်လှုပ်ရှားစရာတွေနဲ့ပေါင်းစပ်ထားတာကြောင့်ကလေးငယ်တွေအတွက် ကြည့်ပျော်ရှုပျော်ရှိတဲ့ ကာတွန်းကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။  File size…    1.7 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ..... Sci-Fi/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Vader ft Riley
movie

We’re Back! A Dinosaur’s Story (1993)