Channel Myanmar

Family

Like Mike (2002) 5.4
Like Mike (2002) Like Mike (2002)IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီးကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC ...
movie

Like Mike (2002)

2002
From Up on Poppy Hill (2011) 7.4
From Up on Poppy Hill (2011) အဖေဖြစ်သူ စစ်ပွဲအတွင်းမှာဆုံးသွားပြီး အမေဖြစ်သူက အဝေးမှာရောက်နေတဲ့အတွက် Umiတို့မောင်နှမတွေကအဘွားအိမ်မှာ အတူနေရင်း Umi က “အစ်မကြီး အမိအရာ”ဆိုတဲ့စကားအတိုင်း ညီမငယ်လေးနဲ့ မောင်ငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရင်းရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီ‌လိုနဲ့ တစ်နေ့ ကျောင်းကန်တင်းမှာ Shun ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အမှတ်မတင် တွေ့ဆုံပြီးနောက် ရင်ခုန်တတ်လာပါတော့တယ်။Shun တို့သူငယ်ချင်းအဖွဲ့က ကျောင်းရဲ့အသင်းတိုက်အဆောက်အဦး ဖြိုချမခံရဖို့အရေး အစွမ်းကုန်ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။တစ်ရက် Umi ရဲ့ညီမလေးကိုအကြောင်းပြုပြီး Shun နဲ့ Umi တို့ ခင်မင်သွားကြပါတော့တယ်။ဒီလိုနဲ့ Shunတို့ရဲ့ အသင်းတိုက်အဆောက်အဦးကြီး ဖြိုချမခံရဖို့အတွက် Umi ကူညီပေးတာတွေ...Shun နဲ့နှစ်ယောက်ကြားက ပြဿနာတွေကို ရင့်ကျက်စွာ ဖြေရှင်းပုံတွေကို လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါစို့ File Size : 1.3 GB, 637 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : ...
movie

From Up on Poppy Hill (2011)

2011
Ready, Jet, Go! Space Camp: The Movie (2023) 6.0
Ready, Jet, Go! Space Camp: The Movie (2023) ဒီဇာတ်ကားလေး ကတော့ ကလေးကြိုက် Animation ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး သားသား၊ မီးမီးတွေကြိုက်မယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်းဂျက်ပရိုပေါ့ရှင်းဆိုတာကတော့ ကမ္ဘာပေါ်ကမဟုတ်ပါဘူး။သူက ဘော်ထရွန်(၇) ဆိုတဲ့ ဂြိုလ်မှာနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ မြင့်မြတ်သော ဂလတ်တိုရဲ့ စွန့်စားခန်းများကို အရမ်းသဘောကျတဲ့လူဖြစ်ပြီး ဗီဒီယိုလေးတွေရိုက်ပြီး ပို့လေ့ရှိပါတယ်။ဒီလိုနဲ့ သူဟာ ဂလတ်တိုရဲ့ နံပတ် ၁ ပရိတ်သတ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယိုဟာလလည်းလူကြိုက်များခဲ့ပါတယ်။စတယ်လ်လာရဲ့နံပတ် ၁ နေရာကို လုယူလိုက်တာပဲဖြစ်ပါတယ်။ဒါကိုစတယ်လ်လာက မကျေနပ်လို့ ဂျက်တ်ကိုလိုက်ရှာပါတော့တယ်။တဖက်မှာလည်း ဂျက်တ်ရဲ့အိမ်မွေးတိလေးဖြစ်တဲ့ နေပြောက်ဟာ ကြယ်တံခွန်ဗီဒီယိုကိုရိုက်ရင်း ဓာတ်မတည့်မှုဖြစ်ကာ တဖြည်းဖြည်းကျုံ့ဝင်လာခဲ့ပါတယ်။ဂျက်တ်ဟာ ကမ္ဘာပေါ်မှာ အာကာသစခန်းချဖို့ရှိနေပြီး ကမ္ဘာဂြိုလ်ကိုပြန်ရောက်နေပါတယ်။ဒီလိုနဲ့ ဂျက်တ်ဟာ နေပြောက်လေးကိုကယ်ဖို့ အရမ်းကိုရှားပါးတဲ့ ဒြပ်စင်တစ်မျိုးကိုလိုက်ရှာပါတော့တယ်။တဖက်မှာလည်းစတယလ်လာက ဂျက်တ်ကိုလိုက်ရှာရင်း ကမ္ဘာပေါ်ကိုရောက်လာခဲ့ပါတယ်။ဆက်လက်ခံစားကြည့်လိုက်ကြပါ။ File Size :  1.7 GB, 846 MB Quality : WEB-DL 1080p / 720p Running Time : 1hr 25min Format : Mp4 Genre ...
movie

Ready, Jet, Go! Space Camp: The Movie (2023)

The Cure (1995) 7.7
The Cure (1995)  The Cure (1995)IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေး‌ပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File ...
movie

The Cure (1995)

1995
The Christmas Room (2024) 6.0
The Christmas Room (2024)  The Christmas Room (2024)IMDb Rating (6.0) မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။Grace Dorsey (Maya Jai Pinson) ဟာ ခရစ္စမတ်အတွက် မိသားစုဆီပြန်လာပြီး သူ့အဖိုးရဲ့ ကျန်းမာရေးကို ဘယ်သူမှ မစိုးရိမ်ကြောင်း သိရှိသွားတဲ့အချိန်မှာ မိသားစုအတွက် တာဝန်ယူပြီး အလေးထားဖို့ ကြိုးစားခဲ့ပါတယ်။ဇာတ်လမ်းရဲ့ အဓိကအချက်က ခရစ္စမတ်ရဲ့ အဓိပ္ပာယ်အပြင် မိသားစုဆက်ဆံရေးတွေကို ထိထိမိမိ ပြသနိုင်တာပါ။ဒါရိုက်တာ Maya Jai Pinson ရဲ့ လက်ရာဟာ ခံစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာအချိန်တွေကို ပေါင်းစပ်ပြီး ပရိသတ်တွေကို ရင်ထဲထိမှန်စေတဲ့ ဇာတ်လမ်းဖြစ်လာစေပါတယ်။ဒီဇာတ်ကားဟာ ခရစ္စမတ်အချိန်မှာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)File size…(2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, ...
movie

The Christmas Room (2024)

2024
Lucy Shimmers and the Prince of Peace (2020) 7.1
Lucy Shimmers and the Prince of Peace (2020) ခရစ္စမတ်ဆိုတာက ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ရက်ဖြစ်ပြီးတော့ပျော်ရွှင်မှု၊ ယုံကြည်မှု၊ နဲ့ မျှော်လင့်ချက် စတဲ့အရာတွေကို ကိုယ်စားပြုတဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး.။မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးပြီး အချစ်မေတ္တာတွေ ဝေမျှကြတဲ့ ခရစ္စမတ်ကာလကိုနောက်ခံထားတဲ့ဇာတ်လမ်းတွေအများကြီးထဲကမှ ရိုးရှင်းပြီးချစ်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။လူစီရှင်းမားစ်ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမလေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ် ပါးနပ် စကားကြွယ်လွန်းတဲ့သူမို့တွေ့မြင်ကြသူတိုင်းက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။အဘိုးတွေ အဘွားတွေနဲ့ အနေများတဲ့သူလေး ဖြစ်တာကြောင့်လည်း လူကြီးဆန်ပြီး တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။ဘုရားသခင်က လူသားတိုင်းကို ကြင်နာသလို လူတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြရမယ်လို့ ရိုးရှင်းစွာ ခံယူထားခဲ့ပါတယ်။တစ်ရက်မှာတော့ လူစီ့ဆီကို နမိုးနီးယားဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာခဲ့ပါတယ်။သေဆုံးသွားတဲ့ အဘိုးဖြစ်သူကို အနားမှာမြင်နေရတဲ့အကြောင်း အမြဲပြောနေတဲ့အပြင်သူ့အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးအကြောင်း တဖွဖွပြောနေတာကြောင့် ဂျိမ်းစ်နဲ့ဧပရယ်တို့ ဇနီးမောင်နှံအဖို့ သမီးအတွက် ရတက်မအေးစရာ ဖြစ်လာခဲ့ပါတယ်။ရောဂါအခြေအနေဆိုးရွားလာတဲ့အချိန်မှာတော့ ဆေးရုံမှာ ရက်အနည်းငယ်စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ထိုအချိန်မှာပဲ လူစီရဲ့ အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးဖြစ်တဲ့ အက်ဂါကို အပြင်မှာ မျက်ဝါးထင်ထင် ...
movie

Lucy Shimmers and the Prince of Peace (2020)

Holiday Adventure ( 2024 ) 5.5
Holiday Adventure ( 2024 ) ကျောင်းပိတ်ရက်မှာ အဖွားအိမ်ကိုပို့ခံရတဲ့ ကလေး၂ယောက်ရဲ့စွန့်စားခန်းဇာတ်လမ်းဖြစ်ပါတယ်။ ဟောင်ရှောင်ကျင့်နဲ့ ကျော်ထျန်းရီးတိူ့ရဲ့အဖေဟာ နိုင်ငံခြားကိုအလုပ်နဲ့သွားရမှာဖြစ်တဲ့အတွက် သူတို့၂ယောက်ကို အဖွားအိမ်မှာထားခဲ့ရပါတယ်။ ထျန်းရီးကအဖွားအိမ်မှာလုံးဝမနေချင်ပဲ ငြင်းဆန်ပြီးပုန်ကန်နေခဲ့တယ်။ အဖွားအိမ်ကနေထွက်ပြေးသွားလို့လိုက်ရှာရတဲ့အထိဖြစ်ခဲ့တယ်။သူငယ်ချင်းအသစ်တွေရလာပြီး တဖြည်းဖြည်းနဲ့ အဖွားကိုနားလည်သွားတဲ့အခါမှာတော့ ဒီပတ်ဝန်းကျင်အသစ်မှာပျော်လာပါတယ်။ သူတို့မောင်နှမ၂ယောက်ဟာ အဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ ခရီးစဉ်တစ်ခုကို သူတို့ရဲ့သူငယ်ချင်းအသစ်လေးတွေနဲ့စပြီး အစီအစဉ်ဆွဲပါတယ်။ ကလေးတွေရဲ့ဒီအစီအစဉ်ဟာ တကယ်ဖြစ်လာနိုင်ပါ့မလား။ သူတို့စွန့်စားခန်းရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်လာမလဲ။ Filesize : 1.34 GB / 711 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Family Runtime : 1h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Holiday Adventure ( 2024 )

The Heist Before Christmas (2023) 5.2
The Heist Before Christmas (2023)  The Heist Before Christmas (2023)IMDb Rating (5.2) ငွေကြေးဆင်းရဲလို ခရစ္စမတ်ကိုမုန်းတီးနေတဲ့ Mikey Collins ဆိုတဲ့ 12 နှစ်အရွယ်ကောင်လေးက သူ့အမေနဲ့ရန်ခဏခဏဖြစ်တဲ့ ခပ်ဆိုးဆိုးကလေးလေးတစ်ယောက်ပါ။သူက ခရစ္စမတ်မတိုင်ခင်မှာ ဆန်တာဝတ်စုံနဲ့ ဘဏ်ကိုဓားပြတိုက်သွားတဲ့ လူကြီးတစ်ယောက်ကိုလမ်းပြပြီး ခိုးသွားတဲ့ပိုက်ဆံဝေစုကို ယူဖိုကြံစည်ခဲ့တယ်။ဒါပေမဲ့ ဘဏ်ဓားပြဆန်တာကို တောထဲမှာသွားရှာရင်း သူ့ကိုယ်သူ ဆန်တာပါလိုပြောတဲ့ ဆန်တာဝတ်စုံနဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်။Mikey ကတော့ အဲဒီဆန်တာဖိုးဖိုးကို အတိတ်မေ့သွားတဲ့ ဘဏ်ဓားပြလိုထင်ခဲ့ပေမဲ့ သူ့ညီလေးကတော့ တကယ့်ဆန်တာအစစ်ဆိုပြီးယုံနေလေရဲ့။Mikey ဘဏ်ဓားပြရဲ့ ခိုးထားတဲ့ငွေကိုရအောင် စွန့်စားရင်း ခရစ္စမတ်ရဲ့အဓိပ္ပါယ်၊ မျှော်လင့်ချက်နဲ့ မိသားစုချစ်ခြင်းတွေကို နားလည်သဘောပေါက်လာမဲ့အကြောင်းသရုပ်ဖော်ထားတဲ့ ခရစ္စမတ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(680 MB) Quality….WEB-Rip 720p Format….mp4 Genre….Adventure,Family Duration….01:17:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin
movie

The Heist Before Christmas (2023)

2023
The Snow Sister (2024) 7.0
The Snow Sister (2024)  ဒီဇင်ဘာလကို ရောက်ရှိလာပြီဆိုတော့ CM ကနေခရစ္စမတ်ကားလေးတွေ ဘာသာပြန်တင်ဆက်ပေးဖို့အချိန်ကို ရောက်လာပါပြီ ။ ဒီတစ်ခါ တင်ဆက်ပေးလိုက်တဲ့ကားလေးကတော့ IMDb 7.1 ရရှိထားတဲ့ ခရစ္စမတ်ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ခရစ္စမတ်မှာ မပျော်တဲ့သူဆိုတာ မရှိဘူးလို့ လူတိုင်းကထင်ချင်ထင်ကြပါလိမ့်မယ် ။ ဒါပေမဲ့ ယူလီယန်ဆိုတဲ့ကောင်လေးကတော့ ခရစ္စမတ်ရောက်မှာကိုတောင်စိုးရိမ်မိပါသတဲ့ ။ ဒီလိုနဲ့ သူ တစ်သက်လုံး မပျော်ရွှင်ရလောက်တော့ဘူးလို့ ထင်ခဲ့တဲ့ ခရစ္စမတ်ကာလမှာယူလီယန်ဟာ ဟက်ဗစ်လို့ ခေါ်တဲ့ ထူးထူးဆန်းဆန်းသူငယ်ချင်းမလေးတစ်ယောက် ရခဲ့ပါတယ် ။ယူလီယန် ရေကူးတော်တာကို အရမ်းအားကျတဲ့သူငယ်ချင်းမလေး ဟက်ဗစ်က သူကိုယ်တိုင်တော့ရေကူးရမှာကြောက်ပါတယ်တဲ့ ။မိသားစုဝင်လည်း တစ်ယောက်မှမတွေ့ရဘဲ အိမ်မှာအမြဲတစ်ယောက်တည်းလိုလိုတွေ့ရတတ်တဲ့ ဟက်ဗစ်မှာဘာလျှို့ဝှက်ချက်တွေရှိနေမှာလဲ ။အဲဒီလျှို့ဝှက်ချက်တွေက သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ပြောင်းလဲစေမှာလား ။ ယူလီယန်ရဲ့ခရစ္စမတ်ကရော ပြန်လည်အသက်ဝင်လာနိုင်မှာလားဆိုတာကိုတော့ အားလုံးပဲ အတူတူ ကြည့်ရှုလိုက်ရအောင်ပါနော် ။ File size… (1.44GB) / (664MB ) Quality… WEB-DL 1080p HEVC ...
movie

The Snow Sister (2024)

Merry Birthday, Happy Christmas (2024) 5.2
Merry Birthday, Happy Christmas (2024)  Merry Birthday Happy Christmas (2024)ဇာတ်လမ်းနာမည်အတိုင်းပါပဲ ခရစ်စမတ်နေ့နဲ့ မွေးနေ့နဲ့ တိုက်နေတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ဆယ်ရာနဲ့ ကယ်ဗင်တို့ ရဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ။ငယ်ငယ်ထဲက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာတဲ့အလျောက် အသက်လေးတွေရလာတော့ ဘယ်သူက ဘယ်သူ့အပေါ်ကို ခံစားချက်တွေပြောင်းသွားမလဲ။သူတို့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ခရစ်စမတ် Theme လေးနဲ့ရိုက်ကူးထားတာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.5 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family, Romance Duration….01:26:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe
movie

Merry Birthday, Happy Christmas (2024)

2024
For Prophet (2024) 6
For Prophet (2024) For Prophet (2024)ဂျိမ်းဖစ်ရှာဆိုတဲ့ ဘုရားသခင်ကို ယုံကြည်သက်ဝင်သူတစ်ဦးဟာ သူ့ဇာတိမြေလေးအတွက် စိုးရိမ်ပြီးတော့ ဘုရားသခင်ဆီမှာ ဆုတောင်းမှုတွေ ပြုလုပ်ပါတယ်။အထူးသဖြင့်တော့ သူ့မိထွေးရှာရွန်ဖစ်ရှာနဲ့ သူ့အစ်ကိုဒေမွန်ဖစ်ရှာအတွက်ပါပဲ။ မိထွေးဖြစ်သူကတော့ အိုးမဲ့အိမ်မဲ့တွေအတွက် ရန်ပုံငွေပွဲတွေလုပ်ပြီး နေစရာတွေထောက်ပံ့ပေးနေတဲ့သူဖြစ်လို့ ဒီကိစ္စတွေ အဆင်ပြေဖို့ ဘုရားသခင်ထံမှာ ဂျိမ်းအနေနဲ့ မိထွေးဖြစ်သူကို ကူညီပေးဖို့‌ တောင်းဆိုခဲ့ပါတယ်။အစ်ကိုလုပ်တဲ့သူ ဒေမွန်ကတော့ အရင်က ဘုရားသခင်ထံမှာ ဆုတောင်းခဲ့သူဖြစ်ပေမဲ့ အခုချိန်မှာ ယုံကြည်မှုတွေ ဝေဝါးပြီးတော့ ဘုရားသခင်ပေါ်မှာ အေးစက်စက်နိုင်စွာနဲ့ ရှိနေပါတယ်။ဒီအတွက် ဘုရားသခင်ထံမှာ အစ်ကိုဖြစ်သူကို လမ်းမှန်ပြန်ရောက်အောင်ကူညီပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ဒေမွန်တစ်ယောက် ဒီလိုဖြစ်ရတာကလည်း လူစီဖာ့ရဲ့ နတ်ဆိုးအကြီးဆုံးတွေထဲက တစ်ကောင်က သူ့အနားမှာ နှောင့်ယှက်နေလို့ဖြစ်ရတာပါ။ဂျိမ်းတစ်ယောက် ဒီလိုဆုတောင်းတဲ့အချိန်မှာ ယုံကြည်သက်ဝင်သူတစ်ယောက်ရဲ့ ဆုတောင်းသံကို ဘုရားသခင်က ကြားရပြီးတော့ ရာဖိုင်ယယ်ကို ကမ္ဘာမြေပေါ်ဆင်းသက်ပြီး ဒေမွန့်ကို ကူညီဖို့ အသွယ်ယူသွားရောက်ဖို့ အမိန့်ချမှတ်လာပါတော့တယ်။ဒီလိုနဲ့ ရာဖိုင်ယယ်တစ်ယောက် ကမ္ဘာမြေကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲ .... ဒေမွန်တစ်ယောက် လူစီဖာ့နတ်ဆိုးရန်ကနေ ဘယ်လိုလွတ်မြောက်လာနိုင်မလဲ ..... ရာဖိုင်ယယ်တစ်ယောက် ဒေမွန့်ကို ဘယ်လိုတွေ ကူညီပေးသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်) File size… ...
movie

For Prophet (2024)

Barbie (2012) 6.6
Barbie (2012) Barbie (2012)****************အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီး ဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့ နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့ သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့ လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီက ဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ...ဖြစ်ချင်တော့ အငယ်မဖြစ်သူ ဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့ သူ့အစ်မအစား ...
movie

Barbie (2012)

Taste of Freedom (2023) 6.6
Taste of Freedom (2023)  ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့...အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.7 GB)/(925 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:57:00 Genre... Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Taste of Freedom (2023)

Dear Santa (2024) 5.5
Dear Santa (2024)  ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင်သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ်ဟာသကားလေးပဲဖြစ်ပါတယ်...Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံးဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီးဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော်တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကိုဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်...အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လိုမျှော်လင့်ပါတယ်...မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကိုသဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖိုထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်... File size… (1.84GB) / (954MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Comedy , Fantasy , Holiday , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye ...
movie

Dear Santa (2024)

My Father and I are Deskmates ( 2024 ) 5.6
My Father and I are Deskmates ( 2024 ) ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ဆောင်ကတော့ အနာဂတ်အတွက် ဘာအစီအစဉ်မှမရှိတဲ့ အရာအားလုံးကိုပုန်ကန်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားလေပဲဖြစ်ပါတယ်။သူကငယ်ငယ်ကတည်းက အဖိုးအဖွားတွေနဲ့ကြီးလာခဲ့ရတယ်။ အဖေကအမြဲအပြင်မှာပဲအလုပ်လုပ်နေပြီး အိမ်သိပ်ပြန်မလာပါဘူး။ တစ်နေ့မှာတော့ အပြင်မှာပဲနေတဲ့သူ့အဖေက ရုတ်တရက်အိမ်ကိုပြန်လာပြီး သူ့ကိုတင်းတင်းကြပ်ကြပ်ထိန်းပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ အဖေနဲ့သားအတူ ကျောင်းမှာတစ်စားပွဲထဲစာအတူတူသင်ဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ရယ်စရာအဖြစ်အပျက်တွေဖြစ်လာပြီး အထင်လွဲမှုတွေနဲ့ စိမ်းကားနေတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းပြေလည်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.08 GB / 623 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Family , Drama , Comedy Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

My Father and I are Deskmates ( 2024 )

A Christmas Miracle (2024) 5.6
A Christmas Miracle (2024) A Christmas Miracle (2024)ခရစ္စမတ်ရုပ်ရှင်တွေကို ကြည့်မယ်ဆိုရင် ကြားထဲမှာ အခက်အခဲ အတားအဆီးလေးတွေပါတတ်ပေမဲ့ ကြည်နူးပျော်ရွှင်စရာ ချစ်ခြင်းမေတ္တာတွေ၊ သံယောဇဉ်အနှောင်အဖွဲ့တွေကိုပဲ အဓိကရိုက်ကူးတင်ဆက်ကြတာများတာပေါ့။ ဒီရုပ်ရှင်မှာလည်း မိသားစုအသိုင်းအဝိုင်းလေးတစ်ခုရဲ့ ခရစ္စမတ်အတွက် အားကြိုးမာန်တက် ကြိုးစားကြပုံကို တင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ဆို ခရစ္စမတ်က ရက်ပိုင်းပဲလိုတော့တဲ့အချိန်။ ပုံမှန်ခရစ္စမတ်ပွဲကျင်းပပျော်ရွှင်နေကျ ဒေသတစ်ခုကို အစိုးရကနေ စီးပွားရေးဇုံအဖြစ်ပြောင်းပစ်ပြီး ရန်ပုံငွေချပေးဖို့ ရပ်ဆိုင်းလိုက်ပါတယ်။ဒီမှာပဲ နှစ်တိုင်းကြီးမှူးကျင်းပနေကြဖြစ်တဲ့ မစ္စမက်ကန်ဇီက ခရစ္စမတ်အစဉ်အလာလေး ဖြစ်မြောက်ဖို့အရေး ကြိုးစားရာမှာ မိသားစုဝင်တွေ သူငယ်ချင်းတွေ ပါဝင်လာကြပြီး သူတို့တွေကြားက သံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ ချစ်ခြင်းတရားတွေကို ကြည်နူးစွာနဲ့ ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aungဖြစ်ပါတယ်။) File size…1.46 GB / 823 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thura Aung
movie

A Christmas Miracle (2024)

Maple Leaf Dreams (2024)
Maple Leaf Dreams (2024)  Maple Leaf Dreams (2024) ဒီကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် မိသားစုအချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ဒါရိုက်တာ Benedict Mique ကရိုက်ကူးထားပြီးတော့ မင်းသမီး Kira Balinger နဲ့ မင်းသား LA Santos တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီ Maple Leaf Dreams ဆိုတဲ့ ဇာတ်လမ်းလေးကတော့ Macky ဆိုတဲ့ စားသောက်ဆိုင် မန်နေဂျာလေးနဲ့ Molly ဆိုတဲ့ ရုံးအတွင်းရေးမှူးမလေး တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က ဖိလစ်ပိုင်မှာ အလုပ်ကောင်းကောင်းတွေရှိကြပေမယ့်လည်း သူတို့လုပ်နေတာတွေလောက်နဲ့ သူတို့ရဲ့နိုင်ငံမှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ သဘောပေါက်ခဲ့ကြပါတယ်။အဲ့တာနဲ့ Molly တစ်ယောက် Macky နဲ့အတူ ပညာရေးအစီအစဉ်နဲ့ ကနေဒါကို သွားဖို့လုပ်ပါတော့တယ်။Macky ကလည်း သူ့ကောင်မလေး ကျောင်းတက်နေချိန်မှာ သူတို့နှစ်ယောက်လုံးအတွက် ပိုက်ဆံရှာဖို့စီစဉ်ထားခဲ့ကြပါတယ်။ကနေဒါရောက်တဲ့ အခါမှာတော့ သူတို့မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါ တစ်ယောက်နဲ့ ...
movie

Maple Leaf Dreams (2024)

2024
A Sudden Case of Christmas (2024) 4.8
A Sudden Case of Christmas (2024)  A Sudden Case of Christmas (2024) ခရစ္စမတ်ကာလာနီးလာပြီဆိုတော့ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ ဇာတ်ကားတွေကအပြိုင်အဆိုင်ထွက်လာကြပြီပေါ့နော်။ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မိသားစုနဲ့ တူတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဆိုရင်တော့ Abby နဲ့ Jacob တို့စုံတွဲဟာ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူတို့သမီးလေးဖြစ်တဲ့ Claire လေးကို အဘိုးဖြစ်သူ Lawrence နေထိုင်ရာအီတလီနိုင်ငံက မိသားစုပိုင်ဟော်တယ်ကြီးတစ်ခုကိုခေါ်လာခဲ့ပါတယ်။ပုံမှန်ဆို ခရစ္စမတ်နားနီးမှ လာလေ့ရှိပေမဲ့ ဒီတစ်ခါတော့ နွေလယ်ခေါင်ကြီးပေါက်ချလာပြီး အဖေဖြစ်သူကို Claire လေးနားလည်အောင်ရှင်းပြဖို့ အပူကပ်ပါတော့တယ်။Claire သိသွားတဲ့အခါမှာတော့ နွေလည်ခေါင်ကြီးမှာ ခရစ္စမတ်လုပ်ချင်တယ်လို့ပူဆာပါတော့တယ်။မိဘတွေ အိမ်ထောင်ကွဲတော့မှာဖြစ်လို့ မြေးဖြစ်သူရဲ့ဆန္ဒကို Lawrence တစ်ယောက်လိုက်လျောပေးရင်း သူ့ဟော်တယ်မှာ ခရစ္စမတ်ပွဲကျင်းပပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီတော့ Claire တစ်ယောက် သူ့မိဘတွေအဆင်ပြေအောင် ခရစ္စမတ်ပွဲမှာဘယ်လိုမျိုးကြံစည်သွားမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(1.6 GB) / (880 ...
movie

A Sudden Case of Christmas (2024)

2024
All About My Mother ( 2021 ) 6.3
All About My Mother ( 2021 ) Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ...ဘယ်လောက်နားလည်အောင်ကြိုးစားပါစေ နားမလည်နိုင်တဲ့ အမေ့အကြောင်းပါ....ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူးအမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေ ငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့ တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကို ပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး...ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်း ငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကို သိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူးဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက် တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါ တတိယကတော့ " အမေ မစောင့်နိုင်တော့ဘူး" ကနေ " သမီးကြောက်တယ်" အထိ ကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ...
movie

All About My Mother ( 2021 )