Little Giants 1994
Genre: Family, Comedy, Sports
ဒီ movie လေးက အိုဟိုင်ယိုက မြို့လေးမှာနေထိုင်တဲ့
ညီအစ်ကို နှစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပါတယ် ။
သူတို့ညီအစ်ကိုနှစ်ယောက်မှာ အကြီးဖြစ်တဲ့ ကယ်ဗင်က
ဘောလုံးကစားတာမှာ အရမ်းတော်ပြီး အငယ်ဖြစ်တဲ ဒန်နီကတော့
ဘောလုံးကစားတာ ညံ့ပါတယ်။ အဲလိုနဲ့ ကြီးလာတော့ ကယ်ဗင်က
ဘောလုံးနည်းပြဖြစ်သွားပြီး ဒန်နီကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။
ဒန်နီရဲ့ သမီးလေး ဘက်ဂီကလည်း အားကစားဝါသနာပါသူဖြစ်ပြီး
ဘောလုံးကစားရမှာလည်း တော်တယ် ။
ကယ်ဗင်က မြို့အတွက် ဘောလုံးအသင်းဖွဲ့တော့ ဘက်ဂီအပါအဝင်
တခြားသူတွေလည်းဝင်ပြိုင်ခဲ့တယ်။
ဘက်ဂီဦးလေးကယ်ဗင်က ဘောလုံးအသင်းထဲ သူ့တူမကိုမထည့်တဲ့အပြင်
တခြားသိပ်မကစားတတ်သေးတဲ့သူတွေလည်း အသင်းထဲကို
ထည့်မပေးခဲ့ဘူး။ အဲ့အချိန်မှာ ဒန်နီကစိတ်တိုသွားပြီး သူ့သမီးအပါအဝင်
တခြားသူတွေကို အသင်းတစ်သင်း ထပ်ဖွဲ့ပေးလိုက်ပါတယ်။
အဲလိုနဲ့ ညီကိုနှစ်ယောက်ရဲ့ ကလေးအဖွဲ့ တွေကလည်း မြိုတစ်မြို့မှာ
ဘောလုံးအသင်းတစ်သင်းပဲရှိရမှာဆိုပြီး တစ်သင်းပဲထားဖို့အတွက်
ပြိုင်ပွဲပြိုင်ကြမယ်လို့ရက်သတ်မှတ်လိုက်ကြပါတယ်။
ကယ်ဗင်အဖွဲ့ကကလေးတွေကပဲပိုတော်နေမလား ဒန်နီအဖွဲ့က
ကလေးတွေကပိုတော်နေမလား ဘာပြသာနာတွေရှိနိုင်မလဲဆိုတာရယ် ၊
ဘယ်အဖွဲ့ကနိုင်သွားမလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရမယ့်
အားကစားmovie ကောင်းလေးမို့ ရုပ်ရှင်ချစ်သူတို့ကို
ဒီကားလေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်
File size… 3 GB / 1.4 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 47m
Genre ….. Comedy/Family
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Nway Nway Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။