Channel Myanmar

Martial

Paradox (2017) 6.5
Paradox (2017)  ထိုင်းမင်းသားတိုနီဂျာရဲ့ဇတ်ကားကောင်းလေတင်ဆက်ပေးလိုက်ပါတယ် တရုတ်နဲ့ထိုင်းဖက်စပ် ရိုက်ကူးထားတဲ့အက်ရှင်ကားကောင်းတစ်ကားပါRatingလည်းအလွန်မြင့်တာမို့ဇတ်ကားကောင်းတစ် ကားဆိုတာသံသယရှိစရာမလိုတော့ပါဘူး အားလုံးပဲ မှတ်မိကြမှာပါဂျက်ကီချမ်းနဲ့လူးဝစ်ကိုးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့rob-b-hood ဇတ်ကားကိုပါ ဘယ်နှစ်ကြိမ်ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ဇတ်ကားလေးပါပဲ louis koo ကတော့ဒီဇတ်ကားမှာသူ့ရဲ့အကောင်းဆုံးလုပ်ဆောင်မှုတွေသရုပ်ဆောင်မှုတွေကိုသက်သေ ပြသွားခဲ့ပါတယ်ဇတ်လမ်းအစမှာတော့သမီးလေး ပျောက်ဆုံးသွားလို့သောကများနေတဲ့ဖခင်တစ်ယောက် သမီးလေးကိုပြန်လိုက်ရှာဖို့တရုတ်နိုင်ငံကနေထိုင်းနိုင်ငံကိုရောက်ရှိလာပြီးသမီးဖြစ်သူကိုပြန်လိုက်ရှာတဲ့အခါ ပြန်တွေ့နိုင်မှာလားထိုင်းမှာရှိနေတဲ့ရဲစုံထောက်နှစ် ယောက်ကကောသူ့ကိုကူညီနိုင်မှာလားရက်စက်ကြမ်း ကြုတ်တဲ့လူဆိုးဂိုဏ်းတွေလက်ထဲကနေသမီးလေးကို ပြန်ရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ တိုနီဂျာရဲ့အက်ရှင်အကြမ်းအရမ်းတွေကိုလည်းပြန်လည်မြင် တွေ့ရမှာပါ ကောင်းမွန်ပြီးစိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ဇတ်ကားတစ်ကားလို့ပြောကြားရင်းဒေါင်းကြည့်လိုက် ကြပါနော် File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Martial Arts, Action, Adventure, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Myint Oo
movie

Paradox (2017)

2017
The Man with the Iron Fists (2012)
The Man with the Iron Fists (2012) The Man with the Iron Fists (2012) **********************************ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများကကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ...မိသားစုနဲ့တော့မကြည့်သင့်ပါဘူး...ဇာတ်လမ်းအကျဉ်း -------------လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေလူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်...မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီးရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်...ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen ...
movie

The Man with the Iron Fists (2012)

SPL 2: A Time for Consequences (2015) 6.7
SPL 2: A Time for Consequences (2015)  ပိတ်ရက်မှာ ဟောင်ကောင်အက်ရှင်ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် 2005 ခုနှစ်က ထွက်ရှိထားတဲ့ Kill Zone 1 ရဲ့အဆက် 2015 ခုနှစ်ထွက် Kill Zone 2: A Time for Consequences နဲ့ မိတ်ဆက်ပေးပါရစေ။ဟောင်ကောင်မှာ ခပ်စိပ်စိပ်ပေါ်လာတဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုကူးမှုကို ကာကွယ်ဖို့ စုံထောက်ချန်ကော်ဟွားဟာ သူ့တူဖြစ်တဲ့ ကစ်ကို သူလျှိုထည့်ပြီး စုံစမ်းခိုင်းပါတယ်။ စုံစမ်းရင်းနဲ့ ကစ်သူလျှိုလုပ်တာ မိသွားတဲ့အခါ ထိုင်းနိုင်ငံက ထောင်တစ်ခုထဲ သူ့ကိုဖမ်းခေါ်သွားပါတော့တယ်။တကယ်တော့ ဒီထောင်ဟာ ဟောင်ကောင်မှာ လူကုန်ကူးဖို့ဖမ်းထားတဲ့သူတွေကို ကိုယ်တွင်းအင်္ဂါထုတ်ဖို့ မ‌သ-တ်ခင်စပ်ကြားမှာ ထားတဲ့နေရာပါ။ အဲဒီက ထောင်စောင့်‌တွေထဲက တစ်ယောက်ကတော့ ချတ်ချိုင်ဆိုတဲ့ ထိုင်းရဲပါ။ သူ့သမီးလေးရဲ့ သွေးရောဂါအတွက် ဆေးဖိုးဝါးခကျေအောင်လို့ ဒီထောင်စောင့်အလုပ်ကို လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ ကစ်နဲ့တွေ့သွားတဲ့အခါ。。。သားအဖ၊ ညီအစ်ကို၊ ဦးလေးနဲ့တူအကြားက ချစ်ခြင်း မုန်းခြင်း၊ အတ္တနဲ့ဓမ္မအကြား ဗျာများ‌နေကြတာတွေကို ဟောင်ကောင်ကားဆန်ဆန် ...
movie

SPL 2: A Time for Consequences (2015)

SPL: Kill Zone (2005) 6.8
SPL: Kill Zone (2005)  တရုတ်ကားဟောင်း old but gold တွေကို ကြည့်ချင်သူများအတွက် ဟောင်ကောင်မင်းသားကြီး နှစ်ပါးဖြစ်တဲ့ Donnie Yen နဲ့ Simon Yam တို့ရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ စုံထောက်ချန်ဟာ နာမည်ကြီး လူဆိုး‌ဂိုဏ်းခေါင်းဆောင် ဝမ်ဘိုကို ဖမ်းဖို့ မျက်မြင်သက်သေမိသားစုကို ခေါ်ဆောင်နေစဉ်မှာပဲ ဝမ်ဘိုလွှတ်လိုက်တဲ့ လူသတ်သမားကြောင့် ကားတစ်စီးလုံးမှာ စုံထောက်ချန်နဲ့ မျက်မြင်သက်သေရဲ့ သမီးဖြစ်သူနဲ့သာ ကျန်ခဲ့ပါတော့တယ်။ သနားဂရုဏာသက်စွာနဲ့ ကျန်ရစ်သူကလေးမလေးကို သူ့သမီးအနေနဲ့ မွေးစားလိုက်ပြီး သိပ်မကြာခင် သူ့မှာ နေစရာ သက်တမ်းမရှိတော့တာကို သိပြီးနောက် ဝမ်ဘိုကို ပုံစံမျိုးစုံနဲ့ အမိဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီအဖြစ်အပျက်တွေအပြီး သုံးနှစ်အကြာထိ ဝမ်ဘိုကို ဖမ်းလို့မမိနိုင်သေးတဲ့အချိန် မာခွင်းဆိုတဲ့ ထက်ထက်မြက်မြက် စုံထောက်တစ်ယောက်ဟာ စုံထောက်ချန်နေရာကို တာဝန်ယူဖို့ ရောက်လာပါတော့တယ်။ စုံထောက်မာရဲ့အကူအညီနဲ့ စုံထောက်ချန်နဲ့အဖွဲ့ ဝမ်ဘိုကို ဖမ်းဆီးနိုင်ပါ့မလား? Rotten tomatoes 80%, IMDb 6.9/10 ...
movie

SPL: Kill Zone (2005)

2005
BKO: Bangkok Knockout (2010) 5.4
BKO: Bangkok Knockout (2010)  ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ သိုင်းပညာသင်လူငယ်တစ်စုဟာ ဟောလိဝုကိုသွားရောက် စတန့်လုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ မထင်မှတ်ထားတဲ့ အရာတွေဖြစ်လာပြီး အသက်အန္တရာယ်ရှိတဲ့ အနေအထားထဲကိုရောက်လာပါတော့တယ်။ Squid game လိုပဲ လူတွေတိုက်ခိုက်တာကို ကြည့်ချင်ကြတဲ့သူတွေကြောင့် သူတို့တွေဟာ တိုက်ခိုက်ရည်ဝနေတဲ့ သူတွေနဲ့ တွေ့ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းက အကောင်းကြီးမဟုတ်ပေမယ့် Fight scene တွေက တော်တော်လေးကောင်းတဲ့အထဲမှာပါပါတယ်။ အက်ရှင်ကားကောင်းတွေ ကြိုက်တတ်သူဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်သင့်ပါတယ်။ File size…(1.5 GB)/(3.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Martial Art, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

BKO: Bangkok Knockout (2010)

Magnificent Warriors (1987) 6.5
Magnificent Warriors (1987)  မင်းသမီးကြီး Michelle Yeoh ငယ်ရွယ်စဉ်ကာလက ရိုက်ခဲ့တဲ့ action/adventure ကားကောင်းလေး တင်ဆက်ပေးထားပါတယ် Mr.Vampire III, Pom Pom တို့နဲ့ လူသိများကြတဲ့ ဟာသမင်းသားကြီး Richard Ng လည်း ပါဝင်ပါတယ် Michelle Yeoh ရဲ့ အက်ရှင်လှလှတွေကို အဝကြီးကြည့်ရမှာပါဇာတ်လမ်းလေးက ၁၉၃၀ ကာလဝန်းကျင် တရုတ်ဂျပန် စစ်ဖြစ်ပွားနေချိန် ဂျပန်တွေဟာ ဘူတန်နိုင်ငံထဲက ခါရီ ဆိုတဲ့မြို့လေးမှာ ဓာတုလက်နက်တစ်မျိုး ထုတ်လုပ်ဖို့ အခြေစိုက်စခန်းချနေကြပါတယ်ခါရီမြို့ရဲ့ မြို့စားဖြစ်သူက ဒီကိစ္စကို သဘောမတူလိုတဲ့အတွက် တရုတ်ဘက်က စပိုင်တစ်ယောက်ကို လျှို့ဝှက်သတင်းပေးပြီး အလဲအလှယ်အနေနဲ့ သူ့ကို ဘေးကင်းလုံခြုံတဲ့နေရာ ခေါ်သွားပေးဖို့ တောင်းဆိုခဲ့တယ် ဒီတော့ သူ့ကို ခေါ်ခဲ့ဖို့ ဖော့မင်မင်(Michelle Yeoh) ကို လေယာဉ်နဲ့ လွှတ်လိုက်ပြီး ခေါ်ခိုင်းခဲ့ပါတယ် ဖော့မင်မင် ခါရီမြို့ကို ရောက်သွားတဲ့အချိန် အားလုံး စီစဉ်ထားသလို ဖြစ်မလားဆိုတာကို ...
movie

Magnificent Warriors (1987)

1987
Legend of the Eight Samurai (1983) 6.5
Legend of the Eight Samurai (1983)  ဒီဇာတ်ကားလေးကတော့ ဂျပန်စိတ်ကူးရင် သမိုင်းရုပ်ရှင်လေးပါ။ Kinji Fukasaku ကရိုက်ကူးထားပြီး ဂျပန်ရဲ့နာမည်ကြီး စိတ်ကူးရင် ဝတ္ထုဖြစ်တဲ့ Nansō Satomi Hakkenden နဲ့ legend of the Satomi clan ကိုမှီငြမ်းပြီးတော့ ပြန်ရိုက်ထားတ,ပါ။ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီး ရှီဇူး တို့ မျိုးနွယ်ဟာ တစ်ခြားမျိုးနွယ်တစ်ခုက ကျိနမ်စာတိုက်ခ့တာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခံခဲ့ရပါတယ် ။ ဒီကျိန်စာကို ဖျက်ဆီးဖို့အတွက်် ပုံဆောင်ခဲ ရှစ်ခု ကိုင်ဆောင်တဲ့ ဆာမူရိုင်း ရှစ်ယောက်နဲ့ အတူတူ ကျိန်စာတိုက်ခဲ့တဲ့ မိသားစုကို ပြန်တိုက်ရမှာဖြစ်ပါတယ်။ ဒီလူတွေကို မင်းသမီးကဘယ်လိုရှာပြီး ရန်သူတွေကိုအနိုင်ယူမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှူလိုက်ပါ ခင်ဗျာ။ File size…(6.7 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:13:00 Genre... Dark Fantasy, Martial Art, ...
movie

Legend of the Eight Samurai (1983)

1983
Ninja II: Shadow of a Tear (2013) 6.1
Ninja II: Shadow of a Tear (2013)  IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်..... နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ko Soe Htwe ပဲဖြစ်ပါတယ်။) File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre... Martial Art, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Htwe
movie

Ninja II: Shadow of a Tear (2013)

2013
Ninja (2009) 5.5
Ninja (2009)  ဒီဇာတ်ကားကတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။Scott Adkins, Tsuyoshi Ihara, Mika Hijii တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Isaac Florentine ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း….Casey ဆိုတဲ့ အနောက်တိုင်းသားကောင်လေးတစ်ယောက်က အခြေအနေအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးတော့ နင်ဂျစ်စု သိုင်းကို သင်ကြားနေသူတစ်ဦးပါ။သူ့ရဲ့ဆရာဖြစ်သူဟာ သူ ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာနင်ဂျာလက်နက်တွေနဲ့ ဝတ်စုံတွေဟာ Casey နဲ့သာထိုင်တန်တယ်လို့တွေးထားသူပါ။ဒါပေမယ့် Masazuka ဆိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကတော့ သူနဲ့သာ ထိုက်တန်တယ်လို့ ထင်နေခဲ့ပါတယ်။တစ်နေ့မှာတော့ Masazuka ဟာ Casey ကိုတိုက်ခိုက်ခဲ့ပြီး Casey ရဲ့ ပြန်ခုခံမှုကြောင့် Masazuka ဟာ ဒဏ်ရာရသွားခဲ့ပြီး သူ့ဆရာရဲ့ အပြစ်ပေးချင်းကိုပါခံခဲ့ရပါတယ်။အဲ့ဒိနောက် Casey ဟာ အမေရိကန်နိုင်ငံကို အဲ့ဒိဒဏ္ဍာရီလာ လက်နက်တွေကို ယူဆောင်သွားဖို့ဖြစ်လာပြီးMasazuka ဟာလည်း လက်နက်တွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ဘယ်သူက နောက်ဆုံးမှာ ...
movie

Ninja (2009)

2009
Iron Monkey 2 (1996) 4.6
Iron Monkey 2 (1996)  ကျွန်တော်တို့လူငယ်တွေရဲ့ ငယ်ဘဝအသည်းစွဲဖြစ်တဲ့ ကိုယ်ခံပညာရှင် အိုင်ပီမန်း မင်းသားကြီး ဒွန်နီယန်ရဲ့ ငယ်ရွယ်စဉ်ကာလမှာ ရိုက်ကူးခဲ့တဲ့ ကိုယ်ခံပညာအက်ရှင်ဇာတ်ကားလေးပဲဖြစ်လို့ သေချာပေါက် ကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားမှာတော့ တရုတ်ပြည်ကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ကာလမှာ ကျောက်စိမ်းကျားဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟာ လက်နက်တွေကို မှောင်ခိုသွင်းယူပြီးတော့ ဂျပန်တွေနဲ့ လက်ဝါးချင်းရိုက်ကာ အကျင့်ပျက်ခြစားလို့နေပါတယ်။ ဒီအချိန်မှာ သံမဏိမျောက်ဆိုတာကတော့ အားလုံးက ဟိုလေးတကျော်သိကြပြီး မကောင်းမှုတွေကို တိုက်ဖျက်တားဆီးနေတဲ့ ကိုယ်ခံပညာရှင်ဖြစ်ပါတယ်။အဲမြို့ကြီးမှာ စုကျင်နဲ့ ရှောင်ချန်းဆိုတဲ့ လူတွေကို အမျိုးမျိုးပတ်လိမ်ကာ ငွေချူစားနေတဲ့ မိဘမဲ့စုံတွဲဖြစ်ပြီး သူတို့ဟာ တောကတက်လာပြီး အနဖေဖြစ်သူကိုလာရှာတဲ့ တန်ဆိုတဲ့ ကိုယ်ခံပညာရှင်လူရွယ်တစ်ယောက်ကို တစ်ပတ်ရိုက်တာ သေနတ်မှောင်ခိုတင်လာတဲ့ကားကို ဖြတ်လုပါတော့တယ်။ ဒီအချိန်မှာ သံမဏိမျောက်၊ မိဘမဲ့စုံတွဲနဲ့ အဖေလာရှာတဲ့ တန်တို့ ဘယ်လိုဇာတ်ထုပ်နဲ့ ကျောက်စိမ်းကျားတို့ရဲ့ ဒုစရိုက်မှုတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာကို အရသာခံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.1)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre... ...
movie

Iron Monkey 2 (1996)

1996
Knock Out (2020)
Knock Out (2020) Knock Out (2020) ****************ကျုံးရှီး ဟာ ချန်ပီယံလုပွဲအတွက်အရမ်းကြိုးစားနေတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်...ပူပူနွေးနွေးဇနီးသည်လေးကလည်း ကိုယ်ဝန်ရှိတာဆိုတော့ ကျုံးရှီးတစ်ယောက် ချန်ပီယံရအောင်ယူပြီး...အနာဂတ်မိသားစုဝင်လေးအတွက် အောင်ပွဲခံချင်နေတော့တယ်။ သူ့ကြိုးစားမှုအောင်မြင်တယ်ပြောရမှာပေါ့...သူ ချန်ပီယံဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူ့ပျော်ရွှင်မှုတွေဟာ နေ့တောင်မကူးခဲ့ပါဘူး။ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး...နှစ်ရှည်ထောင်ကျသွားခဲ့တယ်။ ထောင်ကထွက်လာတဲ့အချိန်မှာအရာအားလုံးပြောင်းလဲခဲ့ပါပြီ။ သူမရှိတဲ့အချိန်အတွင်း...သမီးလေးအတွက် တစ်ယောက်တည်းရုန်းကန်ခဲ့ရတဲ့ဇနီးသည်လေး ဆုံးပါးသွားတဲ့အပြင်...ငွေကြေးလည်းအရမ်းကိုခက်ခဲနေပါတယ်။ အဲဒီနောက်သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ ...သူတတ်စွမ်းတဲ့ လက်ဝှေ့ကိုအသုံးချပြီး ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့ကြိုးစားပါတော့တယ်...ဇာတ်လမ်းလည်းကောင်းတဲ့အပြင် ထိုးသတ်ခန်းတွေလည်းကြည့်ကောင်းပါတယ်...ခံစားကြည့်ကြပါဦး...File Size : 2.4GB / 985MB Quality : BluRay 1080p 5.1ch / 720p Duration : 01:55:00 Genres : Drama, Martial Arts, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by The One Encoded by Heather Oo
movie

Knock Out (2020)

Tai Chi Master (1993) 7.2
Tai Chi Master (1993) ကဲဒီနေ့တော့ IMDb rating 7.3/10 ရရှိထားတဲ့1993တုန်းကနာမည်ကြီးကားလေးတင်ပေးပါမယ်။ ကျန်းဆန်ဖုန်းအကြောင်းကိုရိုက်ကူးထားပြီး မင်းသားကြီးဂျက်လီက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပြီး သိုင်းကားချစ်သူတွေအတွက်သဘောတွေ့စေမှာပါဇာတ်ကားအကြောင်းလေးအနည်းငယ်ကိုပြောရရင်တော့ ငယ်စဉ်ကတည်းကရှောင်လင်ကျောင်းမှာပညာသင်ကြားတဲ့သူငယ်ချင်း၂ယောက အကြောင်းတခုကြောင့်အပြင်လောကကိုရောက်သွားတဲ့အခါ ဘာဆက် ဖြစ်မလဲ။ တစ်ဦးကကြင်နာတတ်သူ တစ်ဦးကခက်ထန်ရက်စက်ပြီးရာထူးအာဏာမက်သူ . . . ရာထူးအာဏာမက်သူအတွက်ရာထူးစည်းစိမ်ကိုမက်ပြီးသွေးသောက်သူငယ်ချင်းကို ဘယ်အချိန် သစ္စာဖောက်မလဲ။ သူငယ်ချင်းရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဒဏ်ရာရသွားခဲ့သောကျန်သူတစ်ဦးကကောပြန်ကောင်းလာမှာလား။ ထိုက်ကျိရဲ့သဘောတရားကိုနားလည်ပြီး သူငယ်ချင်းကိုဘယ်လိုပြန်လက်စား ချေမလဲ စသဖြင့်ဇာတ်ကားတစ်ကားလုံးပရိတ်သတ်တွေကိုအကြိုက်တွေ့စေမှာပါ။ မင်းသားမင်းသမီးတွေကကတော့ ပရိတ်သက်အကြိုက် နာမည်ကြီးမင်းသားဂျက်လီနဲ့အတူ နာမည်ကြီးမင်းသမီးမီရှဲယိုလည်းအတူတူပါဝင်သရုပ်ဆောင်ထားလို့မကောင်းမှာပူစရာမလိုတော့ပါဘူး Filesize : 2.72 GB / 1.35 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Comedy , Drama , Thriller Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie

Tai Chi Master (1993)

New Seven Heroes and Five Gallants (2018) 6
New Seven Heroes and Five Gallants (2018) ဒီကားလေးကတော့ မှုခင်းရေးရာနဲ့သိုင်းဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးပါ 2016ကထွက်ရှိထားတဲ့ Three Heroes and Five Gallantsကို movieအနေနဲ့ပြန်ရိုက်ကူးထားတာပါ~နန်ရီရွာ~ လူတွေမရှုမလှသေဆုံးမှုတွေကြောင့် ကလေးတွေကြားမှာပင် တဘောင်လင်္ကါတွေနဲ့ကျော်ကြားနေသောမြို ဟုတ်ပါတယ် တစ်နှစ်ထဲမှာတင် လူ၁၂ယောက်ပျောက်ဆုံးသေဆုံးပြီး သေဆုံးသူတွေကလည်း ဒုက္ခသည်တွေ ဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်တာကြောင့် လူသေဆုံးမှုကိုအဲ့လောက်အရေးအရာမလုပ်ခဲ့ကြပါဘူးတဖြည်းဖြည်းအစောင့်တွေပါ သေဆုံးလာတဲ့အခါမှာ တေ ာ့ ရုံး တော်က ပညာရှိလူကြီးမင်းပေါင်ကိုစေလွှတ်ကာ ထိုကိစ္စကိုစစ်ဆေးစေခဲ့ပါတယ် ပညာရှိပေါင်ဟာ သူ့တပည့်ပေါင်ရှင်းနဲ့အတူတူသွားရင်း ထိုကိစ္စကိုစစ်ဆေးဖိုလုပ်ရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့တွေ့ဆုံခဲ့ပါတော့တယ်အဲ့လိုနဲ့သူတိုသုံးယောက်ဟာ စုံစမ်းရေးကိစ္စတွေလုပ်ရင်း သံသယရှိသူလုရိသောင်ကို စစ်ဆေးတဲ့အခါ ကူညီပေးမဲ့ သူရဲကောင်းနောက်တစ်ယောက် ပိုင်ယွီထန်းနဲ့ထပ်တွေ့ကြုံခဲ့ပါတယ် အဆင်ပြေပြေတွေ့ကြုံခဲ့တာတော့မဟုတ်ပါဘူး အခက်အခဲတွေကိုသူတိုလေးယောက်ဘယ်လိုကျော်ဖြတ်မလဲ? ဘယ်လိုတွေကြုံတွေ့ရမလဲ? နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေရှိမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရှူလိုက်ရအောင်နော် Filesize : 1.27 GB / 696 MB Quality : WEB-DL 1080p HEVC , 720 HEVC Format : mkv Genres : Historical , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

New Seven Heroes and Five Gallants (2018)

The Hidden Fox ( 2022 ) 6.5
The Hidden Fox ( 2022 ) ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့ Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း ) ဇာတ်လမ်းတွဲကိုMovie Version အဖြစ် | ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ် ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့ မြောင်မျိုးနွယ်သူရဲကောင်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်…နောက်တော့ ရတနာနဲ့အတူ မြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော် အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာ ဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ…မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ… သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလား ဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆို သူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား… နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ…ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာ ဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့… Filesize : 838 MB / 489 MB Quality : ...
movie

The Hidden Fox ( 2022 )

The New One-Armed Swordsman (1971) 7.2
The New One-Armed Swordsman (1971) ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါ ဒီဇာတ်လမ်းလေးထဲမှာတော့ သိုင်းလောကမှာဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်းလို့ နာမည်အတွင်ခံချင်လို့ တက်သစ်စထူးချွန်တဲ့သိုင်းသမားလူငယ်တွေကို ထောင်ချောက်ဆင် သတ်ဖြတ်နေတဲ့ လုံယိကျီး။သူ့ထောင်ချောက်ထဲမှာပထမဆုံးကျဆင်းသွားတဲ့ လူကတော့ ဓါးနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဓါးနှစ်လက်လူငယ်သိုင်းသမား လေလိတစ်ယောက် ထောင်ချောက်ထဲကျသွားပြီ လုံယိကျီးနဲ့သိုင်းယှဉ်ပြိုင်ခဲ့ချိန်မှာ အလောင်းအစားအနေနဲ့ ရူံးတဲ့လူ လက်တစ်ဖက်ဖြတ်ပြီးသိုင်းလောကကနေ ထွက်သွားဖို့ လောင်းကြေးထပ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ လေလိတစ်ယောက် လုံယိကျီးရဲ့အကွက်သုံးကွက် သိုင်းကွက်ရဲ့ဒုတိယအကွက်မှာကျရူံးသွားပြီး လက်တစ်ဖက်ဖြတ်ကာ သိုင်းလောကကနေထွက်သွားပြီး သာမာန်လူဘဝအနေနဲ့ နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ လုံယိကျီးတစ်ယောက်တော့ သူ့နာမည်ကျော်ဇော်ဖို့အရေး ရှိသမျှသိုင်းလောကသားလူငယ်တွေကိုတစ်ယောက်ပြီး တစ်ယောက်ဒီနညမ်းလမ်းအတိုင်း အသုံးချသတ်ခဲ့တာပေါ့။ဒီလိုနဲ့ တစ်နေ့လေလိလိုမျိုး ဓါးနှစ်လက်မှာ ထူးချွန်တဲ့သူရဲကောင်း ဖုန်းကျွင်းကျဲသူရဲကောင်း ထပ်မံထွက်ပေါ်လာပြန်တယ်။သူကိုလည်း ထိုနည်းတူစွာထပ် ထောင်ချောက်ဆင်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ။ Filesize : 1.08 GB / 674 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Martial Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann ...
movie

The New One-Armed Swordsman (1971)

The Plot of Fire ( 2024 ) 5.9
The Plot of Fire ( 2024 ) CMကနေ ဒီတစ်ခါမှာတော့ တရုတ်ရိုးရားတစ်ခုဖြစ်တဲ့ မီးတောက်သွင်းတဲ့ပညာကို ပုံဖော်ရိုက်ကူးထားတဲ့ သိုင်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် မင်ပြည်ရဲ့ခြုံလွှာကိုယ်ရံတော်ချီထုဦး‌ဆောင်တဲ့ ကိုယ်ရံတော်၅ဦးက ချောင်ပြည်နဲ့ မဟာမိတ်ဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ် မိန်မိဖုရားကို ဆက်သပို့ဆောင်ပေးတာကနေအစချီထားပါတယ်စစ်ပွဲခေတ်ကာလဖြစ်တာကြောင့် မဟာမိတ်ဖွဲ့ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့မဟုတ်ပါဘူး ထုံးစံအတိုင်းပါပဲ သူတို့တွေ လှည့်ကွက်ထဲကိုဝင်သွားခဲ့ပါတယ် နောက်ဆုံးသူတို့၅ဦးနဲ့ မိန်းမိဖုရားပဲအသက်ရှင်လျက် ချောင်ပြည်ကနေထွက်ပြေးလွတ်မြောက်ပြီး တောင်တွေဝန်းရံထားပြီး ဝင်တိုက်ဖို့ခက်ခဲတဲ့ ယန်ရွာလေးမှာ ယာယီနေရင်း ချောင်စစ်တပ်ကို ပုန်းရှောင်နေရင်းမှာတင်ပဲ သူတို့နေတဲ့ရွာလေးကို အင်အားကြီးမားလာတဲ့ဂျပန်ဓါးပြတွေက တိုက်ခိုက်လာပါတော့တယ်အခက်ခဲတွေမျိုးစုံကို အဖက်ဖက်ကနေ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ သူတို့တွေ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမှာလဲ တရုတ်ပြည်ရဲ့တိမ်မြှုက်နေ‌တဲ့ မီးတောက်သွင်းအတတ်ပညာကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့လို့ စိတ်ဝင်စားစဖွယ် ကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Martial , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

The Plot of Fire ( 2024 )

Fight The Horse And Grab The Knife ( 2024 ) 5.7
Fight The Horse And Grab The Knife ( 2024 ) ဇာတ်လမ်းလေးကတော့ လျောင် စုန့် ဟန့် သုံးပြည်ကို အခြေတည်ထားပြီး ရုံချီဧကရာဇ်နှစ်၃နှစ်မှာ တစုန့်ပြည်ရဲ့ နာမည်ကျော်စစ်ဦးစီမှူးယန်ယဲ့ဟာ လျောင်ပြည်နဲ့စစ်တိုက်ရာမှာ အရေးမသာခဲ့ဘဲ လျောင်ပြည်ရဲ့စစ်သူကြီး လျိုကျန့်ရှန်းဦးဆောင်တဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်အောက်မှာအသက်ကို စတေးသွားခဲ့ရပါတယ် သူ့ရဲ့နာမည်ကြီး ရွှေဓါးဟာလည်း လျောင်ပြည်ရဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ်ယန်ယဲ့ရဲ့ စစ်သည်တော်တစ်လက်ဖြစ်တဲ့ ကျောင်းကွမ်းဖူကတော့ အသက်ဘေးကနေလွတ်ပြီးတော့ လျောင်ပြည်ရဲ့ လျိုယဲ့မြို့လေးမှာ တည်းခိုဆောင်လေးဖွင့်ကာ ဇာတ်မြှုပ်နေပြီးတော့ တစ်နေ့မှာရွှေဓါးကို ပြန်ယူပြီးတော့ တစုန့်ပြည်ကို ပြန်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပါတယ်ထိုနည်းတူစွာပဲတစ်ဖက်မှာလည်း ယန်ယဲ့ရဲ့ သမီးတွေဖြစ်တဲ့ ယန်ချီနဲ့ ယန်ယင်းကလည်း လျောင်ပြည်ရဲ့ ဝန်ကြီးအိမ်တော်ကို ခိုးဝင်ပြီး သူတို့ဖခင်ရဲ့ ရွှေဓါးကိုပြန်လည်ခိုးယူခဲ့ပါတယ်အင်အားကြီးတဲ့ လျောင်စစ်တပ်က အလွတ်မပေးဘဲ သူတို့နှစ်ယောက်ကို လိုက်လံဖမ်းဆီးရာမှာတော့ ဇာတ်မြှုပ်နေတဲ့ ကျောင်းကွမ်းဖူနဲ့ တစုန့်လူမျိုးချင်းတူတဲ့ ယန်ယဲ့ရဲ့ သမီးတွေနဲ့ ဆုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ ယန်ယဲ့ရဲ့ ရွှေဓါးကို တကယ်ပဲ တစုန့်ပြည်ကိုပြန်လည်ပို့ဆောင်နိုင်ပြီး စစ်ဦးစီးမှူးယန်ယဲ့အတွက် ကလဲ့စားချေပေးနိုင်မှာလားဆိုတာကိုတော့ ရှေးခေတ်စစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Martial Art , Action Runtime : ...
movie

Fight The Horse And Grab The Knife ( 2024 )

Malignant (2021) 6.7
Malignant (2021) Malignant (2021)Conjuring, Saw စတဲ့ကားတွေနဲ့နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ James Wan ရဲ့အသစ်စက်စက် Horror ရုပ်ရှင်ဖြစ်ပါတယ်အရက်သမားယောကျ်ားနှိပ်စက်တာကိုခံရလို့ ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မက်ဒီဆင်... ငယ်ဘဝတုန်းကအကြောင်းအရာတွေကို မမှတ်မိတော့တဲ့ မက်ဒီဆင်....မက်ဒီဆင်ဟာ တစ်နေ့မှာ လူသတ်မှုတစ်ခုကို ကြုံခဲ့ရပြီးနောက်ပိုင်း ရက်ရက်စက်စက်လူသတ်မှုတွေရဲ့အမြင်တွေ ဆက်မြင်လာရပြီး လူသတ်သမားဟာ ဂေဘရီယယ် ဆိုတဲ့ လူတစ်ယောက်မှန်း သိလာရတဲ့အခါ ဂေဘရီယယ်ဆိုတာဘယ်သူလဲ? ဘာကြီးလဲ?မက်ဒီဆင်က သူ သတ်တာ ဖြတ်တာတွေကို ဘယ်လိုကြောင့် အမြင်တွေရနေရတာလဲဆိုတာကတော့ဒါရိုက်တာ James Wan ရဲ့ အရင်ကနဲ့ မတူတဲ့ရိုက်ချက်တွေ ဟာကနဲဟင်ကနဲဖြစ်သွားရမယ့်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ခံစားကြည့်လိုက်ရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ကြပါတယ်Quality….WEB-DL 1080p and 720p and 480p File size…2.5GB and 1.3GB and 500MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Pyi Ti ...
movie

Malignant (2021)

2021
The Master Baji ( 2020 ) 5.4
The Master Baji ( 2020 ) ဒီကားလေးကတော့ sept 24 2020မှာထွက်လာတဲ့action,historical,Martial arts အမျိုးအစား ဖြစ်ပါတယ်လွန်ခဲ့တဲ့၁၀နှစ်က လူဆိုးကြီး ကျင့်ထျန်းပေါက်ဟာမြို့မှာအချမ်းသာဆုံးသူဌေး ပိုင်မျိုးနွယ် တစ်အိမ်လုံးကိုရက်ရက်စက်စက်သတ်သွားခဲ့ပေမယ့် မဖမ်းဆီးနိုင်ခဲ့ပဲလွတ်မြောက်သွားခဲ့ပါတယ်...၁၀နှစ်ပြည့်တဲ့နှစ်မှာ ဒီလိုနဲ့ ကျိုးရှင်းဝူရဲ့သူငယ်ချင်း ကျန်ဖုန်တို့တစ်မိသားစုလုံးကျင့်ထျန်းပေါက်ရဲ့သတ်တာခံလိုက်ရတဲ့အခါ..ကျိုးရှင်းဝူရဲဆရာဟာ သူ့ဂိုဏ်းကထွက်သွားစေပြီးကျိုးရှင်းဝူကိုပါးကျီသိုင်းကွက်သင်ယူစေခဲ့ပါတယ်ကျိုးရှင်ဝူ ပါးကျီသိုင်းကွက်တတ်မြောက်ပြီး ပြန်လာချိန်သူ့ဆရာလီစေ့ရယ်ပါသေဆုံးသွားခဲ့ပြီး လူသတ်သမားလို့စွပ်စွဲခံရတဲ့အခါ....လူဆိုးကြီးကျင့်ထျန်းပေါက်ကိုရှာဖွေဖော်ထုတ်နိုင်ပါ့မလား...နှိမ်နင်းနိုင်ပါ့မလားမထင်မှတ်တဲ့လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie

The Master Baji ( 2020 )

Justice Bao-The Myth of Zhanzhao (2020) 5.6
Justice Bao-The Myth of Zhanzhao (2020) ဒီတစ်ခါ ပေါင်ချိန်ကားလေး version အသစ်ပါဒီကားက ကျန်ကျောင်းဇာတ်လို့ ပြောလို့ရပါတယ်ကျန်ကျောင်းရဲ့ ဆရာတူအစ်မဆိုသူက တိုင်းပြည်ကိုဆန့်ကျင်တဲ့သူပုန်ခေါင်းဆောင်ဖြစ်နေလို့ပါပဲ...ကျန်ကျောင်းခဗျာ ဆရာတူအစ်မကို သတ်ပြီး သစ္စာစောင့်သိရမလား...ဆရာတူအစ်မနောက်လိုက်ပြီး တိုင်းပြည်ကို ဆန့်ကျင်ရမလား...နောက်ပြီး သူဖြစ်ချင်သလို သူဖျောင်းဖျနေသလို အရာအားလုံး ပြည်ဖုံးကား ချပြီးအဝေးကို ထွက်သွားဖို့ သူ့ ဆရာတူအစ်မ လက်ခံပါ့မလား...ဒီလိုတွေဗျာများတဲ့ကားလေးပါ။ ဒီလိုဗျာများလို့ စိတ်ဝင်စားဖို့မကောင်းဘူးမထင်နဲ့နော်။စစ်ဘေးမဟုတ်ဘဲ သဘာဝဘေးကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေဘက်ကတိုင်းပြည်ကို မြင်တဲ့အမြင်... တိုင်းပြည်က ပြည်သူတွေကို ကြိုးစားပြီးကူညီတာတွေ နောက်ဆုံး ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ အဖျက်သမားပုန်ကန်သူတွေအကြောင်း တစ်စေ့တစ်စောင်း မြင်တွေ့နိုင်တာမို့ကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ Translated & Revivew By Chu ChuEncoded By LK
movie

Justice Bao-The Myth of Zhanzhao (2020)