Channel Myanmar
Horror
The Night of the Hunted (1980) La nuit des traquées 5.5
The Night of the Hunted (1980) La nuit des traquées  The Night of the Hunted (1980)IMDb Rating (5.5) / Rotten Tomatoes (35%) ၁၉၈၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ ပြင်သစ်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားဖြစ်တဲ့ "The Night of the Hunted" (မူရင်းနာမည်: La Nuit des Traquées) ဟာ ထိုခေတ်ကာလက လူ့အဖွဲ့အစည်းရဲ့ အမှောင်ခြမ်းနဲ့ လူသားချင်းစာနာမှုကင်းမဲ့မှုကို ပေါ်လွင်စေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Jean Rollin ရဲ့ လက်ရာဖြစ်ပြီး အေးစက်စက်နဲ့ ထိတ်လန့်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ပိုင်နိုင်စွာပုံဖော်ထားပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် အမည်မသိရောဂါတစ်မျိုးကူးစက်ခံထားရတဲ့ လူတစ်စုဟာ စိုးရိမ်ထိတ်လန့်မှုတွေ ခံစားရပြီး အန္တရာယ်ရှိလာတဲ့အတွက် အာဏာပိုင်တွေက သူတို့ကို လျှို့ဝှက်စွာသီးခြားခွဲထုတ်ပြီး ထိန်းချုပ်ထားပါတယ်။သူတို့ကို "အသက်ရှင်လျက်သေနေသူများ" လို့ ခေါ်ဝေါ်ကြပြီး လူသားဆန်မှုကင်းမဲ့စွာကိုင်တွယ်ဖြေရှင်းမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ "Elisabeth" က ဒီရောဂါသည်တွေထဲက တစ်ယောက်ဖြစ်ပြီး ဇာတ်ကိုဘယ်လိုသယ်သွားသလဲဆိုတာကို ...
movie
The Night of the Hunted (1980) La nuit des traquées
1980
What Ever Happened to Baby Jane? (1962) 8.0
What Ever Happened to Baby Jane? (1962)  1962 ခုနှစ်က ဒါရိုက်တာ Robert Aldrich ရိုက်ကူးခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ What Ever Happened to Baby Jane? ရဲ့ ဇာတ်လမ်းအစမှာတော့ လူကြိုက်များခဲ့တဲ့ ကလေးသရုပ်ဆောင် Baby Jane နဲ့ သူရဲ့အစ်မ Blanche တိုအကြောင်း ရိုက်ကူးထားတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။Jane က ကလေးဘဝတုန်းက ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်ဖြစ်ပြီး၊ Blanche ကတော့ နောက်ပိုင်းမှာမှ ရုပ်ရှင်ထဲမှာအောင်မြင်လာခဲ့သူဖြစ်ပါတယ်နှစ်ဦးစလုံးအသက်ကြီးလာချိန်မှာတော့ အစ်မက မသန်စွမ်းဖြစ်နေပြီး၊ ညီမက ပြုစုစောင့်ရှောက်ပေးနေရပါတယ်။ ဒါပေမဲ့လည်း သူတိုကြားမှာရှိတဲ့ မနာလိုမှု၊ မုန်းတီးမှုတွေကြောင့် စိတ်ဖိစီးမှုတွေနဲ့ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်တွေ တဖြည်းဖြည်းဖြစ်ပေါ်လာပါတော့တယ်။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre... Drama, Horror, Thriller Subtitle….Myanmar ...
movie
What Ever Happened to Baby Jane? (1962)
The Butterfly House aka Pernikahan Arwah (2025) 6.7
The Butterfly House aka Pernikahan Arwah (2025) The Butterfly House (2025) IMDb - 7/10အင်ဒိုသရဲကား ကြိုက်နှစ်သက်သူတို့အတွက် Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်ထွက်အင်ဒိုဟော်ရာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။တာစ်ယာနဲ့ ဆာလင်မ်တို့က မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲ။စေ့စပ်ပွဲအပြီး ဟောင်ကောင်မှာမင်္ဂလာဦးအကြိုဓာတ်ပုံရိုက်ဖို့စီစဉ်ထားပေမဲ့ ဆာလင်မ်ရဲ့တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ အဒေါ်ဖြစ်သူဆုံးပါးသွားခဲ့တယ်။ဒီမှာပဲ ဟောင်ကောင်သွားဖို့ အစီအစဉ်ကိုဖျက်ပြီး နယ်မြို့လေးက အဒေါ့်အိမ်ဟောင်းကြီးမှာပဲရိုက်ကြဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ဒါပေမဲ့ နယ်မြို့လေးက အဒေါ့်အိမ်ကိုရောက်တဲ့အချိန်မှာတော့ အိမ်ကြီးက တာစ်ယာ့အိပ်မက်ဆိုးထဲမှာ မြင်တွေ့ဖူးနေတဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ Zwe ~ Cherryတို့ဖြစ်ပါတယ်) File size… 1.4 GB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ KKKZ ~ Zwe ~ Cherry
movie
The Butterfly House aka Pernikahan Arwah (2025)
Final Twist (2025) Giro final 4.6
Final Twist (2025) Giro final  Final Twist (2025)IMDb Rating (4.6) မိုနီကာက အသံလွှင့်ဇာတ်လမ်းပြောသူတစ်ဦးဖြစ်ပါတယ်။ တစ်ခါမှာတော့ သူမရဲ့ အမာခံပရိတ်သတ်တစ်ခုဖြစ်သူ အဲလက်စ်နှင့် တွေ့ဆုံရဖို့ ဖြစ်လာခဲ့ပါတယ်။သို့ပေမယ့် အွန်လိုင်းပေါ်က မိတ်ဆွေကို အပြင်လက်တွေ့မှာ တွေ့ရတာဟာ ထင်ထားသလိုဖြစ်လာမှာတော့ မဟုတ်ပါဘူး။ပတ်ဝန်းကျင်ရဲ့ အပယ်ခံတစ်ဦးဖြစ်သူ အတိတ်မှာ အမဲစက်ရှိသူဖြစ်တဲ့ အဲလက်စ်ဟာ ဘာတွေများ လျှို့ဝှက်ဖုံးကွယ်ထားတာတွေရှိနေမလဲ......။Thriller ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အခုနှစ် 2025 မှ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လှည့်ကွက်တွေအများကြီးနဲ့မို့ ကြည့်ကောင်းမယ့်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။)File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:36:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT
movie
Final Twist (2025) Giro final
2025
Bring Her Back (2025) 7.5
Bring Her Back (2025) Bring Her Back 2025 =============== A24 ရဲ့ကားဆိုတော့ အထူးတလည် ညွှန်းစရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းအန်ဒီနဲ့ ပိုက်ပါဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး ကင်ဆာဖြစ်လို့ဓာတ်ကင်နေရတဲ့ အဖေဖြစ်သူနဲ့အတူ နေထိုင်ကျော်ဖြတ်နေရပါတယ်။ပိုဆိုးတာက ပိုက်ပါက အမြင်အာရုံချို့ယွင်းနေပြီး အလင်းရောင်နဲ့အရိပ်အယောင်လောက်ပဲ မြင်ရတဲ့အတွက် အစ်ကိုဖြစ်သူ အန်ဒီကအဖေ့ကိုရော ညီမလေးကိုပါ အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်နေရသူပါ။တစ်နေ့မှာတော့ သူတို့အဖေဟာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပြီးတော့ အန်ဒီက အသက် ၁၈ နှစ်ပြည့်ဖို့ သုံးလလိုသေးတဲ့အတွက်သူ့ညီမဖြစ်သူကို အုပ်ထိန်းဖို့ အသက်မပြည့်သေးတာကြောင့် ခွဲနေရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အန်ဒီက ၁၈ နှစ်ပြည့်ပြီး အုပ်ထိန်းခွင့်မလျှောက်နိုင်ခင် သုံးလအတွင်းမှာပိုက်ပါကို ခေါ်ယူမွေးစားပေးမဲ့ လော်ရာဆိုတဲ့အမျိုးသမီးကြီးဆီမှာ လိုက်နေရဖို့ ခွင့်တောင်းခဲ့ပါတယ်။လော်ရာဆိုတဲ့အမျိုးသမီးက ခွင့်ပြုတဲ့အတွက် သူတို့ဟာ လော်ရာအိမ်မှာ လိုက်နေရဖို့ ဖြစ်လာခဲ့ပါတယ်။လော်ရာရဲ့ သမီးဖြစ်သူကလည်း ပိုက်ပါလိုပဲ မျက်စိမမြင်တဲ့အတွက် ရေနစ်ပြီး သေဆုံးသွားခဲ့တာပါ။သူတို့ လော်ရာ့အိမ်ကို ရောက်တဲ့အခါ သူတို့မောင်နှမအပြင် နောက်ထပ်ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုလည်းလော်ရာက မွေးစားထားတဲ့အပြင် လော်ရာ့အိမ်အပြင်ဖက်မှာ အဖြူရောင်အမှုန့်တွေနဲ့ စည်းတားထားပါသေးတယ်။ဒီတော့ ...
movie
Bring Her Back (2025)
4K
A Bloody Aria (2006) 6.4
A Bloody Aria (2006) A Bloody Aria (2006) **********************Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ ...
movie
A Bloody Aria (2006)
Pitch Black: Riddick (2000) 7.1
movie
2000
The Ritual (2025) 4.6
The Ritual (2025)  The Ritual (2025)Exorcist movies တွေကြိုက်တတ်တဲ့ ပရိသတ်‌တွေတော့ ကြည့်သင့်ပါတယ်။ဖြစ်ရပ်မှန်တွေကို အခြေခံထားကာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ကူးယူဖော်ပြမှုအများဆုံးဖြစ်ခဲ့တဲ့ အဲမာရှမက်အပနှင်မှုကို ဒါရိုက်တာ David Midell မှမှီငြမ်းရိုက်ကူးထားပြီး မင်းသားကြီး Al Pacino ပါ၀င်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းအဲမာရှမက်ဆိုတဲ့ အမျိုးသမီးငယ်လေးက ဆေးပညာရှင်တွေအမည်ဖော်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရပြီး မရတော့တဲ့အဆုံးမှာတော့ ဘုရားကျောင်းလက်ထဲကိုပဲ အပ်လိုက်ရပါတော့တယ် ။ဒီအမျိုးသမီးငယ်ကို ပယောဂနှင်ပေးဖို့ရန် တာ၀န်ကျတဲ့ ဖာသာ ဂျိုးဆက်စတိုင်ဂါ၊ ဖာသာသီအိုဖီးလစ်တို့ဟာ မိမိတို့ကိုယ်စီဒဏ်ရာတွေရှိပေမဲ့လဲ မိန်းမငယ်ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ ယုတ်ညံ့တဲ့နတ်ဆိုးကို ဘယ်လိုနှင်ထုတ်၊ ချိုးနှိမ်သွားကြမလဲကြည့်ရမှာပါ။Exorcist ကားတွေမှာလိုမျိုးပဲ ရင်တထိတ်ထိတ်စောင့်ကြည့်ရမဲ့အခန်းတွေ၊ ဘုန်းတော်ကြီးနဲ့ နတ်ဆိုးကြား အပြန်အလှန်ပြောဆိုခန်းတွေပါ၀င်သလိုမျိုး ခြောက်ခြားစရာကောင်းတဲ့ရိုက်ကွက်တွေပါလို့ horror ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (920 MB) / (640 MB) Quality…. WEB-DL 1080p HEVC ...
movie
The Ritual (2025)
2025
I Don’t Understand You (2024) 5.5
I Don’t Understand You (2024) ဇာတ်ကားနာမည်အတိုင်း "ငါ မင်းပြောတာကို နားမလည်ဘူး"ဆိုတဲ့ နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေဖြစ်တတ်လဲဆိုတာကိုDavid Joseph Craig နဲ့ Brian Crano တို့က အကောင်းဆုံးပုံဖော်ပြသွားတဲ့ ဇာတ်ကားတစ်ကားပါပဲ။သရုပ်ဆောင်တွေကလည်း လက်ရှိ "Big Mouth" animation မှာ အသံသရုပ်ဆောင်လုပ်နေတဲ့ Nick Kroll နဲ့ Tony Awardဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ သရုပ်ဆောင် Andrew Rannells တို့ရဲ့ သရုပ်ဆောင်ပိုင်းတွေက ဇာတ်ကားကို အဆုံးထိ ဆွဲခေါ်သွားနိုင်စေတယ်။ဒါ့အပြင် ဝေဖန်သူတွေဆီကပါ ချီးကျူးမှုတွေ ရရှိထားသလို အညွှန်းရေးသူ ကျွန်တော်လည်း ဒီကားကို ကြည့်ပြီး "မတော်တဆဆိုတာ ဖြစ်တတ်တာပဲ"ဆိုတဲ့ စကားကို တွေးမိသွားစေပါတယ်။ပြောရရင် နိုင်ငံရပ်ခြားသွားတဲ့အခါ သူတို့နိုင်ငံရဲ့စကားကို နားမလည်တဲ့အခါ အလွဲအချော်လေးတွေက ဖြစ်ကျစမြဲပါပဲ။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကလေးမွေးစားဖို့ စီစဉ်နေတဲ့ အမေရိကန်စုံတွဲ ဒွန်းနဲ့ကိုးလ်တို့ဟာ အီတလီကျေးလက်ရဲ့ လှပတဲ့ရှုခင်းတွေကြားမှာအားလပ်ရက်ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ အစီအစဥ်က ထင်သလိုဖြစ်မလာဘဲ ဒွန်းအဖေရဲ့သူငယ်ချင်းက သူတို့အတွက် ...
movie
I Don’t Understand You (2024)
What Happens After the Massacre? (2025) 4.3
What Happens After the Massacre? (2025)  What Happens After the Massacre? (2025)IMDb Rating (4.3) ကမ့်စခန်းတစ်ခုရှိတယ်။ အဲဒီတောတွင်းစခန်းချစခန်းက လူကြီးတွေမပါဘဲ ကလေးတွေသီးသန့်နေရာ။ အိမ်မှာ လူကြီးတွေပဲ လွတ်လွတ်လပ်လပ်နေချင်ရင် ကလေးတွေကို လာပို့ထားပြီး အကြာကြီးထားလို့ရတဲ့နေရာပေါ့။ အဲဒီစခန်းက နာမည်ဆိုးနဲ့ကျော်ကြားတယ်။ဘယ်လိုနာမည်ဆိုးနဲ့ ကျော်ကြားသလဲဆို နှစ်တိုင်း လူသတ်သမားက အဲဒီစခန်းမှာ လူတွေကို အစုလိုက်အပြုံလိုက်သတ်နေတယ်လို့ပေါ့။ နှစ်တိုင်းလည်း လူသတ်သမားပါ သေသွားပြီဆိုပြီး သတင်းထွက်ပြီး နှစ်တိုင်းလည်း အဲဒီကမ့်ကို နွေရာသီတိုင်း အမြဲပြန်ဖွင့်ပေမဲ့ အဲဒီကမ့်မှာ လူတွေက ထပ်သေနေတုန်းပဲ။အဲဒီကမ့်က လူသတ်မှုတွေရဲ့ စိတ္တဇလူသတ်သမားက ဘာကြောင့်သတ်နေတာလဲ။ ဘာလို့ ကမ့်ပိုင်ရှင်တွေက ကမ့်ကို ဒီလောက် လူတွေသေနေတဲ့ကြားက နှစ်စဉ်မပြတ် အမြဲပြန်ဖွင့်နေတာလဲဆိုတာကို ဘယ်သူမှမသိကြဘူး။ ဘယ်သူမှလည်း သိအောင်မလုပ်ကြဘူး။အလုပ်လုပ်တဲ့လူတွေက အလုပ်လုပ်။ လာပို့တဲ့လူတွေက လာပို့နေကြတုန်းပဲ။ ဒါကို ကမ့်မှာ အလုပ်လာလုပ်တဲ့ သန့်ရှင်းရေးသမား၂ယောက်နဲ့ ကမ့်ပိုင်ရှင်ရဲ့တူမက အစဖော်မိသွားတာကို ကြည့်ရမှာပါ။ Low ...
movie
What Happens After the Massacre? (2025)
2025
Mananambal (2024) 6.1
Mananambal (2024) Mananambal (2024)IMDb Rating (6.1) နာမည်ကြီး vlogger တွေဖြစ်တဲ့ ယောက်ျားလေး သူငယ်ချင်းလေးယောက် content ရဖိုအတွက် ‌အင်တာနက်ပေါ်မှာ ရောဂါတွေကိုကုပေးလို ကုစားသူဆိုပြီး ရေပန်းစားနေတဲ့ စုန်းမရှိတဲ့ရွာကို ခရီးထွက်ခဲ့ကြတယ်။သူတိုက သူတိုရဲ့ channel နာမည်ကြီးအောင် အဲဒီစုန်းမကို အင်တာဗျူးလုပ်ဖိုရည်ရွယ်ချက်နဲ့ လာခဲ့တာပဲဖြစ်ပါတယ်။ရွာကိုရောက်တော့ စုန်းမကြီးရဲ့ သမီးဖြစ်သူ မိန်းမလှလေးနဲ့တွေ့ပြီး ခင်မင်ရင်းနှီးရင်း သူငယ်ချင်းတွေအကုန် ကြိတ်ကြိုက်နေခဲ့ကြတယ်။ဒါပေမဲ့ စုန်းအတတ်က ရောဂါကပ်ဆိုးတွေကို ကုစားပေးနိုင်သလို အမှားလုပ်မိရင် ကျိန်စာတိုက်အပြစ်ပေးနိုင်တာကြောင့် သူတိုသူငယ်ချင်းလေးယောက် ဘယ်လိုဆိုးရွားတဲ့အကျိုးဆက်တွေကို ခံရမလဲ၊ အမှားတွေကိုပြန်ပြင်ပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ကျောတချမ်းချမ်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(4.8 GB) / (1.3 GB) / (580 MB) Quality….WEB-DL 4K HEVC / 1080p HEVC ...
movie
Mananambal (2024)
2024
4K HEVC
Nightmare (2000) 6.5
Nightmare (2000) Nightmare (2000) *********************Channel Myanmar ပရိသတ်ကြီးတို့အတွက် 2000 ခုနှစ်က Horror Movie ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။(သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် အသက်မပြည့်သေးသောသူများ ကြည့်ရှုရန်မသင့်တော်ပါ)Cast တွေအနေနဲ့ကတော့ Secret Garden, Empress Ki စတဲ့ကားတွေထဲက မင်းသမီး Ha Ji-Won ၊ Money Heist ထဲမှာ ပါမောက္ခအဖြစ် ပါဝင်ခဲ့တဲ့ Yoo Ji-Tae ၊ The Uncanny Counter, Alchemy Of Souls မှ မင်းသားကြီး Yu Jun-Sang တို့အပြင် Kim Gyu-Ri ၊ Choi Jung-Yoon ၊ Jung Joon တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ***************စိတ်ပညာမေဂျာယူထားတဲ့ ဟယ်ဂျင်းက တက္ကသိုလ်စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာပဲ တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆွန်းအယ် ပြန်ရောက်လာတာကြောင့် ဝမ်းသာနေခဲ့ပြီး ဆွန်းအယ်ရဲ့ တစ်ခုခုကို ကြောက်ရွံ့နေသလိုမျိုး ပြောင်းလဲသွားတဲ့ပုံစံကိုလည်းအတော့်ကို ...
movie
Nightmare (2000)
The Woods (2024) 5.0
The Woods (2024) ကိတ် အေမီ လူးကပ်နဲ့ ဆမ်တို့ သူငယ်ချင်း ၄ယောက်ဟာ မကြာသေးခင်ကမှ ဘွဲ့ရထားကြတာဖြစ်ပါတယ်..ဘွဲ့ယူပြီး လုပ်ငန်းခွင်ကို အသီးသီးဝင်ရောက်ကြတော့မှာဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ အမှတ်တရအဖြစ် တောင်တက်ခရီးလေးတစ်ခုသွားခဲ့ကြပါတယ်..သူတို့ ၄ယောက်ထဲက အေမီဟာ မိခင်ဖြစ်သူကြောင့် ငယ်စဉ်ကတည်းက စိတ်ဖိစီးမှုဒဏ်တွေကို ခံစားလာရသူဖြစ်ပါတယ်..ဒါကြောင့် အေမီအတွက်လည်း အလုပ်ခွင်ကို ဝင်ရောက်ဖို့အတွက် စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့ ဒီခရီးကို ထွက်လာကြတာပဲ ဖြစ်ပါတယ်..ဒီလိုနဲ့ တောင်တက်ခရီးကို အတူထွက်လာကြရင်း တောထဲမှာ ထူးဆန်းတဲ့ကိစ္စတချို့ကို ကြုံတွေ့လာရပြီတော့ သူငယ်ချင်း ၄ယောက်ထဲက ၃ယောက်ဟာပျောက်ဆုံးသွားပြီး ကိတ်တစ်ယောက်သာ ကျန်ရစ်ခဲ့ပါတယ်...ဒီလိုမျိုး ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကိတ်က အမေးအဖြေပုံစံနဲ့ ပြန်လည်ပြောပြထားသလိုမျိုး ဇာတ်လမ်းရိုက်ကူးထားတာပဲဖြစ်ပါတယ်..သည်းထိတ်ရင်ဖိုဇာတ်လမ်းမဟုတ်ပေမဲ့ ထူးဆန်းတဲ့ ကိစ္စတွေအကြောင်း ရိုက်ကူးထားတာဖြစ်တာမို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်... File Size… (727 MB) / ( 421 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 16m Genre ...
movie
The Woods (2024)
Evil Bong-A-Thon! (2025) 4.4
Evil Bong-A-Thon! (2025)  Evil Bong-a-Thon! (2025)(ဒီဇာတ်လမ်းကတော့ ၁၈အပေါင်း ဇာတ်ဝင်ခန်းတွေအများကြီးပါတာကြောင့် ကလေးသူငယ်တွေနဲ့ မိသားစုဝင်တွေနဲ့အတူတော့ မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။)ဇာတ်ကားထဲမှာတော့ ဆေးခြောက်သမားစတုန်နာလေး တစ်သိုက်က ကျိန်စာသင့်နေတဲ့ဆေးအိုးတစ်ခုကို ဝယ်ယူမိရာက စပါတယ်။ဒီဆေးအိုးက သူ့ကမ္ဘာထဲကို ဆွဲခေါ်သွားပြီးအဲ့ထဲမှာ မိန်းမတွေနဲ့အတူ ပျော်ပါးရင်း သေဆုံးသွားတတ်ပါတယ်။ဒီဇာတ်ကားမှာတော့ မတူညီတဲ့ ဒိုင်မန်ရှင်းကိုးခုမှာဖြစ်တဲ့ ဒီကျန်စာသင့်နေတဲ့ဆေးအိုးကြီးနဲ့ဖြစ်ရပ်တွေကို ကြည့်ရမှာဖြစ်ပါတယ်။ဒီယုတ်မာရက်စက်ပြီး လူတွေကို ထိန်းချုပ်နေတဲ့ ကျိန်စာသင့်ပစ္စည်းပေါင်းစုံရဲ့ကြံစည်မှုတွေကို ကြည့်ကြရမှာလည်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (3 GB) / (1.2 GB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Fantasy, Horror Duration…. 01:29:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin
movie
Evil Bong-A-Thon! (2025)
2025
The Last Cabin (2025) 4.0
The Last Cabin (2025)  The Last Cabin (2025)ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကနေ ရိုက်ကွင်းအတွက်နေရာရှာဖို လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းသုံးယောက် ညအချိန်ကြီး ကြိုးပမ်းနေကြရာကနေ တောနက်ထဲက အိမ်သစ်တစ်အိမ်ကို ရှာတွေ့ခဲ့ကြတယ်။နောက်ဆုံးတော့ နေရာရှာတွေ့ပြီး အလုပ်အဆင်ပြေသွားလို ပျော်နေကြတဲ့ သူငယ်ချင်းသုံးယောက်က အိမ်ကိုဦးစီးတဲ့ အိမ်‌ခြံမြေ မန်နေဂျာဆီကနေ သူတို့ ရိုက်ကူးရေးအတွက် နှစ်ရက်စာငှားပြီး producer အလာကိုစောင့်ရင်း အိမ်ထဲမှာ တည်းနေခဲ့ကြတယ်။ဒါပေမဲ့ သူတို့အပျော်တွေက သူတို့နောက်ကို ကြောက်စရာမျက်နှာဖုံးတပ်ထားတဲ့ မသင်္ကာစရာလူတွေ လိုက်လာတာကို သိတဲ့အချိန်မှာတော့ ချက်ချင်းပဲ ချောက်ချားစရာ အဆိုးရွားဆုံးညအဖြစ် ပြောင်းလဲသွားခဲ့တယ်။Hope တို့ သူငယ်ချင်းသုံးယောက် မျက်နှာဖုံးစွပ် ဆိုက်ကိုလူသတ်သမားတွေဆီကနေ ဘယ်လိုအသက်ရှင်အောင် ရှောင်ပြေးနိုင်ပါ့မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သွေးသံတရဲရဲနဲ့ Found footage ပုံစံမျိုး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) / (630 MB) Quality…. WEB-DL 1080p HEVC ...
movie
The Last Cabin (2025)
2025
Heretics (2024) 4.1
Heretics (2024)  Heretics (2024)Horror, footage အမျိုးအစားကြိုက်ကြတဲ့ CM ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2024 မှာထွက်ရှိခဲ့တဲ့ Heretics ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းသူငယ်ချင်းတွေဖြစ်ကြတဲ့ဆယ်ကျော်သက်အုပ်စုတစ်စုဟာ အတူတူသောက်စားရင်း ဂိမ်းတွေဆော့နေကြပါတယ်။အဲ့အချိန်မှာပဲ သူတို့ထဲကတစ်ယောက်က အဲ့နားမှာရှိနေတဲ့ စွန့်ပစ်ထားတဲ့အိမ်ကြီးဆီကို ဘယ်သူသွားရဲလဲဆိုပြီး စိန်ခေါ်ပါတယ်။အဲ့ဒီအိမ်ကြီးမှာလဲ မကောင်းတဲ့ ပါးစပ်ရာဇ၀င်တွေအမျိုးမျိုးရှိ‌လို့နေပါတယ်။ သွားချင်တဲ့သူကများနေတော့ သူတို့အားလုံး အိမ်ကြီးရှိရာကိုသွားကြပါတယ်။ ‌အိမ်ကြီးဆီရောက်သွားတဲ့အခါ ကောလဟာလတွေဟာ တကယ်ပဲလား ? ဒါမှမဟုတ် အပြောသက်သက်ပဲလား ? သူတို့ဘာတွေကြုံတွေရမလဲဆိုတာကို footage ရုပ်ရှင်အနေနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (2 GB) / (870 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Horror Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe
movie
Heretics (2024)
2024
Tremors (1990) 7.2
Tremors (1990) “ပြည့်စုံခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ‘Perfection’ဆိုတဲ့တောင်ကြားမြို့သေးသေးလေးမှာအားလ်နဲ့ဗဲလ်လင်တိုင်းတို့နှစ်ယောက်ဟာ လူတိုင်းက အားထားရတဲ့ ဘက်စုံရတွေပေါ့။ပိုပြီးတိတိကျကျပြောရရင် အကုန်လုံးက အားထားရတဲ့ တောက်တိုမယ်ရတွေ၊ပြည့်စုံခြင်းမြို့သေးသေးလေးမှာတော့ ပျော်မနေကြတဲ့ သူတွေ။ဒီလိုနဲ့ တစ်ရက် သူတို့လုပ်စရာရှိတာသွားလုပ်ကြရင်း ငွေရတွင်းတစ်တွင်းကိုမတော်တဆ သွားထိမိကြပါကော။ဒါ့အတွက်ကြောင့်နဲပဲသူတို့တွေ အဲ့ဒီနေရာကနေ ငွေထုတ်ပိုက်ပြီးထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ကံကောင်းတာလား ကံဆိုးတာလားတော့မသိ…အားလ်တို့နှစ်ယောက် ထွက်သွားတဲ့နေ့ရောက်ခါမှတွေ့လေရာနေရာတိုင်းမှာ အသိတွေ သေဆုံးနေတာကိုထူးထူးဆန်းဆန်းပဲ တောက်လောက်ကြုံလာရတော့တယ်။ သူတို့ လမ်းမှာဆုံခဲ့တဲ့ ရွန်ဒါဆိုတဲ့မြေငလျင်ဗေဒကျောင်းသူလေးကလည်းဒီနေရာတဝိုက်မှာထူးဆန်းတဲ့​ မြေငလျင်တိုင်းတာမှုတွေကိုခဏခဏ မှတ်တမ်းတိုင်းတာမိထားကြောင်းကိုလည်း ပြောထားလေရဲ့။ဆိုတော့ ဒီလူတွေ အကြောင်းအရင်းမသိဘဲသေဆုံးနေကြရတာကရွန်ဒါပြောတဲ့မြေတုန်ခါမှုတွေနဲ့များ သက်ဆိုင်နေသလား။ဒီမေးခွန်းရဲ့အဖြေကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ (၁၉၉၀)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/Comedyဇာတ်ကား “Tremors”မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။File size…    5.5 GB /  1.63 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Comedy/Monster Horror Subtitle…. Myanmar ...
movie
Tremors (1990)
The Possession of Hannah Grace (2018) 5.0
The Possession of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thrillerအမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်...ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီးသွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီးShay Mitchell ...
movie
The Possession of Hannah Grace (2018)
2018
Marshmallow (2025) 6.2
Marshmallow (2025) ဒီဇာတ်ကား‌လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Horror ရုပ်ရှင်ဖြစ်ပြီး IDMb rating 6.2/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်း -မော်ဂန် ဆိုတဲ့ ကောင်လေးက ရွယ်တူအပေါင်းအသင်းတွေကြားမှာ အနိုင်ကျင့်ခံရပြီးတော့ လူတောသိပ်မတိုးတဲ့ ရှက်တတ်တဲ့ကောင်လေးတစ်ယောက်ပါ။ပတ်ဝန်းကျင်အသစ်ကို အိမ်ပြောင်းလာတာကြောင့်လည်း အသားမကျသေးဘဲ သူငယ်ချင်းလည်း ရှာမရသေးပါဘူး။ဒီလိုနဲ့ပဲ မိသားစုရဲ့ တိုက်တွန်းမှုနဲ့အတူ ‌နွေရာသီစခန်းမှာ နွေရာသီကိုဖြတ်သန်းဖို့ ဖြစ်လာပါတော့တယ်။မော်ဂန် လည်း စိတ်မပါ့တပါနဲ့ နွေရာသီစခန်းကိုရောက်လာတဲ့အခါမှာတော့ ဒီစခန်းရဲ့ထူးခြားဆန်းပြားတဲ့ကောလဟာလတွေကို စပြီး သိလာရပါတော့တယ်။ဘယ်လို ထိတ်လန့်စရာတွေက နွေရာသီစခန်းမှာ မော်ဂန်တို့ကလေးတစ်သိုက်ကို စောင့်ကြိုနေသလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ File Size… (1.16 GB) / ( 612 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Marshmallow (2025)