Channel Myanmar

Horror

The Shadow (2024) 6.5
The Shadow (2024)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror မဆန်တဲ့ Horrorဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Biography ဆန်ဆန် မှုခင်း ဇာတ်ကား တစ်ခုလို့ပြောလို့ရတဲ့ ဒီဇာတ်ကားဟာ ၁၈၉၀ ခုနှစ် ဝန်းကျင်အက်စ်တိုးနီးယားနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုရုရှအင်ပါယာ လက်‌အောက်ကို ကျရောက်နေခဲ့ချိန်ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။အဓိက သရုပ်ဆောင်ဖြစ်တဲ့ ဂျူဟန်လိဗ် ဇာတ်ကောင်ဟာအစ္စတိုးနီးယားနိုင်ငံ လွတ်လပ်‌ရေး မရခင် မျှော်လင့်ချက်တွေမှေးမှိန်နေခဲ့တဲ့ ပြည်သူ‌တွေရဲ့ စိတ်ဓာတ်ကို တနည်းတဖုံမြှင့်တင်ပေးခဲ့တဲ့ ကဗျာဆရာ တစ်ဦး ဖြစ်ပါတယ်။ဂျူဟန် စိတ်ကျန်းမာ‌ရေး ဆေးရုံကို ဆယ်စုနှစ် တစ်ခုနီးပါးအပို့မခံရခင် သူစပြီး ခံစားခဲ့ရတဲ့ ရောဂါ ရှေ့ပြေးလက္ခဏာတွေကို ထင်ဟပ် တင်ဆက်ထားပြီးတော့ အဲဒီအချိန်ကသူရေးခဲ့တဲ့ Vari ( Shadow) ဆိုတဲ့ ဝတ္ထုတိုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီလိုမျိုး ဝေဒနာတွေဖြစ်နေချိန်မှာ လူသတ်မှုတစ်ခုကိုကြုံတွေခဲ့ရပြီးတော့ အဲဒီလူသတ်မှုကို အမှုမှန်ပေါ်ပေါက်အောင်ကြိုးစားခဲ့တဲ့ ဂျူဟန်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားက အက်စ်တိုးနီးယားနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ရင်းနှီးတဲ့သူတွေအတွက် အဓိပ္ပါယ်ရှိပေမယ့် ...
movie

The Shadow (2024)

4 Horror Tales: February 29 (2006) 5.5
4 Horror Tales: February 29 (2006) 4 Horror Tales: February 29 (2006)************************************Four Horror Tales စီးရီးရဲ့ ပထမမြောက်ဇာတ်လမ်းဖြစ်တဲ့ February 29 ရုပ်ရှင်ဟာရက်ထပ်နှစ်တိုင်း ပေါ်လာတဲ့ ၂ လပိုင်း ၂၉ ရက်နေ့ကို အခြေတည်ပြီး ဖန်တီးထားတဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်းပဲဖြစ်ပါတယ်။တိုးဂိတ်မှာ လက်မှတ်ဖြတ်သူအဖြစ် အလုပ်လုပ်တဲ့ ဂျီယွန်းဟာ တစ်နေ့မှာ သူမနဲ့ တစ်ပုံစံတည်းဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ကြားလိုက်ရတော့တယ်။တိုက်ဆိုင်မှုဆိုပြီး သတ်မှတ်လိုက်တဲ့ သူမဟာ နောက်ပိုင်းမှာ သူမရဲ့ အလုပ်ခွင်ဖြစ်တဲ့ တိုးဂိတ်အနီးမှာပဲလူသတ်မှုတွေကို တစ်စတစ်စကြားလာရတော့တယ်။ထူးဆန်းတာက အဲဒီလူသတ်မှုတွေအပြီးမှာ သူမရှိတဲ့တိုးဂိတ်ဆီကို အမည်မသိကားနက်တစ်စီးလာပြီးသွေးစွန်းနေတဲ့ လက်မှတ်တစ်စောင်ကို လာဖြတ်တာပါပဲ။ဒီလိုနဲ့ သူမဟာ တရားခံကိုရှာဖို့ စိတ်ပိုင်းဖြတ်ရင်း အကြောင်းစုံကို သိလိုက်ရတဲ့အခါမှာတော့....။Alchemy of Souls မှာ ဂျင်းအိမ်တော်ရဲ့ သခင်မအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးဘတ်အွန်းဟယ်ဦးဆောင်ပါဝင်ထားတာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ချက်တွေက ပြောစရာမလိုအောင် ပိရိနေပြီးကြည့်ရှုသူပရိသတ်ကို ဆွဲငင်စေမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်ဆိုတာ ...
movie

4 Horror Tales: February 29 (2006)

The Redemption of Sin (2024) 7.3
The Redemption of Sin (2024) The Redemption of Sin (2024)*****************************CM ပရိသတ်တို့အတွက် အင်ဒိုသရဲကားအသစ်လေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ဝမ်နင်ရဲ့ ဘဝက အသုံးမကျတဲ့ယောက်ျားကပေးတဲ့ ဒုက္ခကလည်း ဒုနဲ့ဒေး၊ စားဝတ်နေရေး မပြေလည်ရတဲ့ကြားမှာမှ အမေအိုတစ်ယောက်နဲ့ သမီးလေးတစ်ယောက်အတွက်ပါ ရုန်းကန်နေရတဲ့သူပေါ့။ ဝမ်နင်ရဲ့ယောက်ျားကတော့ ငွေတွေလိမ်ပြီး မိန်းမနဲ့သမီးကို ထားရစ်ခဲ့တဲ့ မကောင်းတဲ့ကောင်ဆိုပေမဲ့ သိပ်လိမ္မာတဲ့ သမီးလေးနီမာလာကတော့ ဝမ်နင်ရဲ့ ကံဆိုးလှတဲ့ဘဝထဲက ဆည်းလည်းလေးပေါ့။ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့ ကံခေလှတဲ့ မိုးသည်းညတစ်ညမှာ ဝမ်နင်တစ်ယောက် အမေနဲ့သမီးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး ဖြတ်လမ်းကနေအပြန် တံတားကျိုးကျပြီးတော့ အမေလည်းဆုံးသွားပြီး သမီးလေးလည်း ပျောက်သွားတဲ့အခါ...ဘဝရဲ့တစ်ခုတည်းသောပျော်စရာကို ကြမ္မာနတ်မင်းဆီက ရက်ရက်စက်စက် လုယူခံလိုက်ရပြီးတော့ မျှော်လင့်ချက်ပျောက်နေတဲ့ဝမ်နင်ဟာ ဂျပန်သုတေသီနဲ့ ပေါ့ကပ်စ်ဟို့စ်တစ်ယောက်ရဲ့ ကူညီဖေးမမှု အောက်မှာ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်မြင်လာရပြီး သမီးကို ကိုယ်တိုင်ရှာဖို့ ကြိုးစားချိန်မှာ ဘယ်လိုအချိုးအကွေ့တွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.84GB / 718MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Horror, Mistery, ...
movie

The Redemption of Sin (2024)

The Buildout (2024) 5.0
The Buildout (2024)  သဲကန္တာရတွေထဲမှာ သီးသန့်နေထိုင်ပြီး အခြေချဖို့ကြိုးစားနေတဲ့ခရစ်ယာန်ဂိုဏ်းအဖွဲ့တစ်ခုရှိတယ်။ဒေလန် ဟာ အဆိုပါ ခရစ်ယာန်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပေါ့။ ဒေလန် နဲ့ ကမ်မရွန်တို့ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ ကမ်မရွန်ရဲ့ အစ်မဖြစ်သူ ဒါကိုတာဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဒါကိုတာ ရဲ့ ဆုံးပါးမှုကြောင့်ဒေလန် ရော ကမ်မရွန်ရောဟာ ပူဆွေးသောကရောက်နေခဲ့ကြတာပါ။ဒီလိုနဲ့ ဒေလန်တစ်ယောက်လည်း သဲကန္တာရထဲမှာ သီးသန့်နေထိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ နောက်ဆုံးအကြိမ်အဖြစ်ကမ်မရွန်ဖြစ်သူဟာ သူငယ်ချင်းဒေလန်ကို လိုက်ပို့ခဲ့ပါတယ်။ဒီ ရုပ်ရှင်လေးကတော့ ဇာတ်ကားတစ်ကားလုံးကိုပေါ့ပေါ့ပါးပါးလေးပဲတင်ဆက်ထားပြီး စွန့်စားခန်းခရီးကို အတူတူထွက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်နေရာကနေ ခံစားကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ။သူငယ်ချင်းနှစ်ယောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြရအောင်။ File size… (945 MB) / (483 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Buildout (2024)

The Ceremony Is About to Begin (2024) 5.0
The Ceremony Is About to Begin (2024) ဒီကားကတော့ ဒါရိုက်တာ Sean Nichols Lynch ရိုက်ကူးထားပြီးChad Westbrook Hinds, John Laird, Raul Delarosa တို့ကအဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Psychological Thrillerအမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ကိုးကွယ်မှုအသစ်ကိုယုံကြည်သက်ဝင်သူတွေဆီ သွားပြီးတော့ မှတ်တမ်းဗီဒီယိုရိုက်ကူးမယ့် Youtuber တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီကားထဲမှာတော့ ကိဒ်ဆိုတဲ့ Youtuber တစ်ယောက်ကလက်ထပ်ပြီးတာတောင် မမေ့နိုင်သေးတဲ့ ရည်းစားဟောင်းဆီကနေအီးမေးလ်တစ်စောင်ရခဲ့ပါတယ်။ဒါပေမယ့် စာကိုရပြီးနောက်မှာတော့ ရုတ်တရက်အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ သူမက သူ့ကိုပစ်သွားခဲ့ပြီးတော့ ရှေးဟောင်းအီဂျစ်သက်ဝင်ယုံကြည်တဲ့အဖွဲ့ထဲကို ဝင်သွားခဲ့တဲ့သူပါ။သူမရဲ့စာထဲမှာ‌ အနူးဘစ်လို့ခေါ်တဲ့လူအကြောင်းရေးထားခဲ့ပြီးတော့ကိဒ်ကကောင်မလေးအန္တရာယ်ကြုံနေပြီလို့ ထင်နေတဲ့အပြင်အနူးဘစ်ကိုပါ သံသယဝင်နေခဲ့ပါတယ်။အဲဒီနောက်မှာ အနူးဘစ်ဆီကနေ သူတို့အဖွဲ့နေထိုင်ရာဆီကို မှတ်တမ်းလာရိုက်ဖို့ ဖိတ်ခေါ်စာရောက်လာတဲ့အချိန်မှာတော့ ရည်းစားဦးကိုမမေ့နိုင်သေးတဲ့ကိဒ်တစ်ယောက် ကောင်မလေးအတွက်စွန့်စားပြီးသွားရောက်ရိုက်ကူးဖို့ ဖြစ်လာပါတယ်။အီဂျစ်ယဉ်ကျေးမှုတွေကို ကိုးကွယ်နေတဲ့ဒီအဖွဲ့မှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေ ရှိနေတာများလဲ.....လူတွေပျောက်သွားတာရော ဘာကြောင့်ဖြစ်နေမလဲ....ဒါတွေကိုအဖြေရှာရမယ့်အပြင် ဒဏ္ဍာရီလာမမ်မီတွေနဲ့ပတ်သက်တာတွေလည်း ထည့်သွင်းရိုက်ကူးထားလို့ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမှာပါ။   File size… (1.43 GB) / (735 MB) Quality… WEB-DL 1080p ...
movie

The Ceremony Is About to Begin (2024)

The Little Mermaid (2024) 5.0
The Little Mermaid (2024)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့Little Mermaid ဖြစ်ပြီး သင်တို့ထင်ကြတဲ့အတိုင်းDisney ကထုတ်တဲ့ ရေသူမလေးမဟုတ်ပါဘူး။ဒီကားထဲကရေသူမလေးကမင်းသမီးမဟုတ်ဘဲဗီလိန်ရေသူမဖြစ်ပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ ကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ထဲမှာတော့ ပါဝင်ပါတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် နည်းနည်းစိတ်ဝင်စားသွားပြီဆိုရင်တော့Review လေးကိုဖတ်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။အဲရစ်ဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်က ရှေးဟောင်းနေရာတစ်ခုမှာ တူးဖော်သုတေသနပြုနေရင်းနဲ့ ရှေးခေတ်ကအဆောက်အဦးပုံစံတွေကိုတွေ့ခဲ့တဲ့အတွက် စိတ်အားထက်သန်စွာနဲ့ ဆက်လက်တူးဖော်နေခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီမြေပိုင်ရှင်က ခဏခဏပြဿနာလာရှာနေတဲ့အတွက် သူငယ်ချင်းဖြစ်သူဖာဒီနဲ့ပေါင်းပြီး လာဘ်ထိုးရပေါင်းလည်းမနည်းတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာအော်ရိုရာဆိုတဲ့ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အဲရစ်တို့တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွေတွယ်လာခဲ့ကြပါတော့တယ်။ဖြစ်ချင်တော့ အဲရစ်ရဲ့တူးဖော်မှုသုတေသနကြီး ရှယ်အောင်မြင်ပြီဆိုမှ မြေပိုင်ရှင်ကညစ်ပြီး ဆက်တူးဖော်ခွင့်မပေးတော့ကြောင်းကို အော်ရိုရာဆီရင်ဖွင့်လိုက်ရာမှာတော့ သူဌေးမကြီးဖြစ်တဲ့အော်ရိုရာက အဲ့ဒီမြေကိုဝယ်ချလိုက်ပြီး အဲရစ်ကိုအေးဆေးသုတေသနလုပ်ခွင့်အမ်းခဲ့ပါတော့တယ်။မကြာခင်မှာသူ့သူငယ်ချင်းဖာဒီလည်းရောက်လာပြီး အဲရစ်နဲ့အော်ရိုရာတို့ကြားက ဆက်ဆံရေးကိုမသင်္ကာဖြစ်တာကတစ်ကြောင်း သူတို့တွေ့ရှိတဲ့သုတေသနတွေကလည်း ထူးဆန်းနေတာကတစ်ကြောင်းကြောင့် သံသယတွေဖြစ်လာခဲ့ရင်းမှအော်ရိုရာက ရေသူမဆိုတာကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲသုတေသနကရော ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာတွေကိုစိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.42 GB) / (842 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Little Mermaid (2024)

4 Horror Tales: Dark Forest (2014) 5.2
4 Horror Tales: Dark Forest (2014) 4 Horror Tales: Dark Forest (2014)************************************“အသက်ရှိနေတုန်း ကြိုးတွေကိုမဖြတ်ထားရင် သေသွားတော့ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ”4 Horror Tales စီးရီးရဲ့ ဇာတ်လမ်းလေးထဲက တစ်ခုဖြစ်တဲ့ Dark Forest ကတော့အာားလပ်ရက်မှာ တောင်တက်ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းလေးဦးရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။လူဝင်ခွင့်မပြုတဲ့ တောင်ပေါ်တောအုပ်ကြီးတစ်ခုထဲကို လေးဦးသား အရဲစွန့်ဝင်ခဲ့ကြပြီးနောက်မှာတစ်ယောက်ပြီးတစ်ယောက် မူမမှန်တဲ့ဖြစ်ရပ်တွေကို တွေ့ကြုံလာရတော့တယ်။အသက်အကြီးဆုံးလည်းဖြစ် တောင်တက်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဝူဂျင်း၊သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ဂျောင်အာ၊ အရာရာကို ခပ်ပေါ့ပေါ့တွေးပြီးအလောင်းအစားကြိုက်တဲ့ ဂျွန်ဟူ၊ တက်ကြွပြီး ကလေးဆန်တဲ့ မိန်းမပျိုလေး ဆယ်အွန်း..သူတို့ ၄ ဦးရဲ့ တောင်တက်ခရီးဟာ အလာတုန်းကလို ဖြောင့်ဖြူးပါ့မလား..ဘယ်သူတွေပဲ အကောင်းပကတိအတိုင်း တောအုပ်ထဲက ပြန်ထွက်နိုင်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Esth ပဲ ဖြစ်ပါတယ်။) File Size : 2.21GB/ 840MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:40:00 Genre : ...
movie

4 Horror Tales: Dark Forest (2014)

Dominion of Darkness (2024) 5.7
Dominion of Darkness (2024)   Dominion of Darkness (2024)IMDb Rating (5.7) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။သမားရိုးကျအင်ဒိုဟော်ရာတွေထုံးစံဖြစ်တဲ့ အောက်လမ်းတွေ မှော်အတတ်တွေကနေ ခွဲထွက်သွားပြီး နတ်ဆိုးအပနှင်ပုံစံမျိုးကိုမှ ဟော်ရာကျွမ်းကျင်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားလက်ရာနဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Dominion of Darkness (2024)

2024
Hood Witch (2024) 5.1
Hood Witch (2024)  Hood Witch (2024)IMDb Rating (5.1) နော်ဟာ ထူးဆန်းတိရိစ္ဆာန်တွေကိုမှောင်ခိုလုပ်နေတဲ့ Single mother တစ်ယောက်ဖြစ်ပြီး သားဖြစ်သူနဲ့အတူ ထူးဆန်းတဲ့ mobile app တစ်ခုကိုလည်း တီထွင်နေတယ်။ငွေအလွယ်ရမယ်အထင်နဲ့ သေချာမစဉ်းစားဘဲ ကောင်လေးတစ်ယောက်ကို အပနှင်တာလုပ်ပေးလိုက်ပြီးနောက်မှာ ကောင်လေးဟာထူးဆန်းသွားခဲ့ရာကနေ သေဆုံးတဲ့အထိ ဖြစ်သွားချိန်မှာစုန်းမလိုအစွပ်စွဲခံရပြီး အဖွဲစည်းပေါင်းစုံက လူတွေဟာ နော်ကို တရားလက်လွှတ်အပြစ်ပေးဖို လိုက်ဖမ်းကြတာကြောင့်နော်တို သားအမိ ၂ ယောက် ဘယ်လိုအရာမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ကျော်လွှားကြမလဲ။နော်နေရာမှာ သရုပ်ဆောင်းထားတာကတော့ About Ally , Extraction တိုနဲ့လူသိများတဲ့ မင်းသမီးကြီး Golshifteh Farahani ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.5 GB) / (740 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Horror, Thriller Duration….01:32:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Hood Witch (2024)

2024
Rising Boas in a Girl’s School ( 2022 ) 6.3
Rising Boas in a Girl’s School ( 2022 ) ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် Horror, Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာ လျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီး တရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့် မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။ အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်က လေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာ ကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့ မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။ လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖို ပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။ မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။ Filesize : 1.47 GB / 822 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama , Horror Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Rising Boas in a Girl’s School ( 2022 )

Versus (2000) 6.3
Versus (2000)  Versus (2000)IMDb Rating (6.3) / Rotten Tomatoes (75%) ဒီဇာတ်ကားမှာတော့ ကမ္ဘာနဲ့ တခြားတစ်ဖက်ကို ချိတ်ဆက်ထားတဲ့ပေါ်တယ် တံခါး 666 ခုရှိပါတယ်။အဲ့ဒါတွေကို လူသားတွေ မသိအောင် တားမြစ်ထားပါတယ်။ဂျပန်နိုင်ငံက ပြန်လည်ရှင်သန်ခြင်းတောအုပ်ထဲမှာ 444 ခုမြောက် ပေါ်တယ်တံခါး ရှိနေပါတယ်။ဒါပေမဲ့လည်း အဲ့ဒီ့ တံခါးတွေ ရှိနေတာကို သတိထားမိတဲ့ လူအချို့လည်း ရှိကြပါတယ်။သူတို့တွေက အဲ့ဒီတံခါးတွေကို ဖြတ်ပြီး အမှောင်ထုရဲ့ စွမ်းအားကို ရယူဖို့ ကြိုးစားပါတော့တယ်။အဲ့ဒီ့အထဲမှာ မင်းသားနဲ့ ဗီလိန်တို့လည်း ပါဝင်ပါတယ်။ဘယ်သူက အမှောင်ထုရဲ့ စွမ်းအားကို ရရှိသွားမလည်းဆိုတာ ပြီးတော့ ပြန်လည်ရှင်သန်ခြင်းတောအုပ်ဆိုတဲ့ အတိုင်း ဘယ်လိုအရာတွေ ‌စောင့်ကြိုနေကြမလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။)File size…(3.3 GB) / (1.7 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Adventure,Fantasy,Horror,Thriller Duration….02:01:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double ...
movie

Versus (2000)

2000
Perewangan (2024) 6.5
Perewangan (2024) Perewangan (2024)IMDb Rating (6.5) မာယာနဲ့ဝူလန်တို့ဟာ ဆယ်ကျော်သက်နဲ့ကလေးသာသာအရွယ် ညီအစ်မနှစ်ယောက်ဖြစ်ပြီး မကျန်းမာတဲ့မိခင်နဲ့အတူတူနေပါတယ်။စိတ်ဝေဒနာသည်အဖေဖြစ်သူ ဆေးရုံကပြန်ဆင်းလာလို့ဝမ်းသာရမယ့်ဆဲဆဲ ထူးဆန်းထိတ်လန့်ဖွယ်အနေအထားနဲ့ အိမ်ပြန်ရောက်တဲ့ညမှာပဲသေဆုံးသွားတဲ့နောက်မှာတော့ မာယာ့ အနေနဲ့အစ်မကြီးပီပီ အန္တရာယ်အသွယ်သွယ်ကိုဦးဆောင်ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာ သူ့အမေရဲ့မောင်နှမသုံးယောက် သူ့ဦးလေးအဒေါ်တွေက ဒီအိမ်ကြီးကိုအမွေခွဲဖို့ မျက်စောင်းထိုးနေသလို အိပ်ယာထဲလဲနေတဲ့ မိခင်ဖြစ်သူကလည်း အခြေအနေတွေထူးခြားပြောင်းလဲလာပါတယ်။သူ့ဦးလေး အကြီးဆုံးဖြစ်သူက သူ့မိခင်အခန်းထဲက မှန်ကြီးကိုတစ်ခုခုနဲ့ဖုံးထား ဒါမှမဟုတ် စွန့်ပစ်လိုက်ဖို့အကြံပေးခဲ့ပြီးသူတို့အတွက် အကူအညီတောင်းပေးဖို့သွားတဲ့လမ်းမှာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့မာယာအနေနဲ့ဒီလျှို့ဝှက်ဆန်းကြယ်အဖြစ်တွေ၊ ထိတ်လန့်စရာကိစ္စတွေရဲ့ နောက်ကွယ်က အဖြေကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။သူတို့အပေါ်သင့်နေတဲ့ ကျိန်စာဟာ ဒီအိမ်ကြီးကလား? မှန်တစ်ချပ်ဆီကလား?ဒါမှမဟုတ်သူတို့မိသားစုဆီကလား? အစရှိတာတွေကို အင်ဒိုဟော်ရာကားတွေထုံးစံအတိုင်း သဲထိတ်ရင်ဖိုရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (900 MB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:50:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Perewangan (2024)

2024
Green Room (2015) 7.0
Green Room (2015) IMDB... 7/10 Rotten tomatoes... 90%Green Room ကတော့ 2015 တုန်းကဒါရိုက်တာ Jeremy Saulinerကိုယ်တိုင် ရေးသားရိုက်ကူးခဲ့တဲ့Horror, Thriller ရုပ်ရှင်ကားလေးပါဇာတ်လမ်းကတော့ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပါဘူးလူငယ် Punk Rock Band တစ်ဖွဲ့က လူမနီးသူမနီး တောအုပ်တစ်ခုမှာရှိတဲ့ Club တစ်ခုမှာသွားဖျော်ဖြေရင်းနဲ့ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အတိုင်းစင်အနောက်ဘက်က နားနေခန်း Green Room ထဲမှာလူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ပက်ပင်းသွားတိုးသွားပြီး အသက်အန္တာရာယ်ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်ဒီကားဟာ 2015 ရဲ့ အကောင်းဆုံး ရုပ်ရှင်တော့ မဟုတ်ပေမယ့် သည်းထိပ်ရင်ဖို ကြိုက်သူတွေ အတွက်တော့ လုံးဝ ပျင်းရမှာ မဟုတ်ပါဘူးသွေးထွက်သံယိုတွေလည်း အတော်ပါပါတယ်တချို့အခန်းတွေဆိုရင် အဲ့လိုမျိုးသွေးထွက်သံယို ကြိုက်တတ်တဲ့ သူတွေအတွက်တောင် အသည်းယားဖို့ကောင်းတာတွေ ပါတယ်တော်တော် ယုတ္တိရှိအောင်လည်းရိုက်ပြထားပါတယ်Punk music တွေ Metal တွေ ...
movie

Green Room (2015)

2015
4K HEVC
Dark Nuns (2025) 6.5
Dark Nuns (2025) Dark Nuns 2025*********************သဘာဝလွန် ဇာတ်လမ်း အမျိုးအစားကိုမှ  "Global Hit"အဖြစ် စံချိန်တင်ခဲ့ပြီး၊ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Song Hye Kyo, Jeon Yeo Been,Lee Jin Wookတို့နဲ့ Moon Woo Jinတို့ ပါဝင်ထားတဲ့ Dark Nuns ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေးဟီးဂျွန် (Moon Woo Jin)ဟာ  ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေရှိနေကြတာကတော့ သီလရှင် ယူနီယာ (Song Hye Kyo)နဲ့ ဖာသာပေါလ် (Lee Jin Wook)ပါပဲ။ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ဖာသာပေါလ်ကတော့ ဆေးပညာကိုသာ အားထားရမှာ ဖြစ်ကြောင်း ...
movie

Dark Nuns (2025)

P (2005) 5
P (2005) P (2005) ********၂၀၀၅ ခုနှစ်က ထွက်ထားတဲ့ Horror/ Drama ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ အောက်လမ်းပညာနဲ့ ပတ်သက်တဲ့ အစီအရင်တွေကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်...ခမာ မိသားစုကနေမွေးဖွားလာတဲ့ အောင်း ဆိုတဲ့ အကောင်မလေးတစ်ယောက်...မိဘမဲ့ဖြစ်တဲ့ အောင်းက အဘွားနဲ့ အတူတူနေထိုင်ပြီး ငယ်စဉ်ကတည်းက သူ(မ)ရဲ့အဘွားဆီကနေအောက်လမ်းပညာအမွေတွေကို ရရှိထားခဲ့ပါတယ်...စားဝတ်နေရေးရော အဘွားအတွက်ဆေးဖိုးကိုပါ တာဝန်ယူရတဲ့ အောင်းကနောက်ဆုံးတော့ မြို့မှာ အလုပ်တက်လုပ်ဖို့ ထွက်သွားပါတော့တယ်...ရိုးရိုးသားသား တောသူမလေး အောင်းတစ်ယောက်မြို့ပေါ်ရောက်သွားတဲ့အချိန်မှာ ဘယ်လို ကံကြမ္မာအပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့...ဒီဇာတ်လမ်းမှာပဲ ဆက်လက်ရှုစားလိုက်ကြပါဦးနော်File Size : 1.24GB / 576MB Quality : WEB-DL 1080p / 720p Duration : 01:50:00 Genres : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phoo Phoo Thant Encoded ...
movie

P (2005)

Heart Eyes (2025) 6.5
Heart Eyes (2025)  Heart Eyes (2025)IMDb Rating (6.5) / Rotten Tomatoes (80%) ဒီကားက ဗယ်လင်တိုင်းတုန်းက ရုံတင်ပြီး နာမည်ကြီးခဲ့တဲ့ကားပါ။ စောင်အတွဲတွေကို ချဉ်နေတဲ့သူအတွက် အကြိုက်ပါပဲ။တရားခံက တစ်နှစ်တစ်ခါ ဗယ်လင်တိုင်းရောက်တိုင်း စောင်အတွဲတွေကို ပိုးစိုးပက်စက် လိုက်-တ် တာပါ။စောင်အတွဲတွေ Ro နေတုန်း ခွေးပြေးဝက်ပြေးပြေးလိုက်၊ ရှောကုန်လိုက်နဲ့ ဟာတွေကို အားရပါးရ ကြည့်ရမှာပါ။ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဗယ်လင်တိုင်းဒေးတွေမှာ နှစ်နှစ်ဆက်တိုက် အတွဲတွေကို လိုက်ဖြုတ်နေတဲ့ စိတ္တဇကောင်ကြောင့် အားလုံး ကျီးလန့်စာစားနေရတဲ့အချိန်ပါ။အတွဲမရှိတဲ့ကောင်တွေကတော့ အေးဆေးဆေးဆေး ဖြတ်သန်းနေတဲ့ အချိန်ပေါ့။ ၂၀၂၅ ဗယ်လင်တိုင်းမှာလဲ အတွဲမရှိတဲ့ မာကတ်တင်း ဝန်ထမ်းကောင်မလေးနဲ့ ကောင်လေးက အလုပ်ကိစ္စကို ဆိုင်မှာ ချိန်းတွေ့ရင်း တရားခံရှေ့မှာ အတွဲလို့အထင်လွဲခံရစရာလေးတွေ လုပ်လိုက်မိပါတယ်။ဒါနဲ့ပဲ အသည်းပုံမျက်လုံး လူ-တ်သမားလို့ နာမည်ကြီးတဲ့ စိတ္တဇကောင်က အိမ်ထိလိုက်လာပြီး ကြိတ်တဲ့အခါ အသက်ဘေးကလွတ်အောင်ပြေးရင်း ဘယ်လိုပြန်တိုက်မလဲ၊ ...
movie

Heart Eyes (2025)

2025
Down Below (2024) 5.5
Down Below (2024)  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြို့တစ်မြို့ကခရစ်စမတ်အကြိုနေ့မှာလူပေါင်းများစွာဟာ ဘုရားကျောင်းထဲမှာအဆိပ်ငွေ့တွေနဲ့အသတ်ခံရလိုက်တယ်။မစ္စတာမန်းဒေးဆိုတဲ့သူနဲ့ ကလေးတစ်ယောက်ကဒီကိစ္စရဲ့အဓိကတရားခံတွေပေါ့။နှစ်တွေကြာလာတဲ့အခါ ဒီမြို့မှာ အကြီးအကျယ်လူသတ်ခဲ့တာကို ဘယ်သူမှမသိကြတော့ဘူး။တစ်နေ့မှာမစ္စတာ မန်းဒေးဟာ လူတစ်ယောက်ချင်းစီရဲ့စိတ်ကူးအတွေးထဲကနေထွက်ပေါ်လာတယ်။ဒီထဲမှာ ကလေးငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့စွပ်စွဲခံထားရတဲ့ ဆဲလ်မ်၊ စိတ်ရောဂါခံစားနေရတဲ့ ဘန်ဒီနီ၊မိန်းမပျက်ဘဝနဲ့အသက်မွေးနေရတဲ့ ခရစ်စမာ တို့ဟာအတိတ်ကဖြစ်ရပ်တွေကိုတရိပ်ရိပ်ပြန်မြင်လာရတဲ့အခါမှတော့....  File size… (2.03 GB) / (946 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie

Down Below (2024)

Halloween Candy (2025) 5.5
Halloween Candy (2025)  ဒီတစ်ခါတော့ Horror Fan တွေကြည့်လိုကောင်းမဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....Liza ဆိုတဲ့အမျိုးသမီးဟာ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်...သူမဟာ ခင်ပွန်းဖြစ်သူနဲ့သမီးဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံထားရလိုအထီးကျန်နေတာပဲဖြစ်ပါတယ် ထိုစိတ်ကြောင့် ဝတ္ထုမရေးနိုင်ဖြစ်နေတဲ့သူမဟာ Halloween ညမှာ သူ့ဆီကို trick or treatလုပ်ပြီး သကြားလုံးလာတောင်းတဲ့လူတွေကိုကြည့်ပြီးဝတ္ထုရေးဖိုအကြံရသွားပါတော့တယ်...ဒါပေမဲ့ သကြားလုံးလာတောင်းကြတဲ့သူတွေထဲမှာ သူမရဲ့Halloween ညကိုမေ့မရနိုင်အောင်ဖန်တီးပေးမဲ့ တစ်စုံတစ်ယောက် ရောက်လာတဲ့အခါမှာတော့....  File size… (940 MB) / (473 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Halloween Candy (2025)

Breathing In (2024) 5.5
Breathing In (2024)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror Drama ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ နောက်ခံအချိန်ကာလက ၁၉၀၀ ပြည့်နှစ်ဝန်းကျင် တောင်အာဖရိက ဘိုဝါစစ်ပွဲအချိန်ကာလကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒဏ်ရာရ အင်္ဂလိပ် စစ်ဗိုလ်မှူးတစ်ယောက်က အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ သမီးငယ်လေးရဲ့ တဲအိမ်မှာ ခိုလှုံဒဏ်ရာကုသနေတာနဲ့ အစချီထားပါတယ်။ မှောင်မည်းပြီး Creepyဖြစ်တဲ့ ရိုက်ကွက်တွေနဲ့အတူ တခြား Horror ကားတွေနဲ့မတူတဲ့တင်ဆက်မှုလို့ ပြောလို့ရတာက ဇာတ်လမ်း plot ကသိပ်ပြီးတိတိကျကျ ရေရေရာရာ မရှိတဲ့အပြင် တစ်နေရာတည်းမှာပဲ ဇာတ်လမ်းကို ရိုက်ကူးပြသွားတာပါ။ဒါပေမယ့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဖြစ်တဲ့ စိတ်ဖိစီးမှုတွေရူးသွပ်မှုတွေနဲ့ ပညာသည်လို့ ယူဆရတဲ့ အမျိုးသမီးနဲ့သူ့သမီးငယ်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကကောင်းမွန်လှပါတယ်။ ပြူးပြူးပြဲပြဲခြောက်လှန့်မှုမျိုးမဟုတ်ဘဲ ကြည့်ရှုသူရဲ့ စိတ်ကို Edgy ဖြစ်နေအောင်တင်ဆက်ရိုက်ကူးနိုင်တာလို့ ပြောရမယ် ထင်ပါတယ်။ခြုံငုံပြီး သုံးသပ်ရရင်တော့ ဘယ်လိုစစ်ပွဲမဆို အနိဌာရုံတွေမြင်ရတာများတဲ့ အခါမှာ လူတွေရဲ့ စိတ်ဟာ ကုစားမရတဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ရှင်သန်မှု တစ်ခုတည်းအတွက်နောက်ဆုံးထွက်သက်အထိ ...
movie

Breathing In (2024)

Pasahero (2024) 6.9
Pasahero (2024) Pasahero (2024)IMDb Rating (6.9) မနီလာမြို့တော်ရဲ့ MMR နောက်ဆုံးရထားရဲ့တွဲတစ်တွဲအတွင်းမှာ အရောင်းစာရေးမလေးတစ်ယောက် မတော်မတရားပြုကျင့်ခံခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်အတွင်း မိန်းကလေးငယ်ဟာ မုဒိမ်းကောင်နဲ့တစ်ယောက်တည်းရှိနေခဲ့တာမဟုတ်ပဲ တွဲပေါ်မှာတစ်ခြားခရီးသည်တွေပါရှိနေခဲ့ပေမယ့်သူတို့ဟာ သားကောင်ရဲ့အကူအညီတောင်းသံကို မကြားချင်ယောင်ဆောင် တက်ညီလက်ညီလျစ်လျူရှူခဲ့ကြတာပါ။အဲ့ဒီဖြစ်ရပ်တွေဖြစ်ပြီး တစ်လအကြာမှာတော့ အဲ့ဒီခုနှစ်ယောက်ထဲမှာ ပါဝင်ခဲ့တဲ့သူတွေဟာ တစ်ယောက်ပြီးတစ်ယောက် မကောင်းတဲ့ အရိပ်အယောင်တွေ၊ခြောက်လှန့်မှုတွေ၊ နိမိတ်ဆိုးတွေကို စတင်ရင်ဆိုင်လာခဲ့ရပြီးတစ်ချို့တွေဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်လာတဲ့နောက်မှာတော့ သူတို့လုပ်ခဲ့ဖူးတဲ့အမှားအယွင်းတွေကိုပြန်သုံးသပ်ဖို့ဖြစ်လာပါတော့တယ်။ကျူးလွန်သူဟာ သူတို့မဟုတ်ပေမယ့် လျစ်လျူရှုမိခြင်းဟာ အပြစ်တစ်ခုလား?သူတို့ရင်ဆိုင်နေရတဲ့ လတ်တလော အနိဌာရုံတွေဟာ အဲ့ဒီဖြစ်ရပ်နဲ့ဆက်စပ်နေမလား? အစရှိတာတွေကို သဲထိတ်ရင်ဖိုလိုက်လံအဖြေရှာကြရမှာဖြစ်ပါတယ်။Pasahero ဟာ ဟော်ရာရုပ်ရှင်တစ်ခုသက်သက်မဟုတ်ပဲ တကယ်တမ်းလက်တွေ့ကမ္ဘာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေ၊ဖြစ်စဉ်တွေကိုပါ သဲထိတ်ရင်ဖိုနဲ့ ပေါင်းစပ်ပြီး ထင်ဟပ်ဖော်ပြထားတဲ့ social commentary တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.5 GB) / (800 MB) / (450 MB) Quality….WEB-DL 4K HEVC / 1080p HEVC / ...
movie

Pasahero (2024)

2024
4K HEVC