Channel Myanmar

1977

Mind Your Language (1977) 8.237
Mind Your Language (1977) Mind your Language ဆိုတဲ့ British Sitcom လေးဟာ ကမ္ဘာပေါ်မှာ နာမည်ကောင်းနဲ့ရော၊ နာမည်ဆိုးနဲ့ရော ကျော်ကြားပါတယ်။ ဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ခေတ်ကာလအခြေအနေက နိုင်ငံရေး လူမျိုးရေး ဘာသာရေးဟာသတွေ ခေတ်စားတဲ့အချိန်လို့ပြောရမလား။ အဲဒီလိုဟာသတွေ ပြောတတ်ရင်ကို ပညာတတ် လူချစ်လူခင်များသူလို့သက်မှတ်တဲ့ခေတ်မှာ ဒီဟာသစီးရီးထဲ ဒီလိုမျိုးတွေ အပြွတ်လိုက်ပါတာ မဆန်းဘူးပြောရမှာပါပဲ။တံခါးပိတ်စနစ် ကျင့်သုံးလုနီးပါးဖြစ်နေတဲ့ တရုတ်နိုင်ငံအပေါ်မှာ ဗြိတိန်သားတို့ အမြင်မကြည်ဘူးထင်ပါရဲ့။ သာတူညီမျှကောင်းစားရေး အရေခြုံကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီအရေခြုံအရင်းရှင်ဝါဒတို့ အားပြိုင်မှုကိုလည်း တွေ့နိုင်ပါလေရဲ့။ စက်မှုတစ်ခေတ်မှာ ထွန်းတောက်လာတဲ့ ဂျပန်နိုင်ငံကိုတော့ တလေးတစားနေရာပေးထားတာကို ဘက်လိုက်မှုတစ်ခုအနေနဲ့ တွေ့ရပါတယ်။ အီတလီ နဲ့ ပြင်သစ်တို့ကို ထူးထူးကဲကဲ လှောင်ပြောင်မထားပေမဲ့ တဏှာပေမကြီးတဲ့သူတွေအဖြစ် ပုံဖော်ထားခြင်းကလည်း အီတလီ နဲ့ ပြင်သစ်တို့ အဲဒီခေတ်က လူကြီးကြိုက်ကားတွေ အားကောင်းမှုကို မီးမောင်းထိုးပြလိုက်သလိုပေါ့။ အိန္ဒိယ စပိန် ဂျာမန် တို့ကိုတော့ ‌ဗြိတိန်သားတွေ ချမ်းသာပေးထားလေရဲ့။ဘာသာရေးအပိုင်းမှာတော့ ...
8.237
TMDb: 8.237/10 57 votes
tv

Mind Your Language (1977)

1977