Channel Myanmar

Thriller

Narivetta(2025) 5.9
Narivetta(2025) Narivetta (2025) "အမှန်တရားဘက်တော်သား"မလေယာလမ် အက်ရှင်ဇာတ်လမ်း အသစ်လေးကို မဆလာပရိသတ်တိုအတွက် တင်ဆက်ပေးပါရစေ၂၀၀၃ ခုနှစ်က ဖြစ်ရပ်မှန်တစ်ခုပေါ် အခြေခံကာ ကီရယ်လာပြည်နယ်ရဲ့ မျိုးနွယ်စုရွာလေးမှာတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပီတာက ဝေးလံခေါင်ဖျားဒေသတစ်ခုကို သွားရောက်တာဝန်ထမ်းဆောင်ရတဲ့ ရဲသားပါဒီလိုနဲ့ မျိုးနွယ်စုတိုင်းရင်းသားတွေရဲ့ ဒုက္ခတွေ၊ သူတိုမတရားသဖြင့် ဖိနှိပ်ခံရတာတွေကို မြင်လာရတဲ့အခါ ရဲအရာရှိတစ်ယောက်အနေနဲ့ သူဘာကိုရွေးချယ်သွားမလဲအက်ရှင်ခန်းတွေနဲ့ ဒရာမာစုံလင်စွာပါဝင်တဲ့ ဒီကားလေးထဲမှာ ခံစားကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Narivetta(2025)

Vulcanizadora (2024) 6.2
Vulcanizadora (2024)  Vulcanizadora (2024)IMDb Rating (6.2) / Rotten Tomatoes (98%) "Vulcanizadora" က Joel Potrykus ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုလို ဆိုနိုင်ပြီး ဘဝရဲ့ အဓိပ္ပါယ်၊ လူတွေရဲ့ ဆက်ဆံရေးနဲ့ စိတ်ဒဏ်ရာတွေကို ပြန်တွေးမိအောင် ပုံဖော်ရိုက်ကူးထားပါတယ်။ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Marty (Joshua Burge) နဲ့ Derek (Joel Potrykus) တို သူငယ်ချင်းနှစ်ယောက်က Michigan သစ်တောထဲမှာ ခရီးထွက်လာကြတယ်။Marty က စကားသိပ်မပြောဘဲ တိတ်ဆိတ်နေတတ်သူဖြစ်ပြီး Derek ကတော့ စကားများပြီး စိတ်မငြိမ်တဲ့ သူငယ်ချင်းဖြစ်တယ်။ဒါပေမယ့် သူတိုရဲ့ ခရီးက သာမန် လျှောက်လည်တဲ့ခရီးမဟုတ်ဘဲ ထိတ်လန့်စရာ သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော်ဖိုအတွက်ဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်းမဟုတ်တဲ့ အမှားတွေဖြစ်လာချိန်မှာတော့ အကျိုးဆက်တွေကို တရားရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.7 GB) ...
movie

Vulcanizadora (2024)

2024
The Patriot (1998)
The Patriot (1998) ဒီဇာတ်ကားကတော့Steven Seagalပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်နိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုနဲ့ တိုင်းပြည်အရေးအခင်းတွေအကြောင်းရိုက်ကူးထားတဲ့ Action, Drama ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းအညွှန်း ဒေါက်တာ ဝက်စ်လေက သိပ်ကိုတော်ပြီး အစိုးရရဲ့ ထိပ်တန်းလျို့ဝှက်ချက်လုပ်ငန်းတွေကို အရင်ကပူးပေါင်းဆောင်ရွက်ပေးခဲ့သူပါ။ဒါပေမယ့်အကြောင်းကြောင်းကြောင့် အဲဒီကနေထွက်ခဲ့ပြီး မြို့သေးသေးလေးတစ်မြို့မှာ ပြည်သူ့ဆရာဝန်အဖြစ်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ အစွန်းရောက်လူတစ်ချို့က လေထဲကကူးနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို မြို့ထဲမှာဖြန့်ခဲ့ပြီး သူတို့ကိုယ်တိုင်ပါမထိန်းတတ်တော့ပဲ သူတို့အပါအဝင်တစ်မြို့လုံးကလူတွေတစ်ယောက်ပြီး‌တစ်ယောက်သေကုန်တော့ပါတယ်။အဲဒါနဲ့ ဝက်စ်လေလဲ သူ့မိတ်ဆွေဟောင်းတစ်ယောက်ကိုအကူအညီတောင်းပြီး ဖြေဆေးရှာဖို့ကြိုးစားတော့တာ‌ပေါ့။ အဲဒီလိုကြိုးစားရင်းနဲ့သူ့သမီးဟာ ထိုဗိုင်းရပ်စ်ကိုခံနိုင်တဲ့တစ်ယောက်ထဲသောသူဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒါကိုသိလိုက်ရတာက သူတစ်ယောက်ထဲမဟုတ်ပဲ အစွန်းရောက်အဖွဲ့ကပါသိသွားပြီးနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller, Action  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero 
movie

The Patriot (1998)

The Good Teacher (2024)
The Good Teacher (2024) “The Good Teacher” (ပြင်သစ်အမည် Pas de Vagues) က ဒါရိုက်တာ Teddy Lussi-Modeste ရဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ François Civil သရုပ်ဆောင်တဲ့ Julien ဆိုတဲ့ ဆရာတစ်ယောက်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ကျောင်းသူတစ်ယောက်ရဲ့ မတော်မတရား စွပ်စွဲမှုကြောင့် ပြဿနာတွေ ရင်ဆိုင်ရတယ်။ဒီစွပ်စွဲတာက ကျောင်းထဲမှာ ကောလာဟလတွေ ပျံ့သွားပြီး Julien ရဲ့ ဂုဏ်သတင်း၊ အလုပ်နဲ့ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ ဆက်ဆံရေးတောင် အန္တရာယ်ရှိလာပါတယ်။ ဒါရိုက်တာရဲ့ ၂၀၂၀ ခုနှစ်က ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံထားတာပါ။ ရုပ်ရှင်က ၁ နာရီ ၃၁ မိနစ်ကြာ၊ ပြင်သစ်ဘာသာနဲ့ ရိုက်ထားပြီး မတ်လ ၂၇၊ ၂၀၂၄ မှာ ပြင်သစ်မှာ ရုံတင်ခဲ့တယ်။IMDb မှာ 6.6/10 ရထားပြီး François Civil ...
movie

The Good Teacher (2024)

Brick (2025) 6.0
Brick (2025) သဘာဝလွန်ဖြစ်ရပ်တွေကို ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရတာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး လာပါပြီ။ဇာတ်လမ်းအကျဉ်း ++++++++++တင်မ်နဲ့ အိုလီဗီယာက ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အတူနေထိုင်နေတဲ့စုံတွဲဖြစ်ပါတယ်။တင်မ်ဟာ ဂိမ်းအက်ပလီကေးရှင်းတွေကို ဖန်တီးတဲ့ အိုင်တီပညာရှင်ဖြစ်ပြီးတော့ အလုပ်ရှင်ကုမ္မဏီက ဂိမ်းပွဲဦးထွက်ရမဲ့သတ်မှတ်ရက်ကို ရှေ့တိုးလိုက်လို့ အကြပ်ရိုက်နေပါတယ်။အိုလီဗီယာကလည်း သူမကို အချိန်မပေးပဲ အလုပ်ပဲဇွတ်လုပ်နေတဲ့တင်မ်ကို သူမကို ကတိပေးထားတဲ့အတိုင်း ပဲရစ်ကို ခေါ်သွားဖို့ ပြောပေမဲ့ အချိန်မရှိတဲ့ တင်မ်က နောက်မှသွားဖို့ပြောလိုက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။မနက်လင်းတော့ တင်မ်ကို စိတ်ကုန်သွားတဲ့ အိုလီဗီယာဟာ တင်မ်ကိုလမ်းခွဲပြီး ထွက်သွားဖို့ပြင်ပါတော့တယ်။အဲအချိန်မှာ ထူးဆန်းစွာပဲ သူတို့အဆောက်အဦးရဲ့ လေးဖက်လေးတန်လုံးမှာ ထူးဆန်းတဲ့နံရံကြီးတစ်ခုက ထွက်ပေါက်မရှိပဲ ပိတ်ဆို့ထားပါတော့တယ်။အဲအချိန်မှာ ဘေးအခန်းမှာနေတဲ့သူတွေရဲ့အသံကိုကြားလို့ အခန်းတွင်း ဘေးနံရံကို ဖောက်ထွင်းလိုက်တော့ အခန်းဖော်တွေကို တွေ့လိုက်ရပြီး သူတို့လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။အဲတော့ သူတို့တွေ ဒီအဆောက်အဦးထဲက ဘယ်လိုထွက်ပေါက်ရှာကြမလဲ...ဒီနံရံကြီးက လူသားတွေက ဖန်တီးထားတာလား ဒါမှမဟုတ် ဂြိုဟ်သားတွေများ ဖြစ်နေမလား....ဒီလိုနံရံကြီးက ဒီအဆောက်အဦးတစ်ခုကိုပဲ ပိတ်ဆို့ထားတာလား....တခြားအဆောက်အဦးတွေရော ဒီလိုဖြစ်နေမလား....အပြင်မှာရော ...
movie

Brick (2025)

The Hidden (1987) 7.0
The Hidden (1987)  ဒီဇာတ်လမ်း‌‌လေးရဲ့အစမှာ‌တော့ ဘဏ်ဓားပြတစ်‌ယောက်ကိုလိုက်ဖမ်းတဲ့‌နေရာကနေစထားပါတယ် အဲဒီမြို့နယ်ရဲစခန်းရဲ့အကျော်အမော်ဖြစ်တဲ့ ဘက်လို့‌ခေါ်တဲ့ စုံထောက်ကိုယ်တိုင် ဦးဆောင်ပြီးဖမ်းနေကြတာပါ အဲဒီလိုနဲ့ဓားပြကိုအသေရရအရှင်ရရဖမ်းရင်းနဲ့ ဓားပြဖြစ်တဲ့‌ကောင်က accidentဖြစ်ပြီး မီးလောင်သွားခဲ့ပါတယ် ‌‌အဲဒီလိုနဲ့ ဆေးရုံတင်ထားတုန်းမှာ FBIကအ့ဂျင့်ဖြစ်သူ လွိုက်တစ်ယောက်ဟာ ဘက်ဆီကိုရောက်လာပါတော့တယ် လွိုက်ကအဲဒီဓားပြဟာသူရှာနေတဲ့သူဖြစ်တာကြောင့်အမှုကိုတူတူကိုင်ချင်တယ်လို့ပြောပြီး ဆေးရုံကိုသွားကြည့်ချိန်မှာပဲ ဓားပြဖြစ်တဲ့ကောင်က‌သေသွားပြီး သူ့ဘေးကလူမမာက ပျောက်ခြင်းမလှ‌ပျောက်သွားပါတော့တယ်အဲဒါကိုလွိုက်က အဲဒီပျောက်သွားတဲ့လူနာကဘဏ်ဓားပြပဲဆိုပြီးပြောတော့ ဘက်တစ်‌ယောက်ဘယ်လိုမှနားမလည်နိုင်‌တွေဖြစ်ရပါတော့တယ် အဲဒီပျောက်သွားတဲ့သူဟာလည်းအရင်ဘဏ်ဓားပြလိုပဲ ကား‌တွေခိုးလူတွေသတ်နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လုပ်နေခဲ့တာပါ အဲဒီလိုနဲ့စုံထောက်ဘက်က အရင်ဓားပြနဲ့အခုဆေးရုံကပျောက်သွားတဲ့လူနာတို့ရဲ့နောက်ကြောင်းကိုစုံစမ်းကြည့်တော့ သူတို့နှစ်ယောက်လုံးဟာ ပြစ်မှုဘာဆိုဘာမှအရင်ကလုပ်ထားတာမရှိတာကိုသွားတွေ့ရပါတယ်အဲဒီတော့ ဒီလူနှစ်ယောက်ဘယ်ကနဘယ်လိုစိတ်ရိုင်း‌‌တွေဝင်ပြီးအခုလို‌တွေဖြစ်သွားတာလဲ အေးဂျင့်လွိုက်‌ရော ဘာတွေလျှို့ဝှက်ထားလည်းဆိုတာကိုတော့ ဒီကားလေးကိုကြည့်ပြီးအရင်‌ခေတ် စိတ်ကူးယဉ်ဆန်ဆန်စုံထောက်ဇာတ်လမ်း‌လေးကို ကြည့်ကြည့်လိုက်ကြပါဦးဗျာ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Crime, Horro, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Chan Myae Min Htike
movie

The Hidden (1987)

A Mistake (2024) 5.8
A Mistake (2024) ဒီတစ်ခါမှာတော့ နယူးဇီလန် ဆရာဝန်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။အဲလိဇဘက်ဟာ ဆေးရုံရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်သလို တစ်ဦးတည်းသော အမျိုးသမီး ခွဲစိတ်ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ် ။သွေးဆိပ်သင့်လူနာတစ်ယောက်ကို ခွဲစိတ်ရင်းနဲ့ ဘွဲလွန်ဆရာဝန်ကို trocar ဖောက်ခိုင်းလိုက်ရာကနေ လက်လွန်ပြီး သွေးလွှတ်ကြောအထိပါ ပေါက်သွားခဲ့ပေမဲ့ အဲလိဇဘက်တိုက အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ် ။ဒါပေမဲ့ ICU ထဲမှာ တစ်ရက်နီးပါး နေပြီးတဲ့နောက်မှာတော့ အဲဒီလူနာက ဆုံးပါးသွားခဲ့ပါတယ် ။တစ်ချိန်တည်းမှာပဲ ခွဲစိတ်ဆရာဝန်တွေရဲ့ ခွဲစိတ်လူနာရလဒ်တွေကို ဒေတာတွေအနေနဲ့ လူသိရှင်ကြားထုတ်ပြန်မယ်ဆိုတဲ့ စနစ်အသစ်တစ်ခု ထွက်လာတဲ့အခါ လောလောလတ်လတ်ကမှ လူနာ ဆုံးထားပြီးလူနာရှင်က ကွန်ပလိန်းတက်ခံနေရတဲ့ အဲလိဇဘက်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာပါတော့တယ် ။ကိစ္စတွေက တစ်ခုပြီး တစ်ခုဆိုသလို အဲလိဇဘက်အတွက် downfall က ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ဒီအရှုပ်အထွေးတွေ ကြားထဲကနေ အဲလိဇဘက် ဘယ်လိုရှင်သန်မလဲ။ဒီလိုကိစ္စတွေထဲမှာမှ ခွဲခန်းအတူဝင်ခဲ့တဲ့ လက်ထောက် ဘွဲလွန်ဆရာဝန်က ကိုယ့်ကိုယ်ကိုယ် ...
movie

A Mistake (2024)

The Gingerbread Man (1998)
The Gingerbread Man (1998) IMDb - 5.7/10 RT - 60% ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး ...
movie

The Gingerbread Man (1998)

The Asphalt Jungle (1950) 7.8
The Asphalt Jungle (1950)  ဟန်ဒလေဟာ ထောင်ထွက်တစ်ယောက်ပါ။ အရင်က သူတို့မိသားစုပိုင်ဆိုင်ခဲ့တဲ့ မွေးမြူရေးခြံတွေစိုက်ပျိုးမြေတွေကို ဆုံးရှုံးလိုက်ရတာကြောင့် သူ့ရဲ့တစ်ခုတည်းသောအိပ်မက်က အိမ်ပြန်ပြီး ဆုံးရှုံးခဲ့တာတွေပြန်ယူဖို့ဖြစ်လာခဲ့တယ်။အခုတော့ သူဟာ ရှိသမျှကိုမြင်းပွဲလောင်းနေတဲ့ တေလေဂျပိုးတစ်ယောက်ဖြစ်ခဲ့လေပြီ။ တစ်နေ့မှာတော့ ထောင်ထွက်ဝိဇ္ဇာကြီးတစ်ယောက်ဦးဆောင်တဲ့ရတနာဖောက်ထွင်းမှုတစ်ခုမှာပါဖို့ ဖြစ်သွားခဲ့ပြီး အောင်အောင်မြင်မြင်နဲ့ဖောက်ထွင်းနိုင်ခဲ့ကြပေမဲ့ ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့အတိုင်း ဟန်ဒလေတစ်ယောက် ပြဿနာတွေကိုကျော်လွှားနိုင်ပြီး အိမ်ပြန်ရောက်နိုင်ပါ့မလား...။( မင်းသမီးချောကြီး Marilyn Monroe လည်းပါ၀င်ပါတယ်) File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre... Film Noir, Heist, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

The Asphalt Jungle (1950)

Ziam (2025) 7.5
Ziam (2025) Ziam (2025)************ကိုကိုMark Prinတို့ အမှန်အကန်ကြမ်းမယ့် နောက်ဆုံးထွက် ထိုင်းဇွန်ဘီးကားလေးကို ခုပဲ စီအမ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ...မင်းသမီးကလည်း ပြည်သူ့အချစ်တော်လေးNychaaဆိုတော့ castတစ်ပေါက်နဲ့တင် ကြည့်ရတန်စေမှာပါ...ဒီကားလေးကတော့ ကမ္ဘာကြီးပူနွေးလာပြီး ကပ်ဘေးဆိုက်နေတဲ့ကာလကြီးထဲက ‌ဒေါက်တာမလေးနဲ့ မွေထိုင်းလက်ဝှေ့ကျော်လေးတို့ရဲ့ ဇာတ်လမ်းလေးပါ...ဇာတ်လမ်းအကျဉ်း--------------------မွေထိုင်းလက်ဝှေ့ကျော် ဆင်းတစ်ယောက် အလုပ်ကနေ ထွက်ပြီး...ချစ်သူလေးရင်ရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းချင်းဒေါင်မှာ အခြေချနိုင်ဖို့အရေး သင်္ဘောလိုက်ပြီး ငွေစုဖို့လုပ်ပါတယ်...သူ့ချစ်သူ 'ရင်'ကတော့ အန္တရာယ်များတဲ့အလုပ်ဖြစ်လို့ ဒါကို သဘောမကျလှပါဘူး...အသားဆိုတာ ရွှေပေးဝယ်လို့မရလောက်တဲ့ ရှားပါးကာလဖြစ်လို့ ငါးဟင်းနဲ့ သူဌေးတစ်သိုက် အောင်ပွဲခံနေတုန်း...ငါးဟင်းစားမိတဲ့သူတစ်ယောက် ရုတ်တရက်လဲကျပြီး 'ရင်'တို့ဆေးရုံကို ရောက်လာပါတော့တယ်...ကံဆိုးချင်တော့ ဒီငါးက ဇွန်ဘီးဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပြီး 'ရင်'တို့ဆေးရုံတစ်ရုံလုံး zombie outbreak ဖြစ်နေတာကို ဆင်းသိလိုက်ရချိန်မှာတော့...ဆင်းတစ်ယောက် ထိုင်းနိုင်ငံရဲ့ကမ္ဘာကျော် မွေထိုင်းလက်ဝှေ့အစွမ်းနဲ့ ဇွန်ဘီးတွေကို ဘယ်လိုအမှန်အကန်တီးပြီး ချစ်သူကို ကယ်ထုတ်မလဲဆိုတာ ရှုစားကြပါဦး...File Size….  1.85GB / 839MB Quality…. WEB-DL 1080p AAC5.1 / ...
movie

Ziam (2025)

Twilight (1998) 6.2
Twilight (1998)  Twilight (1998)IMDb Rating (6.2) / Rotten Tomatoes (61%) Old but Gold collection ထဲထည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဝါရင့်မင်းသားကြီး Paul Newman နဲ့ မင်းသမီးကြီး Susan Saradon တို့ ဇာတ်ဆောင်နေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Paramount studio ရဲ့ စပေါက်တဲ့ကားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပင်စင်ယူပြီးဖြစ်တဲ့ ရဲမှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဟယ်ရီရော့စ်ဟာဆိုရင် နာမည်ကြီးမင်းသား ဂျက်ခ်အေးမက်စ်နဲ့အတူနေပါတယ်။တစ်ချိန်က ကြားခံလူတစ်ယောက်မိတ်ဆက်ပေးမှုကြောင့် ဟယ်ရီဟာ ဂျက်စ်ရဲ့သမီး ခိုးရာပါလိုက်တာသွားတာကို မက္ကဆီကိုကနေ ကယ်လာခဲ့ပေးဖူးပါတယ်။ဒီလိုနဲ့ ကျေးဇူးကြွေးကော ရင်းနှီးမှုတွေကြောင့် ဘော်ဒါအရင်းကြီးနှစ်ယောက်ဖြစ်သွားတဲ့ ဂျက်ခ်နဲ့ ဟယ်ရီတို့ဟာ ဆယ်စုနှစ်ကြာအောင် အတူနေဖြစ်သွားကြတာပါ။ဒါပေမဲ့ နောက်ပိုင်းမှာ ဂျက်ခ်က ကင်ဆာဖြစ်ပြီး နာလည်ထူဖို့ ကြိုးစားနေတဲ့အချိန်မှာ သူ့ရဲ့ မိန်းမဖြစ်တဲ့ ကတ်သရင်းရဲ့ တစ်ချိန်ကလူသတ်မှုကြောင့် ပြန်ပေးငွေကို ဟယ်ရီကနေ တစ်ဆင့်ခံပေးပေးဖို့ ဂျက်ခ်က တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် ...
movie

Twilight (1998)

1998
Thursday (1998) 7.1
Thursday (1998)  Thursday (1998)IMDb Rating (7.1) / Rotten Tomatoes (43%) ရုပ်ရှင်အဖွင့်မှာတော့ ခပ်မိုက်မိုက်ပဲ ဘာမဟုတ်တာလေးနဲ့ လက်ရဲဇက်ရဲသတ်ရဲတဲ့လူတစ်စုနဲ့ စထားပါတယ်။ကေစီဝဲလ်စ်က ဗိသုကာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာမတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနစ်ဆီကနေ ဖုန်းဝင်လာပါတယ်။ နောက်တော့ကေစီ့အိမ်ကို နစ်ခ်ရောက်လာလို့တွေ့ရတာဝမ်းသာနေပါတယ်။ကေစီ့ကားကို နစ်ခ်ကငှါးသွားပြီး အပြင်ခဏထွက်သွားတဲ့အချိန်၊ထားခဲ့တဲ့ခရီးဆောင်သေတ္တာကိုမသင်္ကာတာနဲ့ရိုက်ဖျက်ပြီး အထဲမှာမူးယစ်ဆေးတွေတွေ့တာနဲ့ ကေစီကလက်ဆေးကန်ထဲ သွန်ချဖျက်ဆီးလိုက်ပါတယ်။ပီဇာလာပို့သူယောင်ဆောင်ထားတဲ့သူက ကေ့စီကိုခြိမ်းခြောက်ပြီး ပစ္စည်းဘယ်မှာလဲမေးတော့ လက်ဆေးကန်ထဲသွန်ချလိုက်တာအမှန်ဆိုတာသိသွားပြီး ကေစီ့ကိုသတ်မလို့လုပ်တဲ့အချိန် ကေစီကပြန်ပြီးဖမ်းထားလိုက်ပါတယ်။ကေစီတို့လင်မယားက၊ကလေးမွေးစားဖို့လျှောက်လွှာတင်ထားလို့ အကဲဖြတ်မေးခွန်းတွေမေးဖို့ ဒေါက်တာဂျာဗစ်က ကေစီ့အိမ်ကိုရောက်လာပါတယ်။ နစ်ခ်ရဲ့မိန်းကလေးသူငယ်ချင်းဒါးလတ်စ်ကလည်းရောက်လာပါတယ်။နောက်ထပ်မျှော်လင့်မထားတဲ့သူတွေလည်းရောက်လာပြီး မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ ကေစီ့နောက်ကြောင်းက ဘာဖြစ်မလဲဒါးလတ်စ်နဲ့ မမျှော်လင့်ဘဲရောက်လာတဲ့သူတွေဘာဆက်ဖြစ်မလဲ။ကေစီနဲ့ နစ်ခ်သူငယ်ချင်းနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုတာ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။“ဒီရုပ်ရှင်ကိုကြည့်ရင်း တစ်ခါတုန်းက facebook မှာခင်လို့ စကားပြောဖြစ်တဲ့အမေရိကန်ကောင်လေးတစ်ယောက်ပြောတာကိုအမှတ်ရမိပါတယ်။အကိုကလည်းဆေးမှုနဲ့ထောင်ထဲမှာ။မိဘတွေကလည်းဂိုဏ်းတွေအချင်းချင်းဖိုက်တဲ့ပွဲမှာသေသွားတယ်။လူဖြူမိသားစုကမွေးစားထားတာ မနေချင်လို့ထွက်ပြေးလာတာအခုဦးလေးဆီမှာ။ဦးလေးကလည်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူ။သူ့ဘဝကနေ့တိုင်းသေနတ်ကိုခေါင်းအုံးအောက်ထားပြီးအိပ်ရတဲ့ဘဝ။သူ့မှာမိန်းမရှိတယ်။ မိန်းမက ဟစ်စပန်းနစ်။ တကယ်ဖြစ်ချင်တာကသူနာပြုပါတဲ့။တကယ်တော့အမေရိကန်ပြည်ထောင်စုဟာ အကျင့်ပျက်ခြစားတာတွေရှိနေတဲ့ နိုင်ငံလို့လဲပြောသွားပါသေးတယ်။ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့လာမေးရင်း သူ့အကြောင်းကိုပြောပြသွားတာပါ။”ဒါကြောင့် Thursday ရုပ်ရုပ်ကားဟာလည်း ရုပ်ရှင်ဆိုတာထက် သရုပ်မှန်ဇာတ်ကားတစ်ကားဆိုလည်းမမှားလောက်ပါဘူး။Thomas Jane( ကေစီ)၊Aaron Eckhart(နစ်ခ်)၊ Paulina Porizkova( ...
movie

Thursday (1998)

1998
Out of the Past (1947) 8.0
Out of the Past (1947)  ဂျက်ဖ်ဟာ အလွတ်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ နယ်မြိုလေးတစ်မြိုမှာ ဆီဆိုင်ဖွင့်ပြီး ဘ၀သစ်စနေတယ်။အတိတ်ကိုမေ့ဖျောက်လိုက်ချင်ပေမဲ့ အတိတ်ကတော့ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဆဲ။ ဂျက်ဖ်ဟာ တစ်ချိန်တစ်ခါက မချစ်သင့်တဲ့မိန်းမတစ်ယောက်ကိုလည်း ချစ်ခဲ့ဖူးတယ်။အဲဒီမိန်းမကြောင့်ပဲ သူ့ဘ၀ဟာ အလှည့်အပြောင်းများစွာနဲ့ဂနာမငြိမ်ဖြစ်ခဲ့ရပြီး နှုတ်မဆက်ဘဲထွက်သွားခဲ့တဲ့သူမကို မေ့ဖျောက်နိုင်ဖို့ အတိတ်ကိုအတိတ်လိုပဲထားခဲ့လိုက်ချင်ပေမဲ့လည်း.... File size…(1.7 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Film Noir, Crime, Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

Out of the Past (1947)

Dismissed (2024) Clasat 6.0
Dismissed (2024) Clasat  Dismissed (2024)အေအိုင်တစ်ခုကို ဖွံ့ဖြိုးထုတ်လုပ်ဖို့လုပ်နေတဲ့ ကော်ပိုရေးရှင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပြီး စံပြ၀န်ထမ်းတစ်ယောက်တည်း သေဆုံးခဲ့ပါတယ်။ဒါပေမဲ့ အမှုက သိပ်မကြာဘူး ပယ်ချခံခဲ့ရပြီးတော့ တိတ်တဆိတ်သာ ပြီးသွားခဲ့ပါတယ်။ဒါကို လက်မခံတဲ့ အလွတ်တမ်းစုံထောက်တစ်ယောက်က ဒီကိစ္စကို စလိုက်ခဲ့ပြီး သေဆုံးသူအဲမီရာရဲ့လူမှုအသိုင်းအဝိုင်းက လူတွေကို အင်တာဗျူးလိုက်လုပ်ရင်း ဒီအမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ဖော်ထုတ်သွားတာကို ကြည့်ရမှာပါ။ဒီမှာဆိုရင် ကမ္ဘာကြီးပေါ်မှာ အေအိုင်ဆော့ဝဲလ်တွေရဲ့ အန္တရာယ်နဲ့ ဒီလိုအေအိုင်မျိုးကို တိုးတက်အောင်လုပ်ဖို့ ၀န်ထမ်းတွေ နေ့စဉ်လုပ်နေရတဲ့ အန္တရာယ်များတဲ့အလုပ်တွေကို သူတဖြည်းဖြည်းသိလာပါတော့တယ်။ဒီဟာတွေက ဘာတွေလဲ ဒီအမှုကိုရော သူနောက်ဆုံးမှာ ဖြေရှင်းသွားနိုင်မလားကို ကြည့်ရှု့ရမှာပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:32:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
movie

Dismissed (2024) Clasat

2024
Hunting Grounds (2025) 5.8
Hunting Grounds (2025) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်..ဒီဇာတ်ကားလေးမှာဆိုရင် ဒုစရိုက်သမားဖြစ်သူလင်ယောက်ျားဆီမှ ထွက်ပြေးကာ ဘဝသစ်တစ်ခုစဖို့ ကြိုးစားသူ အမျိုးသမီးတစ်ယောက်ရဲ့ လမ်းတစ်ထောက်မှာ ကြုံတွေ့ရတဲ့အခက်အခဲများ ပြဿနာများကို သွေးထွက်သံယို သတ်ပုတ်ခန်းများဖြင့် တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်..ဒုစရိုက်ခေါင်းဆောင်ဖြစ်သူရဲ့ အမျိုးသမီး Chloe ဟာ ကလေး ၂ ယောက်ရဲ့ မိခင်ဖြစ်ပါတယ် ယောက်ျားဖြစ်သူရဲ့ မကောင်းမှုနယ်ပယ်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားသူ Chloe ဟာ ဖယ်ဒရယ်အေးဂျင့်တစ်ယောက်နဲ့ ချိတ်ဆက်ကာ ဒုစရိုက်လောကက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားပေမယ့်အချိတ်အဆက်များပြားလှတဲ့ ယောက်ျားဖြစ်သူ Jake လက်မှ မလွတ်နိုင်ခဲ့ပါဘူး..Chloe တစ်ယောက် ဖယ်ဒရယ်အေးဂျင့်နဲ့ ဆုံမယ့်နေရာမှာပဲ Jake လက်အောက်ခံ လူမိုက်များရောက်ရှိလာကာ Chloe နဲ့ ကလေးများကို ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးစားပါတော့တယ်..ထိုသို့နှင့် ဖမ်းဆီးခေါ်ဆောင်ရာလမ်းတွင် Chloe တစ်ယောက် တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားရာ သေနတ်ပစ်ကျွမ်းကျင်သူ မုဆိုးတစ်ယောက်အကူအညီနဲ့ Jakeလက်အောက်ခံများဘေးမှ ခဏတာလွတ်မြောက်ခဲ့ပါတယ်..Jake လက်အောက်ခံများမှာ မကျွမ်းကျင်သည့်တောအတွင်း ဝင်ရောက်ဖမ်းဆီးဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေစဉ်မှာပင် ...
movie

Hunting Grounds (2025)

Wait Until Dark (1967) 7.7
Wait Until Dark (1967)  ဆူဇီဟာ မျက်မမြင်မလေး တစ်ယောက်ဖြစ်ပြီး ဆမ် ဆိုတဲ့ သူ့ရဲ့ ယောင်္ကျားနဲ့အတူ နေထိုင်ပါတယ်။တစ်ရက်မှာတော့ ဆမ်ဟာ အမျိုးသမီးတစ်ယောက်က ဘိန်းဖြူတွေပါတဲ့ အရုပ်တစ်ရုပ် ပေးလိုက်တာကို မသိဘဲနဲ့ အိမ်ကို ယူလာမိပါတော့တယ်။ ဒီ ဘိန်းဖြူတွေကို ပြန်လိုချင်တဲ့ ရုတ် ဆိုသူက လူလိမ် နှစ်ယောက်နဲ့ ပေါင်းပြီး ဆူဇီတို့ရဲ့ အိမ်ထဲကို ဝင်ကာ ပြန်ယူဖို့ ကြိုးစားကြပါတော့တယ်။ယောင်္ကျားဖြစ်သူ ဆမ် အလုပ်သွားနေတဲ့အချိန်မှာ မျက်မမြင်မလေး ဆူဇီကို ဒီအဖွဲ့ဟာ ဝင်ရောက် လိမ်လည် လှည့်စားကြပါတော့တယ်။ သူတို့တွေရဲ့ အန္တရာယ် ကြီးလှတဲ့ ဒီကစားပွဲမှာ ဆူဇီတစ်ယောက် ဘယ်လိုပါဝင်သွားမလဲ အန္တရာယ် ကင်းအောင် ဘယ်လိုနေမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ File size…(2 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Wait Until Dark (1967)

Stand Your Ground (2024) 5.8
Stand Your Ground (2024)  ဒီဇာတ်ကားလေးကတော့ Rotten Tomatoes 79% ရရှိထားတဲ့ Drama/Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း +++++++++++ဂျက် နဲ့ မော်ဂန် က နယ်မြို့လေးတစ်မြို့မှာ အေးအေးချမ်းချမ်းနေထိုင်နေသူတွေဖြစ်ပြီး မော်ဂန်က ကလေးဦးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။ဂျက်က စစ်ပြန်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အမေဆုံးပါးပြီးနောက် ကျန်ရစ်ခဲ့တဲ့ အိမ်လေးမှာ ဇနီးဖြစ်သူနဲ့ နေထိုင်နေတာပါ။အဆိုပါ နေအိမ်ကို မြို့မှာ သြဇာကြီးတဲ့လူတစ်စု က ဝယ်ချင်နေပြီးတော့ ဂျက်တို့ လင်မယားကို အိမ်ရောင်းဖို့ အမျိုးမျိုးဖိအားပေးနေခဲ့တာပါ။ဒီလိုနဲ့ တစ်ညမှာတော့ အိမ်ကို လာရောက်အကြပ်ကိုင် ခြိမ်းခြောက်ရင်း ကိုယ်ဝန်လွယ်ထားတဲ့ မော်ဂန်ကို မတော်တဆသတ်လိုက်မိပါတော့တယ်။ဒီလိုနဲ့ပဲ ဂျက်ကလည်း ပြန်လည်ခုခံရင်း ဖောက်ထွင်းသူတွေကိုသတ်မိသွားပြီး ထောင် ၆ နှစ်ကျသွားပါတယ်။ထောင်က လွတ်လာပြီးနောက် အညှိုးအတေးတွေအပြည့်နဲ့ ဂျက်က သူ့မိသားစုကို ပြိုကွဲအောင်လုပ်ခဲ့သူတွေကို ဘယ်လိုပြန်လက်စားချေမလဲဆိုတာအက်ရှင်အခန်းတွေအပြည့်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size… (1.01 GB) / (657 MB) Quality… WEB-DL 1080p HEVC /720p Format…mkv ...
movie

Stand Your Ground (2024)

Opus (2025) 5.7
Opus (2025)  Opus (2025)IMDb Rating (5.7) / Rotten Tomatoes (40%) 2025 ခုနှစ်မှာ A24 ကထုတ်လုပ်ထားတဲ့ psychological thriller ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Opus ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်က Opus ဆိုတဲ့ အတိုင်းပဲ ဂီတကို အရင်းခံရိုက်ကူးထားပြီး ဆုတွေလဲရရှိထားတဲ့ မင်းသမီး Ayo Edebiri က အဓိကဇာတ်ကောင်နေရာကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့တတ်သစ်စ ဂျာနယ်လစ်‌ဖြစ်တဲ့ အေရီရယ်ဟာ ကုမ္ပဏီမှာ ၀န်ထမ်းလုပ်နေရတယ်ဆိုပေမယ့် သူ့ဟာသူကုန်ကြမ်းရှာပြီး စာအုပ်ထုတ်ချင်နေတာပါ။အဲ့ဒီအချိန်မှာပဲ လုံး၀ဒိတ်ဒိတ်ကြဲနာမည်ကြီးဖြစ်ခဲ့တဲ့ အဲဖရတ်ဒ် မော်ရက်တီက နှစ်ပေါင်းများစွာ‌ပျောက်သွားပြီးမှ ရုတ်တရက် ပြန်ပေါ်လာတဲ့အတွက် လူတွေက အရမ်းကို အံ့ဩနေကြပါတယ်။သူက ဒီတိုင်း ပြန်ပေါ်လာတာမျိုးမဟုတ်ပဲ အယ်လ်ဘမ်အသစ်နဲ့အတူပြန်လာတာပါ။ ပြီးတော့ မော်ရက်တီဟာ သူ့ အယ်လ်ဘမ်အသစ်ကို ဦးဦးဖျားဖျားနားထောင်ခိုင်းဖို့ လူတစ်စုကို ရွေးပြီးအရင်ဖိတ်လိုက်ပါတယ်။ အဲ့ဒီမှာ အေရီရယ်လဲ အရွေးခံလိုက်ရပါတယ်။အေရီရယ်လဲ သူ့အထက်လူကြီးဖြစ်တဲ့ စတန်နဲ့ အတူ လာခေါ်တဲ့ကားနဲ့ပဲ ...
movie

Opus (2025)

2025
Pune Highway (2025) 5.4
Pune Highway (2025) Pune Highway 2025- အမှန်တရား၏အရိပ်Imdb -6.6 အောင်မြင်မှုတစ်ခုခုကိုကြွားချင်ရင် ငယ်ငယ်တုန်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေရှေ့ မကြွားပါနဲ့တဲ့သူတို့က အောင်မြင်မှုကို မမြင်ဘဲ အင်္ကျီနဲ့ နှပ်ချေးကပ်သုတ်ခဲ့တဲ့ ကလေးအဖြစ်နဲ့ပဲ မင်းကိုမြင်နေကြမှာပါတဲ့လေ ဂေဟာတစ်ခုမှ အတူကြီးပြင်းလာကြပြီး ရပ်ကွက်ထဲ မသိသူမရှိ ပေါက်ဖော်တို့အဖွဲ့ကတော့ ကြားဝင်လို့မရအောင်ခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ ဖွဲ့စည်းထားကြတာပေါ့ ကြီးလာတဲ့အခါ သူတို့တွေ့ကြုံရမဲ့ စိန်ခေါ်မှုကတော့ အေးချမ်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားတဲ့ ဒီသူငယ်ချင်းတွေရဲ့ ကမ္ဘာထဲကို လူသတ်မှုတစ်ခုက ရုတ်တရက် ဝင်ရောက်လာရာကနေ စတင်ပါတယ်လူသေအလောင်းတစ်လောင်း တွေ့ရှိပြီးနောက်မှာတော့ သူတို့ရဲ့ ပုံမှန်ဘဝတွေဟာ လုံးဝပြောင်းလဲသွားပါတော့တယ်ဒီအမှုက သူတို့ရဲ့ ခင်မင်မှုကို ဘယ်လိုစမ်းသပ်လာမလဲ ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာမလဲဆိုတာကတော့ ဇာတ်လမ်းရဲ့ အဓိကကျတဲ့ ဆွဲဆောင်မှုပါပဲဇာတ်ကွက်တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတာနဲ့အမျှ သူငယ်ချင်းတွေကြားက နက်နဲတဲ့ ဆက်ဆံရေးတွေ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေက ကြည့်ရှုသူတွေကိုဇာတ်ကားအဆုံးထိ စိတ်ဝင်တစား ဆွဲဆောင်ထားနိုင်မှာပါ လူသတ်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ရင်းနဲ့ သူတို့ရဲ့ ခင်မင်မှုက ဘယ်လိုပုံစံမျိုးနဲ့ ...
movie

Pune Highway (2025)