Channel Myanmar

1992

Scent of a Woman (1992) 8.0
Scent of a Woman (1992) Scent of a Woman (1992)IMDb (8.0) / Rotten Tomatoes (88 %) Won 1 Oscar. Another 5 wins & 14 nominationsဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့ Chris O'Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ်... "Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့" ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို ...
movie

Scent of a Woman (1992)

1992
And Life Goes On (1992) 7.9
And Life Goes On (1992) And Life Goes On (1992)~ IMDb - 7.9/10, Rotten Tomatoes - 100% ~ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း ...
movie

And Life Goes On (1992)

1992
City of Joy (1992) 6.5
City of Joy (1992) City of Joy (1992)Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို "အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ" တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း "လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်"လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ...
movie

City of Joy (1992)

1992
Alien³ (1992) 6.4
Alien³ (1992)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien³ (1992)

1992
Once Upon a Time in China II (1992) 7.3
Once Upon a Time in China II (1992)  ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်..... File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre... Action, Adventure, Biography Subtitle….Myanmar Subtitle ...
movie

Once Upon a Time in China II (1992)

1992
Dr. Lamb (1992) 5.9
Dr. Lamb (1992) Dr.Lamb (1992)ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ...
movie

Dr. Lamb (1992)

1992
Hellraiser III: Hell on Earth (1992) 5.5
Hellraiser III: Hell on Earth (1992) Hellraiser III: Hell on Earth (1992)Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: ...
movie

Hellraiser III: Hell on Earth (1992)

1992
Leprechaun (1992)
Leprechaun (1992) Leprechaun (1992)Friends ထဲက Rachel နေရာမှာ Jennifer Aniston ကို ဒီဇာတ်ကားကြည့်မိပြီး ရွေးလိုက်တာလို့ ထင်မိတယ်။ ဖေဖေ့ပိုက်ဆံနဲ့ လောကကြီးအကြောင်းဘာမှမသိ၊ လူမှုရေးနားမလည်ပေမဲ့ အမြင်ကပ်စရာမကောင်းဘဲ ချစ်စရာကောင်းနေဖို့က သူကလွဲပြီး တခြားသူတွေ လုပ်ဖို့ ခက်လိမ့်မယ်လို့ထင်ပါတယ်။ Friends ပရိသတ်တွေ ဒီကားကိုကြည့်ပြီး Jen ကိုထပ်ချစ်သွားမှာ အသေအချာပါပဲ။လက်ပရာခွန်ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် လူသေးသေးလေးလို့ ပြောတာပါတဲ့။ ပုံပြင်တွေမှာတော့ သူက ဖိနပ်ချုပ်တဲ့သူ၊ ဦးထုပ်အဝိုင်းဆောင်းထားတဲ့ ကုတ်အင်္ကျီနဲ့ လူသေးသေးလေးလို့ ပြောကြပါတယ်။ သူ့မှာ ဖိနပ်ချုပ်တာကနေရတဲ့ ရွှေတွေ အိုးလိုက်ရှိတယ်ဆိုပဲ။ သက်တံ့ရဲ့အဆုံးမှာ သူ့ရွှေအိုးကို မြှုပ်ထားပါသတဲ့။ကျွန်တော်တို့ဆီက လူနီလေးလိုမျိုးပဲ သူ့ကို နိုင်တယ်ဆိုရင် သူပိုင်ထားတဲ့ ရွှေအိုးကို ယူလို့ရတယ်တဲ့။ ပုံပြင်တွေထဲမှာတော့ လက်ပရာခွန်က အန္တရာယ်ပေးတတ်တယ်ဆိုတာမပါဘဲ ကျီစယ်တာသန်တဲ့ ရွှတ်နောက်နောက်ကောင်လေးတွေအဖြစ်နဲ့ ပုံဖော်ကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ Horror ဆိုတဲ့အတိုင်းပဲ ဒီလက်ပရာခွန်က နောက်တာမဟုတ်ဘဲ တကယ်လုပ်တာပါ။ ...
movie

Leprechaun (1992)

1992
[21+] All Ladies Do It (1992) 5.3
[21+] All Ladies Do It (1992)   ထုံးစံ အတိုင်း အရမ်းကြမ်းတဲ့ အိမ်ထောင်ရေး ရုပ်ရှင်တစ်ကားကို ၃ ကြိမ်မြောက် ထပ်မံ ဘာသာပြန်ပေးလိုက်ပါပြီ ...   ဒီရုပ်ရှင်ကားဟာ Rated R အဆင့် မို့ မိသားစု နှင့် အတူမကြည့်ရန် ၊ အသက်မပြည့်သေးသူများ မကြည့်ရန် သတိပြုမှုပါ...   အိမ်ထောင်ရေး ပညာပေး ဇတ်လမ်း တစ်ခုဖြစ်ပြီး မိန်းမဖြစ်သူမှာ ယောက်ျား ဖြစ်သူထံမှ စိတ်ကျေနပ်မှု မရ၍ အပြင်တွင် တစိမ်းယောင်္ကျား များဖြင့် ခြေလိမ်ရှုပ်သော ဇတ်လမ်းဖြစ်ပါတယ်....   အရမ်းကောင်းတယ် ကြည့်ပါ လို့ပဲ ပြောချင်ပါတယ် ကြည့်လိုက်လို့ နောင်တ မရစေရပါဘူး  File size…  2.1 GB /  869 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre .....  Drama , Adult Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by  ...
movie

[21+] All Ladies Do It (1992)

1992
Twin Dragons (1992) 6.5
Twin Dragons (1992)  ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

Twin Dragons (1992)

1992
Honey, I Blew Up the Kid (1992) 4.9
Honey, I Blew Up the Kid (1992) Honey, I Blew Up the Kid (1992) =======================ဒုတိယ ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ fail နေမယ်။ fail fail လေးပဲ ကောင်းပါတယ် ဆိုသလိုပါပဲ။ Honey I Shrunk the Kids ရဲ့ အောင်မြင်မှုနဲ့ဝင်ငွေကိုတော့ မမီခဲ့ပေမဲ့ အခုကားလည်း ဆက်လက်အောင်မြင် ခဲ့ပါတယ်လေ။ ပြောရရင် မိသားစုကား သိပ္ပံစိတ်ကူးယဉ်ကားတွေ ရလေ့ရှိတဲ့ အောင်မြင်မှုကိုတော့ တင်းပြည့်ကျပ်ပြည့် ရခဲ့တယ်ပေါ့ဗျာ။ ပထမကားကို မမီရကောင်းလားလို့တော့ အပြစ်တင်မစောလိုက်ပါနဲ့။ သူက တစ်ခေတ်တစ် ကားဆိုသလို ထူးခြားဆန်းပြား မမျှော်လင့်ဘဲ ပေါက်သွားတာမလို့ ဘေးမဲ့ပေး လိုက်ကြပါ။ဒီဇာတ်ကားမှာတော့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ နည်းပညာကိုယူပြီး နိုင်ငံတော် အဆင့်အနေနဲ့ ထပ်မံမွန်းမံဖို့ လုပ်နေတာပေါ့လေ။ ဒီတစ်ခါကတော့ မချုံ့တော့ ဘူးဗျ။ ကြီးအောင်လုပ်မှာ။ ဒီမှာလည်း သူက အပယ်ခံ သိပ္ပံပညာရှင်‌ပါပဲ။ ဒီလိုနဲ့ စလင်စကီ သားအဖနှစ်ယောက် သားငယ်လေး အာဒမ် ကိုခေါ် ပြီး ဓာတ်ခွဲ ခန်းကို ...
movie

Honey, I Blew Up the Kid (1992)

1992
A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men(1992) IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်...အဲ့လိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်.....ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်....စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်..အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး....သို့ပေမယ့် စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... ------------------------------------------------ File Size :(2.1GB) (748MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye ...
movie

A Few Good Men (1992)

1992
The Story of Qiu Ju (1992) 7.6
The Story of Qiu Ju (1992) The Story of Qiu Ju (1992)~ IMDb - 7.6/10, Rotten Tomatoes - 87% ~ဒီဇာတ်လမ်းက တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ရိုးရှင်းလွန်းလို့ အနိမ့်အမြင့်တောင် ပါလှတယ်မဟုတ်ဘူး။ ဇာတ်အိမ်တည်ရာ ခုနှစ်ကလည်း ၁၉၉၂မှာပဲ တည်ထားတယ်။ ဇာတ်ကရှင်းရှင်းလေး။ ရွာသူကြီး ခေါ် ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်။ အဲဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး။ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်။ ငွေတော့ရလိုက်တယ်။ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ ပြောရရင် အစိုးရအရာရှိတစ်ယောက်နဲ့ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် ...
movie

The Story of Qiu Ju (1992)

1992
Patriot Games (1992) 6.8
Patriot Games (1992) Patriot Games (1992)~ IMDb - 6.8/10, Rotten Tomatoes - 72% ~ဒီဇာတ်ကားက​တော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်​​ဆောင်ထားသလို ပါတိုင်း​သေ မင်းသားကြီး Sean Bean နဲ့ အချစ်​တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်​​လောက်တဲ့ကားပါ။အိုင်းရစ်ရီပတ်ဘလစ်တပ်မ​တော်လို့ ​ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး ​မြောက်အိုင်ယာလန်ကို ဗြိတိန်​တွေရဲ့လက်​အောက်က ခွဲထွက်ဖို့ ကြိုးစား​နေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က ​အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့​ပေမဲ့ မ​​အောင်မြင်ခဲ့ပါဘူး။ သူတို့ကို ...
movie

Patriot Games (1992)

1992
[18+] Bitter Moon (1992) 7.2
[18+] Bitter Moon (1992) Bitter Moon (1992)~ IMDb - 7.2/10, Rotten Tomatoes - 63% ~ခေတ်လိုအပ်ချက်အရရော လူ့လိုအပ်ချက်အရရော Erotic ကားတွေကို ရိုက်ခဲ့ကြတဲ့ အထဲမှာ ထိတ်ထိတ်ကြဲဒါရိုက်တာတွေလည်း မကင်းခဲ့ပါဘူး။ မင်းသားမင်းသမီးတွေကတော့ ပိုမကင်းပေါ့။ အရှေ့တိုင်း အနောက်တိုင်းအပါအဝင် နာမည်ကြီးစီနီမာတော်တော်များများက ဒါရိုက်တာတွေထဲ ဒီလိုကားတွေရိုက်ခဲ့တဲ့သူတွေ မနည်းပါဘူး။ ဒီတစ်ခါကားကို ရိုက်တဲ့သူက ရိုမန်ပိုလန်စကီးပါ။ရိုမန်ပိုလန်စကီးနာမည်ကို ဂိတော်တော်များများလည်း ရင်းနှီးပြီးသားပါပဲ။ သူ့မရင်းနှီးတောင် သူရိုက်ခဲ့တဲ့ကားတွေကိုတော့ ရင်းနှီးကြမှာပါပဲ။ The Pianist, Rosemary's Baby, Chinatown စသဖြင့် မာစတာ့ မာစတာပိစ်တွေကားတွေကို ရိုက်ခဲ့တဲ့ ဆရာကြီးပါပဲ။ ဒီဘဲက အော်စကာ၊ ဗြိတိန်အကယ်ဒမီ၊ ဆီဇာ၊ ရွှေကမ္ဘာလုံး၊ ရွှေဝက်ဝံ၊ Palme d'Or စသဖြင့် ထိပ်တန်းတကာထိပ်တန်းဆုကြီးတွေနဲ့ အမြဲ မျက်မှန်းတန်းမိနေတဲ့ လူဆိုလည်းမမှားဘူး။ ဒီတော့ သူ့စကေးကိုတော့ သွားရှုပ်လို့မရဘူးပေါ့။ ...
movie

[18+] Bitter Moon (1992)

1992
Buffy the Vampire Slayer (1992) 5.7
Buffy the Vampire Slayer (1992) Buffy the Vampire Slayer (1992)90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ...၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ...
movie

Buffy the Vampire Slayer (1992)

1992
Army of Darkness (1992) 7.6
Army of Darkness (1992) Army of Darkness (1992)~ IMDb 7.4 / Rotten Tomatoes 74% ~ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ...
movie

Army of Darkness (1992)

1992
Of Mice and Men (1992) 7.5
Of Mice and Men (1992) Of Mice and Men (1992)~ IMDb - 7.5/10, Rotten Tomatoes - 97% ~အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့...လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား ...
movie

Of Mice and Men (1992)

1992
Encino Man (1992) 5.8
Encino Man (1992) Encino Man (1992)အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ...
movie

Encino Man (1992)

1992