Channel Myanmar

Psychological

Perfect Stranger (2007) 5.7
Perfect Stranger (2007) Perfect Stranger (2007)***********************IMDb....5.7 ဒီဇာတ်ကားကတော့ ဒါရိုက်တာ James Foley ရိုက်ကူးထားပြီး မင်းသမီး Halle Berry နဲ့ မင်းသား Bruce Willis,Giovanni Ribisi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုအမှုဇာတ်လမ်းလေးပါ။ရိုဝီနာကတော့ ဒေးဗစ်ရှိန်းဆိုတဲ့နာမည်နဲ့ နာမည်ကြီးဂျာနယ်လစ်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဂရေ့စ်က သူမဆီရောက်လာပြီး ဒိတ်ဒိတ်ကျဲ သူဌေးတစ်ယောက်ရဲ့သတင်းကို ရေးပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ သူဌေးရဲ့ မယားငယ်လုပ်နေတဲ့ ဂရေ့စ်က သူ့ကိုတာဝန်မယူရင် ဇနီးဖြစ်သူဆီသွားမယ့်အပြင်သတင်းရေးတင်မယ်လို့ပါ သူဌေးကို ခြိမ်းခြောက်နေခဲ့တာပါ။ ဒီလိုနဲ့ မကြာခင်မှာပဲ ဂရေ့စ်ကအသတ်ခံလိုက်ရတဲ့အခါရိုဝီနာတစ်ယောက် သူငယ်ချင်းဖြစ်တဲ့ ဟက်ကာ မိုင်းနဲ့အတူ ဟာရီဆန်ဟေးလ်ဆိုတဲ့ သူဌေးကြီးကိုစုံစမ်းဖို့ဖြစ်လာပါတော့တယ်။ စုံစမ်းတဲ့ခရီးတစ်လျှောက်မှာ သူတို့ဘာသက်သေတွေရမလဲ...ရှာတွေ့ခဲ့တဲ့သက်သေတွေက အမှန်တွေပဲလား... ဂရေ့စ်ကိုသတ်တဲ့ လူသတ်သမားရော တကယ်ပဲဟာရီဆန်လား...ဘယ်သူဖြစ်နေမလဲ... မိုင်းကလဲ ရိုဝီနာအပေါ် စွဲလမ်းမှုတွေရှိနေတဲ့အခါ ...ဘယ်သူလူသတ်သမားလဲဆိုတာ ဒီကားလေးထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရှာဖွေရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်) File ...
movie

Perfect Stranger (2007)

Dangerous Liaisons (1988)
Dangerous Liaisons (1988)  ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူဟောင်းကို လက်စားချေချင်တဲ့ မာတူအီဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူ၏ချစ်သူဟောင်းရဲ့အပျိုစင်သတို့သမီးလောင်းရဲ့ ဂုဏ်သိက္ခာညစ်နွမ်းအောင် အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ကစားရာမှာနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗယ်မွန့်ကိုတာဝန်ပေးထားပါတယ်။ကိုယ့်ကျင့်သိက္ခာတရားကို အင်မတန်တန်ဖိုးထားလှသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဒမ် တော်ဗယ်ကိုလည်း ရအောင်ဆွဲဆောင်မည်ဟု ဗယ်မွန့်တစ်ယောက် မာတူအီနဲ့အပေးအယူလုပ်ထားပါတော့တယ်။ အပေးအယူကတော့ ပေးအပ်ထားတဲ့တာဝန်အောင်မြင်ရင် မာတူအီနှင့်တစ်ညတာကုန်ဆုံးခွင့်ပဲဖြစ်ပါတယ်။ဗယ်မွန့်တစ်ယောက် သူကြံစည်ထားတဲ့အတိုင်း ဖြစ်လာနိုင်လား ၊မာတူအီကရော သူ့လက်စားချေခြင်း အောင်မြင်နိုင်ပါ့မလား ၊ဘယ်လိုတွေ အဆုံးသတ်ကြမလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Dark Romance, Period Drama, Psychological Drama, Romantic Epic, Steamy Romance, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Dangerous Liaisons (1988)

Wretches (2018) 6.0
Wretches (2018) Wretches (2018)*************** ပရိသတ်တို့အချစ်တော် ဂင်ချားနား (Lee Yi Kyung), Uncle Samsik ထဲက (Lee Won Geun) နဲ့ Dali and Cocky Prince, Celebrity ထဲက (Park Gyu-Young)တို့ ပါဝင်ထားပြီးကိုရီးယားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့အရာတစ်ခုဖြစ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှု အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ 2018 ခုနှစ်ထွက် ဇာတ်ကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း **************** သာမန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jae-Young နဲ့ သူ့သူငယ်ချင်းတို့ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရနေကျ ကျောင်းသားတွေပါ။တစ်ရက်သည်းမခံနိုင်တော့တဲ့အဆုံး အနိုင်ကျင့်တဲ့ခေါင်းဆောင်ကို အအေးထဲ ပိုးသတ်ဆေးခတ်လိုက်ရာကနေ သူငယ်ချင်းဖြစ်သူက ကျောင်းထွက်လိုက်ရပါတယ် .. ။ကျောင်းတွင်းအနိုင်ကျင့်အဖွဲ့တွေမှာလည်း အာဏာအပေါ်မူတည်ပြီး အထက်တွေ အောက်တွေရှိတဲ့အလျောက်ထုံးစံအတိုင်း ကျန်ခဲ့တဲ့ Jae-Young တစ်ယောက် မပြီးမဆုံးနိုင် အနိုင်ကျင့်ခံရပါတယ်။စပရိန်တို့လို ဖိလေလေ တွန်းကန်လေဆိုတဲ့အတိုင်း ချောင်ပိတ်ပြီး လွတ်လမ်းမရှိတဲ့ လူငယ်ကျောင်းသားတစ်ယောက် ဘယ်လိုတွေ လက်တုံ့ပြန်သွားမလဲဆိုတာကို Jae-Young နေရာမှာပါ ဝင်ခံစားပြီး ရင်တမမနဲ့ ကြည့်ရှုခံစားရစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.13GB / 500MB Quality… ...
movie

Wretches (2018)

[18+] Natalie (2010)
[18+] Natalie (2010) Natalie ( 2010 )***************ပရိတ်သတ်ကြီးတွေကို မိတ်ဆက်ပေးမဲ့ အခုကားလေးကတော့...၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Natalie ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။နာမည်ကြီး ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဟွမ်းဂျွန်ဟျော့ရဲ့ အိမ်မက်က...လောကကြီးမှာ အလှဆုံးသော မိန်းကလေး ပန်ပုရုပ်တစ်ခုကို ထုနိုင်ဖို့ပါ။ဒါပေမဲ သူဟာ အနုပညာသမားတွေမှာ ဖြစ်တတ်တဲ့ art block ဖြစ်ပြီးတော့...ပန်းပုထုနိုင်စွမ်း လျော့ကျလာခဲ့ပါတယ်။ အဲဒီလိုကြောင့် အနုပညာတက္ကသိုလ်တစ်ခုမှာ..ပါမောက္ခအဖြစ် အလုပ်လုပ်ခဲ့ပါတယ် တစ်နေ့မှာ အကကျောင်းသူတစ်ယောက်ဖြစ်တဲ့..ဂျောင်မီရန်းနဲ့ တွေ့ဆုံပြီးတော့ ချစ်ကြိုက်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း...ဂျောင်မီရန်းကို တစ်ဖက်သက်ကြိုက်နေတဲ့ ဂျန်မင်ဝူဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေး..တစ်ယောက်လည်းရှိနေပါတယ်။ ဆရာနဲ့ တပည့် ဆက်ပြီးတော့ ချစ်နိုင်ပါ့မလား...ဘယ်လိုအခက်ခဲတွေကြုံတွေ့ရမလဲ တစ်ဖက်သက် အချစ်ကရော ဘယ်လိုဆက်ဖြစ်မလဲ။Natalie ဆိုတာကရော ဘယ်သူလဲ ဟွမ်းဂျင်‌ဟျော့ကရော သူ့အိမ်မက်ကိုဖန်တီးနိုင်ပါ့မလား...ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။18+ အနည်းငယ် ပါဝင်တာကြောင့် လူ ၁၈ယောက် စုကြည့်ဖို အကြံပေးချင်ပါတယ်ဗျာ။Genres: Mystery, Psychological, ...
movie

[18+] Natalie (2010)

Kim Ji Young: Born 1982 (2019) 7.3
Kim Ji Young: Born 1982 (2019) Kim Ji Young: Born 1982 (2019)**********************************ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ...ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြား အတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်... ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်.. Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ... တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး...တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်)File size…1.85GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Psychological, Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by AHtet
movie

Kim Ji Young: Born 1982 (2019)

Ms. Apocalypse (2024) 8
Ms. Apocalypse (2024) Ms. Apocalypse (2024)***********************Dare To Love, Insider ထဲမှ မင်းသမီး Lee Yoo Young နဲ့ My Happy Ending,Missing: The Other Side ထဲမှ မင်းသမီး Im Seon Woo တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားသစ်လေးကို CM ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအညွှန်း-စာရင်းကိုင် မန်နေဂျာ ဖြစ်တဲ့ ဂင်ယောင်းမီဟာ ဒုက္ခပင်လယ်ဝေနေတဲ့အခြေအနေတွေကြားထဲကနေ သူတစ်ဖက်သတ်ချစ်ရတဲ့ ကားဆရာ ဂူဒိုယောင်းရဲ့ဘဝကိုပါ ကယ်တင်ခဲ့ပြီး အကျိုးဆက်တွေကိုပါ တစ်ပါတည်း ခံစားခဲ့ရပါတယ်။ထောင်စုနှစ်ကို ကူးပြောင်းတဲ့အခါ ကမ္ဘာကြီး ပျက်လိမ့်မယ်လို့ ပညာရှင်တွေကဟောကိန်းထုတ်ခဲ့ပြီး လူတော်တော်များများကတော့ ကမ္ဘာကြီး မပျက်ခင်မှာဆန္ဒရှိတဲ့ အရာတွေကို လုပ်လေ့ရှိကြပါတယ်။ဂင်ယောင်းမီလည်းပဲ သူဆန္ဒရှိတဲ့ အရာတစ်ခုအတွက် သတ္တိမွေးထုတ်ခဲ့ပါတယ်။သို့ပေမဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ကို ကူးပြောင်းသွားတဲ့ အချိန်မှာတော့ ဂင်ယောင်းမီရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပြီး မထင်မှတ်ထားတဲ့ ...
movie

Ms. Apocalypse (2024)