Channel Myanmar

Documentary

Shaman: Whispers from the Dead (2024) [Complete]
Shaman: Whispers from the Dead (2024) [Complete] Shaman: Whispers from the Dead (2024)***************************************အပိုင်း (၁ မှ ၈) စ/ဆုံး ဒီ Documentary ‌လေးကတော့ ပရလောကသားများကို မျက်ဝါးထင်ထင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၊ စိတ်ခြောက်ခြားတုန်လှုပ်စေတဲ့အထိနှောင့်ယှက်ခံခဲ့ရသူများရဲ့  ဖြစ်ရပ်မှန် ရင်ဖွင့်စကားသံများနဲ့အတူ ကိုရီးယားနိုင်ငံရဲ့နတ်ဝင်သည် လောကအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။မမြင်အပ်တဲ့ ပရလောကသားတွေရဲ့ ပူးကပ်နှောင့်ယှက်ခံရမှုမျိုးစုံကို ကျောချမ်းစရာတွေ့မြင်ရမှာဖြစ်သလို ကိုရီးယားနိုင်ငံရဲ့ ရိုးရာကန်တော့ပွဲတွေ အကြောင်း၊ကိုရီးယားနိုင်ငံရဲ့ တစ္ဆေမျိုးစုံအကြောင်းနဲ့ ဝိညာဉ်ပူးကပ်ခံရခြင်း အကြောင်းအရင်းတွေကိုလည်းစိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ထိတ်လန့်စရာ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို အသက်ဝင်အောင် ပုံဖော်ရိုက်ကူးပြသထားပြီးတွေ့ဆုံမေးမြန်းသူများအဖြစ် Vigilanteထဲက မင်းသားကြီး Yoon Ji Taeနဲ့Big Mouth ဇာတ်လမ်းထဲက မြို့တော်ဝန်ရဲ့ ဇနီးဖြစ်သူ မင်းသမီး Ok Ja Yoon တို့က ပါဝင်ထားပါတယ်။  (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။) Aired: Jul 11, 2024 - ...

Shaman: Whispers from the Dead (2024) [Complete]

2024
My Name Is Gabriel (2024)
My Name Is Gabriel (2024) My Name Is Gabriel (2024)**************************အပိုင်းသစ် (၆) ကမ္ဘာပေါ်မှာ လူပေါင်း၈ဘီလီယံကျော်ရှိတဲ့အထဲမှာမှတခြားသူရဲ့ နာမည်နဲ့ နေရမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ။ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ရှိုးအသစ်လေးကတော့ AI Gabriel ကPark Bo-gum၊ Ji Chang-wook၊ Park Myung-soo၊ Hong Jin-kyung၊Yeom Hye Ran၊ Gabee၊ Dex တို့လို ကြယ်ပွင့်တွေရဲ့ဘဝကိုခွဲခြမ်းစိတ်ဖြာပြီးတော့ နာမည်အသစ်နဲ့ တခြားသူအဖြစ် ၇၂နာရီတိတိရှင်သန်သွားခိုင်းမှာပဲဖြစ်ပါတယ်။ထိပ်တန်းကြယ်ပွင့်သရုပ်ဆောင်တွေဆိုတဲ့ ခေါင်းစဥ်ကနေခွဲထွက်ပြီးတော့လုံးဝ အနေစိမ်းတဲ့နိုင်ငံ၊ မရင်းနှီးသေးတဲ့နာမည်နဲ့ တခြားသူရဲ့ဘဝအတိုင်းတစ်ထပ်တည်းဖြစ်အောင် နေထိုင်သွားနိုင်ကြပါ့မလား...ကမ္ဘာတစ်ဖက်ခြမ်းက သူစိမ်းတွေနဲ့တွေ့ဆုံရင်း ဘယ်လို စိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာမလဲဆိုတာကို "My Name is Gabriel"ဆိုတဲ့ ရှိုးလေးမှာ အတူတူ စောင့်ကြည့်သွားရအောင်နော်။ (အညွှန်းကိုတော့ Hsu Pyae မှ ရေးသားထားပါတယ်။) Aired: Jun 21, 2024 - Jul 26, 2024 Aired On: Friday Genres: Adventure, Life, Documentary Episodes: 6 Original ...

My Name Is Gabriel (2024)

2024
Buddha (2013-2014) 9.2
Buddha (2013-2014) မိရိုးဖလာသမိုင်းအလွန်က ဗုဒ္ဓဝင် | Buddha – Rajaon Ka Raja (2013 - 2014)မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဝင်နဲ့ပတ်သက်ပြီး အဆင့်အဆန်းတစ်ခုရှိတဲ့ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲထွက်ရှိမှုပမာဏကတော့ လက်ချိုးရေတွက်လို့ရအောင်နည်းလွန်းတာကတော့ စိတ်မကောင်းစရာတစ်ခုပါပဲ။ ရှားရှားပါးပါး ဒါရိုက်တာဦးသုခရိုက်ခဲ့ဖူးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ် ဆိုတဲ့ ရုပ်ရှင်ကတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မြန်မာတွေဖန်တီးခဲ့သမျှထဲမှာ အဆင့်အတန်းတစ်ခုအထိရှိခဲ့တာကတော့ လက်ခံရလိမ့်မယ်။၂၀၁၃ က ထွက်ခဲ့တဲ့ Zee TV ရဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွဲ Buddha: Rajaon Ke Raja ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ဗုဒ္ဓဘာသာရဲ့ပြယုဂ်တစ်ခုကို ကောင်းကောင်းကြီးပြသပေးခဲ့တဲ့ show တစ်ခုလို့ ပြောရမယ်။ အဲထဲမှာသုံးထားတဲ့ သမိုင်းအကိုးအကားအများစုနဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေကတော့ နီပေါ၊ တိဘက်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ဒေသ​တွေက ဗုဒ္ဓဝင်မူကွဲတွေကို ကိုးကားထားတာတွေ့ရပါတယ်။ (တချို့မူကွဲတွေမှာ မယ်တော်မာယာရဲ့ဝမ်းကြာတိုက်ကို ဆင်ဖြူတော်တစ်ကောင်ဝင်တယ် လို့ ...
9.2
TMDb: 9.2/10 4 votes
tv

Buddha (2013-2014)

2013
The Indrani Mukerjea Story: Buried Truth (2024) 7
The Indrani Mukerjea Story: Buried Truth (2024) The Indrani Mukerjea Story: Buried Truth (2024) "မြှုပ်နှံထားသော အမှန်တရား" IMDb - 6.3/10Netflixကနေ ဆက်တိုက်ဆိုသလို အိန္ဒိယဖြစ်ရပ်မှန်မှုခင်းမှတ်တမ်းရုပ်ရှင်တွေ ထုတ်လွှင့်လာခဲ့ရာမှာ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကတော့ အတော်လေးကို ဇာတ်အလှည့်အပြောင်းများပြီး စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုပြီးစိတ်ကူးယဉ်ဆန်နေတာကို တွေ့ရပါတယ်။၂၀၁၅ခုနှစ်မှာ ရှီနာဘိုရာလူသတ်မှုဆိုပြီး အိန္ဒိယပြည်သူတွေကြား ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာပေါ့။နာမည်ကြီးမီဒီယာတစ်ခုရဲ့ စီအီးအိုအင်ဒရာနီကို ညီမဖြစ်သူ ရှီနာကိုသတ်တဲ့အမှုနဲ့ မွမ်ဘိုင်းရဲတွေဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၂က ပျောက်ဆုံးသွားခဲ့တဲ့ ရှီနာဘိုရာကို ၂၀၁၅ခုနှစ်မှ အသတ်ခံရမှန်းသိပြီး တရားခံအင်ဒရာနီကိုဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးခံရတော့မှ ရှီနာဟာ အင်ဒရာနီရဲ့ညီမမဟုတ်ဘဲ သမီးအရင်းဖြစ်နေတာ ပေါ်လာခဲ့ပါတော့တယ်။ကိုယ့်သမီးအရင်းကို သတ်တဲ့အမေဆိုပြီး ပြည်သူတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အင်ဒရာနီကတော့ သူ့သမီးက အမေရိကမှာကျောင်းတက်နေတာ... သူမသတ်ပါဘူးဆိုပြီး ဘူးခံလို့ငြင်းကောင်းတုန်းပါပဲ။သပွတ်အူလိုရှုပ်ထွေးလှတဲ့ မိသားစုအသိုင်းအဝိုင်းဆက်နွယ်မှုတွေနဲ့အတူ တကယ့်အဖြစ်မှန်ကဘာလဲဆိုတာ စိတ်ဝင်တစားကြည့်ရမဲ့ဇာတ်လမ်းတွဲမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)File Size –700MB (Appx;)@EpisodeQuality – 1080p NF WEB DLDuration ...
7
TMDb: 7/10 4 votes
tv

The Indrani Mukerjea Story: Buried Truth (2024)

2024
Together: Treble Winners (2024) 9.0
Together: Treble Winners (2024) Together: Treble Winners (2024)=======================နည်းပြကြီး ဂွာဒီယိုလာရဲ့ မန်းစီးအသင်းဟာဆိုရင် အရင်နှစ် (၂၀၂၂-၂၀၂၃) ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ဖလား(၃)လုံးအောင်ပွဲအတွက် မှတ်တမ်းရုပ်ရှင်သစ်အဖြစ် ရိုက်ကူးခဲ့ပြီး မန်စီးတီးအသင်းရဲ့ အသင်း အောင်မြင်မှု့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းအရာတွေ ၊ အသင်းရဲ့ကြိုးပမ်းမှု့အတွေ့အကြုံတွေကို မျှ‌ေ၀ပေးသွားမှာဖြစ်ပြီးဟာလန်း (Erling Haaland) ကလည်း ဒီမှတ်တမ်းရုပ်ရှင်ကအကောင်းဆုံးထဲကတစ်ခုဖြစ်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။၂၀၁၈ က All or Nothing စီးရီးပြီးနောက် အကောင်းဆုံးထပ်ထွက်လာခဲ့တဲ့ Netflix ရဲ့ Documentary စီးရီးတစ်ခုဖြစ်ပြီး အပိုင်း ၆ပိုင်းပါ၀င်ကာ ဒီဇာတ်လမ်းကို ၀ယ်ယူဖို့အတွက် Netflix မှ စီးတီးအသင်းကို ပေါင် (ဂဏန်း၇လုံး)သန်းခန့်ပေးခဲ့ရတယ်လို့လည်း ဒေးလီးမေလ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ် ။Quality_Blu-Ray 1080p / 720p Format_mp4 Aired: April 2, 2024 Original Network: NETFLIX Duration_0045::00 Genre_Sport Subtitle_Myanmar Subtitle (Hardsub) Encoder_a ...
9.0
TMDb: 9.0/10 votes
tv

Together: Treble Winners (2024)

2024
Love Storiyaan (2024) 3
Love Storiyaan (2024) Love Storiyaan (2024) "အချစ်ဆိုသည်မှာ..." IMDb - 7.7/10သံသရာဝဲဂယက်က မလွတ်ကင်းနိုင်သရွေ့ ဆုန်ချည်ဆန်ချည်ကူးခတ်ရင်း ကြုံတွေ့ကြရမှာက ချစ်ခြင်းမေတ္တာဆိုတဲ့ ပူလောင်ခြင်း အေးချမ်းခြင်းစတဲ့ အမျိုးမျိုးသော ခံစားမှုတွေကို ပေးစွမ်းတဲ့အရာကိုပါပဲ။ဒီစီးရီးလေးမှာတော့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို အောင်နိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်လေးတွေ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဘ၀က ချစ်သူစုံတွဲတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။လက်တွေ့ဘ၀က လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တဲ့အတွက် ဒီစီးရီးလေးကို ကြည့်နေရင်းနဲ့ ဒီနေရာလေးကတော့ ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခိုက်အတန့်လေးနဲ့ဆင်လိုက်တာ၊ ဒါလေးကငါတို့လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေလိုပဲလို့ မြင်တွေ့ခံစားကြရမဲ့အပြင် သူတို့တွေ ဘယ်လိုဖြတ်သန်းရင်ဆိုင်ကြလဲဆိုတာကိုပါ အတုယူလို့ ရစေမှာပါ။လက်တွေ့ဘ၀က မတူညီတဲ့ စုံတွဲခြောက်တွဲရဲ့ အချစ်ရေးကို အပိုင်းခြောက်ပိုင်းမှာ တစ်တွဲစီတင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်တို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~KKKZ~BpL~Yunni~Aditi~ToMoတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 36minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Documentary, DramaTranslator ...
3
TMDb: 3/10 1 votes
tv

Love Storiyaan (2024)

2024
Age of Samurai: Battle for Japan (2021) 7.13
Age of Samurai: Battle for Japan (2021) Age of Samurai: Battle for Japan (2021) Genre – Documentary, Action, Adventure IMDB – 7.4/10ဒီရက်ပိုင်း ဂျပန်ဆာမူရိုင်းတွေကို အခြေခံရိုက်ကူးထားကာ ဆာမူရိုင်း GOT လို့ တင်စားနေကြတဲ့ Shogun စီးရီးထွက်နေပြီး တော်တော်ကို မိုက်နေတဲ့အတွက် တစ်ပတ်တစ်ပိုင်း စောင့်နေစဉ်အတွင်း အကုန်လုံးလည်း ဆာမူရိုင်းတွေနဲ့ ပတ်သက်သမျှ ဗဟုသုတရစေရန်အလို့ငှာ ၂၀၂၁ ခုနှစ်က Netflix ကနေ ထုတ်လုပ်ပေးထားတဲ့ ဒီ ဂျပန်ဆာမူရိုင်း မှတ်တမ်းရုပ်ရှင်လေးကိုလည်း တင်ဆက်ပေးလိုက်ချင်ပါတယ်။ Documentary ဆိုလို့ စကားတွေထိုင်ပြော ရှင်းပြပြီး ပျင်းစရာကောင်းတာမျိုး မဟုတ်ပါဘူး။စကားပြောနေသူတွေရဲ့ အနောက်ကနေ သရုပ်ဆောင်တွေရယ် Setting တွေရယ် ဇာတ်လမ်းပုံစံတင်ဆက်ထားပြီး ကြည့်ရှုသူမျက်လုံးထဲ မြင်လာအောင် လုပ်ထားပေးတာဖြစ်ပါတယ်။ အဝတ်အစားတွေဆိုလည်း ဖြစ်ကတတ်ဆန်းလုပ်ထားခြင်းမရှိပဲ တိုက်ပွဲတွေကအစ ပီပီပြင်ပြင် သရုပ်ဖော်ထားတာပါ။Shogun စီးရီးမှာတော့ တကယ့်ဖြစ်ရပ်တွေပေါ် မှီငြမ်းထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့လည်း ဒီ မှတ်တမ်းရုပ်ရှင်ကတော့ တကယ့်အပြင်မှာ ရှိခဲ့တဲ့လူတွေ တိုက်ပွဲတွေ ...
7.13
TMDb: 7.13/10 274 votes
tv

Age of Samurai: Battle for Japan (2021)

2021
World War II: From the Frontlines (2023) 8.2

World War II: From the Frontlines (2023)

2023
Captains of the World (2023) 8.8
Captains of the World (2023) Captains of the World (2023) A Netflix Mini Series ~ IMDb - 8.4/10, Rotten Tomatoes - 97% ~ ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား... တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ...
8.8
TMDb: 8.8/10 42 votes
tv

Captains of the World (2023)

2023
John Carpenter’s Suburban Screams (2023) 6
John Carpenter’s Suburban Screams (2023)  ဒါရိုက်တာ ဂျွန် ကာပန်တာ ရိုက်ကူးတဲ့ မီနီစီးရီးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဖြစ်ရပ်မှန်များလည်း ပါဝင်သလို ပါးစပ်ရာဇဝင်‌တွေပါ ရောထွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပဲပြောပါတော့။ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုဖြစ်ပြီး reality show တစ်ခု ဖြစ်လုနီးပါးရိုက်ကူးထားပါတယ်။ ဆိုလိုတာက ကာယကံရှင်များကို တွေ့ဆုံမေးမြန်းတာတွေပါသလို သရုပ်ဆောင်များနဲ့လည်း ပြန်လည်ပုံဖော်ပေးထားတာမလို့ပါ။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဂျွန် ကာပန်တာ က ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရိုက်ကူးတာမဟုတ်ဘဲ အိမ်ကနေ သားရေထိုင်ခုံမှာထိုင်ပြီး အဝေးကနေ ရိုက်ကူးရေးအဖွဲ့ကို ညွှန်ကြားရိုက်ကူးခဲ့တာပါတဲ့။ဆင်ခြေဖုံးရပ်ကွက်တွေဟာ နေလို့ထိုင်လို့ ကောင်းတဲ့နေရာတွေပါ။ အချင်းချင်းသိကြတယ်။ ရာဇဝတ်မှုမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတတ်တဲ့ ပတ်ဝန်းကျင်သန့်သန့်လေးတွေ။ ဒါပေမဲ့ ဂျွန် ကာပန်တာ က လူကြီးမင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဇိမ်ကျလုံခြုံနေတာကို မနာလိုဘူးထင်ပါရဲ့လေ။ သူ့ဇာတ်လမ်းတွဲကိုကြည့်ပြီးရင် လူကြီးမင်းဘေးက အသိုင်းအဝန်းကို အရင်လိုအမြင်မျိုးနဲ့ မြင်နိုင်မှာမဟုတ်တော့ဘူးလို့ အာမခံထားပါတယ်ဗျာ။ဒီတော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ...
6
TMDb: 6/10 3 votes
tv

John Carpenter’s Suburban Screams (2023)

2023
Beckham (2023) 8.5
Beckham (2023) Beckham (2023) A Netflix Mini Series ~ IMDb - 8.5/10, Rotten Tomatoes - 100% ~ ဒေးဗစ်ဘက်ခမ်းရဲ့ အနီရဲရဲ ရက်စွဲများ ‌ဒေးဗစ်ဘက်ခမ်းရဲ့ အဖြူသန့်သန့် ရက်စွဲများ ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေ‌ဝါရောင် ရက်စွဲများ ဒေးဗစ်ဘက်ခမ်းရဲ့ ကာလာစုံ ရက်စွဲများ ဘောလုံးကွင်းဟာ ပိတ်ကားစဖြစ်ပြီး ဘောလုံးသမားဟာ ပန်းချီဆရာဖြစ်သွားတယ်လို့ သမုတ်ကြတဲ့ ဘောလုံးလောကမှာ သူမတူတဲ့ ပန်းချီတွေကို ခြယ်ခဲ့သူ လန်ဒန်သားတစ်ယောက်ရှိခဲ့ဖူးတယ်။ စုတ်ချက်တိုင်းကို လှလှပပ သပ်သပ်ရပ်ရပ် အရောင်ခြယ်နိုင်ခဲ့သူ... ထိုသူဟာ ဒေးဗစ်ဘက်ခမ်း။ ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်ရင် မကြားဖူးတဲ့သူ အတော်ကိုရှားလိမ့်မယ်။ မြင်ဖူးသူတွေကတော့ ကြားရုံကြားဖူးသူတွေကို အထင်သေးလိမ့်မပေါ့။ မြေဆွဲအားကိုဆန့်ကျင်တဲ့ ဆံသားရှည်ရှည်တွေအောက်မှာ ယောက်ျားချင်းတောင် ကြွေချင်တယ်လို့ ကျွန်တော်တို့ စနောက်ခဲ့ကြဖူးတယ်။ ကွင်းလယ်ကနေ သူ့စိတ်တိုင်းကျ ဘောလုံးကို စေခိုင်းနေတာကို မြင်ရတာ သိပ်ကိုအရသာရှိခဲ့တာပေါ့။ သူ့လိုခြေထောက်မျိုးကို ကျွန်တော်တို့ ဘုရားဆီပူဆာခဲ့မိဖူးကြလိမ့်မယ်။  "ဘုရားသခင် ဒေးဗစ်ဘက်ခမ်းလို မှော်ဝင်ခြေထောက်များ ပေးသနားတော်မူပါ။"  ဘက်ခမ်းရဲ့ ...
8.5
TMDb: 8.5/10 10 votes
tv

Beckham (2023)

2023
Prehistoric Planet (2022) 8.4
Prehistoric Planet (2022) ၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သဘာဝ မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစားပါ။production ကို apple က တာဝန်ယူ ထုတ်လုပ်ခဲ့တာပါ။ ဇာတ်ကားရဲ့နောက်ခံစကားပြောသူကတော့ David Attenborough ဖြစ်ပါတယ်။ ဒေးဗစ် အက်တန်ဘောရိုးကိုတော့nature documentary အမျိုးအစားကြည့်ဖူးသူတွေအနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။အသက်ကိုးဆယ်ကျော်ပြီဖြစ်တဲ့ ဆရာကြီး အက်တန်ဘောရိုးဟာ နာမည်ကြီး Our planet , A life on our planetမှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေမှာ နောက်ခံစကား ပြောလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်သက်သက်မဟုတ်ဘဲဖျော်ဖြေရေးဘက်မှာ သိပ္ပံနည်းကျ သဘာဝတရားအကြောင်းကို လူတွေသိလာအောင် ကြိုးစားလျက်ရှိတဲ့ ဇီဝဗေဒသိပ္ပပညာရှင်နဲ့သဘာဝထိန်းသိမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ သဘာဝသမိုင်း မှတ်တမ်းတင်ရုပ်ရှင်တွေမှာဆရာကြီး အက်တန်ဘောရိုး အသံမှ မဟုတ်ရင် နားမထောင်ချင် မကြည့်ချင်တော့တဲ့ အထိ ဖြစ်ရအောင် သူ့နောက်ခံစကားပြောဟန်ကို အတော်လေး အားကျနှစ်ခြိုက်ရသူပါ။ ဒီဇာတ်လမ်းမှာ သိပ္ပံအချက်အလက်တွေအပေါ်အခြေခံပြီး ...
8.4
TMDb: 8.4/10 331 votes
tv

Prehistoric Planet (2022)

2022
Sarvam Shakthi Mayam (2023)
Sarvam Shakthi Mayam (2023) Sarvam Shakti Mayam 2023 IMDb - 9.1ဒီတစ်ခေါက်မှာတော့ Zee5 ကနေ အသစ်ထွက်ရှိထားတဲ့ ထူးထူးခြားခြားဟင်ဒီစီးရီးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေ လောင်မြိုက်စရာတွေမပါဘဲ ဘုရားဖူးရင်း အေးအေးချမ်းချမ်းကြည့်ရှုရမဲ့ ဇာတ်ကားပါ။ဇာတ်လမ်းအနေနဲ့ကတော့... စီးပွားရေးအဆင်မပြေဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့ လုပ်ငန်းရှင်ကြီးမာဒါ့ဗ်တို့မိသားစုနဲ့ ဘုရားမဲ့ဝါဒကို လက်ကိုင်စွဲထားတဲ့ ရန်ဂျိသ်ဆိုနီဆိုတဲ့ စာရေးဆရာတစ်ယောက်တို့ရဲ့ ဘုရားဖူးခရီးကို ကြည့်ရှုရမှာပါ။မာဒါ့ဗ်ဟာ "18 shakti peethas" လို့ခေါ်တဲ့ စန္ဒီမယ်တော်ကျောင်းတော် ၁၈ ကျောင်းဆီ ဘုရားဖူးရင်း တစ်ကျောင်းစီကနေ အောင်မြေလက်တစ်ဆုပ်စာ စုဆောင်းဖို့ တစ်ကျောင်းပြီးတစ်ကျောင်း ခရီးနှင်လာပြီး စာရေးဆရာကြီး ရန်ဂျိသ်ကတော့ "18 shakti peethas" လို့ခေါ်တဲ့ စာအုပ်ကိုပြုစုဖို့ လေ့လာရေးထွက်လာတဲ့သူပါ။ဒီလိုနဲ့ မတူညီတဲ့ရည်ရွယ်ချက်နဲ့ မထင်မှတ်ဘဲ ခရီးအတူထွက်ခဲ့ကြရင်း ဘုရားကိုအကြွင်းမဲ့ ယုံကြည်တဲ့သူနဲ့ ဘုရားမဲ့ဝါဒကိုင်စွဲထားတဲ့သူတို့ ဘာသာရေးအပေါ်ခံယူချက်တွေ၊ သဘောတရားတွေကို ဖလှယ်ကြမယ်ဆိုတာ တောတောင်ရေမြေသဘာဝအလှတွေ ဒေသတစ်ခုပြီးတစ်ခု ခရီးနှင်ကြပုံတွေ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ စိတ်ဖိစီးစရာတွေ ခဏထားခဲ့ပြီး သူတို့နဲ့အတူ ဘုရားဖူးတစ်ခါလောက် ထွက်လိုက်ကြရအောင်ဗျာ....အညွှန်းနဲ့ဘာသာပြန်ကတော့ BpL~ Yunni ~ V~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်။Quality : 1080p WEB ...

Sarvam Shakthi Mayam (2023)

2023
Eli Roth Presents: The Legion of Exorcists (2023)
Eli Roth Presents: The Legion of Exorcists (2023) Eli Roth Presents The Legion of Exorcists (2023)2023 ထဲမှာထွက်လာတဲ့ Horror Series ကောင်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ တစ်ပိုင်းချင်းစီဟာ ဇာတ်လမ်းတစ်ပုဒ်ဆီဖြစ်ပြီးတော့ အဲ့ဇာတ်လမ်းတွေကလဲ ဖြစ်ရပ်မှန်တွေပါ။အမေရိကန်နိုင်ငံတစ်ဝှမ်းက ထူးဆန်းတဲ့ အမှုတွေ နတ်ဆိုးဝင်ပူးတာတွေ ပုဏ္ဏကတိုက်တဲ့ အိမ်မျိုးတွေ ကျိန်စာသင့်နေတဲ့ပစ္စည်းတွေ စတဲ့အရာတွေကို ကိုယ်တိုင်ကြုံတွေ့ပြီး ဖြေရှင်းခဲ့ကြတဲ့သူတွေကနေ ပြန်လည်ပြောပြပြီး တင်ဆက်ပေးထားတဲ့ Series လေးပါ။Conjuring တို့ Insidious တို့လိုမျိုး ဇာတ်လမ်းတွေစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေပါပါတယ်။ စီးရီးက အရမ်းလဲကြောက်ဖို့မကောင်းသလို စိတ်ဝင်စားစရာ အချက်လေးတွေနဲ့ တကယ့်အပြင်မှာ ဘယ်လိုအပနှင်လဲဆိုတာတွေ စုန်းအတတ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာတွေကို လက်တွေ့အပနှင်ခဲ့သူတွေက အချင်းချင်းပညာတွေဖလှယ်ပြီး ဝေမျှပေးထားတဲ့ Horror Series ကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အကျင့်စာရိတ္တတွေပျက်စီးလားတဲ့ ခေတ်ကြီးဟာ မကောင်းမှုတွေပြည့်နှက်လာခဲ့ပြီး ငရဲကနတ်ဆိုးတွေအတွက်တော့ မျက်စိကျစရာနေရာ တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့လဲ နတ်ဆိုးတွေကို ခုချိန်ထိ လူသားတွေဆီကနေ ကာကွယ်ပေးနေတဲ့ စစ်သည်တော်တွေ ရှိပါသေးတယ်။ ခုခါမှာတော့ ထိုသူတွေဟာ စုစည်းပြီးတော့ ခုခေတ်မှာကြုံရတဲ့ အပနှင်တဲ့နေရာက ...

Eli Roth Presents: The Legion of Exorcists (2023)

2023
MH370: The Plane That Disappeared (2023) 7.5
MH370: The Plane That Disappeared (2023) MH370: The Plane that Disappeared (2023)ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မလေးရှားMH370 လေယာဥ် ပျောက်ဆုံးသွားတာ ကိုးနှစ်ပြည့်ခဲ့တဲ့နေ့ပါ။၂၀၁၄ မှာ MH-370 ပျောက်ဆုံးသွားတဲ့သတင်းက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့ပါတယ်။ ခရီးသည် ၂၂၇ ယောက် လေယာဥ်ဝန်ထမ်း ၁၂ ယောက်ပါဝင်တဲ့ ခရီးသည်လေယာဥ်ကြီးက ကွာလာလမ်ပူ(မလေးရှား) ကနေ ဘေကျင်းကိုသွားတဲ့လမ်းမှာ အစအနရှာမရ ပျောက်ဆုံးသွားခဲ့ပါတယ်။မလေးရှားအစိုးရ၊ နိုင်ငံတကာနဲ့ အရပ်သားတွေပါ ဝိုင်းဝန်းကူညီရှာဖွေခဲ့ပေမယ့် ယခုတိုင်အောင် လေယာဥ်ဘယ်မှာပျက်ကျသွားလဲ ဘာကြောင့်လဲ ဒီခရီးသည်တွေရောဘယ်ရောက်ကုန်ပြီလဲ အားလုံးက ပဟေဠိဖြစ်နေဆဲပါ။ သီအိုရီတွေကလဲများစွာထွက်ခဲ့ပါတယ်။ ဒီခရီးသည်တွေသေလားရှင်လားတောင်မသိရတဲ့ မိသားစုဝင်တွေအတွက်လဲယူကျုံးမရစရာပါပဲ။ သေသွားပြီ လို့ ခိုင်ခိုင်မာမာ သိရရင်တောင် လက်ခံနိုင်ကြပါဦးမယ်။ အခုတော့ သူတို့တွေ တစ်နေရာရာမှာများဒုက္ခရောက်နေကြမလား ကြောက်နေကြမလား လာကယ်တာကိုများစောင့်နေကြလား ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှုပ်ထွေးမှုတွေ ဒေါသတွေအားလုံးရောယှက်နေကြပါတယ်။Netflix ရဲ့ ဒီစီးရီးမှာတော့ အပိုင်းသုံးပိုင်းပါဝင်ပြီး- ပထမပိုင်းမှာ MH370 ပျောက်သွားပြီးရက်ပိုင်းအခြေအနေတွေ ခရီးသည်တစ်ချို့ရဲ့မိသားစုဝင်တွေရဲ့ပြောကြားချက်တွေကိုကြည့်ရှုရမှာပါ။ - ဒုတိယပိုင်းမှာတော့ ဖြစ်နိုင်ချေအများဆုံးသီအိုရီတွေကို ရှင်းလင်းပြထားပြီး - တတိယပိုင်းမှာတော့ ဇွဲမလျှော့သေးတဲ့မိသားစုဝင်တွေ ဂျာနယ်လစ်တွေရဲ့ဆက်လက်စုံစမ်းရှာဖွေရေးတွေအကြောင်းလဲကြည့်ရှုရဦးမှာပါ။အညွှန်း နဲ့ ...
7.5
TMDb: 7.5/10 39 votes
tv

MH370: The Plane That Disappeared (2023)

2023
Real Madrid: Until the End (2023) Complete 9.1
Real Madrid: Until the End (2023) Complete Real Madrid: Until The End (2023) Completed Mini-series ~ IMDb rating - 9.1/10 ~ ဘောလုံးပရိသတ်တွေစောင့်မျှော်နေတဲ့ ဟာလဝါအသင်းရဲ့ Documentary လေးလာပါပြီ။ ဒါပေမဲ့ မကြည့်ခင်မှာ သွေးပူလေ့ကျင့်ခန်းလေးအနေနဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာဘယ်လိုအသင်းလဲဆိုတာကို အတိုချုပ်ပြောပြချင်ပါတယ်။ ဘောလုံးပရိသတ်မှန်ရင် ရီးရဲလ်မက်ဒရစ်လို့ပြောလိုက်တာနဲ့ စပိန်နိုင်ငံက ဘောလုံးအသင်းတစ်သင်းဆိုတာထက်ပိုတဲ့ ကြီးကျယ်ခမ်းနားမှုတစ်ခုကိုခံစားမိကြမှာအမှန်ပါပဲ။ နောင်တစ်ချိန်မှာ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး အသင်းဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်ကို ၁၉၀၂ ခုနှစ် မတ်လ ၆ ရက်နေ့မှာ မက်ဒရစ်မြို့က မထင်မရှားဘောလုံးဝါသနာရှင်တစ်စုကစတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်မှာ ဘုရင်ကြီးအယ်ဖွန်ဆို XIII က တော်ဝင်အသင်းအဖြစ်မြှောက်စားခဲ့ရာကနေမှ ရီးရဲလ်မက်ဒရစ်ရယ်လို့ဖြစ်လာခဲ့တာပါ။ အသင်းနာမည်က ရီးရဲလ် (Real) ဆိုတာတကယ်တော့ စပိန်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Royal ရွိုင်ရယ်လ် လို့အဓိပ္ပါယ်ရပါတယ်။ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့အဓိပ္ပါယ်ဟာ စစ်မှန်သောမက်ဒရစ် မဟုတ်ဘဲ တော်ဝင်မက်ဒရစ် လို့ဆိုလိုတာပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ ချာမာတင် အိမ်ကွင်းကြီး ...
9.1
TMDb: 9.1/10 5 votes
tv

Real Madrid: Until the End (2023) Complete

2023
The Romantics(2023) 7
The Romantics(2023) The Romantics 2023IMDb-8/10အမီတာဘဂျမ်း ရှာရွတ်ခန်း ဆယ်လ်မန်ခန်း ကာဂျိုးလ် ရန်ဘီးကပူး အာမီခန်း ရီသိက် ကတ်တရီးနား ရာနီး ရန်ဗီးဆင်းဂ် တို့လို နာမည်ကြီးအနုပညာရှင်ပေါင်းများစွာလာရောက်ပြီး သူတို့ရိုက်ခဲ့ဖူးတဲ့ကားတွေအကြောင်း အိန္ဒိယရုပ်ရှင်လောကသမိုင်းမှာ သူတို့ကိုယ်တိုင်ကြားသိကြုံတွေ့ခဲ့ရတာတွေကိုစုံစုံလင်လင်သိမြင်ခံစားရမယ့် Docuseries လေးခံစားကြည့်ပါဦး"အိန္ဒိယရုပ်ရှင်အကြောင်းပြောမယ်ဆိုရင် Deewar ရုပ်ရှင်အကြောင်း မပြောလို့မရဘူး"လို့ ပြောစမှတ်ပြုရလောက်တဲ့ Deewar ရုပ်ရှင်ဖန်တီးရိုက်ကူးခဲ့သူတွေရဲ့ စကားတွေ အောင်မြင်လွှမ်းမိုးခဲ့ပုံတွေ၂၀၁၈မှာ သေဆုံးခဲ့ရတဲ့ ရှရီးဒေဗီရဲ့ အအောင်မြင်ဆုံးကားဖြစ်ခဲ့တဲ့ ချန်ဒနီရုပ်ရှင်ရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေစတဲ့ ဇာတ်လမ်းပေါင်းများစွာရဲ့ နောက်ကွယ်ကအကြောင်းရင်း ဖန်တီးသူအနုပညာရှင်တွေရဲ့ ဖန်တီးဖြစ်ခဲ့တဲ့စိတ်ကူးတွေ အဲဒီချိန်ကရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်အိန္ဒိယအချစ်ဇာတ်လမ်းရုပ်ရှင်တွေရဲ့ ကနဦးထုတ်လုပ်ရေး Yash Raj Films ဖြစ်တည်လာပုံနဲ့ ယာ့ရှ်ချိုပရာရဲ့ ဘ၀ဇာတ်ခုံ ၊ ယာ့ရှ်ရဲ့ အစ်ကိုကြီးဘီအာချိုပရာစတင်တည်ထောင်လိုက်တဲ့ ရုပ်ရှင်လုပ်ငန်းတစ်ခုကို ယာ့ရှ်ချိုပရာက အချစ်ဇာတ်လမ်းတွေနဲ့ပိုမိုထိုးဖောက်အောင်မြင်ခဲ့ပြီး သူ့ရဲ့သားအာဒီချိုပရာက လူငယ်တွေလိုချင်တမ်းတနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရိုက်ကူးခဲ့တဲ့အကြောင်းတွေ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းတိုးတက်အောင်မြင်ခဲ့ပုံတွေဘောလိဝုဒ်ရုပ်ရှင်လောကမှာလူပြောများတဲ့ ‌ဆွေမျိုးကောင်းစားရေးဝါဒီဆိုတာရော တကယ်လား တကယ်ရော ဆွေကြီးမျိူးကြီးဖြစ်တာနဲ့အောင်မြင်နိုင်သ‌လားဆိုတာကို ရုပ်ရှင်သရုပ်ဆောင်တစ်‌ယောက်ကိုစံထားရှင်းပြသွားတာကိုပါ သိရမှာဖြစ်ပါတယ်လက်ရှိမှာအောင်မြင်နေသူတွေရဲ့ ဘ၀အစမှာ ခံစားဖြတ်သန်းခဲ့ရပုံတွေ ၊ သူတို့‌တွေလည်းတစ်ချိန်ကကိုယ်တွေလိုပဲ ခံစားခဲ့ရတာပါလားဆိုတာကိုကြည့်ပြီး စိတ်ခွန်အားတွေယူနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ဘာကားကြည့်ရမလဲလို့ အမြဲမေးနေတဲ့ CM ပရိသတ်ကြီးတွေအတွက်လည်း ဘယ်ကားတွေကိုဘာကြောင့်ကြည့်ရမလဲဆိုပြီး ဒီထဲမှာ သရုပ်ဆောင်တွေဒါရိုက်တာတွေထုတ်လုပ်သူတွေက ...
7
TMDb: 7/10 4 votes
tv

The Romantics(2023)

2023
Rise of Empires: Ottoman (2020) 7.354
Rise of Empires: Ottoman (2020) Rise Of Empires: Ottoman Season 1 (2020)သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။အညွှန်းကိုတော့ ...
7.354
TMDb: 7.354/10 240 votes
tv

Rise of Empires: Ottoman (2020)

2020