Channel Myanmar

2023

Haile: A Family Nightmare (2023) Haile: Bir Aile Kâbusu 4.6
Haile: A Family Nightmare (2023) Haile: Bir Aile Kâbusu  Haile: A Family Nightmare (2023)2020နောက်ပိုင်းမှာတော့ 2000 ရှေ့တုန်းကလိုမျိုး အလယ်ခေတ်ဆန်ဆန် ကျိန်စာတိုက်တဲ့ဇာတ်လမ်းတွေကို ရိုက်ကြတာ ရှာလားပါတယ်။ဒီဇာတ်ကားကတော့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ ကျိန်စာတိုက်တဲ့ ဇာတ်အိမ်မျိုးကိုဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကာမယ်ဆိုတဲ့သူဟာ သူချစ်တဲ့သူ သူ့ညီနဲ့လက်ထပ်မှာကို မနာလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကစုန်းမကြီးတစ်ယောက်ဆီမှာ ကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာကြောင့် သူ့ဆန္ဒအတိုင်းလိုချင်တဲ့ ကာမဆန္ဒကိုဖြေသိမ့်နိုင်ခဲ့ပေမယ့် ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးပါတယ်။ဒါကတော့ သူ့ရဲ့မယားနဲ့ ပထမဆုံးရတဲ့သားဦးကို ကျိန်စာတိုက်ခဲ့တဲ့နတ်ဆီကို ပူဇော်ပသရမှာပါ။ဒီလိုနဲ့ နှမြောတွန့်တိုတဲ့စိတ်နဲ့ သားဦးကို စတေးလိုက်ပေမယ့်လည်း ကျိန်စာရဲ့တန်ပြန်မှုတွေက မရပ်သွားတဲ့ ဆက်ပြီးကြီးလာခဲ့ပါတယ်။ဒီလိုနဲ့ ကာမယ်တို့ လင်မယားနှစ်ယောက်လုံးရဲ့ မိသားစုတွေမှာရှိတဲ့ ညီအစ်ကိမောင်နှမတွေအားလုံး သောကကို ၂၅ နှစ်ကြာဆက်တိုက်ခံစားခဲ့ရပါတယ်။တစ်နေ့မှာတော့ လက္ခဏာတူတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအကြောင်းကို အိမ်မက်ရသွားပြီး ကာမယ်တို့ရှိရင်ကိုသွားဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ ဘာဖြစ်လို့ ကျိန်စာကြီးဟာ မပျက်သွားဘဲ နက်မှောင်ပြီးချောက်ချားဖို့ကောင်းလောက်အောင် ကာမယ်တို့ ရွာတစ်လုံးကျိန်စာသင့်သွားတဲ့အထိဖြစ်သွာစေလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.2 GB) / ...
movie

Haile: A Family Nightmare (2023) Haile: Bir Aile Kâbusu

2023
Canadian, Sniper (2023) 3.4
Canadian, Sniper (2023)  Canadian, Sniper (2023)ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ကင်းသွားတဲ့နေ့ရယ်လို့မရှိဘူးထင်ရတယ်။ဒီကားလေးကတော့စစ်မှုထမ်းသက်ပြည့်လို့မွေးရပ်မြေကိုပြန်လာတဲ့ စစ်ပြန်တစ်ယောက်ကြုံရတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သူကြုံခဲ့ရတဲ့စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကမျက်မှောက်ထိပါလာပြီးသူ့ကိုဘယ်လိုတွေခံစားသက်ရောက်စေရသလဲတွေ့ရပါမယ်။ဒီဇတ်ကားရဲ့ရည်ရွယ်ချက်က စစ်သားတွေခံစားရလေ့ရှိတဲ့ Post Traumatic Stress Disorder ဆိုတဲ့ “ကြောက်စရာကောင်းတဲ့ ဒါမှမဟုတ်စိတ်ဖိစီးစရာအဖြစ်အပျက်ကြောင့်ဖြစ်လာတဲ့စိတ်ကျန်းမာရေး အခြေအနေကို” ပြချင်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါရိုက်တာက သူ့သူငယ်ချင်းတစ်ယောက်စစ်တပ်ထဲဝင်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်တစ်ကြိမ်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အချိန် သူ့ကိုယ်သူသတ်သေသွားတာကိုတွေ့လိုက်ရတဲ့အတွက် ဒီဇာတ်ကားကို ရေးသားရိုက်ကူးဖို့ ဖြစ်လာတယ်လို့ဆိုပါတယ်။စနိုက်ပါသမားတစ်ယောက်ရဲ့စနိုက်ပါကို ပစ်ခတ်လေ့ကျင့်နေချင်တဲ့စိတ်ကိုလည်းပြထားပါတယ်။အာဖဂန်နစ္စတန်စစ်ပြန်တစ်ယောက်ရဲ့ သဘာဝကိုချစ်တတ်တဲ့စိတ်ကိုလည်မသိမသာဖော်ပြထားတာတွေ့ရပါမယ်။ကြိုက်တာကဇာတ်ညွှန်းပါ။ဇတ်ကွက်နည်းနည်းစကားလုံးနည်းနည်းနဲ့ ဇာတ်ကားကိုပုံဖော်နိုင်တဲ့ဇတ်ညွှန်းရေးတဲ့သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကိုချီးကျူးမိပါတယ်။စစ်မှုထမ်းတာပြီးလို့တပ်ကထွက်တယ်ဆိုတာသိသာအောင်နောက်ခံစကားပြောတာနဲ့သိစေတာမျိုးအဖေဖြစ်သူရဲ့နောက်ခံအကြောင်းအရာတွေကိုစကားနည်းနည်းနဲ့ပုံဖော်သွားတာမျိုးစစ်မှုထမ်းပြီးတဲ့နောက်ဘာလို့မွေးရပ်မြေကနေဒါမြောက်ပိုင်းကိုပြန်လာရတယ်ဆိုတာကိုပုံဖော်ပြတာမျိုးကဇတ်ကွက်အများကြီးပြစရာမလိုပဲဇတ်ရည်လည်စေတာမျိုးပါ။ကြိုက်တဲ့အချက်တွေအများကြီးပေမယ့်spoil တာဖြစ်မှာမို့ဒီလောက်ပဲပြောလိုက်ပါမယ်။စစ်နဲ့ပါတ်သက်ပြီးအင်မတန်ထိမိတဲ့အတွေးအခေါ်တွေခံယူချက်တွေတစ်ချို့ကိုလည်း ပါးပါးလေးချပြထားပါတယ်။နောက်ထပ်ကြိုက်တာက ရိုက်ချက်တွေပါ သမရိုးကျထက်ဆန်းတဲ့လှတဲ့ရိုက်ချက်တွေနဲ့ကနေဒါမြောက်ပိုင်းရဲ့အလှကဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာပါတယ် ။တေးဂီတကလည်း သမရိုးကျဇတ်ကားတွေနဲ့ကွဲထွက်နေပြီး ဇာတ်ကားနဲ့လိုက်ဖက်အောင် ဖန်တီးထားတာတွေ့ရပါမယ်။ဇာတ်ကောင်စရိုက်သရုပ်ဖော်တာကိုကြိုက်တယ်အတွေးစတွေပေးလို့တွေးရတာလည်းကြိုက်မယ် စစ်မှန်တာလည်းကြိုက်တယ်ဆိုရင်တော့ သမရိုးကျစစ်ကားတွေနဲ့ ကွဲထွက်နေတဲ့ဒီဇတ်ကားကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ကနေဒါမင်းသားဖရန်ဆွာအားနို ( François Arnaud) ကစစ်ပြန်ကနေဒီယန်စနိုက်ပါသမားနေရာကသရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာမိုက်ကယ် ကန်ဒင်စကိုင်း (Michael Kandinsky )ကရေးသား ရိုက်ကူးထားပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်အကြိုက်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(770 MB) / (500 MB) Quality….WEB-Rip 1080p HEVC ...
movie

Canadian, Sniper (2023)

2023
Holiday in the Vineyards (2023) 6.2
Holiday in the Vineyards (2023)  Holiday in the Vineyards (2023)IMDb Rating (6.2) နာမည်းကြီး၀ိုင်ထုတ်လုပ်တဲ့ Baldwyn Wines လုပ်ငန်းဟာ သူတို့မပိုင်သေးတဲ့ Los Santos ကို စပျစ်ခြံတစ်ခုကို၀ယ်ယူဖို့ကြိုစားနေပါတယ်။ဒီခြံဟာ လေလံတင်ထားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Margo Baldwyn က သူ့သားဖြစ်တဲ့ Carter ကို စေလွှတ်ပြီး တိတ်တဆိတ်သတင်းတွေနှိုက်ဖို့စေလွှတ်ခဲ့ပါတယ်။ဒီတော့ Carter လည်း Los Santos ကိုရောက်ရှိသွားခဲ့ပြီး သူ့အလုပ်ကို အတွင်းလူအဖြစ်စတင်လှုပ်ရှားပါတော့တယ်။သူကတော့ Val လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်အေဂျင့်ရဲ့အိမ်မှာ လက်သမားဆရာအဖြစ်၀င်ရောက်လုပ်ကိုင်ပြီး သူတို့နဲ့ရင်းနှီးမှုယူခဲ့ပါတယ်။Los Santos ရောက်တော့ Carter ဟာ ဒီလူအဖွဲ့အစည်းရဲ့ ၀ိုင်အပေါ်ကိုထားရှိတဲ့ စိတ်အားထက်သန်မှုတွေ, ကောင်းမွန်တဲ့၀ိုင်ထုတ်လုပ်မှုတွေကိုတွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပြောင်းလာပါတယ်။Baldwyn Wines လုပ်ငန်းဟာ နာမည်သာရှိပြီး ကောင်းတဲ့၀ိုင်တွေမထုတ်လုပ်နိုင်ပါဘူး။အဲဒါကြောင့်ဒီအကြံဟာ မသင့်တော်မှန်းအမြင်မှန်ရပြီးတဲ့နောက်မှာ သူအမေရဲ့အကြံကိုဆန့်ကျင်လာပါတော့တယ်။စီပွားရေးကို စိတ်အားထက်သန်တဲ့သူ့အမေကို Carter နဲ့ Los Santos က ၀ိုင်ထုတ်လုပ်သူတွေက Baldwyn ...
movie

Holiday in the Vineyards (2023)

2023
Year of the Fox (2023) 4.2
Year of the Fox (2023)  Year of the Fox (2023)IMDb Rating (4.2) ဇာတ်လမ်းလေးက အက်စ်ပန်မြို့က ဘီလျံနာကြီးတစ်ယောက်ရဲ့သမီးဖြစ်သူ အိုင်ဗီရဲ့ ဆယ်ကျော်သက်အရွယ်ဘဝအကြောင်းပဲဖြစ်ပါတယ်။အိုင်ဗီရဲ့မိဘတွေက ကွာရှင်းသွားပြီးတဲ့နောက် အိုင်ဗီက အမေဆီမှာနေလိုက် အဖေဆီမှာနေလိုက်နဲ့ နေခဲ့ရတယ်။အိုင်‌ဗီရဲ့အဖေက အထက်တန်းလူတွေပဲခေါ်ပြီး သီးသန့်ပါတီကျင်းပလေ့ရှိတယ်။အဲ့ပါတီပွဲမှာ သူဌေးသားသမီးတွေက အိုင်ဗီ့ကို ဆေးတွေဘာတွေသုံးကြည့်ဖို့ဆွယ်တော့ အိုင်ဗီလည်း လိုက်လျောပေးလိုက်ရော။နောက်တော့မှ တဖြည်းဖြည်းနဲ့သိလာရတာက ဒီပါတီပွဲရဲ့နောက်ကွယ် အရမ်းမှောင်မိုက်တဲ့ကိစ္စတစ်ခုကို ဖုန်းကွယ်ထားတယ်ဆိုတာပါပဲ။အဲဒါကို အိုင်ဗီတစ်ယောက်ဘယ်လိုသိသွားပြီး ဖော်ထုတ်မလဲဆိုတာကြည့်ရမဲ့ ဒရာမာကား‌လေးပဲဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(1.5 GB) / (710 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:34:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing
movie

Year of the Fox (2023)

2023
Someday We’ll Tell Each Other Everything (2023) Irgendwann werden wir uns alles erzählen 6.0
Someday We’ll Tell Each Other Everything (2023) Irgendwann werden wir uns alles erzählen  Someday We'll Tell Each Other Everything (2023)IMDb Rating (6.0) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သူမရဲ့နာမည်က မာရီယာ။ ချစ်သူကောင်လေးနဲ့အတူ ကောင်လေးရဲ့မိသားစုနဲ့ပါ လယ်ထဲမှာအတူနေနေကြတာပေါ့။ဇာတ်အိမ်တည်ထားတာက ၁၉၉၀ ခုနှစ် အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန် နှစ်ခြမ်းကွဲနေတဲ့ကာလပဲဖြစ်တယ်။မာရီယာတို့က အရှေ့ပိုင်းမှာနေကြတာပါ။ မာရီယာက ကျောင်းဆက်မတက်ချင်ပေမဲ့ စာဖတ်ရတာတော့အရမ်းဝါသနာပါတယ်ရယ်။ဒါပေမဲ့ သူမထက်အသက်နှစ်ပြန်ကြီးတဲ့ ဟန်နာဆိုတဲ့ အိမ်နီးနားချင်းကိုမှ မေတ္တာတွေပုံအပ်ပေးလိုက်တယ်။သူတို့နှစ်ယောက် အပြန်အလှန်မေတ္တာမျှသွားကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုရမဲ့ ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(3.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….02:08:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing
movie

Someday We’ll Tell Each Other Everything (2023) Irgendwann werden wir uns alles erzählen

2023
The Unborn Soul (2023) Vong Nhi 5.3
The Unborn Soul (2023) Vong Nhi  The Unborn Soul (2023)IMDb Rating (5.3) ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Tung နဲ့ Thao က သူတို့ဘဝမှာ အရာအားလုံးအဆင်ပြေနေပေမဲ့ သူတို့လိုချင်တဲ့ မိသားစုဝင်အသစ် ကလေးလေးကိုတော့ အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ ​မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတို့နှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတို့အိမ်မှာစပြီး ကြုံခဲ့ရတော့တယ်။အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံ့ပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကိုကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို့ Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာသည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒီ Vietnam horror ကားက ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေက အတော်လေးမြင့်တက်နေတာကြောင့် လူ့ဘဝကိုရောက်ခွင့်မရသေးတဲ့ ...
movie

The Unborn Soul (2023) Vong Nhi

2023
Detective Conan: Black Iron Submarine (2023) 7.2
Detective Conan: Black Iron Submarine (2023) Detective Conan: Black Iron Submarine (2023)~ IMDb – 7.2/10, MyAnimeList– 8.4/10 ~၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆ ကားမြောက် “Detective Conan: Black Iron Submarine” ဟာ ကိုနန် (Conan) ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “ကူရိုအဖွဲ့အစည်း (Black Organization)” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်။ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်...အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition System (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “ပစိဖိတ်ဗော်ယာ (Pacific Buoy)” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ။အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “နာအိုမီ အာဂျန်တို (Naomi Argento)” ...
movie

Detective Conan: Black Iron Submarine (2023)

2023
Make Me a Match (2023) 6.3
Make Me a Match (2023)  Make Me a Match (2023)IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ အိမ်ထောင်ရေး ၊ အချစ်ရေးတွေနဲ့ ပတ်သက်လို့ ဗဟုသုတတွေလည်းရမယ့်အပြင်ချစ်စရာကောင်းတဲ့ ရိုမန့်ကားကောင်းလေး တခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းDating app ကုမ္ပဏီက အလုပ်အမှုဆောင် ကောင်မလေး ဗီဗီက သူတို့ dating app လေးအောင်မြင်ဖို့ နာမည်ကြီးအောင်သွယ်တော် ရေနာဆီအကူအညီသွားတောင်းရာကနေ အောင်သွယ်ရဲ့သား ဘွမ်းနဲ့တွေ့ဆုံပြီး ထင်မထားတဲ့ အချစ်ဇာတ်လမ်းတွေ ဖြစ်လာတာကို ရင်ခုန်စွာ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။)File size…(1.7 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:24:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ran Naing Zaw 
movie

Make Me a Match (2023)

2023
A Perfect Christmas Pairing (2023) 5.3

A Perfect Christmas Pairing (2023)

2023
The Cleaner (2023) 7.8
The Cleaner (2023)  The Cleaner (2023)IMDb Rating (7.8) နာမည်ကျော် Crime drama series တွေဖြစ်တဲ့ The Cleaner တို့ The Cleaning Ladyတို့နဲ့ plotခပ်ဆင်ဆင် ထိုင်းမူဘီလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ အချစ်ရဆုံးချစ်သူဇာတ်လမ်းတွဲထဲက ဗိုလ်ကလေးခွန်ချတ်နေရာက သရုပ်ဆောင်ခဲ့တဲ့ Mean Phiravichကို main leadအဖြစ်နဲ့မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။သာမန်လူအနေနဲ့တော့ သေခြင်းတရားဆိုတာ မှောင်မိုက်နက်ရှိုင်းပြီး မှန်းဆမရတဲ့အရာဆိုပေမဲ့ အလောင်းဖျောက်တဲ့သူအတွက်တော့ သေခြင်းတရားဆိုတာ ပျောက်ကွယ်သွားတာသက်သက်ပဲတဲ့။မတရားမှုတွေ လုပ်နေတာကို ရပ်ကြည့်မနေနိုင်တဲ့ သူနာပြုအကူဝေးတစ်ယောက် ဆေးရုံရဲ့ ဆေးဝါးမသမာမှုပရောဂျက်အကြောင်းကို လိုင်းပေါ်တင်လိုက်ရာကနေလက်ရှိအလုပ်လည်းပြုတ်ပြီး ဆေးလောကရဲ့ဘလက်လစ်တင်တာပါခံလိုက်ရပါတယ်။ဒီလိုနဲ့ အလုပ်သစ်ရှာနေတုန်းမှာ ကြေးစားတစ်ယောက်က အလောင်းရှင်းလင်းရေးအလုပ်အတွက်ကမ်းလှမ်းလာခဲ့ပြီး သူပထမဆုံးရှင်းရတဲ့အလောင်းကတော့ သူ့ကိုအလုပ်ဖြုတ်ခဲ့တဲ့ ဆေးရုံပိုင်ရှင်ရဲ့သားပါပဲ။ဒါပေမဲ့ လူတွေသိထားကြတဲ့ သာမန်ဘဝကဝေးဆိုတာကတော့ ဘာလာလာပြင်တတ်တဲ့ တောက်တိုမယ်ရ အိမ်တော်ထိန်းဝေးပါပဲ။ဘာပဲပျက်ပျက် တစ်ရုံးလုံးက လာလာပြင်ခိုင်းနေတဲ့ ခိုင်းဖတ်လေးဝေးဖြစ်နေတာပေါ့။ဒီလို လာလာအကူအညီတောင်းတဲ့ထဲ ဖိုင်ဆိုတဲ့ကောင်မလေးလည်းအပါအဝင်ပေါ့။‌သူ့ရဲ့လက်ရှိအလုပ်နဲ့ အချစ်ရေးဟာ ပြဒါးတစ်လမ်း ...
movie

The Cleaner (2023)

2023
Today Again (2023) Un oggi alla volta 6.8
Today Again (2023) Un oggi alla volta  Today Again (2023)IMDb Rating (6.8) အခုခေတ်နည်းပညာတွေကို သဘောမကျတဲ့ အူကြောင်ကြောင် စိုးရိမ်လွယ်တဲ့ 19 နှစ်အရွယ်ကောင်လေး Marco က သူငယ်ချင်းတွေနဲ့ သူ့တစ်ယောက်တည်းကမ္ဘာမှာအေးဆေးနေတတ်တဲ့သူဖြစ်တယ်။ဒါပေမဲ့ ကံကြမ္မာက သူ့ကို Aria လို့ခေါ်တဲ့ ပစ္စုပ္ပန်ကိုပဲတွေးပြီး ဘဝကို သွက်သွက်လက်လက်နေထိုင်တတ်တဲ့ ကောင်မလေးနဲ့တွေ့အောင်လုပ်ပေးခဲ့ပြီးနောက်မှာတော့သူ့ဘဝ အများကြီးပြောင်းလဲလာခဲ့တယ်။Aria က စာညံ့တဲ့ Marco ကို အထက်တန်းစာ သင်ပေးရင်း သူတို့နှစ်ယောက်အတူတူ အချင်းချင်းရဲ့ကြောက်ရွံမှုတွေကို နှစ်သိမ့်ပေးပြီး သံယောဇဥ်တွယ်လာခဲ့ကြတယ်။ဒီဇာတ်လမ်းလေးက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ "နေ့တစ်နေ့ချင်း ဖြတ်သန်းဖို့" ရဲ့ အရေးပါမှုကို ဖော်ပြထားပြီး ရယ်စရာအလွဲတွေနဲ့နှလုံးသားနွေးထွေးမှုတွေပါ ရသစုံအောင်ပေးစေမယ့်အီတလီ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(2 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:42:01 Subtitle….Myanmar ...
movie

Today Again (2023) Un oggi alla volta

2023
Stella. A Life. (2023) Stella. Ein leben. 6.2
Stella. A Life. (2023) Stella. Ein leben.  Stella. A Life. (2023)IMDb Rating (6.2) ဒုတိယကမ္ဘာစစ်ကာလ ဂျာမနီမှာ ဂျူးတွေအသတ်မခံရခင်ကနေ စပြီးဇာတ်အိမ်တည်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ပါ။ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စစ်ကို အရိပ်တောင်မြင်ရမှာမဟုတ်ဘဲ ဂျူးတွေရဲ့ အဖြစ်ဆိုးတွေကိုပဲ အခြေတည်ထားပါတယ်။ဆိုပေမဲ့လည်း ဂျူးတွေအသတ်ခံရတာက အဓိကပေမဲ့ အဲဒါကိုလည်းမပြထားပါဘူး။တကယ်တမ်း ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်ကာလ ဂျူးခြောက်သန်းအသတ်ခံရခြင်းမှာ ဂျူးတွေကို သစ္စာဖောက်ခဲ့တဲ့ ဂျူးတွေကိုယ်တိုင်လည်း တရားခံအဖြစ်ပါနေတာကို ပြထားတဲ့ရုပ်ရှင်ပါပဲ။စတယ်လာဆိုတဲ့ အမျိုးသမီးရဲ့ စစ်ကြီးမတိုင်ခင်ကနေ သစ္စာဖောက်ပုံတွေကနေ ဒီစစ်ကြီးအပြီး သူပြန်ခံခဲ့ရတဲ့ဒဏ်တွေကိုပါ ပြထားတယ်။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ ဂျူးတွေရဲ့သမိုင်းတစ်ထောင့်ရုပ်ရှင်ပါပဲ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,History,war Duration….02:01:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Stella. A Life. (2023) Stella. Ein leben.

2023
One Summer (2023) Le temps d’un été 6.7
One Summer (2023) Le temps d’un été  One Summer (2023)IMDb Rating (6.7) ကနေဒီယန် မင်းသား Patrice Robitailleပါဝင်သရုပ်ဆောင်ထားပြီး ကြည်နူးစရာ၊ဝမ်းနည်းစရာကောင်းတဲ့ comedy / dramaဇာတ်ကားကောင်းလေး တခု ဖြစ်ပါတယ်။အိမ်ယာမဲ့တွေကို စောင့်ရှောက်ကူညီနေတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး မာစ့်ဟာ တနေ့မှာကျေးလက်ဒေသမှာ ရှိတဲ့ မြေကွက်ကြီးတခုကိုအမွေရလိုက်ပါတယ်။အဲ့ဒီမှာ သူကသူစောင့်ရှောက်ပေးနေတဲ့ အိမ်ရာမဲ့တွေနဲ့အတူ ပျော်ပွဲစားတခု ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီမြေကွက်မှာ နဂိုနေနေကျတဲ့သူတွေကလက်မခံကြတဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှူရင်း ကြည်နူးပီတိဖြစ်စရာ ၊ လူသားချင်းကူညီရိုင်းပင်းမှုအကြောင်းတွေကို ကြည့်ရှုသွားရမှာပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Ran Naing Zaw ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ran Naing Zaw
movie

One Summer (2023) Le temps d’un été

2023
Hometown Remedy (2023) 6.4

Hometown Remedy (2023)

2023
Diabolik – Who Are You? (2023) 5.7
Diabolik – Who Are You? (2023)   Diabolik - Who Are You? (2023)IMDb Rating (5.7) ၁၉၆0 ခုနှစ်တွေမှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်၊ ဒီယာဘောလစ်ပါ။ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ဒီဇာတ်ကားလေးမှာတော့ ဒီယာဘိုလစ်နဲ့အီဗာကန့်ဆိုတဲ့စောရဝိဇ္ဇာနှစ်ယောက်ဆုံတွေ့ခဲ့ပုံအကြောင်းကို ၁၉၆၀ကာလမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။သူတို့နောက်ကိုလိုက်ပြီးတားဆီးဖို့ကြိုးစားနေတဲ့ စုံထောက်ဂျင်ကိုနဲ့ရော ဘာတွေဆက်ဖြစ်မလဲ ...
movie

Diabolik – Who Are You? (2023)

2023
One Night with Adela (2023) Una noche con Adela 5.4
One Night with Adela (2023) Una noche con Adela  One Night with Adela (2023)IMDb Rating (5.4) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။အဒယ်လာဟာ မက်ဒရစ်စည်ပင်က သန့်ရှင်းရေးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ဒီညမှာတော့သူဟာ တစ်သက်လုံးစာရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ဒီဘ၀ရောက်အောင်တွန်းပို့ခဲ့သူတွေကို ရက်ရက်စက်စက်ပြန်ကလဲ့စားချေဖို့စိတ်ကူးထားပြီး အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်း ကိုယ်တွေ့ဇာတ်လမ်းတွေရင်ဖွင့်ရာ ရေဒီယိုအစီအစဉ်ကိုဖုန်းဆက်ပြီးပြောပြနေပါသေးတယ်။သူကလဲ့စားချေမယ့်သူတွေက ဘယ်သူတွေဖြစ်မလဲ ?သူ့အပေါ်ဘယ်လိုလုပ်ရပ်တွေကျူးလွန်ခဲ့လို့ ဒီလောက်အထိနာကျည်းနေရတာလဲ?ကလဲ့စားချေဖို့အတွက် သူ့အစီအစဉ်တွေကဘာတွေဖြစ်နေမလဲ?ဇာတ်လမ်းအစအဆုံးကို one-shot ရိုက်ချက်နဲ့ဖန်တီးထားပြီး စကားလုံးတွေ၊ တင်ပြပုံတွေကိုလည်းစိတ္တဇဆန်ဆန် ဖွဲ့စည်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ၊ မူးယစ်ဆေးသုံးစွဲမှုတွေ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့သတိထားရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.8 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:47:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

One Night with Adela (2023) Una noche con Adela

2023
Beyond the Wasteland (2023) M 5.9
Beyond the Wasteland (2023) M  Beyond the Wasteland (2023)IMDb Rating (5.9) လက်မှာ M ဆိုတဲ့ အမှတ်အသားရှိတဲ့ Marko လိုအမည်ရတဲ့ ကလေးလေးက အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲ သူ့အဖေနဲ့ တောအုပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတယ်။သူ့အဖေက အပြင်မှာ လူဆိုးတွေရှိတယ် အန္တရာယ်များတယ်လို သင်ပေးခဲ့ပြီး အမြဲတမ်း အသက်ရှင်သန်ရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးခဲ့တယ်။ဒါပေမဲ့ တစ်နေ့မှာ Marko သူတိုနေတဲ့တောအုပ်ထဲမှာ သူနဲ့ရွယ်တူ Miko ဆိုတဲ့ ကလေးတစ်ယောက်နဲ့ သူ့အမေတစ်ယောက်ကို တွေ့ခဲ့ပြီး Miko နဲ့သူငယ်ချင်းဖွဲခဲ့တယ်။နောက်တော့ ​Marko က သူ့အဖေက Miko ရဲ့အမေကို သတ်ခဲ့ပါတယ်လို အထင်မှားပြီး သူ့အဖေကို လူဆိုးလိုထင်သွားခဲ့တယ်။Marko ရဲ့ အဖေက သူသတ်ခဲ့တာမဟုတ်ကြောင်း Miko ရဲ့အမေကို ကယ်ဖိုကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြပြီးရုတ်တရက် သူ့ရဲ့ဒဏ်ရာကြောင့်ထူးဆန်းတဲ့အမူအရာပြောင်းသွားပြီး သူ "လူဆိုး" အဖြစ်ပြောင်းမသွားခင် Marko ကို ထွက်ပြေးခိုင်းခဲ့တယ်။တကယ်တော့ Marko အဖေပြောခဲ့တဲ့ ...
movie

Beyond the Wasteland (2023) M

2023