Channel Myanmar

Sci-Fi

Telekinesis (2024) 7.5
Telekinesis (2024)  Telekinesis (2024)IMDb Rating (7.5) ရှားရှားပါးပါးထွက်ရှိလာတဲ့ မလေးရှားစွမ်းအားရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။စွမ်းအားရှင်ဆိုပေမယ့် လူတစ်ယောက်စီမှာ စွမ်းအားတစ်မျိုးဆီရှိနေတာမဟုတ်ပဲ တစ်ချို့လူတွေဟာ အရာ၀တ္ထုတွေကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားနဲ့ မွေးဖွားလာကြတဲ့ ကမ္ဘာကြီးကိုအခြေခံထားတာပါ။နိုင်ငံတိုင်းမှာ အဲ့ဒီလိုလူသားတွေရှိနေပြီး သူတို့ဟာ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ သိုသိုသိပ်သိပ်နေထိုင်ကြပြီး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က သူတို့ကိုဥပဒေနဲ့ထိန်းချုပ်ထားပါတယ်။မလေးရှားနိုင်ငံမှာတော့ NTSF ဆိုတဲ့အဖွဲ့က အာဏာရရှိနေပြီး သူတို့ဆီကခေါင်းဆောင်ပိုင်းချင်း အကွဲအပြဲဖြစ်ကြရာကTLM ဆိုတဲ့အဖွဲ့တစ်ဖွဲ့ထပ်မံပေါ်ပေါက်လာပြီး အချင်းချင်းဦးသူဆော်စတမ်းလုပ်ကြံသတ်ဖြတ်နေတဲ့အချိန်ပါ။ဖက်ဒ်လီကတော့ NTSF အဖွဲ့ရဲ့အလားအလာအကောင်းဆုံး လူငယ်အရာရှိတစ်ယောက်ဖြစ်ပြီး TLM အဖွဲ့သားတွေကိုဖမ်းမိတဲ့အခါကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့် အသေသတ်ပစ်လေ့ရှိပါတယ်။အဲ့ဒီအငြိုးကတော့ သူငယ်စဉ်တုန်းက TLM အဖွဲ့ခေါင်းဆောင်ဟာ သူ့ဖခင်ကိုသတ်ပြီး သူ့ညီဖြစ်သူကိုဖမ်းခေါ်သွားခဲ့ဖူးတဲ့ အတိတ်ကြောင့်ပါ။NTSF နဲ့ TLM ကြားထဲက ဝိရောဓိတွေ အချင်းချင်းသစ္စာဖောက်မှုတွေ လှည့်ကွက်တွေကို တမူထူးခြားတဲ့ဇာတ်အိမ်နဲ့ စိတ်ဝင်စားစရာတွေ့မြင်ရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.7 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, ...
movie

Telekinesis (2024)

2024
Extinction (2018) N/A
Extinction (2018) ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့မိတ်ဆက်ပေးပါရစေ...ဟုတ်ပါတယ် Michael Peña ပါ သူကတော့Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီးဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါအခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ်ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာAnt Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲအိမ်ထောင်ဦးစီးယောကျင်္ားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင်အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါNetflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်းသိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကိုဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ်ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို ...
movie

Extinction (2018)

2018
4K HEVC
Elevation (2024) 5.8
Elevation (2024)  Elevation (2024)IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ...ဇာတ်လမ်းအကျဉ်းကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။ ...
movie

Elevation (2024)

2024
The Fix (2024) 5.0
The Fix (2024)  ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာတစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်းအကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့်လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ်ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင်ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေတပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှတစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက်ကြီးထွားလာပါတယ်။ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReumဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကိုလျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်...ဒါပေမဲ့လည်း ငွေကုန်ကြေးကျခံနိုင်တဲ့ လူချမ်းသာတွေအတွက်သာထုတ်လုပ်ထားသလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့သူတွေကဒီဆေးကိုဝယ်မသောက်နိုင်ကြပါဘူး။တစ်ဖက်မှာလည်း အဲဒီကုမ္ပဏီအတွက် ကြော်ငြာမော်ဒယ်လုပ်ပေးတဲ့အယ်လာဟာ လှပပေမဲ့ သူ့အမေဖြစ်သူရဲ့အရှိန်အဝါကြောင့်လူကြိုက်ခံရလို့ သူ့ဘဝကို အားရမှုမရှိလှပါဘူး...အမြဲတမ်းအတုအယောင်တွေကြားထဲမှာ ရှင်သန်နေရတဲ့အတွက်စိတ်ဆင်းရဲနေရပါတယ်...တစ်နေ့မှာတော့ သူ့ကောင်လေးဖြစ်သူရဲ့ပါတီပွဲကိုရောက်သွားပြီးသူ့ကောင်လေးလွတ်ကျကျန်ခဲ့တဲ့ ဘာမှန်းမသိတဲ့ ဆေးတောင့်လေးတစ်တောင့်ကို သောက်မိတဲ့အချိန် သူ့တစ်ကိုယ်လုံးမှာ ထူးဆန်းတာတွေဖြစ်လာပါတယ်...ရုပ်အသွင်အပြင်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်လာပေမဲ့လည်းသူ့ခန္ဓာကိုယ်က ...
movie

The Fix (2024)

Remnant (2024) 5.5
Remnant (2024)  Horror၊ Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ Remnantကတော့ အသံဖန်တီးမှုအထူးပြုလုပ်ချက်တွေကြောင့် Thrillerပရိသတ်တွေအကြိုက်တွေ့ကြမှာသေချာပါတယ်။ကားမတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုံးလိုက်ရပေမယ့်ခေတ်လွန်သိပ္ပံနည်းပညာစမ်းသပ်မှုတစ်ခုကြောင့် တစ်ဦးတည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဂရေ့စ်ဟာ ဆေးရုံဆင်းလာကတည်းကချောက်ချားစရာပုံရိပ်တွေနဲ့အသံတွေကို မြင်နေကြားနေရပြီးတမလွန်ကရင်းနှီးသူတွေက သူ့ကိုတစ်စုံတစ်ခုသတိပေးဖို့ကြိုးစားနေတယ်လို့ ထင်လာခဲ့ပါတယ်။သူငယ်ချင်းကိတ်နဲ့အတူနေထိုင်တဲ့ဂရေ့စ်ကို သိပ္ပံစမ်းသပ်မှုတစ်ခုလိုသဘောထားတဲ့ဒေါက်တာစတုန်းက ဂရေ့စ်ကိုကင်မရာတွေနဲ့အချိန်ပြည့်စောင့်ကြည့်နေတာကြောင့် တစ်စုံတစ်ခုထူးခြားနေမှန်းသိတဲ့အတွက် ဆေးရုံလာဖို့ငြင်းဆန်နေတဲ့ဂရေ့စ်ကိုဖမ်းဖို့ သူ့လက်ထောက်ဂျွန်ကိုစေခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ဂျွန်၊ ဂရေ့စ်နဲ့ကိတ်တို့သုံးယောက်လုံးကို လူသတ်သမားတစ်ယောက်ကဖမ်းဆီးသွားတဲ့အခါမှာတော့ ဆန်းသစ်တဲ့နည်းပညာတွေထည့်သွင်းခံထားရတဲ့ဂရေ့စ်တစ်ယောက် ကိတ်နဲ့ဂျွန်ကိုကယ်ပြီးလူသတ်သမားလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.55GB) / (840MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre …..Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Remnant (2024)

The Returned (2013) 6.0
The Returned (2013) ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Apocalyse ပုံစံ Zombie ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း ဇွန်ဘီကပ်ရောဂါကြီးဖြစ်ပွားပြီးတော့လူပေါင်း သန်း၁၀၀ လောက်သေဆုံးခဲ့ပါတယ်။သုတေသနပညာရှင်တွေကလည်း ဒီရောဂါကိုကုသဖို့အတွက်လေ့လာချက်တွေအများအပြားဆောင်ရွက်ကြပြီး ကုထုံးကိုရှာဖွေကြပါတယ်။ဒီထဲမှာတော့ ကိတ်ဆိုတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက်က ဖုတ်ကောင်တွေကိုပုံမှန်လူအဖြစ်ပြန်ဖြစ်အောင် ကုသပေးနိုင်တဲ့ ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ဒီဖုတ်ကောင်တွေကိုပြန်လည်ကုသပေးပြီး ကောင်းလာတဲ့လူတွေကိုတော့ The Returned (သေရွာပြန်)လို့ ခေါ်ကြပါတယ်။ဒါပေမဲ့ ဒီကုထုံးကိုလုပ်ဆောင်ဖို့အတွက် ပရိုတင်းကိုတော့Zombie တွေရဲ့ရိုးတွင်းခြင်ဆီကနေ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ဒါပေမဲ့ ဒီကုထုံးကိုဆောင်ရွက်ဖို့အတွက် အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းတွေကတစ်နေ့တခြားရှားပါးလာတဲ့အခါ ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်ဖို့အတွက်စိန်ခေါ်မှုတွေ အဖက်ဖက်ကပေါ်လာပါတော့တယ်။ဒီဇာတ်ကားကတော့ သာမန် Zombie ကားတွေနဲ့မတူဘဲ ကမ္ဘာကြီးကပ်ဆိုက်လာတဲ့အခါကြုံရတဲ့ပြဿနာတွေ၊ ရက်စက်တဲ့လူ့သဘာဝတွေ လူ့အဖွဲ့အစည်းကြားကအကျည်းတန်တဲ့အမှန်တရားတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File Size : 1.7 GB, 919 MB Quality : Blu-Ray 1080p / 720p Running Time : 1hr ...
movie

The Returned (2013)

Penalty Loop (2024) 6.8
Penalty Loop (2024) Penalty Loop (2024)IMDb Rating (6.8)CM ချစ်ပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်အိမ်နဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို မိတ်မဆက်ပေးခင်မှာ... တစ်နေ့ ကိုယ်ချစ်ရတဲ့သူ ရုတ်တရက်အသတ်ခံရပြီ... အဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်ပြန်သတ်ဖို့ အခွင့်အရေးရမယ်ဆို... ကျေနပ်နိုင်မှာလား... လုပ်ကြံသူကို ကိုယ်တိုင်စီရင်ဖို့ ကြိုးစားမှာလား...ဒီဇာတ်ကားလေးထဲက အီဝါမိုရီကတော့ ဒီအခွင့်အရေးကို လိုချင်ခဲ့သူပါ... ဘာလို့လဲဆိုတော့ သူချစ်ရတဲ့ ချစ်သူမိန်းကလေးက အလုပ်ကို ပျော်ပျော်ရွှင်ရွှင်မနက်က ထွက်သွားပြီး... အိမ်ပြန်လာချိန်မျှော်နေခဲ့ပေမယ့် သူ့ဆီပြန်ရောက်လာခဲ့တာက... သူ့အလောင်းကို အတည်ပြုပေးဖို့ လာခေါ်တဲ့ ရဲတွေဖြစ်နေပါတယ်...ဒါကြောင့်လည်း သူ့ချစ်သူကို သတ်ခဲ့သူကို သိချိန်မှာတော့ VR အစွမ်းအကူအညီနဲ့ လုပ်ကြံသူကို အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားမယ်လို့ လက်ခံခဲ့ပါတယ်.. ဒါပေမယ့် ဒီ VR အစွမ်းရဲ့နောက်မှာ မထင်မှတ်တာတွေ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ...။Sci-Fi ဆန်ဆန် ထူးခြားတဲ့ဇာတ်အိမ်နဲ့ နက်နဲသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဒီရုပ်ရှင်က ဝေဖန်သူတချို့ကြား အကြိုက်တွေ့နေတာမလို့ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB )/(950 ...
movie

Penalty Loop (2024)

Doraemon the Movie: Nobita’s Earth Symphony (2024) 6.6
Doraemon the Movie: Nobita’s Earth Symphony (2024) အခုတစ်ခါမှာတော့ လူတိုင်းသိကြတဲ့ Doraemon ဇာတ်ကားသစ်လေးပါ။ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်းနှီးခဲ့ကြတဲ့ Doraemon ဆိုတဲ့ ကြောင်ပြာလေးကိုအခုတစ်ခါ ပိတ်ကားထက်မှာ ပြန်မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်း အကျဥ်းကတော့ နိုဘီတနဲ့ သူငယ်ချင်းတစ်စုကကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာကို သတိထားမိလာပါတယ်။ဒီအခါမှာတော့ သူတို့က ဒိုရေမွန်ရဲ့ အကူအညီနဲ့အနာဂတ်ခေတ်က ပစ္စည်းတွေကို သုံးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ကြရပါတော့တယ်ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ရဲ့ အချစ်တော် ကြောင်ပြာလေးကို Amimation ကောင်းကောင်းနဲ့ ပြန်မြင်ရမှာဖြစ်ပြီးဒိုရေမွန်ဆိုတဲ့ အတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းတွေကိုပျော်ပျော်ပါးပါး ကြည့်ရှုရင်း သင်ခန်းစာရအောင် တင်ပြထားပါတယ်  File Size : 2.3 GB, 1.1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 55min Format : Mp4 Genre : Advemture, Comedy, Family Subtitle ...
movie

Doraemon the Movie: Nobita’s Earth Symphony (2024)

Alien Apocalypse (2023) 3.3
Alien Apocalypse (2023)  Alien Apocalypse (2023) သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားတစ်မျိုးပါ။ Proxima B ကနေ ပြန်လာတဲ့ယာဥ်ပေါ်မှာ ဂြိုလ်သားနမူနာ ပါလာပါတယ်။ဒါကို စမ်းသပ်ချင်စောနဲ့ သိပ္ပံပညာရှင်စီလက်စ်က ယူစမ်းလိုက်တဲ့အခါမှာ သက်ရှိနေတဲ့စက်ရုပ်ဂြိုလ်သားဖြစ်နေတာကို သွားတွေ့ပါတယ်။စမ်းသပ်နေရင်းနဲ့မှ အမှားတစ်ခုဖြစ်သွားပြီးတော့ ဒီဂြိုလ်သားဟာ ကမ္ဘာ့အော်ဂဲနစ်နဲ့ ထိတွေ့နိုင်သွားတဲ့အခါမှာတော့..။ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဂြိုလ်သားကို ရသမျှနည်းလမ်းနဲ့ တားဆီးကြရပါတော့တယ်။ဒီရုပ်ရှင်ကို ဒါရိုက်တာ Adrain Avila က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 3.3 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)File size…(1.4 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Sci-Fi Duration….01:28:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa
movie

Alien Apocalypse (2023)

2023
Eternal (2024) For evigt 5.4
Eternal (2024) For evigt  Eternal (2024) ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလားကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(1.5 GB) / (730 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi Duration….01:42:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane
movie

Eternal (2024) For evigt

2024
Alien Country (2024) 4.5
Alien Country (2024) Alien Country (2024) Alien Country ဆိုတဲ့ဇာတ်ကားက သိပ္ပံ-ရုပ်ရှင်တွေကြိုက်သူတွေ၊ စွန့်စားခန်းတွေကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ဒီကားကို ဒါရိုက်တာ Bailey Kobe က ရိုက်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေက Nadine Crocker နဲ့ Marc Menchaca ပါ။သူတို့ရဲ့ သရုပ်ဆောင်မှုက အရမ်းသဘာဝကျပြီး ဇာတ်လမ်းထဲမှာ ခံစားချက်တွေ ပြည့်ပြည့်ဝဝကိုဖော်ပြထားတယ်ဆိုတာ သိသာပါတယ်။ဇာတ်လမ်းကတော့ လူသားတွေရော ဂြိုလ်သားတွေရော စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။လူသားတွေအနေနဲ့ နိုင်ငံတစ်ခုထဲကို တစ်ခါမှမရောက်ဖူးသလို စွန့်စားသွားရင်း ဂြိုလ်သားတွေ့လာရတယ်။သူတို့ရဲ့ စွမ်းအားတွေက တော်တော်အမိုက်စားကြီးမို့မြင်လိုက်တာနဲ့တင် ဝိုး ဆိုပြီး ဖမ်းစားသွားမှာပါပဲ။Kobe ရဲ့ ရိုက်ကူးပုံစံကလည်း မြင်ရတာနဲ့ ရင်ထဲရောက်အောင် ဖန်တီးထားတာမို့ ရိုက်ချက်တွေ အရမ်းမိုက်သလို သည်းထိတ်ရင်ဖိုဖြစ်ဖို့လည်းကောင်းပါတယ်။Alien Country ဟာ စွန့်စားခန်းတစ်ခုဖြစ်တဲ့အပြင် သည်းထိတ်ဖွယ် ကြည့်ရှုခံစားနိုင်တဲ့ဇာတ်ကားကောင်းလေးပါ၊ရင်ထဲကျန်နေစေမယ့် ...
movie

Alien Country (2024)

2024
Valley of the Gods (2019) 5.0
Valley of the Gods (2019) Valley of the Gods (2019)*************************နတ်ဘုရားတို့၏တောင်ကြားဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တို့ကို Black Hawk Down, Pearl Harbor, Trap, Oppenheimer စတဲ့ နာမည်ကျော်ဇာတ်ကားများထဲမှ မင်းသား တစ်လက်ဖြစ်သူ Josh Hartnett နဲ့ အတူ The man in the iron mask, Transformers, Warm bodies, In the line of fire စတဲ့ဇာတ်ကားများရဲ့ မင်းသားကြီး John Malkovich တို့ရဲ့ ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအကျဥ်း *************** စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျွန် ဟာအိမ်ထောင်ရေးပြိုကွဲပြီးနောက် နဗားဟိုးလူမျိုးတို့ရဲ့ မြင့်မြတ်သော နတ်ဘုရားတို့၏တောင်ကြားကို ရောက်လာပြီး စွန့်စားခန်း၊ လူထူးဆန်းတွေနဲ့ နဗားဟိုးလူမျိုးတို့ရဲ့ ကိုးကွယ်မှုတွေ အကြောင်း စာတစ်အုပ်ရေးနေသူဖြစ်ပါတယ် ..ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ တင်စားခံရတဲ့ ဝက်စ်တော့ရို့စ်က နဗားဟိုးတစ်ခွင် ယူရေနီယမ်တူးရင်း ကျိကျိတက်ချမ်းသာလာသူပါ .. သူကလည်း ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးထားရသူတစ်ဦးဖြစ်ပြီး လျှို့ဝှက်ချက်များနဲ့ ...
movie

Valley of the Gods (2019)

The Rocketeer (1991) 6.6
The Rocketeer (1991) Rocketeer (1991)IMDb Rating (6.6) / Rotten Tomatoes (66%)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အမေရိကန်ဖစ်ရှင်သမိုင်းတစ်လျှောက်မှာ ဟာရိုးရော်ဘင်တို့လို ဘတ်ဆဲလ်လား စာရေးဆရာတွေ , မာတင်စကောဆေးစိလို ဒါရိုက်တာတွေ ကြီးကြီးကျယ်ကျယ် မိုက်မိုက်ကန်းကန်း သူဌေးတစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာက ဒီဇာတ်လမ်းရဲ့ အဓိကအခရာအဖြစ်ပါနေတာပါပဲ။ အိုင်းရွန်းမန်း တိုနီစတက်ကာရိုက်တာကလည်း ဟောင်းဝတ်ဟုဒ်ကာရိုက်တာကိုပဲ မှီးထားခဲ့တယ်။ ချမ်းသာပြီး မိုက်ကန်းရူးရဲသလို အရည်အချင်းလည်းရှိတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာဟာ ဟိုးရှေးကတည်းကနေ အခုထက်ထိ ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးဖြစ်ခဲ့တယ်။ ဒီကားထဲက ဟောင်းဝတ်ဟုဒ်ကတော့ နည်းနည်းအသက်ကြီးသွားသလို နည်းနည်းလည်းကွဲပြားတယ်ပြောရမယ်။1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ...
movie

The Rocketeer (1991)

1991
Hostile Dimensions (2023)
Hostile Dimensions (2023)  Multiverse နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဟာ အခုခေတ်ကာလတွေမှာအများအပြားထွက်ခဲ့ကြတဲ့အထဲ ဒီကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ Emily နဲ့ Brian တို့နှစ်ယောက်ဟာ documentary ရိုက်နေစဉ် တံခါးတစ်ချပ်‌ကိုတွေ့ပြီး Emily တစ်ယောက်အဲ့တံခါးထဲကိုဝင်ရင်းပျောက်သွားပါတယ်။Wolf Door လို့ခေါ်တဲ့အဆိုပါတံခါးတွေကနေတစ်ဆင့် ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ကမ္ဘာမှန်သမျှကိုသွားနိုင်တာကို Sam နဲ့ Ash တို့သူငယ်ချင်းနှစ်ယောက်သိသွားပြီးနောက် Emilyကိုလိုက်ရှာကြရင်းဘယ်လိုမျိုးတွေကြုံရမလဲဆိုတာက Found Footageပုံစံဇာတ်လမ်းမျိုးအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 85%အထိရှိထားတဲ့ Independence movie တစ်ခုဖြစ်တဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Found Footage Horror, Horror, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L
movie

Hostile Dimensions (2023)

Psycho-Pass: Providence (2023) 7.0
Psycho-Pass: Providence (2023) နာမည်ကျော် Psycho-Pass စီးရီးရဲ့ Stand Alone ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။Psycho-Pass ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ IG Production ကနေ ထုတ်လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ဒီရုပ်ရှင်က Psycho-Pass 3 စီးရီးနဲ့ ဆက်စပ်နေတယ် ဆိုပေမဲ့ ဇာတ်လမ်းက တစ်ခုသက်သက်လို ဖြစ်နေတာကြောင့်Sci-fi, Action ကြည့်ချင်နေတဲ့ Anime ဖန်တွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ဇာတ်လမ်းကတော့ ခေတ်လွန်ကာလကို အခြေခံထားပါတယ် တစ်ကမ္ဘာလုံးက စစ်တွေဖြစ် ပျက်သုန်းကြနဲ့ဂျပန်တစ်နိုင်ငံတည်းပဲ ထိန်းထိန်းသိမ်းသိမ်း ကျန်ရှိတော့တဲ့ ခေတ်လွန်လိုမျိုး။လူတွေကိုလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Psycho-Pass ဆိုပြီး ပြစ်မှုကျူးလွန်နိုင်ခြေ ရှိလား ဘာလားဆိုတာကိုSibyl System နဲ့ အလိုအလျောက် တွက်ချက်သုံးသပ်ပေးပြီး အဲဒီလူကို တရားစီရင်ပေးရတာမျိုးပဲ။အဲဒီကမ္ဘာက ပြည်သူ့လုံခြုံရေးတပ်အဖွဲ့အကြောင်းကို ဦးတည်ထားတာပေါ့။ဒီကားဇာတ်လမ်းမှာကျ လျှို့ဝှက်သင်္ဘောတစ်ခုနဲ့ ဂျပန်ကိုလာတဲ့ နိုင်ငံခြားပရော်ဖက်ဆာတစ်ယောက် အသတ်ခံလိုက်ရတယ်။အသတ်ခံလိုက်ရတဲ့ အကြောင်းကလည်း သူ့ဆီက တန်ဖိုးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို လိုချင်နေလို့။အဲဒီ ...
movie

Psycho-Pass: Providence (2023)

Restart The Earth ( 2021 ) 6
Restart The Earth ( 2021 ) ကမ္ဘာကြီးမှာ အပင်တွေဟာ ရုတ်ချည်း သန္ဓေပြောင်းလဲကြီးမားလာပြီး လူတွေ တိရိစ္ဆာန်တွေကို အာဟာရအဖြစ်စားသုံးကာ မြေနေရာရဲ့ ၉၃ရာခိုင်နှုန်းကို ဖုံးလွှမ်းသွားပါတော့တယ် အဲ့လိုကပ်ဘေးကြီးမှာ ယန်ဟောက် နဲ့ သူ့ရဲ့သမီးဟာ နောက်ဆုံးအကြိမ်လွတ်မြောက်ရေးအဖွဲ့ထဲမှာပါမသွားဘဲ နှစ်ဦးတည်း အန္တရာယ်ဇုံထဲမှာ ကျန်ရစ်ခဲ့ပါတယ် အဲ့နောက်မှာ အစိုးရက ကပ်ဘေးမှ လွတ်မြောက်ဖို့ တာဝန်တွေထမ်းဆောင်ရမဲ့ ပူးတွဲအဖွဲ့၄၇ဖွဲ့ကို ဖွဲ့စည်းပေးပြီး ကမ္ဘာ့ နိုင်ငံအသီးသီးကို စေလွှတ်လိုက်ပါတယ် ၄၇ဖွဲ့ထဲကမှ C8683စစ်ဆင်ရေးအဖွဲ့နဲ့ သူတို့သားအဖနှစ်ယောက် တွေ့ဆုံမိကြပြီး အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းစစ်ဆင်ရေးလုပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့... သူတို့တစ်တွေ အမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေကြားမှာ ကိုယ်ကျိုးစွန့်ကာ ကမ္ဘာကြီးကို ဘယ်လိုတွေ ​အတူတူကယ်တင်ကြမလဲဆိုတာ ရင်တမမနဲ့ စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : 1.29 GB / 702 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv During : 1h 29 min Genres : Drama , Sci-Fi Subtitle : Myanmar Subtitle ...
movie

Restart The Earth ( 2021 )

The Lobster (2015) 7.1
The Lobster (2015) The Lobster (2015)IMDb Rating (7.1) / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားက အတော်ကိုထူးဆန်းတဲ့ရုပ်ရှင်ကားပါပဲ။အနာဂတ်က ကာလတခုမှာပေါ့...ဘဲမရှိ၊စော်မရှိ လက်တွဲဖော်မရှိတဲ့ FAလေးတွေဟာမြို့တော်ရဲ့ ဉပဒေအရ Hotel ဆိုတဲ့နေရာကိုအပို့ခံကြရပါတယ်၄၅ရက်အတွင်း ကြင်ဖက်ကိုရှာဖို့ပါ...အဲ့လိုလုပ်ပေးတာတောင်မှ မစွံခဲ့ရင်တော့တိရစ္ဆာန်အဖြစ်အပြောင်းခံရပြီး တောထဲကိုနှင်ထုတ်ခံရမှာပဲဖြစ်ပါတယ်ပြီးတော့ Hotelမှာစည်းကမ်းတစ်ခုရှိပါတယ်လုံးဝလက်သုံးပြီး အာသာဖြေလို့မရပါဘူးMaidရဲ့ ယုယမှုလောက်ကိုပဲ ယောကျာ်းလေးတွေ အနေနဲ့ဖြေသိမ့်ရပါတယ် ...without orgasm ပါ။ခွေးဖြစ်နေတဲ့သူ့အစ်ကိုနဲ့ ဒေးဗစ်တို့Hotelကိုရောက်သွားတဲ့အခါမှာတော့...။Dark Comedy ဆန်ဆန် အထူးအဆန်းဇာတ်လမ်းဆိုပေမယ့် ဒီကားရဲ့ရရှိထားတဲ့အောင်မြင်မှုတွေကတော့(Nominated for 1 Oscar. Another 33 wins & 72 nominations)တို့ပဲဖြစ်ပါတယ်မင်းသားမင်းသမီးတွေကလဲ ဒိတ်ဒိတ်ကြဲတွေပါပဲ...Colin Farrell , Rachel Weisz , Léa Seydoux တို့လိုနာမည်ကြီးတွေနဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ File size…(3 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

The Lobster (2015)

2015
Uncanny (2015) 6.2
Uncanny (2015) Uncanny (2015)*******************အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်)File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, ...
movie

Uncanny (2015)

The Machine (2013) 6.0
The Machine (2013) The Machine (2013)*************************ဒီဇာတ်ကားလေးကတော့ Sci-fi Drama ဆန်ဆန် ဇာတ်ကားတစ်ကား ဖြစ်ပြီးတော့ အနာဂတ်မှာ တိုးတက်လာတဲ့ AI နည်းပညာနဲ့ Robots တွေရဲ့ လူတွေနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေကို ရသပေါင်းစုံရအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Toby Stephens, Arrowverse Series တွေမှာ White Canary အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Caity Lotz တို့က အဓိကဇာတ်ဆောင်နေရာတွေကနေ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အနာဂတ်ကမ္ဘာမှာ စက်ရုပ်တွေနဲ့ AI တွေဟာ အရမ်းအဆင့်မြင့်လာပါတယ်။Vincent ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ လူတွေထက် ပိုအသိဉာဏ်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်သွားပါတယ်။ အဲဒီစက်ရုပ်ကို အစိုးရက လက်နက်အဖြစ် အသုံးပြုချင်ပေမယ့် Vincent မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိနေတာကြောင့် ဒီစက်ရုပ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။အဲဒီစက်ရုပ်ဟာ နောက်ဆုံးမှာ ကိုယ်ပိုင်အသိဉာဏ်ရှိသွားပြီးတော့ လူတွေကို လွန်ဆန်လာပါတယ်။အဲဒီအခြေအနေကို လူတွေအနေနဲ့ ဘယ်လိုပြန်လည်ထိန်းချုပ်မလဲ၊ Vincent ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ၊ AI နည်းပညာရဲ့ အန္တရာယ်ရှိပုံတွေ၊ AI နည်းပညာအပေါ် ...
movie

The Machine (2013)

V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005