Channel Myanmar

Bollywood

Dinasari (2025) 5.7
Dinasari (2025) Dinasari (2025)"နေ့တိုင်း" =====================တမီလ်မင်းသား ဆရီကန့်ရဲ့ အသစ်ထွက်ရှိထားတဲ့တမီလ်စကားပြော အချစ်ဟာသ ဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရှက်သီဟာ အင်မတန်မှ ဇီဇာကြောင်ပြီး လောဘကြီး ကပ်စေးနည်းတဲ့ လူပျိုကြီးပါ။သူယူတဲ့မိန်းမက သူ့ထက် လစာကောင်းရမယ်ဆိုပြီး တလွဲစံကြီးထားထားတဲ့အတွက် အိမ်ထောင်ဖက်ရှစ်ယောက်တွေ့တာတောင် ရှစ်ယောက်လုံးကို ငြင်းထားတဲ့ အကြောတင်းလူပျိုကြီးပေါ့။အဲဒီလိုနဲ့ သူ့ကို လေးလအတွင်း မိန်းမ မရရင် နောက် ၇ နှစ်ထိ မိန်းမရကိန်းမရှိတော့ဘူးလို့ ဗေဒင်ဆရာက ဟောလိုက်တဲ့အတွက် သူ့ရဲ့မိသားစုကသူ့ကို မိန်းမအတင်းပေးစားဖို့ကြံနေတုန်းမှာပဲ ရုပ်ချော၊ဘော်ဒီမိုက်၊ လစာကောင်းတဲ့ အမေရိကပြန် မိန်းကလေးတစ်ယောက် ရှက်သီ့ဘဝထဲကို ဝင်လာတဲ့အခါမှာတော့.. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Dinasari (2025)

Chhorii 2 (2025)
Chhorii 2 (2025) Chhorii 2 2025 (မိန်းမပျိုလေး)၂၀၀၁ မှာထွက်ရှိခဲ့တဲ့ Chhorii ရဲ့ အဆက်လေး ထွက်ရှိလို့လာခဲ့ပါပြီ။ရှေ့ကားမှာတော့ ဆတ်ရှီတစ်ယောက် ကိုယ်ဝန်ကြီးနဲ့ ခက်ခက်ခဲခဲ ကလေးမွေးဖို့အတွက် ရုန်းကန်ရင်းနဲ့ ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။ဆတ်ရှီတစ်ယောက် ကလေးလေးကို ခက်ခဲစွာမွေးဖွားပြီးတဲ့နောက်မှာတော့ ဆတ်ရှီ့ကလေးလေးဟာ ထူးခြားစွာနဲ့ နေရောင်ကို မခံနိုင်ဘဲ နေရောင်နဲ့ထိတွေ့မိတာနဲ့ အသားတွေလောင်သွားတဲ့ ဓာတ်မတည့်မှုကြီးဖြစ်နေတဲ့အတွက် အိမ်ထဲမှာပဲ ပိုးလိုမွေးလာခဲ့ရပါတယ်။ဆတ်ရှီတို့ သားအမိကို အရာရှိဆမ်မာက ကူညီပေးထားပြီး ဆတ်ရှီ့အတွက် ကျောင်းတစ်ကျောင်းမှာ ဆရာမအလုပ်ပါ ရှာပေးထားလို့ အဆင်ပြေခဲ့ရပါတယ်။သို့ပေမဲ့လည်း ဆတ်ရှီတစ်ယောက် ကလေးလေးရဲ့ပညာရေးအတွက် သမီးလေးကျောင်းတက်နိုင်ဖို့ သူအလုပ်လုပ်ရာကျောင်းမှာ အိမ်ကနေပဲ စာသင်နိုင်ဖို့ ကြိုးစားနေရင်းနဲ့ သမီးလေးရဲ့ နေရောင်မခံနိုင်တဲ့ကိစ္စအတွက် ဘယ်လိုမျိုး အဖြေရှာသွားမလဲ .......အရာရှိဆမ်မာကရော ဘယ်လောက်ထိ အကူအညီရနိုင်မလဲ .......ဒီရဲ့နောက်ကွယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ကိစ္စတွေရှိနေမလဲဆိုတာကို ထိတ်လန့်စရာများနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2 GB / 1 GB Quality…WEB DL 1080p HEVC ...
movie

Chhorii 2 (2025)

Paru Parvathy (2025) 6.2
Paru Parvathy (2025) Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်)သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ..... သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ..... ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Paru Parvathy (2025)

Lovedale (2025) 6.3
Lovedale (2025) Lovedale(2025)"မာယာတောအုပ်" ==========================အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော တောတွင်း ဆာဗိုက်ဗယ်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။လပ်ဗ်ဒေးလ်ဆိုတာကတော့ အိန္ဒိယနိုင်ငံ နာလ်ဂီရီတောင်တန်းတွေပေါ်မှာရှိတဲ့ တောအုပ်ထဲက ခရီးသွားတွေသဘောကျကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ လေယာဉ်မယ်ဖြစ်သလို မော်ဒယ်တစ်ယောက်လည်းဖြစ်တဲ့ အီရှာဟာ သူငယ်ချင်းတွေကတဆင့်သိတဲ့ရူဘန်ဆိုတဲ့ နာမည်ကြီးဓာတ်ပုံဆရာနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် အဲဒီ တောနက်ထဲက လပ်ဗ်ဒေးဆိုတဲ့နေရာကို သူငယ်ချင်းတွေ အဖွဲ့လိုက် အပန်းဖြေခရီးသဘောမျိုး သွားကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ဓာတ်ပုံရိုက် အပန်းဖြေခရီးက မျှော်လင့်ထားသလိုမဟုတ်ဘဲ တောနက်ထဲမှာ ထင်မထားတာတွေဖြစ်လာတဲ့အခါမှာတော့ သူတို့ ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမှာလဲ၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ပရိသတ်တွေ သည်းထိတ်ရင်ဖို မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.3 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lovedale (2025)

Ka.Mu – Ka.Pi (2025) 6.0
Ka.Mu – Ka.Pi (2025) Ka.Mu - Ka.Pi 2025 (ချစ်ခြင်း၏အလွန်)အန်ဘူနဲ့ အာနူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအဆင့်ကနေ အချင်းချင်း ချစ်မိသွားကြပြီး လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားကြတဲ့ ချစ်သူတွေပါ။ သူတို့တွေ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ မျိုးရိုးဇာတ်တွေမတူညီတာကြောင့်နဲ့ပဲ နှစ်ဖက်မိဘတွေက သဘောမတူဘဲ သူတို့ရဲ့ အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပါတော့တယ်။ သို့ပေမဲ့လည်း နှစ်ယောက်လုံးဟာ အရမ်းချစ်လွန်းပြီး နှစ်ဖက်မိဘတွေ တားမြစ်ထားတဲ့ကြားကနေ နှစ်ယောက်သား အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ပါတော့တယ်။သို့ပေမဲ့လည်း လူ့စိတ်ဆိုတာက အခက်သားပါ၊ အန်ဘူနဲ့ အာနူတို့ နှစ်ယောက်ဟာ လက်ထပ်ပြီးသွားတော့မှ ဘာမဟုတ်တဲ့ ပြဿနာသေးသေးလေးတွေကစပြီးတော့ အမြဲ ပြဿနာတက်လို့နေပါတော့တယ်။အန်ဘူနဲ့ အာနူတို့လင်မယားနှစ်ယောက်ကြားမှာ ပဋိပက္ခတွေ အရမ်းများလာတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ကွာရှင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက် မကွာရှင်းခင်မှာ ထုံးစံလုပ်ရိုးလုပ်နည်းအတိုင်း အတိုင်ပင်ခံနဲ့ ဆွေးနွေးရတဲ့အချိန်မှာတော့ .......သူတို့နှစ်ယောက်ကြားက ပြဿနာတွေဟာ ဘယ်လိုအကြောင်းပြချက်တွေကြောင့်ဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 1.3 GB / 600 MB Quality…WEB ...
movie

Ka.Mu – Ka.Pi (2025)

Aparadhi (2024)
Aparadhi (2024) Aparadhi 2024 အမှောင်ထုPushpa 2 နဲ့ နာမည်ကြီးနေတဲ့မင်းသားချော Fahadh Faasilရဲ့ suspense thriller ဇာတ်ကားကောင်းတစ်ကား ထွက်ရှိလာပြီဖြစ်လို့ ဘောလိဝုပရိသတ်ကြီးအတွက် ခုပဲတင်ဆက်ပေးလိုက်ပါပြီ။Fahadh Faasilရဲ့ တေလဂူလောကခြေလှမ်းသစ်ဖြစ်တဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးကရော ဘယ်လိုစိတ်ဝင်စားစရာ plot twistတွေနဲ့ ပြည့်နေမလဲဆိုတာ အတူရှုစားကြပါဦးစို့။Darkဆန်ဆန်ဝတ္ထုတွေကြောင့်နာမည်ကြီးတဲ့ စာရေးဆရာအဲလက်တစ်ယောက် ညညအိပ်မက်ဆိုးတွေမက်ပြီး အိပ်မပျော်ဖြစ်နေလို့ စိတ်ဖိစီးနေရပါတယ်။ဒီတော့ စိတ်သက်သာရာရဖို့ ရည်းစားဆီဖုန်းဆက်တော့လည်း ရှေ့နေမလေးဖြစ်တဲ့ရည်းစားက အမှုတွင်းကာလမလို့ ချိန်းတွေ့ချိန် ခဏလေးမှာတောင် ဖုန်းတဂွမ်ဂွမ်မြည်ပြီး မအားလပ်ပြန်ပါဘူး။အဲဒါနဲ့ အဲလက်တစ်ယောက် စိတ်ကောက်ပြီး အိမ်အပြန် ချစ်သူလေးက ဖုန်းဆက်ချော့ရင်း သူတို့နှစ်ယောက် အဝေးတစ်နေရာစီကို ဖုန်းတွေ အလုပ်တွေအကုန်ထားခဲ့ပြီး စနေတနင်္ဂနွေပိတ်ရက်လေးကို နှစ်ကိုယ်တူကုန်ဆုံးဖို့ သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ သူတို့နေမယ့်အိမ်ထဲကို သူစိမ်းတစ်ယောက် ဝင်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B team မှဖြစ်ပါတယ်). File size… 1 GB / 500 MB Quality…WEB DL ...
movie

Aparadhi (2024)

Iyer In Arabia (2025) 4.6
Iyer In Arabia (2025) Iyer In Arabia 2025 ခေတ်သစ်တိုက်ပွဲ Imdb 4.6ဒီကားမှာတော့ ခုခေတ်ကြုံ‌တွေ့နေကျဖြစ်တဲ့ ရှေးရိုးစွဲအတွေးရှိတဲ့လူကြီးတွေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်တဲ့အတွေးရှိတဲ့လူငယ်တွေကြား ဖြစ်နေကျ ပြဿနာတွေလိုပါပဲ ခေတ်နောက်ပြန်ဆန်တဲ့ အယူအဆရှိသူ ဖခင် ဆရီနီဗာဆာအိုင်ယာနဲ့ သမိုင်းပါမောက္ခဖြစ်ပြီး ဘာသာတရားကို သိပ်မယုံကြည်တဲ့ ဇနီးဂျန်ဆီရာနီတို့အကြောင်းပါ သူတို့ရဲ့သား ရာဟူးလ်ကဒူဘိုင်းမှာအလုပ်လုပ်နေပြီး ဘာသာခြား မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါမှာ ဇာတ်လမ်းက စတင်လာပါတယ်သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရှေးရိုးစွဲအိုင်ယာက ဒီလက်ထပ်ပွဲကို တားဆီးဖို့အတွက် သူ့သားဆီ ခရီးထွက်လာပါတော့တယ်ဒီခရီးစဉ်အတွင်းမှာ အိုင်ယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေကို တွေ့ကြုံရင်း သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်ဒီရုပ်ရှင်ထဲမှာတော့ လူတွေရဲ့ ယုံကြည်မှု ယဉ်ကျေးမှု ကွဲပြားမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ ပြောင်းလဲနိုင်ပုံကိုပါ ပုံဖော်တင်ဆက်ထားပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.5 ...
movie

Iyer In Arabia (2025)

The Door (2025) 6.5
The Door (2025) The Door (2025) "နောက်ဆက်တွဲ"တမီးလ် ဟော်ရာ/သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်လေးကို တင်ဆက်လိုက်ပါတယ်မစ်တရာဟာ ဗိသုကာပညာရှင်လေးတစ်ယောက်သိပ်မကြာသေးခင်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး အဖေ့ရဲ့နောက်ဆုံးထွက်သက်ငင်ချိန်မှာ အနားရှိမနေပေးခဲ့တဲ့အတွက် နောင်တရနေသူနောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘုရားကျောင်းတစ်ခုကို ဖြိုဖျက်ခဲ့မိလို့ ဒီလိုကံဆိုးတယ်လို့ ယုံကြည်နေတယ်တစ်ဖက်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တခြားသော မသင်္ကာစရာ မတော်တဆမှုတွေ ဖြစ်နေပြီးအထက်လူကြီး တောင်းဆိုချက်နဲ့ ပူဆွေးသောကကို ဘေးချိတ်ကာ လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ မစ်တရာဘယ်လိုခြောက်လှန့်မှု တွေ့ကြုံရမလဲ၊ မတော်တဆမှုတွေနောက်ကွယ်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာလား ။ ။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Door (2025)

Parannu Parannu Parannu Chellan (2025) 5.7
Parannu Parannu Parannu Chellan (2025) Parannu Parannu Parannu Chellan (2025) လွတ်လပ်စွာ ပျံသန်းဖို့အချစ်ဆိုတာ တည်ငြိမ်အေးချမ်းမှုပါတဲ့ဒါပေမဲ့ နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ရာမှာတော့ အချစ်တစ်ခုတည်းမဟုတ်တော့ဘဲ ညှိနှိုင်းစဉ်းစားရမှာတွေ ရှိလာပါတယ်ကမ္ဘာအဝှမ်းမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေးတွေ အမျိုးအစားစုံ ရှိသလိုပဲ အိန္ဒိယမှာလည်း တချို့သောသူတွေက ဒါတွေကို အလေးပေးနေဆဲပါပဲယောက်ျားလေးတစ်ယောက်ဟာ အဆင်ခြင်မဲ့ ရူးမိုက်စွာလုပ်ဆောင်လာတာရှိရင် ဒါဟာအချစ်ကြောင့်ပါပဲတဲ့ ရွာက သာမန်ကောင်လေးတစ်ယောက်က လူငယ်သဘာဝ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတယ်ဒါပေမဲ့ကောင်မလေးတို့က မျိုးရိုးမြင့်ထဲကပါသူတို့အကြောင်းသိသွားတော့ သဘောလုံးဝမတူပါဘူး ကောင်လေးဖြစ်သူကိုအနုနည်းနဲ့ လှောင်ပြောင်သရော်တာတို့ ရှိသလို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ဒုက္ခပေးတာတွေပါရှိလာပါတယ်ကောင်လေးကတော့ သူချစ်တဲ့သူနဲ့ခွဲခွာမှာမဟုတ်သလို အခွင့်ကြုံလာရင်လည်း လက်စားချေဖို့ တွေးတောနေတာပါခံစားချက်တွေ စစ်မှန် နက်ရှိုင်းနေတဲ့ စုံတွဲလေးကတော့ အခက်အခဲတွေကို အံတုကျော်လွှားရင်း သည်းမခံနိုင်လာတဲ့တစ်ရက်ကျ ခိုးရာလိုက်ပြေးဖို့ စီစဉ်ကြပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့အစီအစဉ်ကို ကောင်မလေးဘက်က သိသွားဝာာမို့ သူတို့ကြံစည်ချက်အထမမြောက်ဖို့ ကောင်မလေးရဲ့မိသားစုက လုပ်ဆောင်ပါတော့တယ်ဒီဇာတ်လမ်းလေးက ၉၀ ခုနှစ်များဆီက ကျေးလက်တောရွာ ဓလေ့လေးကို ဇာတ်အိမ်တည်ထားတာပါ အဲဒီခေတ် အဲဒီပတ်ဝန်းကျင်နယ်ပယ်ရဲ့ အချစ်ကိုပုံဖော်ပုံလေးပေါ့လေသူတို့စုံတွဲလေးရဲ့ ဘဝခရီးလမ်း ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ...
movie

Parannu Parannu Parannu Chellan (2025)

Rang De Basanti (2006) 8.3
Rang De Basanti (2006) Rang De Basanti (2006)IMDb Rating (8.1) / Rotten Tomatoes (89%)ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ ...
movie

Rang De Basanti (2006)

2006
Ranganayaka (2024) 3.8
Ranganayaka (2024) Ranganayaka (2024)"ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်" =========================================ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကိုပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1min Subtitle….Myanmar Subtitle ...
movie

Ranganayaka (2024)

Nesippaya (2025) 7.9
Nesippaya (2025) Nesippaya (2025) "ချစ်သူသည်သာ..."ဒီတစ်ခါတော့ အချစ်-အလွမ်း-အကြမ်း-ဒရာမာ ရသစုံကြည့်ရှုခံစားရမဲ့ တမီလ်စကားပြော အချစ်-အက်ရှင် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဂျွန်ဆိုတဲ့ကောင်လေးဟာ ဒီယာဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းမှာပဲ အရူးအမူးချစ်မိသွားပါတယ်။ ဒီယာကစစချင်းငြင်းပေမဲ့ အာဂျွန်ရဲ့ဇွဲကြောင့် ချစ်သူဘ၀ရောက်ရှိခဲ့ကြပါတယ်။ဒါပေမဲ့ အကြောင်းကြောင့် နှစ်ဦးသားကွဲကွာသွားခဲ့ပြီး အလုပ်ကိုယ်စီနဲ့ တစ်ယောက်တစ်နိုင်ငံဆီ ကွာဝေးခဲ့ကြပါတယ်။နှစ်တွေ‌အတော်တော်ကြာတော့မှ ပြဿနာအကြီးကြီးတစ်ခုကြောင့် နှစ်ယောက်သားပြန်ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီပြဿနာကတော့ ဒီယာတစ်ယောက် လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေခဲ့တာပါပဲ။နှစ်တွေဘယ်လောက်ကြာကြာ ကျောင်းတော်ကအချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ အာဂျွန်တစ်ယောက် ဒီယာရဲ့ပြဿနာထဲ ဘယ်လို၀င်ပါလာမလဲ...၊ဒီယာရော စွပ်စွဲခံနေရတဲ့အမှုက လွတ်မြောက်ပါ့မလား၊ နောက်ဆုံးမှာ သူတို့နှစ်ဦးအတွက် ပျော်စရာဇာတ်သိမ်းခန်းလေးရှိပါ့မလားဆိုတာ... ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Nesippaya (2025)

Gangers (2025) 6.3
Gangers (2025) Gangers 2025 (ရာမ်ယာလေးပျောက်ဆုံးမှု၏နောက်ကွယ်)အာဆန်ကိုတိုင်ဆိုတဲ့မြို့လေးမှာ မာလိုင်ရာဆန်နဲ့ ကိုတိုင်ရာဆန်တို့ ညီအစ်ကိုနှစ်ယောက်က တစ်မြို့လုံးကို အုပ်စိုးနေပါတယ်။အစ်ကိုဖြစ်သူ မာလိုင်ရာဆန်ကတော့ ကျောင်းကအဖွဲ့ဝင်လိုလို လူ့အဖွဲ့အစည်းခေါင်းဆောင်လိုလိုနဲ့ လူရှေ့လူလုံးပြ ကောင်းချင်ယောင်ဆောင်ပြီး ညီဖြစ်သူ ကိုတိုင်ရာဆန်ကတော့ သတ္တုရေကုမ္ပဏီကို ဗန်းပြပြီးနောက်ကွယ်မှာ တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်နေသူပေါ့။သူတို့ဟာ တရားမဝင်လုပ်ငန်းလုပ်ရာမှာ မာလိုင်ရာဆန်ရဲ့ ကျောင်းအဖွဲ့ဝင်ဖြစ်နေတာကို အခွင့်အရေးယူပြီး ကျောင်းအတွင်းမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။အာဆန်ကိုတိုင်မြို့ရဲ့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ရာမ်ယာဆိုတဲ့ကောင်မလေး ပျောက်ဆုံးသွားရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ရာမ်ယာပျောက်ဆုံးသွားလို့ တိုင်ချက်ဖွင့်ပေမဲ့လည်း ရဲတွေဟာ ဘယ်အမှုကိုမှ မလိုက်ဘဲ မာလိုင်ရာဆန်တို့ ညီအစ်ကိုအတွက်ပဲ အလုပ်လုပ်ခါနေနေတဲ့အတွက် ရာမ်ယာရဲ့ ဆရာမဖြစ်သူ ဆူဂျီသာက အထက် ကော်မရှင်နာရုံးကိုတိုင်ချက်ဖွင့်လိုက်တဲ့အခါမှာ အထက်ကနေ အရာရှိဆာရာဗာနန်ကို ကျောင်းမှာ ကာယဆရာတစ်ယောက်အနေနဲ့ အသွင်ယူစုံစမ်းဖို့ စေလွှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ရာမ်ယာရဲ့ ပျောက်ဆုံးမှုတင်မကဘဲ အာဆန်ကိုတိုင်မြို့ရဲ့ အခြေအနေကို စုံစမ်းဖို့ရောက်လာတဲ့ အရာရှိဆာရာဗာနန်နဲ့ ဆရာမလေး ဆူဂျီသာတို့ တွေ့ဆုံကြပြီး ဒီမြို့လေးရဲ့ နောက်ကွယ်က မကောင်းမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ .......ရာမ်ယာလေးကိုရော ပြန်ပြီး ရှာဖွေတွေ့ရှိသွားမှာလား ...
movie

Gangers (2025)

Jolly O Gymkhana (2025) 5.5
Jolly O Gymkhana (2025) Jolly O Gymkhana 2025 ထူးဆန်းတဲ့ညီအစ်မသုံးဖော်ရဲ့အရှုပ်တော်ပုံIMDb - 7.5/10ဘောလိဝုဒ်အချစ်တော် ယိုဂီဘာဘူရဲ့ indian-tamilဇာတ်ကားလေးထွက်ရှိလာပြီဖြစ်လို့ပရိသတ်ကြီးတို့အတွက်အခုပဲတင်ဆက်ပေးလိုက်ပါပြီ။အမြဲဗရုတ်သုတ်ခ ဟာသဇာတ်ရုပ်နဲ့မြင်နေကြ ယိုဂီဘာဘူကို ဒီတစ်ခါတော့ လိပ်ခေါင်းထွက်နေလို့ တိုင်ပတ်နေတဲ့ ဖာသာအဖြစ် မြင်တွေ့ရမှာပါ။ဖာသာမာတင်လူသာကင်းတစ်ယောက် လိပ်ခေါင်းဝေဒနာနှိပ်စက်လို့ ထိုင်မရထမရ ဆေးရုံပြေးဖို့ ကွတတနဲ့ထွက်လာချိန်မှာဘာဗာနီဆိုတဲ့မိန်းကလေးက လာအကူအညီတောင်းတာခံရပါတယ်။ကိုယ်တိုင် ကွတီးကွတနဲ့မလို့ဖာသာကနားမထောင်ချင်ပေမဲ့ ဘာဗာနီက ဇွတ်အသနားခံနေတာမလို့ ဒီလိုနဲ့ပဲ သူ့ရဲ့ပြဿနာကို နားထောင်ပေးဖို့ဖြစ်လာပါတော့တယ်။ဘာဗာနီတို့ညီအစ်မ 3 ယောက်မှာ ထူးခြားတဲ့စွမ်းရည်ကိုယ်စီရှိကြပြီး အမေဖြစ်သူ ချယ်လာမာနဲ့ အဘိုးဖြစ်သူသန်ဂါဆွာမိနဲ့အတူ ဗယ်လီကာရန်ဆိုတဲ့ဟိုတယ်မှာ ဒံပေါက်ချက်ရောင်းတဲ့အလုပ်လုပ်ကြပါတယ်။ဒီလိုနဲ့တစ်နေ့ လမ်းကြောင်းအပြောင်းအလဲနဲ့ ဟိုတယ်ရှိတဲ့လမ်းက ပျက်သွားတဲ့အတွက် အဘိုးဟိုတယ်လည်း အရှုံးပေါ်ပြီး လမ်းဘေးရောက်ရတော့တာပေါ့။ဒါကိုမကြည့်ရက်တဲ့ ဘာဗာနီတို့ညီအစ်မတွေက ရော့ကတ်ရာဗီဆိုတဲ့ ငွေတိုးချေးစားတဲ့လူဆီကနေ 15 သိန်းချေးပြီးဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့ကြံတော့သူတို့ရဲ့ပထမဆုံး အော်ဒါအကြီးမှာတဲ့သူက အန်ဒါပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်အသစ်စက်စက်လေး အာအဒိုင်ကယ်ရာ့ဂ်ျဒါပေမဲ့ နိုင်ငံရေးသမားတို့ထုံးစံ ကျွေးမွေးလို့ပြီးတော့မှ ဒံပေါက်ဖိုးရှင်းဆိုတော့ လူလည်ကျ အာဏာသုံးဖို့ကြိုးစားရင်း အဘိုးဖြစ်သူ သန်ဂါဆွာမိနဲ့ပြဿနာတက်ကြတော့တာပေါ့။အဲဒီမှာ အဘိုးကြီးလည်း ဆေးရုံရောက်သွားပြီးအသည်းအသန်တွေဖြစ် အရေးပေါ်ခွဲရမလိုတွေဖြစ် တစ်ဖက်ကလည်း အာအဒိုင်ကယ်ရာ့ဂ်ျက အကျင့်ပျက်နိုင်ငံရေးသမားပီပီ ဖြောင့်မတ်တဲ့ရှေ့နေလေး ပိုဂန်ဒရန်ရဲ့ တရားစွဲတာခံရလို့ ပိုဂန်ဒရန်ကိုရှင်းဖို့ပြင်ဆင်နေတာပေါ့။ဒီလိုနဲ့ ဘာဗာနီက ငွေ 25 သိန်းထပ်လိုလာပြန်တော့ ...
movie

Jolly O Gymkhana (2025)

Maranamass (2025) 6.6
Maranamass (2025) Maranamass (2025) ငှက်ပျောသီးပဟေဠိIMDb 7.7/10အက်ရှင်အကြမ်းအရမ်း ပရိသတ်တို့အတွက် ဟာသလေး ရောနှော ပါဝင်တဲ့ မလေယာလမ်စကားပြော ဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်မြို့တစ်မြို့မှာ ကွင်းဆက်လူသတ်မှုတွေ ကြုံတွေ့နေရပါတယ် ဒီလူသတ်မှု‌တွေမှာ တူညီတဲ့ ထူးခြားမှုလေးတွေရှိနေလေရဲ့အဲဒါကတော့ အသတ်ခံရသူတွေဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ယောက်ျားကြီးတွေဖြစ်နေတာရယ် နောက်တစ်ချက်ကတော့ လူသတ်သမားက အသတ်ခံရသူ‌ရဲ့ပါးစပ်ထဲ ငှက်ပျောသီးထည့်ခဲ့တာပါရဲတွေအနေနဲ့လည်း သံသယရှိသူတွေကို ဖမ်းဆီးလိုက် မေးမြန်းလိုက် လုပ်နေပေမဲ့ လူမှားဖမ်းမိ‌နေဆဲဖြစ်ပြီး အမှုကိုအစရှာမရ ဖြစ်နေတုန်းပါပဲသတင်းမီဒီယာတွေအနေနဲ့လည်း ဒီအမှုကိုပဲ အလေးပေးဖော်ပြလို့ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီဒီအမှုကို တာဝန်ယူထားရတဲ့ ရဲအရာရှိဆိုရင် စိတ်ပညာရှင်ဆီသွားလို့ ကွင်းဆက်လူသတ်သမားရဲ့ စိတ်နေစိတ်ထားကို လေ့လာရတဲ့အထိပါပဲဒီအချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ် နောက်ထပ်အမှုမှာ လူသတ်သမား ပစ်မှတ်ထားသူက အဘိုးကြီးတစ်ယောက် မဟုတ်နေဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတာပါအဲဒီမိန်းကလေးနဲ့အတူ ညဘက်သွားဘက်စ်ကားပေါ်မှာ သူ့ချစ်သူရယ် အခြားသူတွေရယ်လည်း ပါနေပါတယ် အဲဒီတော့ ကွင်းဆက်လူသတ်သမားကို ရဲတွေကဘယ်လိုဖမ်းဆီးမိမလဲ၊ သူသတ်နေရတဲ့ အကြောင်းရင်းနောက်ကွယ်ကဘာဖြစ်မလဲ၊ ပစ်မှတ်ပြောင်းသွားရ‌တာကရော ဘာကြောင့်လဲ၊ ဒါတွေကိုသိရအောင် ဇာတ်လမ်းလေးကို ကြည့်ရှူခံစားရင်း အ‌ဖြေထုတ်ကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ...
movie

Maranamass (2025)

Chaurya Paatam (2025) 7.6
Chaurya Paatam (2025) Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်)တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင်ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)File size… 1.8 GB / 900 MB Quality…WEB ...
movie

Chaurya Paatam (2025)

Kummattikali (2025)
Kummattikali (2025) Kummattikali 2025 ကမ်းရိုးတန်းက စွန့်စားခန်းများဒန်နီ အမီးရ် လူကာနဲ့ ဘိုင်ရာဗန်တဲ့ ကလေးဘဝတည်းက အတူဆော့ အတူအိပ် အတူကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်း ၄ယောက် ကြီးလာတော့လည်း စီးပွားရှာလည်းအတူ ရန်ဖြစ်လည်းအတူနဲ့ ဒီလူငယ် သူတို့လေးယောက်က ပျော်ရွှင်မှုတွေ အိပ်မက်တွေနဲ့အတူ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေကြပါတယ် သူတို့ကို မိခင်သဖွယ်စောင့်‌ရှောက်ပေးတဲ့ အင်ဒီရာဆိုတဲ့ ဇာတ်ကောင်ကလည်း ရုပ်ရှင်ရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးထားပါတယ် အပြောင်းအလဲက ဘယ်ကစမလဲဆိုတာကတော့ ဒီ၄ယောက်ကရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုတစ်ခုထဲ ပတ်သက်မိတဲ့ အဖြစ်အပျက်တစ်ခုကနေ စမှာပါ ပင်လယ်ကမ်းရိုးတန်းဒေသရဲ့ လှပတဲ့ယဉ်ကျေးမှုကို ခံစားရင်း သူငယ်ချင်းတွေရဲ့ စွန့်စားခန်းတွေကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုသူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ် မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရချိန်မှာ လူငယ်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုနဲ့ခင်မင်ရင်းနှီးမှုရဲ့ တန်ဖိုးကို ဒီရုပ်ရှင်ကကောင်းကောင်း ပေါ်လွင်စေမှာပဲဖြစ်ပါတယ်ရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.4 GB / ...
movie

Kummattikali (2025)

C4 Cinta (2025) 6.2
C4 Cinta (2025) C 4 Cinta 2025 ရွာလည်တဲ့ဖူးစာဒီနေ့မှာ တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ ဒရာမာတွေအချိုးအကွေ့တွေကြားက သူငယ်ချင်းလေးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖော်ပြထားတဲ့ မလေးဒရာမာလေးပဲဖြစ်ပါတယ်။ထုံးစံအတိုင်း လူငယ်တွေကြားက အချစ်ဇာတ်လမ်းဖြစ်လို့ dramatic ဖြစ်သလို ဟာသတွေလည်းပါ အလွမ်းအဆွေးလည်းပါတဲ့ ရသစုံလင် romanceဇာတ်လမ်းလေးပေါ့။ဟာရီနဲ့ဆိုနီယာတို့က သိပ်ချစ်ကြပေမဲ့ အယူသီးလွန်းတဲ့ဆိုနီယာအမေက ပြဿနာဖြစ်နေပါတယ်။ လက်ထပ်ပွဲအတွက်လေးပတ်ပဲလိုတော့တာတောင် ဇာတာမစစ်ရရင် လုံးဝသဘောမတူနိုင်တဲ့ယောက္ခမကြီးက အခုလည်း မော်လဒိုက်ဟန်းနီးမွန်းခရီးစဉ်အထိ ဝင်ပါပြီး ကန့်လန့်တိုက်နေသလိုဖြစ်နေပြန်တာပေါ့။အယူ‌သီး တယူသန်တာကတစ်ဖက်၊ အရာရာ သူ့အမေအလိုကိုလိုက်နေတဲ့ဟာရီကို စိတ်ကုန်စပြုလာတဲ့ဆိုနီယာကတစ်ဖက်နဲ့ လက်ထပ်ခါနီးမှ စကားတွေများနေရင်း ဟာရီက မြေစာပင်ဖြစ်နေတာပေါ့။တစ်ဖက်က ရူပီနီနဲ့ သာမီဇ်ကလည်း သာမီဇ်က အဖေနဲ့တွေ့စေချင် ရူပီနီကမတွေ့ချင် ဒီလိုနဲ့ ဒီနှစ်တွဲလည်းပြဿနာတွေထပ်ဖြစ်ကြပြီး အသည်းတွေထပ်ကွဲကြပြန်တာပေါ့။ ဒီမှာတော့ အသည်းကွဲနေတဲ့ရူပီနီက ဆိုနီယာကို ဟာရီဘက်ကိုလည်းကြည့်ပေးဖို့ဟာရီရဲ့လေးစားမှုကိုအသိအမှတ်ပြုဖို့ ဖျောင့်ဖျရင်း အဆင်ပြေသရောင်ရောင်ဖြစ်သွားပါတယ်။ဒီလိုနဲ့ ဟာရီနဲ့ဆိုနီယာတို့ ဖိတ်စာဝေဖို့သွားရင်း လမ်းမှာ ဟန်းနီးမွန်းအကြောင်း စကားစရာက ကတောက်ကဆဖြစ်ကြပြီး ယာဉ်မတော်တဆဖြစ်သွားတဲ့အခါမှာတော့...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်) File size… 2 GB / 1 ...
movie

C4 Cinta (2025)

A Nice Indian Boy (2024) 7.6
A Nice Indian Boy (2024) A Nice Indian Boy (2024) "အလိမ္မာအိမ်ပါ အမေ့သမက် "လူနှစ်ဦးကြားက အချစ်ဆိုတာဟာ အသားရောင်မရွေး၊ လူမျိုးမရွေး၊ ကျား/မ မရွေးဖြစ်ပေါ်လာနိုင်တာမျိုးပါ။ဒါကြောင့်မို့ ဒီတစ်ခါမှာတော့ အချစ်ဇာတ်လမ်းများစွာထဲက လူမျိုးမတူ၊ ဓလေ့မတူဘဲ ချစ်မိသွားကြတဲ့ လိင်တူချစ်သူနှစ်ဦးအကြောင်း ဟာသနဲ့ဒရာမာ နှောထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။နာဗင်းဆိုတဲ့ အိန္ဒိယလူမျိုးဆရာ၀န်လေးဟာ ‌ဂေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်လက်ခံထားသလို မိဘတွေကလည်း သိရှိထားပြီးသားပါ။အမျိုးတစ်ယောက်မင်္ဂလာဆောင်တိုင်း နောက်တစ်ခါမင်းအလှည့်ပေါ့လို့ အမြဲအပြောခံရတတ်တဲ့ နာဗင်းတစ်ယောက် ကောင်လေးတစ်ယောက်နဲ့အတူတွဲထွက်ရမဲ့ သူ့မင်္ဂလာဆောင်ကို အမြဲမြင်ယောင်ကြည့်တတ်ပါတယ်။တစ်နေ့တော့ သူတို့ဆေးရုံမှာ ဓာတ်ပုံလာရိုက်ပေးတဲ့ လူဖြူကောင်လေးဂျေးနဲ့ ဆုံဆည်းမိပြီး ချစ်သူဘ၀ ရောက်ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ နာဗင်းတစ်ယောက် သူ့ရဲ့လူဖြူကောင်လေးကို မိဘတွေနဲ့ ဘယ်လိုမိတ်ဆက်ပေးမလဲ၊ အိန္ဒိယအသိုင်းအဝိုင်းထဲ ဘယ်လိုခေါ်သွင်းလာမလဲ၊သားသမီးတွေရဲ့အိမ်‌ထောင်ရေးမှာ အိန္ဒိယလူရည်မွန်လေးဖြစ်ရေးကို အသားပေးတတ်တဲ့ နာဗင်းရဲ့အမေကရော လက်ခံပေးပါ့မလား၊သူတို့နှစ်ဦးရဲ့အချစ်ခရီး ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ... ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…1.4 GB ...
movie

A Nice Indian Boy (2024)

Kingston (2025)
Kingston (2025) Kingston (2025) (ပင်လယ်ဘုရင်)သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့ မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကို ထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ်။ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး။ အဲဒီသူတွေအထဲမှာ ချာလီဆိုတဲ့သူလည်း ပါဝင်ပါတယ်။ချာလီ့မှာ သားလေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ ကင်းလို့ခေါ်ပါတယ်။ ကင်းဟာ ဖခင် ပင်လယ်ထွက်သွားရာက ပြန်မလာနိုင်ပေမဲ့ သေသွားတယ်လို့ လက်မခံဘဲ တစ်နေ့တော့ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ ပင်လယ်ထဲကို ထွက်မယ်ဆိုပြီး လုပ်ထားသူပါ။ဒီလိုနဲ့ ကင်းတစ်ယောက် ...
movie

Kingston (2025)