Channel Myanmar

Music

I-LAND S2-N/α (2024)
I-LAND S2-N/α (2024) I-LAND S2-N/α (2024)************************အပိုင်းသစ် (၈) 2020 ခုနှစ်မှာ ENHPYEN ဆိုတဲ့ Boy Group တစ်ခုမှာပွဲဦးထွက်ခွင့်ရဖို့အတွက် ​​ယောင်္ကျား​​လေး  ၂၃​ယောက်က ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။အခု ၄နှစ်ကြာပြီးချိန် ၂၀၂၄ခုနှစ်မှာတော့ မိန်းက​လေး​တွေရဲ့ အလှည့်ပဲ ဖြစ်ပါတယ်။ဒီထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ ၇ ယောက်သာ ပွဲဦးထွက်ခွင့်ရမှာဖြစ်ပါတယ်။I-Land N/α လို့​ခေါ်ဆိုကြတဲ့ I-Land 2 ဟာ Mnet က​နေ ဦး​ဆောင်ကျင်းပတာဖြစ်ပြီးပရိုဂျူဆာ​တွေအဖြစ် TEDDY, BIGNABG Taeyang , 24 , VVN , Monika နဲ့ Lee Jung တို့ပါဝင်ထားပြီး Storyteller အဖြစ် Song Kang ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။I-Land မှာ ကျန်ခဲ့ရမယ့် သူ​တွေကို trainee​ အချင်းချင်းနဲ့ ပရိုဂျူဆာ​တွေက vote ​ပေးနိုင်တဲ့အပြင်ပရိတ်သတ်ကလည်း Vote ​​ပေးလို့ရဦးမှာပဲ ဖြစ်ပါတယ်။​နောက်ဆုံးအချိန်ထိ ...

I-LAND S2-N/α (2024)

The Seasons S5: Zico’s Artist (2024) 5.5
The Seasons S5: Zico’s Artist (2024) The Seasons S5: Zico's Artist (2024)*************************************အပိုင်းသစ် (၇) တစ်နေ့တာရဲ့ စိတ်ညစ်မှု၊စိုးရိမ်သောကတွေကို သီချင်းတွေနဲ့ဖယ်ရှားပေးဖို့အတွက် " 𝙏𝙝𝙚 𝙎𝙚𝙖𝙨𝙤𝙣𝙨 " ဆိုတဲ့ ဂီတအစီအစဥ်လေးက𝗦𝗲𝗮𝘀𝗼𝗻 𝟱 နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။Season 5 မှာတော့ အဆို၊အက၊အရေး၊ Rap စွယ်စုံထူးချွန်ပြီးနာမည်ကြီး Hit songs များရဲ့ ပိုင်ရှင် 𝗭𝗜𝗖𝗢 က MC အဖြစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။"𝗧𝗵𝗲 𝗦𝗲𝗮𝘀𝗼𝗻𝘀: 𝗔𝗿𝘁𝗶𝘀𝘁 𝘄𝗶𝘁𝗵 𝗭𝗶𝗰𝗼 " ဆိုတဲ့ Season 5 မှာလည်းနာမည်ကျော်အနုပညာရှင်များရဲ့ သီချင်းပေါင်းများစွာကိုတစ်နေရာထဲမှာ နားဆင်ရမှာပဲဖြစ်ပါတယ်။【" ဘဝက တိုတောင်းပြီး အနုပညာက ထာဝရ။" ဂီတရဲ့ အရှေ့မှာ ငါတို့အားလုံးက အနုပညာရှင်တွေပဲ"】 ဆိုတဲ့Zico ရဲ့ သီချင်းစာသားထဲကလိုမျိုး သီချင်းများနဲ့ လိုက်ပါစီးမျောပြီးအနုပညာရှင်တစ်ယောက်ဖြစ်စေဖို့အတွက် Channel Myanmar ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Htoo ...
5.5
TMDb: 5.5/10 2 votes
tv

The Seasons S5: Zico’s Artist (2024)

2023
Lovely Runner (2024) [Complete]
Lovely Runner (2024) [Complete] Lovely Runner (2024)**********************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: ...

Lovely Runner (2024) [Complete]

2024
Chamak (2023) 6
Chamak (2023) Chamak (2023) "ကြယ်တစ်ပွင့်" IMDb - 9.1/10(function(f,b,n,j,x,e){})();ဒီစီးရီးမှာ အပိုင်းခြောက်ပိုင်းပါပြီး ဂီတနဲ့ လျှို့ဝှက်သည်းဖို ပေါင်းစပ်ထားတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပထမအပတ်မှာတင်ပဲ IMDb rating ၉.၄အထိရရှိခဲ့တဲ့အပြင် ဝေဖန်ရေးသမားနဲ့ ပရိသတ်တွေကြားမှာလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ကာလာဆိုတာ မြောက်အမေရိက ကနေဒါမှာနေပြီး အောင်မြင်တဲ့ရပ်ပါတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတဲ့သူ။ ဆွေမျိုးဆိုလို့ အဖေတစ်ယောက်ပဲရှိပေမဲ့ သူ့အိပ်မက်တွေကို တားဆီးလို့ အဖေ့စကားနားမထောင်တဲ့သားတစ်ယောက်။ ထောင်ကလွတ်တာမှမကြာသေး ရဲမှူးရဲ့သားဖြစ်သူကို အပြင်းအထန်ထိုးကြိတ်ခဲ့မိလို့ ထောင်ထဲပြန်သွားရမှာကြောက်ပြီး ပန်ဂျပ်ကို ပြေးရပါတော့တယ်။ရှောင်ပြေးလာရတဲ့ကြားထဲ ထိန်းလို့မရတဲ့ဂီတပိုးကြောင့် နာမည်ကြီးရပ်ပါတယောက်နဲ့ battle rapပြိုင်ရွတ်ရာကနေ နာမည်ကြီးပြီး သူ ပန်ဂျပ်မှာရှိတာကို သိသွားပါတော့တယ်။ဒီမှာပဲ ပန်ဂျပ်ကနေ ဂျာမန်ကို ရှောင်ပြေးဖို့အလုပ်၊ အစတစ်ခု ဆွဲထုတ်မိလိုက်ရာကနေ ဂန္ဓဝင်အဆိုအကျော်အမော်ကြီး တာရာဆင်းဂ်က သူ့အဖေအရင်းဖြစ်နေတာကို သိလိုက်ရပါတော့တယ်။အဲဒါအပြင် သူ့အဖေသေရတာက သွေးရိုးသားရိုးမဟုတ်တာကို သိလိုက်ရတဲ့အချိန်မှာတော့ လိုက်လံစုံစမ်းပါတော့တယ်။ သူ့ရဲ့စုံစမ်းမှုက အဖြေပေါ်မှာလား။ သူဖြစ်ချင်တဲ့ နာမည်ကြီးရပ်ပါကရော ဖြစ်လာမှာလား။ အဲဒါတွေအပြင် ဂီတနယ်ပယ်က အရှုပ်အထွေး၊ နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
6
TMDb: 6/10 2 votes
tv

Chamak (2023)

2023
Maestra: Strings of Truth(2023) 10
Maestra: Strings of Truth(2023) Maestra: Strings of Truth(2023)******************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲကြီးဟာThirty Nine က မင်းသား Lee Moo Seang , မင်းသမီးကြီးLee Young Ae နဲ့ မင်းသား Kim YoungJae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...Cha Se Eum( Lee Young Ae)ဟာ အရင်က တယောဆရာတစ်​ယောက် ဖြစ်ခဲ့​ပေမဲ့အခုအချိန်မှာ​တော့ သံစုံတီးဝိုင်းရဲ့ဦးဆောင်သူတစ်ဦးဖြစ်ပါတယ်,,,,သူမရဲ့ အသက်မွေးဝမ်းကြောင်းကို သတ္တိရှိရှိနဲ့ စိတ်အားထက်သန်စွာ လျှောက်လှမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်,,,,ပြောရရင် သူမရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းမှုတွေကြားကပဲအောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သလို  ဘာလုပ်လုပ်တင့်တယ်နေတဲ့ကာလလည်းဖြစ်ပါတယ်...သို့ပေမဲ့ သူမ ဘဝမှာ လုံးဝလူသိမခံရဲတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိ​နေပါတယ် ....ဒီလျှို့ဝှက်ချက်ကပဲ သူမရဲ့ သံစုံတီးဝိုင်းနဲ့ ဘဝတစ်ခုလုံးကိုဖျက်စီးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့Cha Se Eumအ​နေနဲ့ အဲဒီကိစ္စ​တွေကိုဘယ်လို​ဖြေရှင်းမလဲဆိုတာကို ​ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်....ဒီစီးရီး​လေးကို​တော့ အပတ်စဥ် စ​နေ တနင်္ဂ​နွေ​​နေ့​တွေမှာ ထုတ်လွှင့်ပြသ​သွားမှာပဲဖြစ်ပါတယ်....Aired: ...
10
TMDb: 10/10 2 votes
tv

Maestra: Strings of Truth(2023)

2023
Soundtrack #2 (2023) [Complete]
Soundtrack #2 (2023) [Complete] Soundtrack #2 (2023)*********************အပိုင်း (၁ မှ ၆) စ/ဆုံး မနှစ်က ထွက်ရှိခဲ့တဲ့ Soundtrack #1 အပြီးမှာ နောက်ထပ် မတူညီတဲ့ရသမျိုးပေးစွမ်းဦးမယ့် Soundtrack #2 ထွက်ရှိလို့လာပါပြီ။ဒီတစ်ခေါက် S2 မှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့Keum Sae Rok နဲ့ Noh Sang Hyun တို့ပဲ ဖြစ်ပါတယ်။ဟျွန်းဆော (Keum Sae-Rok) နဲ့ ဆူဟို (Noh Sang-Hyun) တို့ဟာတက္ကသိုလ်တုန်းက တီးဝိုင်းအဖွဲ့ရဲ့ အဆိုတော်နဲ့ ကီးဘုတ်တီးခတ်သူအဖြစ်တွေ့ဆုံချစ်ကြိုက်မိခဲ့ကြပါတယ်။နှစ်အတော်ကြာ တွဲခဲ့ပြီး ဘွဲ့ရပြီးနောက်မှာတော့ လောကဓံအခက်အခဲတွေကြောင့်လမ်းခွဲလိုက်ရပါတော့မယ်။နှစ်အနည်းငယ်ကြာတဲ့နောက်မှာ ဟျွန်းဆောက သူ့ရဲ့အိပ်မက်ကို လက်လျှော့ပြီးပီယာနိုနည်းပြဆရာမအဖြစ် လုပ်ကိုင်နေပါပြီ။ဆူဟိုကလည်း အောင်မြင်ချမ်းသာတဲ့ စီအီးအိုဖြစ်နေပြီဆိုပေမဲ့တစ်ဖက်မှာလည်း စိတ်ရောလူပါ ချုံးချုံးကျနေပါတယ်။ဟျွန်းဆောနဲ့ ဆူဟိုတို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...စုစုပေါင်း ၆ ပိုင်း ပါဝင်သွားမှာဖြစ်ပြီး CM ကနေ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းနှစ်ပိုင်းစီ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။  Aired: ...

Soundtrack #2 (2023) [Complete]

2023
Across the Sky (2023)
Across the Sky (2023) Across the Sky (2023)စကိုင်းဆိုတဲ့ ကောင်လေးက သူ့အဖေလို နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်တာကြောင့် နိုင်ငံခြားကနေ အဖေဖြစ်သူနာမည်ကြီးခဲ့တဲ့ ထိုင်းကို လာခဲ့ပါတယ်။စကိုင်းရဲ့ အဖေက TEMMAX ဆိုတဲ့ အဆိုတော်နှစ်ယောက် ပါဝင်တဲ့ နာမည်ကြီးအဖွဲ့က တမ်ဆိုသူဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။TEMMAX အဖွဲ့မှ မက်ပဲ ကျန်ခဲ့ကာ မက်ကတော့ လက်ရှိမှာ Max Academy ဆိုတဲ့ အနုပညာကျောင်းထောင်ထားပြီး လူငယ်တွေကို အဆို အက လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။စကိုင်းကလည်း သူ့အဖေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဦးလေးမက်ရဲ့ Max Academy မှာ တက်ချင်လို့ ထိုင်းအထိတောင် လာခဲ့ပေမဲ့ ဦးလေးမက်က မကြည်ဖြူတဲ့အခါ စကိုင်းတစ်ယောက် ဘယ်လိုဒုက္ခရောက်မလဲ... စကိုင်းတစ်ယောက် နာမည်ကြီးအဆိုတော်တစ်ယောက်ရော ဖြစ်လာနိုင်မလား....လေ့ကျင့်ရေးသင်တန်းသူ၊ သင်တန်းသား ငယ်ငယ်လေးတွေ အများကြီးနဲ့ လူငယ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးခံစားချက်လေးလည်း ရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူမှာ Kppks ဖြစ်ပါတယ်)Translated by Kppks, Thae Thae, Su MyatGenre..... Music, Drama Quality…. 1080p ...

Across the Sky (2023)

2023
Heartstrings(2011)[Complete] 6.9
Heartstrings(2011)[Complete] Heartstrings(2011)****************အပိုင်း(၁ မှ ၁၅)အထိ စ/ဆုံး တစ်ချိန်တစ်ခါကနေ အခုချိန်ထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ series လေး လာပါပြီYou're Beautiful ထဲမှာ မညားလိုက်ရတဲ့ ရှင်ဝူးနဲ့ ဂိုမီနမ်အတွက်သက်သက်တစ်ကားဖန်တီးပေးထားသလိုပါပဲLee Shin (Jung Yong Hwa) က ခေတ်ပေါ်တေးဂီတမေဂျာကို အဓိကယူထားတဲ့ကျောင်းသား ဖြစ်ပြီး Stupid အဖွဲ့ရဲ့ main vocalist နဲ့ guitarist ပါ ရုပ်ရည်ချောမောပြီး ဂီတကို ပြင်းပြင်းပျပျ ဝါသနာပါသူအဖြစ် ကျောင်းမှာနာမည်ကြီး ရေပန်းစားပေမဲ့ တကယ်တမ်းကျ အေးတိအေးစက်နဲ့ အနာဂတ်ကို စိတ်မဝင်စားသူတစ်ဦးပါ ..Lee Kyu Won (Park Shin Hye)ကတော့ ရိုးရာဂီတမေဂျာကဖြစ်ပြီး ကိုရီးယားရိုးရာ ၁၂ ကြိုးစောင်းကို ကျွမ်းကျင်သူပါ အဘိုးဖြစ်သူ Lee Dong Gun က ထိပ်တန်းရိုးရာဂီတသမားဖြစ်တာကြောင့်အဘိုးရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းရင်း ရိုးရာဂီတပညာရှင်ဖြစ်ဖို့ကလွဲပြီး ကျန်တာဘာမှမသိသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ Lee ...
6.9
TMDb: 6.9/10 28 votes
tv

Heartstrings(2011)[Complete]

2011
You Are Beautiful (2009) 7.47
You Are Beautiful (2009)  အိန်ဂျယ်ချစ်သူဆိုပြီး လူသိများတဲ့ You're Beautifulလေးကို ပြန်တင်ဆက်ပေးလိုက်ပါပြီရှင်ဂိုမီညော (Park Shinhye)ဟာ သီလရှင်ဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့တဲ့သူတစ်ယောက်ပါ။တစ်နေ့တော့ အစ်ကိုဖြစ်သူ ဂိုမီနမ်ရဲ့နေရာ A.N.JELLဆိုတဲ့ boy bandတစ်ခုကိုအစားထိုး၀င်ဖို့ ဖြစ်ခဲ့ပါတယ်။ ဟွမ်ထယ်ဂယောင်း(Jang Keun Suk)ကတော့ A.N JELLရဲ့ အဖွဲ့ခေါင်းဆောင်ကပ်သီးကပ်ဖဲ့နိုင်ပြီး မောက်မာတဲ့အကျင့်စရိုက်ရှိသူတစ်ယောက်ပါ။ ဂိုမီ‌နမ်ရဲ့ အဖြစ်မှန်ကိုမတော်တဆသိသွားပြီး အဖွဲ့ကနေ နှင်ထုတ်ဖို့ လုပ်ခဲ့ပေမဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ဂန်ရှင်းဝူ(Jang Yong Hwa)ကတော့ ဘာမှ စိတ်‌မ၀င်စားတဲ့ အေးဆေးသမား။ ဒါပေမဲ့အသစ်၀င်လာတဲ့ အဖွဲ့၀င် ဂိုမီနမ်ကိုတော့ စိတ်၀င်စားပြီး ဘယ်သူမှ မသိအောင်အနောက်ကနေ တိတ်တိတ်လေး ကူညီပေးတတ်သူ။ဂျယ်ရမီ(Lee Hoon Ki)ကတော့ အင်္ဂလန် ကိုရီးယားကပြားလေးဖြစ်ပြီး အမြဲတမ်းနေရောင်ခြည်လေးလို တက်ကြွနေတဲ့သူ။ဒီကောင်လေးလေးသုံးယောက်လုံးဟာ ယောက်ျားလေးဟန်ဆောင်ထားတဲ့ ဂိုမီနမ်အပေါ်မှာဘယ်လိုခံစားချက်တွေရှိကြမလဲ။ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို Park Shinhye,Jang Keun Suk, Jang Yonghwa, Lee Hoon kiစတဲ့ ...
7.47
TMDb: 7.47/10 66 votes
tv

You Are Beautiful (2009)

2009
Phleng Rak Roi Khaen (2023) 8.0
Phleng Rak Roi Khaen (2023) "ရန်ငြိုးဖွဲ့တေးသံစဉ်" မြန်မာစာတန်းထိုးဆိုင် အဖြစ် Kelly Rattapong ဖိကွန် အဖြစ် Sirilak Pongchoke ပီလယူ အဖြစ် Lift Supoj တျန်အွန် အဖြစ် Tao Sarocha ပကွမ် အဖြစ် Ble Patumrach ပရဖတ် အဖြစ် Typhoon Kanokchat ဆိုင်ဒေါင်ဝ် အဖြစ် Dao Pimthong ဆိုင်ဒိန် အဖြစ် Sandy Chalida ဆိုင်ဖရောင် အဖြစ် Baihmon Kittiyaဇာတ်လမ်းအကျဥ်း"ဖိကွန်"၊ "ဆိုင်"၊"ပီလယူ"၊"တျန်အွန်" တို့က အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြသလို ဖိကွန်နဲ့ဆိုင်ကလည်း အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးလည်းဖြစ်တယ်ဆိုင်က ဖိကွန်ကိုချစ်ပေမဲ့ သောက်စားမူးရစ်လောင်းကစားလုပ်ပြီး ဆိုးသွမ်းနေသူဖြစ်ပေမဲ့ ပီလယူကတော့ ဆိုင်နဲ့ဆန့်ကျင်ဘက် လူအေးလူဖြောင့်ပညာတတ်တစ်ဦးဖြစ်နေခဲ့တယ်သူငယ်ချင်းအမည်ခံထားတဲ့ သူတို့လေးယောက်က တကယ်တော့ တျန်အွန်ကလည်းဆိုင့်ကိုကြိုက်နေခဲ့သလို ပီလယူကလည်း ဖိကွန်ကိုသဘောကျနေပေမဲ့ ဆိုင်သူတွေကြောင့် ဖုံးကွယ်နေခဲ့ရတာပေါ့မိခင်ဖြစ်သူတားနေတဲ့ကြားက ဆိုင်မှဆိုင်ဖြစ်နေခဲ့တဲ့ ဖိကွန်တစ်ယောက် တစ်နေ့ ဆိုင်က တျန်အွန်နဲ့ အိပ်နေတာကိုမြင်သွားတဲ့အခါ ဆိုင်နဲ့တျန်အွန့်ကိုမုန်းတီးသွားခဲ့ပါတော့တယ်ထို့အတူ ဆိုင်ကလည်း ပီလယူနဲ့လက်ထပ်သွားခဲ့တဲ့ ဖိကွန်ကို အငြိုးကြီးငြိုးခဲ့တယ်ဒီလိုအငြိုးအတေးကြီးမားတဲ့မိသားစု၂ခုကြား ကြမ္မာဆိုးထပ်ငင်လာချိန်မှာတော့ ...
8.0
TMDb: 8.0/10 votes
tv

Phleng Rak Roi Khaen (2023)

Daisy Jones & the Six (2023) 8.1
Daisy Jones & the Six (2023) Daisy Jones & the Six (2023) ===================== IMDb Rating - 8.1/10ဂီတဆိုတာ ဘာလဲ။ လူတွေက ဂီတကို သူတို့ရဲ့ အထင်တွေ အမြင်တွေနဲ့ ရှု့ထောင့်မျိုးစုံကနေ ပုံဖော်ကြတယ်။ တချို့က ကြီးကျယ်ခမ်းနားမှုလို့ မြင်ကြပေမယ့် လူတချို့အတွက်က တော့ ဂီတနဲ့ အသက်မွေးတာက ထမင်းငတ်မယ့်အလုပ်လို့ မြင်ကြပါတယ်။ ဒါကလည်း ဖြတ်သန်းရပုံဘဝချင်းမတူကြလို့ အမြင်ချင်းမတူကြတာပဲ . . . ရှိပါစေတော့။ဒါပေမယ့် လူငယ်အများစုဟာ ဂီတတွေကို ဖန်တီးပြီးတော့ လူသားသမိုင်းတစ်လျှောက် အကြီးဆုံးဖြစ်တဲ့ ဖျော်ဖြေရေး လှိုင်းလုံးကြီးထဲမှာ စီးမျှောလိုက်ပါကြဖို့ ကြိုးစားကြပါတယ်။ လှိုင်းလုံးဖြစ်တဲ့အလျှောက် အောင်မြင်မယ်ဆိုရင် လှိုင်းထိပ်ကို ရောက်မယ် ကျရှုံးမယ်ဆိုရင်တော့ လှိုင်းအောက်ကို ရောက်ရှိ သွားမှာပဲ။ ဒီလိုနဲ့ ခေတ်ပေါ် ဂီတလောကမှာ အောင်မြင်ပြီး နာမည်ကြီးကြတဲ့ တီးဝိုင်းအဖွဲ့တွေ များစွာရှိသလိုပဲ လူမသိသူမသိ ဖျက်သိမ်းသွားတဲ့ တီးဝိုင်းအဖွဲ့ဆိုတာတွေလည်း ဒုနဲ့ဒေးပါပဲ။ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့ တစ်ခုဟာ ...
8.1
TMDb: 8.1/10 23000 votes
tv

Daisy Jones & the Six (2023)

2023
Monarch (2022) 10
Monarch (2022) Monarch (2022) ============ကန်းထရီးဂီတကို လူတွေ သိပ်အဖက်မလုပ်ကြတော့သလို ဒီကန်းထရီး ဂီတနဲ့နွယ်တဲ့ စီးရီးကလည်း ပလစ်ခံရပြီး rating တော့ အနည်းသားပဲ ပရိသတ်ကြီးရေ . . . . . ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဇာတ်ကားကို ဘာသာပြန်ရင်း ကြည့်ပြီး သုံးသပ် မိပြန်တော့ ဒီစီးရီးက ထိုက်တန်တဲ့ rating အောက်တော့ ရောက်နေတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ကန်းထရီးဂီတလောကရဲ့ အကြောင်းတွေ သီချင်းကောင်းတွေ အများကြီး ပါတဲ့အပြင် ဇာတ်လမ်း ဇာတ်ကွက်ကလည်း သူ့အထာနဲ့သူ ကောင်းနေပါတယ်။ကန်းထရီးဂီတလောကကို ဦးဆောင်နေတဲ့ ရိုမန်မိသားစုဟာ ကန်းထရီးဘုရင်မ ဖြစ်တဲ့ မိခင်ကြီး ဒေါ့တီရိုမန်တစ်ယောက် ကျန်းမာရေး အခြေအနေကြောင့် အနုပညာလောကက အနားယူမယ့်အခါ ဒီမျိုးဆက်ကို ဆက်လက်ထိန်းသိမ်း ထားဖို့ အခက်တွေကြုံရပုံတွေနဲ့ အနုပညာသမားတို့ရဲ့ ဘဝတွေကို ရိုက်ကူးး တင်ဆက်ထားပါတယ်။ဒါ့အပြင် Drama ဇာတ်လမ်းဖြစ်လို့ ဒီရိုမန်မိသားစုတစ်ယောက်ချင်းစီရဲ့ ဘဝ ရေးရာ ပြဿနာတွေလည်း ပါဝင်တာဖြစ်လို့ ဂီတချစ်သူတွေရော တစ်ချိန်လုံး သီချင်းတွေဆိုနေရင် ငြီးငွေ့တတ်တဲ့ သူတွေအတွက်ပါ ကြည့်လို့ အဆင်ပြေမယ့် အပန်းဖြေကြည့်စရာ ...
10
TMDb: 10/10 3 votes
tv

Monarch (2022)

2022
Lyric and Beat (2022)
Lyric and Beat (2022) Lyric and Beat (2022)ဒီတစ်ခါတင်ဆက်ပေးမယ့် ဖိလစ်ပိုင်ဇာတ်လမ်းတွဲအသစ်လေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကူးယဥ်အိပ်မက်ကိုယ်စီနဲ့လူငယ်လေးတွေအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။လီရစ်ခ် ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်ကအဆိုတော်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အမေဖြစ်သူဆီကအမွေရထားတဲ့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးဘဝတစ်လျှောက်လုံးအဆိုတော်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုဆုပ်ကိုင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး၊သွက်လက်သူလေးပါ။ဘိထ် ဆိုတဲ့ကောင်လေးကတော့ ချမ်းသာတဲ့မိသားစု၊ ရာထူးဂုဏ်သိမ်တွေနဲ့အိမ်ကနေမွေးဖွားလာပြီး အဆိုပိုင်းမှာလည်းထူးချွန်လှတဲ့လူငယ်လေးပါ။ ချမ်းသာစွာ နေရပေမယ့် စကားနည်းပြီးစည်းကမ်းကြီးတဲ့ခြောက်ကပ်ကပ်မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ ဘိထ် ဟာ အဖေဖြစ်သူရဲ့ညွှန်ကြားချက်တွေ‌ကြားမှာပဲပိတ်မိနေတဲ့ကောင်လေးလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ အဆိုဝါသနာပါတဲ့သူတိုင်းတက်ရောက်ဖို့အိပ်မက်မက်ခဲ့ကြရတဲ့ ဖိလစ်ပိုင်ရဲ့ဂီတကျောင်းတစ်ခုဖြစ်တဲ့ PNCM မှာ ဆုံစည်းမိကြတဲ့အခါ .. ။လီရစ်ခ်တစ်ယောက် သူအမြဲအိပ်မက်မက်ခဲ့ရတဲ့ ဂုဏ်ဒြပ်ကြီးလှတဲ့ကျောင်းကိုရောက်သွားပြီး သူ့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါ .. ။ အမြင့်ကိုတက်လှမ်းဖို့လမ်းဟာ မတ်စောက်စမြဲဖြစ်ပြီး လီရစ်ခ်ဟာသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ပြီး သူ့အိပ်မက်ကိုကာကွယ်ဖို့ကြိုးစားမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်။သီချင်းကောင်းလေးတွေနဲ့အတူ လူငယ်လေးတွေရဲ့ အိပ်မက်အတွက်ရုန်းကန်ကြိုးစားကြတာလေးတွေကိုမြင်တွေ့ရမှာမို့ လက်မလွှတ်ရမယ့် ဇာတ်ကားကောင်းလေးပါနော် ။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, Music Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August1080PEpisode ...

Lyric and Beat (2022)

2022
Ranjish Hi Sahi (2022) Complete 8
Ranjish Hi Sahi (2022) Complete ဘောလိ၀ုဒ် စီးရီးပရိသတ်များအတွက် အခုတစ်ခါမှာဆိုရင် ၂၀၂၂ ဇန်နဝါရီလမှာ ထွက်ရှိထားပြီး ဒါရိုက်တာ Mahesh Bhatt နဲ့ မင်းသမီး Parveen Babi ကြားက ပတ်သက်မှုကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းအဖြစ် လူပြောများခဲ့ကြတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဒီစီးရီးလေးကို ဒါရိုက်တာ Pushpdeep ကရိုက်ကူးပုံဖော်ခဲ့ပြီး မင်းသား Tahir Raj နဲ့ မင်းသမီး Amrita တို့ ပါဝင်သရုပ်ဆောင်ထားပြီး အပိုင်း ရှစ်ပိုင်း ပါဝင်ပါတယ်ဇာတ်လမ်းလေးမှာ လွတ်လပ်စွာ ရုပ်ရှင်ရိုက်ကူးတတ်ပြီး အများနဲ့မတူ တမူထူးခြားနေတဲ့ ဒါရိုက်တာလေး ရှန်ခါ ..... လူတွေရဲ့ ရင်ထဲကို စွဲကျန်ရစ်နေမယ့် ဇာတ်ညွှန်းနဲ့ နာမည်ကြီး မင်းသမီး အမ်နာ ပါဝစ်ရှ်ကို ဇာတ်ဆောင်အဖြစ် ထားကာ ရုပ်ရှင်ရိုက်ကူးချင်နေတဲ့ သမီးလေးတစ်ယောက် ဖေဖေ ရှန်ခါတစ်ယောက် ....မမျှော်လင့်ဘဲနဲ့ သူ့စိတ်ကူးထဲက မင်းသမီး အမ်နာ ပါဝစ်ရှ်နဲ့ ကံကြမ္မာအကြောင်းဖန်လာပြီး တွေ့ဆုံရာကနေ သာမန်ထက်ပိုတဲ့ ဆက်ဆံရေးတွေ ဖြစ်လာတဲ့အချိန် အဲဒီ နှောင်ကြိုးတွေထဲကနေ ...
8
TMDb: 8/10 1 votes
tv

Ranjish Hi Sahi (2022) Complete

2022
Soundtrack #1 (2022) [Complete] 9
Soundtrack #1 (2022) [Complete] Soundtrack #1 (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်းသစ် - ၄ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ကဲ CM ပရိသတ်ကြီးရေ...Happiness ထဲက မင်းသားချော Park Hyung Sik နဲ့ လိပ်ပြာကားထဲက မင်းသမီးချောလေး Han So Hee တို့ရဲ့ ရိုမန့်စ်ကားလေး လာပြီနော်။တက်သစ်စ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Han Sun Woo ကတော့ စကားအများကြီးပြောလေ့မရှိပေမဲ့ နွေးထွေးကြင်နာတဲ့ နှလုံးသားရှိသူလေးဖြစ်ပါတယ်။ သူ့မှာ နှစ်၂၀ကြာ ခင်မင်ရင်းနှီးခဲ့တဲ့ Lee Eun Soo ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက် ရှိပါတယ်။Lee Eun Soo ကတော့ သီချင်းရေးဆရာမလေးဖြစ်ပြီး ရိုးသားပြီးတော့ တက်ကြွတဲ့အကျင့်စရိုက်ရှိသူလေးပါ။အကြောင်းရင်းတစ်ခုကြောင့် ငယ်သူငယ်ချင်းနှစ်ယောက်သား တစ်အိမ်ထဲမှာ နှစ်ပတ်အတူနေဖို့ဖြစ်လာတဲ့အခါမှာတော့ နဂိုရှိနေပြီးသား သံယောဇဉ်ကြိုးတွေ တိုးလာပြီး သူငယ်ချင်းအဆင့်က ကျော်လွန်သွားလေမလားဆိုတာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Ei ...
9
TMDb: 9/10 1 votes
tv

Soundtrack #1 (2022) [Complete]

2022