Channel Myanmar

2007

No Country for Old Men (2007) 8.2
No Country for Old Men (2007) No Country for Old Men (2007)ဒီဇာတ်ကားကတော့ IMDB Rating 8.2/10 နဲ့ RT Rating 93 % ရရှိထားတဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကားပါ Ethan Coen နဲ့ Joel Coen ဆိုတဲ့ ညီနောင် ဒါရိုက်တာရဲ့ ဖန်တီးမှုဖြစ်ပြီး Best Picture Best Actor (Supproting) Best Director Best Writing Adapted စတဲ့ အော်စကာ ၄ ဆုနဲ့ အခြားဆုပေါင်း ၁၅၆ ဆု တောင် ရရှိထားတဲ့ ဇာတ်ကားကြီးပါဇာတ်လမ်းအကျဉ်းကတော့... လဝေးလန်မော့စ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ အမဲလိုက်ထွက်ရင်း မထင်မှတ်ဘဲ ဆေးမှောင်ခို အရောင်းအဝယ်တစ်ခု ပြသနာတက်တဲ့ နေရာကိုတွေ့သွားမိတယ် ... အခင်းဖြစ်တဲ့နေရာမှာ မှောင်ခိုသမားအကုန်လုံးက အကုန်နီးပါးသေဆုံးနေပါတယ် သေလုမျောမျောလူတစ်ယောက်ကျန်နေပေမဲ့ သူလည်း စကားအနည်းငယ်ပြောနိုင်ရုံကလွဲလို့ဘာမလုပ်နိုင်ပါဘူး... ဒါကြောင့် အမဲလိုက်သမားဟာမှောင်ခိုသမားတွေရဲ့ ဒေါ်လာ ၂ သန်းကျော်ကို လောဘတက်ပြီး ...
movie

No Country for Old Men (2007)

2007
4K HEVC
Big Stan (2007) 6.2
Big Stan (2007)  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမီ အချိန်အတွင်း ကြံမိကြံရာကြံရင်းစတန်တယောက် သူ့ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။အဲဒီဆရာကျေးဇူးနဲ့ပဲ ထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကို ကူညီတိုက်ခိုက်ပေးရင်းဆရာကြီးတပါးဖြစ်လာပါတယ်။ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်း ထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။အဲတော့စတန်တယောက်ဘယ်လို ရှေ့ဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Fridays
movie

Big Stan (2007)

2007
Bridge to Terabithia (2007) 7.2
Bridge to Terabithia (2007) Bridge to Terabithia (2007)IMDb Rating (7.2)/ Rotten Tomatoes (85%)နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်... ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့... ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်.... ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ ...
movie

Bridge to Terabithia (2007)

2007
4K HEVC
The Nanny Diaries (2007) 6.2
The Nanny Diaries (2007) The Nanny Diaries (2007)မိမိကိုယ်ကို ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ တိတိကျကျ သိကြပါသလား။ The Nanny Diaries ထဲက ဘွဲ့ရပြီးခါစ အသက် ၂၁ အရွယ်ကောင်မလေးကတော့ သူ့ကိုယ်သူ ဘယ်လိုလူလဲဆိုတာကို အဖြေရှာရင်း နာနီလို့ခေါ်တဲ့ ကလေးထိန်းဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို The Nanny Diaries ဆိုတဲ့ ဟာသ-ဒရမ်မာ ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းအောင် ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။အန်နီဘရတ်ဒေါ့ခ်ဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ အထက်တန်းလွှာမိသားစု တစ်ခုရဲ့ ကလေးထိန်းဘဝကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်နီဟာ အားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံနေပြီလို့ ထင်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးမှာလည်း လူမသိတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း သိမြင်လာခဲ့ရပါတယ်။ ငွေကြေးချမ်းသာ သလောက် မိဘတွေရဲ့ ဂရုစိုက်ခြင်းကိုမခံရဘဲ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ မြေစာပင် ဖြစ်နေရတဲ့ ဂရေယာလေးကို သံယောဇဉ် ...
movie

The Nanny Diaries (2007)

2007
Crows Zero (2007) Kurôzu zero 7.0
Crows Zero (2007) Kurôzu zero  Crows Zero (2007)IMDb Rating (7.0) / Rotten Tomatoes (78%) ဘယ်လိုပဲ ခေတ်ကိုစိုးထားစိုးထား ရှေ့သမိုင်းနဲ့တော့ ကင်းကြတာ မရှိဘူးမဟုတ်လား။ ရုပ်ရှင်တွေမှာ ရှေ့သမိုင်းမကင်းကြပုံကလည်း အဆက်ဆက်အနွယ်နွယ်တွေချည်း။ ဂျပန်ရဲ့နာမည်ကျော်မန်ဂါတွေကို ပြန်အသက်သွင်းကြတာတွေလည်းမနည်းဘူး။ အဲဒီမန်ဂါတွေကိုယ်တိုင်ကလည်း တရုတ်ရဲ့ တစ်ချို့ဇာတ်လမ်းတွေက အနည်းနဲ့အများ ပါလာတာလည်းရှိတယ်။ ဟောင်ကောင်တွေကျတော့လည်း အနောက်ကိုယူလိုက် အနောက်ကနေ ဟောင်ကောင်ကိုပြန်ယူလိုက် သံသရာလည်။ ကေတွေကျလည်း စီးရီးတွေဆို အနောက်က နာမည်တွေယူလိုက် ဇာတ်လမ်းကျောရိုးတွေယူလိုက် ဂျပန်တွေရဲ့ ဇာတ်လမ်းကျောရိုးတွေယူလိုက် မူဗီတွေဆိုလည်း အများအားဖြင့် မှုခင်းကားတွေမှာ ဟောင်ကောင်ကိုပြန်ယူလိုက် ။ တရုတ်ကလည်း ဟိုးတုန်းကတော့ ဂျပန်ကနေယူလိုက် ခုတော့ မိန်းစထွမ်းမှာတော့ ကေဟာတွေပါ ပြန်ယူတာလည်းရှိတယ်။ အိန္ဒိယတို့ ဘာတို့ကတော့ ကိုယ်ပိုင်လည်းရှိပေမဲ့ ပတ်ယူတာလည်း ကုန်သလောက်ပဲ။ ဒါက ဒီအရှေ့အာရှနားကိုပဲ ဝေ့ပြီးပြောရုံပါပဲ။ တကယ်တမ်းဆို တစ်ကမ္ဘာလုံးမကုန်ဘူး။ဂျပန်ရဲ့ high school delinquent ...
movie

Crows Zero (2007) Kurôzu zero

2007
Meet The Robinsons (2007) 6.9
Meet The Robinsons (2007) Time Travelနဲ့ ပတ်သက်တဲ့ ရုပ်ရှင်‌တွေ၊ ဇာတ်လမ်းတွဲတွေ ရေပန်းမစားခင်ကတည်းကWalt Disneyမှာ ဒီ topicနဲ့ပတ်သက်တဲ့ animation ကားတစ်ခု ထွက်ရှိခဲ့ပါတယ်။ဒီဇာတ်ကားကို ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့သူ‌‌တွေ ရှိသလို သိပ်မရင်းနှီးတဲ့သူတွေလည်း ရှိမှာပါ။ဒါပေမဲ့ ဒီကားဟာDisneyရဲ့ animation ဇာတ်ကားတွေထဲမှာ အတော်လေး Underrated ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောရမှာပါ။ဇာတ်လမ်းအကြောင်းကို ပြောရရင် မွေးကင်းစအရွယ်မှာ ကတည်းက မိခင်ရင်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့လူးဝစ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ္ပံကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။သူက သူရူးသွပ်တဲ့ သိပ္ပံပညာရပ်နဲ့ တီထွင်မှုတွေမျိုးစုံလုပ်ခဲ့ပြီးသူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ကို ပြန်တွေ့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာပါ။သူ့ရဲ့ရူးသွပ်မှု‌တွေ ဖန်တီးမှုတွေရဲ့ ဒဏ်ကိုအများဆုံးခံခဲ့ရတာက သူ့ရဲ့အခန်းဖော်လေးဖြစ်တဲ့ ဂုဘ်ဆိုတဲ့ကောင်လေးပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ လူးဝစ်တစ်ယောက် မှတ်ဉာဏ်ဖတ်စက်ဆိုတဲ့ စက်လေးကို တီထွင်နိုင်ခဲ့ပါတယ်။သူ့အကြံကတော့ အဲဒီစက်က‌‌တဆင့် သူ့အမေကို ပြန်တွေ့နိုင်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ဒီလိုနဲ့ပဲသူ့ရဲ့စက်ကို ကျောင်းသိပ္ပံပြပွဲကို ယူသွားပြီး စမ်းသပ်တဲ့ ...
movie

Meet The Robinsons (2007)

2007
August Rush (2007) 7.4
August Rush (2007)  2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း……လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် ...
movie

August Rush (2007)

2007
P2 (2007) 5.9
P2 (2007) P2 (2007)P2 (2007) ဇာတ်ကားဟာ ကြည့်ဖူးသူမှန်သမျှနီးပါး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ Underrated Christmas horror ကားကောင်းတစ်ကားပါ။ ကြည့်ဖူးသူတွေပြန်ကြည့်သင့်သလို မကြည့်ရသေးတဲ့လူတွေလည်း လုံး၀မြည်းစမ်းကြည့်သင့်တဲ့ Hidden Horror Movie Gems တွေထဲကတစ်ခုပါပဲ။ဇာတ်လမ်းကတော့....အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့ လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာ ကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့ ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB )/(1 GB)  Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Alias
movie

P2 (2007)

2007
They Wait (2007) 5.4
They Wait (2007)  They Wait (2007)IMDb Rating (5.4) / Rotten Tomatoes (40%) တစ္ဆေများလဆိုရင် အာရှသားတွေတင်သာမက အနောက်တိုင်းသားတွေပါ ရင်းနှီးကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။သူနဲ့ပတ်သက်တဲ့ ရာဇဝင်တွေ၊ ပါးစပ်ပြောဇာတ်လမ်းတွေ ကိုယ်တွေ့ခြောက်ခြားစရာအဖြစ်အပျက်တွေလည်းအများကြီးရှိနေခဲ့ပြီးကိုယ်တိုင်ကြုံဖူးတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ဒီဇာတ်ကားကတော့ အဲ့ဒီနာမည်ကျော်တစ္ဆေများလကိုပဲ အခြေခံထားတာပါ။ဆာရာနဲ့ဂျေဆင်တို့ဟာ ရှန်ဟိုင်းမှာနေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ဂျေဆင် ဦးလေးဖြစ်သူရဲ့ဈာပနအတွက်ဗန်ကူးဗားကို ခဏပြန်လာကြပါတယ်။သူတို့ဦးလေးရဲ့ နေအိမ်ဟာ တစ်ချိန်က အလုပ်ရုံဟောင်းကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပိတ်သိမ်းထားခဲ့တာကြာပါပြီ။သူတို့ရောက်ရှိချိန်ဟာ တစ္ဆေများလနဲ့တိုက်ဆိုင်နေပြီး သူတို့ရဲ့သားဖြစ်သူ ဆမ်မီကလည်း ဗန်ကူးဗားကိုစရောက်ကတည်းကတစ္ဆေတွေကိုဟိုတစ်စဒီတစ်စမြင်နေခဲ့ရပါတယ်။ အဲ့ဒီအိမ်ကိုကြီးကိုစရောက်ကတည်းက စိတ်မလုံခြုံသလို ကျောချမ်းသလိုခံစားချက်တွေအပြင် သွေးပျက်ချောက်ချားစရာအာရုံတွေကိုပါ ခံစားလာမိတဲ့ ဆာရာဟာ သူတို့သားဖြစ်သူ ဆမ်မီလေး ဘာအကြောင်းမှမရှိပဲ သတိလစ်မေ့မျောပြီးဆေးရုံတင်လိုက်ရချိန်မှာတော့ အဲ့ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေရပါတော့တယ်။သူတို့ကိုအခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ တရုတ်လူမျိုးအဘိုးကြီးရဲ့ အဆိုအရတော့ ဆမ်မီလေးကို အဲ့ဒီအိမ်ကြီးထဲမှာရှိတဲ့အငြိုးအတေးတွေနဲ့ ဝိဉာဉ်တစ်ခုက ဖမ်းစားထားတာဖြစ်ပြီး ကလေးကိုကယ်တင်ဖို့ တစ္ဆေပွဲတော်မပြီးခင် အာရုံတက်အထိပဲ အချိန်ရတော့တယ်ဆိုတာပါပဲ။အာရှသားတွေရဲ့အယူအဆအပေါ်မှာ အခြေတည်ထားရုံတင်မက အာရှဟော်ရာကားအတော်များများရဲ့ချဉ်းကပ်ပုံနဲ့ပဲသွားထားတဲ့အနောက်တိုင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းသလိုမြုပ်ကွက်တွေ Jumpscare တွေကိုအံဝင်ခွင်ကျသုံးထားတာတွေလည်းမိုက်ပါတယ်။Horror ပရိသတ်တွေအတွက် Old ...
movie

They Wait (2007)

2007
Shrek the Third (2007) Shrek 3 6.1
Shrek the Third (2007) Shrek 3   Shrek the Third (2007)IMDb Rating (6.1) / Rotten Tomatoes (41%) ဇာတ်လမ်းအကျဉ်းDulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင်သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။အဲ့ဒီမှာလည်း.... Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော... သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက်တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။အဲ့ဒီအချိန်မှာ ...
movie

Shrek the Third (2007) Shrek 3

2007
4K HEVC
Gone Baby Gone (2007) 7.7
Gone Baby Gone (2007) Gone Baby Gone (2007) ***********************IMDB- 7.7/10 ....Rotten...94%ရရှိထားတဲ့ Crime/Drama ဇာတ်ကားတစ်ကားပါ။ဒါရိုက်တာကတော့ Good Will Hunting နဲ့ လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်။(Morgan Freeman ကြီးကိုလည်း သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို ပြောရင်း တွေ့ရဦးမှာပါ။)ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင် ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး။(၁) ဘယ်သူက မှန်လဲ။(၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား။ဒီတစ်ခါ Review ကို မရေးဘဲ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချို့ခံစားရှုမြင်ခဲ့တဲ့အပေါ်Spoil မဖြစ်စေအောင် ရှောင်ရင်း ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်...(A)Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့...အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက ရှည်လျားဟန်ရှိပေမယ့် အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ....ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။(B)ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။ဒါရိုက်တာ Ben Affleck ဟာ ...
movie

Gone Baby Gone (2007)

2007
Ratatouille (2007) 8.0
Ratatouille (2007) Animationဇာက်ကားကြိုက်တဲ့လူများအတွက်နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney ကရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေRemyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီးသူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ EgoကAuguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့်Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီးဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီးသေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်းRemyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေအစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ်အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကိုချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ...
movie

Ratatouille (2007)

2007
4K HEVC
Zodiac (2007) 7.7
Zodiac (2007) Zodiac (2007)IMDb Rating (7.7) / Rotten tomatoes (90%)Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့  နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac  Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်..ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ ...
movie

Zodiac (2007)

2007
Into the Wild (2007) 8.1
Into the Wild (2007)  Into the Wild (2007)IMDb Rating (8.1) / Rotten Tomatoes (83%)၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ဝင်ရောက်သွားခဲ့တယ်။တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲအဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအဝင် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် ...
movie

Into the Wild (2007)

2007
Secret (2007) 7.5
Secret (2007) Secret (2007)လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာ ကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီး စန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူ‌လေးပါ။ "ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား" လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက် ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ? ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား?ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင် မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ...
movie

Secret (2007)

2007
Return (2007)
Return (2007) Return (2007)ဒီတစ်ခါမှာတော့ Thriller, Mystery အမျိုးအစား ကိုရီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါပြီ။ IMDB 6.4/10 ရရှိထားတာမို့ တစ်ခါတော့ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါပဲ။၁၉၈၀ ခုနှစ် တောင်ကိုရီးယား၊ ဆန်းနော့ဆူဆေးရုံမှာ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက် နှလုံးခွဲစိတ်မှု ရှိခဲ့ပါတယ်။ ခွဲစိတ်မှုက မထူးခြားပေမဲ့ လူနာကလေးက မေ့ဆေးမတိုးတဲ့ ကလေးဖြစ်နေတာပါပဲ။ ခွဲစိတ်မှုတစ်လျှောက်လုံး အသိရှိနေခဲ့တဲ့ကောင်လေးက သူကြုံတွေ့ခဲ့ရတဲ့ နာကျင်မှကို ပြန်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ မယုံခဲ့ကြပါဘူး။ဒီလိုနဲ့ ၂၅ နှစ်ကြာတဲ့အခါ ဆန်းနော့ဆူဆေးရုံက ဆရာဝန်ဟောင်းတွေနဲ့ အကြီးအကဲဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုအမျိုးမျိုးနဲ့ သေဆုံးမှုတွေ ဖြစ်လာပါတယ်။လက်ရှိ ခွဲစိတ်ဆရာဝန် ဒေါက်တာယူဂျယ်အု၊ မေ့ဆေးဆရာဝန် ဂျန်ဆော့ဟို၊ စိတ်ကျန်းမာရေးဆရာဝန် အိုချီဟွမ်နဲ့ ဂန်အုဟွမ်တို့ကြားက ပတ်သက်မှု၊ သူတို့ကြားက တရားခံရှာပွဲကို စိတ်ဝင်စားဖွယ် လိုက်ပါ ခန့်မှန်းကြည့်ရှုရမှာပဲ ဖြစ်ပါတယ်၊အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p WEB-DL | 720p ...
movie

Return (2007)

2007
Shooter (2007) 7.2
Shooter (2007) Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့  Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie

Shooter (2007)

2007
4K HEVC
Project Makeover (2007) 5.9
Project Makeover (2007) Project Makeover (2007)ဒီဇာတ်ကားလေးဟာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ-ကင်ချန်လေးရဲ့ ကိုရီးယားအချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ငယ်ရွယ်စဉ်အချစ်မှာ နစ်မျောမိသူ နာဂျောင်ဂျူဟာ အသက် ၃၀ အရွယ်ကိုရောက်လာတဲ့အချိန်မှာ အဝတ်အစားဒီဇိုင်းနာလက်ထောက်အဖြစ်နဲ့ ဘဝကို ခက်ခဲစွာရုန်းကန်နေရသူဖြစ်ပါတယ်။ သူ့ကိုတစ်ကြိမ်သာ ဒိတ်ခဲ့ပြီး စွန့်ပစ်သွားတဲ့ အချစ်ဦး ဂျိုဟာနီ(နာမည်ကြီးအဆိုတော်)နဲ့ ဂျောင်ဂျူကို တစ်ဖက်သတ် ချစ်ခဲ့သူ အိုတေးဟွန်း(HiTECHကုမ္ပဏီရဲ့CEOသန်းကြွယ်သူဌေး)တို့နဲ့ တစ်နေ့မှာ မတော်တဆပြန်ဆုံမိခဲ့ကြပါတယ်။ ‌ ဂျောင်ဂျူဟာ သူ့လက်ရှိဘဝအပေါ် စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အချစ်ဦးဂျိုဟာနီကြောင့် သူ့ဘဝဒီလိုမျိုး ခက်ခဲစွာရုန်းကန်နေတာလို့ သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။ သူ့ဘဝကို ပြန်လည်ပြင်ဆင်ချင်တဲ့စိတ်တွေနဲ့ မိခင်ရဲ့အောက်မေ့ဖွယ်နေ့မှာ အရက်သောက်ပြီး အိပ်ပျော်သွားခဲ့မိပါတယ်။ နိုးလာတဲ့အချိန် ကွန်ပြူတာကို ဖွင့်လိုက်တဲ့အခါမှာ ကွန်ပြူတာဖန်သားပြင်မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ ထူးဆန်းတဲ့ ခလုတ်ရှိတာကိုတွေ့ပြီး အချိန်ခရီးသွားလို့ရတာကို သိသွားပါတော့တယ်။ ဒါကြောင့် အတိတ်ကအချိန်ကို ပြန်သွားပြီး သူ့ဘဝကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဂျောင်ဂျူ ကြိုးစားပါတော့တယ်။ အသက် ၃၀ အရွယ် ဂျောင်ဂျူဟာ အသက် ၁၈နှစ်အရွယ် ဂျောင်ဂျူကို သူ့အချစ်ဦး ဂျိုဟာနီနဲ့ မတွဲမိစေဖို့ တကယ်ပဲ တားမြစ်နိုင်မှာလား.... ဒါမှမဟုတ် သူ့ကိုတစ်ဖက်သက်ချစ်နေသူ အိုတေးဟွန်းနဲ့ လက်တွဲသွားအောင် လုပ်ပေးနိုင်မလား... အတိတ်မှာသူဖြစ်ချင်တဲ့ ...
movie

Project Makeover (2007)

2007
Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007