Channel Myanmar

2017

Snowfall (2017) 8.442
Snowfall (2017) Season 1ဒီ Seriesရဲ့ Creatorက Baby Boy (2001)တို့, Boyz n the Hood (1991)တို့လို လူမဲအသားပေးလူမဲတွေရဲ့ဖြတ်သန်းမှုကို ရိုက်ပြထားတဲ့ နာမည်ကြီး ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့ လူမဲဒါရိုက်တာ John Singleton။Snowfallကလည်း လူမဲတွေကို အဓိက အသားပေးထားတဲ့ မူးယစ်ဆေးလောကအကြောင်း ရုပ်ရှင်ပါပဲ။ဟိုးအောက်ခြေကအနေ စတဲ့အကြောင်းတွေပေါ့။Snowfallက မူးယစ်ဆေးလောကကို ရိုက်ပြတဲ့နေရာမှာတော့ တော်တော်လေးသေသပ်တယ်ပြောရမယ်။Character Devlopmentလည်း တော်တော်ကြမ်းတဲ့စီးရီးပဲ။Pilotအပိုင်းမှာ ကျွန်တော်တို့ကို ဘာမှမဟုတ်တဲ့ ကာရိုက်တာတွေချည်းပဲ ချပြထားတယ်။တစ်ချို့ဇာတ်လမ်းတွေမှာကျ အဲဒီလိုချပြတာတွေမှာ သူတို့ရဲ့အလားအလာကို သိပ်မမြင်ရဘဲ ဖြစ်လာမှဖြစ်လာတယ်လို့ သိလိုက်ရတာမျိုးရှိပေမဲ့Snowfallကတော့ ဒီကာရိုက်တာတွေရဲ့ အလားအလာကို သူတို့စလာကတည်းက မြင်နေရအောင်ကို သေချာလေးပြထားတယ်။ဒီတော့ အပိုင်းတစ်ကြည့်လိုက်ရုံနဲ့ ဆက်ကြည့်ချင်သွားမယ့်စီးရီးပါပဲ။ကျွန်တော်ကိုယ်တိုင်လည်း တစ်ပိုင်းပြန်ပြီး နောက်ထပ်၁၉ပိုင်းဆက်တိုက်ကြည့်ဖြစ်သွားတယ်။ဇာတ်ကတော့ ၁၉၈၆ လော့အိန်ဂျယ်လိစ်မှာ ဇာတ်အိမ်တည်ထားတယ်။Creatorရဲ့ဖြတ်သန်းမှုရှိတဲ့ကာလမှာ တည်ထားတာထင်ရပါတယ်။လူမဲကောင်လေးတစ်ယောက် မူးယစ်ဆေးလောကထဲ ငြိသွားတာရယ်, စီအိုင်အေနဲ့ မက္ကဆီကန်တွေကြားက အရှုပ်အရှင်းတွေ,စီအိုင်အေကိုက ဆေးတွေခိုးရောင်းပြီး မက္ကဆီကန်ကွန်မြူနစ်တွေကို ...
8.442
TMDb: 8.442/10 531 votes
tv

Snowfall (2017)

2017
Stranger Things (2017) Season 2 [COMPLETE] 8.6
Stranger Things (2017) Season 2 [COMPLETE] Stranger Things (2016-2022)IMDb Rating (8.7) Rotten Tomatoes (91 %)Stranger Things စီးရီးကို 4K Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ ++++++++++++++Stranger Things Season 1 (2016)Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ စီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Stranger Things Series လေးပါ။ သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူပရိသတ်တွေအတွက်ကတော့အကြိုက်ဖြစ်မှာပါ။ 2016 ခုနှစ်မှာ စတင်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစားဖြစ်ပါတယ်။ ဒီစီးရီးလေးက ၁၉၈ဝခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ် ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။ဒီလောကကြီးနဲ့အပြိုင် တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။ ဒီလိုစိတ်ကူးတွေကို ဒီစီးရီးလေးကပုံဖော်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့…….. ဟော့ကင်းမြို့ကလေးဟာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။ ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊ ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊ သိပ္ပံပညာကို ဝါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး ...
8.6
TMDb: 8.6/10 17773 votes
tv

Stranger Things (2017) Season 2 [COMPLETE]

20162017
MINDHUNTER (2017) 8.08
MINDHUNTER (2017) Netflix ရဲ့ အကောင်းတကာ့အကောင်းဆုံး စီးရီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ"Mindhunter" ဟာ Netflix က ထုတ်လွှင့်တဲ့ ဖြစ်ရပ်မှန်အခြေခံ ရုပ်သံစီးရီး ဖြစ်ပါတယ်။ David Fincher နဲ့ Charlize Theron တို့က ထုတ်လုပ်ထားပြီး FBI ရဲ့ အစောဆုံး Serial Killer စုံစမ်းစစ်ဆေးမှု ယူနစ်ကို စတင်တည်ထောင်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ - - - အဓိက ဇာတ်ကောင်များ: ------------------------- Holden Ford (Jonathan Groff) - FBI အေးဂျင့်သစ် Bill Tench (Holt McCallany) - အတွေ့အကြုံရင့် FBI အေးဂျင့် Dr. Wendy Carr (Anna Torv) - စိတ်ပညာရှင် - - - ဇာတ်လမ်းအကျဉ်း: ၁၉၇၀ ခုနှစ်များအတွင်းက FBI အေးဂျင့်တွေဟာ အကြောင်းမဲ့ လူသတ်မှုတွေကျူးလွန်တဲ့ Serial Killer တွေရဲ့ စိတ်ပိုင်ဆိုင်ရာ လက္ခဏာတွေကို လေ့လာဖို့ ...
8.08
TMDb: 8.08/10 2457 votes
tv

MINDHUNTER (2017)

2017
Two Cops (2017) [Complete] 7.5
Two Cops (2017) [Complete] Two Cops (2017)***************အပိုင်း (၁ မှ ၁၆) စ/ဆုံးစုံထောက်ကားလေးတွေမှ ကြိုက်နှစ်သက်သူတွေနဲ့ ၊ ဟာသကားမှ ကြည့်ချင်တဲ့သူတွေအတွက်2 in 1 ဟာသစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။Hospital Playlist တို့ Pilot တို့ထဲက မင်းသား Cho Jung-Seok ၊Hometown cha-cha-cha ထဲမှ ပါးချိုင့်လေး Kim Sun-ho ၊ပရိတ်သတ်အချစ်တော်မင်းသမီးလေး Hyeri တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့Comedy , Fantasy , Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ***************Cha Dong-Tak (Cho Jung-Seok) ဟာ တရားမျှတမှုအတွက်အသက်ပေးဆိုတောင်ပေးရဲတဲ့ ဖြောင့်မတ်တဲ့ စုံထောက်တစ်ယောက်ပါ။တစ်ရက်...အမှုတစ်ခုကို လိုက်ရင်းနဲ့ Gong Soo-Chang(Kim Sun-ho) ဆိုတဲ့ဉာဏ်ကောင်းပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူလိမ်တစ်ယောက်နဲ့မတော်မဆဖြစ်ပြီး ဝိဉာဉ်ချင်း လဲသွားပါတော့တယ်။လူသတ်ပါတယ်လို့ စွပ်စွဲခံရတဲ့ လူလိမ် Gong Soo-Chang ကရောစုံထောက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ...
7.5
TMDb: 7.5/10 17 votes
tv

Two Cops (2017) [Complete]

2017
Full Moon (2017) 8
Full Moon (2017) Full moon (2017) ****************စ/ဆုံး CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ 2017 ကထွက်ရှိခဲ့တဲ့..တူရကီ ဇာတ်လမ်းတွဲလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် .....အချစ်ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိဖြစ်မဲ့...romantic series ဖြစ်တဲ့အပြင် ဟာသလေးတွေနဲ့ပါရောထားလို့ ...စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy Romance အမျိုးအစားလေးပါ။ ဇာတ်လမ်းအကျဉ်း --------------ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဖယ်ရစ် အာစလန်က....အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားပြီး စည်းကမ်းအလွန် တင်းကျပ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့်အိမ်ကထမင်းချက်တွေ သန့်ရှင်းရေးသမားတွေ ခန့်တဲ့အခါမှာ....ခဏခဏအဆင်မပြေဖြစ်ပြီး ဝန်ထမ်းရှာဖွေဖို့ရာ အခက်တွေ့နေတယ်။နက်ဇလီကတော့ ဟင်းချက်ရတာကို ဝါသနာအလွန်ပါလို့ စားဖိုမှူးသင်တန်းတက်ပြီးစားသောက်ဆိုင်ဖွင့်ဖို့ရာ ကြိုးစားနေတဲ့ သာမန်မိန်းမငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ညီမဖြစ်သူ အာဆူမန်ကိုလည်း တာဝန်ယူနေရပြီး ကျောင်းလခနဲ့အိမ်ငှားခပေးဖို့ရာအတွက် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ရုန်းကန်နေရရှာတယ်....အချိန်ပိုင်းအလုပ်တွေ မျိုးစုံလိုက်လုပ်နေတဲ့ နက်ဇလီဟာ တစ်ရက်မှာတော့ဖယ်ရစ် အာစလန်ရဲ့အိမ်မှာ ထမင်းချက်အနေနဲ့ အလုပ်လုပ်ဖြစ်သွားခဲ့တယ်။ချေးအရမ်းများတဲ့ ဖယ်ရစ်ကလည်း နက်ဇလီရဲ့ ဟင်းချက်လက်ရာတွေကို သဘောကျသွားခဲ့တယ်...ဒါပေမဲ့ အကျင့်စရိုက်လုံးဝမတူတဲ့ သူတို့နှစ်ယောက်က အလုပ်မှာတော့ ခဏခဏစကားများနေကြရတယ်..အဲဒီလိုဆန့်ကျင်ဘက်လူနှစ်ယောက်က ရန်ဖြစ်စကားများရာကနေ ...
8
TMDb: 8/10 38 votes
tv

Full Moon (2017)

2017
Live Up to Your Name (2017) 6.8
Live Up to Your Name (2017) Live Up to Your Name (2017)************************* အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က သမားတော်တစ်ယောက် ဆိုးလ်ရောက်လာပြီး ဂယက်တစ်သိန်းတွေ ထတဲ့ အချိန်ခရီးသွားကားလေးကို တင်ပေးလိုက်ပါတယ်နော် ..The Fiery Priest မှ မင်းသားကြီး Kim Nam Gi, Grid မှ  မင်းသမီး  Kim Ah Joong, True beautyက မင်းသမီးလေး Moon Ga-young နှင့်အတူ ပရိတ်သတ်ရင်းနှီးပြီးသား သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ..ဇာတ်လမ်းအညွှန်း ****************** Heo Im (Kim Nam Gil) ကတော့ ဂျိုဆွန်းမှာ အပ်စိုက်ကုထုံးနဲ့ လူနာတွေကို ကုသပေးနေတဲ့ အရှေ့တိုင်းဆေးဆရာတစ်ယောက်ပါ..သူက နေ့ဘက်မှာ မရှိဆင်းရဲသားတွေကို ကုသပေးတဲ့ ဆေးခန်းမှာ လုပ်ပြီးတော့ ညဘက်တွေမှာ အထက်တန်းလွှာတွေနဲ့ ရာထူးအဆင့်မြင့်တဲ့လူတွေရဲ့ အိမ်မှာ လျှို့လျှို့ဝှက်ဝှက်နဲ့ ဆေးသွားကုပေးရင်း ပိုက်ဆံရှာနေသူပေါ့...သူ့ရဲ့အရည်အချင်းကြောင့် ဘုရင့်ရောဂါကို ကုသပေးခွင့်ရခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ...
6.8
TMDb: 6.8/10 53 votes
tv

Live Up to Your Name (2017)

2017
SEAL Team (2017) 8.039
SEAL Team (2017) CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ့၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှဲကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ အကူအညီကိုရယူထားပြီး ...
8.039
TMDb: 8.039/10 1307 votes
tv

SEAL Team (2017)

2017
The Good Doctor 8.6
The Good Doctor The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။Medical Field ...
8.6
TMDb: 8.6/10 5327 votes
tv

The Good Doctor

2017
The King in Love (2017) 4.2
The King in Love (2017) The King in Love (2017) ************************ အပိုင်း (၁ မှ ၂၀) စ/ဆုံးဒီဇာတ်ကားလေးကတော့ ငယ်ရွယ်ပြီး ရည်မှန်းချက် ကြီးမားတဲ့ အိမ်ရှေ့စံနဲ့ သူ့ရဲ့ ကံကြမ္မာကို ပုံဖော်ပေးတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်အိမ်ရှေ့စံ ဝမ်ဝန်းဟာ မွေးလာကတည်းက မြွေတစ်ကောင်လို ထက်မြက်တဲ့ ဉာဏ်ပညာ ကြည့်ကောင်းတဲ့ရုပ်ရည် သံလိုက်လို ဘယ်အရာကိုမဆို ဆွဲဆောင်တတ်တဲ့ အကျင့်စရိုက်မျိုးပိုင်ဆိုင်ထားတယ်အိမ်ရှေ့စံဟာ နူးညံ့သိမ်မွေ့တဲ့ အကျင့်စရိုက် ရှိသလောက် တခြားတိုင်းပြည်ကို သိမ်းပိုက်ချင်တဲ့အထိကိုရည်မှန်းချက်ကြီးမားသူတစ်ယောက်ပါသူ့ဆီမှာ ရင်းလို့ခေါ်တဲ့ ငယ်စဉ်ကတည်းက အတူသွား အတူစား အမြဲအတူနေခဲ့ကြတဲ့ ငယ်သူငယ်ချင်း လူယုံတော်လည်း ရှိတယ်ငယ်ရွယ်စဉ်အချိန်တုန်းက ဝမ်ဝန်းဟာ ဆန်ဆိုတဲ့ မိန်းကလေးနဲ့ မမျှော်လင့်သော အကြောင်းအရာတစ်ခု‌ ‌ကြောင့် တွေ့ဆုံခဲ့ကြတယ်နောက်ပိုင်း ကြီးပြင်းလာပြီး ပြန်ဆုံတွေ့ကြတဲ့အခါမှာ ဆန်ဆိုတဲ့ မိန်းကလေးက အိမ်ရှေ့စံရဲ့ နှလုံးသားထဲ ဝင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ ဆန်ဆိုတဲ့ မိန်းကလေးကို အိမ်ရှေ့စံရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ရင်းကလည်း မြင်မြင်ချင်း ချစ်မိနေခဲ့တယ်သို့ပေမဲ့ ...
4.2
TMDb: 4.2/10 18 votes
tv

The King in Love (2017)

2017
The Best Hit (2017) 7.483
The Best Hit (2017) The Best Hit (2017) ******************* အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်​ခေါက် CM က​နေ တင်ဆက်​ပေးသွားမဲ့ ဇာတ်ကား​လေးက​တော့သူ့​ခေတ် သူ့အခါမှာ အရမ်းကို ​အောင်မြင်ခဲ့တဲ့ အချိန်ခရီးသွား Rom-com ဇာတ်ကား​လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် အဓိက ဇာတ်လိုက်အ​နေနဲ့ Yoon Shi Yoon ၊ Lee Se Young ၊ Kim Min Jae ၊ Cha Tae Hyun တို့ပါဝင်ထားပြီးCha Eunwoo နဲ့ Bona စတဲ့ နာမည်​​ကျော် သရုပ်​ဆောင်များစွာလည်း ပါဝင်ထားတဲ့ ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ဇာတ်ကား​​အကျဥ်းလေးက​တော့ - 2017 ခုနှစ်မှာ အိပ်မက်​တွေကို အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြတဲ့အီဂျီဟွန်း၊ ချွဲဝူဆွန်း၊ MC ဒ​ရေးဆိုတဲ့ သူငယ်ချင်း သုံး​ယောက်ရှိပါတယ်။တစ်​နေ့မှာ အဲဒီသူငယ်ချင်း ၃​ယောက်က .. 1993 ခုနှစ်က​နေ ...
7.483
TMDb: 7.483/10 29 votes
tv

The Best Hit (2017)

2017
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
Circle: Two Worlds Connected (2017) 7
Circle: Two Worlds Connected (2017) Circle: Two Worlds Connected (2017) ************************************ ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက်မင်းသားကြီး Kim Kang Woo၊ "Hotel del Luna"ဇာတ်ကားမှ မင်းသားချောလေး Yeo Jin Goo၊"The First Responders"ဇာတ်ကားမှ မင်းသမီး Gong Seung Yeonတို့ပါဝင်ထားတဲ့"Circle"ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ ကိုရီးယားရဲ့ လက်ရှိကာလ 2017နဲ့ အနာဂတ်ကာလ 2037ကို အခြေတည်ပြီးစိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာပါဂြိုဟ်သူမလေးတစ်ယောက်ဟာ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာပြီးဂင်မိသားစုနဲ့ အတူတူနေထိုင်ခဲ့ပါတယ်ဂင်မိသားစုမှာ ဂင်ဘုံးဂယွန်းနဲ့ ဂင်အူဂျင်းဆိုတဲ့ အမြွှာညီအစ်ကို 2ယောက်ရှိပြီးအိမ်ကိုရောက်လာတဲ့ဂြိုဟ်သူမလေးကို "ဗြော"လို့ အမည်ပေးခဲ့ကြပါတယ်တစ်နေ့မှာ ဂင်မိသားစုရဲ့အဖေဖြစ်သူ ပါမောက္ခဂင်ဂယူချောနဲ့ ဗြောဟာ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် အမြွှာညီအစ်ကိုနှစ်ယောက် ရှာပုံတော်ဖွင့်ရပါတော့တယ်ဒါကြောင့် နောက်ဆုံးမှာ သူတို့အဖေပျောက်ဆုံးသွားရတဲ့အကြောင်းအရင်းကို ရှာတွေ့သွားမလားရှာဖွေရင်းနဲ့ သူတို့ ဘယ်လိုပြဿနာတွေ ကြုံရဦးမလဲနည်းပညာတိုးတက်ပြီး ကမ္ဘာနှစ်ခြမ်းကွဲနေတဲ့ 2037ခုနှစ်ကိုရော ဘယ်လိုရောက်ရှိသွားမလဲ...ဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်Episodes: ...
7
TMDb: 7/10 26 votes
tv

Circle: Two Worlds Connected (2017)

2017
Young Sheldon (2017) 8.1
Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ "ဘဲပုံပြင်" ကြည့်နေချိန်မှာ ...
8.1
TMDb: 8.1/10 2091 votes
tv

Young Sheldon (2017)

2017
Judge vs. Judge (2017) 6.8
Judge vs. Judge (2017) JUDGE VS. JUDGE ******************အပိုင်း ၁ မှ ၁၆စ/ဆုံးCastaway Diva ပြီးသွားတော့ မမ Park Eun-Bin ကို လွမ်းနေတဲ့လူတွေများရှိကြမလား...ဒီတစ်ခေါက်မှာတော့ Park Eun-Bin နဲ့ အခုလက်ရှိပြသနေတဲ့....NOTHING UNCOVERED ထဲက မင်းသား Yeon Woo-Jin တို့...အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့..JUDGE VS. JUDGE ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာတော့ Park Eun-Bin ကို မဟုတ်မခံ ဆတ်ဆတ်ကြဲ အမျိုးသမီးတရားသူကြီး အီဂျောင်းဂျူအဖြစ် မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်း ----------------အီဂျောင်းဂျူက ဆိုးလ်ခရိုင်တရားရုံးက အငယ်တန်းတရားသူကြီးတစ်ယောက်ပါ။ဖြောင့်မတ်မှုကိုလိုလားပြီး မတရားမှုတွေကို ပပျောက်အောင်လုပ်ဖို့ တရားသူကြီးဖြစ်လာတဲ့သူမက...မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျခံနေတဲ့ အစ်ကိုဖြစ်သူအတွက်...ပြန်လည်တရားရင်ဆိုင်ခွင့်ရရှိဖို့လည်း ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဂျောင်းဂျူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ တရားသူကြီး ဆာအီဟျွန်းကလည်း...ဥပဒေကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်စွာအမှုစီရင်တတ်သူဖြစ်ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့....ဥပဒေအထက်မှာနေဖို့ကြိုးစားနေကြတဲ့ တရားခံတွေကို ဘယ်လိုအပြစ်ပေးမလဲ...နစ်နာသူတွေအတွက် တရားမျှတမှုတွေကို ဘယ်လိုရှာဖွေပေးသွားမှာလဲဆိုတာ...ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ Drama: Judge vs. Judge Genres: Comedy, Law, Romance, Drama Country: South ...
6.8
TMDb: 6.8/10 11 votes
tv

Judge vs. Judge (2017)

2017
Go Back Couple (2017) 8.239
Go Back Couple (2017) Go Back Couple (2017)********************** အပိုင်း ၁ မှ ၁၂ (စ/ဆုံး)ဒိတ်ဒိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ My Happy Ending ထဲက မင်းသား Son Ho Jun နဲ့ မင်းသမီး Jang Nara, Marry My Husband ထဲက အချစ်တော် Lee Yi Kyung, Gumiho ထဲက Jang Ki Yong, Heavenly idol ထဲက မင်းသမီး Go Bo Gyeol တို့ အဓိက ပါဝင်ထားတဲ့ အချိန်ခရီးသွားကားလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ချွဲဘန်းဒို(Son Ho Jun)နဲ့ မာဂျင်းဂျူ(Jang Na Ra)တို့ဟာ ၃၈နှစ်အရွယ် လက်ထပ်ထားတဲ့ဇနီးမောင်နှံ‌တွေပါ သူတို့နှစ်‌ယောက်ဟာ အသက်ငယ်ရွယ်တုန်းမှာ အိမ်ထောင်ကျခဲ့ကြတဲ့အတွက် လူငယ်ဘဝကို အပြည့်အဝမခံစားခဲ့ရဘဲ အိမ်ထောင်ရှင်ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုပဲ ခံစားနေရပါတယ်ဒါကြောင့် ချစ်လို့လက်ထပ်ယူခဲ့ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်း ...
8.239
TMDb: 8.239/10 23 votes
tv

Go Back Couple (2017)

2017
Blue Planet II (2017) 9.3
Blue Planet II (2017) ကမ္ဘာကြီးအကြောင်း documetary တွေကို နောက်ခံစကားပြောပေးနေတဲ့ David Attenborough ပါဝင်တဲ့ The Blue Planet ရဲ့ season 2 ထွက်ရှိလာပါပြီ။ IMDB 9.3 ရရှိထားတဲ့ BBC ရဲ့ဒီ documentary မှာတော့ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးတွေ၊ ပင်လယ်ကြမ်းပြင်တွေမှာရှိတဲ့ သတ္တဝါတွေ၊ သန္တာကျောက်တန်းတွေအကြောင်း ဆက်လက်ရိုက်ကူးထားပြီး ဒါတွေတင်မကပဲ ပညာရှင်တွေကိုယ်တိုင် သွားရောက်လေ့လာတာကိုရော ကြုံတွေရတဲ့အခက်အခဲတွေ၊ ရှာဖွေတွေ့ရှိမှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ documentary တစ်ပုဒ်ဖြစ်ပါတယ်။ File size…  3 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration….  60 m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by..  Kasashi , Elizabeth Khant , Orika , JimX ...
9.3
TMDb: 9.3/10 219 votes
tv

Blue Planet II (2017)

2017
Riverdale Season 1+2+3+4+5+6+7(2017) 8.5
Riverdale Season 1+2+3+4+5+6+7(2017) ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် ... တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ ...ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ ...ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် ..ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ ...အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသားဗရော်နီကာ လော့ဂျ် .. မြို့ကနေ ...
8.5
TMDb: 8.5/10 13005 votes
tv

Riverdale Season 1+2+3+4+5+6+7(2017)

2017
GOING SEVENTEEN 9.5
GOING SEVENTEEN Going Seventeen ====================== ဒီတစ်ခေါက်မှာတော့ Pledis Ent ရဲ့ နာမည်ကျော် boy band ဖြစ်တဲ့၊ Seventeen အဖွဲ့ရဲ့ "Going Seventeen" ဆိုတဲ့ အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Channel Myanmarကနေ တင်ဆက်ပေးသွားမှာပါ။ဒီအစီအစဉ်မှာဆိုရင် ပရိတ်သတ်တွေရဲ့အသည်းစွဲ Seventeen အဖွဲ့မန်ဘာတွေရဲ့ ချစ်စရာကောင်းတဲ့ဂိမ်းတွေ၊ mission တွေကိုတွေ့မြင်ခံစားရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ကစားနည်းတွေနဲ့၊ Horror ဂိမ်းတွေလည် းပါဝင်တာဖြစ်လို့ ပရိတ်သတ်‌တွေလည်း ကြည့်နေရင်းနဲ့ သူတို့နဲ့အတူတူလိုက် ရင်ခုန်စိတ်လှုပ်ရှားနေရမှာအသေအချာပါပဲ။ဒီအစီအစဉ်မှာ ဂိမ်းတွေအတူကစားရင်း Seventeen အဖွဲ့ရဲ့ Friendship, Music နဲ့ သူ‌တို့တွေပုံဖော်ကြတဲ့ comedy ကိုပါ မြင်တွေ့ရမှာပါ။ OST တွေမှာဆိုလည်း အသံအေးအေးလေးတွေနဲ့ ပရိတ်သတ်ရဲ့ရင်ထဲမှ ာ စွဲထင်နေတဲ့ Seventeen အဖွဲ့ရဲ့ "Going Seventeen" ကို Channel Myanmar Variety Team မှ တင်ဆက်ပေးနေပြီဖြစ်ပါတယ်။(အညွှန်းကို Lu Satt က ရေးသားပေးထားပါတယ် Ep 57မှစပီး အပတ်စဥ် Wednesday တိုင်းပြသသွားမှာပါ VIP Member ...
9.5
TMDb: 9.5/10 6 votes
tv

GOING SEVENTEEN

2017
A Series of Unfortunate Events (2017) 7.343
A Series of Unfortunate Events (2017)   ဉာဏ်ကြီးရှင်လေး ၃ယောက်ဆီကမှ အမွေလုဖို့ကြိုးစားမိတဲ့ လူဆိုးကြီး (သို့) A Series of Unfortunate Eventsဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.8 ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းလေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ကံဆိုးမှုတွေ ဆက်တိုက်ကြုံတွေရတဲ့အကြောင်းလေး ရိုက်ပြထားတာပါ ဇာတ်လမ်းရဲ့ အစမှာတင်ပဲ "ပျော်စရာဇာတ်သိမ်းပိုင်းတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ မကြည့်ပါနဲ့လို့" ပေါ်ပေါ်ထင်ထင် သတိပေးထားတဲ့ ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအစမှာပဲ ဘော်ဒယ်လရီတို့ မိသားစုရဲ့ စံအိမ်ကြီးက မီးလောင်သွားပြီး မီးထဲမှာ မိဘနှစ်ပါး ပါသွားတာကြောင့် ကျန်ခဲ့တဲ့ မောင်နှမ၃ယောက် ကို မွေးစားဖို့ အနီးစပ်ဆုံးဆွေမျိုးဆီ ပို့ပေးလိုက်ရပါတယ်။ ဗိုင်အိုလတ်၊ ကလော့စ် နဲ့ ဆန်နီတို့ဆိုတဲ့ မောင်နှမ၃ယောက်ကတော့ ရုတ်တရက်ကြီးကို သူဌေးသားသမီးတွေ ဘဝကနေ မိဘမဲ့ဘဝ တန်းရောက်သွားတော့တာပါပဲ။ ဒါပေမဲ့ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ ဆိုသလို သူတို့ကို မွေးစားမဲ့ ကောင့်တ်အိုလော့ဖ် ဆိုတဲ့သူကလည်း ဗိုင်အိုလတ်လေး ...
7.343
TMDb: 7.343/10 748 votes
tv

A Series of Unfortunate Events (2017)

19932017
Distorted (2017) [Complete] 6.462
Distorted (2017) [Complete] Distorted (2017)*************အပိုင်း( ၁ မှ ၁၆) အထိ  စ/ဆုံး ဒီစီးရီးမှာတော့ One Dollar Lawyer, My Dearestစတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ‌တွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးNam Goong Minနှင့် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်...ကိုရီးယားနိုင်ငံငံမှာ လုံးဝသွားထိလို့မရတဲ့ လူတန်းစားများစွာရှိတယ်...နိုင်ငံရေးသမားတွေနဲ့  ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကိုအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့အာဏာရှိအသိုင်းအဝန်းပဲ... ဒီလူတွေက သွားမထိရဲလောက်အောင်  အင်အားကြီးကြသလိုပြဿနာတစ်ခုပေါ်တိုင်းလည်း လက်စဖျောက်ရှင်းဖို့ အစီအစဉ်ပေါင်းများစွာရှိတယ်...တစ်နေ့တော့ ကိုရီးယားနိုင်ငံရေး ပြည်သူတွေ အံအားသင့်ရလောက်တဲ့ထိသတင်းတစ်ခုတက်လာခဲ့တယ်...ဒီသတင်းက အာဏာရှိသူတစ်ယောက်ရဲ့ နောက်ကွယ်ကမကောင်းမှုတွေဖြစ်ပါတယ်...ဒီသတင်းတက်လာပြီး သိပ်မကြာခင်မှာပဲ သတင်းရေးတဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို  အမှုတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်..သေဆုံးသွားတဲ့ သတင်းသမားမှာ ညီဖြစ်သူကျန်ခဲ့တယ်...အကိုဖြစ်သူသေဆုံးသွားလို့ အဖြစ်မှန်အားလုံးဖော်ထုတ်ရင်း လက်စားချေလိုပေမဲ့ဒီအသိုင်းအဝန်းဟာ ပုံမှန်သမရိုးကျနည်းနဲ့ ချဉ်းကပ်လို့မရဘူးလို့  အကိုဖြစ်သူသေဆုံးခြင်းကသူ့ကိုသဘောပေါက်စေခဲ့တယ်...ဒါ့ကြောင်း အချိန်ယူအစွမ်းကုန်ပြင်ဆင်ရင်းဒီစောင်တလွဲလောကကြီးကို ရိုက်ချိုးဖို့ ကြံစည်ပါလေတော့တယ်...မင်းသားကတော့ ကျွန်တော်တို့ဆရာကြီး Nam Goong Min ဆိုတော့ကားဒီလိုကာရိုက်တာတွေနဲ့အလွန်လိုက်ဖက်လေတော့ ကြည့်လို့ မလန်းမှာတော့ပူပင်စရာမလိုပါ......Episodes: 16 Aired On: Saturday, Sunday Original Network: SBS Duration: 1 hr. 10 ...
6.462
TMDb: 6.462/10 13 votes
tv

Distorted (2017) [Complete]

2017