Channel Myanmar

Psychological

Life (2018) [Complete] 7.3
Life (2018) [Complete] Life (2018)************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ ဆရာဝန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ဦးဦးသေမင်းရဲ့ ဆရာဝန်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ 2018မှာထွက်ရှိခဲ့ပြီး Goblin, A Shop for Killers ထဲမှမင်းသား Lee Dong Wook၊ Stranger, Sisyphus ထဲမှ မင်းသား Cho Seung Woo နဲ့Melting Me softly, She Would Never Know တို့ထဲမှ မင်းသမီး Won Jin-Ah တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်ဂျင်ဝူး ( Lee DongWook) ဟာ ဆန်းဂုတက္ကသိုလ်ဆေးရုံ အရေးပေါ်ဌာနရဲ့ ဆရာဝန်ဖြစ်ပြီးနွေးထွေးကြင်နာသူတစ်ယောက်ဖြစ်သလို ဆေးရုံအုပ် အီဘိုဟွန်းကို ရိုသေလေးစားသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ရယ်ဂျင်ဝူးဟာ ညီဖြစ်သူဆီမှ ဆေးရုံအုပ်ရဲ့ အကျင့်ပျက်ချစားမှုတစ်ခုကို သိလိုက်ရပြီးနောက်တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာတင် ဆေးရုံအုပ်ကြီးဟာ ရုတ်တရက်နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့ပါတော့တယ်။ဂူဆွန်းဟျို ...
7.3
TMDb: 7.3/10 32 votes
tv

Life (2018) [Complete]

2018
University War S2 (2024) [Complete]
University War S2 (2024) [Complete] University War S2 (2024)***********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး Season 1 တုန်းက ဝက်ဝက်ကွဲ ပေါက်ခဲ့တဲ့ နာမည်ကြီးရှိုးဖြစ်တဲ့University War ကတော့ Season2 ထွက်ရှိလို့ လာပါပြီ။ဒီ S2 မှာလည်း ကိုရီးယားရဲ့ ထိပ်တန်းနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့KAIST၊ ဖိုဟန်၊ ယွန်းဆဲ၊ ဆိုးလ်တက္ကသိုလ်တွေမှ ဉာဏ်ကြီးရှင်ထိပ်တန်းကျောင်းသား ကျောင်းသူတွေရဲ့ မိနစ်ပိုင်းအတွင်း သင်္ချာတွက်ချက်နိုင်တဲ့skillတွေ ဂိမ်းကစားပုံတွေနဲ့အတူ S1 ထက် ပိုပြီး တိကျကောင်းမွန်လာတဲ့ ဦးနှောက်ပြိုင်ပွဲအစစ်အမှန်ကို တအံ့တဩနဲ့ ကြည့်ရှုရဦးမှာပဲဖြစ်သလို အဆင်ငမ်းရင်းသင်္ချာစွမ်းရည်လည်းတက်စေဦးမှာဖြစ်လို့ CM နဲ့အတူ အမြန် ကြည့်လိုက်ရအောင်နော်။  (အညွှန်းကိုတော့ ToeToe Aung မှ ရေးသားထားပါတယ်။)  Aired: Nov 15, 2024 - ? Aired On:  Friday Genres: Psychological, Life,  Reality Show Episodes: 8 Original Network: COUPANG TV Translated ...

University War S2 (2024) [Complete]

Orb: On the Movements of the Earth (2024) 7.5
Orb: On the Movements of the Earth (2024) "အဖြေမှားတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး"အခုတင်ဆက်ပေးသွားမှာကတော့ Medieval Fantasy anime တစ်ခုပဲဖြစ်ပါတယ်၁၅ ရာစုနှစ်အချိန်မှာ အခြေတည်ထားပြီး scholar တွေနဲ့ Holy Church အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်Vinland Saga လိုမျိုး Fantasy အရမ်းမဆန်တဲ့ Medieval anime ကြည့်ချင်သူတွေ အတွက်တော့တော်တော်လေးကို အရသာ တွေ့စေမှာပါYuichi Nakamura(Gojo Satoru) နဲ့ Kejiro Tsuda(Nanami Kento) တို့လိုအရမ်းကောင်းတဲ့ အသံသရုပ်ဆောင်တွေ ပါဝင်ထားတာမလို့ ကြည့်ရတာ အရမ်းကောင်းနေမှာပါဇာတ်လမ်းအကျဥ်းကတော့ကမ္ဘာကြီးကို လူသားတွေရဲ့ အပြစ်ကြောင့် ဘုရားသခင်က စကြဝဠာရဲ့ အလယ်တည့်တည့်အနိမ့်ဆုံးနေရာမှာ ထားထားတယ်လို့ လူတွေ ယုံကြည်နေကြတဲ့ ခေတ်မှာနက္ခတဗေဒပညာရှင်တွေက စကြဝဠာရဲ့ အမှန်တရားအစစ်မှန်ကို ရှာနေကြပါတယ်ဒီလိုရှာနေကြတဲ့ သူတွေကို ဘုရားကျောင်းရဲ့ သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ဒိဌိတွေ ဆိုပြီးလိုက်လံ သုတ်သင်ရှင်းလင်းကြတဲ့ အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမှာလဲဒီလို အချိန်တွေမှာ အရမ်းတော်တဲ့ ...
7.5
TMDb: 7.5/10 4 votes
tv

Orb: On the Movements of the Earth (2024)

2024
Doubt (2024) [Complete]
Doubt (2024) [Complete] Doubt (2024)*******************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး ဒီသည်းထိပ်ရင်ဖိုဖွယ်ရာ series လေးမှာတော့ Dr.Romantic မှ ဂင်ဆာဘူအဖြစ်လူသိများကြတဲ့ မင်းသားကြီး Han Suk Kyu နှင့်အတူ Sweet Home, Snow Dropစသည့်ဇာတ်လမ်းတွဲများ‌တွင် ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Chae Won Binတို့ကအဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်း..ဂျန်ထယ်ဆူဟာ တရားခံများရဲ့ စရိုက်လက္ခဏာများကို အကဲခတ်လေ့လာပြီးအမှုမှန်ဖော်ထုတ်ရာတွင် နာမည်ကြီးတဲ့ ဆရာတစ်ဆူဖြစ်ပါတယ်။အဲဒီလိုမျိုးရှားမှရှား မှုခင်းပညာရှင် ဂျန်ထယ်ဆူဟာ ရူပ်ထွေးပွေလီတဲ့လူသတ်မှုတစ်ခုကို ကိုင်တွယ်ရန်ဖြစ်လာပါတော့တယ်။သူ့မှာ မိခင်မေတ္တာငတ်နေတဲ့ ဂျန်ဟာဘင်းဆိုတဲ့ သမီးလေးတစ်ဦးရှိပြီးအဖေတစ်ခု သမီးတစ်ခုဖြတ်သန်းခဲ့ကြရပေမဲ့ ဒီအမှုမှာ သမီးဖြစ်သူပါဝင်နေကြောင်းသိလိုက်ရချိန်ကစလို့ အခြေအနေတွေဟာ ဗြောင်းဆန်ကုန်ပါတော့တယ်။ဟာဘင်းက တကယ်ပဲ ဒီအမှုမှာ ပါဝင်ပက်သက်နေတာလား..တရားခံကရော ဘယ်သူလဲ.. သမီးဖြစ်သူကိုရော ဘယ်လိုကာကွယ်ပေးသွားမလဲ..စသည်ဖြင့် ဇာတ်လမ်းဇာတ်ကွက်စုံစုံကို နိမ့်ချည်တစ်လှည့် မြင့်ချည်တစ်ဖုံကိုအပါတ်စဉ် သောကြာ စနေနေ့များတွင် စောင့်မျှော်ကြည့်ရူရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့  Khin Ni မှ ရေးသား‌ထားပါတယ်။) Aired: ...

Doubt (2024) [Complete]

2024
Dear Hyeri (2024) [Complete]
Dear Hyeri (2024) [Complete] Dear Hyeri (2024)*******************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခါ ထွက်ရှိလာတဲ့ စီးရီးသစ်ကတော့ Sweet Home ထဲက Lee Jinwook နဲ့Welcome to Samdal-ri ထဲက Shin Hyesun တို့ နှစ်ယောက် ex-lovers တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားကြတဲ့ "Dear Hyeri" လို့ အမည်ရတဲ့ စီးရီးပဲဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-ဂျူအွန်းဟို ( Shin Hyesun ) ဟာ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်ပေမဲ့ လူသိပ်မသိတဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။သူ့ရည်းစားဟောင်းဖြစ်တဲ့ ဂျောင်ဟျွန်းအို ( Lee Jinwook ) ကတော့ အလုပ်ဝင်ဝင်ချင်းမှာတင်နာမည်ကြီးလာခဲ့တဲ့ နာမည်ကျော် သတင်းကြေညာသူတစ်ယောက်ပါ ။အချိန်အကြာကြီးတွဲခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ ဂျူအွန်းဟိုဟာ နှလုံးသားထဲက စိတ်ဒဏ်ရာတစ်ခုကြောင့်ဂျူဟယ်ရီလို့ ခေါ်တဲ့ နောက်ထပ် personality တစ်ခု ပေါ်ထွက်လာပါတော့တယ် ။ဂျူဟယ်ရီကတော့ မူရင်း ...

Dear Hyeri (2024) [Complete]

2024
Kill Me, Heal Me (2015) 8.1
Kill Me, Heal Me (2015) Kill Me, Heal Me (2015)*************************အပိုင်း (၁ မှ ၂၀) စ/ဆုံးK-drama iconic memes တွေထဲက တစ်ခုဖြစ်တဲ့ Ji Sung က Park Seo-joon ကို ပန်းရောင်ဝတ်စုံကြီးနဲ့ အိုပါးလို့ ပြေးခေါ်တဲ့ကားလေးပါ။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ji Sung , Hwang Jung-eum , Park Seo-joon တို့ Main lead အနေနဲ့ပါဝင်ထားပြီး Drama of the Year, Excellent Korean Drama စသဖြင့် အခြားသော ဆုများစွာကို ဆွတ်ခူးထားတဲ့ မရိုးနိုင်သော ကိုရီးယားဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း **************- Cha Do-hyun (Ji Sung) ဟာ နာမည်ကြီးလုပ်ငန်းစုရဲ့ တတိယမြောက်ဆက်ခံသူဖြစ်သော်ငြားလည်း ငယ်စဉ်ဘဝက စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေကြောင့် အတိတ်မေ့ကာ အကျင့်စရိုက် ၇ မျိုးရှိတဲ့ စိတ်ရောဂါကို ခံစားနေရသူတစ်ဦးပါ။သူ့ရဲ့ရောဂါကို ကုသဖို့အတွက်ကနေ အကြောင်းတိုက်ဆိုင်စွာပဲ စိတ်ရောဂါအထူးကု ပထမနှစ်ကျောင်းသူလေး Oh Ri Jin(Hwang ...
8.1
TMDb: 8.1/10 171 votes
tv

Kill Me, Heal Me (2015)

2015
Black Out (2024) [Complete]
Black Out (2024) [Complete] Black Out (2024)*****************အပိုင်းသစ် (၁ မှ ၁၄) စ/ဆုံး ဒီတစ်ခါမှာတော့ ကျွန်တော်တို့ CM ကနေ Black Out ဆိုတဲ့မှုခင်းဇာတ်လမ်းတွဲအသစ်လေးကို ဘာသာပြန်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Main Cast တွေအနေနဲ့ကတော့ ဂိုဂျောင်အူးအဖြစ် Mr. Sunshine၊Uncle Samsik ထဲမှ  Byun Yo Han၊ နိုဆန်းချောလ်အဖြစ် The Fiery Priest ထဲမှGo Jun တို့အပြင် The Heavenly Idol ထဲမှ Go Bo Gyeol၊ SKY Castle ထဲမှ Kim Bo Ra တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးမှာထွန်းပေါက်တဲ့ ဂိုဂျောင်အူးတစ်ယောက်SAT စာမေးပွဲဖြေပြီးတဲ့နောက်မှာ စိတ်ပြေလက်ပျောက်ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီခရီးစဥ်မှာပဲ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ ဂိုဂျောင်အူးတစ်ယောက်သာမန်ကျောင်းသားဘ၀ကနေ လူသတ်သမားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ရပြီး ...

Black Out (2024) [Complete]

2024
The Frog (2024) [Complete]
The Frog (2024) [Complete] The Frog (2024)**********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး ဒီနေ့ထွက်ရှိတဲ့ အမိုက်စားကားလေးမှာတော့ မင်းသားကြီး Kim Yoon Seok,Yoon Kye Sang, မင်းသမီးကြီး Lee Jung Eun နဲ့အတူ ကိုယ်တွေရဲ့ မချောGo Min Si အပြင် တခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရံများစွားလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့တောအုပ်လေးထဲမှာ အေးအေးချမ်းချမ်းနဲ့ ဂျွန်ယောင်းဟာဖွင့်ထားတဲ့အပန်းဖြေစခန်းလေးဆီကို တစ်နေ့မှာတော့ ပဟေဠိဆန်တဲ့ ယူဆောင်းအာဆိုတဲ့ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ဒါပေမဲ့ အဲဒီပဟေဠိဆန်တဲ့ ကောင်မလေး ရောက်လာပြီးနောက်မှာပဲသူရဲ့ ငြိမ်သက်နေတဲ့ဘဝဟာ ချောက်ခြားဖွယ်ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ဂူဆောင်းဂျွန်ဟာ မိုတယ်တစ်ခုကို လက်လွှဲယူပြီးမိသားစုဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေတဲ့သူပါ။ဒါပေမဲ့ သူရဲ့ ဟိုတယ်မှာလည်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်းအေးချမ်းနေတဲ့ သူ့မိသားစုဘဝလေးလည်း ကမောက်ကမတွေအတိနဲ့ပေါ့။တိုက်တိုက်ဆိုင်ဆိုင် ယွန်းဘိုမင်းဆိုတဲ့ ရဲဟာ အဲဒီအပန်းဖြေစခန်းနားမှာရှိတဲ့ရဲစခန်းကို စခန်းမှူးအဖြစ် တာဝန်ကျပြောင်းရွှေ့လာပြီး ရုတ်ချည်းဖြစ်သွားတဲ့အမှုတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့...ယူဆောင်းအာနဲ့ ဂျွန်ယောင်းဟာနဲက ဘယ်လိုပတ်သက်နေတာလဲ။အပန်းဖြေစခန်းက အမှုတွေကရော ဆောင်းအာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။စခန်းမှူးဘိုမင်းကရော ဘာတွေသိထားပြီး ...

The Frog (2024) [Complete]

2024
The Atypical Family (2024) [Complete]
The Atypical Family (2024) [Complete] The Atypical Family (2024)*****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့comeback drama လေးလာပါပြီ။ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong,Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲကClaudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းBok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေကသဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာအချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲသွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလိုအတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားပါတော့တယ်။ပျံနိုင်စွမ်း၊ နိမိတ်ပြအိပ်မက်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။အဲဒီလိုနဲ့ တစ်နေ့ ...

The Atypical Family (2024) [Complete]

2024
Beautiful Mind (2016) 7.5
Beautiful Mind (2016) Beautiful Mind (2016) ***********************အပိုင်း ၁ မှ ၁၄စ/ဆုံး ၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို..CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့....Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ်။ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ------------------ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့....ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့...တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ။နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက...သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့...ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ...ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း...လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ...ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်။ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို...တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား....ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ...ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ May ...
7.5
TMDb: 7.5/10 16 votes
tv

Beautiful Mind (2016)

2016
The Devil’s Plan (2023) [Complete] 7.656
The Devil’s Plan (2023) [Complete] The Devil's Plan (2023)************************အပိုင်း (၁ မှ ၁၂) စ/ဆုံး "နယ်ပယ်အသီးသီးက နာမည်ကြီး အနုပညာရှင် ကစားသမား၁၂ယောက် ပါဝင်ပြီး ဆုကြေးငွေ ဝမ် ၅၀၀မီလီယံအထိ ရရှိနိုင်မဲ့ ကစားပွဲ"NF ရဲ့ နာမည်ကြီးရှိုးတွေထဲက တစ်ခုဖြစ်တဲ့ဒီ The Devil's Plan ဆိုတဲ့ Game Show မှာတော့အဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲဆိုပြီး ကစားပွဲ နှစ်မျိုးပါဝင်ပါတယ်။ကစားသမား တစ်ယောက်ချင်းစီတိုင်းကို Piece တစ်ခုစီ ပေးထားပြီးတော့ဒီ Piece တွေကို အချင်းချင်း အလဲအထပ်လုပ်လို့ရသလိုGameအတွက် အကျိုးရှိမဲ့နေရာမှာလည်း အသုံးချလို့ရပါတယ်။Piece တစ်ခုမှ မရှိတော့တဲ့ ကစားသမားကတော့ ထုတ်ပယ်ခံရမှာ ဖြစ်ပြီးအဓိက ကစားပွဲနဲ့ ဆုကြေး ကစားပွဲကနေတဆင့် Piece တွေကို ရရှိနိုင်သလိုဆုံးရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ပြစ်ဒဏ်အနေနဲ့ကတော့ အဓိက ကစားပွဲကို ယှဉ်ပြိုင်လို့ အပြီးမှာPiece အနည်းဆုံး ပိုင်ဆိုင်ထားတဲ့ ...
7.656
TMDb: 7.656/10 64 votes
tv

The Devil’s Plan (2023) [Complete]

2023
The 8 Show (2024) [Complete]
The 8 Show (2024) [Complete] The 8 Show (2024) *******************အပိုင်းသစ် (၁ မှ ၈) /ဆုံး Survival Series အမျိုးအစားကို သဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်The 8 Showဆိုတဲ့ Series အသစ်ထွက်ရှိလို့လာပါပြီ။ဒီစီရီးကတော့ Money Gameနဲ့ Pi Game ဆိုတဲ့Webcomic နှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ငွေလိုအပ်နေတဲ့ လူ၈ယောက်ဟာMoney Gameလို့‌ ခေါ်တဲ့ Reality Variety Showကိုဖိတ်ကြားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်‌နေတဲ့ ကွန်ကရစ်နံရံတွေကြားမှာရက်၁၀၀ တိတိနေရမှာ ဖြစ်ပါတယ်။ရက်၁၀၀ အထိ နေနိုင်သွားရင်တော့ ၄၄.၈ဘီလီယံဆိုတဲ့ဆုကြေးကို အညီအမျှ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ အစားအသောက်အသုံးအဆောင် ပစ္စည်းတွေဟာ သာမန် ဈေးနှုန်းထက် အဆ၁၀၀၀များပြားပြီးတော့ ဆုကြေး‌ငွေထဲကနေ နုတ်ယူခံရမှာ ဖြစ်တယ်။ကွန်ကရစ် စတူဒီယိုထဲက သူတို့၈ယောက် ဘယ်လို စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...။Cast တွေအနေနဲ့ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Reply ...

The 8 Show (2024) [Complete]

2024
Goodbye Earth (2024) [Complete]
Goodbye Earth (2024) [Complete] Goodbye Earth (2024)***********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး "ရက် ၂၀၀ အတွင်း ကမ္ဘာပျက်မယ်ဆိုရင် သင်ဘာလုပ်မလဲ"ဂျပန်၀တ္ထုကို အခြေခံရိုက်ကူးထားပြီး Netflix ကနေ ထုတ်လွှင့်သွားမဲ့ဒီစီရီးမှာတော့ တစ်နှစ်တာအကောင်းဆုံးဇာတ်လမ်းတွဲဆုကိုရရှိသွားခဲ့တဲ့"My Dearest" ထဲက မင်းသမီး Ahn Eun-Jin ၊ "Seoul Vibe, Hellbound " ထဲကYoo Ah-in ၊ "The Fiery Priest" ထဲက ဖာသာလေးဖြစ်တဲ့ Jeong Sung-Woo ၊"Shooting Star" ထဲက Kim Yoon-Hye တို့အပြင် ဝါရင့်အနုပညာရှင်ကြီးတွေ ပါဝင်ထားပါတယ်။ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာကြီးပေါ်ကို ရက် 200 အတွင်းကျရောက်ပြီးကမ္ဘာကြီးပျက်သုဥ်းတော့မယ်လို့ လူသားတွေသိသွားကြတဲ့အခါမှာကမ္ဘာမြေကြီးမှာ ဝရုန်းသုန်းကားတွေ ဖြစ်သွားပါတော့တယ်။ဒီသတင်းကို သိသွားတဲ့အချိန်မှာတော့ အလယ်တန်းဆရာမလေး တစ်ယောက်ဖြစ်တဲ့Jin Se-Kyung (Ahn Eun-Jin) ဟာ အန္တရာယ်ကျရောက်နေတဲ့ကလေးတွေကိုကယ်တင်ဖို့အတွက် ကျောင်းဆရာမအလုပ်ကနေထွက်ပြီးတော့ ...

Goodbye Earth (2024) [Complete]

2024
My Happy Ending(2023)
My Happy Ending(2023) My Happy Ending(2023)***********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးပရိဘောဂ ကုမ္ပဏီတစ်ခုရဲ့ CEO လည်းဖြစ်၊ Follower 1သန်းကျော်ရှိတဲ့ influencer တစ်ဦးလည်းဖြစ်တဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆောဂျယ်ဝန်းဟာ ငယ်ဘဝမှာကတည်းက လောင်းကစားစွဲနေတဲ့ အမေရင်းကိုယ်စား ပထွေးဖြစ်သူရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနဲ့အတူ အခက်အခဲမရှိ ဖြောင့်ဖြူးတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်လာတဲ့အထိ ဘေးကနေ ကိုယ်ရောစိတ်ပါ ကူညီပေးပြီး မိသားစုကို အလေးထားတဲ့ ခင်ပွန်းကောင်းရယ်၊ ချစ်စရာသမီးလေးရယ်နဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်ထားတဲ့အပြင် အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ဆောဂျယ်ဝန်းဟာ သူအခုလို အစစ အရာရာ ပြည့်စုံပြီး အောင်မြင်နေတဲ့ဘဝကို ပိုင်ဆိုင်နိုင်တာဟာ သူ့ဘေးကလူတွေရဲ့ကျေးဇူးတွေကြောင့်လို့တွေးပြီး သူ့ဘေးကလူတွေကို အကျွင်းမဲ့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေအားလုံးကို ရိုက်ချိုးခံလိုက်ရတဲ့ အခိုက်အတန့်ဟာ ရောက်ရှိလာခဲ့ပါတော့တယ်။အောင်မြင်မှုနောက်ကိုပဲ လိုက်နေခဲ့ပြီး ယုံကြည်မှုတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ၊ လူတွေရဲ့ သစ္စာဖောက်မှုတွေကို သိလိုက်ရပြီးနောက်မှာ သူဘယ်လို ဆက်လုပ်မလဲ? လက်စားချေမှာလား? Drama နာမည် My Happy ...

My Happy Ending(2023)

It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...

A Bloody Lucky Day (2023) [Complete]

2023
Hyde, Jekyll, Me (2015) [Complete] 7.2
Hyde, Jekyll, Me (2015) [Complete] Hyde, Jekyll, Me (2015)**************************အပိုင်း (၁ မှ ၂၀) စ / ဆုံး ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hyun Bin နဲ့ Han Ji-min တို့ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ။မင်းသားနဲ့ မင်းသမီးကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ ထိပ်တန်းမင်းသား၊မင်းသမီးတွေဖြစ်တဲ့အပြင် ဒီကားလေးကလည်း အရမ်းအောင်မြင်ခဲ့တဲ့  ကားလေးမို့CM ပရိသတ်ကြီး  ပြန်လည်ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား​လေးက​တော့ -ဂူ​ဆောဂျင်းဆိုတဲ့ သူ​ဌေးသား​လေးက အရာရာ ပြီးပြည့်စုံပြီးလုပ်ငန်းစုကြီးကို  ဦးစီး​နေတဲ့ ဒါရိုက်တာတစ်​ယောက်ပါ။အစစ အရာရာ ပြည့်စုံ​နေတဲ့သူဆို​ပေမဲ့ ငယ်စဥ်ကပြန်​ပေးဆွဲခံရမှုကို ခံခဲ့ရပြီး  " လူတစ်ကိုယ် စိတ်နှစ်မျိုး "ပြောင်းလဲတတ်တဲ့ ထူးထူးဆန်းဆန်း စိတ်​​ရောဂါတစ်ခုကို ခံစား​နေရသူပါ။ဆောဂျင်းက အေးစက်ပြီး ခပ်မာမာလူတစ်ယောက်ဆိုရင် သူ့ရဲ့ ဆန့်ကျင်ဘက်ရိုဘင်က ကြင်နာသဘောကောင်းပြီး လူတွေကို ကယ်တင်တတ်တဲ့သူတစ်ယောက်ပေါ့။တစ်နေ့မှာ ဂူဆောဂျင်းက သူ့ရဲ့ လုပ်ငန်းစုထဲက တစ်ခုဖြစ်တဲ့ ကစားကွင်းထဲက ဝင်ငွေလည်း မရှိခေတ်လည်းနောက်ကျနေတဲ့ ...
7.2
TMDb: 7.2/10 17 votes
tv

Hyde, Jekyll, Me (2015) [Complete]

2015