Channel Myanmar

Animation

Arthur Christmas (2011) 7.1
Arthur Christmas (2011) Merry Christmas ပါ CM ပရိတ်သတ် ကြီးရေ။ ခရစ္စမတ် ပိတ်ရက်မှာ အေးဆေးကြည့်ရအောင် ခရစ္စမတ်နဲ့ ဆိုင်တဲ့ ကာတွန်းကားလေး တစ်ကားတင်ဆက်ပေးလိုက်ရပာတယ်ခင်ဗျား။ မိသားစု သားသမီးတွေနဲ့ ပေါ့ပေါ့ ပါးပါး ရယ်ရယ်မောမော ကြည့်လို့အဆင်ပြေတာပေါ့ဗျာ။ ဒီကား လေးကတော့ IMDB 7.1 အထိရထားတယ်ဆိုတော့ သိပ်တော့ ပြောစရာ လိုမယ် မထင်ပါဘူး။ ခရစ္စမတ် ညမှာ ခလေးတိုင်း ရဲ့ အိမ်ကို ဆန်တာက လက်ဆောင်လေးတွေ လိုက်ပို့ တက်တယ် လို့ အယုံအကြည်ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒီလောက်များတဲ့ကလေးတွေကို ဆန်တာ တစ်ယောက် ဘယ်လိုများ ပို့လဲ ပေါ့။ ဒီကားထဲမှာ အဲ့ အကြောင်းပြောပြထားပါတယ်။ တကယ်တော့ မြောက်ဝင်ရိုးစွန်းရဲ့ အောက်မှာ ဆန်တာ တို့က ခေတ်မှီ မြန်နှုန်းမြင့် စွပ်ဖားတွေ သုံးတာပေါ့။ ဒီနှစ်မှာလည်း လက်ဆောင် စုစုပေါင်း ၂ ဘီလီယံကို သယ်ပို့ပေးရမှာဆိုပါတော့။ ဒီလိုနဲ့ သယ်ပို့ ရေးလုပ်နေစဉ်မှာ မမျှော်လင့်တဲ့ အကြောင်းတစ်ခုကြောင့် လက်ဆောင်လေးတစ်ခုက ကျန်ခဲ့ပါတယ် အဲ့လက်ဆောင်လေးကို ...
movie

Arthur Christmas (2011)

2011
Niko: Beyond the Northern Lights (2024)
Niko: Beyond the Northern Lights (2024) မိသားစု၊စွန့်စား ကားလေးဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှ ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ နီကိုဆိုတဲ့ သမင်ပျံလေးရဲ့ ဆန်တာရဲ့လက်ဆောင်လှည်းပြန်ရဖို့ ခရီးစဉ်တလျှောက် စွန့်စားမှုတွေ နဲ့ တခြား ရသမျိုးစုံခံစားရစေမဲ့ ကလေးတွေသာမက လူကြီးတွေအတွက်ပါ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနီကိုဆိုတဲ့ သမင်ပျံလေးက သူ့ရဲ့အဖေလို ဆန်တာရဲ့ ပျံသန်းအဖွဲ့ဝင် ဖြစ်ချင်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို ဆန်တာ လက်ဆောင်လှည်းကြီး ပျောက်သွားအောင် လုပ်လိုက်တယ်။ ဒီလက်ဆောင်လှည်းကို ပြန်ရဖို့အတွက် နီကိုက သူ့သူငယ်ချင်းတွေ အပေါင်းအဖော်တွေနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။File size…(1.7 GB)/(966 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Animation, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eaint Phoo Khin 
movie

Niko: Beyond the Northern Lights (2024)

Penguins of Madagascar (2024) 6.6
Penguins of Madagascar (2024) Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73%ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄‌ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ် Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weirdဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့ စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ်ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ် ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး ...
movie

Penguins of Madagascar (2024)

4K HEVC
Madagascar 3: Europe’s Most Wanted (2012) 6.8
Madagascar 3: Europe’s Most Wanted (2012) Madagascar 3: Europe's Most Wanted (2012) IMDb - 6.8/10_____Rotten - 79%   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါဒီနောက်ဆုံးထွက် Europe's Most Wanted မှာဆိုရင် Alex နဲ့သူ့သူငယ်ချင်းတွေဟာသူတို့ရဲ့အိမ်ဖြစ်တဲ့ New York's Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါဒါပေမဲ့ Monte Carlo ကာစီနိုမှာဘဏ်ဖောက်ဖို့ကြိုးစားနေတဲ့ ပင်ဂွင်းနဲ့မျောက်တွေကို သွားခေါ်ရဖို့အကြောင်းဖန်လာပါတယ်အဲ့လိုနဲ့ ပြင်သစ်ကတိရစ္ဆာန်ထိန်းချုပ်ရေးအရာရှိမကြီး Dubois နဲ့တိုးတဲ့အခါမှာ Alex တို့မမျှော်လင့်တဲ့အခြေအနေတွေနဲ့ကြုံရပြန်ပါတယ်Alex တို့သူတို့ရဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား Dubois ကြီးကရော ဘယ်လိုတွေတားဆီးမလဲဆိုတာ အရှေ့က Madagascar 1 & ...
movie

Madagascar 3: Europe’s Most Wanted (2012)

2012
4K HEVC
Madagascar: Escape 2 Africa (2008) 6.6
Madagascar: Escape 2 Africa (2008) Madagascar: Escape 2 Africa (2008) IMDb - 6.6/10_____Rotten - 64%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က ...
movie

Madagascar: Escape 2 Africa (2008)

2008
4K HEVC
Madagascar (2005) 6.9
Madagascar (2005) Madagascar (2005) IMDb - 6.9/10_____Rotten - 54%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ ...
movie

Madagascar (2005)

2005
4K HEVC
Zootopia (2016) 8.0
Zootopia (2016) Zootopia (2016) IMDb - 8.0/10_____Rotten - 98% Won 1 Oscar. Another 46 wins & 71 nominations.    Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်... ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ် ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့... မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တဝါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်... ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ ...
movie

Zootopia (2016)

2016
4K HEVC
Attack on Titan: THE LAST ATTACK (2024) 9.2
Attack on Titan: THE LAST ATTACK (2024) Attack on Titan : The Last Attack (တကယ့်ဇာတ်သိမ်း) ............................................................. ဒါကတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ တကယ့်နောက်ရုပ်ရှင်ပါ . . . . လို့ပြောတာပဲ 🤣 AOTကိုကြည့်ဖူးတဲ့သူတွေအတွက် ဒီအပိုင်းက ဘာတွေပါမလဲ ဘာပိုထူးခြားလာလဲ ကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့ ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကို ပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲ ရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်က စာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲ စီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက် အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။ ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။IMDb 9.2/10 Rotten Tomatoes 99%ရထားတာက သက်သေပါပဲလေ။ဇာတ်လမ်းအကျဉ်းချုပ်ရေးပြဖို့ကလည်း စီးရီးတုန်းကရေးခဲ့တဲ့အညွှန်းကိုပဲ ပြန်ရေးရမယ်ထင်တယ်။ အသစ်အဆန်းမပါပဲ ဒါပဲမလို့လေ။ 😁ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီး လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ်သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာ တံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင် Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ်ဒါပေမယ့် တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့ Titanကြီးတကောင် ပေါ်လာချိန်မှာတော့…. File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Attack on Titan: THE LAST ATTACK (2024)

Night of the Zoopocalypse (2024)
Night of the Zoopocalypse (2024) ဒီ Animation လေးကတော့ Horror , Comedy အမျိုးအစားလေးဖြစ်ပြီး မိသားစုတွေ အပန်းဖြေပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကတော့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်ရုံ ပေါင်းစုံကနေ မထင်မှတ်ထားပဲ Zombie လိုမျိုး အကောင်တွေပျံနှံသွားတာကို ဝံပုလွေမလေး ဂရေစီနဲ့ တိရစ္ဆာန်ရုံ ပေါင်းစုံက တားဆီးတာကို Zombie Apocalypse ဆန်ဆန်လေး ရိုက်ပြထားတာပါ။ဒီထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီး နေရာမှာလဲ Stranger Things ထဲက Jim Hopper နေရာကသရုပ်ဆောင်တဲ့ David Harbour ကဝင်ရောက်အားဖြည့်ပေးထားပါတယ်ကြည့်ရတာ fun ဖြစ်ပြီး ဝေဖန်ချက်တွေလေးကောင်းတာမလို့ ကလေးတွေ မိသားစုတူတူကြည့်ရှူမယ်ဆိုရင် တော်တော်လေးအဆင်ပြေတဲ့ ကာတွန်းကားလေးပါ။၊ File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nikobaby
movie

Night of the Zoopocalypse (2024)

Dongeng Sang Kancil (2024) 6.7
Dongeng Sang Kancil (2024)  သမင်ငယ်လေးရဲ့ပုံပြင်လို့အဓိပ္ပါယ်ရတဲ့Dongeng Sang Kancil ကာတွန်းကားလေးကတော့မလေးရှား Animation ကားလေးဖြစ်ပါတယ်။ယုန်သမင်ငယ်လေးတစ်ကောင်ဟာ ဘာမှန်းမသိတဲ့အရိပ်မည်းကြီးက မိခင်ကိုသတ်ဖြတ်ခဲ့တာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတဲ့နောက် သူကြီးပြင်းလာတဲ့အခါ အမေဖြစ်သူအတွက် လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ယုန်သမင်လေးအရွယ်ရောက်လာချိန်မှာတော့သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ တောထဲကသတ္တဝါတွေကိုကူညီပေးလေ့ရှိတာကြောင့် တောတွင်းသတ္တဝါတွေအားကိုးရတဲ့တိရစ္ဆာန်လေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ယုန်သမင်ဟာ မြေပြင်၊ ကောင်းကင်နဲ့ရေထဲကအင်အားကြီးသားရဲတွေဖြစ်တဲ့ ဆင်၊ လင်းယုန်နဲ့မိချောင်းကိုတောင် သူ့ရဲ့ဉာဏ်ပညာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယုန်သမင်ဟာ သူ့အမေကိုသတ်ခဲ့တဲ့အရိပ်မည်းကိုရှာပုံတော်ထွက်တဲ့ခရီးမှာ အားနည်းတဲ့ယုန်သမင်လေးတစ်ကောင်ဖြစ်သော်ငြားလည်း သူ့ဉာဏ်ရည်ကိုသုံးပြီးအင်အားကြီးတဲ့သားရဲတွေနဲ့ တောတွင်းသတ္တဝါတွေနဲ့အကူအညီကိုရအောင်ယူရင်း ကြောက်စရာကောင်းတဲ့သားရဲကြီးတစ်ကောင်ဖြစ်တဲ့အရိပ်မည်းကိုအနိုင်ပြခဲ့ပုံကိုကြည့်ရှုရမှာဖြစ်ပါတယ်။  File size… (2.15 GB) / (1.30 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Adventure , Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Dongeng Sang Kancil (2024)

Storm Crashers (2024) 6.3
Storm Crashers (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့စပိန်စကားပြော ကာတွန်းကောင်းလေးတစ်ခုဖြစ်ပါတယ်။လာမန်ချာ ဆိုတဲ့ ရွာကလေးမှာ ကီဟိုတီမိသားစုနဲ့ ပန်ဆာဆိုတဲ့ မိသားစုနှစ်စုတို့လည်း နေထိုင်ကြလေတယ်။အဲဒီမိသားစုနှစ်စုကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြပါဘူး။ဒါပေမဲ့ အယ်ဖွန်ဆိုကီဟိုတီ နဲ့ ပွန်ချိုပန်ဆာ ဆိုတဲ့ကောင်လေးနှစ်ယောက်ကတော့ မိဘတွေမတည့်ကြသည့်တိုင်အောင် အချစ်ဆုံးသူငယ်ချင်းအဖြစ် တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားကြပါတယ်။လာမန်ချာရွာလေးဟာနှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းခုနှစ်တွေမှာတော့ မုန်တိုင်းကြီးတွေ တစ်လုံးပြီးတစ်လုံးတိုက်ခိုက်တဲ့အတွက် ကျေးရွာနေသူတွေ ပြောင်းရွှေ့ကြဖို့ ဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့လည်း စိတ်ကူးယဥ်ဆန်ပြီး စိတ်ကူးကောင်းတဲ့အယ်ဖွန်ဆိုလေးဟာ မုန်တိုင်းကြီးကို နှိမ်နင်းပြီး ရွာကိုကယ်တင်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချကာ သူငယ်ချင်းဖြစ်သူပွန်ချိုနဲ့ ဗစ်တိုးရီးယားတို့နဲ့အတူ သုံးယောက်သားမုန်တိုင်းကြီးကို နှိမ်နင်းဖို့ ရွာပြင်ကို ခရီးထွက်လာခဲ့ပါတော့တယ်။သူငယ်ချင်းသုံး‌ယောက် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲ......သူတို့ရည်မှန်းချက်ရော အောင်မြင်သွားမလားဆိုတာကိုတော့စိတ်ဝင်တစားကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာ။  File size… (1.82 GB) / (1 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre …. Adventure , Animation ...
movie

Storm Crashers (2024)

The Adventures of Rocky & Bullwinkle (2000) 4.3
The Adventures of Rocky & Bullwinkle (2000)  The Adventures of Rocky & Bullwinkle (2000)IMDb Rating (4.3) / Rotten Tomatoes (42%) "The Adventures of Rocky & Bullwinkle" သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။)File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N ...
movie

The Adventures of Rocky & Bullwinkle (2000)

2000
Street Fighter IV: The Ties That Bind (2009) 5.3
Street Fighter IV: The Ties That Bind (2009)  Street Fighter IV: The Ties That Bind (2009)IMDb Rating (5.3) ဇာတ်လမ်းအစမှာတော့ ကမ်မီဝှိုက်ပါဝင်တဲ့ Delta Red အဖွဲ့အစည်းဟာအမေဇုန်တောအုပ်ထဲကနေ စွမ်းအင်ထုတ်လွှင့်မှုတွေရဲ့ အရင်းအမြစ်ကို စုံစမ်းနေခဲ့ပါတယ်။ ကမ်မီဝှိုက်ကတော့ ဒါက Shadowlaw (ခ) Shadaloo ရာဇဝတ်အဖွဲ့အစည်း ရဲ့ လက်ချက်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။အားလုံးကတော့ Shadaloo ပြန်ရှင်သန်လာတာကို လက်ခံဖို့ ငြင်းဆန်နေဆဲပါ။တစ်ဘက်မှာတော့ ချွန်းလီ နဲ့ ကပ္ပတိန်ဂိုင်းလ်တို့ Duo က ကမ္ဘာတလွှားက ထိပ်သီးကိုယ်ခံပညာရှင်တွေထူးဆန်းစွာ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ခံပညာရှင်တွေရဲ့ အရေးကိစ္စပေါ်လာတိုင်းမှာမေ့ထားလို့မဖြစ်တဲ့ သိုင်းလောကထိပ်သီးလို့ ဆိုရမယ့် "ရူ" ကို မသမာသူတွေ လက်မဦးခင် ရှာဖွေဖို့ ကြိုးစားလာရပြန်ပါတယ်။ထိုအချိန်မှာ "ရူ"က သူ့ရဲ့အသွေးအသားထဲမှာ ဖြစ်တည်နေတဲ့ အမှောင်စွမ်းအား တစ်ခုဖြစ်တဲ့ "Satsui no Hado" ကိုလက်ခံအရှုံးမပေးလိုက်ဖို့ အသည်းအသန် ကြိုးစားလေ့ကျင့်နေပါတယ်။ ...
movie

Street Fighter IV: The Ties That Bind (2009)

2009
Pokémon 3: The Movie (2000) 5.8
Pokémon 3: The Movie (2000)  Pokémon 3: The Movie (2000)IMDb Rating (5.8) / Rotten Tomatoes (20%) ပိုကီမွန် လေ့ကျင့်ပေးတဲ့ trainer ပေါက်စလေး အက်ရှ်နဲ့ သူ့အခင်ဆုံး သူငယ်ချင်း တို့ တစ်ခု အစိမ်းရောင်နယ်မြေကို ခရီးသွားကြတဲ့အခါ ..........သာယာလှတယ်လို့ ဂုဏ်သတင်းကြီးတဲ့ အစိမ်းရောင်နယ်မြေက ကြားထားတာနဲ့ လုံးဝမတူ ပြောင်းလဲနေခဲ့ပါတယ်.......သူ့အမေက အဲ့နယ်မြေထဲကို ခေါ်သွားခံခဲ့ရတဲ့အခါ အက်ရှ်တစ်ယောက်ဘယ်လိုတေွစွန့်စားခရီးထွက်ပြီး ပိုကီမွန်လေးတွေနဲ့ ဖြေရှင်းမယ်ဆိုတာကို  ........ရင်သက်ဖွယ်ကြည့်ရမယ့် ဇာတ်ကားကောင်းပါ။ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ ပိုကီမွန်ကားထဲက တစ်ခုပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ EmmA ဖြစ်ပါတယ်။)File size…(1.5 GB) / (770 MB) Quality….WEB-DL 1080p / 720p Format…. mp4 Genre….Action,Adventure,Animation,Familly,Fantasy Duration….01:13:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by  EmmA 
movie

Pokémon 3: The Movie (2000)

2000
Resident Evil: Damnation (2012) 6.4
Resident Evil: Damnation (2012) Resident Evil: Damnation (2012)IMDb Rating (6.4) / Rotten Tomatoes (100%) ဒီဇာတ်ကားကတော့ ပထမ Resident Evil animationရဲ့ဒုတိယကားဖြစ်ပြီး Degeneration အပြီးနဲ့ တိုက်ရိုက်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ဟားဗတ်ဗေးလ်ဖြစ်ရပ်အပြီး ခွင့်နဲ့အနားယူနေတဲ့ လီယွန်တစ်ယောက် အစိုးရရဲ့အထူးဆင့်ခေါ်မှုနဲ့ အရှေ့ဆလဗ်သမ္မတနိုင်ငံကို မစ်ရှင်သွားရဖို့ ဖြစ်လာပါတယ်။ဆလဗ်နိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကနေ ကွဲထွက်လာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် UNနဲ့ EUတို့ရဲ့အသိအမှတ်ပြုတာကို လိုချင်‌နေတဲ့ နိုင်ငံငယ်တစ်ခုပါ။ဒါပေမဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးယူထားတဲ့ နိုင်ငံငယ်တို့ထုံးစံအတိုင်း အာဏာလုပွဲနဲ့ ပြည်တွင်းစစ်ပွဲတွေ ကပ်ပါလာခဲ့ပါတယ်။အဲဒီလို ပြည်တွင်းစစ်ဖြစ်နေတဲ့ အစိုးရနဲ့ သူပုန်တွေကြားဇီဝလက်နက်‌ ခေါ် ဗိုင်းရပ်ကူးစက်ခံသတ္တဝါဆန်းတွေကိုလက်နက်အဖြစ် အသုံးချနေတယ်ဆိုတဲ့ သတင်းကြောင့်ဒီအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ လီယွန်အနေနဲ့ လျှို့ဝှက်စုံစမ်းစစ်ဆင်ရေးတစ်ခုကို လုပ်ဖို့ဖြစ်လာရင်း အဆိုပါသတ္တဝါကြီးတွေ၊ အဲဒါတို့ကို ထိန်းချုပ်ထားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File size…(2.2 GB) / (910 MB) Quality….Blu-Ray ...
movie

Resident Evil: Damnation (2012)

2012
Resident Evil: Degeneration (2008) 6.4
Resident Evil: Degeneration (2008)  Resident Evil: Degeneration (2008)IMDb Rating (6.4) / Rotten Tomatoes (67%) ဒီဇာတ်ကားကတော့ နာမည်ကျော် Resident Evil gamefranchiseကြီးရဲ့ ပထမဆုံး animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Gameရဲ့ အဓိကဇာတ်ကောင်တွေပဲ ဖြစ်တဲ့Leonနဲ့Claireတို့ ပါဝင်ထားပြီး အမိုက်စားအက်ရှင်တွေနဲ့အကြမ်းစားဇွန်ဘီတွေကို မိတ်ဆက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းက Umbrella လုပ်ငန်းစုရဲ့ ဗိုင်းရပ်ပိုး‌ကြောင့် တစ်မြို့လုံး ဇွန်ဘီတွေဖြစ်ကုန်တဲ့ ရက်ကွန်းမြို့တော်ကိုအစိုးရက အဏုမြူဗုံးကြဲပြီး မကြာခင်ကာလကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ဗိုင်းရပ်ကပ်‌ဘေး ဖြစ်ပြီးနောက်ဝေလ်ဖာမာဆိုတဲ့ ကုမ္ပဏီက လူတွေနဲ့ သုတေသနလုပ်ပြီးဗိုင်းရပ်ဖြေဆေး ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့သုတေသနနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မြင်သာမှုရှိရှိထုတ်ပြန်တာ မရှိဘဲ ရလဒ်ဆိုးတွေ ထွက်နေတယ်ဆိုတဲ့ ကောလာဟလကြောင့် အပြင်းအထန်ဆန္ဒပြခံ‌နေရတာပဲဖြစ်ပါတယ်။အဲဒီကုမ္ပဏီကပဲ ဟားဗတ်ဗေးလ်မှာ သုတေသနစင်တာတစ်ခု ဖွင့်ဖို့ပြင်ဆင်နေတာကြောင့် ဆန္ဒပြမှုတွေ အရှိန်တက်လာသလို ဝေလ်ဖာမာကို အဓိကထောက်ပံ့နေသူဆီးနိတ်အမတ်ကလည်း အဲဒီမြို့ကို ရောက်လာတဲ့အချိန်မထင်မှတ်ထားတဲ့ ဇွန်ဘီတိုက်ခိုက်မှုကြီး ကြုံလိုက်ရပြီး အရေးပေါ်အခြေအနေ ...
movie

Resident Evil: Degeneration (2008)

2008
Doraemon: Nobita and the Legend of the Sun King (2000) 7.1
Doraemon: Nobita and the Legend of the Sun King (2000)  Doraemon: Nobita and the Legend of the Sun King (2000)IMDb Rating (7.1) ကျောင်းကပွဲအတွက် နိုဘီတတို့သူငယ်ချင်းတွေ လေ့ကျင့်နေကြတဲ့အချိန်မှာ ခံစားချက်ထည့်လို့ကောင်းဖို့ ဒိုရေမွန်က ဇာတ်ခုံအပြင်အဆင်တွေကို တကယ့်အစစ်အတိုင်း သူ့အိတ်ကပ်ထဲက စက်တစ်ခုကိုသုံးကာ ပြင်ပေးထားပါတယ်။ပြဇာတ်လေ့ကျင့်ပြီးလို့ နားနေကြတုန်းမှာ ကျိုင်းယန့်က အဲဒီစက်ကို လုယူသွားလို့ ဒိုရေမွန်တို့ စက်ကိုပြန်ယူဖို့ အချိန်ပေါက်စက်ကို သုံးရပါတော့တယ်။ အချိန်ပေါက်စက်နဲ့ ကျိုင်းယန့်အိပ်ခန်းထဲကို ညအချိန်ပြောင်းပြီး ဝင်ယူဖို့လုပ်ပေမယ့် နိုဘီတကြောင့် ကျိုင်းယန့်နိုးသွားပြီး မအောင်မြင်ခဲ့ပါဘူး။ဒါ့အပြင် မထင်မှတ်ဘဲ အချိန်ပေါက်စက်ပါ ပျက်စီးသွားပါတော့တယ်။ အချိန်‌ပေါက်စက်က ချို့ယွင်းသွားပြီး မာရာနာတိုင်းပြည်လို့ခေါ်တဲ့ နေရာတစ်ခုနဲ့ သွားချိတ်ဆက်နေမိတာပါ။ ဒီလိုနဲ့ နိုဘီတနဲ့ဒိုရေမွန်တို့ ဝင်ကြည့်မိရင်း ကြုံတွေ့ရမယ့် စွန့်စားခန်းတွေကတော့... (အညွှန်းနဲ့ဘာသာပြန်ကတော့ Benni ဖြစ်ပါတယ်။)File size…(2.6 GB) / (980 MB) Quality….WEB-DL 1080p / 720p Format….mp4 Genre….Adventure,Animation,Family,Fantasy,Science Fiction Duration….01:31:49 Subtitle….Myanmar ...
movie

Doraemon: Nobita and the Legend of the Sun King (2000)

2000
Up (2009) 8.2
Up (2009)  Up (2009)IMDb Rating (8.3) / Rotten Tomatoes (98%) Pixarဆိုတဲ့ animation studio အကြောင်း ပြောကြတဲ့အခါ အများနဲ့မတူတဲ့ storyline, ဇာတ်ကောင်ဖန်တီးမှုပုံစံတွေ၊ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံတွေနဲ့ ကျွန်တော်တို့ ငယ်ဘဝအမှတ်တရအများစုကို ဖန်တီးပေးနိုင်ခဲ့တဲ့ studioတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ဒီstudioကပဲ ထုတ်လိုက်တဲ့Upဆိုတဲ့ Animationဇာတ်ကားကတော့ အတော်များများရင်းနှီးပြီးသားဖြစ်သလို မကြည့်ဖူးတဲ့သူလည်း အတော်ရှားမယ့် animationဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Action နဲ့ comedyကိုရောစပ်ထားပြီးချစ်ခြင်းမေတ္တာ‌တွေ ဒရာမာတွေကိုလည်း ပီပြင်အောင်ဖန်တီးထားတာပါ။ Carlဆိုတဲ့ ကင်းထောက်ကောင်လေးတစ်ယောက်က Ellie ဆိုတဲ့ သဘာဝစူးစမ်းလေ့လာရေးစိတ်ဝင်စားသူနဲ့ အကြောင်းပါခဲ့ပြီး Wild Life Explorerဖြစ်ချင်တဲ့အိပ်မက်ကို အတူအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြီးဆုံး အိပ်မက်ကအမေဇုန်တောထဲမှာ ရှိတဲ့ Paradise Fallဆိုတဲ့ ရေတံခွန်နံဘေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေသွားဖို့ပါ။ဒါပေမဲ့ သူတို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်ခင်Ellie တစ်ယောက်ဆုံးပါးသွားတဲ့နောက် အထီးကျန်နေတဲ့Carlအ‌နေနဲ့ ဇနီးဖြစ်သူ မလုပ်နိုင်ခဲ့တဲ့အရာကို လက်တွေ့ဖြစ်အောင် လုပ်ပေးဖို့ ...
movie

Up (2009)

2009
4K HEVC