Channel Myanmar

History

Emergency (2025) 5.1
Emergency (2025) Emergency (2025) "အရေးပေါ်အခြေအနေ"အခုတစ်ခါမှာ မင်းသမီး ကန်ဂနားရာနော့ ကိုယ်တိုင်ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ သမိုင်းအထုပ္ပတ္တိဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အင်ဒီရာဂန္ဒီရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတာပါအင်ဒီရာဟာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး နေရူရဲ့သမီးဖြစ်ပါတယ်အိန္ဒိယပြည်သူတွေက အစောပိုင်းမှာ သူ့ရဲ့လုပ်ရပ်တချိုကြောင့် တစ်တိုင်းပြည်လုံးချစ်ကြတဲ့ အမျိုးသမီးသူရဲကောင်းအဖြစ် မြင်ခဲ့ကြပြီး၁၉၆၆ မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၁၉၇၁ မှာ ဘင်္ဂလားဒေ့ရှ်ကို ပါကစ္စတန်လက်အောက်မှ လွတ်မြောက်ရေးမှာ ကူညီခဲ့ပါတယ်၁၉၇၅ မှာတော့ တိုင်းပြည်မငြိမ်သက်တာကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်လိုက်တဲ့နောက်မှာ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ စည်းမျဉ်းတွေက ပြည်သူတွေမုန်းစရာဖြစ်လာပါတယ်အိန္ဒိယပြည်သူတွေ ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတဲ့ ဒီအမျိုးသမီးရဲ့ ငယ်ဘဝကနေ လုပ်ကြံခံရတဲ့အထိ အဖြစ်အပျက်တိုကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2 GB / 977 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Emergency (2025)

The Shadow (2024) 6.5
The Shadow (2024)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror မဆန်တဲ့ Horrorဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Biography ဆန်ဆန် မှုခင်း ဇာတ်ကား တစ်ခုလို့ပြောလို့ရတဲ့ ဒီဇာတ်ကားဟာ ၁၈၉၀ ခုနှစ် ဝန်းကျင်အက်စ်တိုးနီးယားနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုရုရှအင်ပါယာ လက်‌အောက်ကို ကျရောက်နေခဲ့ချိန်ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။အဓိက သရုပ်ဆောင်ဖြစ်တဲ့ ဂျူဟန်လိဗ် ဇာတ်ကောင်ဟာအစ္စတိုးနီးယားနိုင်ငံ လွတ်လပ်‌ရေး မရခင် မျှော်လင့်ချက်တွေမှေးမှိန်နေခဲ့တဲ့ ပြည်သူ‌တွေရဲ့ စိတ်ဓာတ်ကို တနည်းတဖုံမြှင့်တင်ပေးခဲ့တဲ့ ကဗျာဆရာ တစ်ဦး ဖြစ်ပါတယ်။ဂျူဟန် စိတ်ကျန်းမာ‌ရေး ဆေးရုံကို ဆယ်စုနှစ် တစ်ခုနီးပါးအပို့မခံရခင် သူစပြီး ခံစားခဲ့ရတဲ့ ရောဂါ ရှေ့ပြေးလက္ခဏာတွေကို ထင်ဟပ် တင်ဆက်ထားပြီးတော့ အဲဒီအချိန်ကသူရေးခဲ့တဲ့ Vari ( Shadow) ဆိုတဲ့ ဝတ္ထုတိုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီလိုမျိုး ဝေဒနာတွေဖြစ်နေချိန်မှာ လူသတ်မှုတစ်ခုကိုကြုံတွေခဲ့ရပြီးတော့ အဲဒီလူသတ်မှုကို အမှုမှန်ပေါ်ပေါက်အောင်ကြိုးစားခဲ့တဲ့ ဂျူဟန်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားက အက်စ်တိုးနီးယားနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ရင်းနှီးတဲ့သူတွေအတွက် အဓိပ္ပါယ်ရှိပေမယ့် ...
movie

The Shadow (2024)

The Hero Named Koxinga ( 2022 ) 6
The Hero Named Koxinga ( 2022 ) ဒီဇာတ်ကားကတော့ သမိုင်းမှာတကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်ပြည်ဟာ ချင်ပြည်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံရစဥ်မှာ ကောရှင်းရယ် အမည်တွင်တဲ့သူရဲကောင်းတစ်ယောက် ပေါက်ထွက်လာခဲ့တယ်။နာမည်ကတော့ ကျန်းချန်ကုန်းဖြစ်ပြီး၊ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အသက်ပေးထားတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ တိုက်ပွဲတိုင်းကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီး တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲက ကာကွယ်နိုင်သူ။ ပြည်သူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်။ တိုင်းပြည်အရှုပ်အထွေးနဲ့ကြုံပြီး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ရဲ့ဉာဏ်ပညာနဲ့ နည်းဗျူဟာကျကျ တွက်ချက်ပုံတွေ၊ ပြည််သူအများ​ကိုကာကွယ်ပုံတွေကိုကြည့်ရှုရမှာဖြစ်သလို၊ သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ သူရဲကောင်းတွေအကြောင်းကိုလည်းကြည့်ကြရမှာပါ။သရုပ်ဆောင်တွေဟာလည်းဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ပြီး၊ စစ်ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်မှာပါ။ စစ်ဗျူဟာတွေ လှည့်ကွက်တွေဟာလည်း ပျင်းသွားစရာတစ်ကွက်မှမရှိဘဲ ၊ စစ်တိုက်ခန်းတွေဟာလည်း တကယ်ကြမ်းပါတယ်။ အရင်ခေတ်ကားတွေကိုကြည့်နေရသလိုခံစားချက်မျိုးရစေမယ့် ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦး။ Filesize : 1.26 GB / 697 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , History , War Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

The Hero Named Koxinga ( 2022 )

I’m Still Here (2024)
I’m Still Here (2024) IMDB Rating 8.5/10ဒီဇာတ်ကားလေးကတော့ အော်စကာဆုပေးပွဲမှာ Best International Feature Film ဆုရရှိခဲ့ပြီး Best Picture နဲ့ Best Actress ဆုတွေအတွက် ဇကာတင်ဝင်ခဲ့တဲ့ ဘရာဇီးရုပ်ရှင်ကားကြီးပါ။ဘရာဇီးလွှတ်တော်အမတ် မာဆယ်လို ရူဘင် ပါဗာရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်က ဘရာဇီးတနိုင်ငံတင်မက နိုင်ငံတကာကပါ အားပေးမှုအများကြီးရရှိခဲ့အောင် ကောင်းမွန်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ယူနိစ် ပါဗာဟာ လွှတ်တော်အမတ်ဟောင်းရဲ့ ဇနီးဖြစ်ပြီးတော့ ယောက်ျားဖြစ်သူ ရူဘင်ပါဗာနဲ့ သားသမီးငါးယောက်တို့နဲ့အတူ သာယာပျော်ရွှင်စွာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေတဲ့အိမ်ရှင်မတစ်ဦးပါ။အဲ့ဒီ့အချိန်ကာလ ဘရာဇီးနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကာလတွေနဲ့ တော်လှန်ရေးကာလကြားမှာကျရောက်နေတာဖြစ်ပါတယ် တစ်နေ့မှာတော့ ယူနိစ် ပါဗာတို့အိမ်ကို ဘရာဇီးစစ်တပ်ကလူတွေ ရောက်လာပြီးတော့ သူမရဲ့ယောက်ျားဖြစ်သူ လွှတ်တော်အမတ်ဟောင်း ရူဘင် ပါဗာကို မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားပါတော့တယ်။ စိတ်မကောင်းစွာနဲ့ပဲ ရူဘင် ပါဗာဟာ ခဏတဖြုတ်ပဲလို့ပြောပြီး ခေါ်သွားရာက သတင်းမကြားရတော့ဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ...
movie

I’m Still Here (2024)

2024
4K HEVC
William Tell (2024) 6.0
William Tell (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အလယ်ခေတ်နှောင်းပိုင်း Action အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာဆိုရင် ၁၄ ရာစုက ဥရောပသားတို့ရဲ့အားကြီးသူအနိုင်ယူတဲ့ ဘဝပုံရိပ်ကို ဒဏ္ဍာရီသူရဲကောင်းWilhelm Tell ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ တင်ဆက်ပြသထားပြီး အလယ်ခေတ်နှောင်းပိုင်းပုံရိပ်တွေကို နှစ်ခြိုက်ဖွယ်ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်...Wilhelm Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီးအမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကို ထူထောင်ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်...စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန်တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်းယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ်ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အားသတ်ဖြတ်ခဲ့သူကို မုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကိုလိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကိုအကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်...တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ သတ်ဖြတ်ခဲ့တဲ့ အခွန်တော်ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့်ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီး သူ့သိက္ခာကိုဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်...ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်းဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီးအာဏာပြရာမှာတော့ မူလက လူမျိုးစုပြဿနာများကြောင့်အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်းသွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့အကြောင်းဖန်တီးလာပြီး ဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့ပြင်ဆင်ကြရာမှာတော့…ဒီကားလေးမှာဆိုရင် ...
movie

William Tell (2024)

Redeeming Love (2022) 6.7
Redeeming Love (2022) Redeeming Love (2022)IMDb Rating (6.7) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲ?ကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုးကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ကျွန်မဆိုတာကလည်းမိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲ။ရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့်ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲ။ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ...
movie

Redeeming Love (2022)

2022
4K HEVC
The Dish (2000) 7.2
The Dish (2000)  The Dish (2000)IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind.ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး ‌နီးလ် အမ်စ‌ထရောင်းပြောခဲ့သလို "လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ"ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ...
movie

The Dish (2000)

2000
Spy and Butterfly (2025) 5.6
Spy and Butterfly (2025) ကူမင်တန်ပါတီဝင်ဖြစ်တဲ့ ချန်ဆရာဝန်ဆိုတဲ့လက်အောက်မှာတပည့်သုံးယောက်ရှိတာပေါ့။ တစ်ယောက်ကတော့ တူမဖြစ်သူချန်ယိ၊နောက်နှစ်ယောက်ကတော့ ဟွလုံကျစ်နဲ့ လီယောင်းတို့တွေဖြစ်ကြတယ်။ဟွလုံကျစ်က တပည့်ထဲမှာ အတော်ဆုံးဖြစ်ပြီး သူကကွန်မြူနစ်ပါတီဝင်ကိုချန်ဆရာဝန်လက်အောက်မှာ သရုပ်မှန်ဖုံးကွယ်နေရင်းနဲ့ ဂျပန်တွေရဲ့ရှန့်ဟိုင်ကိုဖျက်ဆီးပစ်မယ့် ထျန်းကျောက်စီမံကိန်းကို ဖျက်ဆီးဖို့ကြိုးစားအကောင်အထည်ဖော်နေကြတာပေါ့။ဒီလိုနဲ့တနေ့မှာတော့ သူတို့ပေါင်းနေကျစခန်းကိုဂျပန်တွေသိသွားပြီးလာတိုက်ခိုက်တဲ့အချိန်မှာ ပြင်းပြင်းထန်ထန်အသေအကျေပျက်စီးသွားရာကနေစပြီး အဖွဲ့အစည်းထဲမှာသူလျှိုရှိနေကြောင်းသံသယဝင်ပြီး သူလျှိုကိုပါစုံစမ်းတဲ့အပြင် ထျန်းကျောက်စီမံကိန်းကိုပါ ဖျက်စီးဖို့ နည်းလမ်းရှာကြပါတော့တယ်။ဒီလိုနဲ့ တဖြည်းဖြည်းတစစသိလာရတဲ့အခါမှာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ကွန်မြူနစ်နဲ့ကူမင်တန်ပါတီတို့ကြားက ပဋိပက္ခတွေအပြင် ဂျပန်တွေရဲ့ရက်စက်ပုံပါတပါတည်း တွေ့မြင်ရမှာမို့လို့ ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.08 GB / 619 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , War , History Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Spy and Butterfly (2025)

Diagnosis: Dissent (2024) 7.9
Diagnosis: Dissent (2024)  Diagnosis: Dissent (2024)IMDb Rating (7.9) အန်ဒရီ ဒိုဗ်ချန်ကိုက ငယ်ချစ်ဇနီးချောလေး သားတစ်ယောက်နဲ့အတူအောင်မြင်သာယာတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် သူဟာ ဆိုဗီယက်အစိုးရကိုဆန့်ကျင်သူတစ်ယောက်ဖြစ်ပြီး အစိုးရယန္တရားမှာပါဝင်နေတဲ့ ယောက္ခမကြီးနဲ့လည်း လုံး၀အစေးမကပ်ပါဘူး။အဲ့ဒီလိုပြဿနာသေးသေးလေးတွေကနေ မီးခိုးကြွက်လျှောက်ဖြစ်ပြီး တားမြစ်ထားတဲ့ သီချင်းတွေကိုနားထောင်မှုနဲ့ထောင်ကျခံရမယ့် အရေးကိုရှောင်လွှဲဖို့ သူဟာ စိတ်မူမမှန်ကြောင်းသက်သေထူပြီးစိတ်ရောဂါကုဆေးရုံတစ်ခုကို ပို့ဆောင်ခံလိုက်ရာကနေ ထင်မှတ်မထားတဲ့ ငရဲခန်းကိုကြုံတွေ့ဖို့ဖြစ်လာပါတော့တယ်။KGB တွေဟာ စိတ်ရောဂါကုထုံးကိုလက်နက်တစ်ခုလိုအသုံးချပြီး အစိုးရနဲ့ဘာသာရေးအတိုက်အခံတွေကို အသိစိတ်ပျောက်တဲ့အထိနှိပ်စက်ညှင်းပန်းနေခဲ့တာဖြစ်ပါတယ်။ဒီငရဲခန်းကနေ အန်ဒရီ တစ်ယောက် အသက်ရှင်ရက်လွတ်မြောက်နိုင်ပါ့မလား?ဒါမှမဟုတ် ဘ၀တူအကျဉ်းသားတွေလိုပဲ အမှန်တကယ်ရူးသွပ်တဲ့အခြေနေကိုဆိုက်သွားတော့မလား? ခံစားကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Diagnosis: Dissent (2024)

The Battleship Island (2017) 7.1
The Battleship Island (2017) The Battleship Island (2017) ****************************ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်... ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်...ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki,မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း --------------၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ...ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်...ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ...ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ...
movie

The Battleship Island (2017)

The Moonhunter (2001) 6.2
The Moonhunter (2001) The Moonhunter (2001) *********************MoonHunter တစ်နည်းပြောရရင် လမင်းကိုအမဲလိုက်မယ့်မုဆိုး၊ မဖြစ်နိုင်တာကိုမျှော်လင့်ရင်း ကြိုးစားနေတဲ့သူတစ်ယောက်စနစ်ဆိုးတစ်ခုကို တစ်ယောက်အားနဲ့တော်လှန်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ တော်လှန်ခရီးကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်လမ်းလေးကတော့ ၁၉၇၃ ခေတ်သစ်ထိုင်းနိုင်ငံ‌ရေးသမိုင်းက အကြီးဆုံးဆန္ဒပြပွဲကြီးကို ဦးဆောင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဆန္ဒပြပွဲအပြီး တော်လှန်ရေးသမားဘဝကို လုံးလုံးလျားလျားခံယူလိုက်ပြီးချိန် သူ့ရဲ့ဘဝခရီးကြမ်း...တော်လှန်ရေးအင်အားစုတွေကြားက အယူဝါဒီကွဲပြားမှုတွေနဲ့ စိတ်ဝမ်းကွဲမှုတွေ ပြည်ပရဲ့သက်ရောက်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ...ကလောင်တံကနေ သေနတ်ကိုင်တဲ့အထိ အတူလိုက်ပါခဲ့တဲ့ချစ်ရသူနဲ့အတူ တော်လှန်ရေးသမားတစ်ယောက်ရဲ့ ပေးဆပ်မှုတွေ စတေးခံမှုတွေနဲ့ဖယောင်းလမ်းမဟုတ်တဲ့ ခယောင်းလမ်းပေါ်က သူတို့တွေရဲ့ဘဝကို တစ်စွန်းတစ်စရိုက်ပြထားတာပဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်...File Size : 4.12GB / 1.4GB Quality : WEB-DL 1080p / 720p Duration : 1h 47m Genres : Biography, Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Moonhunter (2001)

11 Rebels (2024) 6.6
11 Rebels (2024) 11 Rebels (2024)*******************IMDB..... 6.6 CM ပရိသတ်ကြီးအတွက် ၃၇ကြိမ်မြောက် တိုကျိုနိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ပြသခဲ့တဲ့သမိုင်းဝင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဘိုရှင်းစစ်ပွဲဖြစ်ဖို မစတင်ခင် ပြင်ဆင်နေချိန်အတွင်းမှာ မဟာမိတ်တွေ ပူးပေါင်းတာတပ်သားများ စုဆောင်းတာတွေ လုပ်တဲ့အပြင် ရာဇဝတ်မှုကျူးလွန်လို ကွက်မျက်ခံရမဲ့သူတွေကိုပါ  ရှေ့တန်းကနေ အသေခံတိုက်ခိုက်ခိုင်းဖိုအတွက် ပြင်ဆင်ပါတော့တယ်။ဒီအထဲမှာမှ ရှီဘာတာမျိုးနွယ်စုများနဲ့အတူတိုက်ခိုက်ဖိုအတွက် လတ်တလောမှာကွက်မျက်ခံရဖိုအတွက် ရှိနေတဲ့ ၁၁ယောက်ကို အင်ပါယာတပ်တော်သတ်သေအဖွဲဆိုပြီးတော့ဖွဲပေးလိုက်ပြီး ရှေ့တန်းကနေ အသေခံတိုက်ခိုင်းဖိုလုပ်ပါတော့တယ်။ဒီသူပုန်၁၁ယောက်ဟာ ဘယ်လို ပါဝင် တွန်းလှန်တိုက်ခိုက်သွားမလဲ ......ဒီစစ်ပွဲကြီးဖြစ်နေတဲ့ကြားမှာ အာဏာပိုင်တွေကရော ဘယ်လိုအကွက်တွေ ရွှေ့ကြဦးမလဲ ....ဆိုတာကို ကြည့်ရှုရမဲ့ သမိုင်းဝင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းကိုတော့ Char Ou မှ ရေးသားထားပေးပါတယ်။) File Size : 3.03GB/ 1.29GB Quality : WEB-DL 1080 5.1Ch/ 720p Format…mp4 Duration…02:37:00 Genre : Action, Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou, ...
movie

11 Rebels (2024)

War Horse (2011) 7.3
War Horse (2011) War Horse (2011) ****************အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ။ စစ်မြင်းတစ်ကောင်အကြောင်းပေါ့...Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်...စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီးပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်....ဇာတ်လမ်းအညွှန်း -------------ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ ...
movie

War Horse (2011)

From Hilde with Love (2024) In Liebe, Eure Hilde 7.0
From Hilde with Love (2024) In Liebe, Eure Hilde  From Hilde with Love (2024)IMDb Rating (7.0) / Rotten Tomatoes (80%) ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီဝါဒဟာ သူ့လူမျိုးအတွက် ဦးတည်လို့ ဘယ်လိုပဲဆိုဆို နာဇီဝါဒကို ဂျာမန်ပြည်တွင်းထဲမှာပဲ လက်ခံသူတွေရှိခဲ့သလို လက်မခံသူတွေလည်း ရှိခဲ့တယ်။ဒီကာလက ဝါဒရေးရာတွေ အမြင်က ရှင်းမယောင်နဲ့ အသေးစိတ်ကြည့်ရင် တော်တော်ရှုပ်ထွေးတာတော့ အားလုံးသိပြီးကြသလိုပါပဲ။အာရင်ဘတ်စာတွေထဲကလိုပဲ စစ်ပွဲကာလနဲ့ လူ့အမြင်တွေ လူသားဆန်မှုတွေက ရှင်းမရတဲ့ချည်ခင်တွေလိုပါပဲ။ဒီဇာတ်လမ်းကတော့ အဲဒီလိုဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်ကတော့ Hildeဆိုတဲ့ ဂျာမန်မလေးအကြောင်းပါ။သူက ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီဝါဒါကိုဆန့်ကျင်ပြီး ကွန်မြူနစ်ဝါဒကို အားပေးပြီး ရုရှတွေနဲ့ ဆက်သွယ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့သူပါပဲ။၁၉၄၂ နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေတုန်း ဂတ်စတာပိုတွေဖမ်းခေါ်သွားတာခံခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမွေးခဲ့ပြီး ၁၉၄၃နှစ်ကုန်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ကွပ်မျက်မခံရရင် ဒီသနားစရာ မိန်းကလေးက ဟစ်တာလာဆီ အသနားခံစာ တင်ခဲ့ပေမဲ့ ဟစ်တလာက ပယ်ချခဲ့ပါတယ်။ရုပ်ရှင်ထဲတော့ စစ်ရေးကို ထည့်မပြောသွားပေမဲ့လည်း ...
movie

From Hilde with Love (2024) In Liebe, Eure Hilde

2024
A City of Sadness (1989)
A City of Sadness (1989)  ၁၉၄၅ ခုနှစ် ဂျပန်တို စစ်ရှုးပြီးနောက် ထိုင်၀မ်ကျွန်းကို တရုတ်နိုင်ငံဆီပြန်အပ်ရချိန် ၅၁ နှစ်ကြာ ဂျပန်ပိုင်ဖြစ်ခဲ့တဲ့ ထိုင်၀မ်ဟာ ဂျပန်လက်ထဲက လွတ်မြောက်ခဲ့ရပေမဲ့ တခြားစစ်ပွဲတွေက ဆီးကြိုနေသေးတယ်။ အစိုးရအပြောင်းအလဲတွေကြောင့် ဖရိုဖရဲတွေဖြစ်နေတဲ့အချိန်မှာ ကံကြမ္မာဆိုးတွေကို တစ်ခုပြီးတစ်ခု ခါးစည်းခံရတဲ့ လင်းမိသားစု။ လင်းမိသားစုမှာ ‌သားယောကျာ်း ၄ ယောက်ထွန်းကားတယ်။အကြီးဆုံးသားက အိမ်ထောင်ဦးစီးတာ၀န်ယူ၊ ဒုတိယမြောက်နဲ့တတိယမြောက်သားတွေက စစ်အတွင်းမှာ တပ်ထဲပါသွားခဲ့ပြီး ဒုတိယမြောက်သားက ဖိလစ်ပိုင်ကိုထွက်သွားခဲ့ရာကနေ စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ အိမ်ပြန်ရောက်မလာခဲ့။ တတိယမြောက်သားက စစ်ပွဲကရလာတဲ့စိတ်ဒဏ်ရာတွေကြောင့် တစ်ခါရူးရ၊ အိမ်ပြန်ရောက်ပြီး စစ်သားတွေနှိပ်စက်လို တစ်ခါပြန်ရူးရ၊ အငယ်ဆုံးသားလေးကတော့ ၈ နှစ်အရွယ်မှာ မတော်တဆဖြစ်ကာ နားကန်းခဲ့ရ။ ထိုင်၀မ်သားနဲ့ပြည်မသားတွေရဲ့ကြားက ပဋိပက္ခဖြစ်ပွားချိန် လင်းမိသာစုကြုံတွေ့ရဲ့အရာတွေကို လွမ်းမောဖွယ်တင်ဆက်ပြသပေးထားပါတယ်။သမိုင်းနောက်ခံ စစ်အကြောင်းကိုရိုက်ထားပေမဲ့ ဒါရိုက်တာကြီး Huo Hsiao Hsein ရဲ့ထူးခြားပြောင်မြောက်ကာ သူမတူတဲ့စွမ်းရည်ကြောင့် လွမ်းဖွယ်အတိဖြစ်ကာ ဂန္တ၀င်မြောက်ခဲ့ရတယ်။ (ရုပ်ရှင်ကိုကြည့်ရှုခံစားပြီးလို soundtrack ကိုသဘောကျနှစ်ခြိုက်မိခဲ့သည်ရှိသော် - ...
movie

A City of Sadness (1989)

Downfall (2004) 8.2
Downfall (2004)   IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%)ဟစ်တလာ ကျဆုံးခန်း!!!၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ဘာလင်က Third Reich မြို့တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။" Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra Maria ...
movie

Downfall (2004)

2004
4K HEVC
Bonhoeffer: Pastor. Spy. Assassin (2024) 6.3
Bonhoeffer: Pastor. Spy. Assassin (2024)  Bonhoeffer: Pastor. Spy. Assassin (2024)IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Bonhoeffer: Pastor. Spy. Assassin (2024)

2024
Ayla: The Daughter of War (2017) 8.5
Ayla: The Daughter of War (2017) ဖြစ်ရပ်မှန် စစ်နောက်ခံ ရုပ်ရှင်ကားတစ်ခု တင်ပေးပါရစေ။ Rating 8.2 အထိ ရှိပါတယ်။တကယ် ခံစားလို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီ တပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ကိုရီးယား ကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ်။ ကလေးလေးက စကားလည်းမပြောနိုင်နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်။ အိုင်လာ ဆိုတာ လရောင် လို့အဓိပ္ပါယ်ရတဲ့ တူရကီ စကားလေးပါပဲ။ စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့ တူရကီ စစ်သားနဲ့ သူ့ကို အဖေလို့ပဲ ထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ။နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာအိုင်လာကိုပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ်။ ဆူလီမန်က ပြောခဲ့တယ် အဖေဆိုတာသားသမီးကို ပေးတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်ရှင်နေတာပါတဲ့။ ကြည့်လိုက်ပါ၊ငိုလိုက်ပါ၊ ပြုံးလိုက်ပါ။ နောက်ဆုံးမှာ ဆူလီမန်နဲ့အိုင်လာ အစစ်တို့ရဲ့ ...
movie

Ayla: The Daughter of War (2017)

2017
Andrei Rublev (1966) 8
Andrei Rublev (1966) Andrei Rublev (1966)~ IMDb - 8/10, Rotten Tomatoes - 96% ~တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ ...
movie

Andrei Rublev (1966)

1966