Channel Myanmar

Drama

Uppu Kappurambu (2025) 5.6
Uppu Kappurambu (2025) Uppu Kappurambu (2025) "သင်္ချိုင်းနေရာ"လူတစ်ယောက်သေဆုံးသွားတဲ့အခါ ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးခြင်းဟာ ကျန်ရစ်သူတို့ရဲ့ချစ်ခြင်းတရားကို ပြသခြင်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။ ဒါတွေကလည်း လူတွေရဲ့အယူအဆနဲ့ အခြေအနေအပေါ် မူတည်ပြီး ကွဲပြားသွားမှာပါ။အခုတင်ဆက်ပေးမဲ့ ကျေးလက်နောက်ခံ ဟာသ-ဒရာမာဇာတ်လမ်းဟာလည်း အဲဒီအကြောင်းကိုအခြေခံပြီး စိတ်ကူးဖန်တီး ရိုက်ကူးထားတာဖြစ်ပါတယ်။ချစ်တီဂျေယာပူရမ်ဆိုတာ အနီးနားရွာတွေကြားမှာ ထူးခြားလှတဲ့ရွာလေးတစ်ရွာပါ။ အဓိကကတော့ သူ့ရဲ့သမိုင်းကြောင်းနဲ့ သေသူတွေကိုမြှုပ်နှံပေးရာမှာ ထူးခြားတဲ့ အလေ့အထကြောင့်ပါပဲ။အဲဒီရွာလေးမှာ သေသူတိုင်းကို ပြီးစလွယ်မဟုတ်ဘဲ အုတ်ဂူတွေနဲ့ အသေအချာမြှပ်နှံပေးကြတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂူမှာလည်း နာမည် မွေးရက် သေဆုံးရက်တို့တင်မက သေဆုံးရတဲ့အကြောင်းကိုပါ ရေးထွင်းလေ့ရှိပါတယ်။သေသူတွေကို ပြီးစလွယ်မမြှုပ်ကြတာဟာလည်း ရွာကလူတွေရဲ့ရှေးသမိုင်းကြောင်းတစ်ခုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့တော့ သူတို့ရွာမှာ သင်္ချိုင်းနေရာရှားပါးလာပါတယ်။ သေသူကိုပြီးစလွယ်မြှုပ်နှံလို့မရတဲ့ သမိုင်းအစဉ်အလာကလည်း ရှိနေတာမို့ အဒီကိစ္စဟာ ရွာအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါတော့တယ်။အဲဒီအခါ အဖေ့နေရာကိုဆက်ခံပြီး မဖြစ်ချင်ဘဲ ရွာလူကြီးဖြစ်လာရတဲ့ အာပူဗာဆိုတဲ့မိန်းကလေးရယ်၊ သုဘရာဇာလေး ချင်နာရယ်၊ ရွာသူရွာသားတွေရယ် ပူးပေါင်းပြီး ရွာအတွက် ဘယ်လိုအဖြေရှာကြမလဲ၊ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားကြရမှာ ...
movie

Uppu Kappurambu (2025)

What Ever Happened to Baby Jane? (1962) 8.0
What Ever Happened to Baby Jane? (1962)  1962 ခုနှစ်က ဒါရိုက်တာ Robert Aldrich ရိုက်ကူးခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ What Ever Happened to Baby Jane? ရဲ့ ဇာတ်လမ်းအစမှာတော့ လူကြိုက်များခဲ့တဲ့ ကလေးသရုပ်ဆောင် Baby Jane နဲ့ သူရဲ့အစ်မ Blanche တိုအကြောင်း ရိုက်ကူးထားတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။Jane က ကလေးဘဝတုန်းက ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်ဖြစ်ပြီး၊ Blanche ကတော့ နောက်ပိုင်းမှာမှ ရုပ်ရှင်ထဲမှာအောင်မြင်လာခဲ့သူဖြစ်ပါတယ်နှစ်ဦးစလုံးအသက်ကြီးလာချိန်မှာတော့ အစ်မက မသန်စွမ်းဖြစ်နေပြီး၊ ညီမက ပြုစုစောင့်ရှောက်ပေးနေရပါတယ်။ ဒါပေမဲ့လည်း သူတိုကြားမှာရှိတဲ့ မနာလိုမှု၊ မုန်းတီးမှုတွေကြောင့် စိတ်ဖိစီးမှုတွေနဲ့ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်တွေ တဖြည်းဖြည်းဖြစ်ပေါ်လာပါတော့တယ်။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre... Drama, Horror, Thriller Subtitle….Myanmar ...
movie

What Ever Happened to Baby Jane? (1962)

Amala (2024)
Amala (2024) Amala (2024) နက်နဲသောပုံရိပ်များတစ်မြို့လုံးကို တုန်လှုပ်စေခဲ့တဲ့ လူသ-တ်မှု သ-တ်ပုံသ-တ်နည်းက ကြ-မ်းတမ်းပြီး မိန်းကလေးတွေကို အဓိကထားသ-တ်တဲ့ စိတ္တဇလူသ-တ်မှုပေါ့ စုံစမ်းရေးသမားတွေကတော့ဒီနောက်ကွယ်မှာ စိတ္တဇတရားခံရှိတယ်လို့ သံသယဝင်နေပါတယ် ဒါကိုဖော်ထုတ်ဖို့ တာဝန်ပေးခံရတာကတော့ ACP အက်ခ်ဘာပါပဲစုံစမ်းရသလောက်သိလာရတာတော့ လူမနေတဲ့တောနက်ကြီးထဲမှာ မိန်းကလေး ၂ယောက် နေနေကြပါတယ် ဒီ ၂ယောက်နဲ့ မြို့ထဲကလူသတ်မှုတွေက ဘယ်လိုပတ်သက်နေမလဲ စုံစမ်းထောက်လှမ်းမှုများသည်လူသတ်သမားရဲ့ ငယ်ဘဝဇာတ်ကြောင်းဆီသို့ ဦးတည်သွားပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ ငယ်စဉ်က ခံစားတွေ့ကြုံခဲ့တာတွေပေါ် အစချီပြီး ဇာတ်လမ်းက ဘာဖြစ်သွားမလဲဆိုတာကိုတော့....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ပဲဖြစ်ပါတယ် ) File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ...
movie

Amala (2024)

Kaalidhar Laapata (2025) 7.0
Kaalidhar Laapata (2025) Kaalidhar Laapata (2025) "လမ်းပျောက်နေသော ကာလီဒါ"အမီတာဘဂျမ်းရဲ့သား မင်းသားအဘီရှက်ခ်ဘဂျမ်း ပါဝင်ထားတဲ့ ဟင်ဒီဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ကာလီဒါဆိုတဲ့ သက်လတ်အရွယ်ဦးလေးကြီးဟာ စိတ်မူမမှန်တဲ့ရောဂါဝေဒနာခံစားနေရပြီး ဘယ်အရာမဆို မေ့မေ့ပျောက်ပျောက်ဖြစ်တတ်လို သူ့ရဲ့ညီတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်လိုလာပါတယ်ဒါကြောင့် ဘာသာရေးပွဲတော်တစ်ခုကိုခေါ်သွားပြီး ကာလီဒါကို မသိမသာ ပစ်ထားခဲ့ကြတဲ့အခါမှာတော့ ဘာလူဆိုတဲ့ သွက်လက်ချက်ချာတဲ့ မိဘမဲ့ကလေးတစ်ယောက်နဲ့ မတော်တဆဆုံပြီးသူတိုနှစ်ယောက်သား ဘယ်လိုခရီးဆက်ကြမလဲ ရည်ရွယ်ချက်ပျောက်ဆုံးနေတဲ့ ကာလီဒါရော ဒီကလေးနဲ့ကျမှ ပျော်ရွှင်မှုကိုပြန်တွေ့လာမှာလား ဆိုတာကတော့ ။ ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.4 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kaalidhar Laapata (2025)

Pierce (2024) 6.2
Pierce (2024) Psychopath တွေဟာ စိတ်အေးအေးနဲ့ လူသတ်တာ လူကို နာကျင်အောင် လုပ်တတ်တဲ့အကြောင်းကို အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်မိသားစုထဲမှာ psychopath တစ်ယောက် ပါလာရင်ရော......အစ်ကိုဖြစ်သူ ဝိန်းကျီဟန် ထောင်က လွတ်လာပြီးနောက် ညီလေးဝိန်းကျီကျယ်နဲ့ အမေတို့ရဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝအတွက် အနှောင့်အယှက်ဖြစ်လာပါတယ်။ ကျီဟန်ဟာ အရင်က ဓားသိုင်းအားကစားမှာ ၃ နှစ်တိတိ ချန်ပံယံဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်က ပြိုင်ပွဲမှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တာ ဖြစ်ပါတယ်။စိတ်နာသွားတဲ့ အမေဟာ သားကြီးနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီး စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကျီကျယ်ကတော့ သူ့အစ်ကိုက မတော်တဆဖြစ်တာလို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ စူပါမားကတ်၊ ကျောင်း စတဲ့နေရာတွေမှာ ကျီကျယ်ဟာ အမေ့ရဲ့ သတိပေးချက်ကို ဂရုမစိုက်ဘဲ အစ်ကိုနဲ့ အဆက်အသွယ်လုပ်နေပါတယ်။ အစ်ကိုက ဓားသိုင်းလေ့ကျင့်ပေးတာကို လက်ခံခဲ့ပါတယ်။ဒါပေမဲ့ ကျီဟန်ရဲ့ စိတ်ထဲက အရိုင်းစိတ်က ဘယ်အချိန်မှာ ထွက်လာလိမ့်မလဲ...... ကျီကျယ်အပေါ် ကောင်းပေးတာကရော စိတ်ရင်းနဲ့လား ဟန်ဆောင်နေတာလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။4K & 1080p Quality >> Only ...
movie

Pierce (2024)

The Open Door (2025) 6
The Open Door (2025) လှည်းလေးနဲ့ဝက်အူချောင်းကင်ရောင်းတဲ့အစ်ကိုကြီးတစ်ယောက် မတော်တဆခြေချော်ပြီးတော့ နာမည်ကြီးOnline Cele မလေးရဲ့ အယောင်ဆောင်ရည်းစားဖြစ်သွားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်လီမလေးဟာ သူဌေးနဲ့ကြိုက်နေတာဖြစ်ပြီးတော့ အားလုံးသိသွားရင် သူဌေးကိုအပိုင်ဖမ်းပြီးတော့နာမည်ကြီးလာတယ်ဆိုပြီး နာမည်တပ်ခံရမှာကြောက်တဲ့အတွက် အရေးပေါ်အဖြေအနေနဲ့ ဝက်အူချောင်းရောင်းတဲ့လူ တစ်ယောက်ကိုအစားထိုးလိုက်ရတာဖြစ်ပါတယ်။ရိုးသားပြီးနုံအတဲ့ဝက်အူချောင်းသည်နဲ့ နာမည်ကြီးဆယ်လီရဲ့အချစ်ဇာတ်လမ်းဟာ မထင်မှတ်ပဲပရိသတ်တွေအားပေးတာခံရပြီးတော့ သူတို့ဟာခေတ်သစ်အွန်လိုင်းဆယ်လီစုံတွဲဖြစ်လာတဲ့ပုံကို ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.54 GB / 908 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Open Door (2025)

Unusual Deal (2025) 5.9
Unusual Deal (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်မှုခင်းဟာသ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ -ပေကျင်းက ကျာယွင်ဟာ ငယ်သူငယ်ချင်းပေါက်စွိုက်ရဲ့ ချမ်းသာတဲ့ဘဝကို အားကျနေသူ ဖြစ်ပါတယ်။ အောင်မြင်ချမ်းသာချင်တဲ့ ကျာယွင်ဟာ ပေါက်စွိုက်ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အခွင့်အရေးရလိုရငြား အလည်ထွက်လာခဲ့ပါတယ်။လေယာဉ်ကွင်းမှာ ပေါက်စွိုက်က လာကြိုတဲ့ကားပေါ် သေနတ်ကိုင် လူမိုက်တစ်ယောက်ကတက်လာခဲ့ပြီး သူတို့ကိုခြိမ်းခြောက်ပြီး လမ်းတစ်ဝက်မှာ အဲဒီသေနတ်နဲ့လူက ဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူရဲ့အိတ်နဲ့ ကျာယွင်ရဲ့အိတ်နဲ့ လွှဲသွားခဲ့ပြီး သူတို့သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကြားထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။အဲဒီ အိတ်ထဲက ဘာပစ္စည်းတွေ ပါလိမ့်မလဲ...... အဲဒီအိတ်ထဲက ပစ္စည်းကို လိုချင်နေတဲ့အဖွဲ့ ဘယ်နှဖွဲ့လောက်ရှိမလဲ...... ကျာယွင်တို့ သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကို ရှောင်လွှဲနိုင်ပါ့မလား..... ဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.50 GB / 849 MB Quality : WEB-DL ...
movie

Unusual Deal (2025)

Trapped (2025) 6
Trapped (2025) CM ချစ်ပရိသတ်တို့ကို... အစ်ကိုကြီးတစ်ယောက်အကြောင်းကိုပြောပြမယ် သူကလုယက်မှုကြီးကို ဦးဆောင်ပြီးတော့ ရဲရဲဝံဝံ ထောင်ထဲဝင်သွားပြီးတော့ ၃ နှစ်အကြာမှာတော့ နေမကောင်းသလိုလို ဘာလိုလိုနဲ့ ဂယောင်ပုံဖမ်းပြီးတော့..ထောင်ကပြေးခဲ့တယ်...အစ်ကိုကြီး ပြေးလာတော့ မဟေသီ မရီးဆီပြေးမယ်ထင်လား... နိုးနော် အစ်ကိုကြီးထက်ဦးတာက တခြားလူတွေပဲ... ဘာလို့လဲဆိုတော့အစ်ကိုကြီးက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးလာရင် ဆေး ၁ ဆ အစား ၂ ဆ ပေးမိလို့ ဇာတ်မြောနဲ့ မေ့နေလေရဲ့....ဒီလိုနဲ့ပဲ မရီးမှာ အစ်ကိုကြီးထားခဲ့တဲ့ စာရင်းစာအုပ်နဲ့အတူ အစ်ကိုကြီးဝှက်ခဲ့တဲ့ငွေတွေကို မက်မောပြီးလာတဲ့ ဒုစရိုက်လူရမ်းကားတွေရဲ့ ရန်ကို လှလှကြီးခံရတာပေါ့... တစ်ဖက်မှာလည်း တစ်ဖွဲ့တည်းအတူတူ တိုက်ပွဲဝင်ခဲ့ပြီးတော့ အဖွဲ့ဝင်တွေရဲ့ သေသတင်းကို ပြန်ပို့ခဲ့ရတဲ့ စစ်သည်ဟောင်းကြီး ရှရန်ကလည်း ဒီမြို့ပျက်ကြီးမှာ ရဲအရာရှိဖြစ်နေလေရဲ့...အရင်ဒဏ်ရာမသက်သာတဲ့ကြားမှာ ဒီလိုမျိုး တည်ငြိမ်ပြီး လူသူနည်းတဲ့ မြို့ပျက်ကြီးမှာနေကာမှ... မရီးကလည်း ဒီမှာလာပုန်းနေပြီး အစ်ကိုကြီးဆိုသူပြန်လာတဲ့အတွက် ဘယ်လိုတွေ ဂယက်ထကုန်မလဲ... သူ့ရဲ့ မကျက်သေးတဲ့အနာက ဒဏ်ရာသစ်ပြန်ကြုံရမှာလား... ဒီအစ်ကိုကြီးကရော တကယ်မေ့နေတာလား... မရီးကရော ဘာလို့ ဇာတ်မြှုပ်နေရတာလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့မလို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါနော်4K & 1080p Quality >> Only On CM App ( ...
movie

Trapped (2025)

The Secret Recipe aka Rahasia Rasa (2025) 7.2
The Secret Recipe aka Rahasia Rasa (2025) The secret recipe 2025 အရသာရဲ့အရသာရေဆာဆိုတာ မဟာရာဆာစားသောက်ဆိုင်ရဲ့ စားဖိုမှူးကြီး၊ တစ်နည်းပြောရရင် နာမည်ကြီးအီတလီစားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးပေါ့။သူ့ရဲ့အိပ်မက်ကတော့ အင်ဒိုကနေတစ်ဆင့် အီတလီမှာ စားသောက်ဆိုင်ဖွင့်ချင်တာဖြစ်ပြီးတော့ ဒီအတွက် အရင်းအနှီးထုတ်ပေးမယ့်သူကတော့ သူ့ရဲ့ချစ်သူလေးဒင်ဒါရဲ့အဖေ ဘရိုတို သူ့ရဲ့ယောက္ခထီးလောင်းလေးပေါ့။ဒါပေမဲ့ ဟင်းလျာနဲ့ပတ်သက်ရင် ရေဆာနဲ့ မစ္စတာဘရိုတိုတို့ကြားမှာ ကွဲလွဲမှုက ကြီးမားနေပြန်ပါတယ်။ရေဆာကတော့ အီတလီအစားအစာကို အားသန်ပြီး မစ္စတာဘရိုတိုကတော့ မျိုးချစ်ပီပီ အင်ဒိုအစားအစာကို တန်ဖိုးထားသူပေါ့။ဒီလိုနဲ့ အီတလီစားသောက်ဆိုင်စာချုပ်အတွက် လက်မှတ်ထိုးမယ့်နေ့မှာ ဘရိုတိုက ရေဆာကို မူတီကာရာဆာဆိုတဲ့ လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ပေးလိုက်ပါတယ်။ ဒီစာအုပ်က ဟင်းချက်နည်းတစ်ထောင်ရှိတာပေမဲ့ အခုတော့ တစ်ပိုင်းတစ်စပဲရှိတာပါ။‌ရေဆာအတွက် ဘရိုတိုရဲ့စမ်းသပ်မှုကတော့ မူတီကာရာဆာကို မှီငြမ်းပြီး မီနူးသစ်ထွင်ဖို့ပါပဲ။ဒါပေမဲ့ ရေဆာတစ်ယောက် အဖြစ်ဆိုးတစ်ခုနဲ့ကြုံပြီး အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားချိန်မှာတော့(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်) File size… 1.2 GB / 646 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

The Secret Recipe aka Rahasia Rasa (2025)

Thalli Manasu (2025)
Thalli Manasu (2025) Thalli Manasu 2025 (ဖတဆိုးလေး ဂါနက်ရှ်) IMDb - 5.9/10လျှပ်စစ်မီတာရုံးမှာ အလုပ်လုပ်တဲ့ ဂျာနာကီရမ်ဟာ မိန်းမဖြစ်သူ ဂျိုသီနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ၊ သူတို့မှာ ချစ်စရာကောင်းတဲ့ ဂါနက်ရှ်ဆိုတဲ့ သားလေးတစ်ယောက်လည်း ပိုင်ဆိုင်ထားပါသေးတယ်။တစ်နေ့မှာတော့ ဂျာနာကီရမ်တစ်ယောက် မီတာရုံးမှာအလုပ်လုပ်တဲ့သူပီပီ လမ်းတစ်နေရာမှာ ဓာတ်ကြိုးက ရေထဲကျပြီး လျှပ်စစ်ဝင်နေတာကို သိလိုက်ရတဲ့အတွက် လူတွေ အန္တရာယ်မဖြစ်ဖို့အရေး တားဖို့လုပ်ရင်းကနေ ကံဆိုးစွာနဲ့ ဓာတ်လိုက်သေဆုံးသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲ ဖခင်မဲ့သွားတဲ့ သားဖြစ်သူ ဂါနက်ရှ်ကို မိခင်ကြီး ဂျိုသီတစ်ယောက် ကြိုးစားရုန်းကန်ရင်းနဲ့ ပျိုးထောင်ပေးလာခဲ့ပါတယ်။ဂျိုသီတစ်ယောက် သားဖြစ်သူ ဂါနက်ရှ်ကို တစ်ယောက်တည်းကြိုးစားပြီး ဘယ်လိုပုံစံတွေနဲ့ ပျိုးထောင်သွားမလဲ .......သူတို့မိသားစုရဲ့ ကံကြမ္မာက နောက်ပိုင်းမှာရော ဘယ်လိုတွေဖြစ်လာဦးမလဲ .........ဖတဆိုးလေး ဂါနက်ရှ်တစ်ယောက်ရော ဘဝကို ဘယ်လို ကြိုးစားဖြတ်သန်းသွားမလဲ ..... ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.6 GB / 1.3 GB Quality…WEB DL 1080p ...
movie

Thalli Manasu (2025)

Thug Life (2025) 5
Thug Life (2025) Thug Life (2025) "သေမင်းနဲ့စစ်ခင်းဝံ့သူ"official WEB DL အကြည်ဆုံးဗားရှင်းရရှိပါပြီနာမည်ကျော်တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်ရဲ့ ရုံတင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဆက်သီဗယ်ဆိုတာ မမွေးခင်ကတည်းက သေမင်းနဲ့စစ်ခင်းလာခဲ့တဲ့သူ။ အရွယ်ရောက်လာကတည်းက သူ့ကိုယ်သူ မာဖီးယားတစ်ယောက်လို့သတ်မှတ်ပြီး သေမင်းနဲ့စစ်ခင်းရင်း ကြမ်းခဲ့ရမ်းခဲ့တာပေါ့။တစ်နေ့ ဂိုဏ်းအချင်းချင်းညှိနှိုင်းနေတုန်း ရဲတွေရောက်လာလို့ ထွက်ပြေးချိန်မှာ အာမာဆိုတဲ့ကလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်။ ရဲတွေလက်ကလွတ်မြောက်သွားချိန်မှာတော့ အာမာ့ကို ခေါ်ထားပြီး အာမာအရွယ်ရောက်ချိန် နှစ်ယောက်သား လက်တွဲညီညီနဲ့ ပြိုင်ဖက်တွေကိုရှင်းရင်း တစ်စင်ထောင်ထားနိုင်ခဲ့တယ်။တစ်ရက် လူသတ်မှုတစ်ခုကြောင့် ဆက်သီဗယ် ထောင်ထဲရောက်သွားချိန် ကိစ္စတွေရှုပ်ထွေးကုန်ပြီး အာမာနဲ့ ဆက်သီဗယ်တို့ မပြေလည်ကြချိန်မှာတော့...။ ဂိုဏ်းအချင်းချင်းတိုက်ပွဲတွေ၊ မိသားစုကြားက မပြေလည်မှုတွေ ပြဿနာတွေ သံယောဇဉ်တွေကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့CM Bollywood Teamတို့ပဲဖြစ်ပါတယ်) File size… 2.7 GB /1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Thug Life (2025)

Pintu Pintu Surga (2025) 7.8
Pintu Pintu Surga (2025)  Pintu Pintu Surga (2025)IMDb Rating (7.8) ဖောက်ပြန်မှုလား၊ ရိုးသားတဲ့ချစ်ခြင်းမေတ္တာပဲလားဆိုတာဝေဖန်ရင်း လောင်မြိုက်ရမဲ့ အင်ဒိုဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ချစ်မိတာက ဘယ်လောက်ပဲရိုးသားပါတယ်ပြောပြော အိမ်ထောင်သည်ယောကျ်ားတစ်ယောက်ကကိုယ့်ဇနီးတစ်ယောက်လုံးရှိနေရက် တခြားမိန်းမတစ်ယောက်ကို တာဝန်ယူပေးချင်တဲ့အခါ၊ အနားမှာရှိနေပေးချင်တဲ့အခါမှာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ဖောက်ပြန်မှုလို့ သတ်မှတ်ကြတာပါပဲ။အာမန်ဆိုတဲ့ ပညာရေးအကြီးအကဲတစ်ယောက်က နယ်မြို့ကကျောင်းတစ်ခု ဥက္ကဌအပြောင်းအလဲကိစ္စနဲ့ရောက်လာချိန် အချစ်ဦး လာတီဖာနဲ့ပြန်တွေ့ခဲ့တယ်။အစပိုင်းမှာ ဒီတိုင်းပဲရင်းရင်းနှီးနှီးရှိနေခဲ့ပေမဲ့လာတီဖာတို့သားမိနှစ်ယောက်ရဲ့ အခက်အခဲတွေကိုမြင်ပြီး ကူညီပေးချင်စိတ်၊ အကာအကွယ်ပေးချင်တဲ့ခံစားချက်တွေကကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့တာပေါ့။ဒါပေမဲ့ အာမန့်ကို အိမ်မှာစောင့်နေတဲ့ သားမိနှစ်ယောက်ရှိနေတဲ့အခါမှာတော့...။သုခဘုံတံခါးများဆိုတဲ့ ရုပ်ရှင်နာမည်ကတော့ အစ္စလာမ်ဘာသာမှာ အိမ်ထောင်ရေးကို သုခဘုံတံခါးလို့တင်စားကြတာမို့ပါတဲ့။ခင်ပွန်းရော ဇနီးသည်ရောက ဘာသာရေးအရဖြောင့်မတ်ပြီး အလ္လာဟ်အရှင်မြတ်အလိုတော်အတိုင်း နေထိုင်မယ်ဆိုရင်သုခဘုံမှာ ပြန်လည်ပေါင်းစည်းရပါတယ်တဲ့။ ဒီတော့ အဆုံးသတ်ဖို့ခက်နေကြတဲ့ ဒီဇာတ်လမ်းမှာသူတို့တွေ ဘယ်လောက်ထိဖြောင့်မတ်ကြမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(1.3 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated ...
movie

Pintu Pintu Surga (2025)

2025
Picnic (2024) 6.5
Picnic (2024) Picnic (2024)*************IMDb... 6.5 CMမှ ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကတော့ ပရိသတ်ကြီးနဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြတဲ့ Na Moon-hee, Kim Young-ok, Park Geun-hyungတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Picnicဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းဆိုးလ်မြို့ကြီးမှာ သားသမီးတွေနဲ့ အတူမနေဘဲ တစ်ယောက်တည်း အထီးကျန်စွာနေထိုင်ဖြတ်သန်းနေသူတစ်ဦးဖြစ်တဲ့ အသက် ၈၀အရွယ် အွန်းရှင်း (Na Moon-hee) ဟာသူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူကို အိပ်မက်ထဲမှာ ထပ်ခါတလဲလဲ မြင်တွေ့နေရပြီးပါကင်ဆန်ရောဂါကို ခံစားနေရသူတစ်ယောက်ပါ။တစ်နေ့မှာတော့ အွန်းရှင်းဆီကို ဆယ်စုနှစ်စု တစ်ခုကျော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်းလည်းဖြစ်ခမည်းခမက်လည်း ဖြစ်တဲ့ ဂွန်းဆွန်း (Kim Young-ok) ဟာ ကြိုတင်အကြောင်းမကြားဘဲရောက်ချလာခဲ့ပြီးနောက်မှာတော့ အွန်းရှင်းတစ်ယောက် အနှစ် ၆၀ကြာ မပြန်ဖြစ်ခဲ့တဲ့မွေးရပ်မြေဖြစ်တဲ့ နမ်ဟယ်ကို ပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။အဲဒီလိုနဲ့ မွေးရပ်မြေကို ပြန်ရောက်သွားချိန်မှာ တစ်ချိန်က သူမကို တိတ်တခိုး ချစ်နေခဲ့တဲ့ထယ်ဟို (Park Geun-hyung) ...
movie

Picnic (2024)

Ice Road: Vengeance (2025) 5.2
Ice Road: Vengeance (2025)  Ice Road: Vengeance (2025) IMDb Rating (5.2) The Ice Road (2021) ရဲ့ အဆက် Ice Road: Vengeance (2025) ထွက်ရှိလို့လာပြီဘဲဖြစ်ပါတယ်။နီပေါရဲ့ ဧဝရတ်တောင်တန်းတွေမှာသွားရိုက်ထားတာဖြစ်တဲ့အတွက် ရိုက်ချက်အပြင်အဆင်တွေက အတော်လေး ကြည့်လှပါတယ်။အီရတ်မှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ ညီဖြစ်သူရဲ့ နောက်ဆုံးဆန္ဒအရ သူ့ရဲ့အရိုးပြာကို ဧဝရတ်တောင်တန်းတွေမှာ ကျဲပေးဖို့ဆိုပြီး နီပေါကို မိုက်မက်ကယ်ဆိုတဲ့ အစ်ကိုဖြစ်သူဟာ တစ်ကိုယ်ထဲ့ပူဆွေးရင်းခရီးနှင်လာခဲ့ပါတယ်။ဒါပေမဲ့ သူရောက်လာတဲ့ ဧဝရတ်တောင်ခြေစခန်းကတောင်ပေါ်ရွာလေးမှာ ဒေသခံမြေတွေကိုအပိုင်သိမ်းပြီး ဆည်ကြီးဆောက်ဖို့ တာဆူနေတဲ့ လူမိုက်ဂိုဏ်းတစ်ခုရဲ့ ရန်စွယ်နဲ့တွေ့ပြီးဒေသခံတိုးဂိုက်အဖွဲ့နဲ့ရွာသူ/သားတွေကို ကူညီပေးဖို့ မိုက်ခ်တစ်ယောက်ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File size…(6.3 GB) / (3.1 GB) / (1.4 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama,Thriller Duration….01:53:58 Subtitle….Myanmar ...
movie

Ice Road: Vengeance (2025)

2025
4K HEVC
The Ice Road (2021) 7.4
The Ice Road (2021) Taken မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်ပါ။ သည်းထိပ်ရင်ဖိုအမျိုးအစားပါပဲ။အမေရိကမြောက်ပိုင်းစွန်းမှာ ရှိတဲ့ ဓာတ်ငွေ့တွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျသွားတဲ့အခါ အလုပ်သမား၂၆ ယေက်လောက် ပိတ်မိသွားပါတယ်။ သူတို့အတွက် အောက်စီဂျင်ကလည်း နာရီ ၃၀ လောက်ပဲ ရှိနိုင်တာမို့ သူတို့ကိုကယ်ထုတ်ဖို့ အရေးပေါ်လိုလာပါတယ်။ ဒါပေမယ့် ဥမင်ပြိုကျရတာက မက်သိန်းဓာတ်ငွေ့လိုင်းကြီးကို တူးမိလို့ ဖြစ်တာမို့ဓာတ်ငွေ့တွေကို ထုတ်ပစ်ဖို့ စက်ကြီးတစ်ခု ရှိဖို့လိုနေပါတယ်။ အဲဒီစက်က ၂၅ တန်လောက်လေးတဲ့အတွက်ရေခဲပြင်ပေါ်ကို လေယာဉ်ဆင်းပြီး သယ်လို့မရသလို ရဟတ်ယာဉ်နဲ့လည်း မနိုင်ပါဘူး။ ဒီတော့ ကားနဲ့သယ်ဖို့တစ်နည်းပဲ ရှိပါတော့တယ်။ ကားတွေကလည်း ရေခဲလမ်းလို့ ခေါ်တဲ့ ခဲနေတဲ့ မြစ်ရေပြင်ပေါ်က လမ်းကိုဖြတ်မောင်းရမှာဖြစ်ပြီး ဧပရယ်လထဲမှာ ဖြစ်လို့ ဘယ်ဒရိုင်ဘာမှ မမောင်းရဲပါဘူး။ အဲဒီအချိန်မှာ မောင်းပြီးပို့ရဲတဲ့ဒရိုင်ဘာ သုံးယောက်ပေါ်လာတဲ့အခါ ပိတ်မိနေတဲ့သူတွေအတွက် ...
movie

The Ice Road (2021)

2021
The Noisy Mansion (2025) 6.5
The Noisy Mansion (2025) The Noisy Mansion (2025)*************************IMDb... 6.5 ပရိသတ်ကြီးတို့ရေ သူများကိစ္စကို ဝင်ဖြေရှင်းပေးတတ်တဲ့လူတွေသာ အများအားဖြင့်လူမုန်းခံရတတ်ပြီး အဖတ်လုပ်ခံရလေ့မရှိတတ်ကြသော်လည်း တစ်ခါတရံမှာထိုသူတွေကပဲ တစ်ပါးသူအတွက် ပြဿနာကို ပြေလည်အောင် ဦးဆောင်ပြီးဖြေရှင်းတတ်ကြတာမျိုးလည်း ရှိပြန်ပါတယ်။ဒါကြောင့် ဒီလိုဇာတ်ကောင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေအပျိုကြီးမမ အန်ဂေါအူဟာ မောင်လေးနှစ်ယောက်ရှိပြီး မောင်အကြီးဖြစ်သူ ရှေ့နေအန်ဒုအွန်းနဲ့တစ်အိမ်တည်းနေကာ တူတူမလေးတွေကို ပြုစုစောင့်ရှောက်ပေးပါတယ်။လွတ်လပ်စွာနေတတ်ပြီး ကိစ္စတိုင်းကို ဝင်ပါဖြေရှင်းတတ်တဲ့ အလုပ်လက်မဲ့ အန်ဂေါကိုမောင်ဖြစ်သူက လိုက်ထိန်းနေရစမြဲပါ။ တစ်နေ့မှာတော့ အန်ဂေါ်ဟာ ထုံးစံအတိုင်း သူများကိစ္စဝင်ပါတဲ့အခါမှာမောင်ဖြစ်သူရဲ့ ကလေးတွေကိုပါ ခေါ်ဆောင်သွားတာကြောင့် ဒုအွန်းတစ်ယောက် ဒေါသပုန်ထကာအစ်မကို အိမ်ပေါ်က နှင်ချလိုက်ပါတော့တယ်။ဒါနဲ့ပဲ အန်ဂေါဟာ ရှင်းယူရပ်ကွက်က တိုက်ခန်းတစ်ခုမှာ ငှားနေစဉ် မနက်အရုဏ် ၄ နာရီအချိန်တိုင်းမှာမျက်နှာကျက်ကနေ တဒုန်းဒုန်းနဲ့ ထုသံတွေကို ကြားလာရပြီးနောက်မှာ သူ့ရဲ့ပင်ကိုဗီဇအတိုင်း ဝင်ပါစုံစမ်းဖြေရှင်းရေးလုပ်ငန်းစဉ်ကို စတင်ပါတော့တယ်။လူမျိုးစုံ စရိုက်မျိုးစုံ နေနေတဲ့တိုက်ခန်းအကြောင်းသိလာရချိန်မှာ အန်ဂေါတစ်ယောက်ဆူညံသံနောက်ကွယ်က တရားခံကို ရှာတွေ့ပါ့မလား ...ဆူညံသံတွေကရော သမရိုးကျဖြစ်လာတဲ့အသံတွေလား...ပယောဂဆက်နွယ်နေလားဆိုတာကို ...
movie

The Noisy Mansion (2025)

1987: When the Day Comes (2017)
1987: When the Day Comes (2017) 1987: When the Day Comes (2017)********************************IMDb... 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon,Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစား‌နေကြတဲ့ကြားကနေအမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီးသရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်းကြည့်ရှုကြရမဲ့ ...
movie

1987: When the Day Comes (2017)

Children Who Chase Lost Voices (2011) 7.1
Children Who Chase Lost Voices (2011) Children Who Chase Lost Voices (2011) -------------------------------------------------- IMDb - 7.1/10, MyAnimeList - 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင်Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးကဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်းရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါ။အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီးအဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲတွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီးသတင်းတွေပျံ့နေပါတော့တယ်။ ...
movie

Children Who Chase Lost Voices (2011)

West Side Story (1961) 7.6
West Side Story (1961) West Side Story 1961Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်းသိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက်ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးကတစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးကပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကိုခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်းအများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။  File size…    ...
movie

West Side Story (1961)