Pintu Pintu Surga (2025)
IMDb Rating (7.8)
ဖောက်ပြန်မှုလား၊ ရိုးသားတဲ့ချစ်ခြင်းမေတ္တာပဲလားဆိုတာဝေဖန်ရင်း လောင်မြိုက်ရမဲ့ အင်ဒိုဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ချစ်မိတာက ဘယ်လောက်ပဲရိုးသားပါတယ်ပြောပြော အိမ်ထောင်သည်ယောကျ်ားတစ်ယောက်ကကိုယ့်ဇနီးတစ်ယောက်လုံးရှိနေရက် တခြားမိန်းမတစ်ယောက်ကို တာဝန်ယူပေးချင်တဲ့အခါ၊ အနားမှာရှိနေပေးချင်တဲ့အခါမှာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ဖောက်ပြန်မှုလို့ သတ်မှတ်ကြတာပါပဲ။
အာမန်ဆိုတဲ့ ပညာရေးအကြီးအကဲတစ်ယောက်က နယ်မြို့ကကျောင်းတစ်ခု ဥက္ကဌအပြောင်းအလဲကိစ္စနဲ့ရောက်လာချိန် အချစ်ဦး လာတီဖာနဲ့ပြန်တွေ့ခဲ့တယ်။
အစပိုင်းမှာ ဒီတိုင်းပဲရင်းရင်းနှီးနှီးရှိနေခဲ့ပေမဲ့လာတီဖာတို့သားမိနှစ်ယောက်ရဲ့ အခက်အခဲတွေကိုမြင်ပြီး ကူညီပေးချင်စိတ်၊ အကာအကွယ်ပေးချင်တဲ့ခံစားချက်တွေကကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့တာပေါ့။
ဒါပေမဲ့ အာမန့်ကို အိမ်မှာစောင့်နေတဲ့ သားမိနှစ်ယောက်ရှိနေတဲ့အခါမှာတော့…။သုခဘုံတံခါးများဆိုတဲ့ ရုပ်ရှင်နာမည်ကတော့ အစ္စလာမ်ဘာသာမှာ အိမ်ထောင်ရေးကို သုခဘုံတံခါးလို့တင်စားကြတာမို့ပါတဲ့။
ခင်ပွန်းရော ဇနီးသည်ရောက ဘာသာရေးအရဖြောင့်မတ်ပြီး အလ္လာဟ်အရှင်မြတ်အလိုတော်အတိုင်း နေထိုင်မယ်ဆိုရင်သုခဘုံမှာ ပြန်လည်ပေါင်းစည်းရပါတယ်တဲ့။ ဒီတော့ အဆုံးသတ်ဖို့ခက်နေကြတဲ့ ဒီဇာတ်လမ်းမှာသူတို့တွေ ဘယ်လောက်ထိဖြောင့်မတ်ကြမလဲ ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)
File size…(1.3 GB) / (620 MB)
Quality….WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Genre….Drama
Duration….01:44:18
Subtitle….Myanmar Subtitle (Hardsub)
Encoder….Double K
Translated by Pyae Phyo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။