Channel Myanmar

Drama

Miss Peregrine’s Home For Peculiar Children(2016) 6.7
Miss Peregrine’s Home For Peculiar Children(2016)  2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 6.7 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ...လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။ File size…(2.5 GB)/(1.3 ...
movie

Miss Peregrine’s Home For Peculiar Children(2016)

Garuda Purana (2023) 7
Garuda Purana (2023) Garuda Purana (2023) "လွန်လေပြီးသောအခါ..."လတ်တလောမှာ ဆက်တိုက်ဆိုသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါအိန္ဒိယမှုခင်းရုပ်ရှင်တွေထွက်ရှိလာတာမို့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကန်နာဒါလူငယ်ဒါရိုက်တာ Manjunath B Nagbaကိုယ်တိုင် ရေးသားရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဆက်တိုက်ဆိုသလိုပဲ မိန်းမငယ်လေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားသတ်ဖြတ်ခံရပြီး အလောင်းတွေကို လူသူမနီးတဲ့ဆီမှာ အိတ်တစ်လုံးနဲ့ ပစ်ထားခဲ့ခြင်းခံရပါတယ်။ ရဲတပ်ဖွဲ့က ကွင်းဆက်လူသတ်မှုလို့ကောက်ချက်ချပြီး တရားခံကိုဖမ်းဖို့ကြိုးစားပေမဲ့လည်း ကောက်ရိုးပုံမှာအပ်ရှာနေရသလို ဘာသဲလွန်စမှမရသေးဖြစ်နေခဲ့။တစ်ဖက်မှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယောကျ်ားလေးသူငယ်ချင်းသုံးယောက်က မိန်းကလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးပြီးမှ အဲဒီမိန်းကလေးကလည်း ကွင်းဆက်လူသတ်မှုတွေမှာ သေဆုံးခဲ့ရတဲ့ မိန်းကလေးတွေလို သေဆုံးသွားခဲ့ချိန်မှာတော့။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.4GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Garuda Purana (2023)

2024
Bunraku (2010) 6.1
Bunraku (2010)  Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန်ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာနောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင်အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကိုBunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာလူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်းခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အားအကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေအများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကိုယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမားတစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာမြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ File size…2.33GB ,  1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Bunraku (2010)

Blackia 2 (2024) 6
Blackia 2 (2024) Blackia 2 (2024) "ဘလက်ကီရာ အပိုင်းနှစ်"IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့ ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင် ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် ...လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ် ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီး နာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က "ဘလက်ကီရာ" ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါတစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကို တစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီး မြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲမေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.1GB / 987MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard ...
movie

Blackia 2 (2024)

2024
Gampang Cuan (2023) 7.2
Gampang Cuan (2023) GAMPANG CUAN (2023) ==================== IMDb - 7.4/10ဇာတ်လမ်းအညွှန်းမိသားစုကိုလုပ် ကျွေးဖို ရည်ရွယ်ချက်နဲ့ မြို ပေါ်တက်လာတဲ့ ဆူတန်တစ် ယောက် အလုပ်မရတဲ့အပြင် အ ကြွေး နွံထဲပါ နစ် နေ ပေမယ့်လည်း မိသားစုကို အမှန်အတိုင်းအသိမ ပေးပဲ ကျိတ်ပြီး ဖြေရှင်း နေခဲ့ပါတယ် အဲ့ဒီလို ဖြေရှင်းရာက တစ် နေ့ ညီမဖြစ်သူ အီကစ်ကပါ မြို ပေါ်မှာ အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တက်လာရင်း အကိုဖြစ်သူက ပြောထားတာနဲ့ လွဲပြီး အလုပ်အကိုင်မရှိဖြစ် နေတာကို သိလိုက်ရပါတယ် တစ်လက်စတည်းမှာပဲ အ မေ့ရဲ့အိမ်ကိုပါ ဘဏ်ကသိမ်း တော့မှာကို သိလိုက်ရတဲ့ မောင်နှမနှစ် ယောက် သူတို အ မေမသိ အောင် အိမ်ကိုပြန် ရွေးဖို ကြိုးစားရပါ တော့တယ်ငွေရှာဖိုကြိုးစားရင်း Stock စျေးကွက်နဲ့ကြီးပွား နေတဲ့သူတစ် ယောက်နဲ့ဆုံပြီး စာ တွေအဂ်လိပ်စာ ...
movie

Gampang Cuan (2023)

Flashbacks of a Fool (2008) 6.8
Flashbacks of a Fool (2008) Flashbacks of a Fool (2008) =======================CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle ...
movie

Flashbacks of a Fool (2008)

Cashback (2006) 7.1
Cashback (2006) (18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)Comedy, Drama, Romance IMDB Rating: 7.1/10ဒီဇာတ်ကားကတော့ ခင်ဗျားတို့ မြင်ဖူးတဲ့ Romance ကားတွေနဲ့ မတူ တော်တော်ထူးခြားနေမှာပါ။Ben ဆိုတဲ့ အနုပညာကျောင်းသား ပန်းချီဆရာ‌လေးတစ်ယောက် သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်ပိုင်းInsomnia လို့ခေါ်တဲ့ အိပ်မရတဲ့ ရောဂါတစ်မျိုး စွဲကပ်လာပါတော့တယ်။အဲဒီတော့ ‌အိပ်မရတဲ့ ၈နာရီဟာအချိန်ပိုဖြစ်လာတဲ့ အတူတူ အကျိုးရှိအောင်ဆိုပြီးတော့ ‌စူပါမားကတ်တခုမှာ အချိန်၈နာရီနဲ့ ‌‌ငွေနဲ့လဲလှယ်ဖြစ်လာခဲ့ပါတော့တယ်(cashback)။အဲဒီအလုပ်မှာပဲ Ben ဟာသူအချိန်ကို ရပ်နိုင်တယ်ဆိုတဲ့ စွမ်းအားရှိကြောင်း သိရှိလာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ Ben ရဲ့စိတ်ကူးယဥ် လက်တွေ့မဆန်တဲ့ကမ္ဘာမှာ နေနေတုန်း လောကကြီးရဲ့ အလှတရားတွေ ရပ်တန့်နေတဲ့ ကမ္ဘာမှာ မိန်းမတွေရဲ့ အလှတရားတွေအကုန်လုံးကို ခံစားမိလာပြီးတော့ သူ့ဘဝကြီးရဲ့ အဓိပ္ပာယ်နဲ့ အလှတရားကို ရှာတွေ့သွားပါတော့တယ်။Ben ဟာ သူနဲ့ အလုပ်အတူတူလုပ်တဲ့ Sharon ဆိုတဲ့ ကောင်မလေးကို သဘောကျသွားမိပြီးတော့သူ့အတိတ်ကိုမေ့ထားပြီး ပစ္စုပ္ပာန်ကို တန်ဖိုးထားတတ်လာပါတော့တယ်။ ဒီ Cashback ဆိုတဲ့ ဇာတ်ကားလေးမှာ ဆိုရင်တော့ဖြင့် အချစ်၊ လမ်းခွဲခြင်း၊ ပြောင်းလဲတတ်ခြင်း စတဲ့အရာတွေကိုခံစားရမှာဖြစ်ပြီးတော့ Ben ရဲ့အကြောင်းကို ကြည့်ရင်းနဲ့ ကျွန်တော်တို့အတွေးတွေ တခုခုတော့ပြောင်းလဲသွားမှာပါခင်ဗျာ။IMDB 7.1 လဲရထားတာမလို့ ...
movie

Cashback (2006)

Bourek (2015) 6.2
Bourek (2015) Bourek (2015) Comedy Drama IMDB Rating: 6.2/10 အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာသင်က အကောင်းမြင်တတ်သူလား အဆိုးတွေပဲမြင်တတ်သူလားဒါမှမဟုတ် ကိလေသာတဏှာကိုပဲ တပ်မက်နေတဲ့သူလားအခွင့်အရေးရတိုင်း အမြတ်ထုတ်ချင်နေတဲ့ ဓနရှင်လား။ကိုယ်က ဘယ်အမျိုးအစားထဲမှာပဲ ပါပါ ဒီကားလေးကို ကြည့်ပြီးရင်ကိုယ်လိုချင်တာကို ရအောင် တစိုက်မတ်မတ် သွားချင်တဲ့ စိတ်ဖြစ်လာမှာပါ။ ဒီဇာတ်ကားလေဟာ (၂၀၁၂)ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ကမ္ဘာပျက်ဟောကိန်းကို ယုံကြည်သူ တစ်ယောက်နဲ့ စတင်ပါတယ်။ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီးလွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့်ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာအဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင်ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာအဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာအီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ ...
movie

Bourek (2015)

Modern Bathhouse ( 2024 ) 5.8
Modern Bathhouse ( 2024 ) အဖေ့ရဲ့ဆတ္တာသည်အလုပ်အပေါ်ရှက်ပြီး မကျေမနပ်စိတ်နဲ့ ရှင်သန်လာတဲ့သားဟာ မိုးကြိုးတွေပစ်ပြီးမိုးသည်းထန်ရွာတဲ့ တစ်နေ့မှာ မတော်တဆအဖေငယ်ရွယ်စဉ် အတိတ်ကိုပြန်ရောက်သွားတဲ့အခါ.....သူ့အဖေရဲ့လူပျိုဘဝကို အတူဖြတ်သန်းကြည့်တဲ့အခါမှ ဒီလိုသိမ်ငယ်တယ်လို့သူယူဆခဲ့တဲ့ အလုပ်ရဲ့နောက်ကွယ်က ရည်မှန်းချက်ကြီးကိုသိခဲ့လိုက်ရတယ်။ တဖြည်းဖြည်းနဲ့ အဖေဖြစ်သူကိုပိုနားလည်လာခဲ့တယ်။ သားဆိုးလေးပီပီ လူပျိုဘဝကအဖေကိုလဲ ပြဿနာတွေမနည်းပေးခဲ့ပြီး အများကြီးကူညီခဲ့တဲ့အတွက် အနာဂတ်မှာ လုပ်ငန်းကိုပိုတိုးတက်အောင်ကူညီခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Modern Bathhouse ( 2024 )

[18+] What Happened at the Carpenter’s Shop (2020)
[18+] What Happened at the Carpenter’s Shop (2020) [18+] What Happened at the Carpenter's Shop (2020) **************************************************** ယွန်းဂျူက သစ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဝူရှစ်ကတော့ သူ့ကို လေးစားအားကျပြီး အမြဲစောင့်ကြည့်နေတဲ့ သူတစ်ယောက်ပါ ယွန်းဂျူကို အပတ်တိုင်း ဒိတ်လုပ်ဖို့ခေါ်ပေမဲ့ ယွန်းဂျူကတော့ သူ့ကိုကိုရှိနေတာမလို့ အမြဲ ငြင်းခဲ့ပါတယ်အဲဒီသစ်ဆိုင်မှာ ဝူရှစ်ကို သဘောကျနေတဲ့ ထယ်ဂျူဆိုတဲ့ကောင်မလေးတစ်ယောက်လည်းရှိပါတယ် ဒါပေမဲ့ ဝူရှစ်ကတော့ ယွန်းဂျူမှ ယွန်းဂျူဖြစ်နေတာပါတစ်ရက်မှာတော့ ယွန်းဂျူနဲ့ သူ့ကိုကိုတို့က ဝူရှစ်အကြောင်းပြောနေတာကို ကြားသွားခဲ့ပါတယ်အဲဒီအချိန်မှာ ထယ်ဂျူနဲ့ တွေ့ပြီး ဘာတွေဆက်ဖြစ်သွားလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး...File Size MB Quality : 1080p, 720p Format…mp4 Duration…01:12:40 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS
movie

[18+] What Happened at the Carpenter’s Shop (2020)

Do the World Darts 5 (2007) 5.8
Do the World Darts 5 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ငါးကားမြောက်ဖြစ်ပါတယ် အရှေ့ လေးကားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါကွမ်သယ်ပြဇာတ်ရုံအတွက် လိုအပ်တဲ့ပိုးထည်တွေနဲ့ဖဲထည်တွေကို ပိုင်ရှင်ဖြစ်သူ သူဌေးချန်ကကျန်းနန်ကနေမှာခဲ့ပါတယ် ။ နောက်ပြီးအဲဒီအဝတ်အထည်တွေကို ထျန်းရှပို့ဆောင်ရေးကိုတာဝန်ယူပြီး ကွမ်းသယ်လုံကို လာရောက်ပို့ဆောင်ပေးဖို့ အလုပ်အပ်လိုက်ပါတယ် ။ထျန်းရှပို့ဆောင်ရေးရဲ့ ခေါင်းဆောင်ငယ်ဝမ်ကျန့်ဝေက ကတိတည်တဲ့သူဖြစ်ပြီး တရားမျှတမှုကိုလက်ကိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ပို့ဆောင်ရေးအဖွဲ့မှာ သူချစ်ရတဲ့မိန်းကလေးဖေးယန့်ကလည်းပါနေတော့ သူတို့ကွယ်သယ်လုံရောက်ခါနီးမြို့လေးမှာ ခရီးတစ်ထောက်နားပြီးချစ်သူအတွက် ပစ္စည်းလေးတွေဝယ်ဖို့ ဈေးဆိုင်သွားခဲ့တဲ့အချိန် ပစ္စည်းထားတဲ့အခန်းကိုသူခိုးဝင်ပြီး သေတ္တာနဲ့အတူပါလာတဲ့ စာရွက်စာတမ်းတွေပါ မီးလောင်သွားပါတော့တယ် ။ဒီလိုနဲ့ မီးလောင်သွားတဲ့စာရင်းစာအုပ်ကရုံးတော်ကစစ်ဆေးနေတဲ့ ဆားမှောင်ခိုကူးမှုတဲ့ပတ်သတ်နေတဲ့စာအုပ်ဖြစ်နေချိန်မှာတော့...သူဌေးချန်နဲ့ ဆားမှောင်ခိုကူးမှုက ဘယ်လိုဆက်စပ်နေမလဲ ? အရှုပ်အထွေးတွေ သံသယတွေကြား သူဌေးချန်ကပါ သေဆုံးသွားချိန်မှာတော့ အမှုကပိုမိုရှုပ်ထွေးလာပြီး ရုံးတော်နဲ့ထျန်းရှပို့ဆောင်ရေးပူးပေါင်းပြီး နက်နဲတဲ့အမှု‌တွေကိုဘယ်လိုဖောက်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့မမေ့ပါနဲ့နော် ။Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie

Do the World Darts 5 (2007)

Do the World Darts 4 ( 2007 ) 5.8
Do the World Darts 4 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက လေးကားမြောက်ဖြစ်ပါတယ် အရှေ့သုံးကားကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ ဇာတ်ကားမှာတော့ ပို့ဆောင်ရေးလောကမှာ အလုအယက် အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် စီရင်စုအရာရှိမင်းက ပို့ဆောင်ရေးပြိုင်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်တယ်…ဒီလိုနဲ့ ထျန်းရှပို့ဆောင်ရေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမယ့် ဒီလောကကို လက်ဝါးကြီးအုပ်ချင်တဲ့ ရှန်ကျိုးပို့ဆောင်ရေးလည်း ရှိနေတယ်…ရှန်ကျိုးပို့ဆောင်ရေးက အမြတ်ရဖို့အတွက်ဆို ဘာမဆို လုပ်တဲ့ ပို့ဆောင်ရေးဖြစ်တာကြောင့် သူဟာ ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကလိမ်ကျမလဲ? ထျန်းရှပို့ဆောင်ရေးကရော ကျော်လွှားနိုင်ပါ့မလား?ဆိုတာကို စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK   
movie

Do the World Darts 4 ( 2007 )

Do the World Darts 3 (2007) 5.8
Do the World Darts 3 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက သုံးကားမြောက်ဖြစ်ပါတယ် အရှေ့ ၂ကား ကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာတစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းဟာ မြို့တော်တစ်ခုလုံးမှာ သတင်းပျံ့နှံ့နေပါတယ်။ လူတွေကလည်း အဲဒီအကြောင်းအတွက် သိချင်စိတ်တွေ ပြင်းပြနေပါတယ်။တစ်နေ့မှာ ထုံးကျိုးခရိုင်က သူဌေးကြီးလျိုတာ့ဖုန်က အိမ်တော်ထိန်းတုကို ထျန်းရှပို့ဆောင်ရေးမှာ အမျိုးသမီးပို့ဆောင်ရေးဆရာကို အလုပ်အပ်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။ အိမ်တော်ထိန်းတု ပြောပုံအရတော့ လျိုတာ့ဖုန်က စီးပွားရေးလုပ်ငန်းကြောင့် အမြဲတမ်း ခရီးထွက်နေရတဲ့အတွက်၊ အခုတစ်လော အိမ်မှာလည်း ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတဲ့အတွက် အသက်ကြီးပြီဖြစ်တဲ့ လျိုတာ့ဖုန်ရဲ့ အမေက သရဲခြောက်တယ်လို့ သံသယဖြစ်နေတယ်တဲ့။လျိုတာ့ဖုန်က သရဲရှိတာကို မယုံပေမဲ့ အမေနဲ့ ဇနီးကို နှစ်သိမ့်ပေးဖို့အတွက် အိမ်ကို ကာကွယ်ဖို့ အမျိုးသမီးဆရာတစ်ယောက်ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှန်ဖေးယန့်ကလည်း လက်ခံခဲ့ပါတယ်။ သူ လျိုအိမ်ကို မရောက်ခင်မှာပဲ ဝိညာဉ်လို ဝတ်စုံဖြူနဲ့ လူတစ်ယောက်က သူ့ကို အပိုတွေ ဝင်မပါဖို့ သတိပေးခဲ့ပါသတဲ့။လျိုအိမ်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးက ဘာဖြစ်လိမ့်မလဲ...... ဝတ်စုံဖြူနဲ့လူကရော တကယ် သရဲလား။ ...
movie

Do the World Darts 3 (2007)

Do the World Darts 2 (2007) 5.8
Do the World Darts 2 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်က လွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံက ထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ် အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီး တရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကို ဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 2 (2007)

Do the World Darts 1 (2007) 5.8
Do the World Darts 1 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 1 (2007)

Shopgirl (2005)
Shopgirl (2005)  ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အရောင်းဝန်ထမ်းမိန်းကလေး စီးပွားရေးသမားတစ်ဦးနဲ့ ရည်မှန်းချက်မရှိတဲ့ လူငယ်...သူတို့သုံးယောက်ကြားက ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။မစ်ရာဘယ်က လက်အိတ်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး တစ်ခါတလေ ပန်းချီကားလေးတွေ ဆွဲရောင်းပါတယ်။ သူ့ကျောင်းသားချေးငွေတွေကိုလည်း ခက်ခက်ခဲခဲ ပြန်ဆပ်နေရပြီး ကြပ်တည်းနေပါတယ်။ အထီးကျန်ပြီး အချစ်ခံချင်တဲ့ မစ်ရာဘယ်က ဂျယ်ရမီဆိုတဲ့ ကောင်လေးနဲ့ ဆုံမိပြီး တွဲဖြစ်သွားပါတယ်။ ဒါမဲ့ ဂျယ်ရမီကလည်း ချို့တဲ့ပြီး မစ်ရာဘယ်လိုချင်တာတွေ မဖြည့်ဆည်းနိုင်တဲ့အခါ နှစ်ယောက်သားဆက်ဆံရေးက သွေးအေးသွားပါတယ်။အဲဒီမှာပဲ ရေးပေါ်တာဆိုတဲ့ 50 ကျော်အရွယ်စီးပွားရေးသမား ပေါ်လာပါတယ်။ ရေးက မစ်ရာဘယ်အလိုရှိတာတွေ အကြိုက်ဆောင် လုပ်ပေးနိုင်ပေမယ့် သူမလိုချင်တဲ့အချစ်ကိုတော့ မပေးနိုင်ဘဲ စည်းခြားထားပါတယ်။ ပြည့်စုံလာတဲ့ဘဝမှာ အချစ်စစ်ကိုတောင့်တလာတဲ့ မစ်ရာဘယ်နဲ့ ရေရှည်ပတ်သက်မှုမျိုးမလိုချင်တဲ့ ရေး...မစ်ရာဘယ်ကြောင့် ဘဝရည်မှန်းချက်တွေ့သွားတဲ့ ဂျယရမီတို့ သုံးဦးကြားက အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ခံစားကြည့်ရှုလို့ရပါပြီ။ File size…(1.8 GB)/(939 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, ...
movie

Shopgirl (2005)

Sophie Scholl: The Final Days (2005)
Sophie Scholl: The Final Days (2005)  ဒီဇာတ်ကားလေးဟာ ဂျာမနီရဲ့ နာဇီဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အကျော်ကြားဆုံးအမျိုးသမီးသူရဲကောင်းဖြစ်တဲ့ ဆိုဖီရှိုးရဲ့ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာပါဆိုဖီရှိုးဟာ "နှင်းဆီဖြူ"လို့ခေါ်တဲ့ကျောင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းရဲ့ ရဲရင့်လှတဲ့အဖွဲ့ဝင်တစ်ယောက်ပါ သူမဟာ သူမ၏အစ်ကိုဖြစ်သူ"ဟန်စ်ရှိုး"နဲ့အတူ နာဇီဆန့်ကျင်ရေးလက်ကမ်းစာစောင်တွေကို တက္ကသိုလ်ကျောင်းဝန်းထဲမှာဖြန့်ဝေခဲ့လို့အဖမ်းခံခဲ့ရပါတယ်ဒီဇာတ်ကားဟာ ဇာတ်ကားနာမည်အတိုင်း သူမဘဝရဲ့နောက်ဆုံးနေ့ရက် 6 ရက်အကြောင်းကိုရိုက်ကူးထားတာပါ ဒီဇာတ်ကားထဲမှာ သူမတို့မောင်နှမ နာဇီဆန့်ကျင်ရေးစာစောင်တွေဖြန့်ဝေတာကစလို့ အဖမ်းခံရပုံ,တရားရုံးတွင်ရင်ဆိုင်ရပုံနဲ့ နောက်ဆုံး 1943 မြူးနစ်မြို့မှာ ပြစ်ဒဏ်စီရင်ခံရပုံအထိကိုရိုက်ကူးပြထားပါတယ်ခံယူချက်တွေအပေါ်မှာ ဘယ်တော့မှတွေဝေမှုမရှိတဲ့သူမ, အဖွဲ့သားတွေအပေါ်ကိုလည်း သေတဲ့အထိသစ္စာမဖောက်ခဲ့တဲ့သူမ, သေဒဏ်ချမှတ်ခံရချိန်မှာလည်း တုန်လှုပ်မှုမရှိတဲ့သူမ အဲဒီ"ဆိုဖီရှိုး"ဆိုတဲ့ သူမ အသက်ရှင်ခဲ့ရတဲ့နောက်ဆုံးနေ့ရက်တွေကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Sophie Scholl: The Final Days (2005)

Million Dollar Arm (2014) 7.0
Million Dollar Arm (2014)  ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီအဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော ...
movie

Million Dollar Arm (2014)