Channel Myanmar

Medical

Resident Playbook (2025) [Complete] 8.8
Resident Playbook (2025) [Complete] Resident Playbook (2025) ************************* အပိုင်း (၁ မှ ၁၂) စ/ဆုံးနာမည်ကြီး "Hospital Playlist"ဇာတ်ကားရဲ့ spin-offဇာတ်လမ်းတွဲဖြစ်ပြီး တက္ကသိုလ်ဆေးရုံရဲ့ ပါမောက္ခနဲ့ဆရာဝန်တွေရဲ့ ဘဝနဲ့သူငယ်ချင်းသံယောဇဉ်တွေကို သရုပ်ဖော်ထားတဲ့ ဒီဇာတ်ကားလေးမှာတော့ ..Castတွေအဖြစ် "Moving, Death's Game"စတဲ့ ‌ဇာတ်ကားကောင်းတွေမှ မင်းသမီးချော Go Youn Jung, လတ်တလောအရမ်းနာမည်ကြီးခဲ့တဲ့ "When Life Gives You Tangerines" ဇာတ်ကားမှာ အွန်းမြောင်းအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Kang You Seok တို့အပြင် တခြားသရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ် .. ။ဇာတ်လမ်းကတော့ .. ****************အခုလို မွေးဖွားနှုန်းကျဆင်းနေတဲ့ခေတ်မှာ ယူဂျယ်ဆေးရုံ ဂျုံရိုရုံးခွဲရဲ့ လူကြိုက်မများတဲ့ ဌာနဖြစ်တဲ့ သားဖွားမီးယပ်အထူးကုဌာနကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြတဲ့ ဘွဲ့လွန်ပထမနှစ် လက်ထောက်ဆရာဝန်လေးတွေရဲ့ နေ့ည မနားဘဲ အကောင်းဆုံးဆရာဝန်ဖြစ်လာဖို့ ကြိုးစားကြပုံကို ပြသထားတာဖြစ်ပါတယ် .. ။ချစ်စရာသူငယ်ချင်းဆက်ဆံရေးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကိုပါ အများကြီး သိရှိရမှာဖြစ်လို့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မလွတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။ (အညွှန်းကို Toe ...
8.8
TMDb: 8.8/10 1240 votes
tv

Resident Playbook (2025) [Complete]

2025
Forest (2020) [Complete] 7.8
Forest (2020) [Complete] Forest (2020)*************အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခေါက်မှာတော့ စိမ်းစိုနေတဲ့ တောအုပ်အလှတွေကို တစ်ဝကြီးခံစားရင်း ငြိမ့်ငြိမ့်အေးအေးလေး ကြည့်ရှုရမဲ့ Park Hae-Jin နဲ့ Cho Bo-Ah တို့ရဲ့ Healing Romance ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။- ဇာတ်လမ်းအကျဉ်း -ဂန်ဆန်းဟျော့ (Park Hae-Jin) ဟာဆိုရင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ RLI ရဲ့ မန်နေဂျာချုပ်ပါ ဆန်းဟျော့က ငယ်စဥ်က စိတ်ဒဏ်ရာ‌ကြောင့် ဆယ်နှစ်မတိုင်ခင်က ကိစ္စတွေကို မမှတ်မိပါဘူး ။တစ်နေ့မှာ အရေးကြီးပရောဂျက်နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတုန်းမှာပဲ ဆန်းဟျော့တစ်ယောက် မူးလဲသွားပါတော့တယ် ။ဆန်းဟျော့လည်း ဆေးရုံတင်လိုက်ရပြီး အဲဒီဆေးရုံမှာ ခွဲစိတ်ဆရာဝန်မလေး ဂျောင်ယောင်းဂျယ် (Cho Bo-Ah) တွေ့ဆုံခဲ့ရပါတယ် နှစ်ယောက်ရဲ့ ဆုံစည်းမှုကတော့ မပြေလည်မှုပေါင်းများစွာနဲ့ပဲ လမ်းခွဲဖြစ်ခဲ့ကြတာပေါ့ .. ။ဆန်းဟျော့ ဆေးရုံကဆင်းတဲ့နောက်မှာ သူ့ရဲ့ပရောဂျက်ကို တခြားဌာနက လုသွားပြီဖြစ်လို့ ပရောဂျက်အကြောင်း ‌အသေးစိတ် လိုက်စုံစမ်းရင်း မီယောင်းတောအုပ်နဲ့ ပတ်သက်ပြီး မသင်္ကာစရာအချက်ကို တွေ့ရှိလိုက်ရပါတယ် .. ...
7.8
TMDb: 7.8/10 1690 votes
tv

Forest (2020) [Complete]

2020
Unmet: Diary of a Brain Surgeon (2024) [Complete] 7.8
Unmet: Diary of a Brain Surgeon (2024) [Complete] Unmet: Diary of a Brain Surgeon (2024)**************************************အပိုင်း (၁ မှ ၁၁) စ/ဆုံးအနှစ်သာရရှိတဲ့ ဂျပန် ဆရာဝန်ကားကောင်းလေးတွေ ကြည့်ချင်နေကြတဲ့ CM ချစ်ပရိသတ်တို့အတွက် အခုတစ်ခါမှာတော့ cast character chemistry script အဘက်ဘက်ကနေ ကြည့်ရှုသူတွေဆီက positive review တွေ ပိုင်ဆိုင်ထားတဲ့ medical series သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိတစ်ယောက် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ဘဝရဲ့အချိုးအကွေ့တစ်ခုကို ရောက်သွားပြီး သူ့ရဲ့ဘဝလမ်းကို ပြန်လည်ရှာဖွေရပုံလေးကို တင်ဆက်ထားတာပါ။ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိဟာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့် ဦးခေါင်းထိခိုက်မှုဖြစ်သွားပါတယ်။ခွဲစိတ်မှုရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့အပြင် နောက်ထပ် memory အသစ်တွေကိုလည်း တစ်ရက်စာအပြင် ပိုမမှတ်နိုင်တော့ပါဘူး။ဒီလိုနဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဘဝကနေ သူနာပြုအဖြစ် အလုပ်ပြန်လုပ်နေတုန်း ဦးနှောက်ခွဲစိတ်ဆရာဝန် ဒေါက်တာဆန်းပေးနဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ...ဒေါက်တာဆန်းပေးက ထက်မြက်တယ် တော်တယ်ဆို‌ပေမဲ့ တစ်ဖက်က သူ့ရဲ့အကျင့်စရိုက်ကြောင့် နာမည်ဆိုးတွေလည်းထွက်ထားတဲ့အတွက် မီယာဘိတစ်ယောက် ယုံရခက် မယုံရခက်ဖြစ်နေချိန် သူ့ရဲ့မှတ်ဉာဏ်ပျောက်နေတာအတွက် ဒေါက်တာဆန်းပေးမှာ ...
7.8
TMDb: 7.8/10 810 votes
tv

Unmet: Diary of a Brain Surgeon (2024) [Complete]

2024
PULSE (2025) Season 1 [ Complete ] 7.385
PULSE (2025) Season 1 [ Complete ] Season 1အပိုင်း ( ၁ မှ ၁၀  ) အထိ စ / ဆုံး Medical Series ကြိုက်နှစ်သက်သူတွေအတွက်The Boys series ထဲက A-train သရုပ်ဆောင်Jessie T. Usherလည်းပါဝင်ထားတဲ့ Pluse series ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီစီးရီးကို Netflix ကရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးအပိုင်း ၁၀ပိုင်းပါဝင်ပါတယ်။ဇာတ်လမ်းကတော့ မိုင်ယာမီက မက်ဂွိုင်းယားဆေးရုံရဲ့အရေး‌ပေါ် ထိခိုက်ဒဏ်ရာကုသရေးစင်တာက ဆရာဝန်တွေအကြောင်း ရိုက်ကူးထားတာပါ။အခြား Medical series တချို့လိုမျိုး ဆေးကုတာတွေချည်းတောက်လျှောက်ပြတာမျိုးမဟုတ်ဘဲ Netflix ထုံးစံအတိုင်းဒရာမာအချိုးအကွေ့လေးတွေနဲ့ အဓိက ဇာတ်ဆောင်ဆရာဝန်တွေရဲ့ personal lifeတွေအကြောင်းပါ ထည့်သွင်းရိုက်ကူးပြထားပါတယ်။မိုင်ယာမီမှာ ဟာရီကိန်းမုန်တိုင်းဝင်တဲ့‌အချိန်ကနေဇာတ်လမ်းစဖွင့်ထားတာမလို့ အပိုင်း ၁ မှာကတည်းကလူနာတွေကို အခက်အခဲတွေကြားက အသက်ကယ်ကြပုံတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီ"Pulse" စီးရီးဟာ Medical drama ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ သူတွေအတွက် လက်လွတ်မခံသင့်တဲ့ စီးရီးတစ်ခုဖြစ်ပြီး၊ ဆရာဝန်တွေရဲ့ အခက်အခဲတွေနဲ့ Medicalလောကအကြောင်း တစေ့တစောင်း ...
7.385
TMDb: 7.385/10 13 votes
tv

PULSE (2025) Season 1 [ Complete ]

2025
The Pitt (2025) 8.2
The Pitt (2025) Season 1အပိုင်း ( ၁ မှ ၁၅  ) အထိ စ / ဆုံး IMDb - 8.3/10ဒီတစ်ခါမှာတော့ ER ဇာတ်လမ်းတွဲထဲဲက Noah Wyle ရဲ့ အရေးပေါ်ခန်းဇာတ်လမ်းတွဲတစ်ခု ထပ်မံရောက်ရှိလာပြန်ပါပြီ ။ ကိုဗစ်ကြောင့်သူ့အထက်လူကြီး ဒေါက်တာ အဒမ်ဆင် ဆုံးပါးပြီးတဲ့နောက် ER ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရော့ဘီဟာ အလုပ်ကနေ လေးနှစ်တောင် အနားယူသွားခဲ့ပါတယ် ။ ဒီလိုကနေ သူ အလုပ်ပြန်တက်တဲ့နေ့မှာတော့ ဒဏ်ရာရလူနာပေါင်း တစ်သိန်းတစ်သောင်းအပြင် ဆေးကျောင်းသားအသစ်တွေကလည်းထပ်ရောက်လာဦးမယ်ဆိုတော့ ရော့ဘီတစ်ယောက် အရေးပေါ် ဌာနမှာဒေါင်ချာစိုင်းရပါတော့တယ် ။တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဝင်လာနေတဲ့ လူနာတွေ ၊အသက်လုနေရတဲ့ ကေ့စ်တွေကို ရော့ဘီ အပါအဝင် အရေးပေါ်ဌာနကအဖွဲဝင်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ အားလုံးစိတ်ဝင်စားစွာနဲ့အတူတူ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။Grey’s anatomy , Dr. House , The ...
8.2
TMDb: 8.2/10 19 votes
tv

The Pitt (2025)

2025
Hyper Knife (2025) [Complete] 10
Hyper Knife (2025) [Complete] Hyper Knife (2025)*********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေခဲ့ကြတဲ့ ဝူယောင်းဝူလေး ရဲ့Thriller ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ။Cast တွေအနေနဲ့ကတော့ ဝူယောင်းဝူအဖြစ်နဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို လက်ခံရရှိထားတဲ့မင်းသမီး Park Eun-Bin၊ မင်းသားကြီး Sul Kyung-Gu၊ Park Byung-Eun၊ Yoon Chan-Youngစတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~တစ်ချိန်က တော်တဲ့ဆရာဝန်ဖြစ်ခဲ့ပေမဲ့လည်း လက်ရှိမှာတော့ တရားမဝင်ခွဲစိတ်ခန်းမှာ လုပ်နေတဲ့ဆရာဝန်တစ်ယောက်အဖြစ် ပြောင်းလဲနေထိုင်နေသူ Jung Se-Ok နဲ့ တစ်ချိန်က သူ့ရဲ့ အလေးစားရဆုံးဆရာဖြစ်ပေမဲ့ သူ့ကို ခွဲစိတ်ခန်းထဲက နှင်ထုတ်ခဲ့ပြီး သူ့ဘဝကို ပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့တဲ့ ဆရာဖြစ်သူChoi Deok-Hee နဲ့ ပြန်လည်တွေ့ဆုံကြပြီး နောက်မှာတော့...ကိုယ့်ရဲ့ဘဝကို ဟိုးအောက်ခြေအထိ ထိုးကျသွားအောင် လုပ်ခဲ့တဲ့ ဆရာ့အပေါ် မကျေနပ်တဲ့စိတ်နဲ့လက်စားချေရင်းကနေ တစ်ချိန်က လူအသက်ကို ...
10
TMDb: 10/10 1 votes
tv

Hyper Knife (2025) [Complete]

2025
Best Interests (2023) [Complete] 7.5
Best Interests (2023) [Complete] Best Interests (2023)********************(အပိုင်း ၁ မှ ၄) စ/ဆုံး အခုတင်ဆက်လိုက်တဲ့ Best Interests ဆိုတဲ့ စီးရီးလေးကတော့ ၂၀၂၃ တုန်းက ထွက်ရှိထားတဲ့ အပိုင်း ၄ ပိုင်းပါဝင်တဲ့ ဒရာမာအမျိုးအစား British Mini Series လေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့... မာနီဆိုတဲ့ ကောင်မလေးက အသက် ၆ လအရွယ်ကတည်းကနေ ရှားပါးတဲ့မွေးရာပါ ကြွက်သားအားနည်းကြုံလှီတဲ့ရောဂါတစ်မျိုးကို ခံစားခဲ့ရတာပါ။ရောဂါကို ကြံ့ကြံ့ခံခဲ့ပေမဲ့ အသက် ၁၃ နှစ်အရွယ်ကို ရောက်တဲ့အခါမှာ ရောဂါအခြေ အနေအဆိုးဆုံးဖြစ်လာခဲ့ပြီး အသိစိတ်တုံ့ပြန်မှုမရှိတဲ့ အနေအထားအထိဖြစ်လာခဲ့ပါတယ်။ရောဂါကြောင့် နာကျင်ခံစားမှုကလွဲပြီး တိုးတက်ကောင်းမွန်လာဖို့ အခွင့်အလမ်း မရှိသလောက် နည်းတဲ့အတွက် တာဝန်ခံဆရာဝန်က ကုသမှုတွေကို ရပ်လိုက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။အဲဒီဆုံးဖြတ်ချက်ကို ဆေးရုံရဲ့ ကျင့်ဝတ်ဆိုင်ရာ ကော်မတီကလည်း ထောက်ခံပေးခဲ့ပေမဲ့ မာနီရဲ့ မိခင်ဖြစ်သူကတော့ ဘယ်လိုမှ လက်မခံခဲ့ပါဘူး။ဒါ့အပြင် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မိသားစုတွင်းမှာပါ သဘောထားကွဲလွဲမှုတွေ ဖြစ်လာတဲ့အခါမှာ ဘယ်လိုပဋိပက္ခတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ .. အတွေးပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြပါဦးနော်...။ (အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ်) Episodes: ...
7.5
TMDb: 7.5/10 1327 votes
tv

Best Interests (2023) [Complete]

2023
Doctors (2016)  [Complete] 8.161
Doctors (2016) [Complete] Doctors (2016)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး "တချို့သော တွေ့ဆုံမှုတစ်ခုဟာ လူတစ်ယောက်ရဲ့ဘဝကို လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်" Channel Myanmar ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ BaekSang ဆုကြီးအပြင်တခြားဆုပေါင်းများစွာကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Cast တွေအနေနဲ့ကတော့ ထိပ်ထိပ်ကြဲ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Rae-Won ၊ Park Shin-Hye၊Lee Sung-Kyung ၊ Yun Kyun-Sang တို့အပြင် ပရိသတ်တို့နဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~လုပ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ အပြီးအထိလုပ်တတ် စရိုက်ရှိပြီး ဥာဏ်လည်းကောင်းတဲ့သူဖြစ်တဲ့ယူဟယ်ဂျောင်း (Park Shin-Hye) ဟာ ကြင်နာတတ်ပေမဲ့ အမေဖြစ်သူဆုံးသွားပြီးနောက် အဖေဖြစ်သူနောက်အိမ်ထောင်ပြုလိုက်တာကြောင့် နှလုံးသားတံခါးကိုပိတ်လိုက်ပြီး ဆိုးသွမ်းတဲ့လူတစ်ယောက်လိုပြုမူနေထိုင်လာပါတော့တယ်။တစ်နေ့မှာတော့ ဒီလိုမျိုး ထက်မြက်တဲ့ဥာဏ်ရည်ကို အလဟဿဖြစ်အောင် ထားထားပြီး နေနေတဲ့သူမဘဝကို ပြောင်းလဲသွားစေတဲ့ ဟုန်းဂျီဟုန်းဆိုသူ ပေါ်လာခဲ့ပါတော့တယ်။ဟုန်းဂျီဟုန်း (Kim Rae-Won) ကတော့ ဥာဏ်ကောင်းပြီး ဖော်ဖော်ရွေရွေနေတတ်တဲ့အပြင်တာဝန်ယူတတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ဆရာဝန်အလုပ်သင်အဖြစ် လုပ်ရင်း အမှားသေးသေးလေးတစ်ခုကြောင့် ...
8.161
TMDb: 8.161/10 310 votes
tv

Doctors (2016) [Complete]

2016
The Trauma Code: Heroes on Call (2025) [Complete] 10
The Trauma Code: Heroes on Call (2025) [Complete] The Trauma Code: Heroes on Call (2025)****************************************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး မျက်စိတစ်မှိတ်အတွင်းမှာ ဓားတစ်ချောင်းနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပြီး နတ်ဘုရားလက်လို့တောင်တင်စားခံရတဲ့ အထူးကုခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ဟာ စစ်မြေပြင်အထိသွားရောက်ကာအသက်ကယ်တင်လာခဲ့တဲ့သူမို့လို့ ဆေးပညာလောကမှာ ဂုဏ်သတင်း ကြီးလှသူပါ။လူနာအသက်ကို ကယ်တင်တဲ့အရာမှာတော့ လက်စောင်းထက်လှပေမဲ့ ပင်ကိုယ်စရိုက်ကတော့မှန်တယ်ထင်ရင် ဖရုံမသီးတဲ့ ဘဲ့ဂန်ဟျော့ဟာ တက္ကသိုလ်ဆေးရုံတစ်ခုမှာ တာဝန်ကျပြီးအထူးခွဲစိတ်အဖွဲ့ကို ဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သို့သော် တစ်ဖက်မှာ အထူးခွဲစိတ်အဖွဲ့အနေနဲ့ လူနာများစွာကယ်တင်လေ ဆေးရုံရဲ့ဘဏ္ဍာရေးကိုထိခိုက်လေဖြစ်နေတာကြောင့် အမည်ခံအဖွဲ့သာသာအဖြစ်သာ တည်ရှိနေရပါတယ်။တက္ကသိုလ်ဆေးရုံကို နတ်ဘုရားလက် ဘဲ့ဂန်ဟျော့ ရောက်ရှိလာတဲ့အခါမှာတော့ အထူးခွဲစိတ်အဖွဲ့ကိုလက်တွေ့မြေပြင်အထိသွားရောက်ကာ လူနာကယ်တင်စေရန် လုပ်ငန်းစပါတော့တယ်။ဘဲ့ဂန်ဟျော့တစ်ယောက် သူ့ဗီဇသူ့ခံယူချက်အတိုင်း အထူးခွဲစိတ်အဖွဲ့ကို ဘယ်လိုပုံဖော်ဖန်တီးယူမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် ဝါရင့်မင်းသားကြီး ဂျူဂျီဟွန်းရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုနဲ့အက်ရှင်ခန်းများကိုလည်း တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။မင်းသားကြီး ဂျူဂျီဟွန်းသာမက အခြားသော ဝါရင့်သဘာရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်လက်ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသား‌ထားပါတယ်။) Aired:  Jan 24, 2025  Aired On: ...
10
TMDb: 10/10 1 votes
tv

The Trauma Code: Heroes on Call (2025) [Complete]

2025
After School Doctor (2024) 7
After School Doctor (2024) After School Doctor (2024) **************************စ/ဆုံးယခုတစ်ခေါက် CM ပရိသတ်များကို တင်ဆက်ပေးမှာကတော့ ဂျပန်ဒရမ်မာဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်...ကလေးအထူးကုဆရာဝန် Shun Makino ဟာ ဂျစ်ကန်ကန်နဲ့ ဟုတ်တိုင်းမှန်ရာကို ဘွင်းဘွင်းဆိုကာ ဆေးကုသပေးတတ်သူတစ်ဦးပါ...ထိုကဲ့သို့ သူတစ်ပါးစိတ်ခံစားချက်ကိုလျစ်လျူရှုကာ အပိုစကားမဆိုဘဲရောဂါလက္ခဏာကိုအရင်းအတိုင်း ထုတ်ဖော်ပြောပြတတ်တဲ့ဆရာဝန်တစ်ယောက်ဟာ...အကြောင်းအမျိုးမျိုးကြောင့် ကန်တိုဆေးတက္ကသိုလ်ဆေးရုံကနေ မူလတန်းကျောင်းဆေးပေးခန်းကို တာဝန်ကျချိန်မှာတော့မတူညီတဲ့ပတ်ဝန်းကျင်နဲ့ မတူညီတဲ့ဆက်ဆံရေးတွေကိုကြုံတွေ့ရပါတော့တယ်...ယခင်က အုပ်ထိန်းသူလူကြီးအများစုနဲ့သာ အဓိကပြောဆိုဆက်ဆံရပြီးသူတစ်ပါးရဲ့စိတ်ခံစားချက်ကို ခေါင်းထဲထည့်ဖို့ စိတ်ကူးမရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်က...မူလတန်းကျောင်းသားအများစုနဲ့ ထိတွေ့ဆက်ဆံလာရတဲ့အခါမှာတော့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရဲ့နူးညံ့သိမ်မွေ့ကာနက်နဲရှုပ်ထွေးပြီး ဂရုစိုက်ပေးဖို့လိုအပ်ပုံ ကုသပေးဖို့လိုအပ်ပုံကို နားလည်သဘောပေါက်လာခဲ့ပါတယ်...အဲဒီနောက်မှာတော့ ကျောင်းသားများနဲ့ ဆရာ/မများရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုကူညီဖြေရှင်းကုသပေးပါတော့တယ်...ထိုသို့ကူညီဖြေရှင်းပေးရင်း တိုးတက်လာတဲ့ ဇာတ်ကောင်စရိုက်ကိုကျန်းမာရေးဗဟုသုတများလွှမ်းခြုံကာ စိတ်ချမ်းမြေ့ကြည်နူးဖွယ်တင်ဆက်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင်...ကြည့်ရှုပြီးသူ နိုင်ငံတကာပရိသတ်များရဲ့ အပေါင်းလက္ခဏာမှတ်ချက်များကိုလည်း ရရှိထားတာဖြစ်လို့CM ပရိသတ်များလည်း လက်မလွတ်စေရအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ...ဇာတ်လမ်းအညွှန်းကို Ye Thiha Htet မှရေးသားပေးထားပါတယ်Drama: Hokago Karte Genres: Life, Drama, Medical Country: Japan Episodes: 10 Aired: Oct 12, 2024 ...
7
TMDb: 7/10 1 votes
tv

After School Doctor (2024)

2024
Life (2018) [Complete] 7.3
Life (2018) [Complete] Life (2018)************************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ ဆရာဝန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်ဦးဦးသေမင်းရဲ့ ဆရာဝန်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ 2018မှာထွက်ရှိခဲ့ပြီး Goblin, A Shop for Killers ထဲမှမင်းသား Lee Dong Wook၊ Stranger, Sisyphus ထဲမှ မင်းသား Cho Seung Woo နဲ့Melting Me softly, She Would Never Know တို့ထဲမှ မင်းသမီး Won Jin-Ah တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရယ်ဂျင်ဝူး ( Lee DongWook) ဟာ ဆန်းဂုတက္ကသိုလ်ဆေးရုံ အရေးပေါ်ဌာနရဲ့ ဆရာဝန်ဖြစ်ပြီးနွေးထွေးကြင်နာသူတစ်ယောက်ဖြစ်သလို ဆေးရုံအုပ် အီဘိုဟွန်းကို ရိုသေလေးစားသူလည်းဖြစ်ပါတယ်။တစ်နေ့မှာတော့ ရယ်ဂျင်ဝူးဟာ ညီဖြစ်သူဆီမှ ဆေးရုံအုပ်ရဲ့ အကျင့်ပျက်ချစားမှုတစ်ခုကို သိလိုက်ရပြီးနောက်တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာတင် ဆေးရုံအုပ်ကြီးဟာ ရုတ်တရက်နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့ပါတော့တယ်။ဂူဆွန်းဟျို ...
7.3
TMDb: 7.3/10 32 votes
tv

Life (2018) [Complete]

2018
Good Doctor (2024)
Good Doctor (2024) နှလုံးလှ ဆရာဝန် (၂၀၂၄)ရွှန်းဟာ မွေးရာပါ အော်တစ်ဇင်ဝေဒနာရှင်ဖြစ်ပြီး ထိုင်းနိုင်ငံဆေးကောင်စီက ပေးအပ်ထားတဲ့ ဆရာဝန်လက်မှတ်ကို ရထားသူဖြစ်ပါတယ်။ သူ ငယ်စဉ်ကလေးဘဝက သူချစ်ရတဲ့ ယုန်လေးနဲ့ သူ့အစ်ကို ရှင်း ကွယ်လွန်သွားတဲ့နောက်မှာ လူနာတွေကို အသက်ဆက်ရှင်သွားနိုင်အောင် ကုသပေးချင်တဲ့ ဆရာဝန်ဖြစ်ချင်ခဲ့ပါသူ။ သူ့ကို စောင့်ရှောက်ပေးနေတဲ့ ဂျီအမ်စီဆေးကုသရေးဌာနက ပါမောက္ခပရာဖတ်ရဲ့ အကူအညီနဲ့ ဂျီအမ်စီဆေးရုံမှာ အလုပ်သင်ဆရာဝန်အဖြစ် ထမ်းဆောင်ဖို့ လူတွေ့ဖြေဆိုခွင့်ကို ဌာနတိုင်းရဲ့ပါမောက္ခတွေက သဘောမတူခဲ့ကြပါဘူး။ ဒါပေမဲ့ ရွှန်းရဲ့ ဘတ်စ်ကားပေါ်က ထက်မြက်လွန်းတဲ့ အရေးပေါ်ကုသမှုဗီဒီယိုဖိုင်အကြောင်း သတင်းဌာနတွေက တင်ပြလာတဲ့အခါမှာတော့ သူ့ကို လက်ခံပေးဖို့ အများစုက သဘောတူလာခဲ့ကြပါတယ်။ ဒါပေမဲ့ အများဆန္ဒကြောင့် သူ့ဌာနမှာ ရွှန်းကို လက်ခံထားပေးတဲ့ ပါမောက္ခအာချဝင်က လူနာတွေရဲ့အသက်အန္တရာယ်ကို အော်တစ်ဇင်ဆရာဝန်လက်ထဲ မအပ်နိုင်ဘူးဟုဆိုကာ ခွဲစိတ်ခန်းထဲဝင်ခွင့်မပြုတဲ့အခါ... အလုပ်သင်ဆရာဝန်လေးရွှန်း ခက်ခဲလွန်းလှတဲ့ သူ့ရဲ့အလုပ်သင်ကာလကို ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလား... ပါမောက္ခအာချဝင်နဲ့ ကျန်တဲ့ဆရာဝန်တွေကရော သူ့အရည်အချင်းကို အသိအမှတ် ပြုပေးကြပါ့မလား...အညွှန်းကိုတော့ Dao Phyo က ရေးထားပြီးတော့ ဘာသာပြန််ထားတာကတော့ Char Ou, Mary, Su Myatt, ...

Good Doctor (2024)

2024
Face Me (2024)
Face Me (2024) Face Me (2024) ***************အပိုင်း ၁ မှ ၁၂ စ/ဆုံး  ကိုကို Lee Min Ki, Han Ji Hyun နဲ့ အားလုံးရဲ့အချစ်တော် Lee Yi Kyung(ဂင်ချားနား) တို့ရဲ့ကားသစ်လေးရပါပြီ။ဇာတ်လမ်းအကျဉ်း --------------လျှို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုမှာ ချစ်ရတဲ့မိန်းကလေးကိုဆုံးရှုံးခဲ့ရတဲ့ ဆရာဝန်ဖြစ်သူ ချာဂျောင်းအူ ..အဲဒီဖြစ်ရပ်အပြီးမှာတော့ ချာဂျောင်းအူဟာ သာမန်အရေးပေါ်ခန်းမှာ တာဝန်ထမ်းဆောင်တဲ့ဆရာဝန်အဖြစ်ကနေ...အလှအပရေးရာခွဲစိတ်ဆရာဝန်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့ရဲ့ထူးချွန်လှတဲ့...ခန္ဓာဗေဒဆိုင်ရာအသိပညာရယ် ကျွမ်းကျင်လှတဲ့လက်ချောင်းတွေရယ်ကြောင့် “နတ်ဘုရားလက်” ဆိုပြီး...သတင်းမွှေးလာပါတော့တယ်။ အရာရာပြည့်စုံနေတဲ့ ချာဂျောင်းအူရဲ့ အားနည်းချက်တစ်ခုကတော့...လူနာတွေနဲ့စိတ်ခံစားချက်ချင်းဆက်သွယ်ရာမှာ အခက်အခဲရှိတဲ့အပြင် သူတို့ရဲ့ကိုယ်ရေးကိုယ်တာအခက်အခဲတွေကိုပါလျစ်လျူရှုပြီးနေတတ်တာပါပဲ။ အဲဒီလိုနဲ့တစ်နေ့မှာ သူ့ဘက်ကခွဲစိတ်ပေးဖို့ငြင်းလိုက်တဲ့ လူနာတစ်ယောက်က...သတ်သေတဲ့အထိဖြစ်သွားပြီး အဲဒီလူနာချန်ခဲ့တဲ့ သူ့ကိုအပြစ်ဖို့ထားတဲ့သေတမ်းစာကြောင့် ...သူ့ရဲ့ဂုဏ်သတင်းဟာ ကျဆင်းသထက် ကျဆင်းသွားပါတော့တယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်ရာဇဝတ်မှုဌာနမှာ...အလုပ်လုပ်ကိုင်နေတဲ့ စုံထောက် အီမင်ဟျောင်းဟာဆိုရင်...အကြောက်အလန့်မရှိ ယုံကြည်ချက်အပြည့်နဲ့...ရာဇဝတ်သားတွေကို ရေဆုံးမြေဆုံးလိုက်ဖမ်းတတ်သူဖြစ်ပြီး နစ်နာသူတွေကို စာနာထောက်ထားတတ်တဲ့သူတစ်ယောက်ပါ။ဒီလိုနဲ့တစ်နေ့မှာ ရာဇဝတ်မှုတွေရဲ့နစ်နာသူတွေကို ပံ့ပိုးကူညီရာမှာလုပ်အားပေးလုပ်နေတဲ့ ချာဂျောင်းအူနဲ့...မမျှော်လင့်ဘဲဆုံတွေ့ရာကနေ ချာဂျောင်းအူရဲ့လူနာဟောင်းသေဆုံးရတဲ့ နောက်ကွယ်ကအမှန်တရားကို...ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ နှစ်ယောက်သား ဒီလူသေမှုရဲ့နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလား ..ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို အပတ်စဥ် ...

Face Me (2024)

2024
Live Up to Your Name (2017) 6.8
Live Up to Your Name (2017) Live Up to Your Name (2017)************************* အပိုင်း (၁ မှ ၁၆) စ/ဆုံးဒီတစ်ခါမှာတော့ ဂျိုဆွန်းခေတ်က သမားတော်တစ်ယောက် ဆိုးလ်ရောက်လာပြီး ဂယက်တစ်သိန်းတွေ ထတဲ့ အချိန်ခရီးသွားကားလေးကို တင်ပေးလိုက်ပါတယ်နော် ..The Fiery Priest မှ မင်းသားကြီး Kim Nam Gi, Grid မှ  မင်းသမီး  Kim Ah Joong, True beautyက မင်းသမီးလေး Moon Ga-young နှင့်အတူ ပရိတ်သတ်ရင်းနှီးပြီးသား သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ..ဇာတ်လမ်းအညွှန်း ****************** Heo Im (Kim Nam Gil) ကတော့ ဂျိုဆွန်းမှာ အပ်စိုက်ကုထုံးနဲ့ လူနာတွေကို ကုသပေးနေတဲ့ အရှေ့တိုင်းဆေးဆရာတစ်ယောက်ပါ..သူက နေ့ဘက်မှာ မရှိဆင်းရဲသားတွေကို ကုသပေးတဲ့ ဆေးခန်းမှာ လုပ်ပြီးတော့ ညဘက်တွေမှာ အထက်တန်းလွှာတွေနဲ့ ရာထူးအဆင့်မြင့်တဲ့လူတွေရဲ့ အိမ်မှာ လျှို့လျှို့ဝှက်ဝှက်နဲ့ ဆေးသွားကုပေးရင်း ပိုက်ဆံရှာနေသူပေါ့...သူ့ရဲ့အရည်အချင်းကြောင့် ဘုရင့်ရောဂါကို ကုသပေးခွင့်ရခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ...
6.8
TMDb: 6.8/10 53 votes
tv

Live Up to Your Name (2017)

2017
Beautiful Mind (2016) 7.5
Beautiful Mind (2016) Beautiful Mind (2016) ***********************အပိုင်း ၁ မှ ၁၄စ/ဆုံး ၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို..CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့....Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားသော နာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်ရိုက်ကူးထားပါတယ်။ဆေးပညာနဲ့ပတ်သက်တာတွေကိုလည်း သေချာလေးရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ------------------ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့....ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့...တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ။နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက...သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့...ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။အီယောင်းအိုတစ်ယောက် ဟျွန်းဆောင်းဆေးရုံကိုရောက်ပြီး မကြာခင်မှာပဲ...ထူးခြားဆန်းကြယ်တဲ့လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ဆရာအီယောင်းအိုက လူသေဆုံးမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုဂျင်ဆောင်းရဲ့အကူအညီနဲ့ ရှာဖွေဖို့ကြိုးစားရင်း...လူတွေအပေါ် စာနာစိတ်ထားတတ်ပြီး ချစ်ခင်ဂရုစိုက်ပေးတတ်ဖို့ပါ...ဂျင်ဆောင်းဆီကနေသင်ယူခွင့်ရခဲ့ပါတယ်။ဆရာအီယောင်းအိုက ထူးခြားဆန်းကြယ်တဲ့ လူသေဆုံးမှုတွေရဲ့ အကြောင်းအရင်းကို...တကယ်ပဲ ရှာဖွေတွေ့ရှိသွားမလား....ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ...ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ May ...
7.5
TMDb: 7.5/10 16 votes
tv

Beautiful Mind (2016)

2016
Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
Doctor Slump (2024) [Complete]
Doctor Slump (2024) [Complete] Doctor Slump (2024)*********************အပိုင်း (၁ မှ ၁၆) စ/ဆုံး The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက်၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။အဲဒီလိုနဲ့ အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာJeong-woo ...

Doctor Slump (2024) [Complete]

2024
Once a Doctor, Always a Doctor (2024)
Once a Doctor, Always a Doctor (2024) ဆရာဝန်ဘဝ တစ်သက်စာ ထာဝရ (၂၀၂၄)ကန်က နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ပါတစ်နေ့ အာလင်လို့ခေါ်တဲ့ အဆိုတော် ကောင်မလေး တစ်ယောက် နှလုံးဘက်နားကို ဓါးထိုးခံရပြီး ဆေးရုံရောက်လာပါတယ် ကန်တစ်ယောက် ကြိုးစားပြီး ခွဲစိတ်ခဲ့ပါသော်လည်း အာလင်ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး ဒီအကြောင်းကို အာလင်ရဲ့ဖန်တွေ သိသွားတော့ မကယ်တင်ပေးနိုင်ရကောင်းမလားဆိုပြီး ကန်ကို ဆေးရုံရှေ့မှာ ဆန္ဒပြကြပါတယ်ကန်ကို လူသတ်သမားလို့ပြောတဲ့ သူကပြော ဆရာ၀န်မဖြစ်သင့်ဘူးလို့ ပြောတဲ့သူကပြော အလုပ်ထွက်ခိုင်းတဲ့လူက အလုပ်ထွက်ခိုင်းနဲ့ ဆန္ဒပြကြပါတယ်ကန်လည်း သူမကယ်တင်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေရတဲ့အပြင် ဒီလို ထိုးနှက်မှုတွေကြောင့် တစ်ခြားနယ်ကို အလုပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ ကန် တစ်ခြားနယ်ကို ပြောင်းရွေ့မယ့် ဆရာ၀န်ဘ၀ အဆင်ပြေသွားမှာလား ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Medical, Drama Quality…. 1080p | 720p File size… 600MB | ...

Once a Doctor, Always a Doctor (2024)

2023
Hospital Ship (2017) 6.3
Hospital Ship (2017) Hospital Ship (2017)*********************အပိုင်း ( ၁ မှ ၂၀ ) စ / ဆုံး ဒီကားလေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့Kang Min Hyuk (Celebrity)နဲ့ Ha Ji Won တို့ အဓိက ပါဝင်ထားပြီးကျွန်းမှာနေထိုင်တဲ့ ကျေးလက်ဒေသခံတွေကို  သင်္ဘောနဲ့ဆေးလိုက်ကုပေးတဲ့စေတနာ့ဆရာဝန်လူငယ်လေးတွေရဲ့ ဘဝကို သရုပ်‌ဖော်ထားတာပါ။Song Eun Jae (Ha Ji Won)က ဆိုးလ်မြို့ရဲ့ ဆေးရုံကြီးတစ်ခုမှာအလွန်ထူးချွန်တဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ဦးပါ။အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ တစ်နေ့မှာ ကံဆိုးတဲ့ အဖြစ်အပျက်တစ်ခုကြောင့်အဲဒီဆေးရုံကြီးကနေ ထွက်သွားရပြီး ဆေးရုံသင်္ဘောဆီမှာ တာဝန်ထမ်းဖို့ ဖြစ်လာပါတယ်။လူသားချင်း စာနာတတ်တဲ့ ဖခင်နဲ့ ကြီးပြင်းခဲ့ရတဲ့ Kwak Hyun (Kang Min Hyuk)ကတော့ချမ်းသာပြည့်စုံတဲ့ ဘဝက လာပေမဲ့ သူကိုယ်တိုင်ကပဲ စေတနာ့ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့ပြီးဆေးဝါးနဲ့သာမက အပြုံးချိုချိုလေးတွေနဲ့ပါ ဆေးကုပေးတတ်တဲ့ ဆရာဝန်လေးပေါ့။Kim Jae Gul (Lee Seo ...
6.3
TMDb: 6.3/10 19 votes
tv

Hospital Ship (2017)

2017