Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Music
6.7
200 Pounds Beauty (2006)
200 Pounds Beauty (2006)**************************IMDb... 6.7 "မာရီယာ~~~" ဆိုတဲ့ သီချင်းလေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားလေးကို ပြန်အမှတ်ရသွားစေတဲ့အထိဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဒီ 200 Pounds Beauty ဆိုတဲ့ ဇာတ်ကားလေးကို quality၊ ဘာသာပြန် အလန်းဖြင့်ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဇာတ်လမ်းလေးကတော့ အကုန်သိပြီးကြတဲ့အတိုင်း သီချင်းဆိုတဲ့နေရာမှာ တော်ပေမဲ့လည်း ရုပ်ဆိုးပြီးဝတဲ့အတွက် ကန့်လန့်ကာနောက်ကနေ သူများအတွက် သီချင်းဆိုပေးနေရတဲ့ အဆိုတော်မလေး ဟန်နာ။သူသဘောကျရတဲ့သူကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ပရိုဂျူဆာ ဆန်းဂျွန်းဆိုသူပေါ့။ဒါပေမဲ့ တစ်ရက် သူသဘောကျရတဲ့သူက သူ့နောက်ကွယ်မှာ သူ့ကိုအသုံးချပြီး မကောင်းပြောတာကြားလိုက်ရတဲ့အခါမှာတော့ ဟန်နာတစ်ယောက် တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ခွဲစိတ်ပြုပြင်ပြီး အရမ်းလှသွားတဲ့ ဟန်နာတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်သွားမလား...ဆန်းဂျွန်းနဲ့ရော ဘယ်လိုဖြစ်သွားမလဲဆိုတာအပြင် အဖေတစ်ခု သမီးတစ်ခုဖြစ်တဲ့ ဟန်နာနဲ့သူ့အဖေရဲ့ အကြောင်းကလည်း ရင်ထဲထိစေမှာဖြစ်တဲ့အတွက် ကြည့်ပြီးတဲ့သူရောမကြည့်ရသေးတဲ့သူတွေပါ ကြည့်ရှုကြည့်ကြဖို့ ညွှန်းလိုက်ရပါတယ်နော်။ File Size : 2.18GB/ 1.06GB Quality ...
movie
200 Pounds Beauty (2006)
7.4
Midnight Sun (2025)
Midnight Sun (2025)********************IMDb... 7.4 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Song to the Sun ဆိုတဲ့ ဂျပန်ကားကို Remake ပြန်လည်ရိုက်ကူးထားတဲ့Midnight Sun ဆိုတဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Castတွေအနေနဲ့ကတော့ Holy Night: Demon Hunter ဇာတ်ကားထဲက မင်းသမီး Jung Ji So နဲ့Oh My Ghost Clients ထဲက မင်းသား Cha Hak Yeon တို့က အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း-နေရောင်ခြည်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတဲ့ မီဆိုး (Jung Ji So) ဟာ အနုပညာမှာ ပါရမီပါတဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး သူ့မှာ နှစ်ပေါင်းများစွာ ကြိတ်သဘောကျနေရတဲ့ မင်ဂျွန်း(Cha Hak Yeon) ဆိုတဲ့ ကောင်လေး တစ်ယောက် ...
movie
Midnight Sun (2025)
7.1
Perayaan Mati Rasa (2025)
Perayaan Mati Rasa (2025)IMDb Rating (7.1) ဘဝရဲ့အချိူးအကွေ့တခုမှာ မိသားစုတခုရဲ့ အကြီးဆုံးသားဖြစ်သူက မိသားစုကိစ္စတွေကို ဖြေရှင်းသွားတာကို ပြထားတဲ့ကားလေးပါ။သူရဲ့ခံစားချက်တွေကို ပင်လယ်အနက် level တွေနဲ့ နှိုင်းပြထားပြီး သူ့အဖေအမှတ်မထင်ဆုံးပါးသွားတဲ့အခါ အကြီးတယောက်အနေနဲ့ အီရန်ဟာရော့ခ်စတားဖြစ်ချင်တာကတဖက် အငယ်ကိုရော အမေကိုရော ဂရုစိုက်ရတာက တဖက်ဖြစ်သွားပါတယ်။အင်ဒိုနီးရှားမိသားစုကားလေးလည်းဖြစ်ပြီး emotional လည်းအရမ်းဖြစ်ရတဲ့ကားပါ။ Honestly, This is such a beautiful movieပါ။ Plotရော actingပိုင်းရော ပြောစရာမလိုတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(2 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family,Music Duration….02:05:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw
movie
Perayaan Mati Rasa (2025)
2025
7.0
Little Voice (1998)
Little Voice (1998)IMDb Rating (7.0) / Rotten Tomatoes (80%) ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းအယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ "ရေးဆေး"ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ "အယ်လ်ဗီ"ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။အနုပညာလောကက အေးဂျင့်ပီပီ "ရေးဆေး"ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ...
movie
Little Voice (1998)
1998
7.1
Sáng Đèn (2024) Lighting Up the Stage
Sáng Đèn (2024)IMDb Rating (7.1) “Sáng Đèn” က ၁၉၉၀ ခုနှစ်တွေက ဗီယက်နမ်မှာ ရေပန်းစားခဲ့တဲ့ Cai Luong (ဗီယက်နမ်ရိုးရာ အော်ပရာပြဇာတ်) ရဲ့ ထွန်းတောက်မှုနဲ့ ကျဆင်းမှုကို ပြသထားတဲ့ ဒရာမာရုပ်ရှင်တစ်ခုပါ။ ဒီရုပ်ရှင်ကို Hoang Tuan Cuong က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Huu Chau၊ Cao Minh Dat၊ Bach Cong Khanh နဲ့ Le Phuong တို့လို ဗီယက်နမ်သရုပ်ဆောင်တွေ ပါဝင်ထားတယ်။ဇာတ်လမ်းက ၁၉၉၄ ခုနှစ်မှာ စတင်ပြီး Cai Luong ပြဇာတ်အဖွဲ့တွေ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ အချိန်ကို ပြသထားတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Thanh ဆိုတဲ့ ၁၀ နှစ်အရွယ် ငါးဖမ်းလုပ်သားလေးက တစ်နေ့မှာ ...
movie
Sáng Đèn (2024) Lighting Up the Stage
2024
5.3
Hurry Up Tomorrow (2025)
Hurry Up Tomorrow (2025)IMDb Rating (5.3) ဒီကားကတော့ The Weeknd ကိုယ်တိုင်ကိုအခြေခံထားတဲ့ စိတ်ဓာတ်ကျနေပြီး အသံပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ နာမည်ကျော်အဆိုတစ်ယောက်အကြောင်းပါ။Cast တွေအနေနဲ့က သူကိုယ်တိုင်ရဲ့ စိတ်ကူးယဉ်ကာရိုက်တာအနေနဲ့ Abel Tesfaye ၊ လီအဖြစ် Barry Keoghan ၊ အနီမာအဖြစ် Jenna Ortega ကပါ၀င်ထားပါတယ်။The Weeknd ရဲ့သီချင်းတွေကတော့ တစ်ပုံကြီးပါတာမို့ အချိန်ရရင် ကြည့်ကြည့်လိုက်ကြပါ။ ဇာတ်လမ်းအကျဥ်းရည်းစားနဲ့ လမ်းခွဲထားတာ မကြာသေးတဲ့ အေဘယ်က တော်တော်လေးလမ်းပျောက်နေခဲ့ပြီး စင်ရှေ့ကိုမထွက်ချင်တော့ပေမဲ့ သူ့မန်နေဂျာရဲ့ တိုက်တွန်းမှုနဲ့ ဖျော်ဖြေရင်း ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။စိတ်ဓာတ်ကျနေတဲ့ သူ့အတွက် အဲဒီထူးဆန်းတဲ့ကောင်မလေးက စိတ်ပြေရာလေးတစ်ခုလိုပါပဲ။စိတ်ပြေရာက စိတ်ပြေရာအဆင့်ပဲမို့ မနက်ကျ အေဘယ်က သူ့အလုပ်ကြောင့်ထွက်သွားရဖို့ အကြောင်းဖန်လာတော့ အဲဒီကောင်မလေးက ထူးဆန်းတဲ့စကားတွေပြောလာပြီး အေဘယ်နဲ့စကားများကြပါတော့တယ်။ဖြစ်ချင်ဝောာ့ အဲဒီကောင်မလေးက ပုံမှန်ကောင်မလေးတစ်ယောက်ဟုတ်မနေပဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့ အပြစ်သားတစ်ယောက်ဖြစ်နေတဲ့အခါ အေဘယ်တစ်ယောက် ဘယ်လိုရင်ဆိုင်လေမလဲ။သူ့ရဲ့ပြဿနာတွေကိုရော ဘယ်လိုဖြေရှင်းနိုင်သွားမလဲ ...
movie
Hurry Up Tomorrow (2025)
2025
4K HEVC
7.1
Springtime (2004)
Springtime (2004)******************IMDb rating 7.1 ရရှထားတဲ့ ဒီကားလေးမှာတော့ ရုန်းကန်နေရတဲ့ ဂီတပညာရှင် တစ်ယောက်အဖြစ် မင်းသားကြီး Choi Min Sik က ပါဝင်ထားပြီး ဆိုးလ်မြို့ကနေ ထွက်ခွာကာဆင်ခြေဖုံးမြို့လေးတစ်မြို့မှာ လေမှုတ်တူရိယာဂီတအဖွဲ့ဆရာ အနေနဲ့ သွားလုပ်တဲ့အကြောင်းလေးကို စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါး ကြည့်လို့ရအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ထရမ်းပတ်တီးတဲ့သူ ဟျွန်းအူကတော့ ဂီတကို တန်ဖိုးထားပြီး ပိုက်ဆံကြောင့်ဂီတကို လုပ်တာမျိုး မဖြစ်စေရဘူးဆိုတဲ့ သဘောတရားကို လက်ခံထားတဲ့သူ ဖြစ်ပါတယ် ..သို့ပေမဲ့ အလုပ်အကိုင်အတည်တကျ မရှိတဲ့အခြေအနေမှာတော့ သူ့အတွက် နေထိုင်စားသောက်ဖို့တင်မက လူမှုရေးအပိုင်းတွေမှာ လိုအပ်ချက်တွေရှိလာပြီး ရှင်သန်ရတဲ့ဘဝကြီးက ပင်ပန်းလာနေခဲ့တယ် ..ဘဝကြီးက ပြန်လည်စတင်ဖို့အတွက် ဟျွန်းအူဟာ ကျေးလက်မြို့လေးဖြစ်တဲ့ ဒိုဂယ်က အလယ်တန်းကျောင်းတစ်ခုရဲ့ လေမှုတ်တူရိယာအဖွဲ့ဆရာအဖြစ် အလုပ်လျှောက်ဖို့ ဖြစ်လာခဲ့ပါတယ် ..ဒိုဂယ်အလယ်တန်းကျောင်းက လေမှုတ်တူရိယာအဖွဲ့က ကလေးလေးတွေကတော့ ပြိုင်ပွဲမှာ ဆုရချင်လို့ ကြိုးစားနေကြပေမဲ့ ကျေးလက်မြို့လေးက အဖွဲ့ဖြစ်တဲ့အလျောက် ကလေးတွေမှာလည်း လိုအပ်ချက်တွေများစွာရှိနေတာကို တွေ့ခဲ့ရတယ် ..တခြားနေရာမှာဒေါသကြီးပေမဲ့ ကလေးတွေအပေါ်မှာတော့ အလိုလိုက်ပြီး ချစ်ခင် ပေးတတ်တဲ့ ဟျွန်းအူက .. ဆိုးလ်မြို့ကနေလာခဲ့တဲ့ဆရာကို သဘောကျအထင်ကြီးနေကြတဲ့ ကလေးတွေနဲ့တွေ့ပြီး ...
movie
Springtime (2004)
7.6
Swing Girls (2004)
Swing Girls (2004)*******************ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy/Drama အမျိုးအစား Swing Girls ဆိုတဲ့ ဂျပန်ကားလေးဖြစ်ပါတယ်။ စိတ်မရွှင်လန်း အားလျော့နေချိန်မှာ ဘဝအမောပြေပျောက်ပြီး စိတ်ခွန်အားရချင်သူများ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားအဖြစ် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ ဒီလူငယ်ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း *************ပူပြင်းလှတဲ့ ဂျပန်နွေရာသီမှာ အချိန်ပိုသင်တန်းပြန်တက်နေရလို့ ငြီးငွေ့နေကြတဲ့ တိုမိုကိုတို့ သူငယ်ချင်းတစ်စုဟာ အားကစားပွဲကို တီးမှုတ်ဖျော်ဖြေဖို့ ထွက်ခွာသွားကြပြီးနောက် ကားပေါ်မှာ နေ့လယ်စာ မပါတာကို သိသွားခဲ့ပါတယ်။သင်္ချာဆရာ အိုဇဝါအတန်းချိန်လည်းဖြစ် စာသင်ဖို့ ငြီးငွေ့နေကြတဲ့ သူတို့ဟာ ဆရာ့ကို ခွင့်တောင်းပြီး ရထားနဲ့ နေ့လယ်စာ သွားပို့ခဲ့ကြပါတယ်။ ရထားပေါ်မှာ နေ့လယ်စာဘူးကို ဖောက်စားကြည့်ပြီးနောက် အိပ်ပျော်သွားတဲ့အတွက် ဆင်းရမယ့် ဘူတာကျော်ပြီး သူတို့ဟာ နေပူပူမှာ လမ်းလျှောက်ပြီး သွားပို့ခဲ့ရပါတော့တယ်။ကံဆိုးချင်တော့ နေ့လယ်စာမလောက်ငလို့ မစားလိုက်ရတဲ့ တာခုအိုကလွဲပြီး စားမိတဲ့ ဂီတဆရာမရော ကျောင်းသူကျောင်းသားတွေပါ ဆေးရုံရောက်ကုန်ကြပါတော့တယ်။တီးဝိုင်းက ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူ တာခုအိုဟာ ကျောင်းဘော့စ်ဘောပွဲအတွက် အလောတကြီး တီးဝိုင်းအစားထိုး ဖွဲ့ဖို့ စိတ်ဝင်စားသူများ ပါဝင်ကြဖို့ ...
movie
Swing Girls (2004)
6.4
Ambyar Mak Byar (2025)
Ambyar Mak Byar (2025)IMDb Rating (6.4) Jeru ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က Konco Seneng လို အမည်ရတဲ့ တေးဂီတအဖွဲရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ နာမည်ကြီးတဲ့အဆိုတော်တစ်ယောက်ဖြစ်လာဖို အိပ်မက်မက်နေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမဲ့ Jeru နဲ့ တွဲနေတဲ့ချစ်သူ Bethari ကတော့ တော်ဝင်မျိုးနွယ် ဘုရင့်ရဲ့သမီးတော်ဖြစ်ပြီးတော့ ကွာခြားလွန်းတဲ့လူမှုအဆင့်အတန်းကြောင့် နှစ်ဖက်မိသားစုတွေက သဘောမတူကြပါဘူး။အဲဒီမှာ Bethari ရဲ့ ဦးလေးဖြစ်သူက Jeru နဲ့ Bethari ကို ဖြတ်ဖိုအတွက် Jeru ရဲ့ ဂီတနဲ့ပတ်သက်တဲ့ အိပ်မက်တွေကိုပါ ဖျက်ဆီးလာချိန်မှာတော့ Jeru တစ်ယောက် သူ့ချစ်သူနဲ့ သူ့အိပ်မက်ကြား ဘာကိုရွေးချယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(2.2 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. ...
movie
Ambyar Mak Byar (2025)
2025
6.6
Highway Star (2007)
Highway Star (2007)*********************IMDb... 6.6 မင်းသားကြီးချာထယ်ဟျွန်းရဲ့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဘုံဒါဟိုဟာ ကလပ်တွေမှာ သီချင်းဆိုတဲ့အလုပ်ကိုလုပ်ပြီး rock ဂီတကို ရူးသွပ်ကာထရော့ဂီတကို ခေတ်နောက်ကျပြီး ပုံတုံးတယ်လို့ မြင်နေတဲ့ လူငယ်လေးတစ်ယောက်ပါ။တစ်ရက်မှာတော့ ဆိုးလ်ကလာတဲ့ အရမ်းနာမည်ကြီးတဲ့အေဂျင်စီကဆိုတဲ့ သူဌေးနဲ့မားကတ်တင်းမန်နေဂျာဆိုတဲ့ လူနှစ်ယောက်က သူ့အသံကိုသဘောကျပြီး သူ့ကိုအောင်မြင်အောင်လုပ်ပေးမယ်ဆိုပြီးတော့ ဆိုးလ်ကိုလာခဲ့ဖို့ပြောပါတယ်။ဘုံဒါဟိုတို့ကတော့ အောင်မြင်ပြီဆိုပြီး ဆိုးလ်တက်သွားပေမဲ့ သူရောက်သွားတဲ့အေဂျင်စီကထရော့အနုပညာရှင်တွေပဲ မွေးထုတ်တဲ့ အညတရကုမ္ပဏီအသေးလေးဖြစ်နေတဲ့အပြင်သူဌေးနှစ်ယောက်ကလည်း အကြွေးတွေအများကြီးနဲ့ ရုန်းကန်နေရမှန်း သိလိုက်ပါတော့တယ်။ဘုံဒါဟိုတစ်ယောက် အသံကုန်ဟစ်ကြွေးတဲ့ rocker ဘဝကနေ အနူးအညံ့ခံစားချက်တွေနဲ့သီဆိုရတဲ့ထရော့ဂီတပညာရှင် ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ......ထရော့ဂီတပညာရှင်အနေနဲ့ရော အောင်မြင်နိုင်ပါ့မလား...ချာထယ်ဟျွန်းရဲ့ သရုပ်ဆောင်ချက် အခွီတွေနဲ့ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Yee Wai ပဲ ဖြစ်ပါတယ်။) File Size : 3.79GB/ 1.63GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:49:44 Genre : Music, Comedy, Romance Subtitle ...
movie
Highway Star (2007)
O’Dessa (2025)
CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ Stranger Things မှ Max Mayfield အဖြစ် ပရိသတ်တွေ ချစ်ခဲ့ကြတဲ့ Sadie Sink ရဲ့ "ODessa" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားထဲမှာတော့ သူ့ကို ဂီတသူရဲကောင်းတစ်ဦးအဖြစ် မြင်တွေရမှာပါ။ Max ဟာ ဒီကားထဲမှာ charater အသစ်တစ်မျိုးဖြစ်တဲ့ အိုဒက်ဆာ ဂယ်လိုဝေး အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ စိတ်ကူးယဉ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းဖွဲ့စည်းပုံက အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ဒါပေမယ့် ဒီကားလေးဟာ Max(Sadie Sink) ရဲ့ ပရိသတ်တွေသာမက ဂီတ ကို ချစ်ပြီး စိတ်ကူးယဥ်ရုပ်ရှင် တွေကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။File size… (1.5 GB) / (967 MB) Quality….HEVC / 1080p HEVC / ...
movie
O’Dessa (2025)
Sweet and Lowdown (1999)
IMDb Rating - 7.2Director - Woody Allen Cast - Sean Penn • Samantha Morton • Woody Allenဒီဇာတ်ကားလေးကတော့ Emmet Ray လို့ခေါ်တဲ့ ဂစ်တာသမားတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ Belgian Guitarist တစ်ယောက်ဖြစ်တဲ့ Django Reinhardt ကိုအရမ်းရူးရူးမူးမူးနှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း Django နောက်အကောင်းဆုံးဂစ်တာသမားအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါတယ်။တစ်ကိုယ်ကောင်းဆန်တဲ့ Emmet ဟာ ဘဝကိုပေါ့ပျက်ပျက်ပဲဖြတ်သန်းလေ့ရှိပြီးမိန်းမတိုင်းကိုလည်း လေးလေးနက်နက်မရှိတတ်သူပါ။ တစ်နေ့မှာတော့ Emmet တစ်ယောက် စကားမပြောတတ်တဲ့ Hattie ဆိုတဲ့ကောင်မလေးကိုချစ်မိသွားခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲ... ဒီဇာတ်ကားလေးဟာ 1930s လောက်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပြီးဇာတ်လမ်းထဲမှာ အတ္တအရမ်းကြီးတဲ့ Talented Guitarist တစ်ယောက်ဖြစ်တဲ့ Emmet Ray ရဲ့နေရာကို Sean Penn တစ်ယောက်ဘယ်လိုအကောင်းဆုံးပုံဖော်သွားမလဲဆိုတာ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်File size… (544 MB) Quality…. 720p Format…. mp4 Duration….01:48:00 Genre...Comedy, ...
movie
Sweet and Lowdown (1999)
Eldritch, USA (2024)
Eldritch USA ကတော့ zombie ဇာတ်လမ်းကိုမှ musical comedy ဇာတ်လမ်းပုံစံမျိုးဖန်တီးရိုက်ကူးထားတဲ့ ထူးထူးခြားခြားဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဂျက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အမြဲတမ်းသူ့အကိုရဲ့အနိုင်ကျင့်မှုကိုခံရပြီး သူရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုအမြဲတမ်းလုယူခံရလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူလုပ်လိုက်တဲ့မတော်တဆမှုတစ်ခုကြောင့် သူ့အကိုရဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်။ အရမ်းထိတ်လန့်သွားတဲ့ဂျက်ဟာ သူ့အမှားကိုဖုံးကွယ်ဖို့ကြိုးစားရင်း သူ့အကိုကိုအသက်ပြန်သွင်းဖို့ကြိုးစားပါတော့တယ်။အလွဲပေါင်းများစွာနဲ့ ရင်ဆိုင်ပြီးနောက် ပြန်ရောက်လာတာဟာသူ့အစ်ကိုလား တခြားတစ်ယောက်လား။ အဲဒီအလွဲတွေရဲ့နောက်ဆက်တွဲကဘာတွေဖြစ်မလဲ။ ဒီအရာတွေကိုဂျက်နဲ့သူ့အချစ်ဆုံးသူငယ်ချင်းတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထူးထူးခြားခြားတင်ဆက်ရိုက်ကူးထားတဲ့ musical ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။File size… (1.3 GB) / (837 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Horror, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju
movie
Eldritch, USA (2024)
5.7
Power On Girls ( 2020 )
ဒီတစ်ခေါက်တော့ တရုတ် အိုင်ဒေါလ်မိန်းကလေးအဖွဲ့ တစ်ဖွဲ့ရဲ့ နောက်ကွယ်က သွေးချွေးနဲ့ အခက်ခဲ အတားအဆီးတွေကို ရသစုံပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ ရသစုံဆိုတာက ဒီလိုပါ။ မိန်းကလေး အိုင်ဒေါလ်ဖြစ်လို့ တဏှာလက်မည်းတွေက အသုံးချဖို့ကြိုးစားနေတဲ့ ပုံရိပ်တချို့၊ မန်နေဂျာနဲ့ အိုင်ဒေါလ်ကြားက ဖြူစင်တဲ့ မေတ္တာ၊ အဖွဲ့သားတွေကြား အခွင့်အရေးအတွက် လုယက်တုန်း အထေ့အငေါ့လေးတွေရှိပေမယ့် အရေးကြီးရင် သွေးစည်းသွားတာလေးတွေ။ နောက်ပြီး အိုင်ဒေါလ်တိုင်းကြုံရတဲ့ အဆောင်ပြဿနာ၊ အကလေ့ကျင့်ခန်းပြဿနာလေးတွေကို ပြိုင်ဖက်အဖွဲ့နဲ့လုရပုံလေးတွေကို သုံးပြ ဟာသသဘောဆောင် တင်ဆက်ထားပါတယ်။အကုန်မတူပေမယ့် ဒီဇာတ်ကားလေးထဲကလေ အိုင်ဒေါလ်တစ်ယောက်ရဲ့ ခက်ခဲတဲ့ လှေကားထစ်လေးတွေကို မြင်တွေ့နိုင်မှာပါ။ Filesize : 971 MB / 549 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Power On Girls ( 2020 )
7.1
Bird (1988)
IMDb - 7.1, RT - 78% ဒီကားကို နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး Clint Eastwoodက ရိုက်ကူးခဲ့တာဖြစ်ပြီး Jazzဂီတအနုပညာရှင်ကြီး Charlie "Bird" Parkerရဲ့ဘ၀နဲ့ တေးဂီတအနုပညာကို ဂုဏ်ပြုဖန်တီးထားတဲ့ အနုပညာပန်းတိုင်တစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Charlie Parker အဖြစ် သရုပ်ဆောင်တဲ့ Forest Whitakerကတော့ လူသိများတဲ့မင်းသားကြီးပါပဲ။Forest Whitakerရဲ့ သရုပ်ဆောင်မှုကောင်းကြောင့် Charlie Parker ရဲ့စိတ်ဒဏ်ရာ၊ တေးဂီတအပေါ်ခံစားချက်နဲ့ကိုယ်ရေးကိုယ်တာဒုက္ခတွေကို သဘာဝကျကျဖော်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ Parker ၏ အနုပညာရည်မှန်းချက်၊ မိသားစုအပေါ်ချစ်ခြင်း၊ မူးယစ်ဆေးဝါးအလေ့အထနဲ့ ကျန်းမာရေးပြဿနာများကြောင့် ကြုံတွေ့ရတဲ့ဒုက္ခများကို ပြသထားပါတယ်။ ဇာတ်ကွက်တွေက ပုံမှန်လိုမဟုတ်ဘဲ အချို့အခန်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်ကို လွှဲပြောင်းဖော်ပြထားလို့ မရင်းနှီးသူတွေအတွက်ကတော့ တမျိုးဖြစ်နိုင်ပေမဲ့ အနုပညာဖန်တီးမှုနဲ့ စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့ ဂျက်ဇ်ဂီတကို နှစ်သက်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။ File size…(3 GB)/(1.4 GB) Quality….WebRip 1080p / ...
movie
Bird (1988)
7.4
The Ballad of Wallis Island (2025)
The Ballad of Wallis Island (2025)IMDb Rating (7.4) / Rotten Tomatoes (98%) ဒီနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ပွဲတော်အတွင်း ပြသခဲ့တဲ့ 2025 ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသလို၊အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ်လည်း ချီးကျူးခံထားရပါတယ်။ရီဗျူးတွေ အရဆိုရင်လည်း ကြည့်ရှုခံစားသူ ပရိတ်သတ်တွေကို အားရကျေနပ်စေတဲ့ ရုပ်ရှင် ကားလေးဖြစ်ပါတယ်။ ဟာသလေးနှောတဲ့ ဒရမ်မာ ဆန်ဆန် ကားလေးပါ။နှလုံးပီတိ ဂွမ်းဆီထိဆိုသလို ၊ နှလုံးသား အရည်ပျော်စေလောက်အောင် စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ ကောင်းလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အရေးကြီးဆုံးအရာဟာ ချစ်ခြင်း မေတ္တာတရားပဲ မဟုတ်ပါလား။ ဇာတ်လမ်းအကျဉ်းချားလ်စ် ဟာ ထီဆုကြီးနှစ်ခါပေါက်ပြီး ၊ အမျိုးသမီး ဖြစ်သူ မယ်ရီနဲ့ ကမ္ဘာပတ်ကာ ခရီးတွေ ထွက်ခဲ့သူပေါ့။မယ်ရီ ဆုံးသွားတဲ့နောက်မှာတော့ ချားလ်စ်လည်း ခရီးထွက်တာကို ရပ်လိုက်ပြီး ၊ အရမ်းကို ဝေးလှတဲ့ ကျွန်းတစ်ကျွန်းမှာ ...
movie
The Ballad of Wallis Island (2025)
2025
4K HEVC
7.8
Oasis : Supersonic
Oasis: Supersonic (2016)ဂီတမှတ်တမ်းရုပ်ရှင် Oasis: Supersonic ဟာဆိုရင်အင်္ဂလန်ရဲ့ ဂီတလောကကို လှုပ်ခတ်စေခဲ့တဲ့ Oasis တေးဂီတအဖွဲ့ရဲ့မန်ချက်စတာမြို့မှာ စတင်ဖွဲ့စည်းချိန်ကနေ ၁၉၉၆ ခုနှစ်ရဲ့သမိုင်းဝင် Knebworth ဖျော်ဖြေပွဲတွေအထိကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပုံကို ပုံဖော်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ ဖျော်ဖြေပွဲမှတ်တမ်းတွေ၊ နောက်ကွယ်ကမြင်ကွင်းတွေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ Liam နဲ့ Noel Gallagher တို့အပြင်သူတို့ရဲ့ မိခင် Peggy နဲ့ အစောပိုင်းကာလတွေမှာအရေးပါခဲ့သူတွေရဲ့ အင်တာဗျူးတွေကိုပါ ထည့်သွင်းထားပါတယ်။ဒီရုပ်ရှင်ဟာ Oasis ရဲ့ ပရိသတ်တွေအတွက်ရောဂီတမှတ်တမ်းရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက်ပါမလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။Oasis ရဲ့ အတိတ်ကာလကို ပြန်လည်အမှတ်ရစေပြီးသူတို့ရဲ့ ဂီတအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကိုလည်းခံစားရစေမှာပါ။ File size… 2.8 GB / 1.8MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Documentary/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie
Oasis : Supersonic
6.3
Rosebud (2019)
Rosebud (2019) **************ဒီကားလေးကတော့ IMDb rating 6.3 ရရှိထားပြီး Yoo Ho Jung , Oh Jung Se, Park Sung Woong, Ha Yeon Soo, Choi Woo Shik, Chae Soo Bin တို့လို ထိတ်ထိတ်ကြဲ cast တွေကို အတူတူတွေ့မြင်ရမဲ့ စီးရီးလေးဖြစ်ပါတယ် ..ဇာတ်လမ်းလေးကတော့ .."ဟုန်းဂျန်မီ" ဆိုတဲ့ အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက်က အထည်ချုပ် စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားရပ်ကွက်က ကောင်မလေးတစ်ယောက်ပေါ့...ဒါပေမယ့် သူ့အိပ်မက်ကကြီးတယ်.... တစ်နေ့ နိုင်ငံကျော် အဆိုတော်ကြီးဖြစ်ရမယ်ပေါ့...ဒီတော့ သူမချုပ်တဲ့ အဝတ်တွေရဲ့ ကောက်ကြောင်းတွေကလည်း နူးညံသိမ့်မွေ့နေလေရဲ့...အားတဲ့အချိန်တိုင်း သီချင်းတွေရေးနေတတ်သလို အသစ်သစ်သော သီချင်းသံစဉ်တွေ ဖန်တီးနေတတ်တယ် ..ညဘက် ဘီယာဆိုင်မှာလည်း အချိန်ပိုင်းအလုပ်တယ်..သူမအတွက် ဘီယာဆိုင်က တီးဝိုင်းကြောင့်ပင်ပန်းတယ်လို့မထင်ဘူး....တစ်နေ့တော့ သူမအတွက် အဆိုတော်ဖြစ်ဖို့အခွင့်အရေးကြီး တစ်ခုရလာတယ်.....တစ်ချိန်တည်းမှာပဲ ...
movie
Rosebud (2019)
6.9
Acoustic (2010)
Acoustic (2010)***************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့ အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့် သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့ ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။ဂျင်ဟီးဆိုတဲ့ ...
movie
Acoustic (2010)
5.5
Banger (2025)
ယခုတစ်ခေါက်တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်..ဒီကားလေးမှာဆိုရင် မူးယစ်ဆေးအဖွဲ့ခေါင်းဆောင်ကိုဖမ်းဆီးဖို့အတွက် ဒီဂျေသမားဟောင်းတစ်ယောက်အားအသွင်ယူထောက်လှမ်းစေသည့်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်..ScorpeX အမည်ရ ဒီဂျေသမားဟောင်းတစ်ယောက်ဟာအကြွေးပတ်လည်ဝိုင်းနေလျက် ၎င်းရဲ့သီချင်းဓာတ်ပြားတွေဟာလည်းရောင်းတန်းမဝင်ဘဲ လူကြိုက်နည်းကာအခက်အခဲကြုံနေရသူတစ်ယောက်ဖြစ်ပါတယ်..၎င်းဒီဂျေသမားဟာ မိမိကိုယ်ကိုယ်မိမိ ရောင်းတန်းမဝင်တော့သည့် အိုပယ်အနုပညာသမားအဖြစ်ကို ငြင်းဆန်လျက်လူငယ်ခြေတက်ဒီဂျေသမားများနဲ့ လိုက်လံတုပပြိုင်ဆိုင်နေစဉ်မှာပဲ ၎င်းထံသို့ အထူးအေးဂျင့်တစ်ယောက်ရောက်ရှိလာကာ မူးယစ်ခေါင်းဆောင်တစ်ဦးကို အသွင်ယူကာကူညီစုံစမ်းပေးဖို့ အတင်းအဓမ္မခြိမ်းခြောက်ခြင်းခံရပါတော့တယ်..ScorpeX နှင့်သိကျွမ်းသူ ဒီဂျေတစ်ယောက်ဟာ ထိုမူးယစ်ဆေးခေါင်းဆောင်နှင့်ပတ်သက်ကြောင်း သိရှိထားကြသည့်ထောက်လှမ်းရေးအဖွဲ့ဟာ ScorpeX မှတဆင့် ထောက်လှမ်းဖို့ကြိုးစားကြပြီး ScorpeX ဟာလည်း ခြိမ်းခြောက်မှုကိုမလွန်ဆန်နိုင်ဖြစ်လျက် သားရဲတွင်းဆီ ဝင်ရောက်ရဖို့ဖြစ်လာခဲ့ပါတယ်...ဂီတအနုပညာရူးသွပ်သူ ScorpeX အဖို့ အသက်ဘေးအန္တရာယ်နဲ့နီးကပ်လှတဲ့ ထောက်လှမ်းရေးလုပ်ငန်းကို ဝါသနာပါရာဒီဂျေစက်တွေကိုင်တွယ်ရင်း ရင်တထိတ်ထိတ်နဲ့လုပ်ဆောင်ရပုံကိုဟာသဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်..ဒီကားလေးဟာဆိုရင် ဒီဂျေသမားများကို အခြေခံရိုက်ကူးထားတာဖြစ်လို့ အီလက်ထရိုသီချင်းပေါင်းများစွာနဲ့ မြူးမြူးကြွကြွကြည့်ရှုရမယ့်ကားလေးဖြစ်ပြီး မိမိကိုယ်ကိုယ်အထင်ကြီးလှတဲ့ScorpeX ရဲ့ မဝံ့မရဲဖြစ်မှု မချင့်မရဲနိုင်မှု လေကြီးမှုတွေကိုပေါ့ပေါ့ပါးပါးတင်ဆက်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များစိတ်အပန်းပြေကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ.....................File size… (1.46GB) / (801MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie
Banger (2025)
1
2
3
Last
Next