Channel Myanmar

2012

Can We Get Married? (2012) 6.9
Can We Get Married? (2012) Can We Get Married? (2012) **************************စ/ဆုံးမနေ့ကပဲ ဇာတ်သိမ်းသွားပြီဖြစ်တဲ့ Love Next Doorထဲက ဆော့ရူ(Jung So Min)နဲ့...I Need Romance,Hyde Jekyll Meထဲက (Sung Joon)တို့ အပြင်...Queen of Tears ထဲက (Lee Mi Sook)နဲ့ တခြား ဇာတ်ပို့ သရုပ်ဆောင်တွေ...အများကြီး ပါဝင်ထားတဲ့ Can We Get Marriedဆိုတဲ့...Family, Romance စီးရီးဟောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း --------------ဇာတ်လမ်းလေးကတော့ စုံတွဲတစ်တွဲချင်းစီရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာ အဖြာဖြာကို...ရသစုံလင်အောင် ပုံဖော် ရိုက်ကူးထားထားပဲ ဖြစ်ပါတယ်။ဟယ်ယွန်း(Jung So Min)က လက်တွေ့ဆန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့...သူ့ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ ဂျောင်ဟွန်း(Sung Joon)နဲ့ လက်ထပ်ပြီး....သာမန်ဘဝလေးမှာ နေထိုင်ချင်တဲ့ ကောင်မလေးပါ။ဒါပေမဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ ကာလအတွင်းမှာပဲ အခက်အခဲ မျိုးစုံကို ...
6.9
TMDb: 6.9/10 9 votes
tv

Can We Get Married? (2012)

2012
School 2013 (2012) [Complete] 7.7
School 2013 (2012) [Complete] School 2013 (2012)*******************အပိုင်း (၁ မှ ၁၆) စ/ဆုံး နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကိုCM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း)ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီးအတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ...ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကိုအလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ ...
7.7
TMDb: 7.7/10 27 votes
tv

School 2013 (2012) [Complete]

2012
Tale of Arang (2012) [Complete] 5.929
Tale of Arang (2012) [Complete] Tale of Arang (2012)(function(f,b,n,j,x,e){})();********************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ Lee Joon Ki နဲ့ Shin Min Ah တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သဘာဝလွန် ရာဇဝင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့...အီအွန်းအိုဆိုတဲ့ သူဟာ ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သခင်လေးတစ်ယောက်ဖြစ်ပေမဲ့သူ့မှာ သရဲတွေကို မြင်နိုင်တဲ့ အစွမ်းရှိတာကြောင့် သရဲတွေဆီက အမြဲ အကူအညီတောင်းခံနေရတဲ့သူပေါ့။တစ်ရက်ကျ အမေဖြစ်သူကို ရှာရာလမ်းမှာ အာရန်ဆိုတဲ့ အတိတ်ဘ၀မှတ်ဉာဏ် ပျောက်ဆုံးနေ‌လို့ဘဝမကူးနိုင်သေးဘဲ လေလွင့်နေတဲ့ သရဲမလေးနဲ့ ဆုံခဲ့ရပြီး အာရန်က အွန်းအို သူ့ကိုမြင်မှန်းသိတဲ့အခါသူသေဆုံးရတဲ့ အကြောင်းအရင်းမှန်နဲ့ သူ့အတိတ်ရဲ့ မှတ်ဉာဏ်တွေကို ကူရှာပေးဖို့ အကူအညီတောင်းလာပါတော့တယ်။အွန်းအိုကလည်း သူအမေ့ကိုရှာဖို့ သူလက်ရှိရောက်နေတဲ့ ထူးဆန်းတဲ့ မီယန်းပြည်နယ်ရဲ့တရားသူကြီးဖြစ်အောင်လုပ်ပေးရင် ကူညီမယ်ဆိုပြီး အပေးအယူလုပ်လာတဲ့အခါ....အာရန်တစ်ယောက် အွန်းအို တရားသူကြီးဖြစ်အောင် ဘယ်လိုလုပ်မှာလဲ...။အွန်းအိုကရော အာရန်ကို ကူညီပေးမှာလား...ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ပဲ ပျောက်ဆုံးနေတဲ့ အမေ့ကိုပဲ ...
5.929
TMDb: 5.929/10 14 votes
tv

Tale of Arang (2012) [Complete]

2012
Ghost (2012) [Complete] 7.214
Ghost (2012) [Complete] Ghost (2012) [အစ-အဆုံး]အပိုင်း ၁၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)ဆိုက်ဘာလောကမှာဆိုရင် ရာဇဝတ်မှုတွေဟာ လျှို့ဝှက်နက်နဲပြီး အင်မတန်မှဆန်းကြယ်လှပါတယ်။အဲဒီလိုဆိုက်ဘာရာဇဝတ်မှုတွေကို သဲလွန်စရှာပြီး ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံနဲ့ ရဲအရာရှိ အမှုစစ်တွေရဲ့ အကျင့်ပျက်ခြစာပြီး ပူးပေါင်းကြံစည်ပုံတွေကို ရင်တမမနဲ့တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်လောက်တဲ့ စီးရီးလေးပါ။Kim Woo-hyun ကတော့ အဆင့်မြင့် ရဲအရာရှိတစ်ဦးရဲ့ သားတစ်ယောက်ပါ။ ထူးချွန်ထက်မြတ်တဲ့ Kim Woo Hyunဟာ ရဲတက္ကသိုလ်ကို အဆင့် ၁နဲ့ ဝင်လာပြီး အဆင့်၁နဲ့ပဲနဲ့ ဘွဲ့ရပြီးတဲ့နောက် ဆိုက်ဘာစုံစမ်းစစ်ဆေးရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ဒီလိုနဲ့ စုံထောက် Kim ဟာ ဆိုက်ဘာလောက ထဲက ပုန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဆိုက်ဘာစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ပြီးတော့ တရားမဝင်နိုင်ငံတကာ လောင်းကစား ဝဘ်ဆိုဒ်တစ်ခုကို ဖယ်ရှားဖို့ လုပ်ဆောင်ရင်း ဆိုက်ဘာလောကအတွက် ရန်သူတော် ဟက်ကာ Hadesကို ခြေရာခံပြီး လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။ဟက်ကာHadesရဲ့တည်နေရာကို ခြေရာခံလိုက်လံဖမ်းဆီးရင်း ...
7.214
TMDb: 7.214/10 14 votes
tv

Ghost (2012) [Complete]

2012
Missing You (2012) 7.1
Missing You (2012) Missing You (2012)********************အပိုင်း (၁ မှ ၂၁) စ / ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် မမချော Yoon Eun Hye , Park Yoo Chunနဲ့Yoo Seung Hoတို့အပြင် Kim So Hyunနဲ့ Yeo Jin Gooတို့ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ နာမည်ကြီး Seriesဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...အီဆူယွန်းဟာ လူသတ်သမားရဲ့သမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံဘဝမှာနေထိုင်လာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အီဆူယွန်းရဲ့ ဘဝထဲကိုထီးအဝါလေးနဲ့ ဟန်ဂျောင်အူဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးသံယောဇဉ်တွေခိုင်မာလာတဲ့ သူတို့အကြား မထင်မှတ်ထားတဲ့ ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာပြီး ကွဲကွာသွားပါတော့တယ်။ ဟျောင်းဂျွန်းကလည်း တစ်လောကလုံးမှာအီဆူယွန်းကို အတွယ်တာဆုံးဖြစ်ပြီး ကံကြမ္မာဆိုးထဲကျရောက်ခဲ့တဲ့ ဆူယွန်းအတွက်လည်းတစ်ဦးတည်းသော မှီခိုရာ မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ထီးအဝါလေးတွေနဲ့ ကိုယ်စီရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ဂျောင်အူနဲ့ ဆူယွန်းတို့ဘယ်လိုပြန်လည်ဆုံဆည်းကြမလဲ...။သူတို့ နှစ်ယောက်ကို ဝေးကွာစေခဲ့တဲ့ တရားခံကရော ဘယ်သူများလဲ..။‌ဟျောင်းဂျွန်းကရော ဆူယွန်းထင်သလို ...
7.1
TMDb: 7.1/10 16 votes
tv

Missing You (2012)

2012
To the Beautiful You (2012) 6.75
To the Beautiful You (2012) To the beautiful you (2012)ကျောင်းသားဇာတ်လမ်းလေးတွေကို ကြည့်တတ်တဲ့သူဆိုရင် ဒီဒရာမာလေးကို မသိတဲ့သူရှားလောက်မယ်ထင်ပါတယ်လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က ထွက်ခဲ့တဲ့ဒရာမာလေးဆိုပေမဲ့ old but gold ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောလေးပေါ့ ကိုယ်တွေရဲ့ ငယ်ဘဝကို ဒီဒရာမာလေးတွေနဲ့ ကုန်ဆုံးခဲ့တာဆိုလည်း မမှားပါဘူးနော အကုန်လုံးသိကြမယ်ဆိုပေမဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြန်နွှေးကြတာပေါ့နောဂူဂျယ်ဟီးဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို အမြင့်ခုန်အားကစားသမားဂန်ထယ်ဂျွန်းကြောင့် ဖြတ်ကျော်နိုင်တဲ့အတွက် အမေရိကကနေ ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းကို လာတက်ဖို့ တက်ကြွနေပါလေရောဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းဆိုတာကလည်း အားကစားသမားတွေပဲရှိတဲ့ ယောက်ျားလေးကျောင်းဆိုတော့ မိန်းကလေးကနေ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ခက်ခက်ခဲခဲသွားတက်ရပါတော့တယ် ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာဆိုတော့ မပေါ်အောင်လို့ အမျိုးမျိုးဖုံးဖိရင်းကနေ အကုန်လုံးသိသွားမယ့်အချိန်ကျ ဘယ်လိုမျိုးဖြေရှင်းမလဲဂူဂျယ်ဟီးကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂန်ထယ်ဂျွန်းနဲ့အဆင်ပြေသွားနိုင်မလား ယောက်ျားလေးကျောင်းအထိသွားတက်ရတဲ့အတွက် သူဘာပြန်ရလိုက်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်နောက်လလောက်ဆိုရင် Sulli ရဲ့ Persona လေးကို Netflix ကနေ ထုတ်လွှင့်သွားမှာဆိုတော့ CM ကလည်း Sulli ကို သတိရခြင်းများစွာနဲ့ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, ...
6.75
TMDb: 6.75/10 22 votes
tv

To the Beautiful You (2012)

2012
The Bridal Mask (2012) [Complete] 8.4
The Bridal Mask (2012) [Complete] The Bridal Mask(2012)*********************အပိုင်း( ၁ မှ ၂၈) အထိ စ/ဆုံးကိုရီးယားနိုင်ငံဟာ ၁၉၁၀ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်တွေရဲ့သိမ်းပိုက်ထားခြင်းကိုခံခဲ့ရတယ်...ဂျပန်တွေဟာ ကျောင်းသင်ခန်းစာထိ ကိုရီးယားဘာသာစကားအစား ဂျပန်ဘာသာစကားကိုအစားထိုးသင်ပေးသည့်အထိပြောင်းလဲခဲ့တယ်...စီးပွားရေး လူမှုရေး လူ့အခွင့်ရေးပေါင်းစုံဖိနှိပ်ခဲ့လို့အဲ့ဒီခေတ်ကာလများဆီမှာ ကိုရီးယားနိုင်ငံဟာ အတော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်..ဒီအခြေအနေတွေကို မကျေနပ်လို့ ကိုရီးယားပြည်သူတွေဟာလည်း နည်းအမျိုးမျိုးနဲ့ဂျပန်ကိုတော်လှန်ခဲ့ကြပါတယ်...ဒီစီးရီးဟာ အဲ့ဒီကာလ ၁၉၃၀ ဝန်းကျင်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...ပြောရရင် ကိုရီးယားသမိုင်းလို့တောင်ဆိုရမယ် အနေအထားဖြစ်လို့ ဒီကားကို ဒါရိုက်တာကလည်းဘက်ဂျက်အများကြီးသုံးခဲ့သလို သရုပ်ဆောင်တွေကိုလည်းအထင်ကရများစွာနဲ့ ရိုက်ကူးခဲ့ပါတယ်...ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို Plot Twist တွေလည်း တော်တော်ပါဝင်တာမို့ကြည့်လို့ကောင်းတဲ့စီးရီးပါပဲ..ဒါ့အပြင် အက်ရှင်ခန်းတွေကိုလည်း စနစ်တကျကိုရိုက်ကူးထားတယ်လို့ဆိုပါတယ်...ဆုတွေလည်းအများကြီးသိမ်းယူသွားတဲ့စီးရီးရှည်တစ်ခုပါပဲ...ဒါ့ကြောင့်  အကြည်လေး တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးလို့... Episodes: 28File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Historical, Romance, PoliticalTranslated by Khine Khine Wai, Ei Phyu Khin, Shoon, Miri, Hay Thar Oo  ...
8.4
TMDb: 8.4/10 11 votes
tv

The Bridal Mask (2012) [Complete]

2012
Lilyhammer Season 1+2+3 (2012) 7.367
Lilyhammer Season 1+2+3 (2012)  Frank Tagliano ဟာနယူးယောက်မြို့တော်အခြေစိုက် အမေရိကန်မာဖီးယားဂိုဏ်းမိသားစုရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ဖြစ်ခဲ့ပြီး သူ့ဘော့စ်သေဆုံးတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်နေရာကို ဘော့စ်ရဲ့ညီတက်လာတဲ့အချိန်မှာ မကျေနပ်ပဲ အဲ့ဒီငနဲကို အက်ဖ်ဘီအိုင်နဲ့လက်ဝါးချင်းရိုက်ပြီးလက်ထောက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဖ်ဘီအိုင်ကသူ့ကိုမျက်မြင်သက်သေကာကွယ်ရေး အစီအစဉ်အနေနဲ့ တစ်နေရာမှာ နာမည်သစ်လူသစ်နဲ့ဘဝသစ်စဖို့အခွင့်အလမ်းပေးလာခဲ့တဲ့နောက် သူက နော်ဝေးနိုင်ငံက လီလီဟမ်းမားဆိုတဲ့ နယ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ကလူတွေက သူ့အတွက်လိုအပ်တာတွေအားလုံးစီစဉ်ကူညီပေးခဲ့ပြီး မသွားခင် တစ်ခွန်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကတော့ ''ရဲတွေနဲ့ပြဿနာမတက်ပါစေနဲ့ တက်ခဲ့ရင်ကိုယ့်ဟာကိုယ်ရှင်း'' ဆိုတာပါပဲ။ ဒါပေမယ့်လဲ ဂန်းစတားဗီဇမဖျောက်နိုင်တဲ့ ဖရန့်တစ်ယောက် အဲ့ဒီတောမြို့လေးမှာအခြေချဖို့ကြိုးစားရင်း ဂွတီးဂွကျ လက်ပေါက်ကပ်တဲ့ဒေသခံတွေနဲ့ ဘုဘောက်ကျ ဉာဏ်ချင်းယှဉ်ပြိုင်ကြမဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးတင်ဆက်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။ ဖရန့်ဟာ တစ်ချိန်က နယူးယောက်လိုမြို့တော်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုကိုတာဝန်ယူခဲ့တဲ့သူဖြစ်တဲ့အတွက် သူလိုချင်တဲ့အရာကို အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုး လက်တစ်လုံးခြားလှည့်ပတ်ရယူပုံတွေကိုမြင်တေ့ွရမှာပါ။သူမတော်တဆရန်ငြိုးဖွဲ့မိခဲ့တဲ့သူတွေထဲမှာ မြို့ရဲ့ရဲချုပ်နဲ့သူ့လက်ထောက်တွေပါပါဝင်တဲ့အတွက် ဟိုဘက်ကမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရသလို တွေ့ကြုံလာတဲ့အကျပ်အတည်းတွေ ပြဿနာတွေကြားက လှည့်ပတ်ရုန်းထွက်ပုံတွေကလဲ ခွီနေရတာပါ။ဂန်းစတားကားပရိသတ်တွေရော ဟာသပရိသတ်တွေရောအကြိုက်တွေ့မယ့်ကားဖြစ်ပါတယ်။ ဖရန့် တစ်ဖြစ်လဲ ဂျီယိုဗန်နီအဖြစ် ပရိသတ်နဲ့မစိမ်းတဲ့ Steven Van Zandt (The Sopranos,The Irishman) ကခေါင်းဆောင်ပါဝင်ထားပါတယ်။File size…(800MB)/(400MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama,Comdey,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
7.367
TMDb: 7.367/10 180 votes
tv

Lilyhammer Season 1+2+3 (2012)

2012
The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv

The King 2 Hearts (2012) [Complete]

2012
Feast of the Gods (2012) [Complete] 7.5
Feast of the Gods (2012) [Complete] Feast of the Gods (2012)[အစ-အဆုံး]အပိုင်း - ၃၂ (ဇာတ်သိမ်းပိုင်း)Feast of The Gods ဆိုတဲ့ အချက်အပြုတ်နဲ့ ပက်သက်တာတွေကို အဓိကထားရိုက်ကူးထားတဲ့ အပြိုင်အဆိုင်ဟင်းချက်ကြမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၂ က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကိုရီယား ရိုးရာအစားအသောက်နဲ့ပက်သက်ပြီးတော့ စားချင်စဖွယ်လေးတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တော်ဝင်ရိုးရာဟင်းတွေချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခု သူ့ရဲ့အမည်က အာရီရန် အာရီရန်မှာ စားတော်ဝန်နဲ့ သူ့လက်အောက်မှာ စားတော်ကဲများစွာရှိတယ်။ နှစ်တိုင်း သင်တန်းသားအသစ်လက်ခံပြီးတော့ သင်ကြားပေးတယ်။ ထူးချွန်တဲ့လူတွေကို နောက်ဆုံးပြိုင်ပွဲတွေလုပ်ပြီးတော့ အာရီရန်ရဲ့ စားတော်ဝန်နေတာကို ပေးအပ်တယ်။ဆောင်းဒိုဟီးနဲ့ ဘဲ့ဆူလ်တိုဟာ အာရီရန်သင်တန်းသူနှစ်ယောက်ဖြစ်ပြီး စားတော်ဝန်နေရာအတွက် ယှဉ်ပြိုင်ကြမယ့်သူတွေပါ။ ဒါပေမယ့် ပြိုင်ပွဲနေ့မှာ ပြဿနာအမျိုးမျိုးကြောင့် နောက်ဆုံးအဆင့်အထိမပြိုင်ဆိုင်လိုက်ရဘဲ ဆောင်းဒိုဟီးက အာရီရန်ရဲ့ စားတော်ဝန်တစ်ယောက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာတော့ ဒိုဟီးရဲ့သမီးလေး ပျောက်ဆုံးသွားပြီး ဒိုဟီးက စိတ်တွေလွတ်သွားတယ်။ စိတ်လွတ်သွား အခြားကလေးကို သူ့သမီးလိုသတ်မှတ်နေတဲ့ ဇနီးဖြစ်သူအတွက် သူ့ယောက်ျားက ...
7.5
TMDb: 7.5/10 2 votes
tv

Feast of the Gods (2012) [Complete]

2012
Touch (2012) 6.6
Touch (2012)  ရုပ်ရှင်စီးရီးတွေထဲမှာ လူတိုင်းကြည့်ဖူးပြီး ကြိုက်ကြတဲ့ နာမည်ကျော်စီးရီးတွေရှိသလို စီးရီးချစ်သူတစ်ယောက်ချင်းစီမှာ သီးခြားအကြိုက်ဆုံးလေးတွေ ရှိတတ်တာပါပဲ။ ဒါကတော့ အက်မင်ရဲ့ ကိုယ်ပိုင် ဖေးဘရိတ်စီးရီးပါပဲ။ တင်ပေးချင်ပေမဲ့ မအားတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတာပါ။ အခုတော့ အစအဆုံးတင်ပေးပါတော့မယ်။ စုစုပေါင်း စီစန် ၂ ခုပဲ ရှိပြီး တစ်ခုကို ၁၃ ပိုင်းပဲရှိပါတယ်။ Manifest လို ပဟေဠိဆန်တဲ့စီးရီးမျိုးကိုကြိုက်တဲ့သူတွေအတွက်ပါပဲ။၂၀၁၂ခုနှစ်က ပြသခဲ့တာဖြစ်ပြီး IMDb 7.4 အထိရခဲ့ပါတယ်။ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေမှုတွေ ဖြစ်ပျက်နေမှုတွေက ပရမ်းပတာ ကျပန်းဖြစ်ပျက်နေတယ်လို့ ထင်ပါသလား? တကယ်လို့ စကြဝဠာကြီးရဲ့ဖွဲ့စည်းပုံ၊ ပန်းကလေးတွေရဲ့ဝတ်ဆံ၊ ခရုခွံလေးတွေရဲ့ အရစ်လေးတွေကအစ ကိန်းဂဏန်းတွေနဲ့ ဆက်စပ်ပြီးတိကျစွာဖြစ်တည်နေတယ်ဆိုရင်ရော? ဒါဆိုရင် အဲဒီ ကိန်းဂဏန်းတွေအတွက် တိကျတဲ့ ကိန်းစဉ်လေးတစ်ခုရှိပါလိမ့်မယ်။ အဲဒီကိန်းစဉ်နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှပတဲ့ဆက်နွယ်မှုကြီးကို မြင်နိုင်စွမ်းရှိလာတဲ့အခါ ဒီနေ့ လူဘယ်နှယောက်မွေးဖွားမယ်၊ဘယ်နှယောက်သေဆုံးမယ်၊ လူတွေ စကားဘယ်နှခွန်းပြောပြီး၊ စာဘယ်နှစောင်ပို့ကြမယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ အလွယ်ပြောရရင် အနာဂါတ်ကို အလှပဆုံးနည်းလမ်းနဲ့ ကြိုတင်တွက်ဆနိုင်သွားပါလိမ့်မယ်။ ဥပမာ ...
6.6
TMDb: 6.6/10 195 votes
tv

Touch (2012)

2012
Sherlock (Season 1-4) Complete 9.1
Sherlock (Season 1-4) Complete IMDb Rating (9.1/10) / Rotten Tomatoes (78%)BBC One ရုပ်သံလိုင်းကနေ အလွန်ကပ်စီးနည်းစွာ ထုတ်လုပ်ထားတဲ့ ရှားလော့ဟုမ်းဇာတ်လမ်းတွဲပါပဲ...Season တစ်ခုထွက်ဖို့ ၂ နှစ်ကြာသလို ထွက်လာရင်လဲ အပိုင်း(၃)ပိုင်းပဲပါတတ်ပါတယ်...အခုထိတော့ Season(4) ထိထွက်ရှိထားပြီး Special Episode နဲ့ဆို စုစုပေါင်းအပိုင်း (၁၃) ပိုင်းထွက်ရှိထားပြီဖြစ်ပါတယ်။ရှားလော့ဟုမ်းအဖြစ် မင်းသား Benedict Cumberbatch နဲ့ ဒေါက်တာ Watson အဖြစ် မင်းသားကြီး Martin Freeman တို့မှပါဝင်သရုပ်ဆောင်ထားပါတယ်။Benedict Cumberbatch ရဲ့ သရုပ်ဆောင်ချက်တွေက ခေတ်သစ်ရှားလော့ဟုမ်းအဖြစ် သူ့ကိုနာမည်ကြီးစေခဲ့သလို ဒီစီးရီးဟာလဲ ကြည့်ရှုသူတွေ တစ်ခဲနက်အားပေးကြတဲ့ ရှားလော့စီးရီးဖြစ်ခဲ့ပါတယ်။ရှားလော့ဟုမ်းနဲ့ပတ်သက်တာတွေ Sherlock Series နဲ့ပတ်သက်တာတွေကိုတော့ အောက်မှာမြည်းစမ်းလို့ရပါတယ်။+++++++++++++++++++++++++++++++++++++++++Most portrayed literary human character in film and television history. (ရုပ်ရှင်နှင့် ရုပ်သံ သမိုင်းတွင် ...
9.1
TMDb: 9.1/10 3133 votes
tv

Sherlock (Season 1-4) Complete

20102012201420162017
The Moon Embracing the Sun ( 2012 ) Completed 7.8
The Moon Embracing the Sun ( 2012 ) Completed ဒီဇာတ်ကားလေးကတော့ အားလုံးသိတဲ့ဇာတ်ကားဟောင်းလေးတစ်ကားပါပဲဒီအချိန်ဒီလိုကာလမှာ နွမ်းနယ်တဲ့စိတ်တွေကိုတစ်ဖက်တစ်လမ်းကဖြေလျော့ပေးမယ့် Old but Gold ကားလေးပေါ့ဒီသမိုင်းဝင်ချစ်ဇာတ်လမ်းလးတစ်ပုဒ်ကို “လရောင်ဖန်ဆင်းနေမင်းကြမ္မာ”“လရောင်လွှမ်းသောအလွမ်းနေ” “လတစ်စင်းရဲ့ချစ်ခြင်းဖွဲ့နေမင်း” စတဲ့နာမည်တွေအမျိုးမျိုး အဖုံဖုံတင်စားခဲ့ကြတယ်နေမင်းကြီးကိုကိုယ်စားပြုတဲ့မင်းကြီးဟာ လမင်းလေးကိုကိုယ်စားပြုတဲ့အတိတ်မေ့နေတဲ့ အချစ်ဦးနတ်ဆရာမလေးတို့ရဲ့လွမ်းမောဖွယ်ချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါဇာတ်လမ်းကကောင်းဆို IMDb Rating 8 နဲ့ Stand ခဲ့တဲ့ဇာတ်ကားမို့လို့ကြည့်ပြီးသား ပြန်ကြည့်လည်းနောင်တမရှိလောက်ပါဘူးနော်မင်းသား Kim Soo Hyun, Jung II Woo နဲ့ မင်းသမီး Han Ga In တို့ကိုကြည်ကြည်လင်လင်ပြန်ကြည့်ရတာနဲ့တင် တန်မှာပါဇာတ်လမ်းလေးကြည့်ရင်းနောက်နေ့တွေအတွက်အားမွေးကြနော် Quality : WEBRip 720pTotal Episode : 20Subtitle : Myanmar Subtitle ( Hardsub )Sub Credit To SomonlianReview By Nway Oo Ka Joe  Download With Zip ( Part 1 )  ...
7.8
TMDb: 7.8/10 18 votes
tv

The Moon Embracing the Sun ( 2012 ) Completed

2012
The Chaser (2012) 8
The Chaser (2012) CM Fan တွေကို ၂၀၁၂ ဝန်းကျင်က အောင်မြင်ခဲ့တဲ့ တီဗီဇတ်လမ်းတွဲလေး တစ်ခု နဲ့ မိတ်ဆက်ပေးပါမယ် ဘတ်ဟွန်းဆော့ ဆိုတဲ့ ရဲ တစ်ယောက်ဟာ ရိုးသားပြီး အများကို ကူညီတက်သလို မတရားမှုတွေကိုလဲ လက်ပိုက် ကြည့်မနေတက်ပါဘူး သူ့မှာ ချစ်ရတဲ့ ဇနီး နဲ့ အထက်တန်း တက်နေတဲ့ သမီးလေး ရှိပါတယ် တစ်ရက်မှာတော့ သမီးလေး Show ပွဲ တစ်ခုကြည့်ပြီးအပြန် ကားတိုက် ခံလိုက်ရပါတယ် ကားတိုက်ခံရတဲ့ အရှိန်နည်းနည်းလျော့လို့ သတိလည်နေသေးပေမယ့် ကားနဲ့ တိုက်တဲ့ သူတွေက အမှုပတ်မှာ ဆိုးလို့ မသေမချင်း ကားနဲ့ နောက်ပြန်လှည့်ပြီး ဘီးနဲ့ ကြိတ်ပါတယ် မသေမချင်းပါ ကလေးမလေးကတော့ ငိုပြီးသာ အကူအညီတောင်းနေခဲ့ရပါတယ် နောက်မှာတော့ ကလေးမလေး မသေပဲ ဆေးရုံရောက်ခဲ့ပြီး ဖခင်ဖြစ်သူကလဲ အမှု လိုက်စုံစမ်းတဲ့ အခါမှာ ဒါပေမယ့် သူလိုက်နေတဲ့ တရားခံက ကိုရီးယားနိုင်ငံရဲ့ လက်တံရှည်တဲ့ အကြီးဆုံး ခရိုနီ ကြီး ရဲ့ သမီးဖြစ်ပြီး ဝန်ကြီးချူပ်လောင်း ရဲ့ ဇနီး ဖြစ်နေတယ်ဆိုတာကိုတော့ သူ မသိခဲ့သော အခါ..... ဒီဇတ်လမ်းလေးဟာ ငွေများတရားနိုင် ဥပဒေကို လက်တလုံးခြားလုပ်နိုင်တဲ့ ခရိုနီ တွေ နဲ့ မဲလိမ် ...
8
TMDb: 8/10 1 votes
tv

The Chaser (2012)

2012
Reply 1997 {Complete} 8
Reply 1997 {Complete} Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာ နာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေက နွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။ နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့ အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာ အခြေတည်ထားတာက‌တော့ "သူငယ်ချင်း" ဆိုတဲ့ စကားရပ်ပါပဲ။ Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ် အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီး ညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲက သူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ ..... ကဲ ...... ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ ဘာသာပြန်ထားသူတွေကတော့ August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun ...
8
TMDb: 8/10 23 votes
tv

Reply 1997 {Complete}

2012
Queen In Hyun’s Man ( 2012 ) ( Completed ) 7.7
Queen In Hyun’s Man ( 2012 ) ( Completed ) Unicode*******အခုတစ်ခေါက် Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးကတော့ရာဇဝင်ထဲက အမတ်လေးတစ်ဦးနဲ့ ဒီနေ့ခေတ်မင်းသမီးလေးတစ်ဦးရဲ့ချိုမြိန်လှတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ချွဲဟီဂျင်း (Yoon In Na ) ဟာ သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေတဲ့တတ်သစ်စ မော်ဒယ်တစ်ဦးပါ။ ဂျိုဆွန်းမင်းဆက်ဆုတ်ဂျောင်ဘုရင်လက်ထက်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားမှာ အင်ဟွန်းမိဖုရားအဖြစ်ပါဝင်ခွင့်ရခဲ့တဲ့သူမဟာထူးဆန်းစွာပဲ ဆုတ်ဂျောင်မင်းလက်ထက်က အမတ်တစ်ဦးနဲ့ဆုံတွေ့ခဲ့ရပါတယ်။ကင်ဘုံဒို ကတော့ ဆုတ်ဂျောင်ဘုရင်လက်ထက်နန်းရေးအရှုပ်အထွေးတွေကြား မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ နန်းတွင်းအရာရှိတစ်ယောက်ပါ။မိသားစုအတွက် လက်တုံ့ပြန်ဖို့ကြိုးစားရင် အသက်အန္တရာယ်ကြုံချိန်တိုင်းမှာအဆောင်လက်ဖွဲ့တစ်ခုကြောင့် နှစ်၃၀၀ကျော်ကွာဟတဲ့ဒီနေ့ခေတ်ကို ရောက်ရှိလာရင်း ချွဲဟီဂျင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။အခက်အခဲတွေကြား သူတို့နှစ်ဦး အပြန်အလှန်ချစ်မိသွားတဲ့အခါမှာတော့အရိုတစ်လိုင်းတို့ စိတ်ကြိုက် အချစ်ဇာတ်လမ်းလေးတွေနဲ့ဟာသဖြစ်ရပ်လေးတွေကိုရင်ခုန်စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာဖြစ်သလိုကင်ဘုံဒိုတစ်ယောက် နန်းတွင်းရှုပ်ထွေးမှုတွေကြားမိသားစုအတွက် လက်တုံပြန်ဖို့ ကြိုးစားပုံတွေနဲ့ကမ္ဘာမတူတဲ့ ချစ်သူကြောင့် လက်တွေ့ဘဝမှာ အလွဲလွဲလေးတွေ ကြုံရတဲ့မင်းသမီး ချွဲဟီဂျင်းရဲ့ အကြောင်းလေးတွေကိုလည်း စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ဖြစ်ရပ်မှန်သမိုင်းအထောက်အထားတွေ နောက်ခံထားပြီး ပုံဖော်ထားတဲ့ဇာတ်ကားဖြစ်လို့ နန်းတွင်းကားချစ်သူတွေလည်း နှစ်သက်မယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်။နန်းတွင်းအရာရှိလေး ကင်ဘုံဒို အဖြစ် Ji Hyun-woo (love in sadness )ကပါဝင်သရုပ်ဆောင်ထားပြီးတက်သစ်စမင်းသမီး ချွဲဟီဂျင်းအဖြစ်Goblin; Touch ...
7.7
TMDb: 7.7/10 8 votes
tv

Queen In Hyun’s Man ( 2012 ) ( Completed )

2012
Arrow Season (8) 5.8
Arrow Season (8) Arrow Season 7 မှာ အိုလီဗာတစ်ယောက် Multiverse ကို ကယ်ဖို့အတွက်Monitorနဲ့အတူ ထွက်သွားခဲ့တာ အကုန်လုံးသိကြမှာပါ။အခု Season 8 အစမှာတော့ Oliver က တခြားကမ္ဘာတစ်ခုမှာMonitor ခိုင်းတဲ့အတိုင်း အဲဒီကမ္ဘာက အိုလီဗာကွင်းန်အယောင်ဆောင်ပြီးလိုင်ယန်ယုကျွန်းပေါ်မှာ သွားနေနေခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကမ္ဘာက Earth-1 နဲ့ တော်တော်လေး ကွာခြားပါတယ်။စပွိုင်လာဖြစ်မှာစိုးလို့ ဘယ်ကမ္ဘာမှန်းမပြောတော့ပါဘူး။အိုလီဗာဟာ ၁၂ ကျော်လောက်ပျောက်ပြီးမှ ပြန်ပေါ်လာသလို ဖြစ်နေပါတယ်။အဲဒီကမ္ဘာက အိုလီဗာအစစ်ကတော့ သေသွားခဲ့ပါပြီ။အိုလီဗာမရှိတဲ့ကမ္ဘာက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ တာဝန်ထမ်းဆောင်ရင်းနဲ့သူကိုယ်တိုင်တွေ့ရပါတော့တယ်။အက်ရှင်ခန်းတွေကလည်း Season 1 တုန်းကလို ခပ်ကြမ်းကြမ်းတွေ ပြန်မြင်ရမှာပါ။Crossoverအတွက် Crisis က ဒီအပိုင်းမှာကတည်းက အစပြုနေပါပြီ။Final Season က ၁၀ ပိုင်းပဲထွက်ရှိမှာဖြစ်ပါတယ်။ Review by Ye Man AungTranslated by August Encoded by Moe Myint Lwin  Season 8 Complete Zip ...
5.8
TMDb: 5.8/10 2705 votes
tv

Arrow Season (8)

2012
Parade’s End(2012)[စ/ဆုံး] 7.6
Parade’s End(2012)[စ/ဆုံး] Parade's End(2012)ဇာတ်လမ်းတွဲအညွှန်း************************************IMDb - 7.6စာပေဗဟုသုတပြည့်စုံလှတဲ့ Christopher တစ်ယောက် ပါးနပ်ပွေလီလှတဲ့ Sylvia နဲ့ ဖူးစာစုံဖက်ပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်...ဒါပေမဲ့ ရိုးရိုးအေးအေး စာကြမ်းပိုးကြီးတစ်ယောက်နဲ့ အိမ်ထောင်ရေးကိစ္စတွေဟာ Sylvia တစ်ယောက်အတွက်တော့ ပျင်းစရာသပ်သပ်ကြီး ဖြစ်နေခဲ့တာပါ...ဒီလိုနဲ့ Sylvia တစ်ယောက် တခြားယောက်ျားလေးတွေနဲ့ ခြေရှုပ်လာခဲ့ပါတယ်...ဒီလိုအချိန်မှာ ကြမ်းတမ်းရက်စက်လွန်းတဲ့ ပထမကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပါတယ်..... Christopher တစ်ယောက်စစ်ထဲဝင်ရောက်ပြီး သေနတ်ကိုင်ရင်း ရှေ့တန်းစစ်မြေပြင်ကိုထွက်ခဲ့ရပါတော့တယ်.... အချစ်နဲ့စစ်ပွဲတွေကြား Christopher တစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ... အက်ရှင်စစ်ကားဖြစ်သလို အချစ်ရေးအချစ်ရာတွေလည်း ပါဝင်လေတော့ ကြည့်လို့ကောင်းတဲ့စီးရီးတစ်ခုပါ...အပိုင်း(၅)ပိုင်းပဲရှိပါတယ်... မင်းသားကြီး Benedict Cumberbatch လည်းပါဝင်သရုပ်ဆောင်ထားတာဆိုရင်တော့ ဇာတ်ကားကောင်းတစ်ကားမှန်း တော်တော်များများ သိကြမှာပေါ့နော်... စစ် အချစ် အိမ်ထောင်ရေးတွေကို စုံစုံလင်လင်ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးလို့..ဇာတ်လမ်းအညွှန်းကို Paing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Paing နှင့် Littleneo တို့ပဲဖြစ်ပါတယ်...(Unicode)IMDb - 7.6စာပဗေဟုသုတပွည့ျစုံလှတဲ့ Christopher တဈယောကျ ပါးနပျပှလေီလှတဲ့ Sylvia နဲ့ ဖူးစာစုံဖကျပွီး လကျထပျဖွဈခဲ့ကွပါတယျ...ဒါပမေဲ့ ရိုးရိုးအေးအေး စာကွမျးပိုးကွီးတဈယောကျနဲ့ အိမျထောငျရေးကိစ်စတှဟော Sylvia တဈယောကျအတှကျတော့ ...
7.6
TMDb: 7.6/10 8951 votes
tv

Parade’s End(2012)[စ/ဆုံး]

2012