Channel Myanmar

2005

The Office (2005-2013) 8.6
The Office (2005-2013) The Office (TV Series 2005–2013)IMDb Rating (9/10) / Rotten Tomatoes (81%)Sit-Com တွေအ‌ကြောင်းပြောမယ်ဆိုရင် မသိသူမရှိတဲ့ Friends, HIMYM, Big bang theory တို့အပြင် ချန်လှပ်ထားခဲ့လို့မရတာကတော့ အစဉ်အလာကြီးမားတဲ့ The Office Series တွေပါပဲ။ မူရင်း British series နဲ့ အခုတင်ဆက်ပေးမယ့် အမေရိကန် Series အပြင် နိုင်ငံအမျိုးမျိုးကကိုယ်စီပြန်အသက်သွင်းခဲ့ကြတာတွေ မနည်းမနောရှိတဲ့အတွက် သူ့ပရိသတ်တွေကလည်း မနည်းလှဘူးလို့ဆိုရမှာပါ။ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ဌာနခွဲရုံးတစ်ရုံး သူတို့ရဲ့မန်နေဂျာနဲ့တစ်ခြားသော ဝန်ထမ်းတစ်သိုက်ရဲ့နေ့စဉ်ရုံးတွင်းအတွေ့အကြုံလေးတွေအကြောင်း ဟာသနှောရိုက်ထားတဲ့ ဇာတ်လမ်းတွဲဟာ ဘာကြောင့်ဒီလောက်အထိအောင်မြင်သွားခဲ့လဲဆိုတာကတော့ ဇာတ်ကောင်တွေအပေါ် ပရိသတ်တွေရဲ့ဆက်စပ်ခံစားနိုင်မှုကြောင့်လို့ပြောနိုင်ပါတယ်။Sit-Com series တွေကို ကြည့်လိုက်တိုင်းမှာ ရလာတဲ့ခံစားချက်လေးတစ်ခုကတော့ တချို့ဇာတ်ကောင်တွေအဖြစ်အပျက်တွေဟာ ကိုယ်တိုင်ပဲကြုံဖူးတာလိုလို တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့တူနေတတ်တာမျိုးပေါ့... Friends ထဲက ဆရာလုပ်တတ်ပြီး စနစ်ကျစတိုင်ကျတဲ့ Ross လို ဘော်ဒါမျိုး... How I met your mother ထဲက အလုပ်ကြိုးစားပြီး ကောင်မလေးကိုအရမ်းချစ်ပြတတ်တဲ့ ...
8.6
TMDb: 8.6/10 4155 votes
tv

The Office (2005-2013)

2005
Prison Break (2005-2017) Complete 8.078
Prison Break (2005-2017) Complete Prison Break (2005-2017)IMdb Rating (8.3)Prison Break လို့ပြောလိုက်တာနဲ့ တစ်ချိန်က စီးရီးလောကမှာ မသိသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီစီးရီးကို DVD ခေတ်ကတည်းကအခွေပေါင်းများစွာနဲ့ကြည့်ခဲ့ဖူးတဲ့သူတွေရှိသလို တခြားနေရာတွေကလည်း ကြည့်ဖူးသူတွေရှိကြမှာပါ။ အခုကတော့ မကြည့်ဖူးသူတွေပဲဖြစ်ဖြစ် နောက်တစ်ကြိမ်ပြန်ကြည့်ချင်သူများပဲဖြစ်ဖြစ် ပြန်လည်ခံစားကြည့်ရှုနိုင်ဖို့ BluRay 1080p HEVC Quality နဲ့ CM Version ကို တင်ဆက်ပေးတာပါ။ဇာတ်လမ်းကတော့...မိုက်ကယ်စကိုးဖီးဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး တရားစီရင်မှုအမှားကြောင့် ထောင်ချောက်ဆင် သေဒဏ်ချခံလိုက်ရတဲ့ အကိုဖြစ်သူ လင်ကွန်းဘားရိုးစ်ကို ကယ်တင်ဖို့အတွက် သူကိုယ်တိုင် ထောင်ကျခံ၊ ထောင်ဖောက်ပြီးထွက်ပြေးဖို့အစီအစဉ်ဆွဲရာက ဇာတ်လမ်းစပါတယ်။ အဲဒီထောင်ဟာ သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲပေးခဲ့တဲ့ အကျဉ်းထောင်ဖြစ်တာကြောင့် ထောင်ရဲ့ပုံကြမ်းအသေးစိတ်အချက်အလက်တွေကို ခန္ဓာကိုယ်ပေါ်မှာ တက်တကူးရေးထိုးပြီး သေချာဗျူဟာချပြီးမှ ကယ်ထုတ်ဖို့ အကွက်ကျကျစီစဉ်ထားတာပါ။ ဒီလိုနဲ့ ထောင်ထဲရောက်လာတဲ့အချိန်မှာ စီစဉ်ထားတဲ့အတိုင်းကြိုးစားရင်း မမျှော်လင့်ထားတဲ့ အခက်အခဲတွေ အနှောင့်အယှက်တွေကြားက ထောင်ဖောက်ဖို့အတွက် အကောင်အထည်ဖော်ပါတော့တယ်။Prison Break က ၂၀၀၅ ခုနှစ်မှာ Season-1 စတင်ထွက်ရှိခဲ့ပြီး Season-5 ကိုတော့ ၂၀၁၇ မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်... စုစုပေါင်း အပိုင်း ...
8.078
TMDb: 8.078/10 5047 votes
tv

Prison Break (2005-2017) Complete

2005
Supernatural (2005-2020) 8.295
Supernatural (2005-2020) နာမည်ကျော်စီးရီး Supernatural ကို BluRay 1080p/720p Quality နဲ့ CM Version အဖြစ် စဆုံးပြန်လည်တင်ဆက်လိုက်ပါပြီ။ Supernatural စီးရီးကို ၂၀၀၅ ခုနှစ်ကနေစတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဇာတ်သိမ်းနိုင်ပါတယ်။ စီစင်အနေနဲ့ ၁၅ ခုထိရှိပြီး အပိုင်းပေါင်း ၃၂၇ ပိုင်းရှိပါတယ်။ အညွှန်းကိုတော့ Myanmar Varient Entertainment FB Page ကနေ ခံစားရေးဖွဲ့ထားတာနဲ့မိတ်ဆက်ပေးခဲ့ချင်ပါတယ်။ +++++++++++++++++++++++ 🎬 Supernatural သို့ လွမ်းခြင်း (၁၅ နှစ်တာ အမှတ်တရ)နိုဝင်ဘာ ၃၀၊ ၂၀၂၂။◼ CW ရဲ့ အပိုင်းအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Supernatural ဟာ မြန်မာပရိသတ်တွေကြားမှာ နေရာတစ်ခုအမြဲရယူခဲ့တယ်ဆိုတာ ငြင်းစရာအကြောင်းမရှိခဲ့ပါဘူး။ အများစုက "မိစ္ဆာမုဆိုး" "ပညာသည်နှစ်ဦး" စတဲ့ နာမည်အသီးသီးနဲ့သိကြသလို တချို့တွေကလည်း Supernatural နာမည်နဲ့ပဲ ကြည့်ခဲ့ကြပေမယ့် ကာလတစ်ခုအထိ Supernatural ဟာ ပရိသတ်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအထိ ရှိနေဦးမှာပါပဲ။◼ ...
8.295
TMDb: 8.295/10 7372 votes
tv

Supernatural (2005-2020)

2005
Sad Love Story (2005) [Complete] 6.7
Sad Love Story (2005) [Complete] Sad Love Story (2005)***********************အပိုင်း (၁ မှ ၂၀) စ/ဆုံး တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Kim Hee-Sun၊ Kwon Sang Woo၊ Yeon Jeong Hoon၊ကလေးသရုပ်ဆောင် မင်းသား Yoo Seung Ho စတဲ့အဘွားတို့ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသားကြီး၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကိုCM ပရိသတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။မိဘမဲ့ဖြစ်ပြီး ကလပ်အဆိုတော် အဒေါ်က စောင့်ရှောက်ထားရတဲ့မျက်မမြင်ကောင်မလေး ဟယ်အင်း၊ အမေရိကန် စစ်သားတွေကိုအရက်ရောင်းတဲ့ ကလပ်ပိုင်ရှင် အမေဖြစ်သူကြောင့် နေ့စဉ်ရက်ဆက်ကျောင်းမှာ တခြားကလေးတွေရဲ့ သရော်ခြင်းကိုခံရပြီးရန်မဖြစ်လာတဲ့နေ့မရှိတဲ့ ဂျွန်ယောင်း။ဖြူစင်တဲ့ကလေးဘဝအရွယ်မှာ တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ဦးဟာတစ်ယောက်ပေါ်တစ်ယောက်မှီခိုရင်း ငယ်ချစ်ဦးတွေ ဖြစ်သွားခဲ့ကြတယ်။ဒီလိုနဲ့ကံကြမ္မာအကြောင်း ဖန်လာပြီး ဟယ်အင်းလေးက အမေရိကားကိုရွှေ့ပြောင်းရမဲ့အချိန် ရောက်လာတဲ့အခါ ငယ်ချစ်ဦးရေစက်ဟာလည်းပြတ်တောက်ရတော့မလို ဖြစ်သွားတော့တယ်။အမေရိကားရောက်သွားတဲ့ ဟယ်အင်းဟာ မျက်စိခွဲစိတ်မှုကို ခံယူပြီးလူသစ်စိတ်သစ် ပြောင်းလဲသွားရင်း ဂျွန်ယောင်းရဲ့သူငယ်ချင်းတစ်ဖြစ်လဲသူဌေးသား ဂွန်းဝူနဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ်။ငယ်ချစ်ဦးကို မမြင်ဖူးခဲ့တဲ့ ...
6.7
TMDb: 6.7/10 59 votes
tv

Sad Love Story (2005) [Complete]

2005
Criminal Minds (2024) 8.3
Criminal Minds (2024) Criminal Minds Season 2 အရှေ့ Season မှာ ဆီကာရီးယပ်စ်ဆိုပြီး အတွဲလိုက်လူသတ်သမားတွေကို ကွန်ယက်ထောင်ပြီး အများအပြား သတ်ဖြတ်ခဲ့တဲ့ အီလိုင်းယက်စ်ဗွိုက်ကို ဖမ်းနိုင်ခဲ့ပါပြီ (သူကိုယ်တိုင်ကတော့ ခုချိန်ထိ ဝန်ခံခြင်းမရှိသေးပါဘူး)။ဒါပေမဲ့လည်း FBI လက်ထောက်ဒါရိုက်တာတစ်ယောက် အသက်ပေးဆပ်ခဲ့ရပါတယ် ဒီနောက်ကွယ်မှာလည်း ဖုံးဖိထားတဲ့ ကိစ္စတချို့က ရှိနေတာပါ။ ဗွိုက်ရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်လာတဲ့ ခေါင်းဆောင်ဒေးဗစ်တစ်ယောက်လည်း စိတ်ထဲမှာ ခြောက်လန့်ခံနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အရှေ့ပိုင်းမှာ အနည်းငယ် ပြောပြထားတဲ့ ဂိုးလ်စတားဆိုတဲ့ လူသတ်သမားဟာ လူတွေကို ကြုံရာကျပန်း မျက်လုံးထုတ် သတ်ဖြတ်နေပြီး လွတ်မြောက်နေဆဲ ဖြစ်ကာ ဖမ်းဆီးဖို့အတွက် သဲလွန်စနည်းနည်းလေးတောင် ရှာမရဖြစ်နေပါတယ်။ဒါကြောင့် ဒါရိုက်တာဖြစ်သူဟာ ဗွိုက်ဆီကို ဂိုးလ်စတားကို ဖမ်းဆီးနိုင်ဖို့ သတင်းအချက်အလက်ပေးမယ်ဆို နှစ်အနည်းငယ်လောက်နဲ့ လွှတ်ပေးမယ်ဆိုပြီး အပေးအယူလုပ်တာကို လက်မခံနိုင်ကြတဲ့ BAU အဖွဲ့သားတွေ ဗွိုက်မတိုင်ခင် ဂိုးလ်စတားကို ဖမ်းနိုင်ဖို့ အားထုတ်ရာကနေ ပြန်စတင်ထားပြီး နောက်ပိုင်း ဘယ်လိုတွေဖြစ်ကြမလဲ ဂိုးလ်စတားကို ဖမ်းနိုင်ကြမလား ဗွိုက်ကရော ...
8.3
TMDb: 8.3/10 3617 votes
tv

Criminal Minds (2024)

2005
Avatar: The Last Airbender 8.693
Avatar: The Last Airbender Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.693
TMDb: 8.693/10 3334 votes
tv

Avatar: The Last Airbender

19892005
Avatar: The Last Airbender(2005) 8.691
Avatar: The Last Airbender(2005) Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.691
TMDb: 8.691/10 3304 votes
tv

Avatar: The Last Airbender(2005)

2005
Avatar: The Last Airbender (2005) 8.692
Avatar: The Last Airbender (2005) Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.692
TMDb: 8.692/10 3267 votes
tv

Avatar: The Last Airbender (2005)

2005
Rome (2005) S1+S2 Complete 8.3
Rome (2005) S1+S2 Complete Rome (2005) series ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်နဲ့ တစ်ခမ်းတစ်နားရိုက်ထားပြီး ဆယ့်ရှစ်အပေါင်းတွေလဲ အများကြီးပါတဲ့ HBOရဲ့ စီးရီးကို ပြောပါဆိုရင် တစ်ရာမှာ တစ်ရာ့တစ်ယောက်က Game Of Thronesလို့ပဲ ဖြေကြမှာ သေချာပါတယ်။ ဒါပေမယ့် HBOကပဲ လွှင့်ခဲ့ပြီး တစ်ပိုင်းကို ဒေါ်လာဆယ်သန်း အကုန်ကျခံရိုက်ထားတဲ့ Rome စီးရီးကိုလဲ မေ့မထားသင့်ပါဘူး။ GOTလို‌ fantasyစီးရီးတော့ မဟုတ်ဘူး‌ပေါ့ဗျာ ။ ရောမခေတ် စစ်သမိုင်း နောက်ခံ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီး‌တော့ ဇာတ်အိမ်ခိုင်ခိုင်ကို big budgetသုံးရိုက်ထားတာမို့ ကြည့်ရတာ တန်လွန်းလှပါတယ်။ ရောမခေတ် လူနေမှုပုံစံ ၊ အဆောက်ဦး ၊ ဝတ်စားဆင်ယင်မှုပုံစံတွေကို သဘာဝကျစွာ မြင်ရမှာဖြစ်ပြီး ဒီစီးရီးမှာ သုံးတဲ့ ရောမစစ်သည်တော်တွေရဲ့ ချပ်ဝတ်တန်ဆာတွေကအစ အသေးစိတ်ဖန်တီးထားတဲ့ ဒီဇိုင်နာလက်ရာ handmadeတွေ ဖြစ်ပါတယ်။ အားလုံး ကြားဖူးနားဝရှိပြီးသား ရောမခေတ်က စစ်ပြိုင် ရန်သူကြီးတွေ ဖြစ်ခဲ့ကြတဲ့ ဂျူးလိယက် ဆီဇာ နဲ့ ပွမ်ပေ မက်ဂနပ်စ်တို့ ရောမရဲ့ ပုလ္လင်ကို လုကြတဲ့အကြောင်းကိုပဲ ရိုက်ထားတာဖြစ်ပေမယ့်၊ ဒီစီးရီးမှာတော့ ဂျူးလိယက်ဆီဇာရဲ့ ...
8.3
TMDb: 8.3/10 875 votes
tv

Rome (2005) S1+S2 Complete

2005