Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Trouble Makers Trilogy
5.7
The Rising Waves 3 ( 2021 )
ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ...... ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Rising Waves 3 ( 2021 )
5.7
Making Waves 2 ( 2021 )
ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်းဒုတိယကားဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာကြည့်နိုင်ပါတယ်ဒီဇာတ်ကားမှာ တစ်ချိန်က မိုက်ခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် ဈာန်လျှောသွားခဲ့ရတဲ့ ဘဝကို ပုံဖော်ပြထားခဲ့တာပါ..ဒီဇာတ်လမ်းလေးကို အကျဉ်းလေးကတော့. အစ်ကိုကြီးနောက်လိုက်ရင်း အသက်ကြီးလာတဲ့ လောကျစ်တစ်ယောက် လုံခြုံရေးတံခါးစောင့်ဘဝကို ရောက်သွားခဲ့တာပါပဲ.. သူက လုံခြုံရေးတံခါးစောင့်ဖြစ်တော့ တုန်းယိကရော တစ်ခုလတ်ကို ယူပြီး သူ့သားကို ထိန်းကျောင်းပြီး အလုပ်နဲ့လက်မပြတ်ခဲ့ဘူးပေါ့... သူတို့ရဲ့အစ်ကိုကြီးကတော့ မိန်းမလုပ်စာစားပြီး မိုက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပေါ့...ဒါပေမယ့်လည်း စိတ်ကသာရှိတာ လူက အိုပြီလေ လူမိုက်အသစ်တွေနဲ့ ယှဉ်ထိုးဖို့မပြောနဲ့ ကြည့်တောင် မကြည့်နိုင်ရှာပါဘူး... ဒီလိုနဲ့ တုန်းယိတစ်ယောက် ကိုရီးယားက စက်ရုံကို သွားပြီး အလုပ်လုပ်ဖို့ဖြစ်လာတယ်... သူလည်း သွားရော သူ့မိန်းမတစ်ခုလတ်က အမူအကျင့်တွေပြောင်းနေတာကြောင့် လူမိုက်ကြီး ၂ ယောက်က စုံထောက်ဖြစ်လာခဲ့တာပေါ့.. ဒီလိုနဲ့ တုန်းယိမိန်းမနောက်မီးလင်းတာကို စုံစမ်းရင်း... ဘာတွေဖြစ်မလဲဆိုတာကို မပြောတော့ဘူး..ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်ဖို့ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Making Waves 2 ( 2021 )
5.7
Trouble Makers ( 2019 )
အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Trouble Makers ( 2019 )