Channel Myanmar

2022-2025

The Sandman (2022-2025) 8.417
The Sandman (2022-2025)  The Sandman (2022-2025)Season 01 (စ/ဆုံး)Season 02 (Ongoing) IMDb Rating (7.7) / Rotten Tomatoes (88%)American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီးနီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင်တစ်ယောက်အကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေနေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို လိုက်ဖမ်းနေခဲ့ပါတယ်။ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကိုလူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။ ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇)ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ ...
8.417
TMDb: 8.417/10 6 votes
tv

The Sandman (2022-2025)

2022-2025
1923 (2022-2025) complete 8.1
1923 (2022-2025) complete  IMDb Rating (8.3) / Rotten Tomatoes (95%)အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသတွေကို နောက်ခံဇာတ်အိမ်တည်ထားတဲ့ ကောင်းဘွိုင်းဇာတ်လမ်း 1883 ရဲ့အဆက်ဖြစ်တဲ့ 1923 ဇာတ်လမ်းတွဲဟာ နှစ်တွဲခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်တွဲကို အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ဒီစီးရီးတွေရဲ့ ပင်မဇာတ်လမ်း Yellowstone ကိုလည်း ချန်နယ်မြန်မာမှ တင်ဆင်ထားပါပြီ။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က မြို့ခံကော်မရှင်နာအရာရှိတစ်ဖြစ်လဲ၊ ကျွဲ၊နွားမွေးမြူရေးသမား ကောင်းဘွိုင်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ပါဝင်ထားပါတယ်။သားသမီးမထွန်းကားလို့ တူရဲ့သားဖြစ်သူ ဂျက်ခ်၊ သစ္စာရှိအလုပ်သမားခေါင်း ဇိန်းတို့နဲ့ အတူနေထိုင်ပြီး ဘဝကိုဖြတ်သန်းနေပါတယ်။ဂျက်ခ်ဟာ ဂျေကော့ဘ်ဒပ်တန်၊ ကာရာဒပ်တန်လင်မယားနဲ့အတူ မွေးမြူရေးခြံမှာနေပေမယ့် အခြားတူတစ်ဦးဖြစ်သူ စပန်ဆာဒပ်တန်ကတော့ ပထမကမ္ဘာစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ပွဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ စစ်အပြီးမှာ တောလိုက်မုဆိုးအဖြစ်အာဖရိကမှာ အသက်မွေးနေသူပါ။ပထမကမ္ဘာစစ်၊ ဥပဒေပိတ်ပင်မှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ကျွဲ၊နွားခြံရှင်တွေ စားကျက်ရှားပါးလာပြီး အခက်အခဲတွေဖြစ်လာကြတဲ့အခါတောင်ထူထပ်တဲ့ အမြင့်ပိုင်းနေရာတွေကို တိရစ္ဆာန်အုပ်တွေမောင်းသွားပြီး စားကျက်ရှာဖို့ဖြစ်လာပါတော့တယ်။ပထမကမ္ဘာစစ်အပြီး အမေရိကန်ပြည်သူတွေကြုံကြရတဲ့ စီးပွားပျက်ကပ်၊ အနောက်ဘက်ဒေသရွှေ့ပြောင်းမှု၊ အရက်သေစာရောင်းဝယ်‌ရေးတားမြစ်မှု စတဲ့အခက်အခဲတွေကြားမှာ ဒပ်တန်မိသားစုဖြတ်သန်းကြရပုံကို ဗဟိုပြုရိုက်ကူးထားပါတယ်။အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ‌ တွေရဲ့ ရှုခင်းအလှအပတွေနဲ့ ...
8.1
TMDb: 8.1/10 435 votes
tv

1923 (2022-2025) complete

2022-2025