The Verdict 2025 (ဂျူရီများရဲ့ စီရင်ချက်)
တမီလ်ဘာသာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ တရားရုံးစစ်ဆေးမေးမြန်းမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်စစ်ဆင်မှုတွေကို တွေ့မြင်ရမဲ့ ဇာတ်ကားဖြစ်ပြီး
ဇာတ်အိမ်နေရာကိုတော့ အမေရိကန်နိုင်ငံမှာ တည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
မစ္စစ်အလိုက်ဆာ ရှာမန်ဆိုတဲ့ အမျိုးသမီးကြီးဟာ ငွေကြေးပိုင်းဆိုင်ရာမှာ ပြည့်စုံပေမဲ့ အမွေဆက်ခံသူမရှိ မုဆိုးမတစ်ယောက်အဖြစ်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်သူဖြစ်ပါတယ်။
အသက်ကြီးလာတော့ ကျန်းမာရေးချိုယွင်းလာပြီဖြစ်တဲ့ မစ္စစ်အလိုက်ဆာရဲ့အနားမှာ သူ့ငွေတွေကို မက်ပြီး ပြုစုချင်ယောင်ဆောင်တဲ့သူတွေလည်း များလိုလာပါတယ်။
တစ်နေ့မှာတော့ မစ္စစ်အလိုက်ဆာတစ်ယောက် ညတိုင်းရှူနေတဲ့ အောက်ဆီဂျင်အိုးက အောက်ဆီဂျင်မပွင့်ဘဲဖြစ်သွားပြီး အောက်ဆီဂျင်ပြတ်ကာေ-သဆုံးသွားရပါတော့တယ်။
ဒီေ-သဆုံးမှုကို လူသ-တ်မှုလို အရာရှိများက သတ်မှတ်လိုက်ပြီး ဒီလူသ-တ်မှုအတွက် မစ္စစ်နမ်ရာသာကို သံသယရှိသူအဖြစ်နဲ့ ရုံးတင် စွဲချက်တင်ပါတော့တယ်။
မစ္စစ်နမ်ရာသာတစ်ယောက်ကလည်း ဒီလူသ-တ်မှုကို သူသ-တ်တာမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုရင်း ………
မစ္စစ်နမ်ရာသာဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ ရှေ့နေမာယာနဲ့ တရားလိုရှေ့နေတို တရားရုံးမှာ ဘယ်လိုတွေ အားပြိုင်သွားကြမလဲ …….
ဂျူရီလူကြီးတွေကို ဘယ်သူက ဘယ်လို ဖျောင်းဖျနိုင်ပြီးတော့ အမှုက ဘယ်လိုပုံစံနဲ့ ပြီးဆုံးသွားမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
File size…1.4 GB / 680 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….01:57:44
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။