Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
1965
7.844
I Dream of Jeannie (1965)
IMDB : 7.4 Genre : SitcomI Dream of Jeannie ကိုမသိတဲ့လူမရှိလောက်ဘူးထင်လို့ အထူးတလည်မိတ်ဆက်စရာမလိုလောက်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ I Dream of Jeannie ဇာတ်လမ်းတွဲဟာ မပါမဖြစ်မဟုတ်ရင်တောင် လူတိုင်းနဲ့ရင်းနှီးပြီးသား ဇာတ်လမ်းတွဲလေးဖြစ်မှာတော့ လုံးဝသေချာပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က 5 Plus မှာ ဒီဇာတ်လမ်းတွဲလာတဲ့အချိန်တိုင်း တီဗီရှေ့ထိုင်ပြီးစောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးငယ်ဘဝကို တစ်စိတ်တဒေသလောက် ပြန်လည်ပြီး အောက်မေ့သတိရစေမယ့် ဇာတ်လမ်းတွဲဆိုလည်းမမှားပါဘူး။Sitcom အမျိုးအစားထဲမှာ I Dream of Jeannie ဟာ ထိပ်ဆုံးကမဟုတ်ရင်တောင် အောက်မကျတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။မကြည့်ဖူးတဲ့လူများ ကြည့်ရှုခံစားလို့ရအောင်၊ ကြည့်ဖူးတဲ့လူများလည်း ပြန်လည် အောက်မေ့ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်ညွှန်းတိုနီဆိုတာကတော့ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ပါတယ်။သူဟာ တစ်ရက်မှာကမ္ဘာ့ပတ်လမ်းထဲကို သွားဖို့အတွက် ပြင်ဆင်နေပါတော့တယ်။အစစအရာရာ အဆင်ချောအောင်ပြင်ဆင်ထားခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှခဲ့ပဲ အာသာကလွန်းပျံယာဉ်ပျက်ကျခဲ့ပြီး တိုနီဟာလည်း ကျွန်းတစ်ကျွန်းအပေါ်မှာ သောင်တင်သွားပါတော့တယ်။ဒီလိုနဲ့ မမျှော်လင့်ပဲ ကျွန်းပေါ်မှာ ဖုန်ပုလင်းတစ်ခုကိုတွေ့ပြီး လက်နှင့်ပွတ်လိုက်ရာ ဂျင်းနီလေးထွက်လာပါတော့တယ်။ဒါပေမယ့် ...
7.844
TMDb:
7.844/10
764 votes
tv
I Dream of Jeannie (1965)
1965