Channel Myanmar

New releases (2025)

Content at random


Movies

SEE ALL
California King (2025) 5.2
California King (2025)  California King (2025)ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၅ ခုနှစ်ထွက် ဟာသဒရမ်မာဇာတ်ကားလေးပဲဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းပြီးတော့ ဇာတ်လမ်း‌ကလည်းစွဲဆောင်မှုရှိပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ပယ်ရီနဲ့ဝိုက်ကငယ်ငယ်လေးထဲကခင်လာတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပြီးတော့ Mattress King ဆိုတဲ့မွေ့ယာဆိုင်ဖွင့်ထားပါတယ်။ပယ်ရီကမန်နေဂျာပါ.. ပြီးတော့ပယ်ရီကငွေကြေးစီမံခန့်ခွဲမှုလည်းကောင်းပြီးစုမိဆောင်းမိလည်းရှိပါတယ်..ဝိုက်ကတော့အဲ့လိုမဟုတ်ပါဘူး..ဒါပေမဲ့ပယ်ရီမှာမရှိတာကတော့ကျွန်တော်တို့လိုပဲသဘောကျနေတဲ့ကောင်မလေးကိုစကားသွားမပြောရဲ့တာပါ..ဒီတော့သူသဘောကျနေတဲ့ကောင်မလေးဖြစ်တဲ့လင်းနက်ဂျင်းရဲ့မောင်ဖြစ်သူ ရိုက်ကာဂျင်းကိုပြန်ပေးဆွဲပြီးတော့ သူရဲကောင်းပုံစံဖမ်းဖို့လုပ်ပါတယ်..ရိုက်ကာဂျင်းကလည်းသဘောတူပါတယ်.. ဒီတော့အားလူံးအဆင်မပြေတပြေနဲ့ရိုက်ကာဂျင်းကိုပြန်ပေးဆွဲယောင်ဆောင်လာပြီးတော့ ဂိုထောင်တစ်ခုထဲမှာသွားနေခိုင်းထားပါတယ်..နောက်ကျလင်းနက်ဂျင်းရဲ့ရှေ့မှာသူရဲကောင်းပုံစံလုပ်ဖို့ ရိုက်ကာဂျင်းကိုသွားပြန်ခေါ်တဲ့အခါမှာတော့ ရိုက်ကာဂျင်းဟာသူတို့ထားခဲ့တဲ့ ဂိုထောင်ထဲမှာမရှိတော့ပဲ အမှန်တကယ်ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (1.1 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime Duration…. 01:26:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM
movie

California King (2025)

2025
Womb (2025) 5.0
Womb (2025)  Womb(2025) ဟာဆိုရင် လက်ရှိဘဝနဲ့နီးစပ်တဲ့အဖြစ်အပျက်တွေကို စိတ်ခြောက်ခြားဖွယ်ဖြစ်အောင်ရိုက်ကူးထားတဲ့ horror/thriller ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Jumpscare တွေမပါပဲ ဇာတ်အိမ်နှေးနှေးကနေစပြီးတဖြည်းဖြည်း စိတ်မသက်သာဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားမို thriller ရုပ်ရှင်ချစ်သမားတွေအတွက်အကြိုက်ဖြစ်စေမှာသေချာပါတယ်။ဟေလီ ဆိုတဲ့ကောင်မလေးက အရင်ကဆေးစွဲခဲ့ပေမယ့်ကိုယ်ဝန်ရပြီးနောက် ဆေးဖြတ်ပြီး ဘဝကိုပိုကောင်းအောင်နေထိုင်ဖိုကြိုးစားနေတဲ့မိခင်လောင်းတယောက်ဖြစ်ပါတယ်။သူနဲ့သူ့အမျိုးသားလောင်း ရေမွန်က ရေမွန့်အစ်မနဲ့တွေ့ဖိုမြိုစွန်က အမဲလိုက်အိမ်တခုကို အနားယူခရီးထွက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ ဟေလီဟာ ကိုယ်ဝန်ဆောင်သည်တွေကိုသတ်ဖြတ်ပြီးဗိုက်ထဲကသန္ဓေသားလောင်းကိုလုယူတတ်တဲ့ သားအိမ်အကြမ်းဖက်သမားတယောက်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။ မိခင်စိတ်ဟာ လူတွေကို ဘယ်လိုအရာတွေအထိတွန်းပိုပေးနိုင်သလဲ ဆိုတာထိမိအောင်ရိုက်ကူးထားတာကိုဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီစိတ္တဇ အကြမ်းဖက်သမားက ဘယ်သူလဲ.....ဘာကြောင့်ဒီလိုလုပ်နေရတာလဲ.....ဟေလီတယောက်ရော သူ့ကလေးလေးနဲ့အတူ လွတ်မြောက်သွားနိုင်မလား ဆိုတာကို တူတူစောင့်ကြည့်လိုက်ကြရအောင်...။   File size… (1.41GB) / (829MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki
movie

Womb (2025)

Almost Love ( 2022 ) 6
Almost Love ( 2022 ) အသက်(၁၈)နှစ်အရွယ် ချစ်ရဲကြိုက်ရဲ လုပ်ရဲ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက် - ယွီကျောင်းရန် အတန်းဖော်သူငယ်ချင်းတွေက ကျောင်းရန်ကို“အမှိုက်ပုံး”လို့ နာမည်ပြောင်ပေးပြီး ရှောင်ဖယ်ထားကြတဲ့အချိန် သူ့ဘဝကိုအလင်းဓာတ်ပေးခဲ့တဲ့ “ကျိုးချန့်”နဲ့တွေ့ခဲ့တယ်ပန်းချီဆွဲရတာကြိုက်တဲ့ ကျိုးချန့်ကမိဘရဲ့ဖိအားပေးမှုအောက်မှ ဆက်မဆွဲခဲ့ပေမဲ့ ကျောင်းရန်ရဲ့အားပေးမှုကြောင့် ပ န်းချီဆွဲတဲ့လမ်းကြောင်းပေါ် တစ်ဖန်ပြန်လျှောက်ခဲ့တယ် ကျောင်းသားဘဝကနေ လူ့အဖွဲ့အစည်းထဲဝင်တဲ့အချိန်ထိ အတူတူလက်တွဲခဲ့ပြီး အနာဂတ်အတွက် အဆက်မပြတ်ကြိုးစားနေကြတယ် အတူတူကြိုးစားနေစဉ်မှာ ကျောင်းရန်ရဲ့တစ်ခုတည်းသော အိမ်မက်လေးကတော့ တစ်ရက်မှာကျိုးချန့်နဲ့လက်ထပ်ဖို့ပဲနောက်ဆုံးမှာတော့ ကျိုးချန့်မင်္ဂလာဆောင်ပွဲမှာ ကျောင်းရန်ထွက်ပေါ်လာခဲ့တယ် ကျောင်းရန်ကသတို့သမီးအနေနဲ့ပေါ်လာတာလား? တစ်ခြားအနေအထားနဲ့ပေါ်လာခဲ့တာလား? ကျောင်းသားဘဝကတည်းကလက်တွဲခဲ့ပြီး အိမ်ထောင်ရေးအဆင့်ကိုတက်သွားမဲ့Happy Endingဖြစ်မလား?လူ့အဖွဲ့အစည်းမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေ အမြင်တွေမတူတော့လို့ ကိုယ့်လမ်းကိုယ်စီသွားကြမဲ့ Sad Endingဖြစ်မလားဆိုတာကို အလှည့်အပြောင်းမျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 1.45 GB / 831 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Almost Love ( 2022 )

Strange Talk About Heishiling ( 2022 ) 5.9
Strange Talk About Heishiling ( 2022 ) အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲအဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ်မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာကရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ် အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် Filesize : 1.27 GB / 611 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller, Mystery Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Strange Talk About Heishiling ( 2022 )

Heroes Return ( 2021 ) 5.6
Heroes Return ( 2021 ) ဇာတ်ကြောင်းလေးကတော့ ပီအီးလုပ်ငန်းစုဟာ R hemagglutinin ဆိုတဲ့ သွေးရည်ကြည်ဆေးကို ထုတ်လုပ်ဖို့စမ်းသပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီဆေးဟာ လူရဲ့ရိုးတွင်းချဉ်ဆီထဲက သွေးကိုသုံးပြီး စမ်းသပ်ရတဲ့အတွက်ကြောင့် ဆေးထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်အဲ့ဒီလိုရပ်စဲတာကိုမကျေနပ်နိုင်တဲ့ ဝိသမလောဘသားတစ်စုဟာ လျှို့ဝှက်ပြီး R hemagglutinin ကိုဆက်လက်စမ်းသပ်ဖို့ကြံပါတော့တယ် R hemagglutinin စမ်းသပ်ဖို့အတွက်ဓားစာခံလူတွေများစွာကို ဖမ်းဆီးစမ်းသပ်နေတာကို ရဲ့ရင့်ပြီးတာဝန်ယူစိတ်အပြည့်ရှိတဲ့ စစ်သားဟောင်း ဝူဝေသိသွားချိန်မှာတော့... ဝူဝေတစ်ယောက် မိတ်ဆွေတွေနဲ့ ပူးပေါင်းကာ ဘယ်လိုမျိုးစွန့်စားကယ်တင်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : 2.04 GB / 976 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yamin Ei Encoded by LK
movie

Heroes Return ( 2021 )

The Infernal Walker ( 2020 ) 5.3
The Infernal Walker ( 2020 ) ဒီဇာတ်ကားလေးက တော့ဘိန်းဖြန့်ချီရေးအဖွဲ့စည်းတွေနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ သူလျှိုတွေနဲ့ အရောင်းအဝယ်လမ်းကြောင်းကို သတင်းပေးပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့...ဒီကားရဲ့ ထူးခြားချက်ကတော့ အပြန်အလှန် သူလျှိုတွေရှိနေတာပါပဲ... ဖူဟဲလုပ်ငန်းနဲ့ တုန်းလီလုပ်ငန်းစုတို့ ဘိန်းဈေးကွက်ကို ကြိုးကိုင်နေတဲ့ အင်အားကြီးလုပ်ငန်း ၂ ခုပေါ့ ဒီ ၂ ဖွဲ့ကို ဖမ်းဖို့ကြိုးစားနေတဲ့ ဟောင်ကောင်ရဲအဖွဲ့က ဖူဟဲလုပ်ငန်းစုမှာ သူလျှိုထားထားပြီး လမ်းကြောင်းတွေ စုံစမ်းနေခဲ့တယ်... ဒါက TVB ရဲကားတိုင်းနီးပါးမှာ ပါနေကြအကွက်ပေါ့... ဒါပေမယ့် တုန်းလီလုပ်ငန်းစုက စုန့်လူကြီးမင်း မွေးထားတဲ့ သူလျှို ကစားသွားတဲ့အကွက်လေးတွေကတော့ အ တော်လေးလန်းတယ်လို့ပြောရပါမယ် ဘာတွေဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး Filesize : 1.65 GB / 861 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Crime, Drama, Mystery Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

The Infernal Walker ( 2020 )

Nobody(2021) 7.3
Nobody(2021) Nobody(2021) အညွှန်း*******************IMDb...7.6 ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့်Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်းနင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 6.36GB / 1.7 GB / 856MB Quality : WEB-DL 4k HEVC , 1080p ,  720p Format…mkv / mp4 Duration…01:32:00 Genre ...
movie

Nobody(2021)

4K HEVC
Bhavani Ward 1997 (2025) 6.8
Bhavani Ward 1997 (2025) Bhavani Ward 1997 (2025) "ဘာဝါနီအဆောင်"အချစ်ဇာတ်လမ်းနဲ့ ဟော်ရာရုပ်ရှင်ကို ပေါင်းစပ်ထားတဲ့ တေလဂူးဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်၁၉၉၇ မှာ ဆရာဝန်မလေးတစ်ယောက် နယ်ဆေးရုံတစ်ရုံကိုပြောင်းလာပြီး တာဝန်ကျတဲ့ ပထမဆုံးညမှာပဲ နာမည်ကြီး ဘာဝါနီအဆောင်မှာ ထိတ်လန့်ဖွယ်အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတယ်ပစ္စုပ္ပန်ကာလမှာလည်း ဂီတသမား အဂျေးနဲ့ စာရေးဆရာမ ဒီယာတိုရဲ့ အချစ်ဇာတ်လမ်းကို အတိတ်မှာရှိခဲ့တဲ့ မကောင်းဆိုးဝါးဝိညာဉ်က ဝင်နှောင့်ယှက်ဖိုအကြောင်းဖန်လာတော့ ချစ်သူကို ကယ်တင်ဖို အဂျေးတစ်ယောက် လမ်းစဘယ်လိုရှာမှာလဲ ဘယ်လောက်ထိစွန့်စားသွားမှာလဲ ဆိုတာကတော့ ။ ။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.24 GB / 714 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhavani Ward 1997 (2025)

In the Heat of the Night (1967)
In the Heat of the Night (1967)  တစ်ခုသော အာရုံတက်ချိန် ဘူတာရုံမှာ ရထားစောင့်နေတဲ့ ဗာဂျယ်ဟာ ရဲတစ်‌ယောက်ရဲ့ဖမ်းတာ ခံလိုက်ရတယ်။ ဗာဂျယ်ဟာ လူမည်းပါ။ Mississippi လိုပြည်နယ်မျိုးမှာ လူမည်းတွေကိုကျွန်ပြုနေကြတုန်း တန်းတူအခွင့်ရေးတွေရသွားမှာ စိုးရိမ်နေကြတဲ့အချိန် ဗာဂျယ်ဟာ လူသတ်မှုနဲ့ ဖမ်းခေါ်သွားခံခဲ့ရတယ်။ရဲစခန်းရောက်တော့ ဗာဂျယ်ဟာ ရဲတစ်ယောက်ဖြစ်နေရုံမက လူသတ်မှုဖော်ထုတ်ရာမှာ ကျွမ်းကျင်သူ ဖြစ်ကြောင်းပါသိလိုက်ရပြီး သူသတ်ခဲ့ပါတဲ့စွပ်စွဲခံရတဲ့သူရဲ့အမှုကို ကိုယ်တိုင်စစ်ဆေးဖို့ဖြစ်လာတယ်။ လူမည်းဖြစ်နေတာကြောင့် စော်ကားခံရမှုတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေကြားထဲက ၂ ရက်တာအချိန်တိုလေးအတွင်းမှာ အမှုကိုဖော်ထုတ်သွားမယ့် Triller/Mystery ကားကောင်းတစ်ကားပါ။ File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre... Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

In the Heat of the Night (1967)

A Strange House (2024) 5.5
A Strange House (2024) The Floor Plan - A Strange House (2024)IMDb - 5.5Mysteryကြိုက်နှစ်သက်သူတွေအတွက် Uketsuရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုတစ်ပုဒ်ကို Junichi Ishikawaက ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၄ထွက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်ကြောင်းနဲ့ တင်ဆက်ပုံကြောင့် box office မှာ 30 millionsကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ~~~~~~~~~~~အမဲမိရ လို့ခေါ်တဲ့ လူသိနည်းတဲ့ YouTuber တစ်ယောက်က သူ့ရဲ့အလုပ်အတွက် contentရှာရင်းနဲ့ ထူးဆန်းတဲ့အခန်းဖွဲ့ပုံရှိတဲ့ အိမ်တစ်အိမ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအိမ်ရဲ့ အခန်းတွေက ပုံမှန်မဟုတ်တဲ့ နေရာအစီအစဉ်တွေရှိနေပြီး ဘာရည်ရွယ်ချက်နဲ့ ထည့်ဆောက်ထားမှန်းမသိတဲ့ အခန်းလွတ်တစ်ခန်းလည်း ပါနေခဲ့ပါတယ်။အဲဒီအခန်းငယ်ဟာ ပြတင်းပေါက်လည်း မရှိဘဲ အိမ်သာနဲ့လည်းတွဲထားသလို အလွယ်တကူရှာမတွေ့နိုင်လောက်အောင် လှည့်ကွက်များနဲ့ ရှိနေခဲ့တာပါ။အမဲမိရက ဒီအိမ်အကြောင်း တွေ့ပြီးတဲ့နောက်မှာတော့ သူ့အသိ ဗိသုကာပညာရှင်နဲ့အတူ ဒီအိမ်ရဲ့ လျှို့ဝှက်ချက်အကြောင်း Videoတစ်ပုဒ်ဖန်တီးဖို့ ဖြစ်လာပါတယ်။ အစကတော့ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ စီစဉ်ထားတဲ့အိမ်လို့ ထင်ကြေးပေးခဲ့ပေမဲ့ ...
movie

A Strange House (2024)

Tears Of No Regret ( 2020 ) 5.5
Tears Of No Regret ( 2020 ) Tears of No Regrets ဆိုတဲ့ တရုတ်ကားလေးကို တင်ပေးလိုက်ပါတယ် ဒီကားလေးက စွန်းဝူခုန်းကားတွေထဲမှာ low budget နဲ့ ရိုက်ထားတဲ့ ဇာတ်ကားကောင်းတလေးတစ်ခုပါ။ ဒီကားလေးကတော့ မူရင်းအနောက်အရပ်ခရီးနဲ့ မတူဘဲ ဝူခုန်းရဲ့ အချစ်ဇာတ်လမ်းကို ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတာပါ။ ဒီကားလေးမှာတော့ အနောက်ခရီးကအပြန် ဝူခုန်းနဲ့ သူ့ဆရာလမ်းခွဲပြီးနောက် ဝူခုန်းတစ်ယောက်မိစ္ဆာစိတ်ဖုံးပြီး သူ့ဆရာသူပြန်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ဒီမိစ္ဆာစိတ်က ဘယ်သူကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာရာကနေ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကိုပြန်သွားရာကနေ ဇာတ်လမ်းပုံဖော်ခဲ့တာပါ။ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာထက်ကို ပိုတယ်။ တကယ့်ကို low budget နဲ့ လုပ်ထားတယ်ဆိုတာကို မယုံနိုင်လောက်အောင် ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးပါ။ Filesize : 1.17 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Fantasy, Comedy Runtime : 1h ...
movie

Tears Of No Regret ( 2020 )

My Robot Girlfriend (2020) 6.1
My Robot Girlfriend (2020) စက်ရုပ်မလေးကို ချစ်မိသွားတဲ့ ကောင်လေးအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်လမ်းလေးကတော့ ဂျပန်ကားတစ်ကားရှိပြီးသားမို့ကြည့်ဖူးတဲ့လူတွေ သိမယ်ထင်ပါတယ်။ version ပြောင်းသလို တချို့အခန်းလေးတွေပြောင်းကောင်းပြောင်းသွားနိုင်ပေမယ့် လူသားကောင်လေးတစ်ယောက်က ခံစားချက်မဲ့တဲ့ ကောင်မလေးကို ခံစားချက်တွေ မွေးဖွားလာစေပြီး ချစ်တတ်လာအောင် သင်ပေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ မပြောင်းလဲဘဲ တူနေဆဲမို့ ဇာတ်လမ်းလေးကြည့်ပြီး အားလုံးလည်း အချစ်တစ်ခု ခံစားမိမယ်မျှော်လင့်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကောင်လေးဟာ မတော်တဆကြောင့် တစ်သက်လုံး မသေရုံတမယ် ဒုက္ခိတဘဝနဲ့ နေသွားရတဲ့အတွက် အနာဂတ်ကနေ သူတီထွင်ထားတဲ့စက်ရုပ်ကောင်မလေးကို စေလွှတ်ပြီး အတိတ်က အက်စီးဒင့်ကို တားစေခဲ့ပါတယ်။ ဒါပေမယ့် အတိတ်က ကောင်လေးက သူမနှစ်က မထင်မှတ်တဲ့ပုံစံနဲ့ မြင်ထားတဲ့ကောင်မလေးနဲ့ တူနေတဲ့ စက်ရုပ်မလေးကို စက်ရုပ်ဆိုတာ ယုံကြည်ဖို့ခက်ခဲသလို ရင်မခုန်ဖို့လည်း မလွယ်ကူခဲ့ပါဘူး။ စက်ရုပ်နဲ့လူကြားက အချစ်ဇာတ်လမ်းလေးရယ် အနာဂတ်က စက်ရုပ်မလေးကို အတိတ်ကသူ ဘာလို့ကြိုမြင်ဖူးခဲ့တယ်ဆိုတာရယ်ကတော့ ဇာတ်လမ်းလေးကြည့်မှ သိနိုင်ခံစားနိုင်မှာမို့ ဒေါင်းကြည့်လိုက်တော့နော် Filesize : 1.77 GB / 969 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : ...
movie

My Robot Girlfriend (2020)

Break Through (2021) 7.0
Break Through (2021) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်တွေကို လောလောလတ်လတ်ကမှ ထွက်ထားတဲ့ တရုတ်အက်ရှင် ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒီဇာတ်လမ်းလေးမှာ...သရုံကတော့ သာရော့ကြေးစားဘော်ဒီဂတ် အဖွဲ့ခေါင်းဆောင် စနိုက်ပါသမားတစ်ယောက်ပါ သူတို့အဖွဲ့ဟာ ဆေးကုန်ကူးအာဏာရှိသူ လူကြီးမင်းကဲလာကို နှောင့်ယှက်မိသွားကာ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ပျက်သွားခဲ့ရပါတယ်နောက်ရှစ်နှစ်ကြာပြီးချိန်မှာတော့ သရုံက ထိုင်းနိုင်ငံမှာ ချီချီဆိုတဲ့ သမီးလေးနဲ့ သားအဖနှစ်ယောက်တည်း အေးဆေးစွာနေထိုင်နေခဲ့ပါတယ် ဒါပေမဲ့လည်း သမီးဖြစ်သူ ချီချီက လူကြီးမင်းကဲလာရဲ့ ဆေးကုန်ကူးမှုမှာ အမှတ်မထင် ပတ်သတ်မိသွားပြီး ဆေးကုန်ကူးသူတွေလက်ထဲ အဖမ်းခံလိုက်ရတဲ့နောက်... သရုံဟာ ချစ်လှစွာသော သမီးလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ ကဲလာလက်ထဲက ကယ်တင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ ။ Filesize : 1.48 GB / 841 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Break Through (2021)

Get the Hell Out ( 2020 ) 5.8
Get the Hell Out ( 2020 ) ဒီကားလေးကတော့ ခွေးရူးပြန်ရောဂါမျိုးစိတ်ဖြစ်တဲ့ ဇွန်ဘီဗိုင်းရပ်စ်တွေ ပါလီမန်ထဲမှာ ပျံနှံ့သွားတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ အစပိုင်းမှာ ပေါတယ်လို့ထင်ရပေမဲ့ တဖြည်းဖြည်း ဇာတ်ရှိန်တတ်လာပြီး တကယ်ကိုကြည့်ကောင်းတဲ့ ဟာသ သဲထိတ်ရင်ဖိုကားလေးပါနော်ဟဆွမ်ရင်းရင်းဟာ သူတို့ကမ်းခြေလေးပေါ်မှာ ခွေးရူးပြန်ရောဂါ အရင်းအမြစ်ဖြစ်တဲ့ ဓာတုစက်ရုံဆောက်မှာကို တားဆီးဖို့အတွက် ပါလီမန်မှာ ရွေးကောက်ခံပြီး ပါလီမန်အဖွဲ့ဝင်ဖြစ်လာတာပါ ဒေါသမထိန်းနိုင်တဲ့ ဟဆွမ်ရင်းရင်းက စက်ရုံကိစ္စနဲ့ပတ်သတ်လို့ သတင်းထောက်တွေနဲ့ရန်ဖြစ်ပြီး ပါလီမန်ကနေ နှုတ်ထွက်လိုက်ရပါတယ်ဝမ်ယုံဝေကတော့ ပါလီမန်ရဲ့ လုံခြုံရေးအစောင့်ဖြစ်ပြီး ဟဆွမ်ရင်းရင်း ရန်ဖြစ်တာကို ဝင်ဆွဲခဲ့ပြီး တစ်နိုင်ငံလုံးမှာ heroအဖြစ် နာမည်ကြီးသွားတဲ့သူပါ ဟဆွမ်ရင်းရင်းက စက်ရုံဆောက်တာကို တားဖို့အတွက် ဝမ်ယုံဝေကို ရွေးကောက်ပွဲမှာ ပါလီမန်အဖွဲ့ဝင် ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ် အဲ့ဒီနောက် ပါလီမန်မှာ သမ္မတနဲ့အတူ အစည်းအဝေးလုပ်ကြတဲ့အချိန်မှာ ခွေးရူးပြန်ရောဂါမျိုးစိတ်သစ် ကူးစက်ခံလာရတဲ့သမ္မတက လူတွေကို ကိုက်ပြီး ပါလီမန်မှာ ရောဂါပိုးတွေပျံ့နှံသွားပြီး ... အဆောက်အဦးကြီးကိုလည်း ရောဂါပိုးပျံ့နှံမှာစိုးလို့ ချိတ်ပိတ်လိုက်တဲ့အခါ အထဲက ပါလီမန်အဖွဲ့ဝင်တွေနဲ့ ဇွန်ဘီတွေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ.... ဆိုတာကို ကြည့်ရှုကြရမှာပါနော် Filesize : 2.85 GB / 1.35 GB Quality : WEB-DL 1080p HEVC , 720p HEVC Format ...
movie

Get the Hell Out ( 2020 )

The Mighty Macs (2009) 6.6
The Mighty Macs (2009) The Mighty Macs (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~The Mighty Macs(2009) ကတော့ Spy Kidမင်းသမီး Carla Gugino နဲ့ Oscarဆုရှင် Ellen Burstyn မှသရုပ်ဆောင်ထားတဲ့ ​ဖြစ်ရပ်မှန် sport drama လေး​ဖြစ်ပါတယ်။ ကေသီရက်က အားကစားသမားဘဝကနေအနားယူပြီး NBAဒိုင် ယောကျာ်းဖြစ်သူကိုပဲ အားပေးနေရပါတယ်။ သူမက တနေ့မှာတော့ ကတ်သလစ်ကျောင်းလေးက အမျိုးသမီးဘတ်စကတ်ဘောအသင်းအတွက် နည်းပြနေရာလျှောက်လိုက်ပြီး အင်တာဗျူးအခေါ်ခံရရာကနေ ဇာတ်လမ်းလေးကစပါတယ်။ အသင်းသား​တွေဟာ ပစ္စည်းကိရိယာတောင်စုံစုံလင်လင်မရှိတဲ့အခြေအနေထဲမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရပြီး တခုထဲသောပိုင်ဆိုင်မှုဖြစ်တဲ့ မျှော်လင့်ချက်ပျောက်ဆုံးခါနီး အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာ Sister Sunday ဆိုတဲ့ စစ်စတာက လက်ထောက်အဖြစ်လုပ်ပြီး ကူညီပေးဖိုသဘောတူလိုက်ပါတယ်။ ဒီ့အပြင်မှ စီးပွားရေးယိုင်နဲ့ပြီး ကျောင်းကို သမိုင်းဝင်အမွေအနှစ်အဖြစ် ရောင်းရတော့မယ့်အခြေအနေမှာ ဘယ်လိုရင်ဆိုင်သွားမလဲ။ ကတ်သီရက်ရဲ့ တင်းကြပ်တဲ့ နည်းပြမှုအောက်မှာရော အသင်းသားတွေ တောင့်ခံနိုင်ပါ့မလား။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အမြင်ကျဥ်းသေးတဲ့ ...
movie

The Mighty Macs (2009)

The Greatest (2009) 6.6
The Greatest (2009) The Greatest (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ကျွန်တော်တို ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုးရတဲ့အခါမှာ ပထမဆုံးအခြေအနေကိုလက်မခံနိုင်တာမျိုး လက်ခံဖိုခက်တာမျိုးဖြစ်မယ်။ “တကယ်ကြီး သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူးလား” ဆိုတာမျိုးပေါ့။ နောက်တော့ “ဘာလိုငါ့ကျမှဖြစ်ရတာလဲ”ဆိုပြီး ဒေါသတွေထွက်မယ် ပေါက်ကွယ်မယ်။ အဲ့စိတ်နဲ့ပဲ Depression တွေဝင်လာမယ်။ တဖြည်းဖြည်းနဲ့ ကုစားရမယ်။ ဒဏ်ရာကနက်လေ ကုဖိုအချိန်ယူရလေပေါ့။ နောက်ဆုံးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံနိုင်လာတယ်။ “ဪ ငါတော့ သူ့ကိုတကယ်ကိုဆုံးရှုးလိုက်ရပြီ” ဆိုတာမျိုးကို လုံးဝလက်ခံသွားနိုင်တယ်။ အဲ့လိုလက်ခံနိုင်ပြီဆိုမှလည်း ဆက်ပြီးလုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နိုင်မှာပါ။ ဒီလိုလက်ခံလိုက်တာဟာ Move on နိုင်ဖိုအတွက်ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားမှာတော့ ဆုံးရှုးမှုကြောင့် ခွဲခွါခြင်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ ပူဆွေးသောကဟာဘယ်လောက်တောင် အန္တရာယ်များတယ်… ဘယ်လိုဖြတ်ကျော်ရမယ်… ဆိုတာမျိုးတွေကို သူပြောချင်တဲ့ဘက်ကနေ ကောင်းကောင်းကြီးကိုချပြထားနိုင်ပါတယ်။ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို မစွန့်လွှတ်နိုင်ဘဲ ရှေ့ဆက်ဖိုခက်နေတဲ့သူတွေဆို ဒီကားကိုကြည့်ပြီး တစ်စုံတစ်ခုရသွားမယ်ဆိုတာ သေချာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက်ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက်လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ...
movie

The Greatest (2009)

Cool Gel Attacks (2010) 5.6
Cool Gel Attacks (2010) Cool Gel Attacks (2010)IMDb - 5.6Channel Myanmar ပရိသတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရှုရမဲ့ ထိုင်းရုပ်ရှင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ပေါက်စီလုပ်ရောင်းတဲ့ ထီရာချိုင်နဲ့ ရေခဲစက်ရုံပိုင်တဲ့ မဲတို့ဟာ အိမ်နီးချင်းတွေဖြစ်ကြပြီး ကျန်တဲ့မိသားစုဝင်တွေက အချင်းချင်း တည့်ကြပေမဲ့ သူတို့နှစ်ယောက်ကတော့ မျက်လုံးချင်းဆုံလိုက်တိုင်း ရန်ဖြစ်နေတတ်ကြတဲ့ လူနှစ်ယောက်ပါ။တစ်နေ့မှာတော့ ဘန်ကောက်မှာ ထူးဆန်းတဲ့ဂျယ်လီပိုးကောင်လို အရာတွေ ပေါ်လာပြီးနောက် မြို့သူမြို့သားတွေဟာ ဒါတွေကို ဂြိုဟ်သားတွေလို့ယူဆကြပြီး အတိတ်ကောက်ခါ ထီထိုးကြ ကိုးကွယ်ကြနဲ့ ပျားပန်းခပ်နေကြပါတယ်။ဒီထဲမှာ မတည့်အတူနေနှစ်ယောက်ဖြစ်တဲ့ ထီရာချိုင်နဲ့ မဲလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒါဟာ ဂြိုဟ်သားမဟုတ်ဘဲ ရေစိမ်ထားတဲ့ အပူကျကပ်ခွာဖြစ်ကြောင်း အတည်ပြုပြီးနောက် ဒီကိစ္စဟာ ဒီမှာတင် ပြီးပြတ်သွားပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အပူကျကပ်ခွာလို့ ထင်ထားခဲ့တဲ့ အဲဒီပိုးကောင်က ထီရာချိုင်တို့အိမ်မှာ လူတစ်ယောက်ကို သတ်လိုက်တဲ့အခါမှာတော့ ပိုးကောင်ဆီကနေ လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ ထီရာချိုင်နဲ့ မဲတို့ ပြန်တည့်သွားမလား.. ပိုးကောင်တွေကိုရော ရှင်းထုတ်နိုင်မလားဆိုတာကို  Channel Myanmar ...
movie

Cool Gel Attacks (2010)

Bookie (2023) 7.143
Bookie (2023) Bookie (Season 1) Genre – Comedy IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ...
7.143
TMDb: 7.143/10 7 votes
tv

Bookie (2023)

2023
The Sex Lives of College Girls Season 3 7.2
The Sex Lives of College Girls Season 3 The Sex Lives of College Girls [Season 3]Rating ကောင်းကောင်းနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ ပရမ်းပတာတွေ ဂယက်တွေကို တဝကြီး ပေးစွမ်းမဲ့ စီးရီးက စီစန် 3 ထပ်မံထွက်ရှိလာပါပြီဒီစီစန်မှာတော့ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ သူငယ်ချင်းမ လေးယောက်ဟာ ဒုတိယနှစ်ကျောင်းသူကြီးတွေ ဖြစ်သွားပါပြီ။ ရှေ့စီစန်မှာ ဘဲကိစ္စအရှုပ်အပွေတွေကြောင့် အုပ်စုကွဲမလိုကလည်း ဖြစ်နေသေးတာပါ။ကိုယ်စီပြဿနာတွေနဲ့ သူတို့လေးယောက် ဒီစီစန်မှာရော ဘယ်လိုတွေ ဂယက်ရိုက်ကြဦးမလဲဆိုတာ တစ်ပတ်ကိုတစ်ပိုင်း စောင့်ကြည့်ပေးသွားပါဦး။ File Size – 900 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –37 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Jae JaeEncoder – YK   Episode 1 - Yoteshin ...
7.2
TMDb: 7.2/10 307 votes
tv

The Sex Lives of College Girls Season 3

2021
Maestro in Blue (2022) 6.4
Maestro in Blue (2022) ဒီတစ်ခါ cm ပရိသတ်ကြီးကို ဂရိဘာသာစကားပြောမီနီစီးရီးတစ်ခုဖြစ်တဲ့ Maestro in Blue ဆိုတဲ့ Drama,Crime and Mystery စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။IMDB မှာ Rating 8.2 အထိ ရထားတဲ့ ဒီဇာတ်ကားလေးကလက်ရှိအချိန်မှာ season 1,2 အပိုင်း စုစုပေါင်း ၁၅ပိုင်းအထိထွက်ရှိထားပြီး ဖြစ်ပါတယ်။ဒီစီးရီးရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး၊ သရုပ်ဆောင်သုံးခုလုံးကို နာမည်ကြီး ဂရိမင်းသားချော ChristopherPapakaliatis က ပါဝင်ထားပြီး ဇာတ်အိမ်ကို ကိုဗစ်ပြီးခါစအချိန်ကို တည်ပြီး ရိုက်ကူးထားပါတယ်။ နောက်ပြီးထူးခြားချက်က ဂရိနိုင်ငံရဲ့ သာယာလှပလွန်းတဲ့ ကျွန်းစုတွေ၊ကြည်လင်ရှင်းသန့်နေတဲ့ ပင်လယ်ရေပြာပြာ၊အေသင်မြို့ရဲ့ နာမည်ကြီး အထင်ကရနေရာတွေကိုရိုက်ချက်ကောင်းကောင်းနဲ့ တင်ဆက်ပြသထားနိုင်တာပါ။ ဇာတ်လမ်းအကျဉ်း ***************အော်ရဲစတစ်လို့ အမည်ရတဲ့ ဂီတမှူး တစ်ယောက်ကတစ်နေ့မှာ ကျွန်းစုငယ်လေး တစ်ခုရဲ့ ဂီတပွဲတော်ကိုစီစဉ်အကောင်အထည်ဖော်ဖို့ ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့ပါတယ်။ လမ်းညွှန်မေးရင်းနဲ့ ကလဲလျာလို့ခေါ်တဲ့ငယ်ရွယ်ချောမောတဲ့ ကောင်မလေးနဲ့ သူစပြီး ဆုံခဲ့မိပါတယ်။ကျွန်းပေါ်က မြို့ငယ်လေးကို ရောက်ပြီးတဲ့အခါ ...
6.4
TMDb: 6.4/10 26 votes
tv

Maestro in Blue (2022)

2022
Comedy Revenge (2024) [Complete] 8
Comedy Revenge (2024) [Complete] Comedy Revenge (2024)*************************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှူနိုင်ဖို့အတွက် Netflix ကနေရိုက်ကူးထားပြီး တောင်ကိုရီးယားရဲ့ ဝါရင့်ထိပ်တန်းလူရွှင်တော်ကြီး  Lee Kyung-kyuဦးဆောင်ပါဝင်ထားတဲ့ Comedy Revenge ဆိုတဲ့ ဟာသစွမ်းရည်ပြိုင်ပွဲ reality show တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဒီဟာသစွမ်းရည်ပြိုင်ပွဲမှာဆိုရင်တော့ ဟာသပညာမှာပါရမီရှိတဲ့ လူရွှင်တော် ၁၈ ယောက်တို့ကပရိတ်သတ်ကြီးတွေ ရယ်မောအောင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကြိတ်အနယ် ပြတ်လုံးထုတ်ပြီးယှဉ်ပြိုင်ကြပုံတွေကို ကြည့်ရှုရမှာပါ။နောက်ဆုံးမှာတော့ အဲဒီလိုအရည်အချင်းရှိတဲ့ လူရွှင်တော် ၁၈ ယောက်ထဲက ဘယ်သူတွေရဲ့အဖွဲ့က ဆရာကြီး Lee Kyung-kyu ကို ရယ်မောအောင်လုပ်နိုင်ပြီး Comedy Revenge Show ရဲ့အနိုင်ရရှိသူဖြစ်လာမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ဒီဟာသစွမ်းရည်ပြိုင်ပွဲလေးမှာကြည့်ရှုလိုက်ကြပါလို့ ညွှန်းဆိုလိုက်ပါရစေနော်။ (အညွှန်းကိုတော့ Wut Yi မှ ရေးသားထားပါတယ်။) Aired: Oct 15, 2024 Aired On: Tuesday Genres: Comedy, ...
8
TMDb: 8/10 2 votes
tv

Comedy Revenge (2024) [Complete]

2024
My Girlfriend’s Child (2024) [Complete] 5.5
My Girlfriend’s Child (2024) [Complete] My Girlfriend's Child (2024)*****************************အပိုင်း (၁ မှ ၁၂) စ/ဆုံးဆယ်ကျော်သက်တဲ့ .. ၊ သိပ်ကို စိတ်ကူးယဉ်လို့ကောင်းပြီး အရာရာကိုနားလည်စပြုလာတဲ့ ဘဝရဲ့ သိပ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု .. ရည်မှန်းချက်ကိုယ်စီ မျှော်လင့်ချက်ကိုယ်စီနဲ့ ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေတဲ့ အချိန်ကာလလေး...ပြောရမယ်ဆိုရင် တာဝန်ဆိုတာ ကျောင်းစာနဲ့ စာမေးပွဲလောက်သာ စိတ်ထဲရှိတဲ့ ကျောင်းနေ အရွယ်လေးတွေပေါ့လေ .. တာ့ကာရနဲ့ဆချီတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက် .. ၊ တာ့ကာရက ကျောင်းတွင်းမှာ ထူးချွန်တဲ့အားကစားသမားဖြစ်ပြီး တောက်ပတဲ့အနာဂတ်တစ်ခုကို မျှော်မှန်းနေတဲ့ကျောင်းသားလေးဖြစ်ပြီးတော့ ဆချီကတော့ ချစ်ရသူကို အရာရာပုံအပ်ထားတဲ့ သာမန် ပျော်ရွှင်တဲ့ကျောင်းသူလေးပေါ့လေ။ဒါပေမဲ့ ဆယ်ကျော်သက်စုံတွဲတွေရဲ့ မဟာအိပ်မက်ဆိုးကြီးတစ်ခု ဒီစုံတွဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါကတော့ ဆချီနဲ့တာ့ကရတို့ အတူနေချိန်မှာ ကွန်ဒုံးပေါက်သွားပြီး ဆချီတစ်ယောက် ကိုယ်ဝန်ရလာတာပါပဲ။အသက်မပြည့်သေးတဲ့ချစ်သူတွေကြား ကိုယ်ဝန်ရလာတဲ့အခါမှာ တစ်ခုတည်းသောရွေးစရာက ကိုယ်ဝန်ဖျက်ချတာပဲလို့ လူတိုင်းထင်ကြပေမဲ့ ဆချီနဲ့ တာ့ကာရကတော့ ရဲတင်းစွာနဲ့ပဲ ဒီကလေးလေးရဲ့ မိဘတွေဖြစ်ဖို့ ရွေးချယ်လိုက်ချိန်မှာတော့....စိတ်ကစားတတ်တဲ့အရွယ်ရယ်လို့ ရောက်လာပြီဆိုရင် ချစ်သူရည်းစားကိစ္စ ချစ်တင်းနှောတာတွေ ကိုယ်ဝန်တွေ အစရှိသဖြင့် ...
5.5
TMDb: 5.5/10 128 votes
tv

My Girlfriend’s Child (2024) [Complete]

2024
Karate Girls (2024)
Karate Girls (2024) Karate Girls (2024) ကရာတေးအဖွဲ့သားများ Imdb 6.6/10ကရာတေးတိုက်ကွက်ဆန်းတွေကို သည်းထိပ်ရင်ဖိုကြည့်ရှုရမဲ့ ကရာတေးပြိုင်ပွဲကြီး ဒီပြိုင်ပွဲမှာအနိုင်ရတဲ့လူက ဂျပန်နိုင်ငံ‌ကို အခမဲ့ပညာသင်ခွင့်ရမှာဖြစ်တဲ့အတွက် နိုင်ငံထဲမှာရှိတဲ့ နာမည်ကြီးပေ့ဆိုတဲ့ သင်တန်းကြီးတွေပါ ဝင်ပြိုင်မဲ့ပွဲ..မတူတဲ့နေထိုင်မှုဘဝတွေနဲ့ အဘာနဲ့ ကိုမယ်.. ကိုမယ်ကတော့ ယောကျာ်းလေးတွေနဲ့ပါ အပြိုင်ရန်ဖြစ်တတ်ပြီးဘဝမှာ သူရှုံးတယ်ဆိုတာမရှိခဲ့တဲ့ ဆတ်ဆတ်ကြဲမိန်းကလေး အဘာကတော့ ကရာတေးဆရာရဲ့သမီးဖြစ်ပေမဲ့ သူစိတ်ဝင်စားတာကတော့ ဟစ်ဟော့အကပါ နောက်ကွယ်မှာတော့အဖေမသိအောင် ဗီဒီယိုခိုးရိုက် ခိုးတင်ပြီး အဖေ့ရှေ့မှာတော့ကရာတေးကိုစိတ်ဝင်စားသလိုနေထိုင်နေသူပေါ့ဂျပန်သွားချင်နေတဲ့ကိုမယ်နဲ့ အဖေ့ဆန္ဒအတိုင်း အဘာတို့ ဒီပြိုင်ပွဲကြီးကိုဝင်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ ဇာတ်လမ်းကတော့ ဒီလောက်မရိုးရှင်းဘူးပေါ့ နောက်ပိုင်းတွေမှာ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်သွားရမယ် သူတို့ဘာတွေကြုံတွေ့လာရမယ်ဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )File Size – 600 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes:5EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Yunni Encoder – YK  Episode 1 - Yoteshin ...

Karate Girls (2024)

2024
Waves of Life (2017) 7.6
Waves of Life (2017) Waves Of Life (2017) / ဘဝလှိုင်းတံပိုး (၂၀၁၇) *****************************************စ/ဆုံး2017ရဲ့ best masterpiece လို့ပဲပြောပြော P'Markနဲ့ P'Yayaတို့ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခုလို့ပဲပြောပြောပရိသတ်တိုင်းရဲ့ရင်ထဲမှာ အမှတ်တရတွေ ကျန်နေရစ်ခဲ့တဲ့ Waves of Lifeဆိုတဲ့ ဇာတ်လမ်းတွဲလေး‌ကို CMလက်ရာလေးနဲ့ တင်ဆက်ပေးချင်ပါတယ်...Cast အနေနဲ့ရော plot အနေနဲ့ပါပြောစရာမရှိတဲ့အပြင်မင်းသားနဲ့မင်းသမီးရဲ့ chemistry မိနေမှုကြီးကို ကြည့်ဖူးသူတိုင်းသိကြတာဖြစ်လို့ မကြည့်ရသေးဘူးဆိုရင်တော့အခုပဲ CMမှာ ပြန်လည်ရှုစားလိုက်ကြရအောင်ပါ...ဇာတ်လမ်းအကျဉ်း --------------ဂျီရာဝပ်တဲ့ဆိုတာ သိပ်ကိုတောက်ပနေတဲ့ တစ်နည်းပြောရရင် စန်းထနေတဲ့ အနုပညာကြယ်ပွင့် မော်ဒယ်၊ မင်းသမီးတစ်လက်ပေါ့...ရိုက်လိုက်တဲ့ဇာတ်ကားတွေကလည်း ကြည့်ရှုနှုန်းတွေတဟုန်ထိုးတက်၊ လူတကာကလည်းချစ်ကြတဲ့မင်းသမီးဆိုတော့မနာလိုသူတွေ အတိုက်အခံတွေလည်းအတော်များတဲ့သူပေါ့...ဒါပေမဲ့ ဂျီရာဝပ်ရဲ့ မီဒီယာနောက်ကွယ်ကဘဝကတော့လူတွေ‌ထင်သလို သာယာဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး...အမေဖြစ်သူက သူဌေးကြီးဆစ်ထာရဲ့ မယားငယ်ဖြစ်ပြီးတော့တဏှာကြီးတဲ့သူဌေးကြီးကလည်း လှလွန်းတဲ့ဂျီကိုပဲ အမြဲကျားချောင်းချောင်းနေတာဖြစ်လို့ပါ...အမေဖြစ်သူကလည်း ဂျီ့ကိုသူ့ရဲ့တက်လမ်းက ခုတုံးတစ်ခုလိုပဲမြင်တဲ့အတွက် ဖန်သားပြင်ပေါ်က လူတကာချစ်တဲ့မင်းသမီးဂျီဟာ တကယ့်လက်တွေ့မှာမေတ္တာငတ်နေသူဆိုလည်းမမှားပါဘူး။...တစ်ရက်မှာတော့ ဂျီကိုဘယ်လိုနေနေ အပိုင်လိုချင်တဲ့ဆစ်ထာတစ်ယောက်ဟာdate rape drug နဲ့ ဆေးခတ်ပြီးတော့ သိမ်းပိုက်ဖို့ကြံစည်တော့တယ်...ဂျီတစ်ယောက်လည်း အသိစိတ်ဝင်တစ်ချက် မဝင်တစ်ချက်နဲ့ကားမောင်းထွက်ပြေးရင်း ...
7.6
TMDb: 7.6/10 10 votes
tv

Waves of Life (2017)

2017
Love in the Edge of Divorce (2025)
Love in the Edge of Divorce (2025) ဟဲလို ပရိတ်သတ်တို‌ရေ ဒီတစ်ခေါက်CM ကနေမိတ်ဆက်ပေးတဲ့ဇာတ်ကားအသစ်လေးက လူငယ်အချစ်ကားဖြစ်တဲ့မင်းသား Ryan Renနဲ့ မင်းသမီး Li Xing Yao တိုပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ကားကိုတင်ဆက်ချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဖုယန့်ချန်နဲ့ ရှန့်မျန်တိုက တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးပဲစီးပွားရေးပေါင်းစည်းမှုတစ်ခုကြောင့် ချစ်ခြင်းမရှိတဲ့အိမ်ထောင်ရေးကို သုံးနှစ်ကြာ ပေါင်းသင်းလက်ထပ်ခဲ့တယ်။နှစ်ဦးနှစ်ဖက်တွေ့ဆုံဖို အကြိမ်ကြိမ်ကြိုးစားခဲ့လည်း ကံကြမ္မာအလှည့်အပြောင်းကြောင့်သူတိုကြားမှာ မမျှော်လင့်တဲ့ ရင်းနှီးသောဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။သူတိုပြန်တွေဆုံတော့ မှားယွင်တဲ့အချစ်ခံစားချက်ကြောင့် အထင်လွှမှုတွေတိုးလာခဲ့တယ်ဖုယန့်ချန့်က ရှန့်မျန်ကို penny မှန်းသိခဲ့တဲ့အခါ...သူက ရှန့်မျန်နဲ့ပြန်ပေါင်းသင်းမလားသူတိုနှစ်ဦးကြား မှားယွင်တဲ့ချစ်ခြင်းမေတ္တာကြားမှာ စစ်မှန်တဲ့အချစ်မေတ္တာပြန်ရနိုင်မလား ...အထင်လွှမှုတွေ ပြေလည်နိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုပါဦးနော်====================Quality : WEB-DL 1080p Total Episodes : 31 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

Love in the Edge of Divorce (2025)

2025
Anyway Thirty (2025) [Complete] 7.5
Anyway Thirty (2025) [Complete] Anyway Thirty (2025)************************အပိုင်းသစ် (၁ မှ ၅) စ/ဆုံး My Secret Romance ထဲက မင်းသမီး Song Ji Eun နဲ့ My Man is Cupid ထဲက Park Ki Woong တို့အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတွဲတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ -ဇာတ်လမ်းအညွန်း- အသက် ၃၀ ရောက်တဲ့အခါမှာ လူတော်တော်များများဟာ အလုပ်အကိုင်၊ လက်တွဲဖော်အတည်တကျဖြစ်နေမှာပဲဆိုပြီး မျှော်မှန်းကြသလို ဖြစ်လာအောင်လည်း ကြိုးစားကြပါတယ်။ဒါပေမဲ့ အသက် ၃၀ ထဲဝင်မှ အလုပ်ကလည်းပြုတ် ရည်းစားနဲ့လည်းပြတ်သွားတဲ့ စတိုင်လစ်ဂျူဆောအွန်းအတွက်ကတော့ အိပ်မက်ဆိုးကြီးလိုပါပဲ။တစ်ယောက်တည်း လမ်းပျောက်နေတဲ့အချိန် သူ့ဘေးကို ပဟေဠိဆန်တဲ့ အချိုပွဲဆိုင်ပိုင်ရှင်လေးရောက်လာပြီး စစချင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘုနဲ့ဘောက်ဆိုပေမဲ့လည်းတဖြည်းဖြည်း တစ်ယောက်အကြောင်း တစ်ယောက် နားလည်လာတဲ့အခါမှာတော့..ချိုချိုမြိန်မြိန် မုန့်လေးတွေလို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ဘယ်လိုတိုးတက်လာမလဲဆိုတာကိုဟာသလေးနှောပြီး ရိုမန်တစ်ဆန်ဆန်ကြည့်ရမှာမို့ အမြန်ဆုံးကြည့်လိုက်ဖို့ ညွှန်းဆိုလိုက်ပါတယ်နော်။ Aired: Jan ...
7.5
TMDb: 7.5/10 100 votes
tv

Anyway Thirty (2025) [Complete]

2025
Mate (2024)
Mate (2024) လက်တွဲဖော် (၂၀၂၄)မိဘအသိုင်းအဝိုင်း အဆင်း အချင်း ငွေကြေး ဩဇာ အရာရာပြည့်စုံလွန်းတဲ့ ဂန်လုံဆိုတဲ့မိန်းကလေးက အရာရာပြည့်စုံနေပြီးသားမလို့ ကြင်ယာရှာပေးချင်ပေမဲ့ အမြဲငြင်းနေတတ်တဲ့ ဂန်လုံရဲ့အချစ်ရေးကို သူ့အမေက ဗေဒင်သွားတွက်ပေးချိန်မှာ ဗေဒင်ကဟောလိုက်တာက သူ့ရဲ့ဖူးစာဖက်က မိန်းကလေးပါတဲ့။ အဲဒါနဲ့ပဲ ရှူးရှူးရှဲရှဲနဲ့ ဗေဒင်ဆရာမကို ရန်လုပ်ပြီးပြန်လာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အွေဆိုတဲ့ကောင်မလေးကို ဖုန်းဆက်လာတဲ့အခါ ငယ်ငယ်က‌တော့ကိစ္စတစ်ခုကြောင့် ဂန်နဲ့အွေရဲ့ဆက်‌ဆံရေးက အဆင်ပြေလှတယ်မဟုတ်ပေမဲ့ ပြန်တွေ့ချိန်မှာတော့ လူတိုင်းကိုမာနတံတိုင်းခြားထားတတ်တဲ့ဂန်က အွေကိုတော့ အမြဲအကြင်နာပို အသနားပိုနေမိတဲ့အခါမှာတော့...ဒီလိုနဲ့ပဲ ဘန်ကောက်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ဒုက္ခရောက်နေတဲ့အွေကိုခေါ်လာပြီး အတူနေဖြစ်ချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Trady, Nobem, Snow တို့ပဲ ဖြစ်ပါတယ်။Genre..... GL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 600MB | 200MB Format… mp4 Duration…. 40min Episodes..... 10 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ...

Mate (2024)

2024
Talentless TAKANO (2024) [Complete] 7
Talentless TAKANO (2024) [Complete] Talentless TAKANO (2024)******************************အပိုင်း (၁ မှ ၈) စ/ဆုံး တခနို ဆုမဲကိုဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိပြီးတော့ စကားပြောရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောတတ်တဲ့ကောင်မလေးတစ်ယောက်ပါ။တကယ့်အမှန်တရားကို ဘေးထား သူမှန်တယ်ထင်ရင် မှန်တာပဲဆိုပြီး ပြောတတ်တဲ့ အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့ အူကြောင်ကြောင် စကားတွေကိုပဲ ကြွေဆင်းသွားပြီး အလုပ်အင်တာဗျူးအောင်ကာ အလုပ်ရသွားပါတော့တယ်။ဒါပေမဲ့လည်း သူဟာ မိတ္တူစက်ကိုတောင် မသုံးတတ်တဲ့အထိ အူကြောင်ကြောင်လေးနဲ့ အလုပ်မှာ တလွဲတွေလုပ်ရင်း ဌာနအတွက် အပျင်းပြေစရာလေးတစ်ခုလို ဖြစ်လို့နေပါတယ်။သူနဲ့အတူပဲ အင်တာဗျူးအောင်လာတဲ့ ဟိ၀ဒ မီချီတိုဆိုတဲ့ ကောင်လေးကတော့ တခနိုနဲ့ မတူဘဲ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းပေမဲ့ အလုပ်လုပ်ရာမှာတော့ တော်လွန်းသူတစ်ယောက်ပါ။ဒီလိုနဲ့ သူတို့နှစ်ယောက်ကို လုပ်ငန်းပါတနာအဖြစ် အတူတွဲပြီး ပရောဂျက်တွေ ကိုင်ခိုင်းလိုက်တဲ့အချိန်မှာတော့ ....တခနိုရဲ့ ဘယ်လိုတလွဲတချော်အတွေးတွေနဲ့ ကုမ္ပဏီပရောဂျက်တွေကို ဘယ်လိုတွေလုပ်မလဲ ......တခနိုနဲ့ ဟိ၀ဒတို့ရဲ့ တွဲဖက်လုပ်ဆောင်ချက်တွေကရော ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ .....သူတို့နှစ်ယောက်ရော ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ...
7
TMDb: 7/10 321 votes
tv

Talentless TAKANO (2024) [Complete]

2024
Fourever You (2024)
Fourever You (2024) မင်းအတွက် ထာဝရ (၂၀၂၄)Love by chanceနဲ့ My only 12% ထဲကမင်းသား Earth နဲ့ 2Moons ထဲက Bas တို့ CP အတွဲကိုယ်စီနဲ့ အပြိုင်ကြဲမယ့် တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ချစ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းတော်ကြီးအလွမ်းပြေလေးကိုမှ အဆင်တစ်သိုက်ကိုရှုစားရမှာဖြစ်လို့ ဖူဂျိုမမတွေရဲ့ ရွှေရင်အေးလေးဖြစ်စေမှာပါ။အီစတာတစ်ယောက် ပထမနှစ်တက်ရတော့မယ်ဆိုတော့ အိမ်နဲ့နီးနီးနားနားမရွေးဘဲ တဝေးတလံက မြောက်ပိုင်းက တက္ကသိုလ်ကိုရွေးချယ်ပါသတဲ့။ အကြောင်းကတော့ သူ့ရဲ့ချစ်သူ ဟီရူ နဲ့ သူနဲ့ကြားက မရေရာမသေချာတဲ့ဆက်ဆံရေးကြောင့် ထရော်မာရပြီး ဟီရူရဲ့အရိပ်တွေမရှိတဲ့ အဝေးဆုံးကိုထွက်လာခဲ့တာပါ။ အဲဒီမှာ အဆောင်မှာတစ်ခန်းတည်းတွေ့ရသူကတော့ နော့ဆိုတဲ့ကောင်လေးပါပဲ။ ဒီလိုနဲ့ တကယ်တမ်းကျောင်းစတက်တော့ တာရှောင်နေတဲ့exနဲ့မှ တန်းတွေ့တဲ့အဖြစ်နဲ့ကြုံပြီး နော့တစ်ယောက်ကလည်း ကျောင်းကဘတ်ဘွိုင်းလေးနဲ့ ဇာတ်ရှုပ်လေးတွေ ဖြစ်ထားမိတဲ့အခါမှာ ဘာတွေရှေ့ဆက်ကြမလဲ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Fireflyy တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p WEB-DL | ...

Fourever You (2024)

2024
The Jetty (2024) 6.5
The Jetty (2024) ဒီဇာတ်လမ်းတွဲလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ စုံထောက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မင်းသမီး Jenny Coleman က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဖန်တီးသူကတော့ Cat Jones ပါ။Ember Manning ဆိုတဲ့ စုံထောက်မလေးတစ်ယောက် အပန်းဖြေအိမ်တစ်အိမ်မှာဖြစ်ခဲ့တဲ့ မီးလောင်မှုဟာ လွန်ခဲ့တဲ့ 17 နှစ်ကဖြစ်ခဲ့တဲ့ လူပျောက်အမှုဟောင်း တစ်ခုအကြောင်းကို စုံစမ်းနေတဲ့ ပေါ့ဒ်ကတ်စ် သတင်းထောက် တစ်ဦးနဲ့ ဘယ်လိုပက်သက်နေလဲ…အသက်နှစ်ဆယ်အရွယ်လူတစ်ယောက်နဲ့အသက်မပြည့်သေးတဲ့ကောင်မလေးနှစ်ယောက်ရဲ့ တရားမဝင်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး… အဲ့တာတွေကို ဘယ်လိုမျိုးရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။File size…(1 GB)/(482 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Nay  ================== Season 1 (complete) Episode 1 720p  -  Yoteshin / Gdot / Megaup / Telegram  Episode 1 1080p  ...
6.5
TMDb: 6.5/10 37 votes
tv

The Jetty (2024)

2024
Sherwood (2022) 7
Sherwood (2022) IMDb Rating – 7.4 /10ဒီတစ်ခါ စာရေးဆရာ James Graham ရေးသားထားတဲ့ ဖြစ်ရပ်မှန် Crime Drama Series လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးကိုတော့ BBC One က ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး အဓိကဇာတ်ဆောင်များအနေနဲ့ မင်းသားကြီး David Morrissey နဲ့ မင်းသမီးကြီး Lesley Manville တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါကစာရေးသူ ကြီးပြင်းခဲ့ရာ ‘နော့တင်မ်ဟမ်ရှိုင်းယား’မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၂ ခုအကြောင်းကို အခြေခံပြီး ဖြစ်ရပ်တွေ၊ လူအမည်တွေကို ပြောင်းလဲရိုက်ကူးထားတာပဲဖြစ်ပါတယ်။၁၉၈၄ ခုနှစ်၊ အင်္ဂလန်မှာ မာဂရက်သက်ချာလက်ထက် အစိုးရအနေနဲ့ ကျောက်မီးသွေးလုပ်ငန်းက တွက်ခြေမကိုက်သလိုဖြစ်လာပြီလို့ သတ်မှတ်တဲ့အတွက် ပိတ်သိမ်းဖို့ ပြုလုပ်တဲ့အခါ မိုင်းတွင်းအလုပ်သမားတွေအနေနဲ့ ဆန္ဒပြသပိတ်မှောက်မှု တစ်ရပ်ကို ပြုလုပ်ကြပါတယ်။ လန်ဒန်လို မြို့ကြီးမှာတော့ တက်ညီလက်ညီသပိတ်မှောက်ကြပေမယ့် နော့တင်မ်ဟမ်ရှိုင်းယားမှာကတော့ သပိတ်မှောက်သူက ...
7
TMDb: 7/10 61 votes
tv

Sherwood (2022)

2022
The Night Agent (2023-2025) 7.867
The Night Agent (2023-2025)  IMDb - 7.5 , RT - 83% တဖွဖွတောင်းဆိုနေကြတဲ့Netflixရဲ့Seriesအသစ်လေးလာပါပြီ။ ဒီSeriesက ထုတ်လွှင့်ပြီးချင်းမှာပဲ နံပါတ် 1နေရာကို အရယူနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းလေးက ပြောရရင် ပီတာဆန်သာလန်ဆိုတဲ့ အေးဂျင့်တစ်ယောက်က အမေရိကန်နိုင်ငံရဲ့ အိမ်ဖြူတော်ထဲမှာ နိုက်အက်ရှင်လို့ခေါ်တဲ့ အရေးပေါ်ဖုန်းလိုင်းကိုင်ရတဲ့အလုပ်ကိုလုပ်မိရာကနေ ဇာတ်လမ်းတစ်ခုလုံးစတင်ပါတော့တယ်။ပီတာတစ်ယောက် အလုပ်ကမ်းလှမ်းခံရတုန်းက အရေးပေါ်ဖုန်းကမြည်တာရှားတယ်ဆိုပြီးကမ်းလှမ်းခံရခဲ့ပင်မယ့် သူအလုပ်လုပ်နေတဲ့အချိန်အတွင်း ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ။ဖုန်းကိုင်လိုက်ပြီးတဲ့အချိန်မှာတော့ ဘယ်လိုမျိုးအကြောင်းရာတွေကို ရင်ဆိုင်ကျော်ဖြတ်သွားရမလဲ။ အတားဆီးတွေကိုရော ကျော်ဖြတ်သွားနိုင်ပါ့မလား၊နောက်ဖြစ်လာမယ့်အရာတွေကိုရော ပီတာဆန်သာလန်တစ်ယောက် တားဆီးနိုင်ပါ့မလား၊ သူယုံကြည်ရတဲ့လူတွေကရော တကယ်ပဲယုံကြည်လို့ရရဲ့လားဆိုတာကို အဖြူအမည်း သဲကွဲသွားအောင် ဇာတ်သိမ်းပိုင်းအထိ ဇာတ်ရှိန်ကျမသွားပဲ ကြည့်ရှူ့ရမှာဖြစ်ပါတယ်။ File size…(677 MB)/(382 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:56:00 Genre...Drama, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win, Su Eaindra, TMMT===========================================Season ...
7.867
TMDb: 7.867/10 90 votes
tv

The Night Agent (2023-2025)

20232025
Mhom Ped Sawan (2024)
Mhom Ped Sawan (2024) အချစ်သုခဘုံ (၂၀၂၄)အိမ်ရှေ့စံမင်းကို အလုပ်အကျွေးပြုနေကြတဲ့ ရံရွှေတော်နှစ်ဦး 'မုန်ခမ်'နဲ့ 'မုန်ဆွတ်'တို့က သူငယ်ချင်းသံ‌ယောဇဉ်ထက်ပိုတဲ့ ခံစားချက်တွေ တိတ်တခိုးရှိနေခဲ့ကြပါတယ် ဒါပေမယ့်လည်း မသင့်တော်တာမို့လို့ အဝေးကနေပဲ အချင်းချင်းဂရုစိုက်နေခဲ့ကြရတယ် အိမ်ရှေ့စံမင်း နတ်ရွာစံသွားပြီးတဲ့နောက်မှာတော့ ရံရွှေတော်တွေရဲ့ ဘဝဟာ မှန်းဆမရနိုင်ခဲ့ပါဘူး ဒါကြောင့်မို့ 'မုန်ဆွတ်'ကတော့ မင်းသားဆန်ရဲ့အစ်မတော်ဖြစ်တဲ့ မင်းသမီးဝိလိုင်နန်းဆောင်မှာ အလုပ်အကျွေးပြုဖို့ ခေါ်ခံရပြီး'မုန်ခမ်'ကတော့ ဖခင်ရှိရာ ဇာတိကို ပြန်သွားခဲ့ရပါတယ် ဒီလိုနဲ့ ကွဲကွာသွားကြတဲ့ သူတို့နှစ်ဦးရဲ့ နှလုံးသားတွေက ပြောင်းလဲသွားမလား ဒါမှမဟုတ် သူတို့ရဲ့ချစ်ခြင်းကိုဆန့်ကျင်တဲ့ပတ်ဝန်းကျင်ကို အနိုင်ယူပြီး ဆက်ချစ်သွားနိုင်ကြမလားဆိုတာ ''အချစ်သုခဘုံ'' ဇာတ်လမ်းမှာစိတ်ဝင်တစားကြည့်ရှုရင်း ရသမျိုးစုံကို ခံစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao ပဲ ဖြစ်ပါတယ်။Genre..... GL, Historical, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 650MB | 220MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dao Encoder ..... Aaron720pEpisode 01 ...

Mhom Ped Sawan (2024)

2024
Love in the Air: Premonition of Love (2024) [Complete] 6.8
Love in the Air: Premonition of Love (2024) [Complete] Love in the Air: Premonition of Love (2024)*******************************************အပိုင်း (၁ မှ ၈) စ/ဆုံး ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ Thai BL series ကို remake ပြန်ရိုက်တာဖြစ်ပြီးငယ်ရွယ်တဲ့ အချစ်ဇာတ်လမ်းလေးတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ ဂျပန်ဘီအယ်လ်စီးရီးလေးဖြစ်ပါတယ်။မုန်တိုင်းနဲ့အတူ မိုးရေက ပါလာစမြဲပါပဲတဲ့၊ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့အချိန်မှာပဲရဲအိနဲ့ ကိုင်တို့နှစ်ယောက် အာရရှီနဲ့ ဖူမာဆိုတဲ့ ကောင်ချောလေးနှစ်ယောက်နဲ့ ဆုံတွေ့ကြပါတော့တယ်။အာရရှီကတော့ အနုပညာလက်ရာများကို ဖန်တီးတဲ့နေရာမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီးတော့ဖူမာကတော့ ခရီးသွားလုပ်ငန်းနဲ့ ဂိမ်းပိုင်းမှာ ပရော်ဖက်ရှင်နယ်ဆန်သူဖြစ်ပါတယ်။အာရရှီနဲ့ ဖူမာတို့နှစ်ယောက်ဟာ မြေအောက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူများလည်းဖြစ်ပါတယ်။ဒီလိုနဲ့ ရဲအိနဲ့ ကိုင်တို့သူငယ်ချင်းနှစ်ယောက်ရယ် အာရရှီနဲ့ ဖူမာတို့ ခပ်လန်းလန်းကိုလူချောနှစ်ယောက်တို့ဘယ်လိုတွေ ဆုံတွေ့ပြီးတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို ဆူးငြောင့်ခလုတ်တွေဖြစ်လာမလဲဆိုတာကို စီးရီး‌လေးထဲ ကြည့်လိုက်ရအောင်နော် ။ (အညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်) Episodes: 8 Aired: Nov 3, ...
6.8
TMDb: 6.8/10 5 votes
tv

Love in the Air: Premonition of Love (2024) [Complete]

2024
Wizards Beyond Waverly Place (2024) 9.6
Wizards Beyond Waverly Place (2024) Wizards Beyond Waverly Place (2024)အားလုံးသိကြတဲ့အတိုင်း အသည်းကျော်လေး Selena Gomez ဆိုတာ ငယ်စဉ်ဘဝတုန်းက Disney ကလေးချန်နယ်တွေကနေ တက်လာတဲ့ အဆိုတော်/သရုပ်ဆောင်တစ်ယောက်ပါ။အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းက မှော်ဆရာ မိသားစု ဟာသ Sitcom (Wizards of Waverly Place) လေးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ သူလည်း ဆရာကျနေပြီဆိုတော့ သူကိုယ်တိုင် ထုတ်လုပ်၊ သူကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပြန်လာပြီး ဒီFamily Comedy Sitcom လေးကို အသစ်ဖြစ်စေခဲ့ပါတယ်။ ဒီမှာကျ သူ့အစ်ကို မိသားစုအကြောင်း အဓိက ဦးတည်ပြသွားမှာပါ။ဇာတ်လမ်းလေးကတော့ ဂျက်စတင်ဆိုတာ မှော်ကျောင်းကနေ အလုပ်ပြုတ်လာပြီး မှော်ပညာတွေစိတ်နာကာ မိသားစုကိုလည်း သူက မှော်ဆရာဆိုတာ မပြောပဲ ဇာတ်မြုပ်နေထိုင်နေတဲ့ ဖခင်တစ်ယောက်ပါ။သားနှစ်ယောက်ဖြစ်သူကလည်း သိတဲ့အတိုင်း အရွယ်မကွာတော့ ဘုနဲ့ဘောက်ပေါ့။ တစ်နေ့ကျ သူ့မွေးနေ့မှာ ညီမဖြစ်သူ (Selena Gomez) က ဘယ်ကမှန်းမသိတဲ့ ဘီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီး အိမ်ကိုရောက်ချလာပါလေရော။ ဒီဘီလီဆိုတာ ...
9.6
TMDb: 9.6/10 10 votes
tv

Wizards Beyond Waverly Place (2024)

2024
Thukra Ke Mera Pyaar (2024) 8
Thukra Ke Mera Pyaar (2024) Thuka Ke Mera Pyaar 2024 ဝေးကွာလွန်းတဲ့အချစ် Imdb 6.9ကျိကျိတက်ချမ်းသာပါတယ်ဆိုတဲ့ ရွှေမင်းသမီးနဲ့ ကျောင်းတက်ဖို့ အိမ်ကမိဘကတစ်နေကုန်အလုပ်ကြိုးစားရတဲ့ ဆင်းရဲသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမဲ့ အပိုင်း၇ပိုင်းပါဝင်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပါတယ်။မိန်းကလေးဘက်က ဘယ်လောက်ချမ်းသာပြီးအရှိန်အဝါကြီးလဲဆိုတာ တစ်ချက်ပြောရရင် ဝန်ကြီးကားတန်းကြီးလာလို့ လမ်းဘေးကားတန်းစီရပ်ရတဲ့ကားထဲ သူ့အဖေပါတယ်ပေါ့ ဝန်ကြီးလာနေလို့ ပိတ်ထားတဲ့လမ်းကိုမှ ဖြတ်သွားချင်တဲ့အခါ အဲဒီဝန်ကြီးဆီဖုန်းကောက်ဆက်ရုံပါပဲ ချောင်ဟန်ဆိုတဲ့နာမည်ကြားလိုက်ရရင် ဝန်ကြီးလည်းမနေသာ ကားတန်းကြီးလမ်းဘေးကပ်ရပ် ရပ်ကြည့်နေတဲ့လူတွေကိုလည်းမမှုနိုင် ပျာပျာသလဲဆင်းလာပြီး ကားထဲမှာထိုင်နေတဲ့ချောင်ဟန်ကို ခြေထောက်ထိပြီး လာရှိခိုးရတဲ့အထိပါပဲ။ကောင်လေးအိမ်ကတော့ ချောင်ဟန်တို့မိသားစုရဲ့ အမှီအခိုနဲ့နေနေရတဲ့သူတွေဆိုပေမယ့် ကောင်လေးဟာ မာနတော့ရှိပါတယ်။ သူက တခြားသူက အလကားပေးတာမျိုးဆိုရင် လုံးဝကို လက်မခံတတ်တဲ့သူမျိုးပါ။ဒီလိုနဲ့ ရွှေမင်းသမီးလေးနဲ့ ဆင်းရဲသားကောင်လေးတို့ ကောလိပ်တစ်ခုတည်းမှာ အတူတူ ပညာသင်ကြရင်းနဲ့ ဘယ်လိုတွေ ရင်းနှီးသွားမလဲ ...... သူတို့နှစ်ယောက်ကြားက ကွာခြားမှုတွေနဲ့ ဘယ်လိုတွေ ဆက်ပြီး နှစ်ပါးသွားကြဦးမလဲ ...... ဆိုတာကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size – 650 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –22minute (@Episode)Total Episodes:7EpsSubtitle – ...
8
TMDb: 8/10 1 votes
tv

Thukra Ke Mera Pyaar (2024)

2024
The Truth (2024) 8
The Truth (2024) Season 1အပိုင်း ( ၁ မှ ၈ ) အထိ  စ / ဆုံး The Truth ကတော့ ၂၀၂၄ ကထွက်ရှိထားတဲ့အစ္စရေးတရားခွင်ဒရမ်မာစီးရီးတစ်ခုဖြစ်ပါတယ်။ ယာဒန်ပါလီဆိုတဲ့မိန်းမငယ်လေးတစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့တရားခံရူဘီဒီလိုယာဟာ အပြစ်ရှိကြောင်းစီရင်ချက်ချခံရပြီးတဲ့တိုင်အောင်သူ့မှာအပြစ်မရှိဘူးလို့သာဆိုနေပြီး ဆယ်နှစ်အကြာမှာ အယူခံဝင်ခဲ့ပါတယ်။ ရူဘီဒီလိုယာရဲ့အမှုဟာ အစ္စရေးနိုင်ငံရဲ့အငြင်းပွားစရာအကောင်းဆုံးအမှုဖြစ်လာပြီး ဒီလိုယာကအပြစ်ရှိတာကိုယုံကြည်သူတွေနဲ့ မယုံကြည်သူတွေကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။ဒီလိုနဲ့ ဒီလိုယာရဲ့အယူခံကို တရားရုံးကစီရင်ချက်ချမယ့်နေ့မှာပဲနောက်ထပ်မိန်းမငယ်လေးတစ်ယောက်ဟာ ယာဒန်ပါလီလိုတစ်ပုံစံတည်းသတ်ဖြတ်ခံထားရတာကိုတွေ့ရှိခဲ့ရပြီးတဲ့နောက်မှာတော့ အမှုရဲ့မူလစုံစမ်းစစ်ဆေးမှုတွေကိုသံသယဖြစ်လာကြပြီး လူငယ်စုံထောက်ရာချယ်လီဇာဘာတာနီတစ်ယောက် အမှုနှစ်ခုလုံးကို ပစ္စုပ္ပန်မှာဖြေရှင်းနိုင်ဖို့ အတိတ်ကိုပြန်လည်အဖြေရှာရပါတော့တယ်။IMDb rating 7.2/10 ရရှိထားပြီး မင်းသမီးချောလေးMor Dimri က စုံထောက် ရာချယ်လီဇာဘာတာနီအဖြစ်သရုပ်ဆောင်ပေးထားပါတယ်။  File Size –506MB  / 313MBQuality –WEB-DL 1080p HEVC / 720pEpisodes -  8 EpsDuration -  50 minSubtitle – Myanmar HardsubFormat – ...
8
TMDb: 8/10 1 votes
tv

The Truth (2024)

2024

Genres

Archives