Channel Myanmar

New releases (2025)

Content at random


Movies

SEE ALL
Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

Pete’s Dragon (2016) 6.7
Pete’s Dragon (2016)  Disney ရဲ့ ၂၀၁၆ ထွက် လက်ရာကောင်းတစ်ခုပါပဲ။ IMDb 6.7 ရထားပါတယ်။ဇတ်လမ်းအကျဉ်းလေးကတော့ ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားတဲ့ ကလေးလေး Pete၊ တောနက်ထဲမှာ တစ်ယောက်တည်းဖြစ်နေတုန်း သူ့လိုပဲ တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးကြီးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။နဂါးကို နဂါးလို့ခေါ်မှန်းတောင် မသိတဲ့ Pete လေးဟာ နဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက် ဆိုတဲ့နာမည်ကိုပေးထားပြီ တောထဲမှာ ၂ ကောင်သား ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်ခုတ်ရင်း တဖြည်းဖြည်း တောနက်ထဲထိ ကျွံဝင်လာတဲ့ အလုပ်သမားတွေနဲ့ သစ်တောအရာရှိမိသားစုလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ.... File size…(1.7 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre... Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson
movie

Pete’s Dragon (2016)

2016
Confidential Assignment (2017) 6.7
Confidential Assignment (2017) Confidental Assignment (2017) ****************************** ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဟျွန်ဘင်း၊ သူ့ဇနီးဖြစ်သူ ဆုန်းရယ်ဂျင်းနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကို အများစုက မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး လူသိများကြပါတယ်... မင်းသားက မြောက်ကိုရီးယားဗိုလ်ကြီးကားကနေတစ်ဆင့် လက်တွေ့ဘဝမှာ ဖူးစာစုံခဲ့သလို မြောက်ကိုရီးယားလူမျိုး Character ကလည်း မင်းသားနဲ့အတော်လေး လိုက်ဖက်ပြီး အကျိုးပေးတယ်ပြောရပါမယ်...အခုတင်ဆက်ပေးတဲ့ Confidential Assignment ဇာတ်ကားကလည်းမြောက်ကိုရီးယားက ဗိုလ်မှူး Character ဖြစ်တဲ့အပြင်Girl Generation အဖွဲ့က Idol ယွန်းနာနဲ့ဟာသနာမည်ကြီးမင်းသားကြီး ယူဟယ်ဂျင်းတို့ ပါဝင်ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး...ဇာတ်လမ်းအကျဉ်းကတော့....မြောက်ကိုရီးယားသမ္မတက စက်ရုံထောင်ပြီးတော့အထိဘယ်လိုနောက်ဆုံးပေါ်စက်တွေနဲ့စစ်စစ်အတုဆိုတာမပေါ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေ ငွေစက္ကူရိုက်ပလိတ်ပြားကိုလျှို့ဝှက်ပြီး ဖန်တီးနေခဲ့ပါတယ်...အဲဒါကို လာခိုးမဲ့သူတွေရှိတယ်လို့ သတင်းရထားတဲ့ဗိုလ်မှူး အင်မ်ချောလျောင်းကတော့ အထက်အမိန့်အရသူ့ရဲ့နောက်လိုက်အဖွဲ့နဲ့အတူ အသင့်အနေအထားနဲ့ စစ်ဆင်ရေးစတင်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်...အဲဒီအချိန်မှာ ကင်းပုန်းစောင့်နေတဲ့နေရာဆီထမင်းမစားရမှာစိုးလို့ဆိုပြီး ချောလျောင်းရဲ့မိန်းမဖြစ်သူကလည်းထမင်းဘူးလေးကိုင်ပြီး ယောကျ်ားဖြစ်သူကို ထမင်းဝင်အောင်ကျွေးဖို့ရောက်လာခဲ့ပါတယ်...ဒီလိုကနေ အထက်လူကြီးက အသင့်အနေအထားပဲနေခိုင်းနေပေမဲ့အခြေအနေမဟန်ဘူးထင်တဲ့ ချောလျောင်းကစက်ရုံထဲကိုအဖွဲ့နဲ့ဝင်သွားပြီး စစ်ဆင်ရေးစတင်ခဲ့ပါတယ်...ဒါပေမဲ့ ပလိတ်ပြားကို ခိုးယူမဲ့သူတွေက သူထင်ထားသလို ပြင်ပကလူမဟုတ်ဘဲသူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေတဲ့အခါ ..ဝင်ရှုပ်တာပဲဆိုတဲ့သဘောနဲ့ ချောလျောင်းရဲ့မိန်းမအပါအဝင်သူ့လက်အောက်က တပ်ဖွဲ့တစ်ခုလုံးကိုပါခေါင်းဆောင်ဖြစ်သူ ချာဂီဆောင်းက သူ့ရှေ့မှာ ပစ်သတ်ပြခဲ့ပါတယ်...ပြီးတာနဲ့ ချာဂီဆောင်းက ...
movie

Confidential Assignment (2017)

[18+] Kulong (2024) 5.5
[18+] Kulong (2024) [18+] Kulong (2024)==============လပ်ဗ်၊ မီနာဗာ နဲ့ တီဆေးတို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီးအလုပ်တွေကိုယ်စီနဲ့မတွေ့ဖြစ်တာကြာခဲ့ပါပြီ။အဲ့ဒါကြောင့်လည်း အားလုံးညှိနှိုင်းလို့ရချိန်မှာ အပန်းဖြေခရီးတစ်ခုအတူထွက်ခဲ့ပြီး သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကျောင်းကတည်းက အားလုံးရဲ့ အိမ်မက်ဖြစ်တယ် စာရေးခြင်းကိုအကောင်အထည်ဖော်ဖို့ပါပဲ။သူတို့ရေးမယ့်စာက ညစ်ညမ်းရုပ်ရှင်ဇာတ်ညွှန်းပြိုင်ပွဲဖြစ်တာကြောင့် လိင်ကိစ္စနဲ့ပတ်သက်ပြီးအတွေ့အကြုံလိုပါတယ်။ လတ်တလောမှာ သူတို့ထဲက ဘယ်သူ့မှာမှရည်းစားမရှိတဲ့အတွက် အဲ့ဒီအတွေ့အကြုံကို ရရှိဖို့အတွက် သူတို့ဟာ နီးရာလူကိုအကြံအဖန်လုပ်ပြီးချဉ်းကပ်ရတော့မှာဖြစ်ပါတယ်။ ဘယ်သူကံထူးသွားမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Kulong (2024)

Stockholm, Pennsylvania (2015) 6.0
Stockholm, Pennsylvania (2015)  ရိုးရိုးရှင်းရှင်းလေးကိုမှ ရှုပ်ရှုပ်ထွေးထွေးလေးဖြစ်အောင်ရိုက်ကူးထားတဲ့ Psycho ကားတွေ ကြည့်ချင်ရင်တော့ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ StockholmPennsylvania ဖြစ်ပြီး IMDb Rating 6 အထိရရှိထားပါတယ်။ကလေးဘ၀မှာ ကိုယ့်ကိုလူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးအဲ့ဒီလူနဲ့ပဲ ၁၇ နှစ်ကြာအောင်နေရမယ်ဆိုရင်ပရိသတ်ကြီးတို့ရောနေနိုင်ပါ့မလား။ဒီကားထဲက လေယာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီလိုအဖြစ်အပျက်ကိုတကယ်ကြုံခဲ့ရပြီး ၁၇ နှစ်ကြာပြီး နောက်မှာပြန်ပေးသမားကိုဖမ်းမိသွားကာသူလဲမိဘတွေရှိရာ အိမ်ကိုပြန်ရောက်လာပါတော့တယ်။ဒါပေမယ့်သူပြန်ပေးဆွဲခံရပြီး ပြန်ပေးသမားနဲ့အတူနေလာခဲ့ရတဲ့နှစ်ကာလတွေက ကြာမြင့်လွန်းတဲ့အတွက်ဦးနှောက်အဆေးခံထားရပြီး အပြင်လောကကြီးနဲ့ထိတွေ့ရတဲ့အခါမှာကြောင်တောင်တောင်ဖြစ်နေပါတော့တယ်။ဒါပေမယ့်သူ့မိဘတွေက တတ်နိုင်သလောက်သူ့အပေါ်မှာဂရုစိုက်ပေးပြီးတော်တော်ကြီးကိုဂရုစိုက်လွန်သွားတဲ့အခါမှာတော့ သူတကယ်တမ်းပျောက်ဆုံးသွားခဲ့ရတဲ့ အကြောင်းအရင်းကပြန်ပေးဆွဲခံရလို့လား တခြားအကြောင်းအရာတွေရောရှိနေဦးမလားဆိုတာတွေကိုကြည့်ရှုရမဲ့ Psycho ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Stockholm, Pennsylvania (2015)

Good Sam (2019) 5.9
Good Sam (2019)  ဒီတစ်ခါတော့ပရိသတ်ကြီးကို ၂၀၁၉ ထွက်ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းကတော့ ၂၀၁၉ တုန်းက netflix ကနေထွက်ရှိထားခဲ့တဲ့ good sam ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Good Sam ဆိုတာကတော့ samaritan ရဲ့အတိုကောက်ဖြစ်ပြီးပရဟိတ အများကောင်းကျိုးဆောင်ရွက်နေသူတစ်ယောက်ဆိုတာအဓိပ္ပာယ်ပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးယောက်မှာ မီးလောင်မှုကားတိုက်မှု ဒီလိုသတင်းတွေကို ရွပ်ရွပ်ချွံချွံလိုက်စုံစမ်းလေ့ရှိတဲ့ သတင်းထောက်မလေး ကိတ် ကိုအခြေတည်ထားတာပါသူဟာဒီလိုအန္တရာယ်များတဲ့သတင်းတွေကိုလိုက်နေရင်းကနေတစ်နေ့တော့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကို မမျှော်လင့်ပဲရရှိခဲပါတော့တယ် အမျိုးသမီးတစ်ယောက်သူ့အိမ်ရှေ့ကနေအိတ်တစ်အိတ်ကောက်ရခဲ့တာပါ ငွေသားကိုဒေါ်လာတစ်သိန်းပါတဲ့အိတ်တစ်အိတ်ပါ ဒီပမာဏက လူတစ်ယောက်ရဲ့ဘဝကိုတစ်ဆစ်ချိုးတင်မကပြောင်းလဲနိုင်တဲ့ပမာဏမလို့ ရရှိတဲ့သူတွေကိုရော ပေးနိုင်တဲ့သူကိုပါ ကိတ်ကစိတ်ဝင်စားလာတဲ့အခါသူကြိုးကြိုးစားစားလိုက်လံစုံစမ်းပေမဲ့လည်း အလှုုရှင်ကအမည်မသိအနေနဲ့ပဲနောက်ထပ်အိတ်တွေလည်းချထားပေးလာပါတယ် ဒီလိုနဲ့ အမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့……..Spoiler ဖြစ်သွားမှာစိုးတဲ့အတွက်ဒီလောက်နဲ့တင်ရပ်ထားလိုက်ပါဦးမယ်အားလုံးအတွက်ကြည့်ဖို့အဆင်ပြေတဲ့ comedy romance dramaကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File size…1.59GB / 707MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 19m Genre …..Comedy ,  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Good Sam (2019)

Our Souls at Night (2017) 6.9
Our Souls at Night (2017)  Addie နဲ့ Louis တို့တွေဟာ နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ်လာပေမယ့် စကားတစ်ခါမှမပြောဖူးကြတဲ့သူတွေပေါ့...တစ်နေ့ Addie က Louis အိမ်ရောက်လာပြီးထူးဆန်းတဲ့စကားတစ်ခွန်းဆိုပါတယ်.."တခါတလေ ကျွန်မအိမ်လာပြီးကျွန်မနဲ့အတူအိပ်ချင်လား"တဲ့ဖတ်လိုက်ရင်တော့ မဟုတ်တာတွေတွေးလိုက်မိလောက်ပေမယ့်တကယ်တော့ Louis ရော Addie ရောဟာ အိမ်ထဲမှာတစ်ယောက်တည်းအထီးကျန်နေကြရတဲ့ အဖိုးကြီးနဲ့အဖွားကြီးပါ..ဒီလိုအထီးကျန်နေတဲ့သူတို့နှစ်ယောက် နေ့စဉ်နေ့တိုင်း စကားတွေပြောရင်းဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲဆိုတာကိုကြည့်ရမယ့် Romance ကားကောင်းလေးတစ်ခုပါ File size…1.40GB / 599MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Our Souls at Night (2017)

My Zombabe (2024) 5.3
My Zombabe (2024) ဒီဇာတ်ကားကိုစကြည့်ကြည့်ချင်း ပထမဆုံးသတိရမိတာက 90s kids တွေရဲ့ အသည်းစွဲဖြစ်တဲ့ (အချစ်ဆုံးသူငယ်ချင်း) ဆိုတဲ့ music video လေးပါပဲ။ ဘာကြောင့်သတိရမိလဲဆိုရင်တော့ ဇာတ်ကားကိုကြည့်ရင် သိကြပါလိမ့်မယ်။ ဒီကားမှာတော့ ဖုတ်ကောင်/ဇွမ်ဘီတွေ ကြိးစိုးနေပြီဖြစ်တဲ့ လောကကြီးရဲ့အလယ် ဖိလစ်ပိုင်က ကမ်းခြေအပန်းဖြေစခန်းလေးတစ်ခုမှာ အုပ်ချုပ်သူတစ်ဦးနဲ့လူစစ်စစ်အဖြစ် ကျန်နေသေးတဲ့သူတစ်ချို့နဲ့ဇာတ်လမ်းကိုဖွင့်ထားပါတယ်။ သူကြီးက လက်ရှိကျန်နေတဲ့သူ လက်တစ်ဆုပ်စာကိုအုပ်ချုပ်ပြီး အဲ့ဒီလူတွေထဲက ဇွမ်ဘီဖြစ်နေနိုင်တဲ့အငွေ့အသက်ပါရင် မညှာမတာ တန်းသတ်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကလည်း မှန်ပါတယ်။ ဒီတစ်ယောက်ကိုညှာလိုက်ရင် ကျန်တဲ့သူတွေအတွက် အန္တရာယ်တကယ်ရှိနေနိုင်လို့ပါပဲ။ မင်းသားငနဲကတော့ အဲ့ဒီလိုအခြေအနေကြားထဲက တစ်ချိန်က သူငယ်ချင်းချစ်သူလေးကို အမြဲတမ်း သတိရနေလေ့ရှိပြီး စိတ်မထိန်းနိုင်တဲ့တစ်နေ့မှာ ဇွမ်ဘီဖြစ်နေနိုင်တာသိသိရက်နဲ့ အလောင်းကိုပြန်ဖော်ပြီး သူ့အိမ်မှာဝှက်ထား၊ တစ်ချိန်က သူနဲ့ အမှတ်တရတွေကို ပြန်အစဖော်ပေးပြီး လူပြန်ဖြစ်လာဦးမလားဆိုတဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်ပါတော့တယ်။ လူ့ဘ၀ကတည်းက သူ့ကို သူငယ်ချင်းလိုသဘောထားခဲ့တဲ့၊ အခုချိန်မှာဇွမ်ဘီတစ်ပိုင်းဖြစ်နေပြီးဖြစ်တဲ့ကောင်မလေးက အခုလိုဘ၀မှာမှ သူ့မေတ္တာတွေကို နားလည်နိုင်လာဦးမှာလား? တက်ကြွနေတဲ့ ကြက်ဖရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ အိမ်မက်ထဲက နတ်သမီးလေးပဲဖြစ်နေဦးမှာလား?ဇွမ်ဘီမလေးတစ်ယောက်ကို ချစ်မိတဲ့ ဇာတ်လမ်းဆိုတော့ Warm Bodies နဲ့တူနေမလားဆိုရင် ...
movie

My Zombabe (2024)

Civil War (2024)
Civil War (2024) A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie

Civil War (2024)

4K HEVC
Hot Fuzz (2007) 7.9
Hot Fuzz (2007) သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie

Hot Fuzz (2007)

2007
4K HEVC
Sometimes Always Never (2018) 6.3
Sometimes Always Never (2018)  ခရစ်ယာန်ကျမ်းစာတွေထဲမှာ ပျောက်သောသားအကြောင်းရေးသားထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။အဲ့ဒီ ပျောက်သောသားဆိုတာက အိမ်ရဲ့စည်းစိမ်တစ်ဝက်ကို ယူကာအိမ်ကနေဆင်းသွားပြီး သုံးဖြုန်းလို့ ကုန်တော့မှ အိမ်ကိုပြန်လာတဲ့သားအကြောင်းပဲ ဖြစ်ပါတယ်။အဖေဖြစ်သူက အဲ့ဒီပျောက်သောသားပြန်လာတဲ့အခါမှာ စိတ်မဆိုးမငြိုငြင်တဲ့အပြင် အိမ်ရဲ့ကျွဲနွားတစ်ဝက်ကိုသတ်ပြီးစားသောက်ပွဲကြီးလုပ်ပေးတဲ့အပြင်လက်စွပ်တစ်ကွင်းပါ ပြန်လာတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာ ဘေးနားကနေရပ်ကြည့်နေရတဲ့ လူကတော့အဖေ့နားမှာပဲ ကျန်ပြီး အစစအရာရာကူလုပ်ပေးခဲ့တဲ့လိမ္မာတဲ့သားပါပဲ။အခုတင်ဆက်ပေးမဲ့ Sometimes Always Never ဆိုတဲ့ဇာတ်ကားကလည်းအဲ့ဒီအကြောင်းအရာကို Live Actionပြန်ရိုက်ထားသလားတောင် ထင်ရပါတယ်။2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပြီး IMDbRating 6.3 ရရှိထားပါတယ်။ဇာတ်ကားလေးရဲ့ အကျဉ်းချုပ်ကတော့ အထက်မှာပြောခဲ့သလိုပဲ အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းကအိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းကစပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီးသူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲသည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန်လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feelingမတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File ...
movie

Sometimes Always Never (2018)

The Town that Dreaded Sundown (2014)
The Town that Dreaded Sundown (2014)  ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ...
movie

The Town that Dreaded Sundown (2014)

White Rose (2024) 6
White Rose (2024) White Rose (2024) "နှင်းဆီဖြူ" IMDb - 7.2/10နာမည်ကြီးမင်းသမီးချော Anandhi ပါဝင်ထားပြီးတော့ မှုခင်းဘက်ဆိုင်ရာထောက်လှမ်းစုံစမ်းရေးတွေကို သဘောကျနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်စေမှာပါ ဇာတ်လမ်းအစမှာတော့ တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ် အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစ ခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာ‌ကြောင့် ကွင်းဆက်လူသတ်မှုလို့‌ရဲတွေက ကောက်ချက်ချထားပါတယ်တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင် နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့ မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန် လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့ အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေ အချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့...သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့...(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 1.8GB / 753MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

White Rose (2024)

2024
Mother’s Day (2010) 6.2
Mother’s Day (2010)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren LynnBousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိရရှိထားပါတယ်..ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , PartrickJohn Flueger , Warren Kole စတဲ့နာမည်ကြီးမင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime Kingစတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက်ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက်ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်းဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ်ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကိုခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်းပါသွားပြန်ပါတယ် ...
movie

Mother’s Day (2010)

Swamp Thing (1982) 5.3
Swamp Thing (1982) ဇာတ်လမ်းလေးဟာ ၁၉၈၂ ကထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး ယခုခေတ်နဲ့မတူတဲ့ ကင်မရာရှုထောင့်တွေစကားလေသံ အပြောအဆိုတွေနဲ့ ရွံ့ညွန်သဘာဝတောကြီးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ကျွန်တော်တို့ သက်ရှိမျိုးရိုးဗီဇတွေမှာ လူတွေနဲ့ အပင်တွေဟာ မတူကြပါဘူး။ အဲ့ဒါကို ပေါင်းစပ်ပြီးလူတွေရဲ့ ကောင်းကျိုးအတွက် အသုံးချဖို့ ဒေါက်တာ အဲလက်ဟော်လန်၊ သူ့ရဲ့ညီမဖြစ်သူနဲ့ အခြားအစောင့်အရှောက်တွေဟာ ရွံ့ညွန်တောကြီးတစ်ခုမှာ လျို့ဝှက်ပရောဂျက်အဖြစ် လုပ်ကိုင်နေခဲ့ ကြပါတယ်။တစ်နေ့မှာသူတို့ရဲ့ အစောင့်တွေထဲကတစ်ယောက် မိကျောင်းကိုက်ခံရလို့ဆိုပြီး ကူပေးဖို့ အေးဂျင့်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲလစ်စ် ကေဘယ်လ်ကို ခေါ်ခဲ့ပါတယ်။ သူရောက်လာပြီးမှ ဖော်မြူလာထုတ်တာ အောင်မြင်သွားပြီး အောင်မြင်တဲ့ညမှာပဲ သူတို့ရဲ့ဖော်မြူလာကို လုယူဖို့အကောက်ကြံနေတဲ့ လူတစ်စုရောက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲ မတော်တဆ ဖော်မြူလာဟာ ဒေါက်တာဟော်လန့်ပေါ်ကို လောင်းမိသွားပြီး အပင်နဲ့လူသားစပ် သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပါတော့တယ်။ ဆိုတော့ အဲလစ်စ်ကေဘယ်လ် ရောက်လာပြီးမှ ဖော်မြူလာရသွားတာဖြစ်သလို ရရချင်းမှာပဲ တိုက်ခိုက်လုယူခံရတာဆိုတော့ အဲလစ်စ်နဲ့ဘာတွေ ဘယ်လိုပတ်သက်နေမလဲ ဘာတွေဆက်မဖြစ်လဲ ဆိုတာကတော့ ဇာတ်ကားလေးကို ဒေါင်းလုဒ်ကြည့်ရှုရင်း ခံစားအဖြေရှာနိုင်မှာပါခင်ဗျာ။File size…   1.6 GB / 715 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ...
movie

Swamp Thing (1982)

Chillerama (2011) 5.6
Chillerama (2011) (ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ)Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ...
movie

Chillerama (2011)

The Eye (2008) 5.4
The Eye (2008)  Horror ကားလည်း ကြည့်ချင်တယ် ..သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး ..ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာစိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီးမင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင်ကောင်မလေးနေရာမှာ Jessica Alba က အထူးသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်ကအသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီးဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက်ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာအစားထိုးကုသခဲ့တယ်။ဇာတ်လမ်းက ဒီမှာ စတာပါ။မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင်ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ပုံရိပ်တွေ ..မီးလောင်နေတာတွေ ..လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလိုဖြစ်လာတယ် ..ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ?ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ?ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေရှိနေသလဲ စတဲ့ ...
movie

The Eye (2008)

[21+] Superb Body Fulfills All Ideals – Yua Mikami (Decensored – SSIS-062)
[21+] Superb Body Fulfills All Ideals – Yua Mikami (Decensored – SSIS-062)  Yua Mikami ဆိုတဲ့ မင်းသမီးလေးကတော့ ပရိသတ်ကြီးကို ထွေထွေးထူးထူးမိတ်ဆက်စရာမလိုလောက်တဲ့ မင်းသမီးလေးတလက်ပါပဲ.....ချစ်စဖွယ်မျက်နှာထားလေးရယ် ဝင်းပလှတဲ့အသားအရေလေးရယ် အသံဆာဆာလေးရယ်ကို ပြစ်မျိုးမှဲ့မထင် ကျစ်လျစ်လှတဲ့ ခန္ဓာကိုယ်လေးနဲ့ ဖြည့်စွက်ထားတဲ့ အပြင် သရုပ်ဆောင်ကလည်း အင်မတန်ကောင်းတော့ တော်တော်များများရဲ့ အားပေးမှုရရှိထားတဲ့ မင်းသမီးလေးတလက်ပါပဲ......SSIS-062 ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ အခန်းဆက်လေးတွေနဲ့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အမျိုးမျိုးချပြတင်ဆက်ထားတဲ့ကားလေးမို့ သူ့ကိုကြိုက်တဲ့ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းလောက်မဲ့ ကားလေးတစ်ကားပါပဲ......ဘယ်လိုတင်ဆက်ဖျော်ဖြေထားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦးလို့......(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(3.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Eren
movie

[21+] Superb Body Fulfills All Ideals – Yua Mikami (Decensored – SSIS-062)

Crew (2024) 6.4
Crew (2024) Crew (2024) "မဒီသုံးဖော်"IMDb - 6.4/10တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို ... ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Crew (2024)

2024
Tatsama Tadbhava (2023) 6.8
Tatsama Tadbhava (2023) Tatsama Tadbhava (2023) "ထို့အတူ..." IMDb - 6.9/10တကယ်ကောင်းတဲ့ရုပ်ရှင်ဆိုပြီး ခင်ဗျားတို့တွေ ဝေဖန်လေကန်လို့ရလောက်မဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်ကားကောင်းကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင် ရုံတင်တဲ့အချိန်တုန်းက ကန်နာဒါထိပ်ဆုံးရုပ်ရှင်ဆယ်ကားစာရင်းမှာ နံပါတ်တစ်နေရာမှာ ရှိနေခဲ့တာ။မင်းသမီး Meghana Rajရဲ့ comebackရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ပဲ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခုမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ မင်းသားကလည်း အိန္ဒိယရုပ်ရှင်ပရိသတ်နဲ့မစိမ်းတဲ့ Prajwal Devaraj။ဇာတ်လမ်းက သည်းထိပ်ရင်ဖိုအမျိုးအစား မှုခင်းဇာတ်လမ်း။ အမျိုးသမီးတစ်ယောက် ခင်ပွန်းသည်ဖြစ်သူပျောက်လို့ လိုက်ရှာရာကနေစတဲ့ဇာတ်လမ်း။ လူပျောက်မှုကနေ လူသတ်မှုလား လူသေမှုလားဆိုတဲ့ အခြေအနေတစ်ခုကိုပြောင်းသွားတယ်။ နောက်ကွယ်က ရှုပ်ထွေးလွန်းတဲ့ ဇာတ်ကောင်ရဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကပိုပြီး စိတ်ဝင်စားဖို့ကောင်းလာခဲ့။ရဲစခန်းထဲကနေ ထိုင်ကြည့်နေရသလို ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်စိတ်နဲ့ တစ်ခန်းချင်းဆွဲခေါ်သွားပေးမဲ့ဇာတ်လမ်းမျိုးမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.3GB / 565MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Tatsama Tadbhava (2023)

2023
No content available

Genres

Archives