Channel Myanmar

New releases (2025)

Content at random


Movies

SEE ALL
Mokshapatam (2025) 5.7
Mokshapatam (2025) Mokshapatam (2025)"အိတ်တစ်လုံးဇာတ်လမ်း"မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါသူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ်ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ်တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 14min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mokshapatam (2025)

Ocean with David Attenborough (2025) 8.6
Ocean with David Attenborough (2025) "Ocean with David Attenborough"ကျွန်တော်တို ပင်လယ်သမုဒ္ဒရာတွေရဲ့ လက်ရှိအခြေအနေကို ပိုပြီးပြင်းထန်တဲ့ သတင်းစကားနဲ့ ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဒီရုပ်ရှင်ဟာ ပင်လယ်ပြင်က လှပတဲ့ သက်ရှိတွေကို ပြသထားသလိုပဲ၊ ကျွန်တော်တိုလူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပျက်စီးဆုံးရှုးမှုတွေကိုလည်း မဖုံးကွယ်ဘဲ တည့်ဖော်ပြသွားပါတယ်။ဥပမာအားဖြင့်၊ အစုလိုက်အပြုံလိုက် ရေအောက်ငါးဖမ်းခြင်းနဲ့ သန္တာကျောက်တန်းတွေ ပမာဏကြီးမားစွာ ဖြူဖျော့သွားတာမျိုးတွေကို တွေ့ရပါမယ်။အက်တင်ဘိုရိုးရဲ့ အဓိက သတင်းစကားကတော့ သမုဒ္ဒရာဟာ ကမ္ဘာမြေပေါ်မှာ အရေးအကြီးဆုံးနေရာဖြစ်ပြီး ကျွန်တော်တို ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုအတွက် အသက်သွေးကြောပဲလို ဆိုပါတယ်။ဒါပေမယ့် သူက သမုဒ္ဒရာတွေ ကျန်းမာရေး မကောင်းဘူးဆိုတာကိုလည်း ပြောပြပါတယ်။ကောင်းတဲ့အချက်ကတော့ သူက မျှော်လင့်ချက်ပေးပါတယ်။ ကျွန်တော်တို အခုချက်ချင်း ဆောင်ရွက်နိုင်ရင်၊ သမုဒ္ဒရာတွေဟာ ကျွန်တော်တို ထင်တာထက် ပိုမြန်မြန် ပြန်ကောင်းလာနိုင်တယ်လို ဆိုပါတယ်။ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ File size…1.8 GB / 900 MB Quality…WEB DL 1080p ...
movie

Ocean with David Attenborough (2025)

Fierce Killer Marsupial (2025)

Fierce Killer Marsupial (2025)

Foremost by Night (2024)
Foremost by Night (2024) ဒီဇာတ်လမ်းလေးကတော့ Crime/ Drama အမျိုးအစားဖြစ်ပြီး စပိန်နိုင်ငံအတွင်း Francisco Franco အာဏာရစဥ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုတွေကိုအခြေခံထားပြီး အဲဒီကာလမှာသားကောင်ဖြစ်ခဲ့ရတဲ့သူတွေဖြစ်တဲ့ Vera, Egoz နဲ့ Cora ဆိုတဲ့ လူသုံးယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ခိုးယူခံလိုက်ရတဲ့မိမိရဲ့ရင်သွေးကိုရှာဖို့အတွက် နည်းမျိုးစုံကြံစည်ရင်း ရှာဖွေနေတဲ့ Vera ဟာ ခိုးယူမှောင်ခိုကူးခံလိုက်ရတဲ့သားတစ်ဖြစ်လည်း ကလေးမရနိုင်တော့လို့ ကလေးမွေးစားဖြစ်ခဲ့တဲ့ Cora ဆိုသူအမျိုးသမီးရဲ့ မွေးစားသားအဖြစ် Egoz တို့ဟာ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ တွေ့ဆုံကြရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အခုလိုတွေ့ဆုံဖြစ်ကြရင်း Vera က သူရဲ့နောက်ထပ်ဆန္ဒတစ်ခုဖြစ်တဲ့ မှောင်ခိုသမားတွေကို လက်စားချေဖို့ကြိုးစားရမှာပါ။ဒီလိုနဲ့ Vera ရဲ့အကြံအစည်တွေဟာ အောင်မြင်သွားမလား သူတို့သုံးယောက်ကရော ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကြည့်ရှုရင်း စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုရဲ့ နောက်ကွယ်က ဆိုးရွားတဲ့အကြောင်းအရာတချို့ကို တစေ့တစောင်းသိရှိနိုင်မယ့် စပိန်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Mystery, Crime  Subtitle….Myanmar ...
movie

Foremost by Night (2024)

What No One Knows (2024)
What No One Knows (2024) ဇာတ်လမ်းက ဆယ်ကျော်သက်အရွယ်ကတည်းက ရင်းနှီးခဲ့တဲ့ Oriyomi နဲ့ Ifelolu ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း ပါ။Oriyomi က မိဘမဲ့ဖြစ်ပြီးတော့ အင်္ဂလန်ကနေ လာဂို့စ်ကို ပြန်လာနေထိုင်တဲ့သူ၊ Ifelolu ကတော့ အစ်ကိုဖြစ်သူ ဆုံးသွားပြီးနောက် တစ်ဦးတည်းသောသားဖြစ်လာတယ်။ သူတို့နှစ်ယောက်က လာဂို့စ်မှာ တွေ့ဆုံပြီး မတူညီတဲ့ ပင်ကိုယ်စရိုက်တွေရှိပေမယ့် ခိုင်မာတဲ့ သံယောဇဉ်တစ်ခု ဖြစ်လာတယ်။ အရွယ်ရောက်လာတော့ Mama 'O' Events ဆိုတဲ့ ပွဲစီစဉ်တဲ့ ကုမ္ပဏီတစ်ခုကို အတူတည်ထောင်ပြီး Oriyomi က မုန့်ဖုတ်တဲ့သူ၊ Ifelolu က ဓာတ်ပုံဆရာမအဖြစ် လုပ်ကိုင်ကြတယ်။ သူတို့ဘဝထဲမှာ အချစ်ရေးတွေ ဝင်လာတယ်။ Oriyomi က သူ့ရဲ့ ငယ်ချစ်ဦး Akin နဲ့ ပြန်ဆုံပြီး လက်ထပ်တယ်။Ifelolu ကတော့ Akin ရဲ့ သူငယ်ချင်း Efe နဲ့ လက်ထပ်တယ်။ ...
movie

What No One Knows (2024)

Drive Back Home (2024)
Drive Back Home (2024) Drive Back Home” (2024) ဇာတ်ကားက ၁၉၇၀ ခုနှစ်က ကနေဒါရဲ့ ဆောင်းရာသီမှာ တည်ထားတဲ့ ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ဇာတ်လမ်းက ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ခံစားမှုအပြည့်နဲ့ ရိုက်ပြထားတယ်။ ဝဲလ်ဒန် (Weldon) ဆိုတဲ့ နယ်မြို့လေးက ရိုးသားတဲ့ ပိုက်ပြင်သမားတစ်ယောက်ဟာ သူ့အစ်ကိုဖြစ်သူ ပါလီ (Perley) ကို ထောင်ကနေ လွှတ်ပေးဖို့ မိခင်ရဲ့အမိန့်နဲ့ တိုရွန်တိုကို ခရီးထွက်ရပါတယ်။ ပါလီဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ပြီး အဲဒီခေတ်က လူထုအလယ်မှာ လိင်ဆက်ဆံတာကြောင့် ဖမ်းခံရတာပါ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ အဝေးမှာ နေခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မိခင်ရဲ့ ဆန္ဒအရ နယူးဘရန်းစဝစ်ကို အတူတူ ကားနဲ့ ပြန်လာရပါတယ်။ဒီခရီးစဉ်က ရိုးရှင်းတဲ့ အိမ်ပြန်လမ်းတစ်ခုမဟုတ်ဘဲ သူတို့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေ မိသားစုရဲ့ ဖိနှိပ်မှုတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ဘက်လိုက်မှုတွေကို ရင်ဆိုင်ရတဲ့ စိတ်ခံစားမှု ခရီးတစ်ခုပါပဲ။ ဝဲလ်ဒန်ရဲ့ ...
movie

Drive Back Home (2024)

Neighborhood Watch (2025)
Neighborhood Watch (2025) IMDb - 6.1/10 R-ratedNeighbourhood Watch ဆိုတာ ရပ်ကွက်အတွင်းက ပြည်သူတွေ စုစည်းပြီး ရာဇဝတ်မှုနဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်တွေကတော့: * ရပ်ကွက်တွင်း လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ အသိပညာပေးခြင်း။ * ရပ်ကွက်ကို လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း။ * ရာဇဝတ်မှုနဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သတင်းပို့ခြင်း။ * ရပ်ကွက်အတွင်းမှာ အချင်းချင်းသိကျွမ်းပြီး ကူညီပံ့ပိုးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်း။ * ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်အခု ဇာတ်လမ်းမှာတော့ စိတ္တဇရောဂါသည် ဆိုင်မန် (Jack Quaid) ဟာ မိန်းကလေးတစ်‌ယောက်ကို ပြန်ပေးဆွဲသွားတာ မြင်လိုက်ပြီး ရဲသွားတိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်တောင် မရှိတာတွေ အရှိထင်၊ မြင်၊ ကြားနေတဲ့အတွက် ရဲကလည်း သူ့ကို ...
movie

Neighborhood Watch (2025)

Bolt from the Blue (2024) 5.0
Bolt from the Blue (2024)  Bolt from the Blue (2024)Alaska က ကျွန်းမြို့တစ်ခုကို အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Mia က သုတေသနတစ်ခုအတွက် ရောက်လာခဲ့တယ်။Mia ရဲ့ အလုပ်က လျှပ်စီးတန်းတောင်ကြား သုတေသနအဖွဲရဲ့ နည်းပညာတွေကို ခိုးယူပြီး သူ့ရဲ့ကုမ္ပဏီမှာ ပြန်ဖန်တီးလိုရအောင် အချက်အလက်ရယူဖိုပါ။ဒါပေမဲ့ Mia တွေ့လိုက်ရတာက သူ မျှော်မှန်းထားခဲ့သလို စစ်မှန်တဲ့ သိပ္ပံနည်းကျ သုတေသနအဖွဲအစည်းတစ်ခုမဟုတ်ဘဲ ဒဏ္ဌာရီလာပုံပြင်တစ်ခုလိုစိတ်ကူးယဉ်အတွေးနဲ့ သူ့ကိုယ်သူ မိုးကြိုးဖမ်းသမားလို အခိုင်အမာယုံကြည်နေတဲ့ Lucas နဲ့ သူ့နောက်ကို ကင်မရာ တကောက်ကောက်နဲ့လိုက်နေတဲ့ Clem ဆိုတဲ့ ကြောင်တောင်တောင် လူနှစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ Mia မဖြစ်နိုင်ဘူးလိုထင်ခဲ့တဲ့ Lucas ရဲ့ မိုးကြိုးဖမ်းဖို မစ်ရှင်ကို ပူးပေါင်းလေ့လာရင်း Mia ရဲ့ အမြင်တွေ ပြောင်းလာမလား၊Lucas ရဲ့ အိပ်မက်တွေက ဒဏ္ဌာရီသက်သက်မဟုတ်ဘဲ အစစ်အမှန်ဖြစ်နေမလား ဆိုတာကိုတော့ ...
movie

Bolt from the Blue (2024)

2024
The Ruck March (2025)
The Ruck March (2025) The Ruck March ဆိုတာကတော့ ကန္တာရထဲမှာ 16 နာရီကြာ အလေးတွေသယ်ပြီး ခက်ခက်ခဲခဲခြေကျင်လမ်းလျှောက်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ မြို့ထဲမှာ ဒီပြိုင်ပွဲအကြောင်းလက်ကမ်းစာစောင်ဝေနေတာကိုတွေ့ခဲ့တဲ့ Alanah တစ်ယောက် စိတ်ဝင်စားသွားပြီး သူ့သူငယ်ချင်း Emily ကိုပါဝင်ပါဖို့ အဖော်ဆွယ်ပါတော့တယ်။ဒီလိုနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဒီပွဲအတွက်အတူတူလေ့ကျင့်ကြပါတော့တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက ထင်ထားသလိုရိုးရိုးရှင်းရှင်းစိတ်နဲ့ခန္ဓာရဲ့ ခံနိုင်စွမ်းကိုစစ်ဆေးရုံသက်သက်မဟုတ်ဘဲ နောက်ကွယ်မှာကြောက်စရာလျှို့ဝှက်ချက်ရှိနေတဲ့အခါ… အဲ့ဒီကြောက်စရာလျှို့ဝှက်ချက်ကဘာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲအဖြေရှာကြည့်လိုက်ပါတော့… Found footage horror ကြိုက်သူတွေအတွက် ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်ပါတယ်File size…(1.3 GB)/(759 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L
movie

The Ruck March (2025)

Séance Games: Metaxu (2024)
Séance Games: Metaxu (2024) ဆိုရှယ်မီဒီယာကနာမည်ကျော်ဆယ်လီလေးယောက်ဖြစ်တဲ့ မော်ဂန်, ကာထရီနာ, တွမ်မီနဲ့ စတီဗန်တို့သူငယ်ချင်းလေးယောက်ဟာ Metaxu ဆိုတဲ့ ဝိဥာဥ်များနဲ့ဆက်သွယ်ခြင်းကစားပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပြီး ဆုကြေးငွေ ဒေါ်လာ 1.2 သန်းကိုရရှိဖို့စိတ်အားထက်သန်နေပါတယ်အဲ့ဒါကြောင့် သရဲခြောက်ပြီးကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးတဲ့ဟော်တယ်အဟောင်းကြီးတစ်ခုမှာ နှစ်ညအိပ်သွားရောက်နေထိုင်ပြီး ဝိဥာဥ်တွေခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လုပ်ပါတယ တကယ်လည်း အဲ့ဟော်တယ်ကြီးကကျောချမ်းဖွယ်ဖြစ်ပြီး သူတို့လေးယောက်ဝိဥာဥ်ဆင့်ခေါ်ရာကနေ ငရဲတံခါးကိုဖွင့်မိလိုက်တဲ့အခါ.....ဒီဇာတ်ကားဟာ IMDB rating 3.3/10 ပဲရှိတာကြောင့် အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ အပျင်းပြေကြည့်ရှုနိုင်မှာပါFile size…(1.2 GB)/(717 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane
movie

Séance Games: Metaxu (2024)

Everything’s Fifty Fifty (2024) Alles Fifty Fifty 6.3
Everything’s Fifty Fifty (2024) Alles Fifty Fifty  Alles Fifty Fifty (2024)IMDb Rating (6.3) ဇာတ်လမ်းအကြောင်းအရာကတော့ ကွာရှင်းထားတဲ့ရှေ့နေလင်မယား နှစ်ယောက်မှာသားလေးတစ်ယောက်ရှိပါတယ်။သူတို့လင်မယားက သားလေးအတွက် အားလုံး50-50 စီလုပ်ပေးကြတာပါ။ဒီနေ့ အမေဆီမှာအိပ်ရင် မနက်ဖြန် အဖေဆီမှာအိပ်တယ်..အဲ့လိုနဲ့ တစ်ရက်မှာ ကွာရှင်းထားတဲ့လင်မယားနှစ်ယောက်ရယ် သူတို့သားလေးရယ် ကွာရှင်းထားတဲ့မိန်းမရဲ့ကောင်လေးရယ် လေးယောက်သား အီတလီက ကမ်းခြေဆီကို ခရီးထွက်ကြပါတယ်။အဲ့ဒီမှာ သူတို့သားလေးကို ရေကူးသင်ခိုင်းတယ်.. သူတို့သားကလဲ ရေကိုကြောက်တယ် မိဘတွေလုပ်ခိုင်းတဲ့ ဝါသနာတွေကိုလဲ စိတ်မဝင်စားဘူး..သူတို့လင်မယားနှစ်ယောက် သားလေးကို ဘယ်လို ပြုစုပျိုးထောင်သွားကြမလဲ သူတို့လင်မယားနှစ်ယောက်ကကော ဘယ်လိုဖြစ်သွားမလဲ‌ဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့ပဲ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (2.2 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:52:49 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated ...
movie

Everything’s Fifty Fifty (2024) Alles Fifty Fifty

2024
Friendship (2025) 7.4
Friendship (2025)  IMDb 7.4 , Rotten Tomatoes 88% ရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Tim Robinson အတူ နာမည်ကြီးမင်းသားကြီး Paul Rudd ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်..ဇာတ်လမ်းအကျဉ်း ++++++++++ခရစ်ချ်ဝါးတားမန်းဆိုသူက ကင်ဆာပျောက်ကင်းခါစ မိန်းမဖြစ်သူ၊ ဆယ်ကျော်သက်သားငယ်တို့နဲ့ အတူနေထိုင်တဲ့ မားကတ်တင်းပိုင်းလုပ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ဦးပေါ့ ။နေတဲ့အိမ်ကိုရောင်းပြီး ပြောင်းရွှေ့ဖို့ပြင်ကာမှ သူတို့အိမ်နားကို လူသစ်တစ်ဦးပြောင်းလာတယ် ။စာပို့သမားကောင်းမှုကြောင့် ခရစ်ခ်ျက အော်စတင်မည်တဲ့ အဲ့လူသစ်ကို မြန်မြန်ဆန်ပဲ ခင်မင်သွားခဲ့ပြီး လူမှူဆက်ဆံရေးမှာ သိပ်ညံ့တဲ့ ခရစ်ခ်ျနဲ့ပြောင်းပြန် လူချစ်လူခင်ပေါအောင်နေတတ်တဲ့လူသစ်ကြောင့် ခရစ်ခ်ျက သူ့ကို အတော်သဘောကျသွားတယ် ။ပြိုပျက်မလိုဖြစ်နေတဲ့ သူ့အိမ်ထောင်ရေးအပြင် အလုပ်ဆက်ဆံရေးမှာပါ အော်စတင်ကို အတုယူပြီး ခရစ်ခ်ျအတွက် အဆင်ပြေစပြုလာတယ် ။ဒါပေမဲ့ တစ်နေ့ကျ ကိစ္စတစ်ခုဖြစ်သွားပြီးနောက်မှာ ရှေ့တင်ရော နောက်ကွယ်မှာပါ အော်စတင်က သူ့ကိုရှောင်တော့တာပဲ ။ဒါကိုလက်မခံနိုင်တဲ့ အစွဲအလမ်းသိပ်ကြီးတဲ့ ခရစ်ခ်ျကလည်းထူးထူးဆန်းဆန်းတွေစလုပ်လာချိန်မှာ ပြန်ကောင်းမလိုဖြစ်နေခဲ့တဲ့ သူ့မိန်းမနဲ့ကြား အိမ်ထောင်ရေးက ပိုပြီးတောင် ယိုယွင်းသွားခဲ့တာကပဲ ခရစ်ခ်ျကို အဆုံးစွန်ထိဖြစ်အောင် ...
movie

Friendship (2025)

To Me, the One Who Loved You (2022) 6.9
To Me, the One Who Loved You (2022) To Me, the One Who Loved You (2022) IMDB – 6.9/10, MyAnimeList – 7.4/10ဒီကားကို မကြည့်ခင် ပထမဦးဆုံးပြောချင်တာကတော့ သူနဲ့အတူတူ တွဲထွက်လာတဲ့အမွှာရုပ်ရှင် “To Every You I've Loved Before” ကို ပစ်ပယ်ထားလို့မရပါဘူးဘာလို့လဲဆိုတော့ သူတို့နှစ်ကားက အလင်းနဲ့အမှောင်လို ဟန်ချက်ညီစွာ ယှဉ်တွဲနေလို့ပဲ ဖြစ်ပါတယ်။ဒီတော့ တစ်ခုမေးစရာရှိတာက ဒီနှစ်ကားကို ဘယ်ကားအရင်စကြည့်ရမလဲဆိုရင်ကြက်ဥနဲ့ ကြက်ပြဿနာလို ဖြစ်နေမှာပါ။ ဆိုတော့ကား ပရိသတ်တို့ စိတ်ကြိုက်သာ ကြည့်ကြပါဘယ်လိုနေနေအဆင်ပြေပါတယ်။ ဒီ Anime နှစ်ကားတွဲရုပ်ရှင်လေးကတော့ ဂျပန်ရိုးရာမူမပြတ်Multiverse လိုအပြိုင်ကမ္ဘာနဲ့သက်ဆိုင်တဲ့ ထူးဆန်းထွေလာ အယူအဆအကြောင်းအရာတွေကိုလူလိုနားမလည်နိုင်အောင် ထည့်ထားပြီး ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတာပါ။ဒီကားလေးတွေကို ကြည့်မိတော့ တစ်ခုပြေးမြင်မိတာ အဆိုတော်မင်းသား Jared Leto သရုပ်ဆောင်ထားတဲ့Mr. Nobody ဆိုတဲ့ ရုပ်ရှင်ကိုပဲ။ အဲဒီကားမှာဆို ...
movie

To Me, the One Who Loved You (2022)

To Every You I’ve Loved Before (2022) 7.3
To Every You I’ve Loved Before (2022) IMDb 7.2/10 MyAnimeList 7.4/10To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာ Yomoji Otono ရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။​(နောက်အမွှာတစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း တင်ဆက်ပေးထားပါပြီ)။ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်းကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင်ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから(Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ်ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ဇာတ်လမ်းအကျဥ်းက​တော့Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲမူတည်ပါလိမ့်မယ်Spoilerပါးပါး​လေး​ပြောပါမယ်။ ...
movie

To Every You I’ve Loved Before (2022)

2022
The Rescuers Down Under (1990) 6.8
The Rescuers Down Under (1990) The Rescuers Down Under ဟာ ၁၉၉၀ ခုနှစ်က ထွက်ရှိခဲ့တဲ့Walt Disney ရဲ့ အဲနီမေးရှင်းရုပ်ရှင်တစ်ခုဖြစ်ပြီး ၁၉၇၇ ခုနှစ်ထွက် The Rescuers ရဲ့နောက်ထပ်စဉ်ကားပါ။ချစ်စရာကောင်းတဲ့ ကြွက်လေးတွေဖြစ်တဲ့ ဘာနာ့ဒ် နဲ့ မစ္စ ဘီအန်ကာ တို့ကသြစတေးလျနိုင်ငံကို ခရီးထွက်ပြီး ကိုဒီ လို့အမည်ရှိတဲ့ကောင်လေးကိုအသုံးချပြီး ‌ရွှေသိန်းငှက်ကြီး မာရာဟုတေး ကိုဖမ်းဖို့လုပ်နေတဲ့ မက်လိချ် ဆိုတဲ့အန္တရာယ်ရှိတဲ့မုဆိုးတစ်ယောက်ထံကကယ်တင်ဖို့အတွက် စွန့်စားခန်းတစ်ခုလုပ်ကြပါတယ်။သြစတေးလျနိုင်ငံရဲ့ သစ်တောတောအုပ်ရဲ့ အလှတရားကို ဖော်ပြထားပြီး‌တော့ကြည့်ပျော်ရှုပျော်ရှိတဲ့ ကာတွန်းကားကောင်းတစ်ခုပါ။File size…    2.3 GB /  1.12 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 17m Genre ..... Animal Adventure / Animation / Comedy /Family Subtitle…. Myanmar Subtitle ...
movie

The Rescuers Down Under (1990)

Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) 8.2
Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) Kesari Chapter 2: The Untold Story of Jallianwala Bagh 2025 (ဂျယ်လီယန်ဝါလာဘာ့ဂ်သတ်ဖြတ်မှု)မင်းသားကြီး အရှေးကူးမားပါဝင် သရုပ်ဆောင်ထားတဲ့အပြင် Student of the Year 2 နဲ့ Pati Patni Aur Woh လို ရိုမန့် ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးလေး အာနန်ယာပန်ဒေးပါဝင်ထားပြီး သမိုင်းကြောင်းကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ ရုံတင်ကားကြီး ထွက်ရှိလို့လာပါပြီ။2019မှာ ထွက်ရှိခဲ့တဲ့ Kesari ဇာတ်လမ်းရဲ့ Spiritual Sequel အနေနဲ့ Chapter 2 ဆိုပြီး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Kesari မှာတော့ မွတ်ဆလင်များနဲ့ဖြစ်ခဲ့တဲ့ ၁၉ရာစုဝန်းကျင်က စစ်ပွဲကို အခြေခံထားခဲ့ပြီး ယခု Kesari Chapter 2 မှာတော့ ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုအကြောင်းကို အခြေခံထားပြီး ပန်ဂျပ်တို့ရဲ့ တော်လှန်လှုပ်ရှားပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူနာမည်ကြီးတဲ့ တခြားအချက်ကတော့ လိုက်တဲ့အမှုတိုင်းကို ...
movie

Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)

4K HEVC
Golden Slumber (2018) 6.8
Golden Slumber (2018) Golden Slumber (2018)**********************IMDb... 6.8 မင်းသားကြီး Kang Dong Won , အားလုံးရဲ့ အသည်းစွဲမင်းသမီးလေး Han Hyo Joo နဲ့အတူပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Dae Myung , Kim Eui Sung နဲ့Kim Sung Kyun တို့ အဓိက ပါဝင်ရိုက်ကူးထားတဲ့ action ,thriller ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။~ ဇာတ်လမ်းအညွှန်း ~ပါဆယ်လိုက်ပို့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အချိန်ကုန်ဆုံးပြီး ဖြတ်သန်းနေတဲ့သာမန်ပြည်သူလေး ဂင်ဂွန်းအူဟာ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိရှိမှုကြောင့် စံပြပြည်သူဆုကိုချီးမြှင့်ခြင်းခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့ သမ္မတလောင်း ယူယောင်းဂုရဲ့ သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီးလုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံရလိုက်တဲ့အခါမှာတော့....ရိုးသားကြိုးစားတဲ့ ဂင်ဂွန်းအူတစ်ယောက် စွပ်စွဲခံရတဲ့အမှုကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးပမ်းသွားမလဲ...သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ "စံပြပြည်သူ" ဆိုတဲ့ ဂုဏ်ပုဒ်လေးကိုရော အဖတ်ပြန်ဆယ်သွားနိုင်ပါ့မလား..ဆိုတာကို တော့ ဇာတ်ကားလေးထဲမှာပဲ... (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Golden Slumber (2018)

That Obscure Object of Desire (1977) Cet obscur objet du désir 7.8
That Obscure Object of Desire (1977) Cet obscur objet du désir  That Obscure Object of Desire (1977)IMDb Rating (7.8) / Rotten Tomatoes (97%) ပြင်သစ် Surrealist လှုပ်ရှားမှုတွေရဲ့အဓိကခေါင်းဆောင်တစ်ယောက်၊ Surrealism လက်ရာတွေရဲ့နာမည်ကျော်ဖန်တီးရှင် ဒါရိုက်တာကြီး Luis Buñuel ရဲ့နောက်ဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာရုပ်ရှင်သမိုင်းမှာ ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပြီးအကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆုနဲ့အကောင်းဆုံးဇာတ်ညွှန်းဆုတို့အော်စကာ ဆန်ကာတင်ဝင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ အိမ်အကူအသစ်မိန်းမလှလေး ကွန်ချီတာကိုအရူးအမူးစွဲလန်းသွားမိတဲ့ ပြင်သစ်လူကုံထံတစ်ယောက်နဲ့ နားလည်ရခက်ပြီး ပဟေဠိဆန်တဲ့၊ သူ့ကိုအချိုတွေပေးလိုက် အဆိပ်တွေကျွေးလိုက် ဆက်ဆံတတ်တဲ့ ကွန်ချီတာတို့ရဲ့အကြောင်းကိုဟာသနှောပြီးတင်ဆက်ထားတာပါ။ကွန်ချီတာရဲ့ပဟေဠိဆန်တဲ့စရိုက်နှစ်မျိုးအဖြစ် ဇာတ်ကောင်တစ်ကောင်တည်းကို မင်းသမီးနှစ်ဦးက အလှည့်ကျသရုပ်ဆောင်ထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။Surrealism အမျိုးအစားလို့ဆိုတဲ့အတွက်လည်း ဇာတ်လမ်းနဲ့မသက်ဆိုင်ဘူးလို့ထင်ရတဲ့ နိမိတ်ပုံတွေ ၊ ပြကွက်တွေကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ မြည်းစမ်းကြည့်သင့်တဲ့ လက်ရာတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(3.1 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:44:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ...
movie

That Obscure Object of Desire (1977) Cet obscur objet du désir

1977
The Z-Suite (2025)

The Z-Suite (2025)

2025
Ayyana Mane (2025) 8
Ayyana Mane (2025) Ayyana Mane (2025) ကျိန်စာလေလား သို့မဟုတ်...IMDb - 7.6/10ဒီတစ်ခါမှာတော့ CM Bollywood ပရိသတ်တို့အတွက် mystery thriller အမျိုးအစား မီနီစီးရီးလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျာဂျီတစ်ယောက် အာယာနာစံအိမ်ကြီးကို လက်ထပ်ဖို့အတွက် ရောက်လာပါတယ်။ ဒီမိသားစုက အရှင်ကွန်ဒါယာကို ကိုးကွယ်တာဖြစ်ပြီး ချွေးမသစ်လေးကို ကြိုဆိုဖို့အတွက် ပူဇော်ပွဲတွေပြင်ရဆင်ရနဲ့ အလုပ်များနေကြတာပေါ့။ဒီလိုနဲ့ ဂျာဂျီတစ်ယောက် အိမ်ထဲဝင်ဝင်ချင်းပဲ အကောင်းတိုင်းရှိနေတဲ့ သတို့သား ဒွတ်ရှ်ယန်တာရဲ့အဖေက ကောက်ခါငင်ခါ နှလုံးဖောက်ပြီးဆုံးသွားပါသတဲ့။ ဒီလိုနဲ့ မင်္ဂလာအိမ်ကနေ နာရေးအိမ်ဘဝပြောင်းပြီး ညီအစ်ကိုတွေလည်း ဒေါသနဲ့ ရန်ဖြစ် ထိုးကြိတ်ကြရင်းပေါ့။ဒါပေမဲ့ ဂျာဂျီအတွက် ထူးဆန်းနေတာက အဘိုးကြီးရဲ့နာရေးကို ဘယ်သူ့ကိုမှမခေါ်ဘဲ မိသားစုဝင်တွေပဲ ပြင်ဆင်နေကြတာပါပဲ။ဒီလိုနဲ့ သိချင်စိတ်ကိုတားမရလို့ ဒွတ်ရှ်ယန်တာရဲ့ အစ်ကိုတွေရဲ့ဇနီးတွေအကြောင်းမေးရာက အာယာနာမိသားစုက ချွေးမတွေအကုန် သေသွားပြီဆိုတဲ့အကြောင်း သိလိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)File Size – 300 MB (Appx;)@EpisodeQuality ...
8
TMDb: 8/10 1 votes
tv

Ayyana Mane (2025)

2025
Rak Salap Lai (2025) Season 1
Rak Salap Lai (2025) Season 1 အသွင်ပြောင်းချစ်ခြင်း=============အမြွှာညီအစ်မ ခရင်မ်နဲ့ကိတ်က ဝါသနာပါရာ တစ်ယောက်တလမ်းစီလျှောက်နေကြသူတွေပါ တရက်မှာတော့ ခရင်မ်က ကျောင်းတုန်းက crushဖြစ်သူ တွန်နဲ့ ဖက်ရှင်ပြိုင်ပွဲမှာ ပြန်ဆုံဖိုဖြစ်လာပါတယ်ခရင်မ်က ငယ်ငယ်တုန်းက crushအငြင်းခံထားရတဲ့ စိတ်ဒဏ်ရာကြောင့် သူ့အရှေ့ထွက်ပြမရဲဖြစ်နေခဲ့ပါတယ် ဒါကြောင့် ကိတ်နဲ့ လူစားလဲခဲ့ပြီး ကိတ်ကပဲ ခရင်မ်အနေနဲ့ ပြိုင်ပွဲဆက်ပြိုင်ခဲ့ပြီး လူစားထိုးအနေနဲ့ပဲ ကိတ်က တွန်နဲ့ အလုပ်ဆက်လုပ်သွားရပါတော့တယ်ဒီလိုနဲ့ ကိတ်နဲ့ခရင်မ်နှစ်ယောက်လုံး တွန်ကို ကြိုက်မိသွားခဲ့ချိန်မှာတော့..............ဖန်စီအချစ်ဇာတ်ကားလေးဖြစ်တဲ့ “အသွင်ပြောင်းချစ်ခြင်း”ဇာတ်ကားမှာ ဆက်လက်ကြည့်ရှူရအောင်ပါနော် File size…(1.2 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:02 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Lei Wutyi Tun & Dao Season 1  Episode 01 720p  -  Telegram/Yoteshin /gdtot/ Megaup / UsersdriveEpisode 01 1080p  -  Yoteshin /gdtot/ ...

Rak Salap Lai (2025) Season 1

Black, White & Gray – Love Kills (2025)
Black, White & Gray – Love Kills (2025) Black, White & Gray - Love Kills (2025)"မသဲကွဲခြင်းများ" ============================================စိတ်ကူးယဉ်ဇာတ်လမ်းကိုမှ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ဖန်တီးထားတဲ့ ဟင်ဒီစကားပြော မှုခင်း Mockumentary လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက အိန္ဒိယမှာ လူသဝာ်မှုတစ်ခုဖြစ်သွားတယ်။ လူလေးယောက်သေခဲ့တဲ့ ကွင်းဆက်လူသဝာ်မှုပေါ့။ဒါပေမဲ့ အဲဒီကွင်းဆက်မှုရဲ့ သံသယတရားခံက လွတ်နေတယ်။နောက် ၂ နှစ် ကြာတဲ့အချိန်မှာ အဲဒီအမှုကို နိုင်ငံခြားသားသတင်းထောက်တစ်ယောက်က စိတ်ဝင်စားသွားတယ်။ အဲဒီအမှုနဲ့ပတ်သက်တဲ့သူတွေကို အင်တာဗျူးပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖိုလုပ်တယ်။ အဲဒီကနေ ဒီဇာတ်လမ်းတွဲဖြစ်လာတယ်။ဒီဇာတ်လမ်းတွဲက Pseudo documentary ဆိုပေမဲ့ ဇာတ်လမ်းချိတ်ဆက်ထားပုံတွေက ပရိသတ်ကို စကြည့်မိတာနဲ့ ဆုံးတဲ့ထိကြည့်ချင်အောင် ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ဒီအမှုမှာ တကယ်ကျူးလွန်ခဲ့တဲ့သူက တကယ်ပဲ သံသယတရားခံကောင်လေးလား၊ အမှန်နဲ့ အမှားဆိုတာ အဖြူမည်းသက်သက်ပဲလား၊ ဒီအမှုတွဲတွေက ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းတွဲထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ...။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 1 GB (Appx;)@EpisodeQuality – 1080p WEB ...

Black, White & Gray – Love Kills (2025)

2025
Delicious in Dungeon (2024) 8.545
Delicious in Dungeon (2024) Delicious in Dungeon (2024) IMDB – 8/10, MyAnimeList – 8.6/10၂၀၂၄ ခုနှစ်ရဲ့ အကောင်းဆုံး Anime ဆိုပြီး ရိုက်ရှာရင် ဘယ်လိုသတ်မှတ်ချက်မှာနေနေဒီဆရာသမားက Top 5 အတွင်း ဝင်ကိုဝင်နေတယ် နောက်ပြီး Rating တွေကိုလည်းကြည့်လိုက်ဦး။ ဝင်ရအောင် သူက ဘာတွေထူးခြားနေလို့လဲ၊ Dungeon ဝင်တာတွေParty ဖွဲ့တာတွေ စွန့်စားသူတွေ Isekai တွေဆိုတာ Anime လောကမှာကောင်းတာရှားပြီး မှိုလိုပေါက်နေတဲ့ ပေါကား Genre သာသာပေါ့။ ဒါပေမဲ့ကြည့်လိုက်တော့ ဝိုး… တကယ်ထူးခြားတာဗျို့။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးကျွန်တော် အရင်စပြောပြမယ်ဗျာ။ လျှို့ဝှက်နက်နဲပြီး ဆန်းကြယ်တဲ့ မြေအောက်Dungeon ကြီး တစ်ခုထဲမှာ MC တို့ ပါတီတစ်ဖွဲ့ နဂါးတစ်ကောင်ကိုချရင်း မနိုင်လို့ပြန်ဆုတ်လာကြတယ် ဒါပေမဲ့ MC ရဲ့ ညီမဖြစ်သူကိုတော့ ဟိုနဂါးက စားသွားရော။အဲဒီမှာ MC ...
8.545
TMDb: 8.545/10 222 votes
tv

Delicious in Dungeon (2024)

2024
Ransom Canyon (2025) 7.269
Ransom Canyon (2025) IMDb Rating 6.6/10Texas ရဲ့ နီရဲနေတဲ့ ကုန်းမြင့်တွေအောက်က Ransom Canyon ဒေသက အချစ်၊ မေတ္တာ၊ လျှို့ဝှက်ချက်တွေနဲ့ မွေးမြူရေးခြံပိုင်ရှင်တွေကြားက ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရမယ့် Ransom Canyon ဆီးရီးအသစ်.... ဒီ Season 1 မှာ အပိုင်း (၁၀) ပိုင်းပါဝင်ပြီး မွေးမြူရေးခြံတွေပိုင်တဲ့ မျိုးဆက်သုံးခုကြားက အားပြိုင်မှုတွေ၊ ကြေကွဲစရာအတိတ်တွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအချစ်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်... မိန်းမဖြစ်သူရော သားဖြစ်သူကိုပါ ဆုံးရှုံးထားရတဲ့ မွေးမြူရေးခြံပိုင်ရှင် Staten Kirkland..... သူ့အတွက် တစ်ဦးတည်းသောယုံကြည်အားကိုးရတဲ့မျှော်လင့်ချက်လေး Quinn O'Grady........ Staten Kirkland ဟာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှုတွေကနေ နလန်မထူနိုင်ခင်မှာပဲ သားဖြစ်သူရန်ဒယ်ဟာ ကားမတော်တဆမှုတစ်ခုကြောင့် သူ့မွေးနေ့မှာပဲ သေဆုံးခဲ့ပါတယ်....သူ့သားရဲ့ ကားမတော်တဆမှုဟာ မတော်တဆတစ်ခုမဟုတ်ဘဲ ပရောဂတစ်ခုခုပါဝင်နေမယ်ဆိုတာကို ယုံကြည်နေတဲ့ Staten Kirkland ဟာ ...
7.269
TMDb: 7.269/10 39 votes
tv

Ransom Canyon (2025)

2025
The Divorce Insurance (2025) [Complete]  8.8
The Divorce Insurance (2025) [Complete]  The Divorce Insurance (2025)****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး နောက်ဆုံးတော့ မင်းသား Lee Dong-Wook ရဲ့ Rom-Com ဒရမ်မာသစ်လေး ထွက်ရှိလာပြီဖြစ်ပါတယ်။Lee Dong-Wook နဲ့အတူ အားလုံးသိကြပြီးသား သရုပ်ဆောင်တွေဖြစ်တဲ့ Lee Joo-Bin, Lee Kwang-Soo,Lee Da-Hee တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။- ဇာတ်လမ်းအကျဉ်း -နိုဂီဂျွန်း (Lee Dong-Wook) က အာမခံကုမ္ပဏီမှာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အပြင်ပန်းမှာတော့အရည်အချင်းရှိပြီး ပြီးပြည့်စုံသူတစ်ဦးလို့ ထင်ရပေမဲ့ တကယ်တမ်းက သုံးကြိမ်တိတိတောင် ကွာရှင်းထားပြီးဇနီးဟောင်းတွေကို တစ်နှစ်စာ လုပ်အားခနီးနီးရှိတဲ့ မယားစရိတ်တွေ ပေးလိုက်ရတာဖြစ်လို့ မွဲပြာကျနေသူပါ။ဒါကြောင့်လည်း ဂီဂျွန်းက ကွာရှင်းခြင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ မမျှော်လင့်ဘဲ ဝင်လာတတ်တဲ့ဘေးအန္တရာယ်တစ်ပါးလို့ ယူဆပြီး ကွာရှင်းမှုနှုန်းတွေ မိုးထိုးတက်နေတဲ့ကာလမှာ ကွာရှင်းအာမခံမူဝါဒသစ်ကိုရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဂီဂျွန်းက ဂန်ဟန်ဒူး (Lee Joo-Bin)၊ ...
8.8
TMDb: 8.8/10 394 votes
tv

The Divorce Insurance (2025) [Complete] 

2025
Feel Good To Die (2018) (Complete) 6.4
Feel Good To Die (2018) (Complete) Feel Good To Die (2018)အပိုင်း (၁မှ၁၆) စ/ဆုံးဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~~ဘဲ့ဂျင်ဆန်း(Kang Ji Hwan) ဟာ ကုမ္ပဏီရဲ့ မာကတ်တင်းဌာနအဖွဲမှူးတစ်ယောက်ဖြစ်ပါတယ်...သူဟာ ထက်မြက်တယ်...စေ့စပ်တယ်... အကွက်စေ့တယ်.... သိပ်တော်တဲ့သူလို့ဆိုရပေမယ့် အတ္တကြီးသူမို့ လက်အောက်ငယ်သားတွေဆို အမှားလုပ်ရင် စာနာစိတ်တစ်ချက်တောင်မထားဘဲ ရက်ရက်စက်စက် ပြောဆိုတတ်တယ်.. အပြစ်ပေးတဲ့နေရာမှာလည်း အားမနာတတ်သလို ခေါင်းဆောင်ကောင်းဆိုတာထက် ခေါင်းရှောင်ကောင်းတဲ့သူဆိုရင်လည်းမမှားဘူး...ဒါ့ကြောင့် သူ့ကိုသေပါစေဆိုပြီး အချိန်ပြည့် ကျိန်ဆိုရလောက်အောင် လူမုန်းများလှတယ်...အဲ့ဒီလိုမုန်းတဲ့သူတွေထဲမှာ ဘဲဂျင်ဆန်းရဲ့အဖွဲ့ကလက်ထောက်မန်နေဂျာ မလေး ဖြစ်တဲ့လီရူဒါ (Baek Jin Hee) လည်းအပါအဝင်ပေါ့... ဒီလိုနဲ့ တစ်နေ့တော့ ဘဲ့ဂျင်ဆန်း နဲ့ လီရူဒါတို့ အတွက် မယုံကြည်နိုင်စရာအဖြစ်အပျက်ကြီး စပါတော့တယ်...ဒီအဖြစ်အပျက်ဟာ ၂ယောက်လုံးအတွက် သွေးပျက်စရာဖြစ်သလို ရှောင်လွဲလို့လည်းမရတဲ့အခြေအနေကြီးပါပဲ.... ဒီဇာတ်လမ်းတွဲဟာ သမရိုးကျဇာတ်လမ်းတွဲမဟုတ်ပါဘူး....Time Loop လိုမျိုး ဆန်းကျယ်တာတွေပါသလို.... လူတွေရဲ့ စိတ်နေစိတ်ထားတွေ ၊ လူ့ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်စဉ် နေထိုင်သင့်တာတွေကို စိတ်ဝင်စားစရာ ပညာသားပါပါ ပြသပေးထားပါတယ်... ရယ်လည်းရယ်ရသလို ဘာဆက်ဖြစ်မလဲ ရင်ခုန်ရတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါကုန်... Quality – HD-TV 1080p/ 720P Duration – 60min (@Episode) Subtitle – ...
6.4
TMDb: 6.4/10 7 votes
tv

Feel Good To Die (2018) (Complete)

2018
I’m Your Moon (2025) 6
I’m Your Moon (2025) I'm Your Moon (2025) *********************စ/ဆုံးသာသနာနှစ် ၂၄၅၆ခုနှစ် (သက္ကရာဇ် ၁၉၁၃ ခုနှစ်)မှာ သမီးတော်လေး ဖီရန်ဝါရီနဲ့ သမီးတော်လေး ဆာစီနဖာတို့ဟာ နေမင်းနဲ့ လမင်းလိုပဲ အမြဲအတူတူတွဲပြီး မတွေ့ရတတ်ပါဘူး...ဒါပေမဲ့လည်း သူတို့ရဲ့ မမျှော်လင့်တဲ့ ချစ်ခြင်းတွေနဲ့ နှလုံးသားရဲ့ ဆန္ဒတွေအရ အချစ်ကြီးချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကို ရောက်ရှိလို့လာခဲ့ပါတယ်...သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကြားမှာ ရိုးရာထုံးတမ်းဆိုတဲ့ မဟာတံတိုင်းကြီး ခြားနားလို့နေတဲ့အတွက် အချစ်ရေးဟာ မဖြောင့်ဖြူးခဲ့သော်ငြားလည်းသူတို့နှလုံးသားတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ အချစ်တွေကြောင့် သူတို့တွေဟာလည်း ဘဝတစ်ကွေ့မှာ ပြန်လည်ဆုံစည်းဖို့အတွက် ဖြစ်လာခဲ့ပါတော့တယ်...သာသနာနှစ် ၂၅၆၄ခုနှစ် (သက္ကရာဇ် ၂၀၂၁ခုနှစ်)မှာတော့ မင်းသမီးလေးနှစ်ယောက်ဟာ ကတ်ဆာကွန်နဲ့ အာထစ်ထန်အဖြစ် ပြန်လည်မွေးဖွားလာကြပါတယ်...ရှေးရေစက်တွေကြောင့် ပြန်လည်တွေ့ဆုံကြရပြီး သူတို့တွေရဲ့ အချစ်ပန်းလေးဟာလည်း ပြန်လည်ပွင့်လန်းလာခဲ့ပါတော့တယ်...သို့ပေမဲ့လည်း အချစ်စစ်မှန်ရင်မဖြောင့်ဖြူးဘူးဆိုတဲ့ စကားအတိုင်းပဲ ရိုးရာဓလေ့တွေက သူတို့ကို မတားဆီးနိုင်တော့ဘူးဆိုရင်တောင် သူတို့အတိတ်က အကြောင်းတွေက အခုလက်ရှိကာလမှာဘာတွေ ဂယက်လာရိုက်မလဲ...ဘဝဘဝတွေ ပြန်လည်တွေ့ဆုံခဲ့ကြပေမဲ့ အရင်ဘဝနဲ့ မတူဘဲ ဒီဘဝမှာ ...
6
TMDb: 6/10 votes
tv

I’m Your Moon (2025)

2025
Culinary Class Wars (2024) [Complete] 8.2
Culinary Class Wars (2024) [Complete] Culinary Class Wars (2024)*****************************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ Netflix မှာ ပြသပြီးနောက် တအား လူကြည့်များနေတဲ့Cooking Survival Show “Culinary Class Wars” ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီရှိုးလေးမှာတော့ ကိုးရီးယားမှ နာမည်ကြီးစားဖိုမှူး Baek Jong-Won နဲ့Michelin ကြယ်သုံးပွင့်ရစားဖိုမှူး Anh Sung-Jae တို့မှ အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ထားပြီးအချက်အပြုတ်နယ်ပယ်မှာ နာမည်ရကျော်ကြားပြီးသား White Spoon စားဖိုမှူး အယောက် ၂၀ ကိုသူတို့တွေလောက် လူမသိသေးပေမဲ့ နာမည်အတော်အသင့်ရှိထားပြီးသား Black Spoon စားဖိုမှူးအယောက် ၈၀ တို့မှ စိန်ခေါ်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။Round တစ်ခုချင်းစီမှာ မတူညီတဲ့ ဟင်းချက်မစ်ရှင်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမှာဖြစ်လို့နောက်ဆုံး အနိုင်ရရှိသူက White Spoon စားဖိုမှူးဖြစ်မလား Black Spoon စားဖိုမှူး ဖြစ်မလားဆိုတာကိုရင်ခုန်စွာနဲ့ ကြည့်ရှုပေးကြပါဦး။ (အညွှန်းကိုတော့ ...
8.2
TMDb: 8.2/10 8 votes
tv

Culinary Class Wars (2024) [Complete]

2024
The Queen’s Gambit(2020) 8.9
The Queen’s Gambit(2020) The Queen's Gambit(2020) 4K Update********************************IMDb..8.9 ဒီနှစ်ထဲမှာ ကျွန်တော့်အကြိုက်ဆုံး စီးရီးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ဇတ်လမ်း၊ သရုပ်ဆောင်၊ ဂီတ အကုန်ကြိုက်တယ်ဗျာ။ Rating က 8.9 တဲ့၊ တကယ်ရသင့်ပါတယ်။အမ်မီဆုတွေတော့ ကြိုမှန်းလို့ရနေပြီ။ စစ်တုရင်အကြောင်း ဇာတ်လမ်းကို စစ်တုရင် နားမလည်တဲ့သူတွေပါကြိုက်အောင်၊စစ်တုရင် ပွဲကို လက်ဝှေ့ပွဲလို ရင်ခုန်အောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးမိတယ်။ဒီရုပ်ရှင်ကိုကြည့်ဖို့ စစ်တုရင် အကြောင်း မသိသေးရင်တောင် ရသေးတယ်။ဒီတော့ ဇာတ်လမ်းအကြေငာ်း မပြောခင် နောက်ခံသမိုင်းလေး အရင်ပြောပြမယ်။ဒီရုပ်ရှင်ကို ဝေါ်တာ တဲဗစ်ရဲ့ ၁၉၈၃ တုန်းက ဝတ္ထုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ကာလကတော့ စစ်အေးတိုက်ပွဲကာလ အမေရိကန် ရုရှား အကြီးအကျယ် အားပြိုင်တဲ့ အချိန်ပေါ့။အဲဒီအချိန်မှာ အားကစား၊ ပညာရေး၊ နည်းပညာတိုးတက်မှု၊ ဆေးပညာ အရာရာက ...
8.9
TMDb: 8.9/10 167 votes
tv

The Queen’s Gambit(2020)

2020
Possessed Love Season 2 (2025) [Complete]  8.8
Possessed Love Season 2 (2025) [Complete]  Possessed Love Season 2 (2025)******************************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး 2024 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Possessed Love ဆိုတဲ့ Dating Show လေးဟာ2025ခုနှစ်မှာ Season2 ထွက်ရှိလို့လာခဲ့ပါပြီ။တခြား Show တွေနဲ့မတူတဲ့  ဒီShowလေးရဲ့ ထူးခြားချက်ကတော့ ပါဝင်သူတွေကနက္ခတ္တပညာရှင်၊ နတ်ဝင်သည်၊ ဗေဒင်ဆရာ/ဆရာမ၊ ဇာတာဖတ်သူစတဲ့အနာဂတ်ကို မြင်နိုင် ဟောနိုင်တဲ့သူတွေ ဖြစ်နေတာပါပဲ။သူတို့ရဲ့ အချစ်ခရီးလမ်းမှာ ပျော်ရွှင်မှုတွေနဲ့ပြည့်နေမှာလား...မလှပတဲ့အဆုံးသတ်ရှိနေမှာလားဆိုတဲ့ ကံကြမ္မာကိုမြင်နေရတဲ့ သူတို့ဟာနောက်ဆုံးမှာ ကံကြမ္မာအလိုကျ ဘဝလက်တွဲဖော်ကိုရွေးချယ်သွားမှာလား...နှလုံးသားနောက်ကိုလိုက်ရင်း ကံကြမ္မာကို အံတုသွားမှာလားဆိုတာကိုအတူ ကြည့်ရှုလိုက်ရအောင်နော်။ (အညွှန်းကိုတော့ Htoo Pyae မှ ရေးသားထားပါတယ်။) Aired: Feb 25, 2025 - Apr 29, 2025 Aired On: Friday, Saturday Genres: Romance, Dating, Reality Show Episodes: 10 Original Network: SBS Translated ...
8.8
TMDb: 8.8/10 458 votes
tv

Possessed Love Season 2 (2025) [Complete] 

Asterix & Obelix: The Big Fight (2025) 8.071
Asterix & Obelix: The Big Fight (2025) Astérix & Obélix: The Big Fight (2025)IMDb 8/10နောက်ဆုံး 2023 ခုနှစ်က ထွက်ရှိခဲ့ပြီး ဘောလုံးနတ်ဘုရားကြီး ဇလာတန် အီဗရာဟီမိုဗစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့Astérix & Obélix ဇာတ်ကားရဲ့ animated series လေးဖြစ်ပါတယ်။ စုစုပေါင်း ဇာတ်ကား၅ကားထွက်ရှိခဲ့ပြီးဖြစ်ပြီး အခုကတော့ အသစ်စက်စက် animated version အနေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂေါလ်ရွာလေးဟာ ခေတ်မီယဉ်ကျေးမှုတွေ နောက်ကျတဲ့ အေးချမ်းတဲ့ ရွာလေးပဲဖြစ်ပါတယ်။ ရွာလေးမှာ ခေါင်းဆောင်ဖြစ်သူက ဘုန်းတော်ကြီး ပါနိုအားမစ်စ်နဲ့အတူ ရပ်ရေးရွာရေး သာယာဝပြောရေးကိုဦးဆောင်လုပ်ကိုင်ပါတယ်။ ဘုန်းတော်ကြီး ပါနိုအားမစ်စ်ကတော့ မလှမ်းမကမ်းက ဂျူးလိယက်စီဆာ တန်ခိုးထွားလာပြီး သူတို့ဂေါလ်ရွာလေးကို ကျူးကျော်သိမ်းပိုက်မှာကို စိုးရိမ်နေပြီး သောက်သုံးလိုက်သူကို အစွမ်းတွေပေးမယ့်မှော်ဆေးရည်တစ်မျိုးကို ဖော်စပ်ဖို့လုပ်နေပေမဲ့ ပါဝင်ပစ္စည်းတစ်ခုလိုနေလို့ မအောင်မြင်ဘဲရှိနေပါတယ်။ တစ်နေ့မှာတော့ အက်စ်တဲရစ်နဲ့ အိုဘယ်လိစ်တို့ သူငယ်ချင်း၂ယောက် မတော်တဆ ပါဝင်ပစ္စည်းကို ရှာတွေ့ပြီးသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် Astérix & ...
8.071
TMDb: 8.071/10 42 votes
tv

Asterix & Obelix: The Big Fight (2025)

2025
Ziddi Girls (2025)
Ziddi Girls (2025) Ziddi Girls 2025 မုန်တိုင်းထဲကပန်းလေးများImdb 6.3 ဒေလီမြို့ရဲ့ နာမည်ကြီးကျောင်းဖြစ်တဲ့ Matilda House အမျိုးသမီးကောလိပ်ရဲ့ တံခါးဝကို ခြေချလိုက်တဲ့ Gen Z မိန်းမငယ်ငါးယောက်... တစ်ယောက်စီမှာ မတူညီတဲ့ အိပ်မက်တွေ စိတ်အားထက်သန်မှုတွေနဲ့ ကိုယ်ပိုင်ဟန်တွေရှိကြတယ် အတ္တများတဲ့လူ၊ လွတ်လပ်မှုကို မြတ်နိုးတဲ့လူ၊ မိသားစုကို ဦးစားပေးတဲ့လူ၊ အနုပညာကို မြတ်နိုးတဲ့လူ နဲ့ တည်ငြိမ်အေးဆေးတဲ့လူ.. သူတို့ငါးယောက်ဟာ မထင်မှတ်ဘဲ တစ်ခန်းတည်းနေအဖော်တွေဖြစ်လာကြပြီး အဲဒီကနေ စလို့ ရယ်မောစရာတွေ စိတ်ခုစရာတွေ အတူတူရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကောလိပ်ဘဝရဲ့ စွန့်စားခန်းတွေ စတင်ပါတော့တယ်ပထမနှစ်ရဲ့ ဖိအားတွေ လူငယ်ဘဝရဲ့ အချစ်ရေးရှုပ်ထွေးမှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ခိုင်မာတဲ့ သူငယ်ချင်းတွေ ဖြစ်လာကြပေမဲ့ သူတို့ရဲ့ ပျော်ရွှင်စရာကမ္ဘာလေးက ထင်မထားတဲ့ပြင်ပကရန်သူတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်လာရတဲ့အခါ... ဒီခပ်ဆိုးဆိုး မိန်းကလေးငါးယောက်က သူတို့ရဲ့ ကောလိပ်ကို ကာကွယ်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ တုံ့ပြန်ကြမလဲ သူတို့ရဲ့ စည်းလုံးညီညွတ်မှုက အရာအားလုံးကိုကျော်လွှားနိုင်မှာလား ...

Ziddi Girls (2025)

2025
Endless Protection (2025)
Endless Protection (2025) အသက်မပြည့်သေးသူတွေရဲ့ တရားရေးအမှုတွေကို အဓိကထားတဲ့အမှုစစ်အရာရှိလင်ကျစ်ထောင်နဲ့ လက်ထောက်ပိုင်အန်းယွီတို့ကအတူလက်တွဲကာ စစ်ဆေးရေးအဖွဲ့တည် ထောင်ခဲ့ပြီး ကလေးတွေအတွက် လူ့မိစ္ဆာတွေကို တိုက်ခိုက်ခဲ့ကြတယ်။ဒီခရီးလမ်းက သည်းထိပ်ရင်ဖိုမှုတွေနဲ့ စတင်ခဲ့ပြီးတော့ ပေးဆပ်ခြင်းတွေနဲ့ အဆုံးသတ်ခဲ့တယ်။ကလေး တွေရဲ့အမှုတွေကို ဆရာတပည့်အမှုစစ်နှစ်ယောက်ကလက်တွဲညီညီနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖို့ ကောင်းစွာ စောင့်ကြည့်ရမှာပါပိုင်အန်းယွီအဖြစ် မတွေ့ရတာကြာပြီဖြစ်တဲ့ သုံးဟွာသိကျွင်းကို မတူညီတဲ့ ကာရိုက်တာသစ်တစ်ခုနဲ့ မြင်တွေ့ရမှာပါ။လင်ကျစ်ထောင်အဖြစ် Ren Su Xi က ပါဝင်ထားဝာာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်==========================================Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Thriller, Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Minnie Reviewed By Encoded by LK======================================Ep 1 (720p) ...

Endless Protection (2025)

2025
JL50 (2020) 6.3
JL50 (2020) JL 50 Season 1 (2020) အချိန်၏ နက်နဲသော လျှို့ဝှက်ချက်များအားလှန်လှောရှာဖွေခြင်း Imdb 7.3လူသားတွေက အတိတ်ကို ပြန်သွားနိုင်ဖို့ ဒါမှမဟုတ် အနာဂတ်ကို ကြိုတင်မြင်နိုင်ဖို့ အမြဲတမ်း အိပ်မက်မက်ကြပါတယ်အချိန်ခရီးသွားခြင်းရဲ့ သီအိုရီတွေ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေစာအုပ်တွေ အများကြီး ထွက်ရှိခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာကတော့ လျှို့ဝှက်နက်နဲနေဆဲပါ JL 50 Season 1 က အဲဒီမေးခွန်းကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်လမ်းအဖြစ် ပြောင်းလဲတင်ဆက်ထားပါတယ် နှစ်ပေါင်း ၃၅ နှစ်ကြာ ပျောက်ဆုံးနေတဲ့ လေယာဉ်တစ်စီးက ဘယ်လိုလုပ် ရုတ်တရက် ပြန်ပေါ်လာတာလဲ အချိန်ခရီးသွားမှုတွေကြောင့်လား ဒါမှမဟုတ် လူသားတွေရဲ့ မသိသေးတဲ့ နည်းပညာတွေကြောင့်လား ဒီစီးရီးကို ကြည့်ပြီး အချိန်ခရီးသွားခြင်းရဲ့ ဖြစ်နိုင်ခြေတွေနဲ့ မဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ကြည်ရှုသူတို့ကိုယ်တိုင် စဉ်းစားသုံးသပ်ပြီး လိုက်ပါစီးမျောလိုက်ပါဦးရှင်။အနောက်ဘင်္ဂလားပြည်နယ်ရဲ့ တောနက်နက်ထဲမှာ လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့တယ် ပထမတော့ သာမန်လေယာဉ်ပျက်ကျမှုလို့ ...
6.3
TMDb: 6.3/10 20 votes
tv

JL50 (2020)

2020
Ranma1/2 (2024) 8.4
Ranma1/2 (2024) Ranma ½ (2024) IMDB – 7.9/10, MyAnimeList – 8/10အသစ်အသစ်တွေ ဘယ်လောက်ထွက်ထွက် Retro vibe နဲ့ရှေးဟောင်းလေးတွေကောင်းရင် ဘယ်သူမှ မမှီနိုင်ဘူးဆိုတာ ဒါကသက်သေပါပဲ။အဲဒီလိုပြောလို့ ရှေးခေတ်တုန်း ထွက်ထားတဲ့ကောင် မဟုတ်ပါဘူးအောက်တိုဘာ ၂၀၂၄ ကမှ ထွက်ရှိထားတာပါ ဒါပေမဲ့လည်း အသစ်မဟုတ်ပြန်ပါဘူး။နားရှုပ်သွားပြီထင်တယ် ဒီလိုပါ၊ မူရင်း Manga ကိုတော့ နာမည်ကျော် Inuyasha တို့Urusei Yatsura တို့ကို ရေးသားခဲ့တဲ့ ဆရာမ Rumiko Takahashi ပဲ ၁၉၈၇ ခုနှစ်မှာ ဖန်တီးထားတာပါ။နောက်ပြီးတော့ အဲဒါကိုပဲ ၁၉၈၉ ခုနှစ်မှာ Anime အဖြစ် အသက်သွင်းခဲ့ကြပါသေးတယ်ကျွန်တော်တို့တောင် မမွေးသေးဘူးပေါ့ ပြောရမယ်ဆို။ဒီလိုနဲ့ အခု နှစ်တွေအများကြီးကြာမှ နာမည်ကျော် စတူဒီယို MAPPA ကနေပြန်လည်မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။မူရင်း Anime ထက်ကောင်းမကောင်းဆိုတာတော့ အပေါ်က Rating တွေသာ ...
8.4
TMDb: 8.4/10 107 votes
tv

Ranma1/2 (2024)

2024
Shrikant Bashir(2020)
Shrikant Bashir(2020) Shrikant Bashir (2020) "ငါတိုသည်..." IMDb - 6.6/10၂၀၂၀ကထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အိန္ဒိယအက်ရှင်ရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။၂၆ပိုင်းပါဝင်ပြီး SOTလိုခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေး အထူးတပ်ဖွဲတစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာပါ။အင်အားကြီးအကြမ်းဖက်အဖွဲအစည်းတစ်ခုဖြစ်တဲ့ လာရှ်ကာအီဘာ့ဒ်အဖွဲဆီကို နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ပစ်တဲ့ကုဒ်တွေ ရောက်ရှိသွားခဲ့ပါတယ်။ဒီအန္တရာယ်ကို ကာကွယ်ဖိုအရေး SOTအဖွဲဆီကို တာဝန်ကျလာခဲ့ပါတယ်။ရှရီကန့်နဲ့ ဘာရှီတိုက SOTအဖွဲထဲက အရာရှိတွေ၊ ကျွမ်းကျင်မှုကိုယ်စီနဲ့ အဖွဲထဲမှာ ထူးချွန်တဲ့ တပ်သားတွေပေါ့။တိုင်းပြည်ကိုဖျက်ဆီးပစ်နိုင်တဲ့ ဒီနျူကလီးယားဒုံးတွေရဲ့အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)File Size –600 MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 35minute (@Episode)Total Episodes: 26EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator – CM Bollywood TeamEncoder – YK Episode 1 – Yoteshin ...

Shrikant Bashir(2020)

2020
Chernobyl (2019) 8.684
Chernobyl (2019) Chernobyl (2019)ဇာတ်လမ်းအညွှန်း~~~~~~~~~~~~~~~~~~~~~~လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင်ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပ္ပံပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ ...
8.684
TMDb: 8.684/10 6798 votes
tv

Chernobyl (2019)

2019

Genres

Archives