Y2K (2024)
IMDb Rating – 5.2 /10
၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ
ကွန်ပြူတာတွေအကုန် ပျက်ပြီး
ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း
ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။
အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့
ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော
လူတော်တော်များများ မေတ္တာပို့နေကြတဲ့
စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့
Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။
အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့
သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို
ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့
အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို
လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က
အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။
သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ
ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ…
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)
File size… 1.5 GB / 815 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 31min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Nway Oo K Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။