Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jaeden Martell
5.2
Y2K (2024)
Y2K (2024) IMDb Rating – 5.2 /10၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ ကွန်ပြူတာတွေအကုန် ပျက်ပြီး ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့ Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့ သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့ အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ...(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size… 1.5 GB / 815 MB Quality…WEB DL ...
movie
Y2K (2024)
5.9
Arcadian (2024)
နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း ...
movie
Arcadian (2024)
6.6
Midnight Special (2016)
CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie
Midnight Special (2016)
2016
6.0
Mr. Harrigan’s Phone (2022)
ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။ File size…1.1GB / 540MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie
Mr. Harrigan’s Phone (2022)
2022
5.4
Aloha (2015)
Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie
Aloha (2015)
6.8
Metal Lords (2022)
Metal Lords (2022) ============= IMDb Rating - 6.8/10IT , Defending Jacob တို့နဲ့နာမည်ရခဲ့တဲ့ လူငယ်သရုပ်ဆောင် Jaden Martel ရဲ့ ဆယ်ကျော်သက် Musical ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်မှာရိုက်ပြထားတာက Metal Music အကြောင်းပါ ။ လူငယ်ေတွရဲ့ဂီတ Genres တွေထဲမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ Rock musicရဲ့ Metal Music ကို အသက်ပြန်သွင်းပြီး တီးဝိုင်း ပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေး 2 ယောက်ပေါ့။ ပတ်၀န်းကျင်ရဲ့ရှုံ့ချမှု အထင်မကြီးမှုတွေကို ချိုးဖျက်ပြီး သမိုင်းမှာ ဂန္တ၀င် Metalတီးဝိုင်းတစ်ခုဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့ လူငယ် 2 ယောက်ရဲ့ တီးဝိုင်းထဲကို Cello တီးတဲ့ ကောင်မလေး တစ်ယောက်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရမှာပါ။1980,90 လောက်က နာမည်ကြီးခဲ့တဲ့ Metallic, Guns and Rose တို့လို ဂန္တ၀င် Band တွေရဲ့ သီချင်းတွေ Referenceတွေကို ထည့်သုံး ထားတာကြောင့်လား ကြည့်ရတာနဲ့ နားထောင်ရတာ ...
movie
Metal Lords (2022)
2022
6.8
It Chapter Two (2019)
(Unicode)IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့အဲဒါ ပြန်ပေါ်လာရင်ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့်ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေကအသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကိုအကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက်ပိုကြမ်းလာပါလိမ့်မယ်။ဒီတော့ အားရပါးရကြောက်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…. File Size : (2.70 GB),(1.30 GB) And (650 MB) And (4.1GB) Quality : Blu-Ray (1080p 5.1,720p,480p) / 4k BluRay HEVC AAC 5.1CH Running Time : 2hr 49min Format : ...
movie
It Chapter Two (2019)
2019
4K HEVC
8.0
Knives Out (2019)
IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie
Knives Out (2019)
4K HEVC
7.2
St. Vincent (2014)
St Vincent(2014) _________________ IMDb Rating - 7.2/10ကျွန်တော်တို့ ကြားဖူးကြတဲ့ Saint ဆိုတဲ့ သူတော်စင်တွေဟာ တကယ်တော့ ကျွန်တော်တို့လို လူသားစင်စစ်တွေပါပဲလူသားတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ ဘာမှမကွဲပြားကြပါဘူးဒါပေမယ့် သူတို့ကို ဘယ်အရာတွေက သူတော်စင်ဆိုပြီး ဖြစ်သွားစေတာလဲသာမန်လူတစ်ယောက်ထက် ဘယ်အရာတွေက ထူးခြားသွားစေနိုင်တာလဲ ဆိုတာကိုတော့ ဒီ ဇာတ်ကားလေး ကို ကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဗျာမင်းသားကတော့ GhostBusters,The Grand Budapest Hotel,Lost In Translation အစရှိသဖြင့် ဇာတ်ကားကောင်းများစွာနဲ့ နာမည်ကြီးပြီး Marvel ရဲ့ လာမယ့် Ant Man and the Wasp 3 မှာပါ ပါမယ်လို့ Confirmedထားတဲ့ မင်းသားကြီး Bill Murrayပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းဆိုပြီး ရေးပေးချင်ပေမယ့် ဘာကိုမှ များများစားစား ညွှန်းစရာမလိုဘဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးမလို့ အချိန်ကုန်ရကျိုးနပ်ပါတယ်လို့ ပဲ ပြောချင်ပါတယ်(ဘာသာပြန်ပြီး ...
movie
St. Vincent (2014)
6.1
The True Adventures of Wolfboy (2019)
The True Adventures of Wolfboy (2019)============================IMDb Rating - 6.1/10#UnicodeIMDB Rating 6.1 ရထားပြီး IT Chapter 1,2 နဲ့နာမည်ကြီးခဲ့တဲ့ လူငယ်သရုပ်ဆောင်လေးJaeden Martell ရဲ့ မြေခွေးလူသား ကားလေးလာပါပြီ။ဇာတ်လမ်းအညွှန်း ********************** မိခင်မရှိဘဲ အဖေနဲ့အတူနေရတဲ့ ပေါလ်ဆိုတဲ့ကောင်လေးဟာ ရောဂါတစ်ခုကြောင့် ခန္တာကိုယ်တစ်ခုလုံးအမွှေးအမျှင်တွေပေါက်နေပြီး ရိတ်ရင်လည်း နှစ်ဆ ပိုပိုထူလာပါတယ်။ဒီပုံပန်းသဏ္ဍာန်ကြောင့် ရွယ်တူကလေးတွေကြားထဲမှာ လှောင်ပြောင်ခံရ့ပြီး လူတောမတိုးခဲ့ပါဘူး ။ အသက် ၁၃ နှစ်ပြည့်မွေးနေ့မှာပတ်ဝန်းကျင်ရဲ့အတိုက်အခိုက်တွေကို မခံလိုတာကြောင့် အိမ်ပြေးတစ်ယောက်ဖြစ်ခဲ့ပြီး သူတစ်ခါမှမမြင်ဖူးတဲ့ အမေကိုရှာပုံတော်ဖွင့်ပါတော့တယ်။ လမ်းမှာသူ့လိုမျိုး ဆိုးမိုက်နေတဲ့ကလေးတစ်သိုက်နဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပြီး အခက်အခဲမျိုးမျိုးနဲ့ကြုံရပါတော့တယ်.... သူ့ရဲ့ ခန္တာကိုယ်အမွှေးအမျှင်တွေကရော ဘာကြောင့်ပေါက်လာတာလဲ....? သူရှာနေတဲ့ မိခင်ကိုရော ရှာတွေ့သွားမှာလား....ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်) #ZawgyiIMDB Rating 6.1 ရထားၿပီး IT Chapter 1,2 နဲ႔နာမည္ႀကီးခဲ့တဲ့ ...
movie
The True Adventures of Wolfboy (2019)
2020
6.6
The Lodge (2019)
ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာမိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံးဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်ကအိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : ...
movie
The Lodge (2019)
6.1
Low Tide (2019)
ဒီကားလေးကတော့အားလုံးသိတဲ့အတိုင်းမင်းသားJaedenပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးတသ်ကားပဲဖြစ်ပါတယ်အိမ်တွေကိုလိုက်ခိုးနေတဲ့လူငယ်အုပ်စုတစ်စုနဲ့Jaeden နဲ့ဘယ်လိုပတ်သက်မှာလဲပြီးတော့သူတို့အဖွဲ့အိမ်တစ်အိမ်ကိုသွားခိုးရာမှတန်ဖိုးကြီးပစ္စည်းတွေတွေ့ပြီးရဲတွေလိုက်ဖမ်းရာမှသူငယ်ချင်းအချင်းချင်းစိတ်သဘောထားကွဲလွဲအဲ့ပစ္စည်းတွေကိုနောက်ဆုံးဘယ်သူရသွားမလဲသူတို့တွေရောရဲလက်ကလွတ်မပါ့လားဆိုတာစိတ်လှုပ်ရှားစွာဖြင့်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File Size : ( 802 MB , 297 MB)Quality : WEB-DL 720pRunning Time : 1 hr 26 minFormat : Mp4Genre : Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Lwin May ThuEncoded by Moe Myint Lwin
movie
Low Tide (2019)
2019