Channel Myanmar

Witness (1985)

DramaRomanceThriller

7.4
IMDB: 7.4/10 votes

49104

Report error

442

 

 

ဒီရုပ်ရှင်ကတော့ စိတ်လှုပ်ရှားစရာ၊ လွမ်းမောစရာတွေနဲ့ ပြည့်နေတဲ့ သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးလို့ ပြောရမှာပဲ ရိုက်ထားတာ ၁၉၈၅ ခုနှစ်တုန်းကတည်းကဆိုပေမယ့် အခုအချိန်အထိ တော်တော်လေး ကြည့်လို့ကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာပါပါတယ် ဒီရုပ်ရှင်က ဒါရိုက်တာပီတာရေးရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားဘူး အကယ်ဒမီဇကာတင်စာရင်းမှာတောင် စာရင်းသွင်းတာခံထားရတဲ့ ကားတစ်ကားပါ

ဇာတ်ကားထဲမှာ အားမစ်ရှ်လို့ခေါ်တဲ့ မိမိမှာရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး နေတတ်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခေတ်ပေါ်နည်းပညာတွေအပေါ် အရမ်း မှီခိုနေကြတဲ့ အမေရိကန်တွေအကြောင်း ယှဉ်တွဲပြထားတယ်

အားမစ်ရှ်တွေဟာ သူတို့အသိုင်းအဝိုင်းရဲ့ပြင်ပက လူတွေကို သံသယမျက်လုံးနဲ့ကြည့်လေ့ရှိပြီး သူတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲတိုးတက်နေနေ သူတို့ကတော့ မြင်းတွေ ရထားတွေနဲ့ သွားလာကြတုန်း လျှပ်စစ်မီးအစား မီးအိမ်တွေ သုံးကြတုန်းပါပဲ

ဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ယောကျာ်း အားမစ်ရှ်တစ်ယောက်သေသွားတယ် မင်းသမီးနဲ့ သူ့သားငယ်လေးတို့က ရထားနဲ့ သူ့ညီမဆီကို ခရီးထွက်လာကြတယ် ရထားဘူတာရုံမှာ ကလေးလေးက လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားတယ် ဒီမှာ အားလုံးသိကြတဲ့ မင်းသား ဟယ်ရီဆင်ဖို့ဒ်က ဒီအမှုကို ကိုင်တွယ်ရတဲ့ ရဲအရာရှိပေါ့ ဒါပေမယ့် ရိုးရိုးသာမန် လူသတ်မှုတစ်ခုကနေ ရဲဌာနက အကြီးအကဲပါ ပါဝင်ပတ်သက်နေတဲ့ အမှုတစ်ခုဖြစ်လာတဲ့အခါမှာတော့ မင်းသားအတွက်ရော မင်းသမီးအတွက်ရော အဓိကမျက်မြင်သက်သေဖြစ်နေတဲ့ ကလေးလေးအတွက်ပါ အရမ်းအန္တရာယ်ရှိလာပါတော့တယ် ဇာတ်ကားလေးမှာ ထူးခြားတဲ့ အချက်က ပုံမှန်သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှာ မြင်နေကျလိုမျိုး မင်းသားနဲ့မင်းသမီး ချစ်သွားကြလေသတည်းဆိုတာမျိုး လုံးဝမဟုတ်ပဲ ကိုယ့်စံနှုန်းတွေနဲ့ကိုယ် နေထိုင်ခဲ့ကြတဲ့ မတူညီတဲ့ ကမ္ဘာက လူနှစ်ယောက်၊ အန္တရာယ်တောကြီးကို အတူကျော်ဖြတ်ကြရင်း တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်တွေရှိလာတဲ့ အကြောင်းလေးပါ ကဲ ကြည့်ရှုခံစားကြည့်လိုက်ပါဦး

 

File size…(2.6 GB)/(1.4 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 01:52:00
Genre… Drama, Romance, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Bunny



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)
Witness (1985)


No downloads available

Genres



Related movies