Land of Happiness (2024)
**************************
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Choo Chang-Min ရိုက်ကူးထားပြီး
Castတွေ အနေနဲ့ကတော့ Jo Jung-suk. Lee Sun-Kyun နဲ့ Yoo Jae-Myung တို့
အဓိကပါဝင်ထားတဲ့ ၁၉၇၉ ခုနှစ် သမ္မတလုပ်ကြံခံရမှုအပြီး ခေတ်အခြေအနေကို
ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း
တရားရေးတိုက်ပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Jung In-Hoo ဟာ သမ္မတကို
လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့
ဗိုလ်မှူး Park Tae-Juဘက်နေ ခုခံကာကွယ်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့
သမိုင်းမှာ အခက်ခဲဆုံးသော နိုင်ငံရေးတရားခွင်ထဲက တစ်ခုကို ရင်ဆိုင်နေရပါတယ်။
ဖြစ်စဥ်ကတော့ သမ္မတ လုပ်ကြံမခံရခင်မှာ Tae-Ju ဟာ သက်တော်စောင့်တွေကို
နှိမ်နင်းထားဖို့ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲဆီမှ အမိန့်ကို လက်ခံရရှိခဲ့တာပါပဲ။
ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို “ကြိုတင်စီစဉ်ထားတဲ့ ပုန်ကန်မှု” အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရတဲ့အခါ
In-Hoo ဟာ Tae-Ju ကို အမှုကနေ ကယ်တင်နိုင်မဲ့နည်းလမ်းနဲ့ သက်သေပြဖို့
အကြံတွေပေးခဲ့ပေမဲ့လည်း Tae-Ju က နားမထောင်ခဲ့ပေ။
Tae-Ju ဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်တပ်ဥပဒေအတိုင်း
ကြားနားခွင့် တစ်ကြိမ်သာ ပြုလုပ်ပြီး စီရင်ချက်ချခံရမှာ ဖြစ်တာကြောင့်
In-hoo က တရားမျှတတဲ့ တရားစီရင်မှု ဖြစ်ဖို့အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ပေမဲ့
တရားမျှတမှု မရှိတဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကြောင့် In-Hoo ရဲ့ စိတ်ပျက်ဒေါသနဲ့
ခံပြင်းမှုတွေသာ ကျန်ရစ်ခဲ့တဲ့ တရားခွင်ဖြစ်လာတော့တယ်။
တစ်ဖက်မှာလည်း ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါင်းဆောင် Jeon Sang-Doo ကလည်း
နောက်ကွယ်ကနေ တရားခွင်ကို လိုသလိုကြိုးကိုင်နေတဲ့အခါမှာတော့..
နိုင်ငံရေးခြစားမှုတွေကြား In-Hoo က သမ္မတကို လုပ်ကြံမှုနဲ့
စွဲချက်တင်ခံနေရတဲ့ Tae-Ju ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့
ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။
(ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။)
File size…1.25GB / 540MB
Quality…WEB-DL 1080p/ 720p
Format…mp4
Duration….2h 05m
Genre ….. Drama, Political
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Tiff
Translated by Stary, Hnin Wai Oo & Miri
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။