Blue (2021)
**************
ဒီဂျပန်ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Sport/Drama အမျိုးအစား
ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ လက်ဝှေ့ကစားဖော် သူငယ်ချင်း အချင်းချင်း
သံယောဇဉ်၊ ဇွဲလုံ့လတွေနဲ့ အားကစားသမားကောင်းစိတ်ဓာတ်တွေနဲ့ အပီအပြင် ကျိတ်ကြတဲ့
လက်ဝှေ့ပွဲတွေကိုပါ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
*****************
သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ အိုကီမာ လက်ဝှေ့အားကစားရုံမှာ ကျောင်းပြီးကတည်းက
အစဉ်တစိုက် လက်ဝှေ့ပညာကို လေ့လာသင်ယူရင်း ပရိုလက်ဝှေ့သမားဖြစ်လာသူ အုရိတာ။
သူဟာ ပြိုင်ပွဲတွေ စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်နေတဲ့ နိုင်ပွဲနည်းနည်းနဲ့ ရှုံးပွဲများသူနေသူလည်းဖြစ်ပါတယ်။
သူ့သူငယ်ချင်း ခါဇုကီကတော့ ရှုံးပွဲများနေတဲ့ အုရိတာနဲ့ယှဉ်ရင် ချီကာဆိုတဲ့ ချစ်သူလေးလည်းရှိ
ပြိုင်ပွဲတွေမှာလည်း အနိုင်ရထားသူဖြစ်လေတော့ အစစ သာလွန်သူလို့ ပြောရမှာပါ။
နာရာဆာကီ ဂိမ်းဆိုင်မှာ အလုပ်လုပ်နေတဲ့အချိန် အသက်မပြည့်သေးတဲ့ အလယ်တန်းကျောင်းသားကို
ဆေးလိပ်သောက်တာ တားမြစ်ရင်း ကလေးရဲ့ထိုးနှက်အနိုင်ကျင့်တာ ခံလိုက်ရပါတယ် ။
ဒီလိုနဲ့ နာရာဆာကီဟာ သူ့ကို လူရှိန် လူအထင်ကြီးရန် ရည်မှန်းချက်ထားပြီး လက်ဝှေ့အားကစားရုံကို
သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ဝှေ့သမားစတိုင်ဟန်ရေးပြနိုင်ဖို့ အိုမာကီလက်ဝှေ့ရုံကို ရောက်လာပြီး
အုရိတာ ခါဇုကီတို့နဲ့ ဆုံလာပါတော့တယ်။
စိန်ခေါ်သူနေရာဖြစ်တဲ့ အပြာရောင်ကြိုးဝိုင်းထောင့်ပိုင်ရှင်လို့ သတ်မှတ်ခံထားရတဲ့ အုရိတာ၊
နိုင်ပွဲတွေဆက်လာချိန်မှာမှ မထင်မှတ်ထားတဲ့ရောဂါကို ခံစားလာရတဲ့ ခါဇုကီ၊
လူအထင်ကြီးရုံသက်သက်ဟန်ရေးပြနိုင်ဖို့ ရောက်လာသူ နာရာဆာကီ၊
ဒီ ၃ ယောက်မှာ ဘယ်သူကများ အိုကီမာလက်ဝှေ့အားကစားရုံအတွက် ချန်ပီယံရွှေခါးပတ်ဆုကို
စွမ်းဆောင်ပေးနိုင်မလဲဆိုတာကိုတော့ …..
(အညွှန်းကို Dao Phyo မှ ရေးသားထားပါတယ်)
File size…1.53 GB/ 817 MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….1h 47m
Genre ….. Drama, Sport
Subtitle….Myanmar Subtitle (Hard Sub)
Translated by Dao Phyo
Encoded by AHtet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။