ဒီဇာတ်ကားလေးကတော့ သဘာဝလွန် paranormal ဇာတ်ကားတွေ
ကြည့်ရတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သဘောကျမယ့်
ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Horror genre တစ်မျိုးတည်းတင်မဟုတ်ဘဲနဲ့ Fantasy, Sci-fi genre
တွေကို ဇာတ်ကားတစ်ကားထဲမှာ ခံစားချင်တဲ့သူတွေ ဒီဇာတ်ကားကို
ကြည့်သင့်ပါတယ်။
ဇာတ်လမ်းကို အလယ်ခေတ် အင်္ဂလန်နိုင်ငံမှာ တည်ထားပါတယ်။
ဥရောပတိုက်မှာ အလယ်ခေတ်တုန်းကဆိုရင် စုန်းတွေကိုအယူသီးကြပါတယ်။
ထူးဆန်းတာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ စုန်းတွေကို အပြစ်ပုံချကြပြီးတော့
စုန်းလို့သံသယဝင်တဲ့သူတွေကို ကြိုးပေးပြီးကွပ်မျက်ကြပါတယ်။
ဒီရုပ်ရှင်ရဲ့ story ကလည်း အဲဒီအပေါ်မှာအခြေခံထားပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ပန်းပဲဆရာ William ဟာ
သူ့မိန်းမနဲ့အတူ ရိုးရိုးသားသား အသက်မွေးနေတဲ့သူပါ။ တစ်နေ့မြို့ထဲမှာ
လူသတ်မှုတစ်ခုဖြစ်သွားပြီးတော့ လူသတ်သမားဟာ William ရဲ့မိန်းမ
Twyla ကို စုန်းမလို့စွပ်စွဲလိုက်ပါတယ်။ စုန်းမလို့စွပ်စွဲခံရတဲ့သူတွေကို
စစ်ဆေးမေးမြန်းခြင်းမရှိပဲ ကွပ်မျက်တာကိုသိနေတဲ့ William ဟာ
သူ့မိန်းမကို ကယ်တင်ဖို့ကြိုးစားပုံကို ကြည့်ရမှာဖြစ်ပါတယ်။
အလှည့်အပြောင်းတွေများစွာနဲ့အတူ ဇာတ်လမ်းက အင်မတန်စိတ်ဝင်စားဖို့
ကောင်းပြီးတော့ ကြည့်နေတဲ့ပရိသတ်ကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့
ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
File size…1.82GB / 926MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 47m
Genre ….. Horror , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Austin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။