Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ cm
ပရိသတ်ကြီးကို ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်
ပေးချင်ပါတယ်။
သရုပ်ဆောင် မင်းသမီးက ပရိသတ်တွေ ရင်းနှီးပြီးသား
Orphan ဇာတ်ကားထဲက အက်စသာအဖြစ် သရုပ်
ဆောင်ခဲ့တဲ့ အစ္စဘယ်လာ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာလည်း သူမရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်
အောင် သရုပ်ဆောင်ထားနိုင်တာကို တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆင်ဗီးလ်က အစွန်
အဖျားရပ်ကွက်မှာ မိသားစုအမွေ သိုလှောင်ရုံ ပိုင်ဆိုင်
ထားတဲ့ လော်ရီစကိုင်လာဆိုတဲ့ ကောင်မလေးက
ပိတ်ရက် နက်ရှ်ဗီးလ်မှာ ရှိတဲ့ သူ့ရည်းစားဆီ မွေးနေ့
အတွက် သွားလည်ဖို့ စီစဉ်နေပါတယ်။
ကံဆိုးချင်တော့ လေယာဉ်ချိန် နောက်ကျသွားတဲ့အပြင်
သူ့ဝန်ထမ်း ကောင်မလေးက ရုတ်တရတ် ခွင့်ယူသွားတော့
သွားဖို့ အစီအစဉ် ပျက်သွားပါတယ်။
ရေယိုစိမ့်မှုဖြစ်နေတဲ့ သိုလှောင်ခန်း တစ်ခန်းကို
သွားပြင်ရင်း အခန်းနံပါတ် ၂၃၄ ထဲမှာ သတိလစ်နေတဲ့
လူတစ်ယောက်ကို တွေ့လိုက်ရတဲ့ အခါမှာ လန့်သွား
ခဲ့ပါတယ်။
ဒီလူက ဘယ်သူလဲ…..
ဒီလူကို ခေါ်ဖို့အတွက် သေနတ်တွေ ကိုင်ထားတဲ့
အဖွဲ့တွေက ရောက်လာတဲ့ အခါမှာတော့….။
ဇာတ်ကားအစကနေ အဆုံးအထိ ပျင်းရိစရာ အခန်း
မရှိဘဲ ဇာတ်သိမ်းထိကို Twist ပါတဲ့ Thriller
ဇာတ်ကားလေးမို့ ကြည့်ရတာ တန်ပါတယ်လို့
ပြောချင်ပါတယ်။
File size… (872 MB) / (563 MB)
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration….1h 26m
Genre …..Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Aoi
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။