Channel Myanmar

Una Pequeña Confusión (2024)
IMDb – 5.9/10

မက္ကဆီကိုဟာသရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Ariel Winograd ရိုက်ကူးထားပြီး
Ana de la Reguera, Juanpa Zurita, Cristo Fernández နဲ့ Vico Escorcia
စသည့်သရုပ်ဆောင်များလည်းပါဝင်ထားပါသည်။

442

ဇာတ်လမ်းကတော့ မတူညီတဲ့အတွဲနှစ်တွဲရဲ့ ဖန်ပြွန်သန္ဓေသားနည်းကို သုံးကြည့်ရကနေစတင်ထားပြီးတော့
ဆေးရုံရဲ့မှားယွင်းမှုတစ်ခုကြောင့် အလွဲတွေဖြစ်ကုန်ကြပြီး ကိုယ့်ကလေးကတခြားသူထဲရောက်ပြီး
သူ့ကလေးက ကိုယ့်ထဲရောက်နဲ့ မှားကုန်ကြပါတော့တယ်။ ဇာတ်လမ်းလေးကို
ဟာသဆန်ဆန်လေးရိုက်ကူးထားပြီး အခန်းတိုင်းမှာလည်း ရယ်စရာတွေအပြည့်ပါပဲ။

ဇာတ်လမ်းအကျဉ်း

“Una Pequeña Confusión” သည် လိုလာ နှင့်ကွာဟု၊ အီနီဂိုနှင့် မာဂျို စသည့်
မိသားစုနှစ်စုအကြားမှာ ဖန်ပြွန်သန္ဓေသားကိုအသုံးပြုရာကနေ ဆေးရုံရဲ့မှားယွင်းမှုကြောင့်
မျိုးဗီဇကိုဖလှယ်မိသဖြင့် တစ်ယောက်ရဲ့ကလေးကို တစ်ယောက်ကိုယ်ဝန်ဆောင်လိုက်ရပါတော့တယ်။

ဇာတ်လမ်းကို ဒါရိုက်တာ Ariel Winograd ရိုက်ကူးထားပြီး
ဇာတ်ညွှန်းကို Marcos Bucay ရေးသားထားသည်။

အမှန်တကယ်ဖြစ်ခဲ့သော အကြောင်းအခြေခံထားတာဖြစ်ပြီး မတူညီသော လူမှုအတန်းအစားနှင့်
သဘောထားများရှိသော မိသားစုနှစ်စုအကြား ပဋိပက္ခများဖြစ်ပေါ်လာတာကိုလည်း
ဟာသအနေနေနဲ့ရိုက်ပြထားပြီးတော့ စိတ်ထိခိုက်ဖွယ်ရာမိသားစုအဖြစ်မျအပျက်များကိုလည်း ပြသထားပါသည်။

ဒီကားက ရယ်မောစရာအပြည့်နဲ့ စိတ်လှုပ်ရှားမှုတွေကို တစ်ပြိုင်နက်တည်းပေးနိုင်တယ်။ မတူညီတဲ့အတွေးအခေါ်နဲ့
လူမှုအခြေအနေများကြားက နားလည်မှု၊ သံယောဇဉ်တွေအကြောင်းကို ပေါ်လွင်အောင်ပြသထားတယ်။
အနုပညာပေါင်းစပ်မှုကောင်းတဲ့ ဇာတ်ကောင်တွေကြားက ဆက်ဆံရေးဟာ ဇာတ်လမ်းကို
နွေးထွေးတဲ့ခံစားမှုတစ်ခုဖြစ်ပေါ်စေပြီး မိသားစုဆိုတာ မတူညီတာတွေအပေါ် မူတည်တာမဟုတ်ဘဲ
သဘောထားနဲ့ချစ်ခြင်းက အဓိကဖြစ်တယ်ဆိုတာနားလည်လာရစေပါတယ်
ဘဝထဲမှာ ဖြစ်လာနိုင်တဲ့ မထင်မှတ်တဲ့အရာတွေကို ရယ်ရင်းခံစားရမယ့်
အတွေ့အကြုံပေးတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်တယ်။

အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brianမှတင်ဆက်ထားပါတယ်ခင်ဗျာ။

File size… 1.7 GB / 867 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 47m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Bria



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Una Pequeña Confusión (2024)
Una Pequeña Confusión (2024)
Una Pequeña Confusión (2024)


No downloads available

Genres



Related movies