The Repairman (2025)
Jack Whitlock က တစ်ချိန်တုန်းက ကျွမ်းကျင်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အဲဒီအတိတ်ကနေ နုတ်ထွက်ပြီး လူတွေရဲ့ စိတ်ဒဏ်ရာမှတ်ဉာဏ်တွေကို ပြုပြင်ဖျက်သိမ်းပေးတဲ့ နည်းပညာအလုပ်တစ်ခုကို စတင်လုပ်ကိုင်ခဲ့တယ်။
တစ်နေ့မှာတော့ သူ့ client တစ်ဦးရဲ့ မှတ်ဉာဏ်ထဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ သတင်းပေးသမားကို သတ်ဖြတ်မှုနှင့်ဆက်စပ်တဲ့ သတင်းအချက်အလက်တစ်ခုကို သူ တွေ့လိုက်ရတယ်။ Jack က အဲဒီမှတ်ဉာဏ်ကို သိပေမဲ့ ဖုံးကွယ်ထားလိုက်ပြီး၊ တခြားသူမသိအောင် ဝှက်ထားလိုက်တယ်။
တစ်ချိန်တည်းမှာ သူ့ရဲ့ မကျန်းမာတဲ့ သမီးလေးက အခြေအနေဆိုးလာပြီး ကုသမှုအတွက် ငွေလိုအပ်လာလို Jack တစ်ယောက် အဲဒီမှတ်ဉာဏ်ရဲ့ အချက်အလက်ကို အသုံးချပြီးတော့ ရာဇဝတ်လောကထဲကို ပြန်ဝင်ရောက်လာပါတော့တယ်။
ဒါပေမဲ့ အဲဒီမှတ်ဉာဏ်ကို သိထားတဲ့သူတွေလည်းရှိကြပြီး၊ မှတ်ဉာဏ်တွေက ယုံကြည်စိတ်ချလိုရတဲ့ အရာတစ်ခုမဟုတ်တာကြောင့် လှည့်စားမှုတွေ ၊ သံသယတွေနဲ့ သွေးချောင်းစီးမဲ့ အန္တရာယ်တွေကို ဘယ်လိုတွေ့ကြုံလာရမလဲဆိုတာကိုတော့ ဒီ Sci-Fi Thriller ဇာတ်ကားသစ်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
File size…(2 GB) / (900 MB)
Quality….WEB-Rip 1080p HEVC / 720p
Format…. mkv/mp4
Genre….Sci-Fi
Duration….01:31:32
Subtitle….Myanmar Subtitle (Hardsub)
Encoder….Double K
Translated by Thwal Htoo Zin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။